← Chapters

မင်းကို သင်ခန်းစာပေးမှ ရတော့မယ်

Vol. 61 Ch. 800

မင်းကို သင်ခန်းစာပေးမှ ရတော့မယ်

Vol. 61 Ch. 800

"မင်းက နားလည်နိုင်စွမ်း အတော်မြင့်သားပဲ...ငါတောင် ဘာမှမပြောရသေးဘူး၊ မင်းက ခန့်မှန်းမိပြီးသားပဲ"

ရှစ်ထျန်းတိ့သည် လက်ခုပ်တီးလိုက်ကာ အထက်စီးကနေ စူးချန်ကဲကို ကြည့်လိုက်သည်။

"အရင်က တိုက်မြေ သုံးထောင်မှာ မင်း ငါ့ကို ကြီးကြီးမားမား အရှက်ရစေခဲ့တာ ... အခု ငါတို့ နှစ်ယောက် စာရင်းရှင်းသင့်ပြီ မဟုတ်လား"

"ဒါပေမယ့် မင်း စိတ်ချပါ..ငါ မင်းကို မသတ်ပါဘူး... မင်းလို ပါရမီရှင်မျိုးဟာ ငါ့ရဲ့ အမှောင်ထုထဲကို ဝင်ရောက်မှသာ မင်းရဲ့ အကြီးမားဆုံး တန်ဖိုးကို ထုတ်ဖော်နိုင်မှာမို့လို့ပဲ"

တဖက်လူ၏ ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသကဲ့သို့ စူးချန်ကဲအား ဖိနှိပ်ထားပြီး လူကို အသက်ရှုကျပ်စေသည်။

တစ်ဖက်လူသည် စစ်မှန်သော အမတဧကရာဇ်မင်း တစ်ပါး မဟုတ်သော်လည်း ၊ သို့သော် ၎င်းသည် အမတဧကရာဇ်မင်းအတွက် ဖန်တီးထားသော သံမဏိသတ္တု ကိုယ်ခန္ဓာ ဖြစ်သောကြောင့် ၊ ၎င်းအတွင်းတွင် ကျောက်ဟွ အမတဧကရာဇ်မင်း၏ အရှိန်အဝါအချို့ကို ယခုထိ ထိန်းသိမ်းထားဆဲ ဖြစ်သည်။

စူးချန်ကဲသည် သူ့ကိုယ်ပိုင်အစွမ်းသတ္တိနှင့် အရည်အချင်းအပေါ် လုံးဝ ယုံကြည်မှုရှိသော်လည်း၊ သို့သော် အမတဧကရာဇ်မင်းတစ်ပါး၏ ရှေ့မှောက်တွင် ထိုအရာသည် မလုံလောက်ပေ။

"သခင်.... မဟုတ်ဘူး...... မင်းက ငါ့သခင် မဟုတ်ဘူး!

"ငါ့သခင်ကို ငါ့ဆီ ပြန်ပေး!"

အာရုံပျံ့လွှင့်ရာမှ သတိပြန်ကပ်လာသော အားရှင်းသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထို့နောက် ဘာကိုမျှ ဂရုမစိုက်ဘဲ သူ့ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို ပေါက်ကွဲထုတ်လွှတ်ကာ ၊ ရှစ်ထျန်းတိ့ ထိန်းချုပ်ထားသော ကျောက်ဟွ အမတဧကရာဇ်မင်းဆီသို့ ပြေးဝင်သွားသည်။

"အားရှင်း မလုပ်နဲ့!"

စူးချန်ကဲသည် ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း၊ သို့သော် နောက်ကျသွားခဲ့ပြီပင်။

"ဟမ်! ပုရွက်ဆိတ်လေးကများ ငါ့ကို လာတိုက်ရဲတယ်ပေါ့"

ရှစ်ထျန်းတိ့၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်များ လှစ်ဟသွားပြီး၊ သူ့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ဝုန်း ဝုန်း!

ကြောက်ခမမ်းလိလိ အမတစွမ်းအင်များသည် သူ့လက်ထဲတွင် စုဝေးလာပြီး အာကာသဟင်းလင်းပြင်ကိုပါ တွန့်လိမ်ကွေးကောက်သွားစေသည်။

သူသည် ဤတိုက်ခိုက်မှုတစ်ချက်တည်းဖြင့် အားရှင်းကို လုံးဝ ချေမှုန်းပစ်ရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။

သို့သော်လည်း စွမ်းအားများ အပြည့်အဝ စုစည်းပြီးတော့မည့် အခိုက်အတန့်၌ပင် ၊

အသံတစ်ခုသည် သူ၏ ဦးနှောက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ထွက်သွားစမ်း..... ငါ့ရဲ့ ခန္ဓာကိုယ်ထဲကနေ......"

"ထွက်သွား!!"

အသံသည် မိုးခြိမ်းသံအလား ၊ ဤဒေါသတကြီး အော်ဟစ်သံအောက်တွင် စွမ်းအားများကို ထက်ဝက် စုစည်းထားပြီး ဖြစ်သော ရှစ်ထျန်းတိ့သည်ပင် အံ့အားသင့်သွားကာ ခဏတာ စိတ်လွတ်သွားသည်။

ဝုန်း! !

နောက်ဆုံးတွင် ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခုသည် မိုးမြေတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။

စိတ်လွတ်သွားသော ရှစ်ထျန်းတိ့သည် အားရှင်း၏ တိုက်ရိုက် ထိုးနှက်မှုကြောင့် လွင့်စင်သွားသည်။

"ဒါက......."

ထိုမြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲမှာ အနည်းငယ် ကြောင်အမ်းနေမိသည်။

အားရှင်းသည် အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာတစ်ခုကို ဤမျှ ပေါ့ပေါ့ပါးပါး ဝင်တိုက်ကာ လွင့်စင်သွားအောင် လုပ်နိုင်လေသလော။

ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?

"အား.....အားရှင်း..... ထွက်ပြေး....."

စောနက ထိုးနှက်တိုက်ခိုက်မှုသည် ကျောက်ဟွ အမတဧကရာဇ်မင်းအပေါ် အနည်းငယ်မျှ သက်ရောက်မှုမရှိခဲ့ဘဲ တစ်ဖန် ပြန်လည် ထရပ်လာခဲ့သည်။

သို့သော်လည်း ကျောက်ဟွ အမတဧကရာဇ်မင်းသည် လက်နှစ်ဖက်ဖြင့် ကိုယ့်ခေါင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အလွန်နာကျင်နေသော လေသံဖြင့် ဟစ်အော်လိုက်သည်။

"ငါ မထိန်းချုပ်နိုင်ဘူး..... မြန်မြန်ပြေး!!!"

ဝုန်း ဝုန်း——

စွမ်းအားလှိုင်းများသည် ဒီရေအလား ပြင်းထန်စွာ ပျံ့နှံ့ထွက်ပေါ်လာလေရာ ၊ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီတစ်ခုလုံးပင် တုန်လှုပ်မြည်ဟည်းနေသည်။

ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီကို ဗဟိုပြုကာ ပျံ့နှံ့ထွက်ပေါ်လာသော ဖိအားများသည် နတ်ဘုရားလက်နက် အမတ်မျှော်စင်တစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားသည်။

ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီအတွင်းသို့ ရတနာရှာဖွေရန် ဝင်ရောက်လာကြသော ကျင့်ကြံသူအချို့သည် ဤအသက်ရှုကျပ်စေသော ဖိအားအောက်တွင် မူးဝေမှုကို ခံစားလိုက်ရပြီး ထို့နောက် သွေးအမြောက်အမြား အန်ထုတ်ကာ အမြင်အာရုံများ မှောင်မိုက်လျက် မေ့မြောသွားခဲ့လေသည်။

အတော်အတန် ကွာဝေးသော နေရာတွင် ရှိနေကြသော ကျင့်ကြံသူများသည်ပင် ဤကြောက်ခမမ်းလိလိ ဖိအားကို ရှောင်ရှားရန် ခက်ခဲလှသည်။

လူအတော်များများ ရင်ဘတ်ထဲတွင် တင်းကျပ်မှုကို ခံစားလိုက်ရပြီး ၊ မျက်နှာများ ဖြူဖျော့သွားကြကာ မြေပြင်ပေါ်တွင် ဒူးထောက်လဲကျသွားသည်။

"ဒုက္ခပဲ.... ဒီနတ်ဘုရားလက်နက် အမတမျှော်စင်မှာ ဘာတွေများ ဖြစ်နေတာလဲ....."

"ဘာလို့ ဒီလိုမျိုး အပြောင်းအလဲတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေရတာလဲ...."

"ငါ အာရုံခံမိတာ မမှားဘူးဆိုရင် ....ဒါက မဟာလမ်းစဉ်ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ စွမ်းအားရှင်တစ်ယောက်ရဲ့ ဖိနှိပ်စွမ်းအားပဲ......!"

.........

"ချန်ကဲက ခုချိန် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီထဲမှာ ရှိနေတယ်....သေချာပေါက် ဒုက္ခအကြီးအကျယ်နဲ့ ရင်ဆိုင်နေရပြီနဲ့ တူတယ်"

"ငါ သူ့ကို သွားကူညီရမယ်!"

မကြာသေးမီက အိပ်ရာမှ နိုးထလာသော လော့ရန်ယွီ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤစွမ်းအားများသည် တစ်စုံတစ်ခု မှားယွင်းနေပြီး ၊ သူမတို့ ယခင်က ကြုံတွေ့ခဲ့ရသော အကျပ်အတည်းများ အားလုံးထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

ထူးခြားသော တည်ရှိမှုတစ်ခု ထွက်ပေါ်လာသည်မှာ သေချာသည်။

ထို့အပြင် သူမသည် ယောင်ကွမ်စိတ်ကူးယဉ်မျက်ဝန်း၏ ပိုင်ရှင်ဖြစ်ကာ မကောင်းသော စွမ်းအင်ကို အာရုံခံရာတွင် အလွန် အကဲဆတ်သည်။

သူမကို ပို၍ စိတ်မအေးစေသည်မှာ ဤကောင်းကင်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားသော ဖိအားထဲ၌ အလွန်ထူးဆန်းသော မကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေခြင်းပင်။

စူးချန်ကဲ၏ အခြေအနေသည် သေချာပေါက် အန္တရာယ်ရှိနေနိုင်သည်။

"နတ်ဘုရားမ မဖြစ်ဘူး!"

"မင်းက ခုမှ နိုးလာတာ ၊ ကိုယ်ခန္ဓာက ခုထိ အားနည်းနေတုန်းပဲ ..အဲ့ကို သွားလည်း အကျိုးမရှိဘူး!"

ဂိုဏ်းကြီးနှစ်ခုမှ တပည့်များသည် အလျင်အမြန် တားမြစ်ကြလေသည်။

သို့သော်လည်း ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာသော ဖိအားသည် လော့ရန်ယွီကို ပို၍ စိတ်ပူစေရုံသာမက ၊ သူတို့အားလုံး၏ စိတ်နှလုံးထဲက မလုံခြုံမှုသည်လည်း ပိုပို၍ အားကောင်းလာသည်။

နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့ဘဲ ပါရမီရှင်တပည့်များသည် အန္တရာယ်ကို ခံယူကာ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ တည်ရှိရာ ဒေသသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

စူးချန်ကဲ မထွက်ခွာမီက ၊ ဘာတွေပဲဖြစ်လာဖြစ်လာ လိုက်မလာရန် မှာကြားခဲ့သည်။

သို့သော်လည်း ထိုသူသည် သူတို့၏ ဆက်ခံသူ ဖြစ်သည်။

သူတို့ အနေဖြင့် မည်သို့ စိတ်ချလက်ချ နေနိုင်မည်နည်း။

........

တစ်ချိန်တည်းမှာပင်။

ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ၏ အနက်ရှိုင်းဆုံး နေရာ၌။

နတ်ဘုရားကျောင်းတစ်ခု၏ ရှေ့တွင်။

"ဒီရောင်ဝါက....."

စူးရွှမ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ ပတ်ဝန်းကျင်ကို သေချာစွာ အာရုံခံလိုက်သည်။

"အမတဧကရာဇ်မင်းရဲ့ ကြွင်းကျန် ဝိညာဉ်.... အမှောင်ထု စွမ်းအင်....."

"ငါ သတိမထားမိလိုက်တဲ့အချိန် ရှစ်ထျန်းတိ့ ဒီကောင် ကြွက်ဝင်ပေါက်ကို ရှာတွေ့သွားတာပဲ"

"ဒါပေမဲ့လည်း ၊ ငါ့အတွက်တော့ ဓားအနည်းငယ် ထပ်ထုတ်ရုံပဲ ရှိတယ်"

ကြယ်စင်များကဲ့သို့ နက်ရှိုင်းတောက်ပသော မျက်ဝန်းတစ်စုံတွင် အဆုံးမရှိသော ဓားဆန္ဒများ ထကြွလှုပ်ရှားနေသည်မှာ ဓားစွမ်းအင်ကမ္ဘာများစွာ ရောယှက်နေဟန်နှင့် တူသည်။

ထို့နောက် စူးရွှမ်၏ အေးစက်သော လေသံကို ကြားလိုက်ရသည်။

"ရှစ်ထျန်းတိ့၊ ဒီနေ့တော့ မင်းကို နာကျင်စေမယ့် သင်ခန်းစာ နည်းနည်းပေးမှ ရမယ်"

"မင်းဟာ အတော်လေး အကန်းတတ်လာတယ်"

သို့သော်လည်း သူသည် ခုချက်ချင်း ရှစ်ထျန်းတိ့ကို သွားရှာရန် မဖြစ်နိုင်ပေ။

အကြောင်းမှာ သူသည် ဤနေရာသို့ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ ရှင်ခြင်းသေခြင်း သံသရာစက်ဝန်း စွမ်းအားပါရှိသည့် မူလရင်းမြစ် အမတလက်နက်အတွက် ဖြစ်သည်။

ရှေ့က ရှေးဟောင်း နတ်ဘုရားကျောင်းကို လှမ်းကြည့်ရင်း၊ စူးရွှမ်၏ မျက်ဝန်းများသည် ထူးဆန်းစွာဖြင့် အရောင်လက်သွားသည်။

မကြာသေးမီက သူ၏ စူးစမ်းရှာဖွေမှုအပြီးတွင်၊ သူသည် ဤနတ်ဘုရားကျောင်းအတွင်းမှ နတ်ဘုရားလက်နက် အမတမျှော်စင်၏ ထိုနှစ်က လျှို့ဝှက်ချက်များကို မှတ်တမ်းတင်ထားသော ရှေးဟောင်းစာအုပ် အနည်းငယ်ကို တွေ့ရှိခဲ့သည်။

ထို့အပြင် မယုံနိုင်စရာကောင်းသော လျှို့ဝှက်ချက်တစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့သည်—

ဤသည်မှာ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် တစ်ချိန်က အမှောင်ထု မူလရင်းမြစ်ကမ္ဘာနှင့် သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့သည့် အကြောင်းအရာပင် ။

"ပြဿနာဟောင်းက မပြီးသေးဘူး၊ ပြဿနာသစ်တစ်ခုက ထပ်ပေါ်လာပြန်ပြီ...."

စူးရွှမ်သည် မလွှဲမရှောင်သာ သက်ပြင်းချလိုက်သည်။

"မိသားစုနဲ့ ညှိနှိုင်းပြီး အစီအစဉ်ကို စောစောစီးစီး အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ရတော့မယ် ထင်တယ်"

........

All Chapters