← Chapters

အရာရှိကြီးများနဲ့ တွေ့ဆုံခြင်း

Vol. 9 Ch. 90

အရာရှိကြီးများနဲ့ တွေ့ဆုံခြင်း

Vol. 9 Ch. 90

"အတွင်းရေးမှူးဝမ်... ဒါတွေက ဘယ်သူတွေလဲခင်ဗျ"

အကဲခတ်မြန်သည့် လင်းဖန်က အတွင်းရေးမှူးဝမ် ခေါ်ဆောင်လာသော အလယ်အလတ်အရွယ် လူကြီးများကို ရုတ်တရက် သတိပြုမိလိုက်သည်။ ထိုလူတစ်စု၏ တည်ကြည်လေးနက်လှသော အရှိန်အဝါများက ဘေးလူကိုပင် တုန်လှုပ်သွားစေနိုင်သည်။

သူ့အထင်မမှားပါက ဤလူများသည် သာမန်အရာရှိများ မဟုတ်ကြပေ။ သူတို့၏ အရှိန်အဝါမှာ သူ၏ ကိုယ်ရံတော်အဖွဲ့နှင့် အလွန်ဆင်တူပြီး စစ်တပ်အတွင်း၌သာ လေ့ကျင့်ပျိုးထောင်၍ ရနိုင်သော ရဲရင့်ပြတ်သားသည့် အငွေ့အသက်များ ဖြစ်သည်။

"မိတ်ဆက်ပေးပါရစေ ဒါက တပ်က စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေပါ လက်နက်ပစ္စည်းဌာနက ဗိုလ်ချုပ်ကျန့်၊ စစ်ဦးစီးဌာနက ဗိုလ်မှူးကြီး တုန်းဖန့်နဲ့ အရှေ့တောင်ဌာနချုပ်က ဗိုလ်ချုပ်လီတို့ ဖြစ်ပါတယ် မင်းနဲ့တွေ့ဖို့ အထူးတလည် လာခဲ့ကြတာပါ"

ဟု အတွင်းရေးမှူးဝမ်က ပြုံးရွှင်စွာ မိတ်ဆက်ပေးသည်။

လင်းဖန်အနေဖြင့် တစ်ခုခုကို ကြိုတင်မှန်းဆထားသော်လည်း တပ်မှ အရာရှိကြီးများကို ကိုယ်တိုင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားမိသည်။ အနိမ့်ဆုံး ရာထူးမှာပင် ဗိုလ်မှူးကြီးအဆင့်ရှိပြီး အရေးကြီးသော ဌာနများမှ ဖြစ်ကြရာ သူ့ကို တကယ်ပင် အံ့သြသွားစေသည်။

ကိုယ်တိုင်ကလည်း စစ်တပ်ကို အစဉ်အမြဲ လေးစားသူဖြစ်သည်။ နိုင်ငံတစ်ခု၏ လုံခြုံရေးမှာ စစ်တပ်အပေါ်တွင် များစွာမူတည်နေသည်။ ငြိမ်းချမ်းသော အချိန်ကာလဖြစ်သော်လည်း မမြင်နိုင်သော မုန်တိုင်းများစွာ ရှိနေသည်ကို သူနားလည်သည်။

"မင်္ဂလာပါ"

လင်းဖန်က သူ့ရဲ့ ပေါ့ပျက်ပျက် အမူအရာများကို ဖျောက်ပစ်လိုက်ပြီး တည်ငြိမ်စွာပင် နှုတ်ဆက်လိုက်သည်။

ဘေးနားရှိ ရှန်ကျန်ပါတီကော်မတီ အတွင်းရေးမှူးဝမ်ကလည်း စစ်ဘက်အရာရှိများကို ချက်ချင်း မိတ်ဆက်ပေးသည်။

- "လူကြီးမင်းတို့ခင်ဗျာ... ဒါကတော့ လုံထန်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ၊ လူကြီးမင်းတို့ တွေ့ချင်နေတဲ့ တန်ရွမ်OS နဲ့ Nirvana X ဖုန်းတွေကို တကယ်တမ်း တီထွင်ခဲ့သူ မစ္စတာလင်းဖန် ပါပဲ"

"မင်္ဂလာပါ မစ္စတာလင်း"

အရှေ့တောင်စစ်ဌာနချုပ်မှ ဗိုလ်ချုပ်လီက ရှေ့ဆုံးမှ ထွက်၍ ပြုံးလျက် နှုတ်ဆက်သည်။

- "ကျွန်တော်တို့ အခုလို လာရတာက အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုကို အပ်နှံချင်လို့ပါ တရုတ်လူမျိုးအချင်းချင်း ကူညီတဲ့အနေနဲ့ မစ္စတာလင်းဘက်က လက်တွဲပေးဖို့ တောင်းဆိုချင်ပါတယ်"

ထိုစကားကြောင့် လင်းဖန်၏ မျက်နှာမှာ ချက်ချင်း တည်ကြည်သွားပြီး

"ဘာများ ကူညီရမလဲ ပြောပါခင်ဗျာ ကျွန်တော် ကူညီနိုင်တဲ့ ကိစ္စဆိုရင်တော့ ဘယ်တော့မှ ငြင်းမှာမဟုတ်ပါဘူး"

ဟု လေးနက်စွာ ဆိုလိုက်သည်။

လင်းဖန်၏ အမူအရာကို ကြည့်ပြီး စစ်ဘက်ကိုယ်စားလှယ် သုံးဦးစလုံးက ကျေနပ်စွာ ခေါင်းညိမ့်ကြသည်။ အမှန်စင်စစ် သူတို့မလာမီကပင် လင်းဖန်၏ ကိုယ်ရေးအချက်အလက်များကို အသေအချာ လေ့လာခဲ့ပြီး ဖြစ်သည်။ လင်းဖန်သည် ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပြီး ခက်ခက်ခဲခဲ ကြီးပြင်းလာခဲ့သူဖြစ်ကြောင်း အတည်ပြုပြီးမှသာ ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"အမှန်အတိုင်း ပြောရရင် မစ္စတာလင်း... ကျွန်တော်တို့ အခု ရှန်ကျန်ကို လာရတာက စစ်တပ်ကိုယ်စား မစ္စတာလင်းတို့ ကုမ္ပဏီဆီကနေ ပစ္စည်းဝယ်ယူဖို့ ကမ်းလှမ်းချင်လို့ပါ"

စစ်ဦးစီးဌာနမှ ဗိုလ်မှူးကြီး တုန်းဖန့်က ရှင်းပြသည်။

- "အရင်က ကျွန်တော်တို့ ထောက်ပံ့ရေးဌာနကနေ Nirvana X အလုံးရေ ၁၅ လုံးကို ဝယ်ပြီး စမ်းသပ်ခဲ့ပါတယ် စွမ်းဆောင်ရည်နဲ့ လည်ပတ်မှုအပိုင်းမှာ Nirvana X ဟာ Apple ထက် အများကြီး သာလွန်နေတာကို တွေ့ရပါတယ်"

"ဒါကြောင့် စစ်ဘက်ဌာနအသီးသီးက ဆွေးနွေးပြီးနောက်မှာ မစ္စတာလင်းတို့ ကုမ္ပဏီဆီကနေ ဖုန်းအလုံးရေ အမြောက်အမြားကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ"

ထိုစကားကို ကြားသောအခါ လင်းဖန် သဘောပေါက်သွားသည်။ ယနေ့ခေတ် အင်တာနက်ခေတ်တွင် စစ်တပ်နှင့် အစိုးရတို့သည်လည်း နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် စမတ်ဖုန်းများကို အသုံးပြုရန် လိုအပ်လာသည်။

အမေရိကန်တွင် Apple က 4S ထုတ်လုပ်စဉ်ကပင် စစ်တပ်က ဝယ်ယူခဲ့ပြီး ၎င်းတို့၏ ကိုယ်ပိုင် GPS ဂြိုဟ်တုကွန်ရက်နှင့် စစ်ဘက်ဆိုင်ရာ App များကို အသုံးပြုခဲ့ကြသည်။ ရုရှား (Polar Bear) တွင်လည်း ၎င်းတို့၏ အစိုးရနှင့် စစ်တပ်မှာ ပြည်တွင်းဖြစ် TaigaPhone ကို အသုံးပြုကြသည်။

တရုတ်နိုင်ငံတွင်မူ ကိုယ်ပိုင်လည်ပတ်မှုစနစ် (OS) ပါဝင်သည့် စမတ်ဖုန်း တစ်မျိုးမှ မရှိခဲ့ပေ။ ထို့ကြောင့် Nirvana X ပေါ်ထွက်လာခြင်းမှာ စစ်တပ်အတွက် ကြီးမားသော မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့သည်။ နည်းပညာ တိုးတက်လာသည်နှင့်အမျှ လျှို့ဝှက်ချက် ထိန်းသိမ်းမှုမှာ အလွန်အရေးကြီးလာသည်။ စမတ်ဖုန်းများသည် သတင်းအချက်အလက် ပေါက်ကြားရန် အလွယ်ဆုံး ကိရိယာများ ဖြစ်ကြသည်။ ဟက်ကာများသည် ဖုန်းများကို အဝေးမှ စောင့်ကြည့်နိုင်ပြီး ဥရောပနှင့် အမေရိကန် ထောက်လှမ်းရေးများတွင် ကျွမ်းကျင်သော ဟက်ကာများစွာ ရှိနေသည်။

အထူးသဖြင့် Cloud စနစ်များ ရှိနေခြင်းကြောင့် ဟက်ကာများက ဖုန်း၏ လုံခြုံရေးကို အလွယ်တကူ ဖောက်ထွင်းနိုင်သည်။ Apple က Cloud စနစ်ကို စတင်ရန် တွန့်ဆုတ်နေခဲ့သည်မှာလည်း ၁၀၀ ရာခိုင်နှုန်း လုံခြုံရေးကို အာမမခံနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တရုတ်စစ်တပ်သည် လုံခြုံရေး မြင့်မားသော Wyvern စနစ်နှင့် Nirvana X ကို အသုံးပြုလိုခြင်း ဖြစ်ပေလိမ့်မည်။

"ရပါတယ်"

လင်းဖန် ခေတ္တမျှ စဉ်းစားပြီးနောက် စစ်တပ်၏ ဝယ်ယူမှုကမ်းလှမ်းချက်ကို သဘောတူလိုက်သည်။

"မစ္စတာလင်း... ကျွန်တော်တို့ဘက်က ပွင့်ပွင့်လင်းလင်း ပြောတာကို ခွင့်လွှတ်ပေးပါ စစ်တပ်ရဲ့ နည်းပညာဌာနက Nirvana X ကို စမ်းသပ်ပြီးတဲ့နောက်မှာ အချက်အလက်အချို့ကို တွေ့ရှိခဲ့ပါတယ်"

ထိုစဉ် လက်နက်ပစ္စည်းဌာနမှ ဗိုလ်ချုပ်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။

- "ကျွန်တော်တို့ ဝယ်ယူမယ့် Nirvana X ဖုန်းတွေရဲ့ စနစ်ထဲမှာရော၊ ဖုန်းထဲမှာပါ ဘာ Backdoorမှ မရှိစေချင်ပါဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ လင်းဖန် မျက်မှောင်ကြုတ်သွားပြီး မျက်နှာပျက်သွားသည်။ ရှေ့မှ လူကြီး၏ လေသံမှာ အမိန့်ပေးနေသည့် လေသံမျိုး ဖြစ်နေသဖြင့် သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

အတွင်းရေးမှူးဝမ်က အခြေအနေကို ချက်ချင်း ရိပ်မိသွားပြီး ဖျန်ဖြေပေးသည်။

"ရဲဘော်လင်းဖန်... ဗိုလ်ချုပ်ကျန့်က စစ်သားပီပီ စကားပြော ပွင့်လင်းလွန်းလို့ပါ တစ်ခုခု မှားသွားရင် ခွင့်လွှတ်ပေးပါ တကယ်တော့ ဒီဝယ်ယူမှုက အလွန်အရေးကြီးပါတယ် လျှို့ဝှက်စစ်ဘက်ဆိုင်ရာမှာ သုံးမှာဖြစ်လို့ လုံခြုံရေးအပိုင်းကို အထူးဂရုစိုက်ချင်လို့ပါ"

လင်းဖန်က စိတ်ထဲမှ ဒေါသကို ထိန်းလိုက်ပြီး

"ဘယ်ကုမ္ပဏီက တီထွင်တဲ့ စနစ်မှာမဆို Backdoor တွေ ရှိနေတတ်တာပါပဲ ဒါက လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းပြီး စနစ်ကို ပြန်လည် မွမ်းမံဖို့အတွက်ပါ Apple ရဲ့ ဖုန်းတွေမှာတောင် စစ်တပ်အတွက် Backdoor တွေ ထည့်ထားတာပါပဲ ဒါက ကမ္ဘာတစ်ဝန်းက စမတ်ဖုန်း ထုတ်လုပ်သူတိုင်းရဲ့ ထုံးစံပါ"

ဟု ပြန်ပြောလိုက်သည်။

"စစ်တပ်အနေနဲ့ ဒီအချက်ကို စိတ်ပူနေစရာ မလိုပါဘူး လုံထန်ရဲ့ ထုတ်ကုန်တွေက အရည်အသွေးမြင့်မားပြီး သတင်းအချက်အလက် ပေါက်ကြားမှာ မဟုတ်ပါဘူး"

နောက်နေခြင်း မဟုတ်ပေ။ အကယ်၍ Backdoor တစ်ခုမှ မရှိပါက တစ်စုံတစ်ယောက်က စနစ်ကို မသိမသာ ဖောက်ထွင်းသွားလျှင် သူတို့အနေဖြင့် သိရှိနိုင်မည် မဟုတ်ပေ။ လင်းဖန်အနေဖြင့် တန်ရွမ်စနစ်၏ အစွမ်းထက်မှုကို ယုံကြည်သော်လည်း၊ ကမ္ဘာပေါ်တွင် အိုင်းစတိုင်းကဲ့သို့သော ပါရမီရှင်တစ်ယောက်က ဤစနစ်ကို ဖောက်ထွင်းနိုင်မည် မဟုတ်ဟု အာမမခံနိုင်ပေ။

ထို့အပြင် ဤ Backdoor များမှာ လုံထိန်၏ သုတေသနဌာနက ပြုလုပ်ထားခြင်း မဟုတ်ဘဲ လင်းဖန်ကိုယ်တိုင် စနစ်ကို ထည့်သွင်းစဉ်ကတည်းက တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤစနစ်သည် ဤကမ္ဘာမှ ထွက်ပေါ်လာခြင်း မဟုတ်သဖြင့် သူကိုယ်တိုင် ထိန်းချုပ်နိုင်သည့် နည်းလမ်းတစ်ခု မရှိပါက စိတ်ချလက်ချ ရှိနေနိုင်မည် မဟုတ်သောကြောင့် ဖြစ်ပေတော့သည်။

All Chapters