← Chapters

တကယ့် သူဌေးဆိုတာ ဒီလိုမျိုး

Vol. 9 Ch. 85

တကယ့် သူဌေးဆိုတာ ဒီလိုမျိုး

Vol. 9 Ch. 85

"ညီအစ်ကိုလင်း... မင်းကတော့ ချမ်းသာတဲ့သူတွေအပေါ် ငါ့ရဲ့အမြင်ကို တစ်ခါပြန်ပြီး အသစ်ပြင်ပေးလိုက်ပြန်ပြီ"

ချင်းလင်က လင်းဖန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ဝမ်ချောင်လည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာ ထိပ်တန်းသူဌေးကြီးများ၏ ဒုတိယမျိုးဆက်များဖြစ်ကြသော်လည်း လင်းဖန်မှာမူ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် ကမ္ဘာ့အဆင့်မီ ပထမမျိုးဆက် ဖြစ်လာသူဖြစ်သည်။ ဤအချက်က သူတို့ကို အနည်းငယ် အနေရခက်စေသည်။

သူတို့၏ အမူအရာကိုကြည့်ပြီး လင်းဖန် ရယ်ချင်သွားသည်။

-"ကဲပါ... နေ့လယ်စာအကြောင်းပဲ ပြောကြရအောင် မင်းတို့ အခုမှ မမှာရင် ခဏနေရင် တကယ် ဗိုက်ဆာတော့မှာ"

ယခုလေးတင် သူ နာရီကြည့်လိုက်ရာ ၁၂ နာရီ ၁၅ မိနစ် ရှိနေပြီဖြစ်သည်။ ဆက်ပြီး စကားစမြည် ပြောနေကြလျှင် ၁ နာရီ ထိုးသွားပေလိမ့်မည်။ စားဖိုမှူးက မည်မျှပင် လက်မြန်ပါစေ၊ ပြင်ဆင်ရန် အချိန်ယူရဦးမည် မဟုတ်ပါလား။

"အမ်... မှာမယ် ဘယ်မှာ မှာရမှာလဲ"

ဟု ချင်းလင်က မေးစေ့ကိုပွတ်ရင်း ဘေးဘီကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။

"ဖြန်း"

လင်းဖန် တစ်ယောက် သူ့နဖူးသူ လက်ဝါးဖြင့် ရိုက်မိသွားသည်၊ တကယ့် လူပြက်လေးတဦးပင်။

"ထားလိုက်တော့... မင်းတို့က ဘာဟင်းစားရမလဲတောင် သိမှာမဟုတ်ဘူး အန်းဂတ်စ်... ငါတို့ရဲ့ စားဖိုမှူးအဖွဲ့အကြောင်း သူတို့ကို ရှင်းပြပေးလိုက်ပါ"

"ဟုတ်ကဲ့"

အန်းဂတ်စ်က ပြုံးလျက် ဝမ်ချုန်းနှင့် ချင်လင်းကို ပြောပြသည်။

- "လူကြီးမင်းတို့ခင်ဗျာ... ကျန့်ခန်းယွမ်ရဲ့ စားဖိုမှူးအဖွဲ့မှာ စုစုပေါင်း စားဖိုမှူးနဲ့ မုန့်လုပ်ပညာရှင် ၃၀၀ ရှိပါတယ်"

"ဘာ စားဖိုမှူးက ဘယ်လောက်တောင်လဲ"

ချင်းလင်တစ်ယောက် နားကြားမှားသည်မှတ်၍ မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။

"ဟင်းချက်စားဖိုမှူး ၂၂၄ ယောက်နဲ့ မုန့်လုပ်ပညာရှင် ၇၆ ယောက်ရှိပါတယ်"

ဟု အန်းဂတ်စ်က အသေးစိတ် ရှင်းပြသည်။

ထိုအခါမှ ဝမ်ချောင်နှင့် ချင်းလင်တို့ လုံးဝမှင်တက်သွားတော့သည်။ စားဖိုမှူးအဖွဲ့တင် လူ ၃၀၀ ရှိနေခြင်းဖြစ်သည်။ လင်းဖန်သည် အဘယ်ကြောင့် ဤမျှကြီးမားသော ဗီလာဇုန်ကြီးတစ်ခုလုံးကို တစ်ယောက်တည်း နေထိုင်ရန် စီစဉ်ခဲ့သည်ကို သူတို့ အခုမှ သဘောပေါက်သွားတော့သည်။ ဤနေရာသည် လူနေရန်ထက် ဤအဖွဲ့အစည်းကြီးအတွက် ပို၍ လိုအပ်နေခြင်းပင်။

"စားဖိုမှူး ၂၂၄ ယောက်ထဲမှာ တရုတ်ပြည်ရဲ့ နာမည်ကြီး အချက်အပြုတ်စနစ် ၈ မျိုး (စီချွမ်၊ ရှန်းတုန်း၊ ကွမ်တုန်း၊ ဖူကျန့် စသည်ဖြင့်) အပြင် ဒေသန္တရဟင်းလျာတွေ၊ ပေကျင်းဟင်းလျာ၊ ဟာလာလ်ဟင်းလျာ စသဖြင့် အကုန်ပါဝင်ပါတယ်"

အန်းဂတ်စ်က ဆက်၍ရှင်းပြသည်။

- "ဒါ့အပြင် ဂျပန်၊ ကိုရီးယား၊ ထိုင်း စတဲ့ အရှေ့အာရှဟင်းလျာတွေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ စတဲ့ ဥရောပဟင်းလျာတွေ၊ မက္ကဆီကို၊ ကွန်ဂို၊ ဘရာဇီး စတဲ့ အမေရိကန်နဲ့ အာဖရိကဟင်းလျာတွေ၊ အလယ်ပိုင်းနဲ့ အနောက်အာရှ ဟင်းလျာတွေလည်း အကုန်ရှိပါတယ်"

"မုန့်လုပ်ပညာရှင် ၇၆ ယောက်ကလည်း တရုတ်၊ အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနဲ့ အင်္ဂလန် စတဲ့ ကမ္ဘာကျော်နိုင်ငံတွေက လာကြတာပါ"

"ဂလု"

ထိုစကားကို ကြားသည့်အခါမှာတော့ ချင်လင်း တစ်ယောက် တံတွေးပင် မျိုချမိသွားသည်။ ကျန့်ခန်းယွမ်သည် တရုတ်ဟင်းလျာတင်မက ကမ္ဘာတစ်ဝန်းလုံးရှိ ဟင်းလျာများကိုပါ လွှမ်းခြုံထားခြင်း ဖြစ်သည်။

ဝမ်ချောင်သည်လည်း အံ့သြနေမိသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလ်ဂိတ်ပင်လျှင် အိမ်၌ ယခုကဲ့သို့ ကမ္ဘာအရပ်ရပ်မှ ကျွမ်းကျင်သူ ၃၀၀ ကို အမြဲတမ်း ခန့်ထားလိမ့်မည် မဟုတ်ပေ။ များသောအားဖြင့် ထိပ်တန်းစားသောက်ဆိုင်များသို့သာ သွားစားလေ့ရှိကြသည်။

ချင်းလင်သည် ယခုမှပင် လင်းဖန် အဘယ်ကြောင့် အပြင်ထွက်မစားသည်ကို နားလည်သွားတော့သည်။ အိမ်မှာတင် ကမ္ဘာအရပ်ရပ်မှ အကောင်းဆုံး လက်ရာများကို စားနိုင်နေမှတော့ အပြင်သွားစားခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။

"လူကြီးမင်းတို့ ဘာစားချင်လဲဆိုတာ တိုက်ရိုက်ပြောနိုင်ပါတယ် ကျွန်တော်တို့ရဲ့ စားဖိုမှူးတွေက ကြယ်ငါးပွင့်ဟိုတယ်တွေမှာ အမှုဆောင်စားဖိုမှူးလုပ်နိုင်တဲ့ အရည်အချင်းရှိကြပါတယ် ပါဝင်ပစ္စည်းတွေအတွက်လည်း စိတ်မပူပါနဲ့"

အန်းဂတ်စ်က မေးမြန်းသည်။

- "ဖြူဖွေးတဲ့ မှိုဥ၊ Caspian ပင်လယ်က ငါးဥ၊ ပြင်သစ် ငန်းအသည်း၊ Blue Lobster၊ စပိန် ကုံကုမံ၊ ပါးမား ဝက်ပေါင်ခြောက်၊ Bluefin Tuna၊ Bresse ကြက်သား၊ ကိုဘေး (Kobe) အဆင့် 5A အမဲသား၊ စီချွမ်ကုန်းမြင့် တိဗက်ဝက် စတာတွေ အဆင်သင့်ရှိပါတယ်"

"ဟာ...ရှစ်ကွာ.. ညီအစ်ကိုလင်း... ဒါတွေအကုန်လုံး မင်း ဘယ်က ရတာလဲ"

ဝမ်ချောင်တစ်ယောက် မဆဲဘဲ မနေနိုင်တော့ပေ။ အားလုံးမှာ ကမ္ဘာ့အကောင်းဆုံး ပါဝင်ပစ္စည်းများဖြစ်ပြီး အချို့ကို သူ တစ်ခါမှပင် မကြားဖူးပေ။ အစားကောင်းကြိုက်သူ တစ်ဦးအနေဖြင့် ငွေရှိသော်လည်း ဝယ်၍မရနိုင်သော ပစ္စည်းအချို့ ကျန့်ခန်းယွမ်မှာ ရှိနေခြင်းက မယုံနိုင်စရာပင်။

"ဟဲဟဲ ငါလည်း အဲဒါတွေ သိပ်မသိပါဘူး၊ ငါက စားဖို့ပဲ သိတာ"

လင်းဖန်က ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။ အမှန်စင်စစ် ဤအရာအားလုံးကို စနစ်ကပင် စီစဉ်ပေးထားခြင်း ဖြစ်သဖြင့် သူကိုယ်တိုင်လည်း အသေးစိတ် မသိပေ။

ဘေးနားမှ အန်းဂတ်စ်က ဝင်ပြောသည်။

- "ကျွန်တော်တို့ရဲ့ ဝယ်ယူရေးအဖွဲ့က ကမ္ဘာတစ်ဝန်းက အကောင်းဆုံး ပါဝင်ပစ္စည်းတွေကို အထူးမှာယူပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့ တိုက်ရိုက် ပို့ဆောင်ပေးတာကြောင့် လတ်ဆတ်မှုအတွက် စိုးရိမ်စရာ မလိုပါဘူး"

ဝမ်ချောင်နှင့် ချင်းလင်တို့ မှင်တက်သွားကြသည်။ သူတို့ ရုတ်တရက် စကားတစ်ခွန်းကို သတိရသွားသည်။

- "ငါ လေယာဉ်ငှားစီးတာက ပိုက်ဆံမရှိလို့ မဟုတ်ဘူး၊ ပိုက်ဆံရှိလွန်းလို့ လေယာဉ်တစ်စင်းလုံးကို စင်းလုံးငှားလိုက်တာ"

ပစ္စည်းဝယ်ရန် လေယာဉ်ကို စင်းလုံးငှားခိုင်းခြင်းမှာ သာမန်သူဌေးများပင် မလုပ်နိုင်သော ကိစ္စဖြစ်သည်။ တကယ့်ကို လူသားမဆန်အောင် ချမ်းသာလွန်းခြင်းပင်။

"တကယ်တော့ အချို့ပစ္စည်းတွေကို ဝယ်စရာတောင် မလိုပါဘူး"

ထိုစဉ် လင်းဖန်၏ နောက်ကွယ်တွင် ရှိနေသော မိုရှင်းယာက ဝင်ပြောသည်။

"ဟင်းသီးဟင်းရွက်တွေကတော့ ကျွန်တော်တို့ကိုယ်တိုင် စိုက်ပျိုးတဲ့ ဓာတုကင်းစင်တဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ် အမဲသားနဲ့ ဝက်သား အတော်များများကိုလည်း ကိုယ်တိုင် မွေးမြူထားတာပါ"

"ကျွန်တော်တို့မှာ တရုတ်နိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်းတွေမှာ စိုက်ပျိုးရေးခြံတွေ ရှိသလို၊ အနောက်ဘက်မှာလည်း မွေးမြူရေးခြံတွေ ရှိပါတယ် သြစတြေးလျမှာတောင် နို့စားနွားနဲ့ အမဲသားအတွက် စားကျက်မြေ ဝယ်ထားပါတယ်"

လင်းဖန် တစ်ယောက် သက်ပြင်းချလိုက်မိသည်။ ဤဟင်းသီးဟင်းရွက်များက အပြင်က ဟင်းများထက် ဘာကြောင့် ပိုအရသာရှိနေသည်ကို ယခုမှ သဘောပေါက်သွားတော့သည်။ အကုန်လုံးက ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်မွေးထားခြင်း ဖြစ်သည်။

ဝမ်ချောင်နှင့် ချင်းလင်တို့မှာမူ စိတ်ထဲတွင် ဒေါသပင် ထွက်ချင်လာမိသည်။ အစားတစ်နပ် စားဖို့အတွက် စိုက်ပျိုးရေးခြံတွေ၊ စားကျက်မြေတွေအထိ ဝယ်ထားခြင်းမှာ အလွန်အမင်း ဖြုန်းတီးရာ ရောက်နေသည်။

ဝမ်ချောင်နှင့် ချင်းလင်တို့ ဘာစားရမှန်း မဝေခွဲနိုင်ဖြစ်နေသဖြင့် လင်းဖန်ကပင် စီချွမ်ဟင်းလျာများ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။ စီချွမ်ဟင်းလျာများသည် ယခုခေတ်တွင် ကမ္ဘာတစ်ဝန်း၌ နာမည်ကြီးနေသည် မဟုတ်ပါလား။

ထမင်းစားပွဲတွင် အားလုံးမှာ အားရပါးရ စားသောက်ကြသည်။ သာမန် အိမ်ချက်ဟင်းလျာများဖြစ်သော 'စီချွမ် ငါးပေါင်းဟင်း' နှင့် 'ဝက်သွေးဟင်း' တို့မှာပင် ထူးကဲသော အရသာရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ငါးမှာ စီချွမ်တောင်ပေါ်ရှိ စမ်းချောင်းထဲတွင် မွေးမြူထားသော ငါးဖြစ်ပြီး၊ ဝက်သွေးမှာလည်း ကွမ်တုန်းမှ နာမည်ကြီး ငန်းသွေးဖြစ်ကာ ကျန့်ခန်းယွမ်၏ စားဖိုမှူးများက ကိုယ်တိုင် ပြင်ဆင်ထားခြင်း ဖြစ်သောကြောင့်ပင်။

ဤသည်ကိုပင် 'အဆင့်မြင့် ဘဝနေထိုင်မှု' ဟု ခေါ်ဆိုရပေတော့မည်။

...........................................

All Chapters