ဓားအလင်းနှင့် အမှောင်ထု၊ အမတဧကရာဇ်မင်းများ၏ တိုက်ပွဲ
Vol. 61 Ch. 802
ထိုစကားသံအဆုံးတွင်၊ ကောင်းကင်ကို တုန်လှုပ်သွားစေသော ဓားစွမ်းအင်လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
နောက်အခိုက်အတန့်တွင်၊ ကြည်လင်သော ဓားမြည်သံသည် မိုးနှင့်မြေကြား ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး၊ ဓားစွမ်းအင် ပျံ့နှံ့သွားလေရာနေရာတိုင်း တောက်ပသော အဖြူရောင်အဖြစ် ဆေးခြယ်ခံလိုက်ရသည်။
"ဒါက....."
စူးချန်ကဲ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင်၊ အဖြူရောင် အလင်းလှိုင်းတံပိုးများကြား ခန့်ညားသောပုံရိပ်တစ်ခု လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
ထိုသူသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ဖြစ်သည်။
ထိုသူ၏ မျက်နှာသွင်ပြင်ကို မှုန်ဝါးဝါး ရောင်ခြည်အလင်းများက ဖုံးအုပ်ထားသဖြင့် ၊ သူ၏ မျက်နှာအမူအရာကို မြင်တွေ့ရန် ခက်ခဲစေသည်။
သို့သော်လည်း သူ၏ ရိုးရှင်းသော အဖြူရောင် ဝတ်ရုံသည် နှင်းကဲ့သို့ ဖြူဖွေးသော ဆံနွယ်ရှည်များနှင် ပေါင်းစပ်လိုက်ချိန်တွင် ၊ လူတစ်ကိုယ်လုံးသည် စင်ကြယ်တောက်ပသော အဖြူရောင်နှင့် ပေါင်းစည်းသွားဟန် တူကာ လူ့လောကတွင် လျှောက်လှမ်းနေသော နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။
ထိုသူသည် စူးချန်ကဲ၏ အကြည့်ကို ခံစားလိုက်ရဟန် တူသည်။
နတ်အလင်းများဖြင့် လွှမ်းခြုံနေသော ထိုပုံရိပ်သည် အနည်းငယ် ပြုံးလိုက်ကာ သူ့ကို ကြင်နာနွေးထွေးသော အကြည့်ဖြင့် လှမ်းကြည့်လာခဲ့သည်။
ဤအကြည့်ကို ခံစားလိုက်ရသည့် တစ်ချိန်တည်းမှာပင် စူးချန်ကဲ၏ စိတ်နှလုံးအတွင်း၌ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။
ဤအကြည့်ကို သူ မြင်ဖူးနေသည်။
"လူကြီးမင်းက ဘယ်သူလဲ......"
စူးချန်ကဲသည် သူ၏ခန္ဓာကိုယ်၌ ပြင်းထန်သော ဒဏ်ရာများ ရှိနေသော်လည်း ၊ ၎င်းတို့ကို မမူဘဲ စိုးရိမ်သောလေသံဖြင့် မေးမြန်းလိုက်သည်။
ဤအကျွမ်းတဝင်ရှိသော အငွေ့အသက်၊ မရင်းနှီးသော်လည်း နွေးထွေးသော အကြည့်သည် ယခင်က သူ၏ မှတ်ဉာဏ်အတွင်း မြင်တွေ့ခဲ့ရသော ထိုပုံရိပ်နှင့် အလွန် တူညီလှသည်။
သို့သော်လည်း ထိုအနှီပုဂ္ဂိုလ်သည် စူးချန်ကဲ၏ အမေးကို ပြန်မဖြေဘဲ သူ့လက်ချောင်းကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ကို ညင်သာစွာ တို့ထိလိုက်သည်။
ဝီ!
သမုဒ္ဒရာရေလှိုင်းကဲ့သို့ ကျယ်ပြန့်လှသော စွမ်းအားများသည် ရုတ်တရက် ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
အဆိုပါစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ၊ စူးချန်ကဲသည် မိမိတစ်ကိုယ်လုံးကို နွေးထွေးသော စွမ်းအားတစ်ခုက ရစ်ပတ်ဝန်းရံထားသည်ကို ခံစားလိုက်ရသည်။
ယခင်က ရရှိထားခဲ့သော ပြင်းထန်သည့် ဒဏ်ရာများသည် တဖြည်းဖြည်း ပျောက်ကင်းလာပြီး၊ အိပ်ချင်သလိုခံစားရကာ အနည်းငယ် ငိုက်မျဉ်းလာခဲ့သည်။
သူ၏ အသိစိတ် ပျောက်ကွယ်မသွားမီ၊ နွေဦးလေညင်းကဲ့သို့ နူးညံ့သော အမျိုးသားတစ်ယောက်၏ အသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ရှေ့တစ်ပိုင်းတော့ ပြီးသွားပြီ၊ နောက်ပိုင်းကိုတော့ စိတ်ချလက်ချနဲ့ ငါ့ကို အပ်ထားလိုက်"
ထို့နောက် စူးရွှမ်သည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
နက်နဲဆန်းကြယ်သော စွမ်းအားဖြင့် ရစ်ပတ်ခံထားရသော စူးချန်ကဲနှင့် အားရှင်းသည် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ အပြင်ဘက်သို့ တိုက်ရိုက် ပို့ဆောင်ခံလိုက်ရသည်။
သူ့တွင် စူးချန်ကဲကို ပြောစရာ စကားများစွာ ရှိသည်။
သို့သော်လည်း ယခုက အချိန်မဟုတ်သေးပေ။
ထို့အပြင် နောက်လာမည့် တိုက်ပွဲသည် အလွန် ကြောက်မက်ဖွယ်ကောင်းမည် ဖြစ်ကာ ၊ စူးချန်ကဲကို ဤနေရာတွင် ဆက်နေခိုင်းမည်ဆိုပါက မလွဲဧကန် ဒုက္ခရောက်ပေလိမ့်မည်။
ထို့ကြောင့် သူ့ကို အပြင်ဘက်သို့ ပို့ဆောင်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
.........
"စူးရွှမ်......."
ထောင်းထောင်း ထနေသော ဖုန်မှုန့်များထဲမှ ရုန်းကန်ထရပ်လာသော ရှစ်ထျန်းတိ့၏ မျက်လုံးများသည် အနည်းငယ် အေးစက်သွားပြီး အက်ရှရှအသံဖြင့် ပြောဆိုလိုက်သည်။
"အခု ငါက ကျောက်ဟွအမတဧကရာဇ်မင်းရဲ့ သံမဏိသတ္တု ကိုယ်ခန္ဓာကို ရရှိထားပြီးပြီ... မင်းကို ရင်ဆိုင်ဖို့ နည်းလမ်း မရှိဘူးလို့ ထင်နေတာလား!?"
ရှစ်ထျန်းတိ့သည် ဒေါသတကြီးဟောက်လိုက်ပြီး၊ ထို့နောက် ကျောက်ဟွအမတဧကရာဇ်မင်း၏ သံမဏိသတ္တု ကိုယ်ခန္ဓာကို ထိန်းချုပ်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ဝုန်း——
အဆုံးမရှိသော အမတစွမ်းအင် အလင်းတန်းများသည် တဟုန်ထိုး ထွက်ပေါ်လာကာ စူးရွှမ်ကို လုံးဝ ဖိနှိပ်ရန် ကြိုးစားလာခဲ့သည်။
လူကို ထူးဆန်းစေသည့်အရာမှာ ဤတိုက်ခိုက်မှုတွင် အမှောင်ထု၏ ကျူးကျော်စွမ်းအားများ ပါဝင်နေခြင်းပင် ဖြစ်သည်။ အကယ်၍ ၎င်းနှင့် ထိတွေ့မိပါက သာမန်လူများအနေဖြင့် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
စူးချန်ကဲကို ဘေးကင်းစွာ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း အတည်ပြုပြီးနောက်။
စူးရွှမ်သည် သူ၏ နွေးထွေးသော အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ယခင်က နွေးထွေးသော အကြည့်များသည် အလွန်အေးစက်သွားပြီး အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ထိုသိပ်သည်းလှသော အမတစွမ်းအင် အလင်းတန်းများသည် စူးရွှမ်ကို ဖုံးလွှမ်းတော့မည့် အချိန်၊
နောက်အခိုက်အတန့်တွင်၊ စူးရွှမ်သည် သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ လက်ငါးချောင်း ဖြန့်လျက် ဤကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို သူ၏ ကာယအားဖြင့် တိုက်ရိုက် ခံယူရန် ပြင်ဆင်လိုက်သည်။
"မောက်မာလိုက်တာ!"
ဤမြင်ကွင်းကို မြင်လိုက်ရသော ရှစ်ထျန်းတိ့သည် စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရကာ ၊ သူ၏ လက်ဝါးထဲမှ ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထပ်မံ ပေါက်ကွဲထုတ်လွှတ်လိုက်သည်။
ဘုန်း! !
အမတအလင်းလှိုင်းတံပိုးများနှင့် စူးရွှမ်၏ လက်ဖဝါးတို့ ပြင်းထန်စွာ တိုက်မိခဲ့ကြရာ၊ မိုးမြေတစ်ခွင်လုံးတွင် ပြင်းထန်သော ဆူညံသံများ ထွက်ပေါ်လာပြီး အမတစွမ်းအင် မုန်တိုင်းသည် ရပ်တန့်ခြင်းမရှိ တိုက်ခတ်လေတော့သည်။
အဆင့်ဆင့် ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအင်မုန်တိုင်းသည် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
သို့သော်လည်း ပီယွိ့ကောင်းကင်အရှင်သည် အရင်ကတည်းက ဤနေရာရှိ အာကာသတစ်ခုလုံးကို ပိတ်ဆို့ထားပြီးဖြစ်ကာ ၊ လူနှစ်ယောက် အစွမ်းကုန် တိုက်ခိုက်သည့်တိုင် ဤနေရာတစ်ခုလုံးကို နစ်မြုပ်သွားအောင် လုပ်ဖို့ မဖြစ်နိုင်ပေ။
"ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ!?"
ထိုအချိန်တွင် ရှစ်ထျန်းတိ့သည် မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်။
စူးရွှမ်၏ ညာဘက်လက်သည် အဖျက်စွမ်းအားလှိုင်းတံပိုးများကြားတွင် မပျက်စီးနိုင်သော နတ်ဘုရားတောင်ကဲ့သို့ပင် ထင်မှတ်ရပြီး၊ မိမိ၏ ဤတိုက်ခိုက်မှုသည် မည်မျှ ကြောက်စရာကောင်းပါစေ ရှေ့သို့ ထက်ဝက်မျှပင် မတိုးနိုင်တော့သည်ကို တွေ့လိုက်ရသည်။
ခရက်ခ်......
ထို့နောက် စူးရွှမ်သည် သူ၏ လက်ငါးချောင်းကို ဖြည်းညှင်းစွာ ပိတ်ချလိုက်သည်နှင့် ၊ အမတစွမ်းအင် မုန်တိုင်းသည် လုံးဝ ချေမှုန်းခံလိုက်ရပုံရကာ ဖိသိပ်မှုကြောင့် ဖြစ်ပေါ်လာသော ကွဲအက်သံနှင့်အတူ ၊ အလင်းမိုးများသဖွယ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
ရှစ်ထျန်းတိ့၏ တိုက်ခိုက်မှုကို ချေမှုန်းလိုက်သည့် ခဏချင်းတွင်။
စူးရွှမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားအိမ်မှ ထွက်လာသော နတ်ဘုရားဓားတစ်စင်းကဲ့သို့ ပျံသန်းလာခဲ့သည်။
ပျံသန်းလာစဉ် အတွင်းမှာပင်၊ စူးရွှမ်သည် လက်တစ်ဖက်ကို ထပ်မံ ဆန့်ထုတ်လိုက်ပြီး ၊ မိုးမြေလောကတစ်ခွင်ကို ချေမှုန်းနိုင်သော ဖိအားများကို ဆောင်ကျဉ်းလျက် ရှစ်ထျန်းတိ့ဆီသို့ ကျဆင်းသွားခဲ့သည်။
"ဟမ်!"
ရှစ်ထျန်းတိ့သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ စူးရွှမ်နှင့် နှစ်ကာလ မရေတွက်နိုင်အောင် များပြားစွာ ယှဉ်ပြိုင်ခဲ့သော ရန်သူဟောင်းကြီးအဖြစ် သူသည် ရှုံးနိမ့်ခြင်းကို လက်ခံမည်မဟုတ်ဘဲ ချက်ချင်းလက်ငင်း ခုခံရန် ရှေ့ထွက်လာခဲ့သည်။
ဝုန်း! !
ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာပင်၊ လူနှစ်ယောက်မှ ပေါက်ကွဲထုတ်လွှတ်လိုက်သော စွမ်းအားများသည် မိုးမြေတစ်ခုလုံးကို ထိန်လင်းတောက်ပသွားစေသည်။
ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေသော ဆူညံသံများသည် အာကာသအနှံ့ ပျံ့နှံ့သွားသည်။
"ရှစ်ထျန်းတိ့၊ သေသွားတဲ့ အမတဧကရာဇ်မင်းရဲ့ အခွံတစ်ခုနဲ့ ငါ့ကို ပြိုင်နိုင်မယ်လို့ ထင်နေတာလား"
ထိုစကားသံအဆုံးတွင် စူးရွှမ်သည် လက်ကို မြှောက်တင်လိုက်ရာ ၊
ဤတစ်ကြိမ်တွင်မူ ၊ သူ၏ လက်ထဲ၌ ကျန့်ထျန်းဓားကို ဆုပ်ကိုင်ထားပြီး ဖြစ်သည်။
ကျန့်ထျန်းဓားကို ဆုပ်ကိုင်ကာ ရှစ်ထျန်းတိ့ဆီသို့ ခုတ်ပိုင်းချလိုက်သည်နှင့် ၊
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် အမျိုးမျိုး ရုတ်တရက် ဖြစ်ပေါ်လာကာ၊၎င်းတို့သည် စကြဝဠာ ကုဋေပေါင်းများစွာကိုပင် ဖြတ်တောက်ပစ်နိုင်စွမ်း ရှိပုံရသည်။
"ဟမ် ၊ စူးရွှမ်.... ဒီနှစ်ပေါင်းများစွာမှာ မင်းတစ်ယောက်တည်း အားကောင်းလာတယ်လို့ ထင်နေတာလား!?"
ရှစ်ထျန်းတိ့သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ခမ်းနားထည်ဝါလှသော အမှောင်ထု စွမ်းအင်များကို ထုတ်လွှတ်နေသည့် ချောက်နက် နတ်ဘုရားပုလဲသည် အာကာသကို ထိုးဖောက်ဝင်ရောက်ကာ အနက်ရောင် တွင်းနက်ကြီးတစ်ခုကဲ့သို့ သူ၏ ဦးခေါင်းထက်တွင် ပျံဝဲနေခဲ့သည်။
" ချောက်နက် သင်္ချိုင်းမြေ၊ ဖွင့်!"
ဝုန်း! !
ကြောက်မက်ဖွယ်ရာ အမှောင်ထု မုန်တိုင်းတစ်ခုသည် ချက်ချင်းပင် ချောက်နက် နတ်ဘုရားပုလဲအတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာပြီး၊ ထောင်ပေါင်းများစွာသော မှော်နက်သင်္ကေတများ၏ ရောင်ပြန်ဟပ်မှုအောက်တွင် ဤနေရာတစ်ခုလုံးသည် မှောင်မိုက်သော အကျဉ်းထောင်တစ်ခုအတွင်းသို့ ဆွဲသွင်းခံလိုက်ရသည်။
ချွင်——
နက်နဲသော စကြဝဠာအလား မှတ်ယူရသည့် စူးရွှမ်၏ဓားတစ်ချက်သည် ဤထူးဆန်းသော အမှောင်ထုလောကကို ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် ထူးဆန်းသော စွမ်းအင်တစ်ခု၏ ပေါင်းစည်းမှုကို ခံလိုက်ရပုံပေါ်သည်။
ထို့နောက် ၎င်းသည် အမှောင်ထုအတွင်း တိုက်ရိုက် နစ်မြုပ်သွားပြီး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။