ထွက်သွားချင်ကြတာလား ပေးထွက်လိုက်
Vol. 9 Ch. 82
"ဒါနဲ့... ဒီကြေညာချက်ကို တင်တဲ့အခါ ပဲန်ကွင်း (Penguin) ဘက်ကိုလည်း ကြိုအကြောင်းကြားထားလိုက်ဦး တို့တွေက ပါတနာတွေပဲလေ ပြီးတော့ ဒါကို ပဲန်ကွင်းသတင်း (Penguin News) ရဲ့ ထိပ်ဆုံးမှာ Pin လုပ်ပေးထားဖို့လည်း သူတို့ကို ပြောလိုက်ပါဦး"
တွန့်ဆုတ်မနေဘဲ လုံထန်စီအီးအို ကျန်းဖန်နှင့် စီအိုအို ယွီလဲ့တို့ ဓာတ်လှေကားဆီသို့ အပြေးအလွှား သွားကြတော့သည်။ စီးပွားရေးလောကမှ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည့်အလျောက် လင်းဖန်၏ ဤခြေလှမ်းသည် လက်ရှိအခက်အခဲကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သူတို့ ကောင်းကောင်းနားလည်သည်။ ၎င်းသည် လူထု၏ အာရုံစိုက်မှုကို ရရှိစေမည့် အချက်အချာလည်း ဖြစ်လာပေလိမ့်မည်။
တန်ရွမ်စမတ်ဖုန်းလည်ပတ်မှုစနစ်ကို မည်သူမျှ မဖောက်ထွင်းနိုင်သရွေ့ လုံထန်လုပ်ငန်းစု၏ ဂုဏ်သိက္ခာမှာ အခိုင်အမာ တည်ဆောက်ပြီးသား ဖြစ်သွားမည်ဖြစ်ပြီး နီဗားနားအိတ်၏ ရောင်းအားမှာလည်း အရှိန်အဟုန်ဖြင့် ထိုးတက်သွားပေလိမ့်မည်။ ဤသည်မှာ 'အကျပ်အတည်းကာလ ပြည်သူ့ဆက်ဆံရေး၏ အရေးပါပုံပင် ဖြစ်သည်။
အင်တာနက်ပေါ်တွင်မူ လုံထန်ဖုန်းများ၏ လုံခြုံရေးပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးမှုများမှာ ဆက်တိုက် အရှိန်မြင့်နေဆဲ ဖြစ်သည်။ ကျွမ်းကျင်သူဟု ဆိုသူအမျိုးမျိုးက တန်ရွမ်စနစ်အပေါ် ဝေဖန်မှတ်ချက်များ ပေးနေကြရာ လုံထန်မှာ လူတိုင်း၏ အပယ်ခံဖြစ်နေသကဲ့သို့ ခံစားရစေသည်။
အတိအကျဆိုရလျှင် ထိုအချိန်မှာပင် လုံထန်လုပ်ငန်းစု၏ ပြည်သူ့ဆက်ဆံရေးဌာနက တစ်နိုင်ငံလုံးရှိ အသုံးပြုသူများအတွက် တရားဝင် ဝက်ဘ်ဆိုက်ပေါ်တွင် တုံ့ပြန်ချက်ဆောင်းပါးတစ်ပုဒ် တင်လိုက်သည်။
"တစ်နိုင်ငံလုံးရှိ အသုံးပြုသူများသို့ လွန်ခဲ့သည့် ရက်အနည်းငယ်က ကျွန်ုပ်တို့ကုမ္ပဏီမှ ကိုယ်ပိုင်တီထွင်ထားသော နီဗားနားအိတ်စမတ်ဖုန်းလည်ပတ်မှုစနစ်တွင် လုံခြုံရေး ဟာကွက်များ ရှိနေသည်ဟူသော ကောလာဟလများ ထွက်ပေါ်နေပါသည် ထို့ကြောင့် ကျွန်ုပ်တို့ကုမ္ပဏီအနေဖြင့် ယွမ်သန်း ၁၀၀ ဆုကြေး ကို လူသိရှင်ကြား ကမ်းလှမ်းလိုပါသည် အကယ်၍ တစ်စုံတစ်ယောက်က စနစ်ကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ပါက ဤဆုကြေးကို ပေးအပ်ရန် အသင့်ရှိပါသည် ဤဆုကြေး ကမ်းလှမ်းချက်၏ သက်တမ်းမှာ ၂၀၁၉ ခုနှစ် သြဂုတ်လအထိ ဖြစ်ပါသည်"
ကြေညာချက်မှာ တစ်နိုင်ငံလုံးရှိ လူများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်ပြီး ဝေဖန်တိုက်ခိုက်နေသူများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။
#ဆုကြေးငွေ အမြောက်အမြားဖြင့် လုံထန်၏ ပြင်းထန်သော တုံ့ပြန်မှု# ဟူသည့် ခေါင်းစဉ်မှာ Baidu ၏ ရှာဖွေမှုအများဆုံး စာရင်းတွင် နံပါတ် ၁ နေရာသို့ ချက်ချင်း ရောက်ရှိသွားသည်။ လုံထန်၏ တရားဝင် အကောင့်အောက်တွင်လည်း ဝေဖန်သူများ၏ မှတ်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။
"မကျော်သွားကြနဲ့ဦး... ယွမ်သန်း ၁၀၀ ဆုကြီးက မင်းတို့ အိမ်ယူသွားဖို့ စောင့်နေတယ်ဟေ့"
"အွန်လိုင်းမှာ ဂိမ်းဆော့နေမယ့်အစား ဟာကွက်ရှာတာက ပိုကောင်းတယ်၊ ချမ်းသာဖို့က မင်းတို့ ရှေ့တင်မှာပဲ အခုပဲ စတင်လိုက်ကြစမ်းပါ ပီကာချူးတို့ရေ"
"ယွမ်သန်း ၁၀၀ သာ ရရင်တော့ ဝေဖန်တိုက်ခိုက်သူတွေကို အကုန်အနိုင်ပိုင်းပစ်မယ်"
လုံထန်၏ ဆုကြေးပေးသည့်သတင်းမှာ အင်တာနက်ပေါ်တွင် ဟာသများ၊ ပျော်ရွှင်စရာများအဖြစ် ပျံ့နှံ့သွားပြီး လုံထန်ကို အပုပ်ချနေသည့် မှတ်ချက်များကို ဖုံးလွှမ်းသွားတော့သည်။ ရုတ်တရက်ဆိုသလို လေတိုက်ရာ အရပ်က ပြောင်းလဲသွားပြီး လုံထန်ကို ဆဲဆိုနေသူများမှာလည်း ဆက်မပြောနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် လူတိုင်းက ယွမ်သန်း ၁၀၀ ဆုကြေးကိုသာ အာရုံစိုက်နေကြသောကြောင့် ဖြစ်သည်။ လုံထန်၏ လုပ်ရပ်ကို "ရှေးခေတ်ကတည်းကပင် အငြင်းပွားမှုများ ရှိခဲ့သော်လည်း၊ ယုံကြည်ချက်ရှိသူတို့မှာ လုံထိန်ကဲ့သို့ ဖြစ်သင့်သည်" ဟု ချီးကျူးဖော်ပြလာကြသည်။
၂၁ ရာစု အစပိုင်းမှ ယခုအထိ နည်းပညာများမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သော်လည်း၊ မည်သည့် ကုမ္ပဏီမှ မိမိတို့ စနစ်တွင် ဟာကွက်မရှိဟု အာမမခံရဲကြပေ။
သို့သော် လုံထန်ကမူ အာမခံရုံတင်မကဘဲ လူသိရှင်ကြား ဆုကြေးပါ ထုတ်ပြန်လိုက်ခြင်းမှာ မယုံနိုင်စရာပင် ဖြစ်တော့သည်။
သတင်း ပြန့်နှက်သွားသည်နှင့် ပြည်တွင်းပြည်ပမှ ကွန်ပျူတာပညာရှင်များ၊ ဟက်ကာများနှင့် 'ဟုန်ခဲမဟာမိတ်' တို့သည်လည်း လုံထန်၏ အကောင့်များကို စောင့်ကြည့်လာကြပြီး ယွမ်သန်း ၁၀၀ ကို ရယူရန် ကြိုးစားမည်ဖြစ်ကြောင်း ကြေညာလာကြသည်။
ပဲန်ကွင်းနှင့် 360 ကုမ္ပဏီတို့၏ နည်းပညာအဖွဲ့များကလည်း ဤပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုလာကြသည်။ သာမန်ကြေညာချက်တစ်ခုက လုံထန်လုပ်ငန်းစု၏ အခြေအနေကို လုံးဝ ပြောင်းလဲပစ်လိုက်ခြင်းပင်။
ထိုနေ့ မွန်းလွဲ ၂ နာရီတွင် လင်းဖန် ရုံးခန်းသို့ ပြန်ရောက်သောအခါ လုံထိန်စီအီးအို ကျန်းဖန် တစ်ယောက် မျက်နှာပျက်ပျက်ဖြင့် ဝင်လာသည်ကို တွေ့လိုက်ရသည်။
"ဘာလဲ... နောက်ထပ် ပြဿနာတစ်ခု ရှိပြန်ပြီလား"
ဟု လင်းဖန်က တည်ငြိမ်စွာ မေးလိုက်သည်။
"သူဌေး... အဲဒီလူတွေက လွန်လွန်းနေပြီ တို့ကို အပုပ်ချရုံတင်မကဘူး ကျတော်တို့ဝန်ထမ်းတွေကိုပါ အလုပ်ထွက်ပြီး သူတို့ဆီ ပြောင်းလာဖို့ မြှောက်ပင့်နေကြတယ် အခုဆို အီးကောမတ်စ်၊ PR နဲ့ R&D ဌာနတွေကနေ လူ ၁၀ ယောက်လောက် အလုပ်ထွက်သွားပြီ"
ဟု ကျန်းဖန်က စိတ်မကောင်းစွာ ဆိုသည်။
"အရောင်းဌာနက မန်နေဂျာ ၇ ယောက်လည်း အခိုးခံလိုက်ရတယ်၊ ဘဏ်ဘက်က စာရင်းကိုင် ၄ ယောက်လည်း ထွက်သွားကြပြီ"
သတင်းဝေဖန်မှုများ ငြိမ်သွားရုံရှိသေး ယခု ဝန်ထမ်းများ အုပ်စုလိုက် ထွက်သွားခြင်းက ကျန်ဝန်ထမ်းများကြားတွင် စိုးရိမ်ထိတ်လန့်မှု ဖြစ်စေနိုင်သည်။ ကျန်းဖန်ကို ပို၍ စိတ်ဆိုးစေသည်မှာ ထိုထွက်သွားသူများထဲတွင် သူကိုယ်တိုင် လူတွေ့စစ်ဆေးပြီး ခန့်ထားခဲ့သော အလယ်အလတ်အဆင့် မန်နေဂျာများ ပါဝင်နေခြင်းပင်။ နောက်ကွယ်မှ တစ်စုံတစ်ယောက်က သွေးထိုးလှုံ့ဆော်ခြင်း မရှိဘဲနှင့် ဤသို့ ဖြစ်လာစရာ အကြောင်းမရှိပေ။
"စိတ်ဝင်စားစရာပဲ"
လင်းဖန်၏ မျက်နှာမှာ တည်ငြိမ်မြဲဖြစ်ပြီး ပြတင်းပေါက်ပြင်ပရှိ အဆောက်အအုံ မြင့်ကြီးများကို ကြည့်ကာ ဆိုလိုက်သည်။
"အဲဒီ ကြွက်စုတ်တွေက အလယ်အလတ်နဲ့ အောက်ခြေဝန်ထမ်းတွေကိုပဲ ဆွဲဆောင်နေတာ မဟုတ်လောက်ဘူး"
"သူဌေက အမြော်အမြင်ရှိပါတယ်၊ ကျွန်တော့်ဆီကိုတောင် လစာနှစ်ဆပေးမယ်ဆိုတဲ့ ဖိတ်စာ ပို့ထားကြတယ် ယွီလဲ့နဲ့ တခြားသူတွေဆီကိုလည်း ပို့ထားမှာ သေချာပါတယ်"
ဟု ကျန်းဖန်က အစီရင်ခံသည်။
"ဟားဟားဟား ဒီဇာတ်လမ်းက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ ပွဲကလည်း တော်တော်ကြီးသား"
လင်းဖန်က မဲ့ပြုံးပြုံးရင်း ရယ်လိုက်သည်။
လစာနှစ်ဆဖြင့် လုံထန်၏ အဆင့်မြင့်အရာရှိများကို ဆွဲထုတ်ရန် ကြိုးစားခြင်းမှာ အိပ်မက်ယောင်နေခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုံထန်၏ အဆင့်မြင့်အရာရှိတိုင်းသည် လုံထန်နည်းပညာကုမ္ပဏီ၏ အမြတ်ဝေစု ၀.၅ ရာခိုင်နှုန်းစီကို ရရှိထားကြသောကြောင့် ဖြစ်သည်။ သူတို့သာလုံထန်မှာ ရှိနေသရွေ့ ရောင်းအားအမြတ်များမှ အမြတ်ဝေစုများကို ဆက်လက်ရရှိနေဦးမည် ဖြစ်သည်။ ၀.၅ ရာခိုင်နှုန်းဆိုသည်မှာ နည်းသည်ဟု ထင်ရသော်လည်း၊ ဖုန်းနှင့် အားသွင်းကြိုး အားလုံးမှာ ဤကုမ္ပဏီမှ ထုတ်လုပ်ခြင်းဖြစ်ရာ ခေါင်းထဲသို့ အုတ်ခဲမှန်မထားသူ မည်သူမျှ ဤရာထူးမှ ထွက်သွားကြလိမ့်မည် မဟုတ်ပေ။
"အချို့လူတွေနဲ့ အချို့ကိစ္စတွေက အချိန်တန်ရင် အတိတ်မှာ ကျန်ရစ်ခဲ့မှာပါ အခု အလုပ်ထွက်သွားတဲ့သူတွေကိုတော့ ဘယ်တော့မှ၊ ဘယ်နေရာမှာမှ လုံထိန်လုပ်ငန်းစုရဲ့ ကုမ္ပဏီတွေဆီ ပြန်မခန့်ဖို့ အသေအချာ မှတ်ထားလိုက်ပါ"
လင်းဖန်က အေးစက်သော အမူအရာဖြင့် ဆက်ပြောသည်။
"နောက်ထပ် အလုပ်ထွက်ချင်သူရှိရင်လည်း ကြိုဆိုပါတယ် ထွက်စာတင်တာနဲ့ ချက်ချင်း ကုမ္ပဏီကနေ ထွက်သွားလို့ ရပါတယ် အခု လူ့စွမ်းအားအရင်းအမြစ်ဌာနကို လူသစ်ခေါ်ဖို့ အစီအစဉ်ဆွဲခိုင်းလိုက် ကုမ္ပဏီနာမည်က ပြည်တွင်းမှာ ကျော်ကြားနေပြီဆိုတော့ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ဘွဲ့ရလူငယ်တွေကို တိုက်ရိုက်ခန့်ဖို့ လုပ်လိုက်တော့"
"ဟုတ်ကဲ့ပါ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
လင်းဖန်၏ တည်ငြိမ်မှုကို မြင်ရသဖြင့် ကျန်းဖန် စိတ်အေးသွားရသည်။ လင်းဖန်သည် သူတို့၏ ကျောရိုးပင်ဖြစ်ရာ လင်းဖန် မတုန်လှုပ်လျှင် ဘာမှ ဖြစ်စရာ အကြောင်းမရှိပေ။
"ဒါ့အပြင်... ကုမ္ပဏီရဲ့ ဘောနပ်စ်တွေကိုလည်း အသစ်ပြန်ခွဲဝေပြီးပြီ ဘယ်တော့ ထုတ်ပေးမလဲဆိုတာကိုတော့ မင်းပဲ စောင့်ကြည့်လိုက်ပါ သစ္စာမရှိတဲ့သူတွေကတော့ တို့ဆီကနေ ပြားစေ့တစ်စေ့မှ ပိုရဖို့ မလိုဘူး"
ဟု လင်းဖန်က ထပ်လောင်းပြောလိုက်သည်။
ထိုစကားကြောင့် ကျန်းဖန် တစ်ကိုယ်လုံး အေးစက်သွားရသည်။ သူသည် တင်းမာသော မျက်နှာထားဖြင့် ချက်ချင်းပင် ထွက်သွားတော့သည်။ ဤအခွင့်အရေးကို အသုံးချကာ ကုမ္ပဏီအတွင်းရှိ မတည်ငြိမ်သော အစိတ်အပိုင်းများကို ရှင်းလင်းပြီး၊ ဘောနပ်စ်များဖြင့် ကျန်ဝန်ထမ်းများကို စည်းလုံးစေကာ လုံထိန်ကို ပိုမိုခိုင်မာအောင် တည်ဆောက်ရန် လင်းဖန် စီစဉ်လိုက်ခြင်း ဖြစ်သည်။ ဤနည်းလမ်းမှာ တကယ့်ကို ပါးနပ်လွန်းလှပေတော့သည်။
........................................