← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၂၈)

" အရာရှိအားလုံး သာမန်စစ်သည်တွေရဲ့ ဝတ်စုံတွေ ဝတ်ထားဖို့ အမိန့်ပေးလိုက်။ " တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်လာသူတစ်ယောက်အနေဖြင့် ဝေဝူကျိက အခြေအနေကို မည်သို့ တုန့်ုပန်ရမည်ကို စဉ်းစားနိုင်သည်။

ချင်လေးသည်တော်က အရာရှိများကို စစ်ဝတ်စုံမှတစ်ဆင့် ခွဲခြားသိနိုင်ခြင်းဖြစ်ပြီး သူတို့ကို သာမန်စစ်သည်ဝတ်စုံများ ဝတ်ဆင်ခိုင်းထားခြင်းဖြင့် ထိုလေးသည်တော်ကို ဝေခွဲမရအောင် လုပ်နိုင်လေသည်။

" အမိန့်အတိုင်းပါ။ " တပ်မှူးက ပြန်ပြောလိုက်သည်။

" ပြီးတော့ ဝေဝူကျိက ဆက်ပြောလိုက်သည်။ " ကျောက်နိုင်ငံနဲ့ ပက်သက်တဲ့ တိုက်ပွဲသတင်းတွေအပြင် ချင်နိုင်ငံရဲ့ လှုပ်ရှားမှုမှန်သမျှကို ငါ့ဆီ အချိန်နဲ့အမျှ အစီရင်ခံပါ။ "

ဤတစ်ကြိမ်တွင် နိုင်ငံ၏ ကံကြမ္မာက အစွန်အဖျားသို့ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ သူတို့ရှုံးနိမ့်သွားလျှင် ဝေနိုင်ငံက ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့်ပင် ဝေဝူကျိက အလွန်သတိထားနေခြင်းဖြစ်သည်။

" အရှင်..." ဝေပေါက ဝေဝူကျိကို လေးနက်စွာ ပြောလိုက်သည်။ " ကျွန်တော်ကို မနက်ဖြန်တိုက်ပွဲမှာ ထပ်ပြီး ဦးဆောင်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ "

" ဝေပေါ မင်းက စစ်တပ်ကို ဦးဆောင်တာ အတွေ့အကြုံအသစ်ဖြစ်လို့ အောင်မြင်မှုကို မလာနဲ့။ မြို့သိမ်းတိုက်ပွဲဆိုတာ စိတ်ဓာတ်ချင်းယှဉ်ရတဲ့ တိုက်ပွဲပဲ။ တည်ငြိမ်မှုရှိမှသာ မြို့ရဲ့ ခံစစ်ကို ထိုးဖောက်ဖို့ အခွင့်အရေးရလိမ့်မယ်။ မင်းသာ စိတ်မရှည်ရင် နောက်ဆုံးမှာ ရှုံးနိမ့်ရလိမ့်မယ်။ " ဝေဝူကျိက စိတ်လောနေသော ဝေပေါကို ပြောလိုက်သည်။

" နားလည်ပါပြီ။ " ဝေပေါက ချက်ချင်း ပြန်ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင် မကျေနပ်သေးပေ။

ဝေဝူကျိက အဝေးသို့ ငေးကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ " ကျောက်ဖုန်း မြို့ကို ခုခံတာ ဒီလောက်တောင် တည်ငြိမ်တာလား။ သူက တကယ်ကို အရည်အချင်းရှိတဲ့ စစ်သူကြီးပဲ။ သူက ဘာလို့ ငါတို့ဝေနိုင်ငံသားမဖြစ်ခဲ့တာလဲ။ "

ကျောက်ကျင်းမြို့။

ဝမ်ကျန့်၏ ဦးဆောက်မှုအောက်တွင် ကျောက်နိုင်ငံ၏ နယ်စပ်မြို့လေးက တစ်ချက်တည်းနှင့် ပြိုလဲသွားပြီး ချင်အလံက မြို့မျှော်စင်ပေါ်တွင် စိုက်ထူပြီးသားဖြစ်နေသည်။ လန်ထျန်းစခန်း၏ စစ်သည်နှစ်သိန်းက အထူးစစ်သည်များဖြစ်ပြီး သူတို့က လူစုခွဲပြီး ချီတက်ခဲ့ကြသည်။

" စစ်သေနာပတိချုပ်... နယ်စပ်မြို့ကို သိမ်းပိုက်ပြီးပါပြီ။ စစ်သူကြီးဝမ်ပင်းကလည်း အနောက်ဘက်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင့် အစီရင်ခံစာ ပို့လာပါတယ်။ " စစ်သူကြီးတစ်ယောက်က အစီရင်ခံလိုက်သည်။ သူကတော့ အခြားသူမဟုတ်ဘဲ လန်ထျန်းစခန်း၏ အဓိကစစ်သူကြီးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော ယန်တွမ်ဟီဖြစ်သည်။

" နယ်စပ်မြို့တွေကို ထိုးဖောက်ဖို့ လွယ်ကူပေမယ့် ငါတို့ရှေ့မှာ လျန်ပိုရှိနေတယ်။ သူကိုယ်တိုင်စစ်တပ်ကို ကွပ်ကဲနေတာပဲ။ ထိုးဖောက်ဖို့ အချိန်ယူရလိမ့်မယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" လျန်ပိုက အရှင်ဝူအန်းနဲ့တောင် ရင်ဆိုင်ခဲ့ဖူးတဲ့ ကြောက်စရာကောင်းတဲ့သူတစ်ယောက်ပဲ။ သူက ကျောက်နယ်စပ်ကို ကာကွယ်နေတာဆိုတာ တကယ်ပဲ ခက်ခဲပါလိမ့်မယ်။ " ယန်တွမ်ဟီက သဘောတူစွာ ခေါင်းညိမ့်လိုက်သည်။

ဝမ်ကျန့်က ထရပ်လိုက်ပြီး မြေပုံဆီသို့ လျှောက်သွားလိုက်သည်။ မြေပုံထဲတွင် ကျောက်နိုင်ငံ၏ မြို့များနှင့် ခံတပ်များအားလုံးကို မှတ်သားထားသည်။

" ချွီယန်မြို့..." ဝမ်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။ " ဒါက ကျောက်နယ်စပ်မှာ အင်အားအကြီးဆုံးခံတပ်ပဲ။ ငါတို့စစ်တပ်က ဒီနယ်စပ်မြို့ကို လွယ်လွယ်ကူကူ သိမ်းနိုင်ခဲ့တာက လျန်ပိုက တမင်စွန့်ခွာသွားလို့ပဲ။ "

" သူက ချွီယန်မြို့မှာပဲ သူ့ရဲ့ ခံစစ်ကို အာရုံစိုက်ထားတာ။ ချွီယန်ကိုသာ ထိန်းထားနိုင်သရွေ့ ကျောက်နိုင်ငံရဲ့ ခံစစ်စည်းက ကျိုးပျက်မှာမဟုတ်ဘူး။ ချွီယန်က ဒီမြို့ကနေ လီငါးဆယ်ဝေးတယ်။ ကျွန်တော်တို့ စစ်တပ်က အရှိန်ကုန်ချီတက်ရင် တစ်ရက်နဲ့ ရောက်နိုင်တယ်။ သဘက်ခါဆိုရင် ကျွန်တော်တို့တပ်တွေက ချွီယန်မြို့ရိုးအခြေကို ရောက်နိုင်ပါပြီ။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဝမ်ပင်းကို တပ်တွေဦး​ဆောင်ပြီး ချွီယန်မြို့အောက်ပိုင်းကို သွားဖို့ပြောလိုက်။ " ဝမ်ကျန့်က မြေပုံကို ခဏကြည့်ပြီး အမိန့်ပေးလိုက်သည်။

" စစ်သေနာပတိချုပ်က ချွီယန်အောက်ပိုင်းကို ထိုးဖောက်ပြီး လျန်ပိုရဲ့ ရိက္ခာလမ်းကြောင်းနဲ့ စစ်ကူတွေကို ဖြတ်တောက်ဖို့ စီစဉ်နေတာလား။ " ယန်တွမ်ဟီက ချက်ချင်း နားလည်သွားသည်။

" ငါတို့ရထားတဲ့ သတင်းအရ လျန်ပိုမှာ စစ်သည်တစ်သိန်းပဲရှိတယ်။ ငါတို့စစ်တပ်က အရေအတွက် လုံးဝ အသာစီးရထားတယ်။ တကယ်လို့ ကျောက်နိုင်ငံက လျန်ပိုကို စစ်ကူပေးချင်ရင် တိုက်နယ်မြေက စစ်သည်နှစ်သိန်း ဒါမှမဟုတ် ယန်နိုင်ငံကို တိုက်နေတဲ့ ကျောက်စစ်သည်သုံးသိန်း သူတို့ပဲရှိတယ်။ "

" တိုက်နယ်မြေက စစ်တပ်ကို မုန့်ဝူက ထိန်းထားပြီးသားဆိုတော့ အချိန်တိုအတွင်း ဆင်းလာနိုင်မှာ မဟုတ်ဘူး။ ယန်နိုင်ငံကို ပို့ထားတဲ့ စစ်သည်သုံးသိန်းကတော့ ကျောက်ဘုရင်အပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် သူတို့က တပ်တွေကို ပြန်ခေါ်ချင်ရင်တောင် ယန်နိုင်ငံက သူတို့ကို လွယ်လွယ်နဲ့ ဆုတ်ခွာခွင့်ပေးမှာမဟုတ်ဘူး။ လျန်ပိုနဲ့ ထိပ်တိုက်ရင်မဆိုင်ဘူး။ ငါတို့စစ်တပ်ရဲ့ အင်အားကိုပဲ အသုံးချရမယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ပညာရှိပါတယ်။ " ယန်တွမ်ဟီက ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

" နောက်ထပ်တစ်ခုရှိသေးတယ်။ ဝမ်ပင်းဆီကို အမိန့်စာပို့တဲ့အခါ အထူးသတိထားပြီး ချီတက်ဖို့ ညွှန်ကြားလိုက်။ လျန်ပိုက သတိကြီးတဲ့သူပဲ။ ငါက တပ်ခွဲပြီး ချွီယန်အောက်ပိုင်းကို တိုက်ဖို့ စဉ်းစားနိုင်ရင် သူလည်း သေချာပေါက် စဉ်းစားနိုင်လိမ့်မယ်။ လျန်ပိုကို အနိုင်ယူဖို့က တကယ်ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယန်တွမ်ဟီက ခေါင်းညိမ့်လိုက်သည်။

"လျန်ပို... အရှင်ဝူအန်းက သူ့ကို တိုက်ရိုက်အနိုင်ယူခဲ့တာမဟုတ်ဘူး။ အဲ့ဒီအစား သူနဲ့ ကျောက်ဘုရင်ကြာမှာ သွေးခွဲခဲ့လို့ သူက ဆုတ်ခွာခဲ့ရတယ်။ အဲ့ဒါကြောင့် ချန်ဖျင်မှာ ငါတို့အနိုင်ရခဲ့တာပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ငါမင်းကို တကယ်အနိုင်ယူပြမယ်။ "

" ငါသာ အောင်မြင်ခဲ့ရင် ချင်နိုင်ငံမှာ အရှင်ဝူအန်းနဲ့ အဆင့်တူတဲ့ စစသူကြီးတွေ ရှိနေသေးတယ်ဆိုတာ ကမ္ဘာကို သက်သေပြနိုင်လိမ့်မယ်။ " ဝမ်ကျန့်က မြေပုံကို ကြည့်ရင်း စိတ်ဓာတ်များ ပြင်းထန်လာသည်။

" အစီရင်ခံပါတယ်။ ယင်ချွမ်းက အရေးကြီးသတင်းရောက်လာပါတယ်။ ဝေနိုင်ငံရဲ့ အရှင်ရှင်းလင်း ဝေဝူကျိက စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး ဝေနိုင်ငံကို တိုက်ဖို့ တောင်ဘက်ကို ဆင်းလာနေပါပြီ။ "

ဝမ်ကျန့်က လက်ဝှေ့ရမ်းလိုက်ပြီး ရန်တွမ်ဟီက ရှေ့တက်ကာ စစ်ရေးအစီရင်ခံစာကို ယူလိုက်သည်။

" စစ်သေနာပတိချုပ် ဒါက စစ်သူကြီးလီထန်ဆီက အရေးပေါ် အစီရင်ခံစာပါ။ ဝေဝူကျိက ကျွန်တော်တို့ နယ်မြေကို ကျူးကျော်ဖို့ စစ်သည်တစ်သိန်းကျော်ကို ဦးဆောင်လာပါတယ်။ သူတို့က ဝေမြို့ကို ရောက်နေပါပြီ။ ပြီးတော့ ယင်ချွမ်းခရိုင်မှာ ဟန်နိုင်ငံရဲ့ အရာရှိဟောင်းတွေက နေရာအနှံ့မှာ ဆူပူသောင်းကျန်းမှုတွေ စတင်နေကြပါတယ်။ခရိုင်တစ်ခုလုံး ဖရိုဖရဲဖြစ်နေပါတယ်။ " ယန်တွမ်ဟီက မျက်နှာပျက်သွားပြီး အစီရင်ခံလိုက်သည်။

" ငါထင်တဲ့အတိုင်းပဲ။ ဝေဝူကျိက လှုပ်ရှားလာပြီ။ " ဝမ်ကျန့်က အံ့ဩခြင်းမရှိပေ။

" ဒါပေမယ့် စစ်သေနာပတိချုပ် ဝေဝူကျိက ကျွန်တော်တို့ ချင်နိုင်ငံကို ကျူးကျော်ရဲတယ်လား။ ချင်နိုင်ငံက လက်စားချေမှာ သူမကြောက်ဘူးလား။ "

ဝမ်ကျန့်က မြေပုံကို ကြည့်ပြီး ပြုံးလိုက်သည်။ " ငါတို့ချင်နိုင်ငံကို သူက ဘာလို့မကြောက်ဘဲနေမလဲ။ ဒါပေမယ့် ဒါက သူ့အတွက်ရော ဝေနိုင်ငံအတွက်ပါ နောက်ဆုံးအခွင့်အရေးပဲ။ "

" ကျွန်တော်ကို ရှင်းပြပေးပါဦး။ " ယန်တွမ်ဟီက နားမလည်ဘဲ မေးလိုက်သည်။

" မူလက ဒီကမ္ဘာမှာ နိုင်ငံခုနှစ်ခု ရှိခဲ့ပြီး နှစ်ပေါင်းများစွာ ယှဉ်တွဲနေထိုင်ခဲ့တယ်။ သူတို့အားလုံးက အင်အားမျှခြေတစ်ခုကို ထိန်းထားနိုင်ခဲ့ကြတယ်။ ဒါပေမယ့် ငါတို့ ချင်နိုင်ငံက ဟန်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းလိုက်တော့ အရာအားလုံး ပြောင်းလဲသွားပြီ။ အဲ့ဒီအင်အားမျှခြေကလည်း ပျက်စီးသွားပြီ။ "

" ကျောက်နိုင်ငံက ယန်နိုင်ငံကို တိုက်တာက ငါတို့ရဲ့ လုပ်ရပ်ကြောင့် လှုံ့ဆော်မှုဖြစ်သွားလို့ပဲ။ အဲ့ဒီလိုပဲ ဝေနိုင်ငံက ယင်ချွမ်းခရိုင်ကို တိုက်တာကလည်း အတူတူပဲ။ ဘာလို့လဲဆိုတော့ ကျောက်နိုင်ငံ တိုက်ခံနေရတုန်း ချင်ကို တိုက်ဖို့ အခွင့်ကောင်းမယူရင် ဝေနိုင်ငံအတွက် နောက်ထပ်အခွင့်အရေးရှိမှာမဟုတ်တော့ဘူး။ သူတို့က ငါတို့တိုက်ခိုက်တာကို ခံရလိမ့်မယ်။ "

" ဝေနိုင်ငံအတွက် ဒီတိုက်ပွဲက သူတို့နိုင်ငံရဲ့ ကံကြမ္မာပဲ။ ဝေဝူကျိက သူ့မှာရှိသမျှ အစွမ်းကုန် ထုတ်သုံးလိမ့်မယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" အဲ့လိုဆိုရင်တော့ ယင်ချွမ်းက အန္တရာယ်ရှိနေပြီပေါ့။ " ယန်တွမ်ဟီက ပြောလိုက်သည်။

" စစ်သူကြီးလီထန်က ဟန်နိုင်ငံကို သိမ်းပိုက်တုန်းက သူ့ရဲ့ စစ်သည်တွေ အများကြီး ဆုံးရှုံးခဲ့တယ်။ သူ့တပ်ဖွဲ့တွေကို အားဖြည့်ထားတယ်ဆိုပေမယ့် လူသစ်တွေဆိုတော့ တိုက်ပွဲအတွေ့အကြုံမရှိသေးဘူး။ ဝေဝူကျိရဲ့ တိုက်ခိုက်မှုကို ယင်ချွမ်းက တောင့်ခံနိုင်ပါ့မလား။ "

" ပြီးတော့ စစ်သေနာပတိချုပ်က လက်ထောက်စစ်သူကြီးကျောက်ဖုန်းကို ဝေမြို့ကို ကာကွယ်ဖို့ တာဝန်ပေးထားတယ်။ သူက တကယ်ပဲ မြို့ကို ထိန်းထားနိုင်ပါ့မလား။ " ယန်တွမ်ဟီက သံသယနှင့် မေးလိုက်သည်။

" စစ်ရေးအစီရင်ခံစာတွေထဲမှာ ကျောက်ဖုန်းဆီက စစ်ကူတောင်းတဲ့စာပါလား။ " ဝမ်ကျန့်က တည်ငြိမ်စွာ မေးလိုက်သည်။

" စစ်ကူတောင်းတာတော့ မရှိပါဘူး။ " ယန်တွမ်ဟီက သေချာပြန်ကြည့်ပြီး ပြောလိုက်သည်။

" ဒါက ကျောက်ဖုန်း ဝေမြို့ကို ကာကွယ်ဖို့ ယုံကြည်မှုရှိတယ်ဆိုတာ သက်သေပြနေတာပဲ။ ငါသူ့ကို ယုံကြည်တယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

All Chapters