← Chapters

တိုက်ခိုက်မှုများ စတင်ခြင်း

Vol. 9 Ch. 81

တိုက်ခိုက်မှုများ စတင်ခြင်း

Vol. 9 Ch. 81

အမှန်စင်စစ် လင်းဖန်သည် အစကတည်းကပင် လုံထန်လုပ်ငန်းစုအနေဖြင့် ကြိုးမဲ့အားသွင်းစနစ် အပါအဝင် နိုင်ငံတကာသုံး စမတ်ဖုန်း စံနှုန်းများကို လိုက်နာတော့မည်မဟုတ်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။

မူပိုင်ခွင့်အသစ်ဖြစ်သည့် ရေစိုခံအပေါက် ဒီဇိုင်းအပြင် လုံထန်မှ ထုတ်လုပ်သည့် အားသွင်းပေါက်များ အားလုံးကို ၃.၇၂ မီလီမီတာအရွယ်အစားကိုသာ အသုံးပြုထားသည်။ ၎င်းမှာ Android နှင့် Apple တို့၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်ရန်အတွက် ဖြစ်သည်။ ကုန်ကျစရိတ် ရှုထောင့်မှကြည့်လျှင် တွက်ခြေမကိုက်ဟု ထင်ရသော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ်ပိုင်နည်းပညာဖြင့် လွတ်လပ်စွာ ရပ်တည်နိုင်ရေးကို ထည့်တွက်ပါက ဤခြေလှမ်းမှာ လုပ်ဆောင်သင့်သည့် ကိစ္စရပ်ပင် ဖြစ်သည်။

"ဒီမူပိုင်ခွင့်တွေကို လောလောဆယ် ဘယ်သူ့ကိုမှ ခွင့်ပြုချက်မပေးသေးဘူး ကျတော်တို့တွေ ကမ္ဘာ့ဈေးကွက်ကို အလုံးစုံ သိမ်းပိုက်ပြီးတဲ့အခါကျမှ ဒါကို စဉ်းစားမယ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေအကြောင်းလည်း စိတ်ပူမနေနဲ့"

"ဒါပေမဲ့ သူဌေး... ဒါက..."

ကျန်းဖန်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေသည်။

"ခင်ဗျားမှာ တစ်ခုခုရှိရင် ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ ကျုပ်က ကွယ်ဝှက်ထားတဲ့သူတွေကို မကြိုက်ဘူး"

ဟု လင်းဖန်က အသံမာမာဖြင့် ဆိုလိုက်သည်။

"ဟုတ်ကဲ့"

ကျန်းဖန်က ချက်ချင်းပင် ဆက်ပြောသည်။

"သူဌေး... ဒီရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေဆိုတာ ကမ္ဘာကျော် ကုမ္ပဏီတွေ ဖြစ်သလို ငွေအင်အားလည်း အလွန်တောင့်တင်းကြပါတယ် သူတို့ရဲ့ အရှိန်အဝါတွေကလည်း တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေကြတာပါ အားလုံးကို ငြင်းလိုက်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု လောကတစ်ခုလုံးကို ရန်သူဖြစ်အောင် လုပ်လိုက်သလို ဖြစ်ပြီး မလိုအပ်တဲ့ ပြဿနာတွေ ရောက်လာမှာကို စိုးရိမ်မိလို့ပါ"

အမှန်တကယ်တွင် ကျန်းဖန် စိုးရိမ်နေသည်မှာ ထိုကုမ္ပဏီကြီးများက မတရားသော နည်းလမ်းများဖြင့် လုံထန်ကို ဖိနှိပ်ချုပ်ချယ်လာမည်ကို ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုများမှာ အာဖရိကမြက်ခင်းပြင်ရှိ ဝံပုလွေများကဲ့သို့ပင်။ ငွေရနံ့ရသည့်နေရာသို့ အုပ်စုလိုက် ဝိုင်းအုံလာပြီး အမြတ်ထုတ်ရန် ကြိုးစားတတ်ကြသည်။

"အဟက် ဘာကို ကြောက်နေတာလဲ ကျုပ်ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ ဘာပြဿနာပဲတက်တက် ကျုပ်အကုန် တာဝန်ယူတယ်"

လင်းဖန်က ဂရုမစိုက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလောက်ကို သူ ဘာကြောင့် ကြောက်ရမည်နည်း။ သူ့ရဲ့ လက်ထဲတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါး ငွေသားအင်အား ရှိနေသည်။ မလုံလောက်ပါက နိုင်ငံတကာ စတော့ဈေးကွက်တွင် ဆက်လက် ကစားနိုင်သေးသည်။ 'ကွမ်တမ် ရန်ပုံငွေအဖွဲ့'ကဲ့သို့သော ဘီလူးကြီးများမှလွဲ၍ ကျန်သည့် မည်သည့်အဖွဲ့အစည်းမှ သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။

"ဟုတ်ကဲ့ပါ"

ကျန်းဖန်က တုံ့ပြန်လိုက်သော်လည်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေဆဲပင်။ သို့သော် လင်းဖန်၏ ယုံကြည်ချက်အပြည့်ရှိသော မျက်နှာကို ကြည့်ပြီး သူ ထပ်မံ မတားဆီးတော့ဘဲ အစီအစဉ်များ ပြုလုပ်ရန် ထွက်သွားတော့သည်။ သို့သော် သူ မထွက်သွားမီမှာပင် အပြေးအလွှား လာနေသော ခြေသံများကို ကြားလိုက်ရပြီး၊ လုံထန်၏ စီအိုအိုယွီလဲ့ တစ်ယောက် စိုးရိမ်တကြီးဖြင့် အခန်းထဲသို့ ပြေးဝင်လာသည်။

ယွီလဲ့၏ ပုံစံကို ကြည့်ပြီး လင်းဖန် မျက်မှောင်ကြုတ်သွားသည်။ သူ သိထားသည့်ယွီလဲ့မှာ အမြဲတမ်း တည်ငြိမ်သည့် စီးပွားရေးပညာရှင် တစ်ဦးဖြစ်ရာ ယခုကဲ့သို့ ပျာပျာသလဲ ဖြစ်နေသည်ကို မတွေ့ဖူးပေ။

"မန်နေဂျာကျန်း... ဒါရိုက်တာလင်း... တောင်းပန်ပါတယ်ခင်ဗျာ အခုလေးတင် အင်တာနက်ပေါ်မှာ ဆောင်းပါးအချို့ တက်လာလို့ပါ ဘယ်ကလာမှန်းမသိပေမဲ့ ကျွန်တော်တို့ စနစ်မှာ လုံခြုံရေး ဟာကွက်တွေအကြီးအကျယ် ရှိနေတယ်လို့ ရေးထားကြလို့ ပြည်သူတွေကြားမှာ ထိတ်လန့်ကုန်ကြပါပြီ"

"ဘာ"

ကျန်းဖန်၏ မျက်နှာ ပျက်သွားပြီး

"တို့စနစ်မှာ ဘယ်လိုလုပ် ဟာကွက် ရှိမှာလဲ"

ဟု မေးလိုက်သည်။

မနေ့က တစ်ရက်တည်းမှာပင် ‘နိဗ္ဗာန X’ အလုံးရေ ၁၁၃ သန်း ရောင်းချခဲ့ရရာ တစ်နိုင်ငံလုံးတွင် အနည်းဆုံး လူသန်း ၁၀၀ ကျော်မှာ သူတို့၏ အသုံးပြုသူများ ဖြစ်နေကြပြီ ဖြစ်သည်။ အကယ်၍ တန်ရွမ်လည်ပတ်မှုစနစ်တွင် လုံခြုံရေးပြဿနာ ရှိနေသည်မှာ မှန်ကန်ပါက ၎င်းသည် အသစ်ထွက်လာသော လုံထိန်လုပ်ငန်းစုကို လုံးဝ ပျက်စီးသွားစေရန် လုံလောက်သော မုန်တိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

"မန်နေဂျာကျန်း... ကျွန်တော်တို့ စနစ်ကို သုတေသနဌာနက အသေအချာ စစ်ဆေးပြီးသားပါ အခုထိ ဘာဟာကွက်မှ ရှာမတွေ့သေးပါဘူး ဒါပေမဲ့ အင်တာနက်ပေါ်က ဆောင်းပါးတွေက ပညာရပ်ဆိုင်ရာ စကားလုံးတွေ သုံးပြီး စနစ်တကျ ရေးထားတာကြောင့် လူတွေက ယုံကြည်သွားကြတာပါ"

ဟု ယွီလဲ့က စိတ်ပျက်လက်ပျက်ဖြင့် ဖြေသည်။

ထိုစကားဆုံးသည်နှင့် ကျန်းဖန်က ဖုန်းကို အမြန်ဖွင့်ကြည့်လိုက်ရာ Penguin News၊ Sina (Xinlang) နှင့် Phoenix.com အစရှိသည့် ဝက်ဘ်ဆိုက်များတွင် နီဗားနားအိတ်၏ လုံခြုံရေး ဟာကွက်များအကြောင်း သတင်းများဖြင့် ပြည့်နှက်နေပြီး မှတ်ချက်ပေးသူ အားလုံးက လုံထန်ကို တိုက်ခိုက်နေကြတော့သည်။

"ကဲ... ဆက်မကြည့်နဲ့တော့ အချို့လူတွေက တို့ကို ကြီးပွားမလာစေချင်လို့ လုပ်နေတာပဲ"

ဟု လင်းဖန်က တည်ငြိမ်စွာ ဆိုလိုက်သည်။

လုံထန်သည် တန်ရွမ်လည်ပတ်မှုစနစ်သာမက နီဗားနားအိတ်ကဲ့သို့ ပြည့်စုံလွန်းသည့် စမတ်ဖုန်းကို ထုတ်လုပ်နိုင်ခဲ့ရာ မည်သည့် ဖုန်းကုမ္ပဏီမှ ငြိမ်နေလိမ့်မည် မဟုတ်ပေ။ ဆောင်းပါးများထဲတွင် ပညာရပ်ဆိုင်ရာ စကားလုံးများ ပါဝင်နေခြင်းမှာ ဤကိစ္စကို စက်မှုလောကအတွင်းရှိ လူများက ကြိုးကိုင်နေခြင်းဖြစ်ကြောင်း သက်သေပြနေသည်။ သူတို့၏ ရည်ရွယ်ချက်မှာ လုံထန်၏ နာမည်ကို အပုပ်ချရန်ဖြစ်ပြီး၊ နာမည်ပျက်သွားပါက ထိုရလဒ်များကို သူတို့ကိုယ်တိုင် သိမ်းပိုက်ရန် ကြိုးစားကြပေလိမ့်မည်။

"သူဌေး... တို့တွေ ဒီအတိုင်းပဲ ကြည့်နေမှာလား"

ကျန်းဖန်က လင်းဖန်၏ အဖြေကို စောင့်ကြည့်နေသည်။

"ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး"

ဟု လင်းဖန်က အေးစက်စွာ ပြုံးရင်း ဆိုလိုက်သည်။

"ဟဲဟဲ... အချို့လူတွေက သေတွင်းထဲ ဆင်းချင်နေမှတော့ တို့က ကူညီပေးရတာပေါ့ ပြည်သူ့ဆက်ဆံရေးဌာနကို ချက်ချင်း အမိန့်ပေးလိုက်၊ 'ယွမ်သန်း ၁၀၀ ဆုကြေး' ထုတ်လိုက်မယ် တန်ရွမ်စနစ်မှာ ဟာကွက်တစ်ခုခု ရှာတွေ့နိုင်တဲ့သူကို ယွမ်သန်း ၁၀၀ ပေးမယ်လို့ ကြေညာလိုက်"

"ဟား"

ကျန်းဖန်နှင့် ယွီလဲ့တို့ အံ့သြတုန်လှုပ်သွားကြသည်။ ဤနည်းလမ်းမှာ အလွန် ပြင်းထန်လွန်းသည်။ အကယ်၍ တစ်ယောက်ယောက်က ဟာကွက် ရှာတွေ့သွားလျှင် လုံထန်အတွက် အကြီးအကျယ် ဆုံးရှုံးပေလိမ့်မည်။

"ကဲပါ .. အဲ့အတိုင်းပဲ လုပ်လိုက်တော့ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ တန်ရွမ်စနစ်ကို မဖောက်ထွင်းနိုင်ဘူး"

လင်းဖန်၏ မျက်နှာတွင် အတိုင်းအဆမရှိသော ယုံကြည်ချက်များ ပြည့်နှက်နေသည်။

တန်ရွမ် စနစ် သို့မဟုတ် ထန်လုံစမတ်ဖုန်း လည်ပတ်မှုစနစ်ဆိုသည်မှာ အခြားသော ပြိုင်တူစကြဝဠာတစ်ခုရှိ ၂၁ ရာစု၏ အကြီးကျယ်ဆုံး သိပ္ပံပညာရှင် ထိုက်ရွှီတီထွင်ခဲ့သည့် နည်းပညာ ဖြစ်သည်။ ကမ္ဘာ့လက်ရှိ နည်းပညာအဆင့်အတန်းနှင့် ယှဉ်လျှင် ဤစနစ်သည် အနည်းဆုံး နှစ် ၂၀ ခန့် ရှေ့ပြေးနေသည်။

ထို့ကြောင့် မည်သည့် ဟက်ကာမျှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ကြောင်း လင်းဖန်က ရဲရဲကြီး အာမခံနေခြင်း ဖြစ်ပေတော့သည်။

.............................

All Chapters