← Chapters

နှစ်ကာလ ကြာမြင့်စွာတန်ဖိုးထားခဲ့ရသောဆန္ဒ

Vol. 61 Ch. 803

နှစ်ကာလ ကြာမြင့်စွာတန်ဖိုးထားခဲ့ရသောဆန္ဒ

Vol. 61 Ch. 803

ဝုန်း ဝုန်း! !

ထို့နောက်၊ ဤထူးဆန်းသော အမှောင်ထုလောကသည် ရပ်တန့်ခြင်းမရှိ တုန်လှုပ်မြည်ဟည်းနေသည်။

ခန္ဓာကိုယ်တစ်ခုလုံး ထူးဆန်းသော အမှောင်ထု စွမ်းအင်များဖြင့် တောက်လောင်နေသော ဧရာမ နတ်ဆိုးအရိပ် ကိုးခုသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ၊ မတူညီသော အရပ်မျက်နှာမှ စူးရွှမ်ဆီသို့ တစ်ပြိုင်နက် ချီတက်တိုက်ခိုက်လာကြသည်။

ဤသည်မှာ ရှစ်ထျန်းတိ့၏ ကြိုးစားအားထုတ်မှု တစ်ခုဖြစ်ပေသည်။ ၎င်းတို့သည် သူ၏ အမှောင်ထု အမတခန်းမဆောင်၏ အရင်းအမြစ် အများအပြားကို ထုတ်ယူသုံးစွဲကာ မူလရင်းမြစ် အမှောင်ထု စွမ်းအင်ဖြင့် စုစည်းထားသော အမှောင်ထု နတ်ဆိုးအရှင်များ ဖြစ်ကြသည်။

ကန့်သတ်ချက်များကြောင့် အမတဧကရာဇ်တစ်ပိုင်းအဆင့်ရှိ ခွန်အားမျှသာ ထုတ်လွှတ်နိုင်သော်လည်း၊

သို့သော်လည်း စုစုပေါင်း ကိုးယောက်အထိ ရှိကာ ၊ ထို့အပြင် သူကိုယ်တိုင်ပါ ဝင်ရောက်စွက်ဖက်လာမည် ဖြစ်သောကြောင့် စူးရွှမ်သည်ပင် အကြီးအကျယ် အခက်တွေ့နိုင်သည်။

......

ထိုအခြေအနေကို မြင်သော်လည်း၊ စူးရွှမ်သည် တချက် ပြုံးလိုက်သည်။ သူ၏ ဘေးပတ်ပတ်လည်ရှိ အမတအလင်းတန်းများသည် တဖိတ်ဖိတ် တောက်ပနေသည်မှာ နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။

ကျန့်ထျန်းဓားပေါ်ရှိ မရေတွက်နိုင်သော အမှတ်အသားများသည်ပင် တောက်ပသော နတ်အလင်းများကို ထုတ်လွှတ်နေသည်။

"ဒါက မင်း ဂုဏ်ယူနေတဲ့ နောက်ဆုံးဝှက်ဖဲလား"

"အရင်တုန်းက ငါ အမတဧကရာဇ်မင်း ကိုးပါးကို ဦးဆောင်ပြီး မင်းတို့ရဲ့ အမှောင်ထု မူလရင်းမြစ်ကမ္ဘာထဲကို ဝင်ရောက်စီးနင်းခဲ့တုန်းက မင်းတို့ အမှောင်ထု မူလရင်းမြစ်ကမ္ဘာက ဘီလီယံနဲ့ချီတဲ့ အမှောင်ထုစစ်သည်တော်တွေတောင် ငါ့ကိုမသတ်နိုင်ခဲ့ဘူး"

" အမတဧကရာဇ်တစ်ပိုင်း အဆင့်လောက်နဲ့ ငါအသက်ကို ယူနိုင်မယ်လို့ ထင်နေတာလား"

သူသည် အသက်ပြင်းပြင်ကို ရှူရှိုက်လိုက်ပြီး၊ တခဏချင်းမှာပင် သူ့ကိုဝန်းရံထားသော အမတအလင်းများသည် တဟုန်းဟုန်း တောက်လောင်လာကာ နောက်ဆုံးတွင် သူ၏ဓားကို ဝှေ့ယမ်းလျက် အလွန်လျင်မြန်သော အရှိန်ဖြင့် တောက်ပသော ဓားအလင်းတန်း များစွာကို ထုတ်လွှတ်လိုက်သည်။

ဝုန်း ဝုန်း! !

အဖြူရောင် ဓားစွမ်းအင်နှင့် ထူးဆန်းသော အမှောင်စွမ်းအားများ ထိပ်တိုက်တွေ့ဆုံခဲ့လေရာ၊ ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာပြီး အဖျက်စွမ်းအားများသည် ရူးသွပ်စွာ ပျံ့နှံ့ထွက်ပေါ်လာကြသည်။

အမတဧကရာဇ်တစ်ပိုင်း ကိုးဦးစလုံး တွန်းလှန်တိုက်ခိုက်နေစဉ်၊ တစ်ချိန်တည်းမှာပင် ရှစ်ထျန်းတိ့သည် ကျင့်ဝတ်တရားကို ထည့်မတွေးဘဲ ချောင်းမြောင်းတိုက်ခိုက်လာခဲ့သည်။

သို့သော်လည်း သူ၏ အရှိန်အဝါကို အဆုံးစွန်ထိ ဖိနှိပ်ကာ ဖုံးကွယ်ထားခဲ့သော်လည်း၊ စူးရွှမ်၏ အာရုံခံနိုင်စွမ်းမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။။

ဝုန်း! !

သူ၏ ခြေကို ဆောင့်ချလိုက်သည်နှင့်၊

ကောင်းကင်ကြီးကိုပင် ထိတ်လန့်စေနိုင်သော ဓားစွမ်းအင်များသည် ရှေးဟောင်းဓားတောင်တန်းများသဖွယ် ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ အပေါ်သို့ တဟုန်ထိုးတတ်သွားသည်။

၎င်း၏ ထုတ်လွှတ်လိုက်သော ခမ်းနားထည်ဝါသော ဖိအားသည် ရှစ်ထျန်းတိ့ကို တုန်လှုပ်သွားစေကာ နောက်သို့ဆုတ်ခွာသွားစေပြီး တစ်ချိန်တည်းမှာပင်။

စူးရွှမ်၏ အရိပ်သည် လျှပ်တပြက် တောက်ပသွားကာ၊ သူ၏ အလွန်လျင်မြန်သော အရိပ်အောက်တွင် အာကာသဟင်းလင်းပြင်သည်ပင် ပြင်းထန်စွာ တုန်ခါလျက် အလွှာလိုက် အက်ကွဲသွားသည်။

သူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်မှာ လျှပ်စီးလျှပ်သွားသကဲ့သို့ လျင်မြန်လွန်းပြီး၊ တစ်ခါတည်းဖြင့် ဓားချက်များစွာကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။

ဓားတစ်ချက်စီတိုင်းတွင် အဆုံးစွန်သော ဖိအားများပါဝင်ပြီး၊ လောကရှိ မည်သည့်သက်ရှိမျှ ဤအရာကို ခံနိုင်ရည်စွမ်း မရှိပုံရသည်။

ရွှမ်း ရွှမ်း! !

ဓားစွမ်းအင် များစွာသည် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်ကာ သက်တံ့ရောင် ဓားပိုက်ကွန်တစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး ရှစ်ထျန်းတိ့၏ ဦးခေါင်းထက်သို့ ကျဆင်းသွားသည်။

ရှောင်လွှဲ၍မဖြစ်နိုင်မှန်း သိလိုက်သော ရှစ်ထျန်းတိ့သည် ဟစ်အော်ညည်းညူလိုက်ရင်း၊ စူးရွှမ်၏ ဤဓားတစ်ချက်ကို အတင်းအကြပ် ခံယူရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း သူသည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ သံမဏိသတ္တု ကိုယ်ခန္ဓာအတွင်းရှိ စွမ်းအင်အားလုံးကို ပေါက်ကွဲထုတ်လွှတ်ခဲ့သော်လည်း ၊ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ဘုန်းခနဲ့ ဟူသော ကျယ်လောင်သံ ထွက်ပေါ်လာခဲ့ပြီး၊

ရှစ်ထျန်းတိ့သည် အမြောက်ဆန်တစ်လုံးကဲ့သို့ တိုက်ရိုက် လွင့်ထွက်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် အာကာသ၏ အစိတ်အပိုင်းတစ်ခုကို ဝင်တိုက်မိရုံသာမက လောက၏ တောင့်တင်းခိုင်မာဆုံးသော ပစ္စည်းများဖြင့် ဆောက်လုပ်ထားသော ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီသည်ပင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ရှစ်ထျန်းတိ့ တစ်ယောက်တည်းသာမက ကျန်အမတဧကရာဇ်တစ်ပိုင်း အဆင့်ရှိ နတ်ဆိုးအရိပ်ကိုးဦးသည်လည်း အဆိုပါဓားစွမ်းအင်၏ ဖိနှိပ်မှုကို မခံနိုင်ခဲ့ကြပေ။

ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိလိုက်ဘဲ ၊ နေရောင်အောက်ရှိ နှင်းခဲများသဖွယ် ခမ်းနားထည်ဝါလှသော ဓားစွမ်းအင်အောက်တွင် တိုက်ရိုက် သုတ်သင်ခံလိုက်ရသည်။

...........

မဟာလမ်းစဉ် အာကာသအတွင်းမှ ဤမြင်ကွင်းတစ်ခုလုံးကို ကြည့်ရှုနေသော ပီယွိ့ကောင်းကင်အရှင်သည် မျက်လုံးများ အရောင်တောက်ပနေကာ ၊ ယင်းအတွင်း၌ အံ့အားသင့်ဖွယ်ရာ အလင်းတန်းများ ဖြာကျနေခဲ့သည်။

ဓားချက် ဆယ်ချက် ထုတ်ရုံမျှဖြင့် ၊ ရှစ်ထျန်းတိ့အပါအဝင် အမတဧကရာဇ်တစ်ပိုင်း အဆင့်ရှိ ကိုးဦးကို တိုက်ရိုက် ဖြုတ်ချနိုင်ခဲ့သည်။

စူးရွှမ်သည် တဖက်လူကို အနိုင်ယူရန် အချိန်အတော်အတန် ယူရလိမ့်မည်ဟု သူမ ထင်ထားခဲ့ဖူးသည်။

သို့သော်လည်း အမွှေးတိုင်တစ်ဝက် မကျိုးခင်မှာပင်၊ ရှစ်ထျန်းတိ့မှ ပေါက်ကွဲထုတ်လွှတ်လိုက်သော အစွမ်းကုန်တိုက်ခိုက်မှုသည် ဤတောက်ပသော ဓားစွမ်းအင်အောက်တွင် တခဏအတွင်း ဖျက်ဆီးခံလိုက်ရသည်။

ဤနေရာတွင် ရှိသော ရှစ်ထျန်းတိ့သည် သူ၏မူလပင်ကိုယ် မဟုတ်သော်လည်း၊ စူးရွှမ်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။

ဤဓားလမ်းစဉ်သည် အမှန်ပင် အားကောင်းလွန်းလှသည်။

"ကျွတ်ကျွတ်.... တားမြစ်စူးမိသားစုလို့ မပြောရဘူး"

"စူးချန်ကဲ ဒီကောင်လေး တစ်ယောက်တည်းသာမက မိသားစုအထက်အောက် အကုန်လုံး လူ့ဘီလူးတွေချည်းပဲ....."

ပီယွိ့ကောင်းကင်အရှင်သည် ခံစားချက်ပါပါဖြင့် ညည်းညူပြောဆိုလိုက်သည်။

"ဒါကြောင့်လည်း လူ့ဘီလူးမိသားစုလို့ အမည်တွင်တာ အံ့ဩစရာမရှိဘူး...."

...........

"အဟွတ်.... ဒုက္ခပဲ!"

"ဒါ ဘယ်လိုဖြစ်ရတာလဲ!?"

ကျောက်ဟွ အမတဧကရာဇ်မင်း၏ သံမဏိသတ္တု ကိုယ်ခန္ဓာသည် မချိုးမဖျက်နိုင်သော ပစ္စည်းများဖြင့် ဖန်တီးထားသော်လည်း၊

သို့သော်လည်း ဤကြောက်မက်ဖွယ်ရာ ဓားစွမ်းအင်အောက်တွင် ထိတ်လန့်ဖွယ်ရာ ကောင်းသော ဓားခုတ်ရာများဖြင့် ပြည့်နှက်နေသည်။

ထို့အပြင် ၊ ဤသည်မှာ စူးရွှမ်အနေဖြင့် တမင်သက်သက် လုပ်ခြင်းလား သူ မသိသော်လည်း ၊

ဤမျှအားကောင်းသော ဓားစွမ်းအင်ထဲတွင် ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် ဆုတ်ဖြဲခြင်း စွမ်းအားတစ်ခုလည်း ပါဝင်နေပြီး၊ ကျောက်ဟွ အမတ်ဧကရာဇ်မင်း၏ သံမဏိသတ္တု ကိုယ်ခန္ဓာကို လျစ်လျူရှုကာ ရှစ်ထျန်းတိ့၏ နတ်အသိစိတ်ကို ပြင်းထန်စွာ ထိုးနှက်လာခဲ့သည်။

ထို့ကြောင့် သူသည် အပြင်ပန်းအားဖြင့် ဒဏ်ရာ သိပ်မရပုံရသော်လည်း၊ သူ၏ အတွင်းပိုင်း စိတ်ဝိညာဉ်သည် စူးရွှမ်၏ ဓားချက်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီ ဖြစ်သည်။

မူလက သူသည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာကို ကျူးကျော်ပြီးနောက် ၊ စူးရွှမ်၏ ကိုယ်ပွားကို လုံးဝ မချေမှုန်းနိုင်ရင်တောင် ၊ အနည်းဆုံး သရေကျအောင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

အခုတော့ ဒါဘာသဘောလဲ!?

ဒါ သူချည်းပဲ တဖက်သတ်လိမ့်ခံနေရတာမဟုတ်လား!?

"ရှစ်ထျန်းတိ့၊ မင်းနဲ့ငါ က ရန်သူဟောင်းတွေလို့ ဆိုနိုင်ပေမယ့်"

"အမြဲတမ်း ဒီလို ခိုးကြောင်ခိုးဝှက် လုပ်နေတာက တကယ့်ကို ပျင်းစရာကောင်းလွန်းတယ်"

စူးရွှမ်သည် ကျန့်ထျန်းဓားကို ဆုပ်ကိုင်ကာ ရှစ်ထျန်းတိ့ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

"ဒီလိုလုပ်ရအောင်၊ မင်းနဲ့ငါ နေရာတစ်ခု သတ်မှတ်ပြီး ငါတို့ရဲ့ မူလခန္ဓာနဲ့ တစ်ကြိမ်လောက် တိုက်ပြီး မင်းနဲ့ငါ့ရဲ့ကြားက ရန်ငြိုးကို ဖြေရှင်းကြရအောင်၊ ဘယ်လိုလဲ"

ဤစကားများ ထွက်ပေါ်လာသည်နှင့် ၊ ရှစ်ထျန်းတိ့၏ မျက်နှာသည် ပို၍ မှုန်ကုတ်သွားသည်။

စူးရွှမ်သည် ဟိုးအရင်ကတည်းက သူ့ကိုယ်ပိုင် ကန်သတ်ချက်များကို ချိုးဖျက်ကာ အမတနယ်မြေ၏ အထက်လောကသို့ ရောက်ရှိသွားပြီး ဖြစ်သည်။

သူသည် အမှောင်ထု အမတခန်းမဆောင်၏ အရှင်သခင်ဖြစ်သော်လည်း၊ ယခုတွင် ကပ်ဘေးကိုးပါး အမတဧကရာဇ်အဆင့်မျှသာ ရှိသေးသည်။

စူးရွှမ်ကို သတ်ရန် ဖယ်ရှားနိုင်စွမ်းရှိရင်တောင်မှ အမှောင်ထု မူလရင်းမြစ်ကမ္ဘာ၏ တည်နေရာကို မလွဲမသွေ ဖော်ထုတ်မိလိမ့်မည်။

ယခုအချိန်တွင် အမှောင်ထု နိယာမတရားသည် လုံးဝ ပြန်လည်နိုးထလာခြင်း မရှိသေးသလို ၊ သူ့တွင် အထူးအမှောင်ထု၏ ကောင်းချီးများ မရှိသေးသောကြောင့် စူးရွှမ်ကို သွားရောက်စိန်ခေါ်ခြင်းသည် သေလမ်းတစ်ခုတည်းသာ ဖြစ်ပေလိမ့်မည်။

ရှစ်ထျန်းတိ့သည် ကဲ့ရဲ့ပြောဆိုရန် ဟန်ပြင်လိုက်စဉ်။

"အားးးးးးး......"

သူ၏စိတ်ဝိညာဉ်သည် ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရပြီး ၊ ခေါင်းကို လက်ဖြင့် ဖိလျက် မြေပေါ်တွင် ဒူးထောက်ကျသွားကာ အော်ဟစ်ညည်းတွားလိုက်သည်။

"အမ်....."

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော စူးရွှမ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာကို သိမ်းပိုက်ထားသော ထိုအမှောင်ထု စွမ်းအင်သည် အမည်မသိအင်အားတစ်ခု၏ တွန်းလှန်ခြင်းကို ခံနေရပုံရသည်။

ယခင်က ရိုက်ခတ်လှုပ်ရှားနေခဲ့သော အမှောင်ထုသည် အဆိုပါအင်အား၏ လွှမ်းမိုးမှုအောက်တွင် ၊ အမှောင်ထု အပိုင်းအစများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကာ ကောင်းကင်အနှံ့ ပျံ့လွင့်သွားပြီး အစအနမျှမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

စူးရွှမ်၏ အာရုံခံစားမှုအရ ၊ စိတ်ဝိညာဉ် နှစ်ခုသည် ကိုယ်ခန္ဓာ၏ ထိန်းချုပ်ခွင့်ကို ပြိုင်ဆိုင်နေပုံ ရသည်။

စိတ်ဝိညာဉ် တစ်ခုမှာ ပြောစရာပင်မလိုချေ ၊ ရှစ်ထျန်းတိ့သာ ဖြစ်သည်။

ကျန်တစ်ခုမှာ နတ်ဘုရားလက်နက် အမတမျှော်စင်၏ အရှင်သခင်၊ ကျောက်ဟွ အမတဧကရာဇ်မင်းပင် ဖြစ်သည်။

All Chapters