← Chapters

အနောက်ပိုင်းဟုန် နတ်ဆိုးဖမ်းစီးသူ စတင်လှုပ်ရှားခြင်း ၂

Vol. 64 Ch. 634

အနောက်ပိုင်းဟုန် နတ်ဆိုးဖမ်းစီးသူ စတင်လှုပ်ရှားခြင်း ၂

Vol. 64 Ch. 634

ရှန်းယီ သည် ယဉ်ကျေးပျူငှာစွာ ခေါင်းညိတ်လိုက်၏။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ကြည့်ပါက သူ၏ အတွေ့အကြုံမှာ အကန့်အသတ်ရှိသော်လည်း၊ ထျန်းဟွမ်ဆေးလုံးကို ကိုယ်တိုင် ဖော်စပ်ခဲ့ဖူးသူ ဖြစ်ရာ မိမိကိုယ်မိမိ ဆေးပညာရှင် တစ်ဦးအဖြစ် မဆိုစလောက် သတ်မှတ်၍ ရနိုင်ပေသည်။

စကားပြောပြီးနောက် သူသည် ဆေးလုံး ခုနစ်လုံး ရှစ်လုံးခန့်ကို ထပ်မံ၍ ပေါ့ပေါ့ပါးပါးပင် သုံးဆောင်လိုက်ပြန်သည်။

ဤနေရာသည် နန်ယန်ထက် များစွာ ပိုမို ချမ်းသာကြွယ်ဝသည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ရတနာဆေးလုံးများကို သူ၏ ကိုယ်ပိုင်ဂိုဏ်းအတွင်း၌ တွေ့ရခဲသောကြောင့် ဖြစ်လေ၏။

ရတနာဆေးလုံး သုံးလေးပုလင်းခန့် ကုန်သွားပြီးနောက်၊ မူလက နွမ်းနယ်နေသော သူ၏ ဝိညာဉ်မှာ တဖြည်းဖြည်း ပြန်လည်နာလန်ထူလာခဲ့သည်။

ဝိညာဉ်အင်အားမှာ တစ်ပိုင်း ဖြစ်သော်လည်း၊ အမည်မဲ့တောင်၏ ဖိအားအောက်တွင် နှစ်ပေါင်း သုံးသိန်းခုနစ်သောင်းတိုင်အောင် ပြင်းထန်စွာ ကျင့်ကြံခဲ့ရသဖြင့် သူ၏ စိတ်ဓာတ်အပေါ် ကျရောက်ခဲ့သော ထိခိုက်မှုကြီးမားလှပုံကိုမူ စိတ်စွမ်းအားဖြင့်သာ ဖြည်းဖြည်းချင်း ကုစားနိုင်ပေလိမ့်မည်။

"..."

ယန်ယွင်ဟန် မှာမူ အကူအညီတောင်းခံသည့် အကြည့်ဖြင့် ယန်ချုံကျန်းကိုသာ လှမ်းကြည့်နိုင်တော့သည်။

"မိတ်ဆွေလေး၊ အားမနာပါနဲ့၊ မလောက်သေးရင်လည်း ထပ်ရှိပါသေးတယ်" ဟု ယန်ချုံကျန်းက ပြောလိုက်၏။ သူသည် သူ၏ ဆရာဖြစ်သူ၏ ညွှန်ကြားချက်ကို ပြန်လည် အမှတ်ရမိသလို၊ စိတ်အခြေအနေမှာလည်း အနည်းငယ်မကောင်းသဖြင့် မည်ကဲ့သို့သော ဆက်ဆံမှုမျိုးမှာ သင့်လျော်သည်ကို သူ မသိရှိချေ။

တစ်ဖက်လူ စိတ်အနှောင့်အယှက် မဖြစ်စေရန်သာ သူ အတတ်နိုင်ဆုံး ဂရုစိုက်လိုက်ခြင်း ဖြစ်သည်။

"ကျုပ်က.." ယန်ယွင်ဟန် ပြောစရာစကားမဲ့သွားကာ တာအိုကလေးငယ် ကို မကျေမနပ်ကြည့်လိုက်သည်။

သူ ဆိုလိုသည်မှာ ဤအချက် မဟုတ်ပေ။ ဆေးလုံးများပေးရမည်ကို နှမြောနေခြင်း မဟုတ်သော်လည်း ဆေးလုံးများကို မဆင်မခြင် သောက်သုံး၍ မရသည်ကို သူ စိုးရိမ်ခြင်း ဖြစ်သည်။

ပြဿနာများ ဖြစ်လာမည်ကို သူ မကြောက်သည်လော။

ရှန်းယီကဲ့သို့သော ပြည့်စုံထူးချွန်သည့် ပါရမီရှင်တစ်ဦးအတွက် ဆေးအဆိပ်အနည်းငယ် တက်သွားခြင်းမှာပင် အလွန်အမင်း နှမြောစရာ ကောင်းလှပေ၏။

"မင်း တောင်ကို ဆက်ပြီး မကြည့်တော့ဘူးလား" ယန်ယွင်ဟန်က စကားလမ်းကြောင်း လွှဲလိုက်သည်။

"မကြည့်တော့ပါဘူး" ဟု ယန်ချုံကျန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤမျှလောက်အထိ စိတ်ဓာတ်ပိုင်းဆိုင်ရာရိုက်ခတ်မှု ခံလိုက်ရပြီးနောက် သူသည် ဤနေရာသို့ လာရောက် အနားယူတော့မည် မဟုတ်ပေ။

ထိုသို့ ပြောရင်း သူ၏ အကြည့်များမှာ ရုတ်တရက် စူးရှသွားခဲ့၏။ သူသည် ဤအခွင့်အရေးကို အသုံးချ၍ သူ၏ စိတ်ထဲမှ မွန်းကြပ်မှုများကို ဖွင့်ထုတ်လိုနေသည်။

ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းမှာ မွေးရာပါအရာများ ဖြစ်ရာ အခြားသူများနှင့် နှိုင်းယှဉ်လျှင် မိမိ၏ အားနည်းချက်ကို သူ လက်ခံနိုင်ပေသည်။ သို့သော် တာအိုကလေးငယ် တစ်ဦးအနေဖြင့် ပန်းရှန်းဂိုဏ်းတွင် သူ ပိုင်ဆိုင်ထားသော အင်အားနှင့် ကျင့်ကြံခြင်းမှာမူ သူကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ခြင်း ဖြစ်သည်။

ဇွဲရှိခြင်းက ညံ့ဖျင်းမှုကို အစားထိုးနိုင်သည်ဟူသော စကားပုံရှိသကဲ့သို့ သူသည် နှစ်ပေါင်းများစွာကြာအောင် မိမိ၏ စွမ်းအားကို ဝှက်ကွယ်ထားခဲ့သူ ဖြစ်သည်။ ရှန်းယီကဲ့သို့သော လူငယ်တစ်ဦးအနေဖြင့် သူ၏ အဆင့်သို့ လိုက်မီရန်မှာမူ လွယ်ကူသော ကိစ္စမဟုတ်ချေ။

"အလုပ်ကိစ္စကိုပဲ ဆွေးနွေးကြရအောင်" ဟု ယန်ချုံကျန်းက ပြောလိုက်၏။

သူသည် သူ၏ လက်ကောက်ဝတ်ကို ပွတ်လိုက်ကာ အကြီးအကဲကြီးကို လှမ်းကြည့်လိုက်သည်။

"ဒီတစ်ခါတော့ ခင်ဗျား ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးဖို့ လိုလိမ့်မယ်။"

၎င်းကို ကြားလိုက်ရသောအခါ ယန်ယွင်ဟန် အံ့အားသင့်သွားခဲ့၏။ "မင်း အတည်ပြောနေတာလား"

ပန်ရှန်းဂိုဏ်းအတွင်း၌ တာအိုပေါင်းစည်းခြင်း အဆင့်မှ ဂိုဏ်းချုပ်ကြီးမှလွဲ၍ တာအိုကလေးငယ်နှင့် အကြီးအကဲကြီးတို့မှာ အစွမ်းအထက်ဆုံး နှစ်ဦး ဖြစ်ကြသည်။

သူတို့ နှစ်ဦး ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စမျိုးမှာ အလွန် ရှားပါးလှ၏။ များသောအားဖြင့် တစ်ဦးကဂိုဏ်းပြင်ပသို့ ထွက်လျှင် ကျန်တစ်ဦးက ဂိုဏ်းကို စောင့်ကြပ်လေ့ရှိသည်။

တာအိုကျလးငယ် ဘာလုပ်ရန် ဆုံးဖြတ်ထားသည်ကို ယခုအခါ ရှင်းလင်းသွားပြီ ဖြစ်သည်။ ပန်ရှန်းဂိုဏ်း၏ အနီးအနားတွင် ၎င်းတို့နှစ်ဦး ပူးပေါင်းနှိမ်နင်းရမည့် နတ်ဆိုးအုပ်စုမျိုး သိပ်မရှိပေ။

"ကျွန်တော်တော့ အဲ့ဒီလိုမာနကြီးတဲ့ အုပ်စုတွေနဲ့ ဆက်ပြီး မပတ်သက်ချင်တော့ဘူး" ဟု ယန်ချုံကျန်းက တောင်ပိုင်းဟုန်မှ လူများကို ပြုံးပြရင်း ပြောလိုက်၏။

"ဒီကိစ္စကို ရှင်းပြီးလို့ သိပ်ပြီး ဒဏ်ရာမရဘူးဆိုရင် ကျွန်တော်တောင်ပိုင်းဟုန်ကို ချက်ချင်း လိုက်ခဲ့ပါ့မယ်... ပန်ရှန်းဂိုဏ်းက အနောက်ပိုင်းဟုန် နယ်မြေထဲမှာ ရှိပေမဲ့ တောင်ပိုင်းနယ်မြေကိုတော့ ဟုန်သားတော်ခုနစ်ပါးလို မကာကွယ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ နဂါးနန်းတော်ကို တိုက်ထုတ်ဖို့တော့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။"

သူသည် တောင်ပိုင်းဟုန်မှ တာအိုကလေးငယ်များ အဘယ်အရာကို လိုလားနေသည်ကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

ယခင်က ၎င်းကို သူ မပြောလိုခဲ့ခြင်းမှာ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးနှင့် အလွန်အမင်း မပတ်သက်ချင်သောကြောင့် ဖြစ်သည်။

ပန်ရှန်းဂိုဏ်းမှာ အင်အားသေးငယ်သည့် အဖွဲ့အစည်း မဟုတ်ပေ။ အကယ်၍ သူတို့ တောင်ပိုင်းဟုန်သို့သွား၍ နဂါးနန်းတော်ကို တိုက်ခိုက်ပေးရမည်ဆိုလျှင်ပင်၊ သားတော်ခုနစ်ပါး၏ လက်အောက်ခံသဖွယ် အမိန့်နာခံနေရန် မလိုအပ်ပေ။

"ကျေးဇူးတင်ပါတယ် တာအိုကလေးငယ် ယန်" ဟု ဝေ့ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သော်လည်း၊ ယခင်ကကဲ့သို့ စိတ်အားထက်သန်မှုမျိုး မရှိတော့ချေ။

သူသည် လူအ မဟုတ်ပေ။ ပန်ရှန်းဂိုဏ်း တာအိုကလေးငယ်၏ သဘောထား ပြောင်းလဲသွားခြင်းမှာ ဂိုဏ်းချုပ် ရှန်း၏ မျက်နှာကြောင့် ဖြစ်နိုင်ကြောင်း သူ ရိပ်မိသည်။

ဤသည်မှာ တောင်ပိုင်းဟုန်ကို ကူညီချင်ခြင်းထက် လူကို စည်းရုံးသိမ်းသွင်းချင်နေခြင်းသာ ဖြစ်သည်။

သူတစ်ပါးဆီက လက်ဆောင်ယူရင် ကိုယ်က အကြွေးတင်တယ်ဆိုသော စကားရှိပေသည်။ အကူအညီ တောင်းခံခြင်းမှာ တစ်ပိုင်း ဖြစ်သော်လည်း၊ ဂိုဏ်းချုပ် ရှန်းကို အလဲအလှယ် လုပ်ရမည်ဆိုလျှင်မူ လုံးဝ မဖြစ်နိုင်သော ကိစ္စ ဖြစ်သည်။

ထိုသို့ တွေးမိစဉ်မှာပင် ဝေ့ယွမ်ကျိုးသည် ရှန်းယီကို လှမ်းကြည့်လိုက်၏။ ယန်ယွင်ဟန်က ဆေးလုံးများပေးနေပြီး ဂိုဏ်းချုပ်ရှန်းကလည်း ငြင်းဆန်ခြင်း မရှိဘဲ ဆဌမမြောက်ပုလင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်ကို သူ မြင်လိုက်ရ၏။

"..."

ဝေ့ယွမ်ကျိုးသည် ဘိုင်ဝူ ကို ချင်းယွဲ့ဂိုဏ်း ဂိုဏ်းချုပ်ထံ သတင်းပို့ခိုင်းချင်သော စိတ်ကို အောင့်တီးထားလိုက်ကာ စုဟုန်ရှို့ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတက်ကာ အရိုအသေပေးလိုက်ရင်း "အနောက်ပိုင်းဟုန်ရဲ့ အခြေအနေက တာအိုကလေးငယ် ယန် ပြောသလိုဆိုရင် ကျွန်တော်တို့မှာလည်း အခြားရွေးချယ်စရာ မရှိပါဘူး။ ခင်ဗျား ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာ မေးလို့ရမလား၊ ကျွန်တော်တို့လည်း ကူညီပေးနိုင်တာရှိရင် ကူညီပေးချင်လို့ပါ" ဟု ပြောလိုက်သည်။

ဂိုဏ်းချုပ် ရှန်း သုံးဆောင်လိုက်သည့် ဆေးလုံးများအတွက်အခြားနည်းလမ်းဖြင့် ပြန်လည် ပေးဆပ်နိုင်သည်၊ လူကိုတော့ အလဲအလှယ် မလုပ်နိုင်ပေ။

"ဟင်"

ရှန်းယီသည် ဆေးလုံးများ၏ အာနိသင်ကို ချေဖျက်ရင်း စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်၏။ နွမ်းနယ်နေဆဲ ဖြစ်သော်လည်း နတ်ဆိုးများနှင့် ပတ်သက်သော ကိစ္စဆိုလျှင် သူ နားထောင်ရန် အသင့်ရှိနေသည်။

အကျိုးအမြတ် တစ်ခုမျှမရှိဘဲ သေဆုံးသွားခဲ့သော ခြင်္သေ့ကြီး၏ အဖြစ်ကို သူ စိတ်ထဲတွင် စွဲလန်းနေဆဲ ဖြစ်သည်။

ထိုသို့ တွေးမိရင်း ရှန်းယီသည် ယန်ယွင်ဟန်ထံသို့ သူ၏ လက်ဖဝါးကို ထပ်မံ၍ ဆန့်ထုတ်လိုက်ပြန်သည်။

သူသည် လောကဝတ်ကို မသိနားမလည်သူ မဟုတ်ဘဲ အလကားရသော အရာဟူ၍ မရှိသည်ကို ကောင်းစွာ သိရှိပေ၏။ သို့သော် အမည်မဲ့တောင်၏ အနှစ်သာရကို မြင်တွေ့ခဲ့သူသာလျှင် ပန်ရှန်းဂိုဏ်း၏ လိုလားချက်ကို နားလည်နိုင်ပေလိမ့်မည်။

ရှန်းယီသည် မိမိကိုယ်မိမိ အထင်မကြီးသော်လည်း နတ်ဆိုးသက်တမ်းများစွာ ရှိနေသရွေ့ မျှော်လင့်ချက် ရှိနိုင်သည်ဟု ခံစားမိသည်။ သူသာ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့လျှင် ဆေးလုံး အနည်းငယ်ထက် ပိုမိုတန်ဖိုးရှိသော ကျင့်စဉ်များကို ပန်ရှန်းဂိုဏ်းအား ပြန်လည် ပေးအပ်နိုင်ပေလိမ့်မည်။

ထိုအခါ သူတို့ဘက်က ပိုမိုကြီးမားသော တောင်းဆိုမှုများကိုပင် သဘောတူပေလိမ့်မည်။

ထို့အပြင် သူသည် ရှန်းယွဲ့ပညာရပ် ကိုလည်း ဆက်လက် လေ့ကျင့်ရန် လိုအပ်သေးရာ၊ သူ၏ ဝိညာဉ်အင်အား ပြည့်စုံနေရန်မှာ အလွန် အရေးကြီးလှသည်။

မိမိ၏ နတ်ဆိုးသက်တမ်းများမှာ လွယ်လွယ်နှင့် ရခဲ့သည်မဟုတ်သဖြင့် ချွေတာနိုင်သမျှ သူ ချွေတာလိုပေ၏။

All Chapters