← Chapters

နောက်ကွယ်က တရားခံ

Vol. 61 Ch. 805

နောက်ကွယ်က တရားခံ

Vol. 61 Ch. 805

"လီတောက် လူကြီးမင်း... ကျွန်တော့်မှာ တကယ်ကို နားမလည်နိုင်တဲ့ အချက်တစ်ခု ရှိတယ်"

စူးရွှမ်က ရုတ်တရက် စကားစလိုက်သည်။

"အရင်တုန်းက နတ်ဘုရားလက်နက် အမတမျှော်စင်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ...."

"အမတမျှော်စင်မှာ ရှန်ထျန်း ကောင်းကင်အရှင် ရှိတယ်မဟုတ်လား.. ဘာလို့ ခုလိုဖျက်ဆီးခံရတာလဲ"

သူ ပြောသည့် ရှန်ထျန်း ကောင်းကင်အရှင်ဟူသည် အမှန်အားဖြင့် နတ်ဘုရားလက်နက် အမတမျှော်စင်၏ မူလ တည်ထောင်သူ ဖြစ်ပြီး ၊ အမတနယ်မြေ၏ သမိုင်းတွင် အထူးချွန်ဆုံးနှင့် လက်နက်သွန်းလုပ်ရာတွင် အရည်အချင်းရှိဆုံး ဖြစ်သည်။

နာမည်အတိုင်းပင် ကောင်းကင်အရှင်ဟူသော ဘွဲ့အမည်ကို ရရှိနိုင်သူသည် ကျင့်ကြံမှုတွင် အလွန်နက်ရှိုင်းသော အဆင့်တွင် ရှိပြီး၊ အနည်းဆုံး အမတဧကရာဇ်မင်း၏ အထက်တွင် ရှိသည်။

သူတို့သည် ကမ္ဘာမြေ၏သက်တမ်းနှင့် တူညီပြီး၊ ကောင်းကင်လမ်းစဉ်အထက်တွင်ပင် တည်ရှိသည်။

ထို့အပြင် နတ်ဘုရားလက်နက် အမတမျှော်စင်သည် အတုမရှိသော အမတဂိုဏ်းကြီး တစ်ခုအနေဖြင့် ၊ ရှန်ထျန်း ကောင်းကင်အရှင် တစ်ယောက်တည်းသာမက အမတဧကရာဇ်မင်းထက် သာလွန်သော ပုဂ္ဂိုလ်များစွာ ထွက်ပေါ်ခဲ့သည်။

ထိုပုဂ္ဂိုလ်များ ရှိနေသရွေ့ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် နတ်ဘုရားလက်နက် အမတမျှော်စင်အပေါ် အကြံအစည်များ သုံးလာခဲ့ရင်တောင်မှ ၎င်းတို့၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေမည်။

အကြောင်းမှာ ကောင်းကင်အရှင်တစ်ပါးတည်းဖြင့် ကောင်းကင်လမ်းစဉ်ကို ချေမှုန်းရန် လုံလောက်သည်။

အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် မိုက်ရူးရဲဆန်သူများ မဟုတ်ပေ။အန္တရာယ်ကို အတင်းအကြပ် ခံယူကာ နတ်ဘုရားလက်နက် အမတမျှော်စင်ကို ဖျက်ဆီးလိမ့်မည် မဟုတ်ပေ။

သူတို့တွင် ယုံကြည်ချက်ရှိရင်တောင်မှ နတ်ဘုရားလက်နက် အမတမျှော်စင်သည် ထိုအရာကို သတိထားမိပြီး ကြိုတင် ပြင်ဆင်ထားမည်မှာ သေချာသည်။

ဒါပေမဲ့ ရလဒ်ကရော ဘယ်လိုဖြစ်သွားလဲ?

နတ်ဘုရားလက်နက် အမတမျှော်စင်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်။

ထို့အပြင် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် မိုးကြိုးပစ်နည်းဖြင့် တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။

T/N- မိုးကြိုးပစ်နည်း - ရန်သူကို အခွင့်ရေးမပေးဘဲ တချက်တည်းနဲ့ ဖျက်ဆီးပစ်ခြင်း

ထိုသတင်းကိုပင် ပိတ်ဆို့ထားခဲ့သောကြောင့်၊ နောက်ကွယ်က တကယ့် လျို့ဝှက်ချက်ကို မည်သူမျှ မသိနိုင်ခဲ့ပေ။

သူတို့ တားမြစ်စူးမိသားစုသည် ဤနှစ်များအတွင်း အမတနယ်မြေ၏ နေရာအနှံ့အပြားသို့ လှည့်လည်သွားလာခြင်း မရှိခဲ့ပါက ၊ နတ်ဘုရားလက်နက် အမတမျှော်စင် ပျက်သုန်းခဲ့ရသည့် အကြောင်းရင်းကို သိရှိနိုင်ခဲ့မည် မဟုတ်ပေ။

"စူးဓားအမတရှင် မင်း ကိစ္စအချို့ကို မှန်းဆမိမှာပါ....."

"တကယ်တော့.... ငါတို့ နတ်ဘုရားလက်နက် အမတမျှော်စင်မှာ ရှန်ထျန်း ကောင်းကင်အရှင်လို ပုဂ္ဂိုလ်တွေ အနည်းငယ်ရှိနေရင်တောင်မှ ဒီလောက်ကြီးမားတဲ့ ဘေးအန္တရာယ်ကို ကြုံတွေ့ရမှာမဟုတ်ဘူး.... ဒီလောက်များပြားတဲ့ အုတ်မြစ်တွေလည်း ဆုံးရှုံးရမှာမဟုတ်သလို.... ဖျက်ဆီးခြင်း ခံရမှာလည်း မဟုတ်ဘူး....."

ကျောက်ဟွ အမတဧကရာဇ်မင်းသည် သူ့မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံထားသော အမှတ်တရများကို ပြန်လည် သတိရသွားပုံရသည်။

သူ၏ အားနည်းသော လေသံထဲတွင် နာကျင်သော အရိပ်အယောင်များ ရှိနေခဲ့သည်။

"ဒါပေမဲ့လည်း ဒီကိစ္စရဲ့ ပြဿနာက ဒီနေရာမှာပဲ ရှိတယ်....."

ထိုသို့ပြောရင်း သူ၏ လေသံသည် ပို၍ တုန်ရီလာကာ အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။

" ရှန်ထျန်း ကောင်းကင်အရှင်.... သူတို့တွေ.... သေဆုံးသွားပြီ!"

"ငါတို့ နတ်ဘုရားလက်နက် အမတမျှော်စင် မဖျက်ဆီးခံရခင်မှာပဲ သေဆုံးသွားခဲ့တယ်"

"ဘယ်လို....!?"

စူးရွှမ်သည် မသိစိတ်မှ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည့် တစ်ချိန်တည်းမှာပင်၊ ထောင်ပေါင်းများစွာသော မိုးကြိုးများသည် သူ၏ စိတ်နှလုံးသားထဲတွင် အဆက်မပြတ် ပေါက်ကွဲနေသကဲ့သို့ ခံစားလိုက်ရသည်။

အလွန်အမင်း အံ့အားသင့်မှုအောက်တွင် ၊ အချိန်နှင့် အာကာသည်ပင် ရပ်တန့်သွားသည့်အလား ၊သူ၏ ဦးနှောက်ထဲတွင် ဗလာကျင်းသွားသည်။

.........

စက္ကန့်အနည်းငယ် ကုန်လွန်သွားပြီးနောက် ၊

စူးရွှမ်သည် ပြန်သတိကပ်လာခဲ့သည်။

သို့သော်လည်း အတွေးများသည် တရစပ် ဝင်ရောက်နေဆဲပင် ဖြစ်သည်။

ရှန်ထျန်း ကောင်းကင်အရှင်အပြင် နောက်ထပ် ကောင်းကင်အရှင် ပုဂ္ဂိုလ်တွေအားလုံး သေဆုံးသွားပြီတဲ့လား !?

ထိုသူများသည် အမတစိုးစံရာခေတ်ကတည်းက အထွတ်အထိပ် စွမ်းအားရှင်များအဖြစ် တည်ရှိလာခဲ့သော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး၊ သူတို့သည် အမတနယ်မြေ၏ မဟာလမ်းစဉ်မှ လွတ်မြောက်ကာ စည်းမျဉ်းများကို ကျော်လွန်သော တည်ရှိမှုများ ဖြစ်ကြသည်။

ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် မသေနိုင် မပျက်စီးနိုင်သော ဖြစ်တည်မှုများ ဖြစ်ကြသည်။ ဤကဲ့သို့သော ကောင်းကင်အရှင် ပုဂ္ဂိုလ်များသည် ယခုလို သေဆုံးသွားခဲ့လေသလော။

အတိအကျဆိုရလျှင် ၊ မည်သူက ဝင်ရောက်စွက်ဖက်ခဲ့သနည်း။

မည်သူသည် ဤမျှ အားကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားသနည်း။

ထို့အပြင် ဤသည်မှာ အလွန် တိုက်ဆိုင်လွန်းသည်။

ကောင်းကင်အရှင် ပုဂ္ဂိုလ်များ သေဆုံးပြီးပြီးချင်း ၊ နတ်ဘုရားလက်နက် အမတမျှော်စင်သည် ဤမျှ ကြီးကျယ်သော ဘေးအန္တရာယ်ကို ကြုံတွေ့ခံစားခဲ့ရသည်။

ဤတိုက်ဆိုင်မှုအားလုံးသည် ပြီးပြည့်စုံလွန်းကာ အလွန်ပင် ထူးဆန်းသည်။

စူးရွှမ်၏ မသိစိတ်ထဲတွင် ဤကဲ့သို့ ယုံကြည်ထားသည်။ နတ်ဘုရားလက်နက် အမတမျှော်စင် ပျက်သုန်းရခြင်း၏ ရေမျက်နှာပြင်အောက်တွင် ကွယ်ဝှက်ထားသော အမည်မသိ ဖြစ်တည်မှုက ဤအရာအားလုံးကို သိုဝှက်စွာဖြင့် တွန်းအားပေးနေသည်မှာ ဧကန်မလွဲပင်။

စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည့် အခိုက်အတန့်မှာပင် ၊

သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။

စူးရွှမ်၏ မျက်လုံးအိမ်များသည် ဖြည်းဖြည်းချင်း ကျယ်လာပြီး ၊ သူ့ခန္ဓာကိုယ်တစ်လျှောက် ချမ်းစိမ့်စိမ့် ဖြစ်လာခဲ့သည်။

သူသည် အမတနယ်မြေတစ်ခွင်သို့ ခရီးသွားလှည့်လည်ရင်း နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော လျှို့ဝှက်ချက်များကို ပေါင်းစပ်ကာ ကောက်ချက်ချရန် ကြိုးစားလိုက်သည်။

နောက်ဆုံး ရလဒ်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်သွားစေခဲ့သည်။

" မဟုတ်မှလွဲရော ... တကယ်ပဲ အဲ့လိုဖြစ်နိုင်မလား..."

စူးရွှမ်၏နှလုံးသားထဲတွင် အဖြေတစ်ခုရှိနှင့်ပြီး ဖြစ်သည်။

နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးနောက်တွင် ၊အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ နောက်ကွယ်တွင် အမည်မသိ အင်အားစုတစ်ခုရှိနေမှန်း သူ ရှင်းရှင်းလင်းလင်း သိခဲ့ရသည်။

ဤကဲ့သို့ ခန့်မှန်းချက်ရသည့် အကြောင်းရင်းမှာ ကောင်းကင်လမ်းစဉ်မှ သကောင့်သားများသည် သူတို့လို ထိပ်တန်းအင်အားစုများကို တိုက်ခိုက်နိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်သည်။

အုပ်စိုးရှင် ၁၂ ဖွဲ့ ၊ အတုမရှိ အမတဂိုဏ်းကြီး ၃၆ ဂိုဏ်း သို့မဟုတ် ထိပ်တန်း ကောင်းကင်ဂူ(၇၂)ခု စသော အင်အားစုများသည် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်ကို တုံ့ပြန်နိုင်သည့် စွမ်းရည်များနှင့် နည်းလမ်းများ ရှိကြသည်။

အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် အဆုံးစွန်သို့ တွန်းပို့ခံရပြီး ၊ အတင်းအကြပ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ရင်တောင်မှ နှစ်ဖက်စလုံး အထိနာကာ နောက်ဆုံးတွင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ပုံမှန်အတိုင်း တွေးကြည့်မည်ဆိုပါက ၊ ဤသည်မှာ မလွဲမသွေဖြစ်လာမည့် ရလဒ်တစ်ခုသာ ဖြစ်သည်။

သို့သော် ရလဒ်သည် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။

ထိုစဉ်က အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး ၊ ၎င်းတို့သည် သူတို့လို ထိပ်တန်း အင်အားစုများကို ပွင့်ပွင့်လင်းလင်း ပစ်မှတ်ထားခဲ့သည်။

သူတို့ တားမြစ် စူးမိသားစုကို ကြိမ်ပေါင်းများစွာ တိတ်တဆိတ် ဆန့်ကျင်ခဲ့သည်။

ထိုအချိန်က ကောင်းကင်လမ်းစဉ်သည် မွေးကင်းစ နွားပေါက်လေးကဲ့သို့ အကြောက်အရွံ့မရှိခဲ့ပေ။

သူတို့သည် တားမြစ် စူးမိသားစုကို စော်ကားရုံသာမက ၊ တခြားထိပ်တန်းအင်အားစုများကိုလည်း သိုဝှက်စွာ အပြစ်ပြုခဲ့သည်။

သို့သော် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

အဆိုပါ ထိပ်တန်းအင်အားစုများသည် တန်ခိုးကြီးမားသော ပုဂ္ဂိုလ်များကို စေလွှတ်ကာ ကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်သော်လည်း ၊ သို့သော် ကောင်းကင်လမ်းစဉ်တွင် အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းနိုင်သော နည်းလမ်းမျိုးစုံ ရှိနေခဲ့ခြင်းပင်။

အချိန်ကြာလာသည်နှင့်အမျှ ၊ အင်အားစုအများအပြားသည် သူတို့ထဲတွင် သစ္စာဖောက်များ ရှိနေသည်ဟုပင် သံသယဖြစ်လာကြသည်။

ဤသစ္စာဖောက်များသည် ကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်ဖို့ သွားတိုင်း ၊ သတင်းပေးလေ့ရှိသောကြောင့် ကောင်းကင်လမ်းစဉ်ကို ဖျက်ဆီးရန် ခက်ခဲခဲ့သည်။

သို့သော် ၊ တားမြစ် စူးမိသားစု၏ လျှို့ဝှက်စုံစမ်းစစ်ဆေးမှုအရ ၊

ရလဒ်များသည် ထင်ထားသည်ထက် များစွာ ရှုပ်ထွေးသည်။ အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ နောက်ကွယ်တွင် အမည်မသိ အင်အားစုတစ်ခု ရှိနေသည်။

ဤသည်မှာ တားမြစ် စူးမိသားစုပင် မသိနိုင်သည့် အမည်မသိအင်အားစု ပင် ဖြစ်သည်။

All Chapters