← Chapters

ပြောစမ်း၊ ဒီတစ်ခေါက် မင်း ဘယ်လိုသေချင်လဲ

Vol. 61 Ch. 801

ပြောစမ်း၊ ဒီတစ်ခေါက် မင်း ဘယ်လိုသေချင်လဲ

Vol. 61 Ch. 801

အခြားတစ်ဖက်တွင်။

ဝုန်း ဝုန်း! !

ကျယ်လောင်စွာ ထွက်ပေါ်လာသော ဆူညံသံများသည် နားထဲတွင် အဆက်မပြတ် မြည်ဟည်းနေကာ ၊ ဖိအားများသည် တဟုန်ထိုးတက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခုသဖွယ် ပျံ့နှံ့ရိုက်ခတ်သွားသည်။

ဤဖိအား၏ ဗဟိုချက်တွင် ရှိနေသော စူးချန်ကဲ၏ မျက်နှာအမူအရာသည် လွန်စွာ ဆိုးရွားနေခဲ့ပြီး ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ခန္ဓာများ၏ စွမ်းအားများကို ပေါက်ကွဲထုတ်လွှတ်ကာ ခံနိုင်ရည်ရှိရန်နှင့် သက်သာစေရန်သာ လုပ်ဆောင်နိုင်ခဲ့သည်။

ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာရခြင်းမှာ ဤသံမဏိသတ္တု ကိုယ်ခန္ဓာအတွင်းတွင် ကျောက်ဟွအမတဧကရာဇ်မင်း၏ နတ်အသိစိတ် တစ်စွန်းတစ ပါဝင်နေရုံသာမက ၊

ထို့အပြင် ထူးဆန်းသော အမှောင်ထု စွမ်းအားသည် ယခုအချိန်တွင် ဤသံမဏိသတ္တု ကိုယ်ခန္ဓာကို ထိန်းချုပ်ရန်အတွက် ကျောက်ဟွအမတဧကရာဇ်မင်း၏ နတ်အသိစိတ်နှင့် ပြိုင်ဆိုင်နေခြင်းကြောင့်လည်း ဖြစ်သည်။

၎င်းတို့နှစ်ခုကြား အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံခြင်းကြောင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ အဆက်မပြတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

"သခင်..... သခင်....."

အဆိုပါ ကြောက်ခမမ်းလိလိ ဖိအားကြောင့် မြေပေါ်တွင် ဝပ်နေရသော အားရှင်းသည် ကျောက်ဟွအမတဧကရာဇ်မင်း ရှိရာဘက်သို့ မဆုတ်မနစ် တွားသွားနေဆဲပင် ဖြစ်သည်။

သူ၏လှုပ်ရှားမှုတိုင်းတွင် ခန္ဓာကိုယ်တစ်ခုလုံး၏ ခွန်အားများကို အသုံးပြုထားဟန် တူကာ ၊ မြေပြင်ပေါ်တွင် ထိတ်လန့်ဖွယ်ရာ အမှတ်အသားများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော်လည်း နတ်ဘုရားကျောက်ဖြင့် ဖန်တီးထားသော အားရှင်း၏ မျက်လုံးများသည် ကျောက်ဟွအမတဧကရာဇ်မင်းကိုသာ စိုက်ကြည့်နေသည်။

နှစ်ကာလ မရေတွက်နိုင်အောင် တမ်းတခဲ့ရသော ၊ သူ၏မှတ်ဉာဏ်အတွင်း အဆက်မပြတ် ရှိနေခဲ့သော ထိုပုံရိပ်သည် မိမိ၏ရှေ့တွင် ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုသူမှာ မိမိ၏ သခင်၊ သူ အမြဲတမ်း တွေ့ဆုံရန် တောင့်တခဲ့ရသော သခင်ပင် ဖြစ်သည်။

"အားရှင်း.... ထွက်သွား.... မြန်မြန်ထွက်သွားဖို့ ငါပြောနေတာ မကြားဘူးလား!"

ကျောက်ဟွအမတဧကရာဇ်မင်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ၏ အသံထဲ၌ ရှစ်ထျန်းတိ့၏ အသံလည်း ပါဝင်လာခဲ့ပြီး ၊ ကျောက်ဟွအမတဧကရာဇ်မင်းသည် ကိုယ်ခန္ဓာအတွက် တိုက်ပွဲဝင်ရာတွင် ရှုံးနိမ့်နေဟန် ရှိသည်။

"အားရှင်း.... မင်းရဲ့ သခင်က အမှောင်ထုရဲ့ ကျူးကျော်ခြင်းကို ခံလိုက်ရပြီ...."

"ဒီမှာ ဆက်နေရင်.... ငါတို့ အားလုံး ဒီမှာတင် သေကြရလိမ့်မယ်.....!"

ဤအခြေအနေကို မြင်ပြီး၊ စူးချန်ကဲသည် ရုန်းကန်ကာ ထရပ်လာသည်။

ဤနေရာရှိ အာကာသသည် ပြင်းထန်သော ဖိအားများအောက်တွင် အလွန်အမင်း ကန့်သတ်ခံထားရပြီး၊ စူးချန်ကဲ၏ ခြေလက်များပင် တုံ့ပြန်ရန်အားနည်းနေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော်လည်း သူသည် ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ခန္ဓာများ၏ စွမ်းအားများကို ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး အားရှင်း၏အနားသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သည်။

မည်သည့် စစ်မှန်အမတများမဆို၊ ဤမျှ ပြင်းထန်သော ဖိအားအောက်တွင် မတ်တတ်ရပ်နိုင်ရန်ပင် အလွန်ခက်ခဲသည်ကို သင် သိထားရမည်။

သို့သော်လည်း စူးချန်ကဲသည် အဆိုပါ ဖိအားများကို အပြင်းအထန် ခုခံကာ အားရှင်းဆီသို့ ချဉ်းကပ်နိုင်ခဲ့ရုံသာမက၊ နောက်ဆုံးတွင် အားရှင်းကို လှမ်းဆွဲကာ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ အပြင်ဘက်သို့ ဆုတ်ခွာနိုင်ခဲ့သည်။

........

သို့သော်လည်း အချိန်ခဏတာ ကုန်လွန်သွားပြီးနောက်၊

ဟင်းလင်းပြင်အတွင်း ပျံ့နှံ့နေသော အဆိုပါ ပြင်းထန်သော ဖိအားများသည် တစ်ဖန် ပြောင်းလဲသွားကာ ၊ ယင်း၌ အဆုံးမရှိသော ထူးဆန်းမှုနှင့် မကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပုံရသည်။

ကျောက်ဟွအမတဧကရာဇ်မင်းသည် ရှစ်ထျန်းတိ့နှင့် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်သွားပြီ ဖြစ်ကာ ၊ သံမဏိသတ္တု ကိုယ်ခန္ဓာ၏ ထိန်းချုပ်ခွင့်သည် ရှစ်ထျန်းတိ့၏ လက်ထဲသို့ ထပ်မံ ကျရောက်သွားသည်မှာ ထင်ရှားသည်။

"ထွက်ပြေးမယ် ဟုတ်လား....."

"မင်း ထွက်ပြေးလို့ရမယ်လို့ ထင်လား....."

ရှစ်ထျန်းတိ့မှ ထပ်မံ ထိန်းချုပ်ထားသော သံမဏိသတ္တု ကိုယ်ခန္ဓာ၏ မျက်လုံးများတွင် အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ဝုန်း!

ထို့နောက် သူ၏ ကိုယ်ခန္ဓာသည် လျှပ်တပြက် ဝင်းလက်တောက်ပသွားပြီး ၊ မိုးမြေလောကထဲသို့ ဖောက်ထွင်း ဝင်ရောက်လာသော နတ်ဘုရားလှံတစ်စင်းကဲ့သို့ စူးချန်ကဲ ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လျင်မြန်စွာ လိုက်လံတိုက်ခိုက်လေသည်။

..........

"ပီယွိ့ကောင်းကင်အရှင် လူကြီးမင်း က ဘာလို့ရပ်ကြည့်နေသေးတာလဲ"

အားရှင်းကို ခေါ်ကာ အပြင်ဘက်သို့ ဆုတ်ခွာလာသော စူးချန်ကဲသည် အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။

ယခု ဤမျှ ကြီးမားသော အပြောင်းအလဲနှင့် ကြုံတွေ့နေရချိန်တွင် ၊ သူ၏ ကာကွယ်စောင့်ရှောက်သူအဖြစ် ပီယွိ့ကောင်းကင်အရှင်သည် အရင်ကတည်းက ဝင်ရောက်စွက်ဖက်သင့်သည် မဟုတ်လော။

မဟုတ်မှလွဲရော... စစ်မှန်အမတနယ်ပယ်အဆင့်ပဲ ရှိသေးတဲ့ သူ့လို ပေါက်စလေးကို အမတဧကရာဇ်မင်းတစ်ပါးရဲ့ ခွန်အားလောက်ရှိတဲ့ သံမဏိသတ္တု ကိုယ်ခန္ဓာနှင့် ယှဉ်ပြိုင်ခိုင်းနေတာလား!?

သို့သော်လည်း သူသည် ပီယွိ့ကောင်းကင်အရှင်၏ စကားကို သတိရသွားသည် -

"မင်း ကောင်းကင်ကြီး ပြိုကျမယ့် အကျပ်အတည်းမျိုး ကြုံရသည့်တိုင် မသေသေးဘူးဆိုရင် ...ငါ ဝင်စွက်ဖက်မှာမဟုတ်ဘူး"

သူ့ကို ပို၍ ဆွံ့အစေခဲ့သည်မှာ ပီယွိ့ကောင်းကင်အရှင်သည် ဤသို့ ရဲဝံ့စွာ ပြောခဲ့သေး၏—

"သေခြင်းတရားနဲ့ အလွန်နီးကပ်ဖူးမှသာ.. ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ပိုပြီး နားလည်လာလိမ့်မယ်"

ဤစကားများသည် နောက်ပြောင်ပြောဆိုခြင်းဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ၊ တကယ်ကြီး ဖြစ်နေလိမ့်မည်ဟု သူတခါမှ ထင်မထားချေ။

သို့သော်လည်း ဤတစ်ကြိမ်တွင် စူးချန်ကဲသည် ပီယွိ့ကောင်းကင်အရှင်ကို အထင်လွဲနေခြင်းသာ ဖြစ်သည်။

ပီယွိ့ကောင်းကင်အရှင်သည် မူလက ဝင်ရောက်စွက်ဖက်ရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း သူမသည် ဤနေရာ၌ စူးချန်ကဲနှင့် အလွန်နီးစပ်သော သွေးသားမျိုးဆက်ကို ခံစားလိုက်ရသည်။

"တားမြစ်စူးမိသားစုက လူတွေက တကယ်ကို နေရာတိုင်းမှာ ရှိနေတာပဲ"

မဟာလမ်းစဉ် အာကာသအတွင်း ရှိနေသော ပီယွိ့ကောင်းကင်အရှင်သည် ခံစားချက်ပါပါ ညည်းညူပြောဆိုလိုက်သည်

"နတ်ဘုရားလက်နက် အမတမျှော်စင်မှာတောင် တားမြစ်စူးမိသားစုရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်နဲ့ တွေ့ဆုံရလိမ့်မယ်လို့ ထင်မထားဘူး....."

"ပြီးတော့ ငါ အာရုံခံမိရသလောက်.... ဖြစ်နိုင်တာက သူက တားမြစ်စူးမိသားစုရဲ့ အဲ့ပုဂ္ဂိုလ်ပဲ"

"သူ ရှိနေရင် စူးချန်ကဲ ဘာမှမဖြစ်နိုင်ဘူး"

"ဒါ့ထက် ငါ ဒီနေရာတစ်ခုလုံးကို လုံးဝ ပိတ်ဆို့ပစ်ဖို့ အာကာသအစီအရင်တစ်ခုကို အရင်တည်ဆောက်ရမယ်"

"ပြီးတော့ သူ ဝင်ပါလာပြီဆိုတာနဲ့ ညှာတာမှုမရှိ ရက်စက်လွန်းလို့ နာမည်ကြီးတယ်"

"တခြား လူငယ်လေးတွေကိုပါ မတော်တဆ ထိခိုက်မိရင်..မယဉ်ကျေးရာကျတော့မယ်"

စကားသံအဆုံးတွင်၊

မဟာလမ်းစဉ် အာကာသအတွင်းရှိ ပီယွိ့ကောင်းကင်အရှင်သည် သူမ၏ လက်ချောင်းများဖြင့် လက်သင်္ကေတတစ်ခုကို ဖော်ဆောင်လိုက်သည်။

ဝီ!

သူမ၏ နောက်ကျောဘက်မှ နတ်အလင်းတန်းများ ရိုက်ခတ်လှုပ်ရှားလာကာ ၊ တောက်ပနေသော မိုးမခအကိုင်းအခက်များသည် မရေတွက်နိုင်အောင် များပြားစွာ ရစ်ပတ်ထွက်ပေါ်လာသည်။

အသံတစ်စုံတစ်ရာမှမရှိဘဲ ပုံသဏ္ဍာန်မဲ့သော မဟာလမ်းစဉ်ဆိုင်ရာ မိုးမခပင်၏ အကိုင်းအခက်များသည် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီတစ်ခုလုံးကို ရစ်ပတ်သွားသည်။ ၎င်း၏ ဖုံးလွှမ်းမှုအောက်တွင် ၊ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီသည် ပြင်ပကမ္ဘာနှင့် လုံးဝ ပြတ်တောက်သွားဟန် ရှိသည်။

"ဟားဟား..... တကယ်ကို မထင်မ်ိဘူး"

"ဘာမှမဟုတ်တဲ့ နတ်ဘုရားလက်နက် အမတမျှော်စင်လေးမှာ နှစ်ကာလ မရေမတွက်နိုင်အောင် ပုန်းအောင်းနေခဲ့တဲ့ ကောင်းကင်လမ်းစဉ်က ကောင်တွေတောင် အထူးတလည် ဆင်းသက်လာပါ့လား"

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်၊ ပီယွိ့ကောင်းကင်အရှင်၏ နှုတ်ခမ်းထောင့်တွင် ပျော်စရာကောင်းသော အပြုံးတစ်ခု လှစ်ဟသွားသည်။

"အခုတော့ အမတနယ်မြေရဲ့ ဘုံရန်သူ အမှောင်ထုကိုပါ ဒီကိုခေါ်ဆောင်လာနိုင်တာ... ဒေဝလောက ပြန်လည်စတင်ရာခေတ်က တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ"

"နောက်ပိုင်း အမှောင်ထု ပြန်လည်နိုးထလာမှုနဲ့ အဆုံးမဲ့ကပ်ဘေးတွေမှာ ဒီကောင်လေးက လူတွေကို ဘယ်လို အံ့အားသင့်စရာတွေ ထပ်ပြီး ယူဆောင်လာပေးမလဲဆိုတာ သိချင်မိတယ်"

...........

ရှစ်ထျန်းတိ့၏ အရှိန်သည် အလွန်လျင်မြန်သည်။

တခဏအတွင်းမှာပင်၊ သူသည် စူးချန်ကဲကို လိုက်မီသွားခဲ့သည်။

ဝုန်း!

သူ၏ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ အမှောင်ထု လှိုင်းတံပိုးတစ်ခုသည် စူးချန်ကဲ၏ ရှေ့တွင် ထွက်ပေါ်လာကာ ထွက်ပြေးမည့်လမ်းကြောင်းကို လုံးဝ ပိတ်ဆို့လိုက်သည်။

ထိုအခြေအနေကို မြင်သည်နှင့်၊ စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ဆင့်ခေါ်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။

"ဟားဟား.... စူးချန်ကဲ၊ မင်းလို စစ်မှန်အမတနယ်ပယ်အဆင့်လောက်နဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ မင်း ထင်နေတာလား"

တဖက်လူ၏ အသွင်အပြင်ကို မြင်ပြီး ရှစ်ထျန်းတိ့သည် ပျော်ပါးချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

"ဒီနေ့ မင်းတို့ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ရှစ်ထျန်းတိ့၏ ကိုယ်ခန္ဓာသည် အမှောင်ထု လှိုင်းတံပိုးများအတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ၊ ၎င်း၏ အေးစက်သော လေသံထဲတွင် နောက်ပြောင်လိုသော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

"မင်းပဲဖြစ်ဖြစ်၊ မင်းပဲဖြစ်ဖြစ်......"

ရွှမ်း! !

မျက်စိတမှိတ်အတွင်းမှာပင် ၊ တောက်ပသော ဓားအလင်းတန်းတစ်ခုသည် အခြားတစ်ဖက်မှ အလျားလိုက် ဖြတ်ပြေးသွားသည်။

"ဒါက....."

ရှစ်ထျန်းတိ့၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ၊ သံမဏိသတ္တု ကိုယ်ခန္ဓာအတွင်းရှိ အမတစွမ်းအင်များကို အလျင်အမြန် လှုံ့ဆော်ကာ ကာကွယ်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း သူ၏ တုံ့ပြန်မှု အရှိန်သည် မြန်ဆန်သော်လည်း၊ ဤဓားတစ်ချက်က ပို၍ မြန်ဆန်သည်။

ရောင်ခြည်အလင်းတန်းများသည် ကမ္ဘာပေါ်သို့ ကျဆင်းလာသကဲ့သို့ ဤနေရာရှိ အချိန်စီးဆင်းမှုကိုပင် နှေးကွေးသွားမတတ် ဖြစ်စေသည်။

သာမန်ဓားတစ်ချက်သာ ဖြစ်သော်လည်း လူကို ရှောင်လွှဲ၍မရအောင် ဖြစ်စေသည်။

ဝုန်း ဝုန်း!

ဓားစွမ်းအင်သည် ချက်ချင်းပင် ရှစ်ထျန်းတိ့ ဖန်တီးထားသော အကာအကွယ်ဒိုင်းကို ဆုတ်ဖြဲပစ်လိုက်ကာ၊ သူ့တစ်ကိုယ်လုံးကို လွင့်ထွက်သွားစေခဲ့သည်။

ထို့နောက် နောက်ဆက်တွဲ လှိုင်းတံပိုးများသည် လျော့ကျမသွားသေးဘဲ နားစည်ကွဲမတတ် ပေါက်ကွဲသွားကာ ဤနေရာတစ်ခုလုံးကို ထိန်လင်း တောက်ပသွားစေသည်။

"ဟား... ရှစ်ထျန်းတိ့၊ မင်း အတော်လေး သတ္တိရှိနေတယ်ပေါ့"

လူတစ်ကိုယ်လုံး ရေခဲဂူထဲသို့ ကျသွားစေသည့်အလား အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ပြောစမ်း၊ ဒီတစ်ခေါက် မင်း ဘယ်လိုသေချင်လဲ"

All Chapters