← Chapters

လင်းဖန်ရဲ့ တုန့်ပြန်မှု

Vol. 9 Ch. 83

လင်းဖန်ရဲ့ တုန့်ပြန်မှု

Vol. 9 Ch. 83

ထွက်ခွာသွားသည့် ကျန်းဖန်၏ ကျောပြင်ကို ကြည့်ရင်း လင်းဖန်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပိုမိုထင်ဟပ်လာသည်။ တရုတ်နိုင်ငံ စမတ်ဖုန်းလောက၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့် လုပ်ငန်းစုကြီးတစ်ခုကို အမြတ်အစွန်းနောက်ရူးနေသော လူတစ်စုက ကြိုးကိုင်ဖျက်ဆီးရန် ကြိုးစားနေခြင်းမှာ ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုပင် ဖြစ်သည်။

အကယ်၍ ဖုန်း၏ အရည်အသွေးကြောင့် ယှဉ်ပြိုင်ရခြင်းဆိုလျှင် သူ လက်ခံနိုင်သည်။ သို့သော် ယခုမူ မရိုးသားသော နည်းလမ်းညစ်များဖြင့် လုံထန်ကို ဖိနှိပ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ လင်းဖန်အနေဖြင့် ဤအခြေအနေကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

သူက မဆိုင်းမတွပင် မိုရှင်းယာကို အကြောင်းကြားလိုက်ပြီး သူ၏ ဥပဒေရေးရာအဖွဲ့၊ နည်းပညာအဖွဲ့နှင့် ဖန်ထန်းရင်းနှီးမြှုပ်နှံမှုအဖွဲ့မှ လူများကို ရှန်ကျန့်သို့ အမြန်ဆုံး လာရောက်ရန် ညွှန်ကြားလိုက်တော့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက် ည ၁၀ နာရီတွင် လုံထန်အဆောက်အအုံ၏ အစည်းအဝေးခန်းမမှာ မီးရောင်များ လင်းထိန်နေသည်။ လင်းဖန် ဦးဆောင်သော ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လူတစ်စုသည် အသီးသီး နေရာယူထားကြပြီး အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။

"ရှင်းယာ... စုံစမ်းစစ်ဆေးမှု ဘယ်လိုရှိလဲ"

လင်းဖန်၏ အကြည့်ကို တုံ့ပြန်သည့်အနေဖြင့် မိုရှင်းယာက ချက်ချင်းထရပ်ကာ သတင်းပို့သည်။

- "သူဌေး... ကျွန်မတို့လူတွေ နောက်ယောင်ခံလိုက်ပြီး စုံစမ်းကြည့်တဲ့အခါမှာတော့ ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့ခဲ့ပါတယ် ဒါတွေအားလုံးကို ဘန်ဇီနိုင်ငံ (ကိုရီးယား) ရဲ့ Samsung (Four Star) က ဦးဆောင်နေတာဖြစ်ပြီး၊ Sony နဲ့ Apple တို့လည်း နောက်ကွယ်က ပါဝင်ပတ်သက်နေကြပါတယ်"

"ဒါ့အပြင် Sequoia Capital နဲ့ SoftBank တို့ကလည်း ဒီမီးထဲကို လောင်စာထည့်ပေးနေကြပါတယ် အခုထိ သူတို့က အရေးယူမှု မလုပ်သေးပါဘူး"

"ကောင်းပြီ... တကယ့်ကို ကောင်းတယ် ငမဲလေးတွေ၊ ကိုရီးယားတွေနဲ့ အမေရိကန်တွေ အကုန်စုံနေတာပဲ တကယ့်ကို မြွေနဲ့ ကင်းမြီးကောက်တွေလို ပေါင်းပြီး ငါတို့လုံထန်ကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေကြတာပေါ့"

မိုရှင်းယာ၏ သတင်းပို့ချက်ကို ကြားပြီးနောက် လင်းဖန်က ဒေါသတကြီး ပြောလိုက်သည်။

Huawei နှင့် Xiaomi မှလွဲ၍ ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီကြီး ၅ ခုစလုံး ပါဝင်နေခြင်း ဖြစ်သည်။

Sony နှင့် Samsung တို့သည် မကြာသေးမီကပင် လုံထန်နှင့် ပူးပေါင်းရန် ကမ်းလှမ်းခဲ့ကြသေးသည်။ အဖြေမရသေးမီမှာပင် ၎င်းတို့က နှောင့်ယှက်မှုများ စတင်လုပ်ဆောင်နေကြပြီ ဖြစ်သည်။ Apple ဆိုလျှင်လည်း တရုတ်မိုဘိုင်းလ်ကုမ္ပဏီများ တိုးတက်လာသည်ကို အကြည့်မရဆုံး ဖြစ်သည်။ Huawei နှင့် ZTE တို့ အမေရိကန်တွင် အဖျက်ဆီးခံရခြင်းမှာ Apple ၏ ပရိယာယ်များကြောင့်ဖြစ်ကြောင်း ထင်ရှားလှသည်။ ယခုလည်း ၎င်းတို့သုံးဦးစလုံးက လုံထန်ကို ပစ်မှတ်ထားလာကြပြန်ပြီ ဖြစ်သည်။

Sequoia နှင့် SoftBank တို့၏ ရည်ရွယ်ချက်မှာလည်း ထင်ရှားလှသည်။ လုံထန် အခက်တွေ့နေချိန်တွင် ရှယ်ယာများကို ဈေးပေါပေါဖြင့် ဝယ်ယူရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

"ဥပဒေရေးရာအဖွဲ့နဲ့ အဆက်အသွယ် ဘယ်လိုရှိလဲ"

လင်းဖန်က ဘယ်ဖက်မှ အလယ်အလတ်အရွယ် လူကြီးကို ကြည့်ကာ မေးလိုက်သည်။

"သူဌေး... ကျွန်တော်တို့ အမေရိကန်၊ ကိုရီးယားနဲ့ ဂျပန်က နာမည်ကြီး ဥပဒေကုမ္ပဏီတွေနဲ့ ဆက်သွယ်ထားပြီးပါပြီ တရုတ်ပြည်တွင်းမှာဆိုရင်တော့ ကျွန်တော်တို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်"

ဟု ဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ရန်စန်းက တည်ငြိမ်စွာ ပြန်ဖြေသည်။

"ကောင်းပြီ"

လင်းဖန်က ခေါင်းညိမ့်လိုက်ပြီး

"သူတို့က တို့ကို အကွက်ဆင်တာဆိုတော့ တို့ကလည်း လက်ဆောင်ပြန်ပေးရမှာပေါ့ လုံထန်နာမည်နဲ့ ဥပဒေကုမ္ပဏီ သုံးခုကို ငှားပြီး Samsung၊ Sony နဲ့ Apple တို့ကို တရားစွဲလိုက်စမ်း။ သူတို့နာမည်ကို ကမ္ဘာတစ်ဝန်းမှာ နာမည်ပျက်သွားစေရမယ်"

လွန်ခဲ့သည့် နှစ်ဝက်ခန့် သူ 'ထန်လုံ'လည်ပတ်မှုစနစ်ကို စတင်ရရှိကတည်းက ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီများ လက်ရှိတီထွင်နေသော နည်းပညာများအပါအဝင် မူပိုင်ခွင့်အားလုံးကို ကြိုတင်မှတ်ပုံတင်ခိုင်းထားခဲ့ပြီး ဖြစ်သည်။

၎င်းကုမ္ပဏီကြီး သုံးခုလုံးသည် ဖုန်းအသစ်များ ထုတ်လုပ်ရာတွင် လုံထန်ပိုင်ဆိုင်သည့် မူပိုင်ခွင့်များကို ချိုးဖောက်မိနေကြပြီ ဖြစ်သည်။

"ဒါ့အပြင် အင်တာနက်ပေါ်မှာ ကောလာဟလဖြန့်နေတဲ့ ဝေဖန်သူတွေ အကုန်လုံးကိုလည်း ထောင်ထဲပို့ပစ်ရမယ်"

"ဟုတ်ကဲ့ပါ"

ရန်စန်းက ခေါင်းညိမ့် ထောက်ခံသည်။

ဆက်လက်၍ လင်းဖန်က ဖန်ထန်းရင်းနှီးမြှုပ်နှံမှုမှ အထွေထွေမန်နေဂျာ စုမေ့ကို ကြည့်လိုက်သည်။

"မင်းကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ပေးမယ် သုံးလအတွင်း Sequoia Capital ကို တိုက်ခိုက်ပြီး SoftBank ရဲ့ ရှယ်ယာဈေးနှုန်းကို နှိမ်ချပစ်စမ်း မေ့မရနိုင်တဲ့ နာကျင်မှုမျိုးကို သူတို့ သိစေရမယ်"

"ဟုတ်ကဲ့ပါ"

စုမေ့က အေးစက်လှပသော မျက်နှာဖြင့် ခေါင်းညိမ့်ပြသည်။

"ပြည်တွင်းမှာ ဒီမီးထဲ လောင်စာဖြည့်နေတဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိသေးတယ် ကျန်းဝမ်ကျန့်.ခင်ဗျားကို ၁၀ ရက် အချိန်ပေးမယ် အဲဒီကုမ္ပဏီတွေရဲ့ လုံခြုံရေးတံတိုင်းတွေကို ဖောက်ထွင်းပြီး သူတို့ရဲ့ စနစ်တွေကို လုံးဝ အလုပ်မလုပ်နိုင်အောင် လုပ်ပစ်စမ်း"

"ဟုတ်ကဲ့ပါ"

နည်းပညာအဖွဲ့ခေါင်းဆောင် ကျန်းဝမ်ကျန့်က ချက်ချင်း ထရပ်ကာ တုန့်ပြန်လိုက်သည်။

နောက်ပိုင်းလများတွင် ပြည်တွင်းရှိ နာမည်ကြီး Blogger အတော်များများသည် လုံထန်၏ တရားစွဲဆိုမှုကို ခံခဲ့ရသည်။ ၎င်းတို့အားလုံး အမှုရှုံးနိမ့်ခဲ့ပြီး နာမည်ဖျက်မှုဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ အသီးသီး ချမှတ်ခံခဲ့ရသည်။ သို့သော် လူထုကို ပို၍ အံ့အားသင့်စေသည်မှာ အခြားသတင်းတစ်ခု ဖြစ်သည်။

မြောက်အမေရိကရှိ လုံထန်ဘဏ်ခွဲက Apple ကို တရားစွဲသည်။ သြစတြေးလျရှိ လုံထန်ဘဏ်ခွဲက Sony ကို ဂျပန်တရားရုံးတွင် တရားစွဲသည်။ တောင်အာရှရှိ လုံထန်ဘဏ်ခွဲက Samsung ကို ကိုရီးယားတရားရုံးတွင် တရားစွဲသည်။ လုံထန်ရုံးချုပ်က တိုက်ရိုက်မလုပ်ဘဲ ၎င်း၏ ဘဏ်ခွဲများမှတစ်ဆင့် နိုင်ငံတကာအဆင့် အမှုကြီးများအဖြစ် ပြုလုပ်လိုက်ခြင်းကြောင့် ကမ္ဘာ့မီဒီယာများ၏ အာရုံစိုက်မှုကို ပိုမိုရရှိခဲ့သည်။

မူပိုင်ခွင့် ကျွမ်းကျင်သူများ၏ အဆိုအရ ၎င်းကုမ္ပဏီကြီး သုံးခုစလုံးသည် လုံထန်၏ မူပိုင်ခွင့်များကို အမှန်တကယ် ချိုးဖောက်ခဲ့ကြသဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ဒဏ်ငွေဆောင်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

တရုတ်ပြည်တွင်းရှိ လူတိုင်းမှာလည်း အံ့အားသင့်နေကြတော့သည်။ တန်ရွမ်စနစ်၏ ဟာကွက်များအကြောင်း ရေးသားခဲ့ကြသည့်ကုမ္ပဏီများမှာ တစ်ခုပြီးတစ်ခု ပိတ်သိမ်းသွားရခြင်း သို့မဟုတ် တရားရုံးက ပိတ်ပင်ခြင်းများကို ကြည့်ရင်း၊ ဤသည်မှာ လုံထန်၏ လက်စားချေမှုဖြစ်ကြောင်း လူအများ သဘောပေါက်သွားကြသည်။

ရုတ်တရက်ဆိုသလို လုံထန်လုပ်ငန်းစုအပေါ် လူထု၏ အမြင်မှာ လုံးဝ ပြောင်းလဲသွားသည်။ လုံထန်သည် အင်အားကြီးမားပြီး မိမိကို လာထိပါက ချက်ချင်း လက်စားချေတတ်သော၊ တစ်ညပင် အချိန်မဆွဲတတ်သော ပြိုင်ဘက်ကောင်း တစ်ဦးဖြစ်ကြောင်း လူတိုင်း သိသွားကြသည်။ Huawei နှင့် Xiaomi တို့ပင်လျှင် လုံထန်အပေါ် ၂၀၀ ရာခိုင်နှုန်း သတိထားလာကြတော့သည်။

တစ်ချိန်တည်းမှာပင် ဘဏ္ဍာရေးလောက၌လည်း မုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့သည်။ မည်သည့်နေရာမှန်းမသိသော ငွေကြေးရူးများက ဒေါ်လာဘီလီယံ ရာချီအသုံးချကာ Sequoia Capital ကို ဝိုင်းရံတိုက်ခိုက်ခဲ့သဖြင့် Sequoia မှာ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဒေါ်လာဘီလီယံ ဆယ်ချီ ဆုံးရှုံးခဲ့ရသည်။ ထို့နောက် ထိုအင်အားစုသည် ဂျပန်စတော့ဈေးကွက်သို့ ဝင်ရောက်ကာ SoftBank Capital ၏ ရှယ်ယာများကို ပြင်းပြင်းထန်ထန် နှိမ်ချခဲ့ပြန်သည်။

ဤအခွင့်အရေးကို အသုံးချကာ အခြားသော စီးပွားရေးသမားကြီးများကလည်း SoftBank ကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။

နောက်ထပ် နှစ်ဝက်ခန့်အကြာတွင် ဖန်ထန်းရင်းနှီးမြှုပ်နှံမှုအဖွဲ့က စတော့ဈေးကွက်ထဲသို့ ထပ်မံ ဝင်ရောက်လာသောအခါမှသာ Sequoia နှင့် SoftBank တို့ကို အစကတည်းက တိုက်ခိုက်ခဲ့သူမှာ လုံထန်လုပ်ငန်းစု၏ နောက်ကွယ်မှာ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုအဖွဲ့ပင်ဖြစ်ကြောင်း ကမ္ဘာက သိရှိသွားကြပေတော့သည်။

.............................................

All Chapters