ရုပ်ရှင်ရုံ စီမံကိန်း
Vol. 9 Ch. 87
"ဟဲဟဲ ဒါက ပြောပလောက်တဲ့ ကိစ္စမဟုတ်ပါဘူး နေ့လယ်က အဆီအဆိမ့်တွေ စားထားတာဆိုတော့ အစာကြေအောင် သောက်ကြတာပေါ့ငါ့ညီအစ်ကိုတွေ ဝလာပြီး ခန္ဓာကိုယ်အလှ ပျက်သွားမှာ စိုးလို့ပါ"
ဟု လင်းဖန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
သူ့အတွက်မူ စားစရာနှင့် သောက်စရာရှိလျှင် ထိုအရာများ မည်သည့်နေရာမှ လာသည်ကို ဂရုမစိုက်ပေ။ စနစ်ရှိနေသရွေ့ သူ မရနိုင်သောအရာ မရှိသလောက်ပင်။ ဤကဲ့သို့သော လျှို့ဝှက်ချက်ကို ဝမ်ချောင်တို့လို လူမျိုးက မည်သို့ သဘောပေါက်နိုင်ပါမည်နည်း။
"ကဲ... မင်းကတော့ တကယ့်ကို ရက်ရောလွန်းပါတယ်"
ချင်းလင်က လက်မြှောက် အရှုံးပေးလိုက်ပြီး မိခင်လက်ဖက်ပင်မှရသည့် 'ဒါဟုန်ဖောင်' လက်ဖက်ရည်ကို အရသာခံ သောက်နေတော့သည်။ ဤကဲ့သို့သော နိုင်ငံတော်အဆင့် ရတနာကို သူ တစ်ခါမှ မမြည်းစမ်းဖူးရာ ယနေ့ ကြုံတုန်းတစ်ဝကြီး သောက်ရပေမည်။
နာရီဝက်ခန့်အကြာတွင် လက်ဖက်ရည် သောက်ပြီးကြသောအခါ သူတို့ သုံးဦးစလုံး အလုပ်ကိစ္စကို စတင်ဆွေးနွေးကြသည်။
"ဝမ်ကြီး... ရုပ်ရှင်ရုံ တည်ဆောက်မယ့် နေရာတွေအတွက် ဘာပြဿနာရှိလဲ"
လင်းဖန်က မေးလိုက်သည်။
ဤသီးသန့်ရုပ်ရှင်ရုံ စီမံကိန်းသည် အဓိကအားဖြင့် လူငယ်မောင်မယ်များကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ ဖျော်ဖြေရေး၊ စားသောက်ရေးနှင့် ရုပ်ရှင်ကြည့်ခြင်းတို့ကို ပေါင်းစပ်ထားမည်ဖြစ်ရာ သီးသန့် အဆောက်အအုံများ ဆောက်လုပ်ရန် လိုအပ်သည်။ သို့သော် ခေတ်ကာလအရ မြို့ကြီးများ၏ မြို့လယ်ခေါင်တွင် သီးသန့်မြေနေရာရရန်မှာ မလွယ်ကူလှပေ။
"သိပ်တော့ ပြဿနာမရှိပါဘူး လက်ရှိမှာ ဆောက်လုပ်ရေး အစီအစဉ် နှစ်ခုရှိတယ် တစ်ခုက သူများဆီက နေရာငှားပြီး ပြန်ပြင်တာ၊ နောက်တစ်ခုကတော့ မြေအသစ်မှာ အစကနေ ပြန်ဆောက်တာပဲ"
ဟု ဝမ်ချောင်ကက ရှင်းပြသည်။
- "သူများဆီက ငှားမယ်ဆိုရင်တော့ လူစည်ကားတဲ့ မြို့လယ်ခေါင်တွေကို ရွေးရမယ်၊ ဒါပေမဲ့ ငှားရမ်းခက ဈေးကြီးသလို စက်ကိရိယာတွေ တပ်ဆင်ဖို့ ကုန်ကျစရိတ်ကလည်း များတယ်"
"အစကနေ ပြန်ဆောက်မယ်ဆိုရင်တော့ မြေနေရာရဖို့ မြို့ပြင်ကို နည်းနည်းထွက်ရမယ်၊ ဒါမှမဟုတ် လူနေအိမ်တချို့ကို ဝယ်ပြီး ဖျက်ဆီးပြီးမှ ပြန်ဆောက်ရမှာ ဒါက နည်းနည်းတော့ လက်ဝင်တယ်"
လင်းဖန် ခေတ္တစဉ်းစားပြီးနောက်
- "လူနေအိမ်တွေကို ဖျက်ပြီး သီးသန့်ရုပ်ရှင်ရုံ ပြန်ဆောက်ဖို့က ဖြစ်နိုင်ပါ့မလား"
ဟု မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မြို့ပြစီမံကိန်းအရ လူနေအိမ်အစိတ်အပိုင်းအချို့ကို ဝယ်ယူခြင်းက အစိုးရ၏ နောင်စီမံကိန်းများကို ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။
ဝမ်ချောင်က ပုခုံးတွန့်ပြလိုက်ရင်း ချင်းလင်ကို လက်ညှိုးထိုးပြသည်။
- "ချင်ကြီးတို့ မိသားစုက နိုင်ငံမှာ နာမည်ကြီး မိသားစုပဲလေ အစိုးရပိုင်းမှာ သူတို့ရဲ့ လွှမ်းမိုးမှုက အတော်ကြီးတော့ လုပ်ထုံးလုပ်နည်း အားလုံးကို သူတို့ ကိုင်တွယ်ပေးနိုင်တယ်"
"ဒါဆိုရင် ဒုတိယနည်းလမ်းကိုပဲ ရွေးရအောင် အစကနေ ပြန်ဆောက်မယ် မြေပိုင်ဆိုင်မှုကနေ အဆောက်အအုံအထိ အားလုံးက တို့ပိုင်ပဲ ဖြစ်ရမယ်"
ဟု လင်းဖန်က ပြတ်သားစွာ ဆိုလိုက်သည်။
"ပြဿနာမရှိဘူး"
"ငါတို့ သီးသန့်ရုပ်ရှင်ရုံတွေမှာ နောက်ထပ် ပြဿနာကြီးတစ်ခု ရှိသေးတယ်၊ အဲဒါက ရုပ်ရှင်ကားတွေကို ဘယ်ကရမလဲ ဆိုတာပဲ"
ဟု လင်းဖန်က မေးခွန်းအသစ် ထုတ်လိုက်ပြန်သည်။ ရုပ်ရှင်ရုံဖြစ်သည့်အလျောက် ရုပ်ရှင်အသစ်များကို အစဉ်မပြတ် မပြနိုင်ပါက ရေရှည်တည်တံ့ရန် ခက်ခဲလိမ့်မည်။
"ဟားဟား ညီအစ်ကိုလင်း... ဒါကို မင်း စိတ်ပူနေသေးတာလား ဝမ်ကြီးတို့ မိသားစုက ဒါတွေ လုပ်နေတာပဲလေ ရုပ်ရှင်ကားတွေ ရဖို့ကတော့ ပြဿနာ မရှိနိုင်ပါဘူး"
ဟု ချင်းလင်က ရယ်မောရင်း ပြောသည်။ ဝမ်အန်းရုပ်ရှင်ရုံမှာ နိုင်ငံအတွင်း၌ ထိပ်တန်းဖြစ်ရာ ၎င်းတို့နှင့် ပူးပေါင်းလိုက်လျှင် ရုပ်ရှင်ကားများ ရနိုင်မည်ဟု သူ ယူဆထားသည်။
"မဟုတ်ဘူး အဲဒါက မတူဘူး"
လင်းဖန်က ခေါင်းယမ်းလိုက်သည်။
- "ငါတို့ သီးသန့်ရုပ်ရှင်ရုံရဲ့ ပရိသတ်က သာမန်ရုပ်ရှင်ရုံတွေနဲ့ မတူဘူး ငါတို့က လူငယ်တွေကို အဓိကထားတာဆိုတော့ ဟာသကားတွေ၊ အချစ်ကားတွေကို ပိုပြရမယ်"
"ရုံမတင်ရသေးတဲ့ ကားတွေပဲဖြစ်ဖြစ်၊ ရုံတင်ပြီးသား ကားတွေပဲဖြစ်ဖြစ် တို့ဆီမှာ ပြနိုင်ရမယ် ပြီးတော့ နေ့တိုင်း ကားအသစ်တွေ လဲပြနိုင်မှ လူငယ်တွေအတွက် ဆွဲဆောင်မှု ရှိမှာ"
ထိုအခါ ဝမ်ချောင်နှင့် ချင်းလင်တို့ မျက်မှောင်ကြုတ်သွားကြသည်။ နေ့တိုင်း ကားအသစ်တွေ လဲပြရမည်ဆိုလျှင် ရုပ်ရှင်ကားပေါင်း မည်မျှ လိုအပ်မည်နည်း။
"ဒါက ပြီးခဲ့တဲ့ ရာစုနှစ်က ဗီဒီယိုရုံတွေနဲ့တောင် ဆင်နေသလိုပဲ"
ဟု ချင်းလင်က ရေရွတ်လိုက်သည်။
"ဟုတ်တယ်၊ အဲဒါနဲ့ ဆင်တယ် ငါတို့က လက်မှတ်ဖိုးလည်း ကောက်မယ် ဒါပေမဲ့ ကွာခြားချက်က တို့ဆီမှာ ဟောင်းနွမ်းနေတဲ့ ကားတွေတင်မကဘဲ နောက်ဆုံးပေါ် ကားတွေကိုပါ ပြသနိုင်မှာပဲ"
ဟု လင်းဖန်က ချက်ချင်း တုံ့ပြန်သည်။
"ညီအစ်ကိုလင်းမှာ အကြံရှိပြီးသား မဟုတ်လား"
ဝမ်ချောင်က လင်းဖန်ကို ကြည့်ကာ မေးလိုက်သည်။ လင်းဖန်သည် သေချာမှုမရှိဘဲ ဤကိစ္စကို စကားစလိမ့်မည် မဟုတ်ဟု သူ ထင်သည်။
"ဟဲဟဲ ငါတို့နိုင်ငံမှာ ရုပ်ရှင်ရုံ မဟာမိတ်အဖွဲ့ ရှိတယ်လေ ဝမ်အန်း ရုပ်ရှင်ရုံလည်း အဲဒီထဲမှာ ပါတာပဲ အဲဒီတော့ ဝမ်အန်းကနေတစ်ဆင့် ဖျော်ဖြေရေးကုမ္ပဏီတွေဆီကနေ ရုပ်ရှင်မူပိုင်ခွင့်တွေကို ဝယ်ယူလိုက်ရင် ဘယ်လိုလဲ"
ဝမ်ချောင်က ခါးသီးစွာ ပြုံးလိုက်သည်။
- "ငါတို့ဆီမှာ ဖျော်ဖြေရေးကုမ္ပဏီတွေ ရာနဲ့ချီရှိတာဗျ တစ်ခုချင်းစီ လိုက်ပြောနေရင်တော့ သေချာပေါက် အာပေါက်သွားမှာပဲ ပြီးတော့ ကုမ္ပဏီကြီးတွေက သူတို့ရဲ့ မူပိုင်ခွင့်တွေကို တို့ကို အလွယ်တကူ ရောင်းချင်မှာ မဟုတ်ဘူး"
"ငါ့အထင်တော့ ညီအစ်ကိုလင်းက အရမ်းချမ်းသာတာပဲ၊ အဲဒီ ဖျော်ဖြေရေးကုမ္ပဏီတွေကိုပဲ အကုန်ဝယ်လိုက်တာ ပိုကောင်းမယ် ဒါဆိုရင် မင်းက ဖျော်ဖြေရေးလောကရဲ့ ထက်ဝက်ကို ပိုင်သွားပြီ ဘယ်သူကမှ ငြင်းရဲမှာ မဟုတ်တော့ဘူး"
ဟု ချင်းလင်က ဝင်ပြောလိုက်သည်။
လင်းဖန်က လက်ကာပြလိုက်ပြီး
"ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး ဒါပေမဲ့ ငါက ဖျော်ဖြေရေးလောကထဲကို ဝင်ဖို့ စိတ်မဝင်စားဘူး အဲဒါက အချိန်ကုန်တယ်"
ဝမ်ချောင်နှင့် ချင်းလင်တို့အတွက် ဤစကားမှာ မနာလိုစရာပင်။ ဖျော်ဖြေရေးလောကကို စိတ်မဝင်စားခြင်းမဟုတ်ဘဲ ထိုလုပ်ငန်းမှရသော အမြတ်ငွေက နည်းလွန်းသည်ဟု လင်းဖန်က ယူဆနေပုံရသည်။
"အဲ ငါကိုယ်တိုင် မလုပ်ချင်ပေမယ့် မင်းတို့ လုပ်လို့ရတာပဲ"
လင်းဖန်၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး ဝမ်ချောင်နှင့် ချင်းလင်ကို ကြည့်လိုက်သည်။
"ဘာကို ဆိုလိုတာလဲ"
သူတို့နှစ်ဦးစလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
"ငါက ယွမ် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး 'ဒိုင်နက်စတီ'ဖျော်ဖြေရေးကုမ္ပဏီကို တည်ထောင်မယ် ငါက ရှယ်ယာ ၆၀ ရာခိုင်နှုန်း ယူမယ်၊ မင်းတို့ နှစ်ယောက်က ၂၀ ရာခိုင်နှုန်းစီ ယူကြ ကုမ္ပဏီကိုတော့ မင်းတို့နှစ်ယောက်ပဲ စီမံခန့်ခွဲပေါ့ ဘယ်လိုလဲ"
ဟု လင်းဖန်က အားတက်သရော ပြောလိုက်သည်။
ပိုက်ဆံနှင့် ဖြေရှင်း၍ရသော ကိစ္စမှာ ပြဿနာမဟုတ်ပေ။ ဝမ်ချောင်နှင့် ချင်းလင်တို့မှာ ခေတ္တစဉ်းစားပြီးနောက် သဘောတူလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ သီးသန့်ရုပ်ရှင်ရုံများ ဆောက်ပြီးပါကလည်း ရုပ်ရှင်ကားများအတွက် ကုမ္ပဏီများနှင့် ညှိနှိုင်းရဦးမည်ဖြစ်သည်။ ယခုကဲ့သို့ ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်လိုက်ခြင်းက ပို၍ အဆင်ပြေပေလိမ့်မည်။
ဤသို့ဖြင့် အနာဂတ်တွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ဖျော်ဖြေရေးလုပ်ငန်းစုကြီး ဖြစ်လာမည့် ဒိုင်နက်စတီကို စတင် တည်ထောင်လိုက်ကြပေတော့သည်။