← Chapters

အခန်း (၁၂၇)

Vol. 13 Ch. 127

အခန်း (၁၂၇)

Vol. 13 Ch. 127

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၂၇)

မြို့ထဲတွင် နေရာအသီးသီး၌ ပြင်ဆင်ထားသော ကျောက်လုံးပစ်စက်များက ကြီးမားသော ကျောက်တုံးကြီးများကို မြို့ရိုးအပြင်ဘက်မှ စစ်တပ်ဆီသို့ ပစ်လွှတ်လိုက်ကြသည်။ မရေတွက်နိုင်သော ဝေစစ်သည်များက ချက်ချင်းပင် အသားပုံများဖြစ်သွားကြသည်။

ဝေစစ်တပ်က လူစုခွဲ၍ တိုက်ခိုက်နေသော်လည်း ကျောက်လုံးပစ်စက်များ၏ ပစ်ခတ်မှုက သူတို့ကို အလစ်အငိုက်မိသွားစေခဲ့သည်။

" လေးသည်တော်တွေ " ကျောက်ဖုန်းက ထပ်မံအော်ဟစ်လိုက်သည်။

မြို့ရိုးပေါ်မှ လေးသည်တော်များက ဝေစစ်သည်များအပေါ်သို့ မြားမိုးများ ရွာချလိုက်သည်။ မြားမိုးများအောက်တွင် ဝေစစ်သည်များက အုပ်စုလိုက် လဲကျသွားသည်။

ချင်စစ်တပ်က ကြိုတင်ပြင်ဆင်ထားသည်ကို ဝေဝူကျိက နားလည်သွားသည်။ သို့သော် တိုက်ပွဲစတင်ချိန်တွင် သူက တုန်လှုပ်ခြင်းမရှိပေ။ မြို့ထဲတွင် စစ်သည်တစ်သိန်းရှိသော်လည်း ငါးသောင်းက အချိန်မရွေး ပုန်ကန်နိုင်သော လက်နက်ချစစ်သည်များ ဖြစ်ကြသည်။

" ဝေပေါ..." ဝေဝူကျိက ကျယ်လောင်စွာ ခေါ်လိုက်သည်။

" ကျွန်တော်ရှိပါတယ်။ " ဝေပေါ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။

" ဒီပထမဆုံးမြို့သိမ်းတိုက်ပွဲအတွက် မင်းကိုယ်တိုင်တိုက်ပွဲကို ကြီးကြပ်ရမယ်။ တကယ်လို့ မင်း မြို့ရိုးကို ထိုးဖောက်နိုင်ရင် မင်းရဲ့ စွမ်းဆောင်မှုတွေကို ငါအရှင်မင်းကြီးဆီ အစီရင်ခံပေးမယ်။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော် အရှင်ကို စိတ်မပျက်စေရပါဘူး။ " ဝေပေါက စိတ်လှုပ်ရှားစွာဖြင့် စစ်တပ်အလယ်သို့ မြင်းစီးထွက်သွားသည်။

" ကျောက်လုံးပစ်စက်တွေ လေးသည်တော်တွေ ရှေ့တက်။ ရှေ့ပြေးတပ်ဖွဲ့တွေက ကျောက်လုံးပစ်စက်တွေကို အကာအကွယ်ယူပြီး ထိုးစစ်ဆင်ကြ။ နောက်ဆုတ်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို ညှာတာမှုမရှိ သတ်ခံရမယ်။ " ဝေပေါက ဓားဆွဲထုတ်ပြီး ဟိန်းဟောက်လိုက်သည်။

ထို့နောက် ရက်စက်သော မြို့သိမ်းတိုက်ပွဲက စတင်လေတော့သည်။ စစ်မြေပြင်တွင် စစ်တပ်နှစ်ခုက ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး မြို့သိမ်းတိုက်ပွဲ၏ ပြင်းထန်မှုက အသားကြိတ်စက်ကြီးကဲ့သို့ ဖြစ်သည်။

ကျောက်ဖုန်းက မြို့တံခါးပေါ်တွင် တည်ငြိမ်စွာ ရပ်နေသည်။ ဝေစစ်တပ်က ထိုးစစ်စတင်လိုက်သည်နှင့် သူက သူ၏ လေးကို မြှောက်လိုက်သည်။ သူ၏ အကြည့်က အောက်သို့ စိုက်ကြည့်နေပြီး ပစ်မှတ်ကို ရှာဖွေနေသည်။ ထို့နောက် သူက လေးကြိုးကို ဆွဲပြီး မြားကို ပစ်လွှတ်လိုက်သည်။

ရွှီး....

ဝေစစ်တပ်ထဲတွင် တပ်မှူးတစ်ယောက်က တပ်ဖွဲ့ကို ဦးဆောင်ပြီး ရှေ့သို့ ထိုးစစ်ဆင်နေသည်။

စွပ်....

မြားတစ်စင်းက သူ၏ လည်ပင်းကို စိုက်ဝင်သွားပြီး နောက်မှ စစ်သည်ငါးယောက်ခြောက်ယောက်ကိုပါ ထိုးဖောက်သွားသည်။

" ဝေတပ်မှူးကို သတ်ဖြတ်ပြီး ခွန်အား ၁၀မှတ် ရရှိပါတယ်။ "

" ဝေစစ်သည်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၅မှတ် ရရှိပါတယ်။ "

" ဝေစစ်သည်ကို သတ်ဖြတ်ပြီး ရုပ်ခန္ဓာ ၅မှတ်ကို ရရှိပါတယ်။ "

ကျောက်ဖုန်းက စနစ်မှ အသိပေးချက်များကို ရသည်နှင့် တွန့်ဆုတ်ခြင်းမရှိတော့ပေ။ သူ၏ စူးရှသော မျက်လုံးများနှင့် စစ်မြေပြင်ကို ဝေ့ကြည့်ပြီး စစ်သည်များကြားရှိ ရာထူးမြင့်သူများကို ရွေးထုတ်လိုက်သည်။

စစ်တပ်ထဲတွင် အရာရှိများကို သူတို့၏ စစ်ဝတ်စုံများနှင့် အဆင့်အတန်းကို ခွဲခြားသိနိုင်သည်။ ဝေစစ်တပ်ကလည်း အတူတူပင်ဖြစ်ပြီး တစ်ချက်ကြည့်ရုံနှင့် အရာရှိများကို ခွဲခြားနိုင်သည်။

ကျောက်ဖုန်းက မြားများကို တစ်စင်းပြီးတစ်စင်း အရှိန်အဟုန်နှင့် ပစ်လွှတ်လိုက်သည်။ ဝေအရာရှိများက စစ်သည်များကြားတွင် ရှိနေသော်လည်း မြားများကို ကာကွယ်နိုင်ခြင်းမရှိပေ။

" ဝေတပ်ရင်းမှူးကို သတ်ဖြတ်ပြီး သက်တမ်း ၁၀ရက်ကို ရရှိပါတယ်။ "

" ဝေတပ်မမှူးကို သတ်ဖြတ်ပြီး ခွန်အား ၂၀မှတ် ရရှိပါတယ်။ "

ကျောက်ဖုန်း၏ မြားများက မရပ်မနား ပျံသန်းသွားပြီး ဝေစစ်တပ်မှ အရာရှိများ၏ အသက်များကို နှုတ်ယူသွားသည်။ ဝေအရာရှိများကို သတ်ဖြတ်လိုက်ခြင်းက သက်ရောက်မှုရှိပြီး ထိုးစစ်ဆင်နေသော ဝေစစ်တပ်က သူတို့၏ ကွပ်ကဲမှု ပျောက်ဆုံးကာ ဖရိုဖရဲဖြစ်သွားကြသည်။

" တပ်မမှူးသေသွားပြီ။ ငါတို့ကို ဦးဆောင်မယ့်သူ မရှိတော့ဘူး။ "

" ငါတို့ရဲ့ တပ်ရင်းမှူးလည်း သေသွားပြီ။ "

" ငါတို့က ဆက်တိုက်ရမှာလား။ မတိုက်ရဘူးလား။ "

ဝေစစ်တပ်က အရာရှိများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသောအခါ သူတို့၏ စစ်သည်များက ဖရိုဖရဲဖြစ်သွားကြသည်။ စစ်တပ်၏ အလယ်မှ ဝေပေါ၏ အမူအရာက ဖြူဖျော့သွားပြီး အခြေအနေကို နားမလည်နိုင်ဖြစ်သွားသည်။

" စစ်သူကြီးကို အစီရင်ခံပါတယ်။ ချင်စစ်တပ်မှာ နတ်ဘုရားလို ကျွမ်းကျင်တဲ့ လေးသည်တော်တစ်ယောက်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့ပြေးအရာရှိတွေ ချင်စစ်တပ်ရဲ့ ပစ်ကွင်းထဲကို ရောက်တာနဲ့ အဲ့ဒီလေးသည်တော်ရဲ့ သတ်ဖြတ်ခြင်းကို ခံနေရပါတယ်။ "

" မဖြစ်နိုင်တာ..." ဝေပေါက အေးစက်စွာ ပြောလိုက်သည်။ " ဒီလိုရှုပ်ထွေးနေတဲ့တိုက်ပွဲကြားမှာ ဘယ်သူက ပစ်မှတ်တွေကို ဒီလောက်ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်မှာလဲ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ အရာရှိတစ်ယောက်ကျဆုံးသွားရင် သူ့အောက်က လူက နေရာဝင်ယူရမယ်။ နောက်ဆုတ်တဲ့ ဘယ်သူမဆို ကွပ်မျက်ခံရမယ်။ "

" နားလည်ပါပြီ။ " တပ်မှူးက အမိန့်ကို လက်ဆင့်ကမ်းရန် ထွက်ခွာသွားသည်။

ဝေစစ်တပ်က ရူးသွပ်စွာဖြင့် ထိုးစစ်ဆင်နေကြသည်။ ဝေစစ်တပ်၏ ကျောက်လုံးပစ်စက်များမှ ပစ်ခတ်မှုနှင့်အတူ ချင်စစ်သည်အများအပြားကလည်း သေဆုံးသွားကြသည်။ သို့သော် မြို့ရိုးပေါ်မှ ခုခံရသော အားသာချက်နှင့် ချင်မြားများက ပို၍ ဝေးကွာစွာ ပစ်ခတ်နိုင်သောကြောင့် ဝေစစ်တပ်က အကျအဆုံး ပိုများလှသည်။

မြို့ပေါ်မှ မြားမိုးများက ရွာချနေသည်။ ထိုမျှကြာအောင် ပြင်ဆင်ထားသောကြောင့် မြို့ထဲတွင် မြားများနှင့် ရိက္ခာအလုံအလောက်ရှိနေသည်။ ၎င်းက စစ်သည်တစ်သိန်းကို သုံးလစာ ထောင်ပံ့ပေးရန် လုံလောက်ပေသည်။

ကျောက်ဖုန်းကိုယ်တိုင် တိုက်ပွဲကို ကြီးကြပ်နေပြီး ကံကြမ္မာအရာရှိတံဆိပ်၏ စွမ်းအားကြောင့် သူ၏ လက်အောက်မှ စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းအားက နှစ်ဆတိုးလာသည်။ ထိုကဲ့သို့ စိတ်ဓာတ်နှင့် စွမ်းအားမြှင့်တင်မှုက စစ်မြေပြင်ပေါ်တွင် ကြီးမားသော သက်ရောက်မှုရှိသည်။

စစ်သည်တိုင်းက ပုံမှန်ထက် ကျော်လွန်သော စွမ်းအားများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ မြို့ရိုး၏ အပြင်ဘက်တွင် ဝေစစ်တပ်က အလောင်းပြင်ကြီးဖြစ်နေသည်။ ကျောက်တုံးပိသူများ၊ မြားစိုက်ဝင်နေသော စစ်သည်များကလည်း နာကျင်စွာ အော်ဟစ်နေကြသည်။

ကျောက်ဖုန်းက စွမ်းရည်များ ရရှိနိုင်မည့် အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ ဝေစစ်တပ်၏ ထိုးစစ်စတင်ချိန်ကတည်းက သူက ဝေအရာရှိများကိုသာမက စစ်သည်များကိုပါ မြားများဖြင့် မရပ်မနား ပစ်ခတ်နေကြသည်။

ကျောက်ဖုန်းက မရပ်မနား ပစ်ခတ်နေကြသည်။ သူအတွက် မြားများကို ပစ်ခတ်ရုံနှင့် စွမ်းအားလုံးဝ မကုန်ခမ်းပေ။ သူဘေးမှ မြားတစ်ရာကုန်သွားရန် သိပ်မကြာလိုက်သောလည်း ၎င်းက သူ့အတွက် ပြဿနာမရှိပေ။ သူက အတွေးတစ်ချက်နှင့် သိုလှောင်နေရာထဲမှ မြားများကို ထုတ်လိုက်သည်။

" ဒီတစ်ခါ ငါ့ရဲ့ စွမ်းရည်တွေအားလုံးကို လေထောင်အထိ မြှင့်တင်နိုင်လိမ့်မယ်ထင်တယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာ တွေးပြီး သူ၏ မြားပစ်နှုန်းကလည်း ပိုမိုမြန်ဆန်လာသည်။

ဝေစစ်တပ်၏ နောက်တပ်တွင် ဝေမြို့ဆီသို့ ဖရိုဖရဲ ထိုးစစ်ဆင်နေပြီး စိတ်ဓာတ်များပြိုကွဲနေသော တပ်ဖွဲ့များကို ကြည့်ပြီး ဝေဝူကျိက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဆုတ်ခွာကြ။ "

" အရှင်အမိန့်ပေးလိုက်ပြီ။ တပ်တွေ ဆုတ်ခွာကြ။ " သတင်းပို့သူများက ချက်ချင်း အော်ဟစ်လိုက်ကြသည်။

အမိန့်ပေးပြီးနောက် တပ်ဆုတ်ရန် မောင်းသံများ ထွက်ပေါ်လာသည်။ ဝေမြို့ဆီသို့ ယခုလေးတင် ရောက်ရှိလာသော ဝေတပ်ဖွဲ့များက ဒီရေအလား ပြန်လည်ဆုတ်ခွာသွားကြသည်။ သို့သော် မြို့ရိုးပေါ်မှ ချင်လေးသည်တော်များက သူတို့၏ အသာစီးရမှုကို လက်လွှတ်ခံမည်မဟုတ်ပေ။ သူတို့က ရန်သူကို သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားရင်း မြားများကို ရူးသွပ်စွာ ပစ်ခတ်ကြသည်။

" အရှင်...." ဝေပေါက ပြန်ရောက်လာပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။ " ရှေ့ပြေးတပ်ဖွဲ့တွေက ဝေမြို့ရိုးအခြေအထိ ရောက်နေပြီလေ။ ဘာလို့တပ်ဆုတ်ဖို့ အမိန့်ပေးတာလဲ။ "

" ရှေ့ပြေးတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံက ဖရိုဖရဲဖြစ်နေပြီ။ သူတို့ရဲ့ အရှိန်အဟုန်ကလည်း ပျက်သွားပြီ။ " ဝေဝူကျိက စိတ်ပျက်စွာ ပြောလိုက်သည်။

" တိုက်ခိုက်မှုကို ဆက်လုပ်နေရင် မလိုအပ်ဘဲ အကျအဆုံး ပိုများလာဖို့ပဲ ရှိတယ်။ စစ်သူကြီးတစ်ယေညက်အနေနဲ့ ဒါကို မင်းနားမလည်ဘူးလား။ "

ဝေပေါက တိတ်ဆိတ်သွားသော်လည်း သူ၏ မျက်နှာပေါ်မှ မကျေနပ်သော အမူအရာက ရှိနေဆဲ ဖြစ်သည်။

" ငါတို့ရဲ့ အကျအဆုံး ဘယ်လောက်များလဲ။ " ဝေဝူကျိက ဘေးမှ ဝေတပ်မှူးတစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။

" အရှင် ဒါက စမ်းသပ်တိုက်ခိုက်မှုပဲ ရှိသေးပေမယ့် ကျွန်တော်တို့ တပ်ဖွဲ့က အကျအဆုံး ငါးထောင်ထက် ကျော်လွန်နေပါတယ်။ အရေအတွက် အတိအကျကိုတော့ စခန်းပြန်ရောက်မှ တွက်ချက်ရမှာပါ။ ချင်မြားတွေနဲ့ ကျောက်လုံးပစ်စက်တွေက ကျွန်တော်တို့ ထင်ထားတာထက် ပိုကြောက်စရာကောင်းပါတယ်။ "

" မှန်တယ်။ " ဝေဝူကျိက ခေါင်းညိမ့်လိုက်သည်။ " ငါတို့ရဲ့ စစ်တပ်ဖွဲ့စည်းပုံတွေက ဘာလို့ပြိုကွဲသွားတာလဲ။ "

" ချင်မြို့ရိုးပေါ်မှာ ကျွန်တော်တို့ရဲ့ အရာရှိတွေကို တိတိကျကျပစ်ခတ်နိုင်တဲ့ လက်ဖြောင့် လေးသည်တော်တစ်ယောက် ရှိနေပါတယ်။ " တပ်မှူးက ချက်ချင်း ပြန်ဖြေလိုက်သည်။ " အနည်းဆုံးတော့ တပ်မမှူးသုံးယောက်နဲ့ တပ်ရင်းမှူးခုနှစ်ယောက်က သူ့ရဲ့ မြားတွေကြောင့် သေဆုံးခဲ့ပြီး ရှေ့ပြေးတပ်ကို ဖရိုဖရဲဖြစ်သွားစေတာပဲ။ "

" လေးသည်တော်လား။ " ဝေဝူကျိက အလေးအနက် စဉ်းစားနေသည်။ " ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ ဒီနေ့အတွက်တော့ စခန်းပြန်ပြီး အနားယူကြမယ်။ ဆုံးရှုံးသွားတဲ့ အရာရှိတွေနေရာမှာ အစားထိုးလိုက်။ "

All Chapters