← Chapters

နောက်ထပ် အဆင့်ချိုးဖျက်မှု

Vol. 31 Ch. 303

နောက်ထပ် အဆင့်ချိုးဖျက်မှု

Vol. 31 Ch. 303

ထိုသတ်ဖြတ်ခြင်းတိုက်ကွက် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားပေ၏။

"ဒါက ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးရဲ့ စွမ်းအားလား... တကယ့်ကို ကြောက်ဖို့ကောင်းတယ်..."

လူအချို့သည် အစွမ်းအစမဲ့နေသကဲ့သို့ ခံစားလိုက်ရသည်။

ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ဂယက်ရိုက်ခတ်မှုများကပင် သူတို့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေသည်။

လူအများသည် အကယ်၍ ထိုတိုက်ကွက်ကို သူတို့သာ ရင်ဆိုင်ရလျှင် သေချာပေါက် သေဆုံးသွားမည်ဟု တွေးတောမိကြ၏။

သူတို့အတွက် ဤတိုက်ခိုက်မှုသည် မကျော်လွှားနိုင်သော စွမ်းအားတစ်ရပ်ပင်။

နံဘေးမှ စောင့်ကြည့်နေသော ကျုံးချင်သည် ပိုင်လင်းအတွက် ဤသေစေနိုင်သော တိုက်ကွက်ကို ဝင်ရောက်တားဆီးပေးလိုစိတ်အား မနည်းချုပ်တည်းထားရသည်။

သို့သော် နောက်ဆုံးတွင် သူသည် သူ့ကိုယ်သူ ဖိအားပေး၍ ထိန်းချုပ်လိုက်သည်။

နီဗားနားရုပ်ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်မှာ သေဆုံးခြင်းမှ ပြန်လည်မွေးဖွားလာခြင်းပင်။

သေဆုံးခြင်းကပ်ဘေးကို မကြုံတွေ့ဘဲ မည်သို့လျှင် နီဗားနားပြန်လည်မွေးဖွားခြင်းကို ရရှိနိုင်မည်နည်း။

ဤသည်မှာ သူ၏တပည့်ဖြစ်သူ ရရှိမည့် ကံကြမ္မာကောင်းဖြစ်ရာ သူ ဝင်ရောက်မစွက်ဖက်သင့်ချေ။

"ဝုန်း..."

မြေပြင်တပြင်လုံးကိုပင် ထိတ်လန့်တုန်လှုပ်သွားစေသော လက်ဝါးရိုက်ချက်အပြီးတွင် လူများအားလုံးက ပိုင်လင်း၏တန်ပြန်တိုက်ခိုက်မှုကို စောင့်စားနေကြ၏။

သို့သော် သူတို့ အံ့အားသင့်သွားရသည်မှာ ပိုင်လင်းသည် အစမှအဆုံးတိုင်အောင် မည်သည့် ခုခံမှုမျိုးကိုမျှ မလုပ်ဆောင်နိုင်ဘဲ တစစီပျက်စီးကာ ပျောက်ကွယ်သွားခြင်းပင်။

ထိုဖြစ်စဉ်သည် ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေလိုက်သည့်အလားပင်။

"ဘာတွေဖြစ်ကုန်တာလဲ..."

"ဘယ်လိုဖြစ်သွားတာလဲ..."

အချိန်တခဏအတွင်းတွင် လက်ရှိနေရာရှိ လူများအားလုံး၏မျက်လုံးများ ပြူးကျယ်သွားကြ၏။

သူတို့က တိုက်ပွဲမြေပြင်ကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေကြသည်။

ဤရလဒ်ကို...

လက်ခံနိုင်စရာ မရှိပေ။

သာမန် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးက ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူကို ရင်ဆိုင်ရလျှင် သေချာပေါက် သေဆုံးမည်မှာ ငြင်းဆန်၍မရပေ။

သို့သော် ပိုင်လင်းသည် သာမန် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး ဟုတ်ပါသလော...

သူမသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ဆက်ခံထားသော ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်။

အစောပိုင်းကပင် သူမသည် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူကို ရဲတင်းစွာ စစ်ကြေညာခဲ့ပေ၏။

သို့သော် ရလဒ်သည် မည်သို့ ဖြစ်သွားသနည်း....

တိုက်ပွဲသည် အမှန်တကယ်ပင် ဖြစ်ပွားခဲ့ကာ...

သူမသည် ပြိုင်ဘက်နှင့် အပြန်အလှန် တိုက်ခိုက်နိုင်မည် သို့မဟုတ် အင်အားချင်း မျှနေမည်ဟုလည်း သူတို့ မျှော်လင့်မထားမိကြချေ။

သို့သော် ထိတ်တိုက်တွေ့ဆုံသော အချိန်တခဏအတွင်းမှာပင် သူမ၏ခန္ဓာကိုယ် တစစီပျက်စီးပြီး လွင့်စင်သွားသည်မှာ မည်ကဲ့သို့ကိစ္စမျိုး ဖြစ်သနည်း။

"ဒါက နောက်ပြောင်နေတာလား..."

လူများအားလုံးသည် ဤအမှန်တရားကို လက်ခံနိုင်ရန် ခက်ခဲနေကြ၏။

ဤသည်မှာ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများအပါအဝင်ပင်။

ကာယကံရှင်ဖြစ်သော ချီဖန်းကမူ သူ၏ဘဝကိုပင် သူ သံသယဝင်နေခဲ့သည်။

"ဒီတော့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူက အကြီးမားဆုံး ခြိမ်းခြောက်မှုလို့ သတ်မှတ်ထားတဲ့ ပိုင်လင်းကို ငါက ဒီအတိုင်း သတ်ပစ်လိုက်မိတာလား..."

သူသည် ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေမိပေ၏။

သူမ၏ ဝှက်ဖဲများ အားကိုးအားထားပြုစရာများက မည်သည့်နေရာတွင် ရှိနေသနည်း။ သူ တစ်ခုတစ်လေကိုမျှ မတွေ့လိုက်ရချေ။

အချိန်တခဏအတွင်းတွင် ချီဖန်း ဦးဆောင်သော မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများသည် သူတို့ကိုယ်သူတို့ သနားစရာကောင်းသည်ဟုပင် ခံစားလိုက်ရသည်။

ပုရွက်ဆိတ်ကဲ့သို့ လူတစ်ဦးက မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး နတ်ဆိုးခေါင်းဆောင် ငါးဦးကို အစားမေ့အအိပ်မေ့ဖြင့် အစည်းအဝေးပေါင်းများစွာ ထိုင်ကာ အစီအစဉ်ပေါင်းများစွာကို ရေးဆွဲစေခဲ့သည်။

သို့သော် နောက်ဆုံးတွင် မည်သည့်အရာကမျှ အသုံးမဝင်ခဲ့ပေ။

ဤသည်က သူတို့ကို တုံးအသည်ဟု ထင်ရစေရုံသာမက မိုက်မဲသည်ဟုပင် ထင်ရစေပေ၏။

ကောင်းကင်ယံကြီး ကြည်လင်နေပြီး မြေပြင်ပေါ်၌ လင်းထိန်နေသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်နေရာမှ တဖြည်းဖြည်းနှင့် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

နတ်ဘုရားဓားတောင်ထိပ်၏ တောင်သခင်က ချီဖန်းကိုကြည့်ကာ ညည်းတွား၍ ပြောဆိုလိုက်၏။

"ခေါင်းဆောင်ချီဖန်း... ခင်ဗျားရဲ့ တိုက်ခိုက်မှုက ပြင်းထန်လွန်းလို့ သူ့ရဲ့ဝိညာဉ်တောင် လွင့်စင်သွားပြီ... အခု သူ့ရဲ့ ဝိညာဉ်ကိုရှာဖွေပြီး အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ရနိုင်တော့မှာလဲ..."

သူ၏စကားများတွင် ပြင်းထန်သော မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် မည်သည်ကြောင့် လာခဲ့ကြသနည်း...

အစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် မဟုတ်လော...

သို့သော် ယခုအချိန်၌ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ဆက်ခံထားသူမှာ ပျောက်ကွယ်သွားခဲ့လေပြီ။

ဤသည်မှာ သူတို့၏ကြိုးစားအားထုတ်မှုအားလုံး သဲထဲရေသွန် ဖြစ်သွားပြီဟု ဆိုလိုခြင်း မဟုတ်လော...

ချီဖန်း၏ မျက်နှာမှာ အနည်းငယ် သုန်မှုန်သွားပေ၏။ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိထားသော ပိုင်လင်းက ဤမျှထိ ပျက်စီးလွယ်မည်ဟု သူ မည်သို့ သိနိုင်မည်နည်း။

သူ အင်အားအပြည့် မသုံးရသေးမီမှာပင် ပြိုင်ဘက်သည် ပျောက်ကွယ်သွားခဲ့လေပြီ။

အကယ်၍ ကောင်းကင်ဘုံကသာ သူ့ကို နောက်တစ်ကြိမ် ပြန်လည်စတင်ရန် အခွင့်အရေးပေးခဲ့လျှင် သူ၏စွမ်းအားတချို့ကို ထိန်းချုပ်ထားမိပေမည်။

သူ၏စိတ်နှလုံးသားထဲတွင် အဆုံးမဲ့သော နောင်တတရားများ ဖြစ်ပေါ်လာစဉ်မှာပင်....

အစောပိုင်းက ပိုင်လင်း သေဆုံးသွားသော နေရာတွင် ရုတ်တရက် လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ကြွယ်ဝသော သက်စောင့်စွမ်းအားတစ်ခု ပေါ်ပေါက်လာပေ၏။

ထိုသက်စောင့်စွမ်းအားများသည် တောက်ပသော နတ်ဘုရားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

နတ်ဘုရားအလင်းတန်း လင်းလက်သွားသည်နှင့်အတူ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဤသည်မှာ အခြားသူမဟုတ်ဘဲ ပိုင်လင်းပင်။ သူမ၏နီဗားနားရုပ်ခန္ဓာကိုယ်သည် အသက်ဝင်လာခဲ့ခြင်း ဖြစ်ပေ၏။

ဤအချိန်အခိုက်အတန့်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပိုင်လင်းထံ၌ တည်ငြိမ်သော မျက်နှာအမူအယာ ရှိနေသည်။ သို့သော် သူမ၏စိတ်ထဲတွင်မူ ပြင်းထန်စွာ ထိတ်လန့်တုန်လှုပ်နေသည်။

နီဗားနားရုပ်ခန္ဓာကိုယ်သည် အမှန်တကယ်ကို အစွန်းရောက်သည်အထိ စွမ်းအားကြီးမားလှသည်။

အစောပိုင်းက သူမသည် အမှန်တကယ်ကို ရိုက်နှက်၍ သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ပေ၏။

သို့သော် သူမအတွက်မူ သေဆုံးခြင်းသည် ဘဝ၏နိဂုံးချုပ်ခြင်း မဟုတ်ဘဲ ပြန်လည်မွေးဖွားခြင်း သံသရာအသစ်တစ်ခုသာ ဖြစ်သည်။

သေခြင်းနှင့် ရှင်ခြင်းကြားတွင် သူမ၏ တုံ့ဆိုင်းနေသော ကျင့်ကြံမှုမှာ စတင်၍ တဟုန်ထိုး မြင့်တက်လာကြောင်း ခံစားလိုက်ရသည်။

သူမ၏ကျင့်ကြံဆင့်သည် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် အလယ်အလတ်အဆင့်မှ ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ထို့နောက် သူမသည် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှတဆင့် ယင်သုံးပါးနယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပေ၏။

သူမသည် အဆင့်သေးနှစ်ခုနှင့် အဓိကနယ်ပယ်ကြီးတစ်ခုကို ဆက်တိုက်ချိုးဖျက်နိုင်ခဲ့ခြင်းပင်။

ယင်သုံးပါးနယ်ပယ် ဆိုသည်မှာ ကျင့်ကြံခြင်းလောကတွင် ထိပ်သီးကျင့်ကြံသူတစ်ဦးအဖြစ် ခေါ်ဆိုနိုင်ပြီး မည်သည့်ဂိုဏ်းတွင်မဆို ရာထူးတစ်ခု ရယူနိုင်သည်။

အရှေ့ပိုင်းဒေသတွင်ပင် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာရန်မှာ နှစ်ပေါင်းတစ်ထောင်အတွင်း၌ပင် အလွန်ရှားပါးပေ၏။

ယင်သုံးပါးနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက် အချိန်နှင့်အရင်းအမြစ် မည်မျှထိများများ လိုအပ်မည်ကို မသိနိုင်ပေ။

အလွန်ထူးချွန်ပြောင်မြောက်သော ပါရမီရှင်တချို့ပင်လျှင် ထိုအဆင့်သို့ရောက်ရှိရန် ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာ ကြာမြင့်ပေမည်။

သို့သော် ပိုင်လင်းအတွက်မူ သူမ လိုအပ်သည်မှာ တစ်ကြိမ် သေဆုံးရန်သာဖြစ်ပြီး အရာအားလုံးကို ရရှိနိုင်ပေမည်။

နီဗားနားရုပ်ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ကောင်းပုံမှာ ဤအချက်မှတဆင့် သိသာထင်ရှားနေပေ၏။

သေချာသည်မှာ ပိုင်လင်းအနေဖြင့် သာမန်အတိုင်းသာ သေဆုံးသွားခဲ့မည်ဆိုလျှင် ဤမျှ ထိ ကောင်းကင်ကို ဆန့်ကျင်သော နည်းလမ်းဖြင့် အဆင့်ငယ်နှစ်ခုနှင့် အဓိက နယ်ပယ်ကြီးတစ်ခုကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။

သူမက တစ်ကြိမ်တည်းဖြင့် အောင်မြင်နိုင်ရခြင်းမှာ နီဗားနားနှောင်ကြိုး၏ နှစ်ဆအကျိုးသက်ရောက်မှုကြောင့်လည်း ဖြစ်သည်။

သို့သော် သူမသည် ဤအကြောင်းများကို လုံးဝမသိခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မသေခဲ့ဖူးချေ။

ထိုကြောင့် သူမက ဤကျင့်ကြံမှု တိုးတက်လာခြင်းကို နီဗားနားရုပ်ခန္ဓာကိုယ်ကြောင့်သာဟုသာ ရိုးရှင်းစွာ မှတ်ယူလိုက်၏။

ပိုင်လင်း၏ကျင့်ကြံမှု ချိုးဖျက်ပြီး ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီးနောက်...

သူမ၏ တိုးတက်လာသော ကျင့်ကြံမှုသည် အဆတစ်သောင်းနှုန်းဖြင့် ကျုံးချင်ထံသို့ တိုက်ရိုက်ပြန်လည်ရောက်ရှိသွားသည်။

ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ်မှ အဆင့်ငယ်နှစ်ခုနှင့် အဓိကနယ်ပယ်ကြီးတစ်ခုကို ချိုးဖျက်သွားသည့် ကျင့်ကြံမှုကို အဆတစ်သောင်း ချဲ့ထွင်လိုက်ခြင်းက မည်ကဲ့သို့ သဘောတရားမျိုး ဖြစ်မည်နည်း။

ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်သော စိတ်ဝိညာဉ်ချီများ လွတ်လပ်စွာ စီးဆင်းသွားသည်ကိုသာ ခံစားလိုက်ရသည်။

သူ၏ကျင့်ကြံမှုသည်လည်း ကြယ်ပျံကဲ့သို့ အရှိန်အဟုန်ဖြင့် အထက်သို့ တဟုန်ထိုး မြင့်တက်လာသည်။

"ဝုန်း..."

သူ၏ခန္ဓာကိုယ်အတွင်းမှ တိုးညှင်းပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်နှင့်အတူ...

သူ၏ကျင့်ကြံမှုသည် ယန်သုံးပါးနယ်ပယ် တတိယအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားပေ၏။

ထိုယန်သုံးပါးနယ်ပယ်သည် အဆုံးသတ်ဖြစ်ရန် အလှမ်းကွာဟနေဆဲပင်။

တလိမ့်လိမ့်ထနေပြီး ကျယ်ပြန့်သော စိတ်ဝိညာဉ်ချီများက အရှိန်မြှင့်တင်စက်တစ်ခုအလား သူ၏ကျင့်ကြံမှုကို နောက်ထပ်အဆင့်တစ်ဆင့်သို့ တိုက်ရိုက်တွန်းပို့လိုက်သည်။

နောက်ဆုံးတွင် ဤှသည်က သူ့ကို ယန်သုံးပါးနယ်ပယ်ကို ချိုးဖောက်ပြီး ယန်သုံးပါးနယ်ပယ်အလွန်ရှိ တည်ရှိမှုတစ်ခုဖြစ်လာစေရန်ပင် ခွင့်ပြုပေးခဲ့ပေ၏။

သူသည် ဓမ္မသောင်းချီနယ်ပယ် မဟာကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။

ဓမ္မသောင်းချီနယ်ပယ်....

ဤသည်မှာ ကျင့်ကြံခြင်းလောကရှိ အရေးကြီးသော အပြောင်းအလဲတစ်ခုပင်။

မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် ဓမ္မသောင်းချီနယ်ပယ်သို့ ရောက်ရှိရန် အရည်အချင်းပြည့်မီသူ အရေအတွက်မှာ ဂဏန်းနှစ်လုံးထက် မပိုသည်မှာ သေချာပေ၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုအဆင့်၏ သာလွန်ထူးကဲမှုကို မြင်တွေ့နိုင်သည်။

ဓမ္မသောင်းချီနယ်ပယ်သို့ ကျင့်ကြံထားသော မည်သည့်သက်ရှိမဆို မြောက်ပိုင်းဒေသတစ်ခုလုံးကို အထက်စီးမှ ငုံ့ကြည့်နိုင်သည့် အရည်အချင်းများကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။

ဤတစ်ကြိမ် ကျုံးချင်၏တိုးတက်မှုမှာ အလွန်အမင်း မြင့်မားလှသည်။

သူ၏ တိုးတက်မှုအမြန်နှုန်းသာ သတင်းပျံ့နှံ့သွားခဲ့လျှင် လူအများကို သေလုမတတ် ထိတ်လန့်သွားစေမည်မှာ သေချာပေါက်ပင်။

ကျုံးချင်က သူ၏ကိုယ်ပိုင်အချက်အလက်မျက်နှာပြင်ကို ဖွင့်လိုက်သည်။

"လက်ခံသူ ...ကျုံးချင်..."

"ကျင့်ကြံမှု...ဓမ္မသောင်းချီနယ်ပယ် ပထမအဆင့် ..."

"တပည့်..လင်းဖုန်း လမင်းနက်နဲသိမ်မွေ့ နယ်ပယ် အစောပိုင်းအဆင့်...အဆတစ်ရာ တိုးမြှင့်ခြင်း အသက်ဝင်နေသည်...ကျင့်ကြံမှုက လက်ခံသူဆီကို အဆတစ်သောင်းနှုန်းနဲ့ ပြန်ရောက်လာသည်..."

"တပည့်...စုယဲ့ ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့်...အဆတစ်ရာ တိုးမြှင့်ခြင်း အသက်ဝင်နေသည်...ကျင့်ကြံမှုက လက်ခံသူဆီကို အဆတစ်သောင်းနှုန်းနှင့် ပြန်ရောက်လာသည်..."

"တပည့်....တုဟောက် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် အလယ်အလတ်အဆင့်... အဆတစ်ထောင် ပြန်လည်ကောင်းမွန်ခြင်း အသက်ဝင်နေတယ်...ကျင့်ကြံမှုက လက်ခံသူဆီကို အဆတစ်သောင်းနှုန်းနှင့် ပြန်ရောက်လာသည်..."

"တပည့်....ပိုင်လင်း ယင်သုံးပါးနယ်ပယ် ပထမအဆင့်...သေဆုံးခြင်း နှစ်ဆကျင့်ကြံမှု အသက်ဝင်နေသည်...ကျင့်ကြံမှုက လက်ခံသူဆီကို အဆတစ်သောင်းနှုန်းနှင့် ပြန်ရောက်လာသည်..."

"အသက်ဝင်နေသောနှောင်ကြိုးများ...အမှိုက်နှောင်ကြိုး ၂/၂... (သာမန်ပုံစံ)"

"အသက်ဝင်နေသော နှောင်ကြိုးများ...အုပ်စိုးသူအရှင်နှောင်ကြိုး ... (အားဖြည့်ပုံစံ...)"

"အသက်ဝင်နေသော နှောင်ကြိုးများ...နီဗားနားနှောင်ကြိုး ... (သာမန် ပုံစံ)"

"နောက်ထပ်ဖော်ထုတ်ရမည့် နှောင်ကြိုးတွေ ကျန်ရှိနေသည်..."

"ရရှိထားသော ရုပ်ခန္ဓာကိုယ်များ...အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် နီဗားနားရုပ်ခန္ဓာကိုယ် ..."

"ရရှိထားသော အထူး စွမ်းရည်များ... လောက်လျှူအရှိန်အဝါ ကောင်းကင်ဘုံမျက်လုံး အဆင့်တူချေမှုန်းခြင်း ဝင်္ကပါခံနိုင်ရည်စွမ်း ၊ ကိုယ်ပိုင်ကမ္ဘာငယ်လေး ..."

"ရရှိထားတဲ့ အထူးလက်နက် - သုညစည်းတံဆိပ် ..."

"ရရှိထားသော စီးတော်ယာဉ် - သန့်စင်သောသွေးမျိုးဆက်ရှိသော ချီလင် ..."

သူ၏ အချက်အလက်များကို ကြည့်ရှုရင်း ကျုံးချင် အနည်းငယ် စိတ်လှုပ်ရှားသွားပေ၏။

All Chapters