← Chapters

လက်ဖက်ရည် သောက်ကြပါဦး

Vol. 9 Ch. 86

လက်ဖက်ရည် သောက်ကြပါဦး

Vol. 9 Ch. 86

"ဒါနဲ့... ဒီဗီလာက အပြင်ကကြည့်ရင် သိပ်မကြီးသလိုပဲ၊ ဒါပေမဲ့ အထဲမှာတော့ တကယ့်ကို ထူးခြားတာပဲ ညီအစ်ကိုလင်း... မင်းအိမ်က ဘယ်နှစ်ထပ်ရှိတာလဲ"

အားရပါးရ စားသောက်ပြီးနောက် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း ဝမ်ချောင်က မေးလိုက်သည်။ သူတို့ ကျန့်ခန်းယွမ်အမှတ် (၁) ဗီလာကို ရောက်ဖူးသည်မှာ တစ်ခါမကတော့ပေ။

သို့သော် အကြိမ်တိုင်းတွင် အရေးကြီးကိစ္စများကိုသာ ဆွေးနွေးပြီး ပြန်သွားလေ့ရှိသဖြင့် အိမ်ကို အသေအချာ မလေ့လာဖြစ်ခဲ့ပေ။ ယနေ့ သေချာကြည့်လိုက်မှ ဤဗီလာမှာ တစ်ထပ်တည်းဖြစ်သော်လည်း ဧည့်ခန်းနှင့် ထမင်းစားခန်းမှာတင် စတုရန်းမီတာ ရာချီကျယ်ဝန်းနေသည်။ ထမင်းစားပွဲကြီးမှာလည်း ဟန်မင်းဆက် နန်းတွင်းစားပွဲတော်ကြီးအတိုင်း အစီအရီ ပြင်ဆင်ထားသည်မှာ အလွန်ခမ်းနားလှသည်။

"ငါ့အိမ်က သုံးထပ်ရှိတယ် အပေါ်ဆုံးထပ်ကတော့ လုံခြုံရေးခန်းဖြစ်ပြီး ဒုတိယထပ်ကတော့ စာကြည့်ဆောင်ပါ မင်းတို့ ကြည့်ချင်လား"

ဟု လင်းဖန်က ပြုံး၍ မေးလိုက်သည်။

"အမ်... စာကြည့်ဆောင် ဟုတ်လား..."

ချင်းလင်က လင်းဖန်ကို အားမလိုအားမရ ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

- "ဟူး လူချင်းအတူတူ ကွာခြားချက်က ကြီးမားလိုက်တာ ငါတို့အိမ်မှာတော့ သာမန်စာအုပ်စင်ပဲ ရှိတာ၊ မင်းတို့လို ထိပ်တန်းသူဌေးတွေကျတော့ စာကြည့်တိုက်တစ်ခုလုံးကို အိမ်ထဲရွှေ့ထားသလို စာကြည့်ဆောင်ကြီးတွေနဲ့ကိုး"

"ဟုတ်ပါ့ကွာ တကယ့်ကို ဇိမ်ကျလွန်းပါတယ်"

ဝမ်ချောင်ကလည်း ချက်ချင်း ထောက်ခံသည်။

လင်းဖန် - "......"

"ဟဟ သူဌေးကြီး... မင်းရဲ့ စာကြည့်ဆောင်ကို တို့တွေ ကြည့်ခွင့်ရှိမလား" ရုတ်တရက် ချင်းလင်ရဲ့ မျက်နှာတွင် ဖားလျားသည့် အမူအရာ ပေါ်လာပြီး လင်းဖန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

စာကြည့်တိုက်ဆိုသည်မှာ သာမန်စာအုပ်များစွာ ရှိသောနေရာဖြစ်သော်လည်း 'စာကြည့်ဆောင်' ဟူသည့် အသုံးအနှုန်းမှာ ရှေးဟောင်းကျမ်းစာများနှင့် အဖိုးတန်စာပေများ သိမ်းဆည်းရာနေရာကို ဆိုလိုခြင်းဖြစ်သည်။ လင်းဖန်ကဲ့သို့သော အရှိန်အဝါရှိသူ၏ စာကြည့်ဆောင်တွင် သာမန်စာအုပ်များသာ ရှိလိမ့်မည်မဟုတ်ကြောင်း ဝမ်ချောင်နှင့် ချင်းလင်တို့ ကောင်းကောင်းရိပ်မိကြသည်။

"ဟဲဟဲ... ကြည့်ချင်ရင်လည်း သွားကြတာပေါ့"

လင်းဖန်က ပြုံးလျက် ထရပ်ကာ သူတို့ကို ဓာတ်လှေကားဆီသို့ ခေါ်ဆောင်သွားသည်။ ဓာတ်လှေကားသည် လင်းဖန် ရောက်လာသည်နှင့် အာရုံခံမိကာ အလိုအလျောက် ပွင့်သွားသည်။

ချင်းလင်မှာ သိပ်သတိမထားမိဘဲ အထဲသို့ အမြန်ဝင်သွားသော်လည်း ဝမ်ချောင်မှာမူ ဓာတ်လှေကားကို စက္ကန့်အနည်းငယ်မျှ ကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် လင်းဖန်သည် ခလုတ်ကိုလည်း မနှိပ်သလို လက်ဗွေရာဖြင့်လည်း ဖွင့်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံးဖြစ်သော AI အာရုံခံစနစ်သုံး ဓာတ်လှေကားဖြစ်ပြီး ပိုင်ရှင်၏ အရှိန်အဝါကို ၀.၀၅ စက္ကန့်အတွင်း သိရှိကာ အလိုအလျောက် ပွင့်ပေးခြင်း ဖြစ်သည်။

"တင်တောင်"

ဓာတ်လှေကားတံခါး ပွင့်သွားသောအခါ ရှေ့တွင် ပေါ်လာသည်မှာ ရှေးဟောင်း တရုတ်ရိုးရာ ပုံစံဖြင့် တည်ဆောက်ထားသော ကျယ်ဝန်းလှသည့် စာကြည့်ဆောင်ကြီးပင် ဖြစ်သည်။ စာအုပ်စင်တန်းကြီးများမှာ အစီအရီ ရှိနေသည်။

တံခါးဝတွင် ရပ်နေရုံမျှဖြင့် နှစ်ပေါင်းငါးထောင် တရုတ်ယဉ်ကျေးမှု၏ အငွေ့အသက်များကို ခံစားရစေသည်။ လင်းဖန်က ဝမ်ချောင်နှင့် ချင်းလင်တို့ကို စာကြည့်ဆောင်အတွင်း လွတ်လပ်စွာ လေ့လာခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာမူ ဘေးနားရှိ ကုလားထိုင်တွင် ထိုင်၍ အနားယူနေလိုက်သည်။

"ဟား ဒါတွေက ချွန်းချိုးခေတ်က ကျမ်းစာတွေနဲ့ ဆွန်ဇူးရဲ့ စစ်သေနင်္ဂဗျူဟာ ကျမ်းတွေပဲ..."

အံ့သြတုန်လှုပ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ချင်းလင်နှင့် ဝမ်ချောင်တို့မှာ ဧရာမ စာကြည့်ဆောင်ကြီးကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စာအုပ်စင်များပေါ်တွင် စာအုပ်များစွာသာမက ရှေးဟောင်း ပန်းချီကားများလည်း ရှိနေသည်။ အများစုမှာ သူတို့ ကြားဖူးသော်လည်း မမြင်ဖူးသည့် အဖိုးတန်ပစ္စည်းများ ဖြစ်ကြသည်။ ဤစာကြည့်ဆောင် တစ်လွှာတည်း၏ တန်ဖိုးပင် မည်မျှရှိမည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။

အတွင်းရှိ စာအုပ်စင်များ၊ စားပွဲနှင့် ကုလားထိုင်များမှာ အဖိုးတန် 'နန်းမု' သစ်သားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ နံရံများတွင်လည်း တရုတ်ရှေးဟောင်း ပန်းချီကျော်များဖြစ်သော ဂုကိုင်ကျီ၊ ဝူတောက်ကျီ နှင့် ထန်ရင်တို့၏ လက်ရာများအပြင် နိုင်ငံခြား ဆီဆေးပန်းချီကားများစွာကိုလည်း ချိတ်ဆွဲထားသည်။

ဝမ်ချောင်က လင်းဖန်၏ ဧည့်ခန်းတွင် ချိတ်ဆွဲထားသော ပန်းချီကားမှာ မည်သည့်နေရာမှ ရောက်လာသည်ကို ယခုမှ သိသွားတော့သည်။ ဤနေရာတွင် ပန်းချီကားပေါင်း ထောင်နှင့်ချီ၍ ရှိနေခြင်း ဖြစ်သည်။ စာအုပ်စင်များပေါ်တွင်လည်း စာလိပ်စက္ကူ ပုံစံဖြင့် စုပုံထားသည့် ပန်းချီနှင့် ကဗျာလက်ရာများစွာ ရှိနေသည်။

လင်းဖန်၏ ဂုဏ်သိက္ခာအရ ဤနေရာတွင် အတုအယောင်များ ရှိနေစရာ အကြောင်းမရှိပေ။ အကုန်လုံးမှာ စစ်မှန်သော အဖိုးတန် လက်ရာများသာ ဖြစ်ရပေမည်။ အကယ်၍ သမိုင်းပညာရှင်များသာ ဤနေရာကို တွေ့ရှိပါက ဝမ်းသာအားရ ဖြစ်ကြပေလိမ့်မည်။

သူတို့နှစ်ဦးသည် စာကြည့်ဆောင်အတွင်း တစ်ဝကြီး လေ့လာပြီးနောက် ပြန်ထွက်လာကြသောအခါ မျက်လုံးများမှာ ပြူးကျယ်နေဆဲပင်။

"အမေရေ... ငါတော့ လက်လျှော့ပါပြီ တကယ် လက်လျှော့ပါပြီ"

ချင်းလင်က အသက်ပြင်းပြင်းရှုကာ ဆိုလိုက်သည်။ စိတ်ကို ပြန်ထိန်းထားသော်လည်း သူ မြင်ခဲ့ရသော အမျိုးသားပြတိုက်အဆင့်ရှိ ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် တုန်လှုပ်မှုမှာ ပျောက်ကွယ်မသွားသေးပေ။

"မင်းတို့ ကြည့်လို့ဝရင် လက်ဖက်ရည် သောက်ကြစို့"

လင်းဖန်က ဆိုဖာပေါ်တွင် ထိုင်ရင်း ဝမ်ချောင်နှင့် ချင်းလင်ကို လှမ်းခေါ်လိုက်သည်။

သူတို့နှစ်ဦးစလုံး လင်းဖန် တစ်ခုခုပြောစရာရှိကြောင်း သိသဖြင့် မဆိုင်းမတွပင် ရှေ့ရှိ ဆိုဖာတွင် ဝင်ထိုင်လိုက်ကြသည်။

"ဒါလေး မြည်းကြည့်ဦး ဒါဟုန်ဖောင်လက်ဖက်ရည် အရသာက ဘယ်လိုလဲ"

လင်းဖန်က အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်ကို ငှဲ့ပေးရင်း မေးလိုက်သည်။

ဝမ်ချောင်နှင့် ချင်းလင်တို့မှာ ခေတ်မီသူများ ဖြစ်ကြသော်လည်း ထိပ်တန်းသူဌေးသားများ ဖြစ်သည့်အလျောက် ရိုးရာအဖိုးတန်ပစ္စည်းများကိုလည်း ခံစားတတ်ကြသူများ ဖြစ်သည်။

"ညီအစ်ကိုလင်း... ဒါက ဝူယီတောင်က ဒါဟုန်ဖောင် လား"

ချင်းလင်က တစ်ငုံသောက်လိုက်ပြီးနောက် မျက်လုံးများ တောက်ပသွားကာ လေးနက်စွာ မေးလိုက်သည်။

လင်းဖန်က ခေါင်းညိမ့်ပြလိုက်သည်။

"ဟား"

ဝမ်ချောင်နှင့် ချင်းလင်တို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့သြတုန်လှုပ်သွားကြသည်။

ဤသည်မှာ သာမန် ဒါဟုန်ဖောင် မဟုတ်ပေ။ ဝူယီတောင်ရှိ သမိုင်းဝင် 'မိခင်လက်ဖက်ပင်'မှ ခူးဆွတ်ထားသော လက်ဖက်ရည် ဖြစ်သည်။ ထိုအပင်မှာ အနှစ် ၃၆၀ ကျော် သက်တမ်းရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အပင်ကြီး သုံးပင်သာ ရှိသည်။

၂၀၀၆ ခုနှစ်ကတည်းက ဒေသန္တရအစိုးရသည် ထိုမိခင်အပင်ကြီးများ၏ ရှင်သန်မှုကို ထိန်းသိမ်းရန်အတွက် လက်ဖက်ရွက် ခူးဆွတ်ခြင်းကို လုံးဝ ရပ်ဆိုင်းခဲ့သည်။ နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၅ ခုနှစ်တွင် ခူးဆွတ်ခဲ့သော လက်ဖက်ရွက် ၂၀ ဂရမ်ကို အမျိုးသားပြတိုက်တွင် အမှတ်တရ သိမ်းဆည်းထားခဲ့သည်။

သို့သော် လင်းဖန်၏ လက်ထဲတွင် ဤကဲ့သို့သော 'နိုင်ငံတော်အဆင့် ရတနာ' လက်ဖက်ရည်မျိုး ရှိနေခြင်းမှာ တကယ့်ကို မယုံနိုင်စရာပင် ဖြစ်တော့သည်။

...........................................

All Chapters