လင်းဖန်ရဲ့ အိမ်ထိန်း
Vol. 9 Ch. 84
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့။ ‘နိဗ္ဗာန X’ (Nirvana X) ဖုန်းကို စတင်ဖြန့်ချိခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လုံထန်လုပ်ငန်းစု၏ ဖွံ့ဖြိုးတိုးတက်မှုမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ ရှေ့ဆက်၍ သုံးစွဲသူများ၏ ကောင်းသတင်း ပြန့်နှံ့မှုမှာလည်း အချိန်အတော်ကြာ အားကောင်းနေဦးမည် ဖြစ်သည်။ နီဗားနားအိတ်၏ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားချိန်မှသာ သူ၏ နောက်ထပ် အစီအစဉ်များကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ရက်က ဝမ်ချောင်မှဖုန်းဆက်လာပြီး ကျန့်ခန်းယွမ်ရှိ သီးသန့်ရုပ်ရှင်ရုံမှာ အားလုံး အဆင်သင့်ဖြစ်ပြီဟု ပြောသဖြင့် လင်းဖန် တစ်ယောက် လေယာဉ်ဖြင့် ပြန်ရောက်လာခဲ့သည်။
"ညီအစ်ကိုလင်း... ဘယ်လိုလဲ ဒါက အိမ်ခြံမြေ လုပ်ငန်းစုကြီး နှစ်ခုက မင်းအတွက် အားသွန်ခွန်စိုက် ဆောက်ပေးထားတဲ့ လက်ရာပဲ"
ယခုအခါ သီးသန့်ရုပ်ရှင်ရုံအဖြစ် အသွင်ပြောင်းထားသည့် ကျန့်ခန်းယွမ် လှုပ်ရှားမှုစင်တာ လေးထပ်ဆောင်ဘေးတွင် ရပ်နေရင်း ဝမ်ချောင်က လင်းဖန်ကို ပြုံးလျက် ပြောလိုက်သည်။
【ဒင်】
【ဂုဏ်ယူပါသည် စနစ်ရှင် အရံမစ်ရှင်ဖြစ်သည့် 'သီးသန့်ရုပ်ရှင်ရုံ တည်ဆောက်ခြင်း' ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် အမွေဆက်ခံနိုင်သည့် ပိုင်ဆိုင်မှုတစ်ခုကို ကျပန်း ရွေးချယ်ပေးပါမည်...】
【ဒင် ဂုဏ်ယူပါသည် စနစ်ရှင် လေတန်၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပြီး ပရိုဂရမ်ရေးဆွဲခြင်း အတတ်ပညာတွင် ကျွမ်းကျင်သူအဆင့် ရရှိသွားပါပြီ】
ရှေ့ရှိ သီးသန့်ရုပ်ရှင်ရုံကို လင်းဖန် ကြည့်ရှုနေစဉ်မှာပင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။ မုချပင် ဤဆုလာဘ်မှာ ယခင်တစ်ခေါက်ကအတိုင်းပင် ဖြစ်သည်။ အရံမစ်ရှင်များအတွက် ဆုလာဘ်မှာ ပင်မမစ်ရှင်များကဲ့သို့ ရွေးချယ်စရာမရှိဘဲ သတ်မှတ်ထားသော အမွေအနှစ်တစ်ခုကိုသာ တိုက်ရိုက် ရရှိခြင်း ဖြစ်သည်။
ပရိုဂရမ်ရေးဆွဲခြင်း အတတ်ပညာနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိသွားပြီးနောက် လင်းဖန် ခေါင်းယမ်းကာ စိတ်ကို ပြန်စုစည်းလိုက်ပြီး ဝမ်ချောင်ကို ပြောလိုက်သည်။
- "မဆိုးဘူး၊ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ် အစီအစဉ်ကို အပြည့်အဝ စတင်လိုက်လို့ ရပြီ"
"ဟားဟားဟား ကောင်းတာပေါ့၊ တော်သေးတာပေါ့ဗျာ"
ဝမ်ချောင်နှင့် ချင်းလင်တို့ ထိုစကားကို ကြားလျင်ပြိုင်တူ ပြုံးလိုက်ကြသည်။ ဝမ်ထုနှင့် မိုတုတည်ဆောက်ရေးလုပ်ငန်းစုကြီး နှစ်ခု၏ အင်အားကို အသုံးချကာ ရက်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် အကျိုးနပ်သွားပြီ ဖြစ်သည်။
၎င်းမှာ အပြည့်စုံဆုံးသော သီးသန့်ရုပ်ရှင်ရုံတစ်ခုပင် ဖြစ်တော့သည်။
လင်းဖန် စိတ်ကျေနပ်သွားမှသာ သူတို့၏ နောက်ထပ် စီမံကိန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကျက်နိုင်မည် မဟုတ်ပါလား။
"ကြည့်ရတာ အခု မွန်းတည့်တော့မယ်ပဲ ငါတို့တွေ အတူတူ ထမင်းစားကြမလား"
ဟု လင်းဖန်က ပြုံး၍ မေးလိုက်သည်။
ဤသို့ ပူးပေါင်းဆောင်ရွက်ပြီးနောက် အားလုံးမှာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့အားလုံးမှာ လင်းဖန်အတွက် ငွေရှာပေးနေကြသူများ ဖြစ်ရာ၊ နှစ်ဖက် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ထမင်းဖိတ်ကျွေးရန် သူ တွန့်ဆုတ်မနေပေ။
"ဟေး... ကောင်းတာပေါ့ ဘယ်မှာ သွားစားကြမလဲ"
ဟု ချင်းလင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ဝမ်ချောင်ကလည်း ခေါင်းညိမ့်ကာ
"ရပါတယ် ငါကတော့ ဘယ်မှာစားစား အဆင်ပြေတယ်"
ဟု ဆိုသည်။
ဝမ်ချောင်ပြောသည်မှာ အမှန်ဖြစ်ကြောင်း လင်းဖန် သိသည်။ အဘယ်ကြောင့်ဆိုသော် ဤ 'အမျိုးသားခင်ပွန်းလောင်း' ဟု တင်စားခံရသူမှာ မစ်ရှီလင်း ကြယ်သုံးပွင့်စားသောက်ဆိုင်မှသည် လမ်းဘေးဆိုင်အထိ အကုန်စားနိုင်သည့် အစားကောင်းကြိုက်သူ ဖြစ်သောကြောင့်ပင်။
"ငါ့အိမ်မှာပဲ စားကြတာပေါ့ အပြင်ကို ကားမောင်းထွက်ရမှာ ပျင်းလို့"
"ဟမ်"
ချင်းလင် တစ်ယောက် မှင်တက်သွားပြီး မယုံနိုင်သလို ကြည့်ကာ
- "မင်းက တို့ကို မင်းအိမ်မှာပဲ ကျွေးမလို့လား အဆင့်အတန်းက နည်းနည်း နိမ့်မနေဘူးလားကွာ ငါတို့တွေက ဒီလောက် ချမ်းသာနေတာပဲ၊ အဲဒီလောက်အထိတော့ ခြွေတာမနေပါနဲ့"
ဝမ်ချောင်ကမူ ဘာမှ ထူးထူးခြားခြား မတုံ့ပြန်ပေ။ ကျန့်ခန်းယွမ် တစ်ခုလုံးမှာ လင်းဖန် ပိုင်ဆိုင်ကြောင်းနှင့် လင်းဖန်အတွက် သီးသန့် ဝန်ဆောင်မှုပေးမည့် အဖွဲ့အစည်းတစ်ခုလုံး ဤနေရာ၌ ရှိနေကြောင်း သူ သိထားသည်။
စားဖိုမှူးအဖွဲ့မှာလည်း သေးငယ်လိမ့်မည်မဟုတ်ရာ၊ အဆင့်မြင့် စားသောက်ဆိုင်များထက်ပင် ကျန့်ခန်းယွမ်မှ စားဖိုမှူးများ၏ လက်ရာက ပိုကောင်းနိုင်သည်ဟု သူ တွေးထားသည်။
"ဟားဟားဟား"
ချင်လင်း၏ စကားကို ကြားပြီး လင်းဖန် ရယ်မောလိုက်ကာ ဘေးနားရှိ မိုရှင်းယာကို ညွှန်ကြားလိုက်သည်။
"အိမ်ထိန်းကို လာခဲ့ဖို့ ပြောလိုက်ပါ"
"ဟုတ်ကဲ့ပါ"
မိုရှင်းယာက ချက်ချင်းပင် ဖုန်းထုတ်ကာ ဆက်သွယ်လိုက်သည်။
ခဏအကြာတွင်...
"ဒေါက်... ဒေါက်... ဒေါက်"
လေးလံပြီး စည်းချက်ကျသည့်ခြေသံများ လူတိုင်း၏ နားထဲသို့ ရောက်လာသည်။ ထို့နောက် သပ်ရပ်လှပသော အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးသည် ရိုသေစွာ လျှောက်လာသည်။
"မင်္ဂလာပါ သူဌေး ကျွန်တော့်ကို ဘာများ လုပ်ဆောင်ပေးစေချင်ပါသလဲ"
ထိုအမျိုးသားကြီးသည် လင်းဖန်ကို အနည်းငယ် ဦးညွှတ်၍ အလေးပြုလိုက်သည်။ သူ၏ လေသံမှာ ဖော်ပြမတတ်အောင် ရိုသေမှု အပြည့်ရှိနေသည်။
ဘေးနားရှိ ဝမ်ချောင်နှင့် ချင်းလင်တို့မှာ ဤမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားကြသည်။ ရှေ့တွင်ရှိနေသော အဖိုးအိုမှာ နိုင်ငံခြားသား ဖြစ်ဟန်ရှိသော်လည်း သူ ပြောလိုက်သော တရုတ်စကားမှာ သူတို့ထက်ပင် ပို၍ စံချိန်စံညွှန်းမီနေသည်။
"ဟား... ညီအစ်ကိုလင်း၊ ဒါက ဘယ်လိုကြီးလဲဗျ"
ချင်းလင်က သပ်ရပ်စွာ ဝတ်ဆင်ထားသော အဖိုးအိုကို ကြည့်ကာ မအောင့်နိုင်ဘဲ မေးလိုက်မိသည်။
"အန်းဂတ်စ် . ခင်ဗျားကိုယ်ခင်ဗျား သူတို့ကို မိတ်ဆက်ပေးလိုက်ပါဦး"
ဟု လင်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သူဌေး"
အဖိုးအိုက ခေါင်းညိမ့်ပြပြီးနောက် ဝမ်ချောင်နှင့် ချင်းလင်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။
- "မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ ကျွန်တော်ကတော့ ကျန့်ခန်းယွမ်ရဲ့ အိမ်ထိန်း အန်းဂတ်စ် ပါ ကျွန်တော့်ရဲ့ တရုတ်နာမည် 'လင်းထောင်' လို့လည်း ခေါ်နိုင်ပါတယ်"
"ခင်ဗျားက... အင်္ဂလိပ် အိမ်ထိန်းလား"
နိုင်ငံခြားတွင် ကြီးပြင်းခဲ့သည့် ဝမ်ချောင်က သံသယဖြင့် မေးလိုက်သည်။ သူက စင်ကာပူနှင့် အင်္ဂလိပ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သူ ဖြစ်သဖြင့် အင်္ဂလိပ်အိမ်ထိန်းများ၏ တင်းကျပ်လှသော ကျင့်ဝတ်များနှင့် စည်းကမ်းများကို ကောင်းစွာ သိထားသည်။ အင်္ဂလိပ်အိမ်ထိန်း လုပ်ငန်းမှာ အလယ်ခေတ်ကတည်းက စတင်ခဲ့သော ဂုဏ်သရေရှိ အတတ်ပညာ တစ်ခုပင် ဖြစ်သည်။
"မှန်ပါတယ် လူကြီးမင်း ကျွန်တော်က ဗြိတိသျှ အိမ်ထိန်းအသင်းရဲ့ မှတ်ပုံတင်ထားတဲ့ အဆင့်မြင့် အဖွဲ့ဝင်တစ်ဦးဖြစ်သလို နည်းပြတစ်ဦးလည်း ဖြစ်ပါတယ် လုပ်သက် အနှစ် ၃၀ ရှိပြီး အရှေ့တိုင်းယဉ်ကျေးမှုကိုလည်း ကျွမ်းကျင်စွာ နားလည်ထားပါတယ် အာရှတိုက်မှာ အသုံးအများဆုံး ဘာသာစကား ၈ မျိုးကိုလည်း တတ်ကျွမ်းပါတယ်"
ဟု အန်းဂတ်စ်က ချက်ချင်းပင် ပြန်ဖြေသည်။
ထိုအခါမှ ချင်းလင်လည်း စိတ်ဝင်တစား ပြန်ကြည့်လာသည်။ 'အိမ်ထိန်း' ဆိုသည်မှာ သူဌေးကြီးများအတွက် မရှိမဖြစ် ကိရိယာတစ်ခု ဖြစ်သော်လည်း တရုတ်ပြည်မကြီးတွင်မူ ရှားပါးလှသည်။ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးမှာ အင်္ဂလိပ်အိမ်ထိန်းများ ဖြစ်ကြပြီး ၎င်းတို့အားလုံးမှာ နာမည်ကျော် အိမ်ထိန်းသင်တန်းကျောင်းများမှ ဘွဲ့ရထားသူများ ဖြစ်ကြသည်။
"ဟဟ ဆက်မကြည့်နဲ့တော့ အန်းဂတ်စ်က ကျန့်ခန်းယွမ် တစ်ခုလုံးရဲ့ စီမံခန့်ခွဲရေး တာဝန်ခံပဲ ဒီက အဖွဲ့အစည်း အတော်များများကို သူပဲ ကိုင်တွယ်တာ"
ဟု လင်းဖန်က ပြုံး၍ ဆိုသည်။
အမှန်စင်စစ် ဤအင်္ဂလိပ်အိမ်ထိန်းမှာလည်း အစကတည်းက စနစ်မှ စီစဉ်ပေးထားခြင်း ဖြစ်သည်။ မိုရှင်းယာနှင့် မတူသည်မှာ သူက အိမ်တွင်းရေး စီမံခန့်ခွဲမှုဖြစ်သော စားဖိုမှူးအဖွဲ့၊ ကိုယ်ရံတော်အဖွဲ့၊ သန့်ရှင်းရေးအဖွဲ့ စသည်တို့ကို ပိုမိုအာရုံစိုက်ကိုင်တွယ်ရခြင်း ဖြစ်သည်။
ကျန့်ခန်းယွမ် ဗီလာဇုန်တွင် ဗီလာအလုံးပေါင်း ၁၂၀ ရှိပြီး ၎င်း၏ ဧရိယာမှာ ဥရောပရှိ ရှေးဟောင်း နန်းတော်များထက်ပင် မသေးလှပေ။ ထို့ကြောင့် အိမ်ထိန်းတစ်ဦး မရှိပါက နေ့စဉ် လုပ်ငန်းဆောင်တာများကို စနစ်တကျ လည်ပတ်ရန် ခက်ခဲပေလိမ့်မည်။
..................................................