ကျော်ကြားမှုဆီသို့ တက်လှမ်းခြင်း ၃
Vol. 64 Ch. 632
မဟုတ်သေးပေ၊ ဤသည်မှာ မှားယွင်းနေသည် ဤသည်က မည်သို့သော တုံ့ပြန်မှုမျိုးနည်း။
ရှန်းယီ ဒုက္ခရောက်နေသည်ကို တွေ့လိုက်ရသည့်ခဏ၌၊ ဤသုံးဦးသည် အလိုအလျောက် သူတို့၏ ခန္ဓာကိုယ်များကို အသုံးပြု၍ သူ့ကိုကာကွယ်ပေးခဲ့ကြပြီး၊ ထို့နောက် ဆေးလုံးကို ယူဆောင်သည့် လုပ်ရပ်ကလည်း ဇဝေဇဝါဖြစ်မှုကို ပိုမိုတိုးပွားစေခဲ့သည်။
ဤ လူငယ်ကျင့်ကြံသူ၏ နောက်ခံမှာ သာမန်မဟုတ်ဟု ထင်ရသည်မဟုတ်ပါလော။
သို့သော်လည်း၊ စောစောက ဝေ့ယွမ်ကျိုး တောင်ကိုရှုစားချိန်၌ ဤသူကို လျစ်လျူရှုထားခဲ့ပုံရပြီး ထပ်မံ မိတ်ဆက်ပေးခဲ့ခြင်း မရှိပေ။
ယန်ယွင်ဟန် စပ်စုလိုစိတ်ရှိနေခဲ့လျှင်ပင်၊ တိုက်ရိုက်မေးမြန်း၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်ခြင်းက ဟုန် သားတော်ခုနစ်ပါး၏ တားမြစ်ချက်များကို ကျော်လွန်သွားပေလိမ့်မည်။
လောစရာမလိုပေ။ ရှန်းယီကို သိမ်းသွင်းရာတွင် ဆုံးဖြတ်ချက်မချမီ အခြေအနေကို နားလည်ထားခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင်၊ ဤလူငယ်လေးသည် ဂိုဏ်းချုပ်တစ်ဦးဦး၏ သားဖြစ်နေခဲ့ပါက၊ ပန်ရှန်းဂိုဏ်းမှ ပေးအပ်ခဲ့သော လက်ဆောင်များအားလုံးမှာ အလဟဿ ဖြစ်သွားမည်မဟုတ်ပါလော။
ထိုအတွေးဖြင့်၊ ယန်ယွင်ဟန်သည် ရှေ့သို့တိုးကာ ယန်ချုံးကျန်းအား ဆွဲကိုင်လိုက်ပြီး၊ သူ၏စိတ်ကို အရင်တည်ငြိမ်အောင်ထားရန် အချက်ပြလိုက်၏။
ရှန်းယီ၏ ယခင်တုံ့ပြန်မှုနှင့် ဤတာအိုကလေးငယ် များက သူ့ကို ဆေးလုံးမတိုက်ကျွေးလိုသည့် အချက်ကို ထည့်တွက်ကြည့်လျှင်၊ သူသည် မကြာမီတွင် အမည်မဲ့တောင်၏ တွန်းထုတ်ခြင်းကို ခံရလိမ့်မည်ဟု ခန့်မှန်းရသည်။
ဤကိစ္စမှာ ပြီးဆုံးသွားပုံရသည်။
သူ ထင်ထားသည့်အတိုင်းပင်...
အချိန်များ ကုန်လွန်သွားပြီး နေမင်းသည် အနောက်ဘက်သို့ ဝင်သွားခဲ့၏။
ထိုင်နေသော ရှန်းယီ၏ ကိုယ်ဟန်မှာ အနည်းငယ် တုန်ယင်လာပြီး၊ သူ၏ မျက်နှာသွေးရောင်မှာ အနည်းငယ်ပြန်လည်ကောင်းမွန်လာသော်လည်း၊ ချက်ချင်းပင် ပြန်လည် ဖျော့တော့သွားခဲ့သည်။
"သူ့ကို ဆေးလုံးတိုက်ဖို့ ပြင်ထားကြ၊ မဟုတ်ရင် သူ့ရဲ့ နတ်ဝိညာဉ် ထိခိုက်သွားလိမ့်မယ်။"
ယန်ချုံးကျန်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး အားလုံးကို သတိပေးရန် ထပ်မံပြောဆိုလိုက်၏။ တာအိုကလေးငယ်အုပ်စုအနေဖြင့် ဆေးလုံးတွင် တစ်ခုခု မှားယွင်းမှု ရှိ၊ မရှိ စစ်ဆေးရန် အချိန်အလုံအလောက် ရရှိခဲ့ပြီဖြစ်သည်။
စုဟုန်ရှို့သည် ဆေးလုံးကိုယူကာ၊ ရှန်းယီ၏ဘေးတွင် လှည့်လိုက်ပြီးဒူးထောက်ထိုင်ကာ၊ သူ၏ ပခုံးများကို ညင်သာစွာကိုင်ထားလျက် သူ မျက်လုံးဖွင့်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက်... သူမသည် အမွှေးတိုင်တစ်တိုင်စာ အချိန်အထိ စောင့်ဆိုင်းနေခဲ့၏။
"..."
သူမသည် ပန်ရှန်းဂိုဏ်းမှ နှစ်ဦးအား နားမလည်နိုင်သော အမူအရာဖြင့်ကြည့်လိုက်ရာ၊ ယန်ချုံးကျန်းနှင့် ယန်ယွင်ဟန်တို့၏ မျက်နှာများတွင်လည်း ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရပြီး၊ သူတို့၏ အံ့အားသင့်မှုမှာ သူမတို့ထက်ပင် ပို၍ သိသာထင်ရှားနေသေးသည်။
ရှန်းယီ၏ မျက်ခွံများသည် အချိန်မရွေး နိုးလာတော့မည့်အလား အနည်းငယ် တုန်ခါနေသော်လည်း၊ သူသည် လက်တစ်ချောင်းမျှပင် လှုပ်ရှားခဲ့ခြင်း မရှိပေ။
"သူ သတိလစ်သွားတာတော့ မဟုတ်ဘူးမလား။"
ယန်ယွင်ဟန်က မနေနိုင်ဘဲ မေးလိုက်သော်လည်း၊ သူ အမှန်တကယ် ပြောချင်သည်မှာ ဤရှန်းယီသည် မျက်နှာမပျက်စေရန်အတွက် နတ်ဝိညာဉ်ထွက်ခွာသွားသည့် အခြေအနေမျိုး ဟန်ဆောင်နေခြင်းလော ဆိုသည်ပင်ဖြစ်သည်။
အမည်မဲ့တောင်၏ တွန်းထုတ်မှုကို စိတ်စွမ်းအားသက်သက်မျှဖြင့် ခုခံ၍ ရနိုင်ပါမည်လော။ ဟာသပင်၊ ထိုတောင်ကို မည်သူများ မတက်ဖူးဘဲ နေမည်နည်း။
...
အမည်မဲ့တောင် အတွင်း၌
ရှန်းယီသည် တောင်တက်လမ်း အဝင်ဝတွင် တင်ပျဉ်ခွေထိုင်နေပြီး၊ သူ၏ နက်မှောင်သော မျက်လုံးများသည် ရှေ့မှ ကြမ်းတမ်းသော လမ်းကြောင်းပေါ်သို့ စူးစိုက်နေသည်။
သူ မတ်တပ်မရပ်ခဲ့သလို၊ ရှေ့သို့ ခြေတစ်လှမ်းမျှပင် မလှမ်းခဲ့ပေ။ သို့သော်လည်း၊ တောင်တက်ရာတွင် ခံစားရမည့် အရာအားလုံးသည် သူ၏အပေါ်သို့ အပြည့်အဝကျဆင်းနေခဲ့ပြီး၊ စစ်မှန်သော ရည်ရွယ်ချက်ကို အခြေခံမှစ၍ မြေပြင်ကျကျနားလည်သဘောပေါက်ထားသောကြောင့် တိုးတက်မှု နှေးကွေးကာ၊ ထို့ကြောင့် ရှန်းယီ ခံစားရသောညှဉ်းပန်းနှိပ်စက်မှုသည် အခြားသော တောင်တက်သူများထက် များစွာ ပိုမိုနိုင်ပေသည်။
မည်သို့ပင် တွက်ဆစေကာမူ၊ သူသည် ယခုအချိန်လောက်ဆိုလျှင် တွန်းထုတ်ခံရသင့်ပြီဖြစ်သည်။
သို့သော် မျက်နှာပြင်ပေါ်ရှိ ဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင်နေသည်နှင့်အမျှ၊ တောင်ကြီးမှာ အစွမ်းမဲ့သွားသကဲ့သို့ ဖြစ်နေပြီး၊ ရှန်းယီအားခေါင်းမာမာဖြင့် ဆက်လက် တောင့်ခံထားခွင့် ပေးနေခဲ့၏။
"ဟက်..."
ရှန်းယီသည် အသက်တစ်ချက် ရှူထုတ်လိုက်ပြီး၊ နောက်သို့ လန်မကျစေရန် သူ၏ ကိုယ်ဟန်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
နတ်ဆိုးဝိညာဉ်၏ အဖော်အကူမပါဘဲ၊ သက်တမ်းသုံးသောင်းခုနစ်ထောင်လုံးလုံးဖြင့် သူသည် ဤတောင်တက်လမ်းပေါ်သို့ ခြေမချခဲ့ဖူးသော်လည်း၊ ဤလမ်း၏ မြင်ကွင်းသည် သူ၏စိတ်ထဲတွင် ကြာမြင့်စွာကတည်းက စွဲထင်နေခဲ့ပြီဖြစ်သည်။
တဖြည်းဖြည်း မှေးမှိန်လာသော သူ၏ အကြည့်များထဲတွင်၊ ရိုးရိုးရှင်းရှင်း ကျောက်စာတိုင်တစ်ခု၏ အရိပ်သည် မှိန်ဖျော့ဖျော့ တောက်ပနေ၏။
၎င်းသည် လမ်းဘေးတွင် ပုံမှန်အတိုင်း တည်ရှိနေသည်။
နတ်ဘုရားများပင်လျှင် ၎င်းကို လက်တစ်ဆစ်မျှ ရွှေ့နိုင်မည် မထင်ရပေ။
ကျောက်စာတိုင်ပေါ်ရှိ ကြမ်းတမ်းစွာ ထွင်းထုထားသောစာလုံးနှစ်လုံးသည် တောင်တက်သူများအား ခေတ္တအနားယူနိုင်ကြောင်း သတိပေးနေပုံရသည်။
ရှန်းယွဲ့
ရှန်းယီသည် ကျန်ရှိနေသော သူ၏ နောက်ဆုံးအသိစိတ်ကို အသုံးပြု၍ မျက်နှာပြင်ကို ဖွင့်လိုက်၏။
[ပေါင်းစည်းတာအို - ရှန်းယွဲ့ ပညာရပ် - အခြေခံအဆင့် ]
အထူးပြုစာသားများမပါရှိသော်လည်း၊ အဆင့်သတ်မှတ်ချက်များနှင့် ပတ်သက်သည့် ဖော်ပြချက်များကိုကြည့်ရသည်မှာပင် ထိတ်လန့်ဖွယ်ကောင်းလှ၏။
ရှန်းယီသည် သူ၏ ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ နောက်သို့လဲကျသွားစဉ် လေးလံသော ခံစားမှုတစ်ခုက လိုက်ပါလာခဲ့သည်။ သူသည် တောင်တစ်ခုလုံး၏သုံးပုံတစ်ပုံ အမြင့်၌သာ တည်ရှိသော ရှန်းယွဲ့ကျောက်စာတိုင်ဆီသို့ အပေါ်သို့ ငေးမောကြည့်နေမိသည်... အပြည့်အစုံဖြစ်သော တောင် နိယာမ က အတိအကျ မည်သည့်အရာ ဖြစ်မည်နည်း။
နွေးထွေးမှုလှိုင်းလုံးတစ်ခုကို သူ ခံစားလိုက်ရသည်အထိပင်။ သူ မျက်လုံးများကို ထပ်မံ ဖွင့်လိုက်သောအခါ၊ သူသည် ရှေ့တွင် နိမ့်ကျသော တောင်ကုန်းငယ်နှင့်အတူ တင်ပျဉ်ခွေထိုင်လျက် ရှိနေဆဲပင်။
တောင်ပိုင်းဟုန်မှ တာအိုကလေးငယ် အနည်းငယ်နှင့် သူ၏ဘေးရှိ ပန်ရှန်းဂိုဏ်းမှ လူနှစ်ဦးတို့သည် သုံးရက်တိတိနောက်ထပ်တစ်ကြိမ် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြ၏။
အကယ်၍ ရှန်းယီသာ နိုးမလာခဲ့လျှင်၊
အမြဲတမ်း လှုပ်ရှားရန်ဝန်လေးတတ်သော ဘိုင်ဝူပင်လျှင် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးလုနီးပါးဖြစ်ကာ၊ သူ၏ မျက်ခုံးကို စမ်းသပ်ရန် လက်လှမ်းတော့မည်ဖြစ်သည်။
"..."
ယန်ချုံးကျန်းသည် စုဟုန်ရှို့ကို တစ်ချက်ကြည့်လိုက်ပြီး၊ သူမ နောက်ဆုံးတွင် လက်ကို အောက်ချလိုက်သည်ကို မြင်သောအခါ၊ သူ ဆုပ်ကိုင်ထားသောစိုးရိမ်ပူပန်မှုများကို လွှတ်ချလိုက်သည်။
၎င်းမှာ သူက ထိုမိန်းမကို ကြောက်နေသောကြောင့်တော့ မဟုတ်ပေ။
သူတို့၏ ဆရာရှိနေသည်ကို ထည့်မပြောလျှင်ပင်၊ တစ်ယောက်ချင်း ယှဉ်ချလျှင်လည်း ဤ ကောင်းကင်ဓား တာအိုကလေးငယ်ကို သူ ရှုံးနိမ့်မည်ဟု မယုံကြည်ပေ။
ယန်ချုံးကျန်းကို အမှန်တကယ် စိုးရိမ်စေသည်မှာ နားလည်မှုလွဲမှားခြင်းမှတစ်ဆင့် ပန်ရှန်းဂိုဏ်းနှင့် ဟုန်သားတော်ခုနစ်ပါးကြား လုံးဝ အဆင်မပြေဖြစ်သွားမည်ကို မလိုလားသောကြောင့်ဖြစ်သည်။
သေချာသည်မှာ၊ သူ တိတ်ဆိတ်နေခဲ့ရခြင်း၏ အကြောင်းရင်းမှာ၊ရှန်းယီ မျက်လုံးမဖွင့်မီတွင် ပန်ရှန်းဂိုဏ်း၏ တာအိုကလေးငယ်ဖြစ်သော သူကိုယ်တိုင်ပင် အမည်မဲ့တောင်၌ တစ်ခုခု မှားယွင်းနေပြီလောဟု မရေမရာ သံသယဝင်လာသောကြောင့်ဖြစ်သည်။
ကျင့်ကြံသူတစ်ဦး ဤမျှအထိ အင်အားကုန်ခမ်းနေသောအခြေအနေသို့ ရောက်ရှိနေသည်ကိုပင် အပြင်သို့ မည်သို့လျှင် ပေးမထွက်ဘဲ နေနိုင်မည်နည်း။
"မိတ်ဆွေလေးရှန်း၊ မင်း နောက်ဆုံးတော့ နိုးလာပြီပဲ။ တစ်ခုခုများ ရလိုက်သေးလား။" ယန်ယွင်ဟန်သည် သက်ပြင်းချလိုက်ပြီး၊ တောင့်တင်းနေသော လေထုကို အတင်းပြုံးပြလျက် ဖြိုခွဲရန် ကြိုးစားလိုက်သည်။
ထိုစကားကို ကြားသောအခါ၊ ယန်ချုံးကျန်းသည်လည်း အလေးအနက် လှမ်းကြည့်လိုက်၏။ သူသည် တည်ငြိမ်နေပုံပေါ်ရန် ကြိုးစားသော်လည်း၊ တင်းကျပ်စွာ ဆုပ်ထားသော သူ၏ လက်သီးက သူ၏ အတွင်းစိတ်ထဲမှ လေးနက်မှုကို ဖော်ပြနေသည်။
ဤသုံးရက်အတွင်း အမည်မဲ့တောင်ထဲတွင် ရှန်းယီ အတိအကျ မည်သည့်အရာကို ရရှိခဲ့သနည်း။
ဝေ့ယွမ်ကျိုးနှင့် သူ၏ အဖော်နှစ်ဦးတို့မှာ စိုးရိမ်သောအမူအရာများ ရှိနေသော်လည်း၊ သိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းကြည့်နေကြသည်။
ဤသုံးရက်ကို သူတို့ မည်သို့ ကျော်ဖြတ်ခဲ့ရသည်ဆိုသည်ကို ကောင်းကင်ဘုံကသာ သိလိမ့်မည်။ သို့သော် ယခု ဂိုဏ်းချုပ်ရှန်း နိုးလာသည်ကို နောက်ဆုံး မြင်တွေ့လိုက်ရသောအခါ စုဟုန်ရှို့ပင်လျှင် သူမကိုယ်သူမ မထိန်းနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
"အင်း။"
ရှန်းယီသည် သူ၏ နတ်ဝိညာဉ်၏ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချရင်း၊ တစ်ခဏမျှ စဉ်းစားပြီးနောက် တိုးတိုးလေး ပြောလိုက်၏။ "နည်းနည်းပါးပါးတော့ သဘောပေါက်သွားတယ်။"
ဤစကားကို ကြားလိုက်ရသောအခါ၊ယန်ယွင်ဟန်နှင့် ယန်ချုံးကျန်းတို့ အံ့အားသင့်သွားကြသည်။ သူတို့ တစ်စုံတစ်ခု ထပ်ပြောတော့မည့် အချိန်တွင်ပင်၊ ရှန်းယီထံမှ ဂရုတစိုက်မရှိဘဲယိုစိမ့်ထွက်လာသောစွမ်းအင်အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
၎င်းမှာ ပြီးပြည့်စုံသော ရှန်းယွဲ့၏ စစ်မှန်သော ရည်ရွယ်ချက် ပင်ဖြစ်သည်။
"..."
ရှန်းယီသည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ ပြင်းထန်သော ဖိအားမှလွတ်မြောက်ပြီးနောက် သူ အနည်းငယ်ပေါ့ဆသွားမိကာ၊ အမှတ်တမဲ့ တစ်စုံတစ်ခုကို လွတ်ထွက်သွားစေခဲ့ကြောင်း သိလိုက်သည်။
သူသည် ပန်ရှန်းဂိုဏ်းက သဘောထားသေးသိမ်မည်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။ သို့သော် ထိုကျောက်စာတိုင်အကြောင်းကို အခြားသူများ သိသွားမည်ကို မလိုလားခြင်းဖြစ်သည်။
"မင်း—"
ရုတ်တရက်၊ ယန်ချုံးကျန်းသည် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားခဲ့၏။ အနည်းငယ် သဘောပေါက်သွားသည် ဆိုသည်ကို မေ့လိုက်ပါတော့၊ ပြီးပြည့်စုံသော စစ်မှန်သည့်ရည်ရွယ်ချက်က တစ်ဖက်လူသည် ရှန်းယွဲ့ ပညာရပ် တစ်ခုလုံးကို ကျက်မှတ်ပြီးသွားပြီဖြစ်ကြောင်း ပြသနေသည်မဟုတ်ပါလော။
ထိုအရာက သူ၏ သက်တမ်း တစ်သောင်း အချိန်ယူခဲ့ရသော အရာဖြစ်သည်။
သို့သော် ဤလူက သုံးရက်သာ အချိန်ယူခဲ့သည်တဲ့လော။
ယန်ချုံးကျန်းသည် ယိမ်းယိုင်သွားသော်လည်း သူ၏ကိုယ်သူ ပြန်လည် ထိန်းလိုက်ပြီး၊ တစ်စုံတစ်ခုကို တွေးမိကာရုတ်တရက် လှည့်၍ ပင်မခန်းမဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားတော့သည်။
အရှက်အကြောက်ဆိုသည်ကို ဂရုမစိုက်နိုင်တော့ပေ။
ဟုန်သားတော်ခုနစ်ပါးလား ဒိုးလိုက်တော့။
တာအိုကလေးငယ် ဂုဏ်ပုဒ်လား သောက်ကျိူနည်းဒိုးစမ်း။
ဤတပည့်ကို ပန်ရှန်းဂိုဏ်း အတွက် သူ သိမ်းပိုက်ရမည်။
တစ်ဖက်လူသည် ပန်ရှန်းဂိုဏ်း သမိုင်းတစ်လျှောက်တွင် တောင်တစ်ခုလုံး၏ နိယာမများကို ဆုပ်ကိုင်နိုင်မည့် အလားအလာရှိသော တစ်ဦးတည်းသောသူ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သူသည် ပန်ရှန်းဂိုဏ်းကို ဟုန်ကျယ်ဒေသကြီး၌ အနန္တတာအိုအင်ပါယာဂိုဏ်း နှင့် ရင်ပေါင်တန်းနိုင်သော ထိပ်တန်းအင်အားစုတစ်ခု ဖြစ်လာစေရန်ပင် တွန်းတင်ပေးနိုင်ပေသည်။
ဤကဲ့သို့သော အခွင့်အရေးမျိုး၏ ရှေ့မှောက်တွင်...တောင်ပိုင်းဟုန်မှ တာအိုကလေးငယ်အနည်းငယ်ကို ထားလိုက်ပါတော့၊ ဂိုဏ်းချုပ်တစ်ဦးရောက်လာလျှင်ပင် မည်သည့် ယဉ်ကျေးမှုမျှ ပြသနေစရာ မလိုတော့ပေ။