← Chapters

အခန်း (၂၁၇၁-၂၁၇၂)

Vol. 156 Ch. 2171-2172

အခန်း (၂၁၇၁-၂၁၇၂)

Vol. 156 Ch. 2171-2172

အပိုင်း(၂၁၇၁)

"ကျိကျိ... ကျိကျိ..."

တောက်ပစိုပြည်သော နေရောင်ခြည်သည် ဂျိုးငှက်နီမြို့တော် ဝေ့မျိုးနွယ်စု၏ အကြီးအကဲ ခြံဝင်းအတွင်းသို့ ဖြာကျနေသည်။ ဝဲဂယက် သဖွယ် လှည့်ပတ်နေသည့် မြေနီဖုန်မှုန့်များသည် တေးဆိုငှက်များ၊ သပ်ရပ်သော အဆောက်အအုံများ၊ လတ်ဆတ်သော မြက်ခင်းပြင်များ၊ စင်ကြယ်သော လေထုနှင့် ပန်းမျိုးစုံ စိုက်ပျိုးထားသော ဥယျာဉ်ထဲမှ ပီယိုနီ၊ သစ်ခွနှင့် အဇေလီယာ ပန်ူများအဖြစ် မှော်ဆန်စွာ ပြောင်းလဲသွားခဲ့သည်။

နေရောင်ခြည်က နုပျိုသော မျက်နှာကို လာရောက်ထိတွေ့သောအခါ သူ့ မှတ်ဉာဏ်ထဲ၌ စွဲထင်နေသော ထိုနေ့က အပူရှိန်အတိုင်း တထပ်တည်း ပြန်လည် ခံစားလိုက်ရသည်။ ဤနစ်မွန်းမှုမှာ မှတ်ဉာဏ်တစ်ခုထက် ပိုလာခဲ့ပြီး အိပ်မက်ဆန်သော အခြေအနေမှသည် ခွဲခြား၍မရနိုင်သော လက်တွေ့ဘဝ အစစ်အမှန်အဖြစ်သို့ ပြိုဆင်းသွားတော့သည်။ မကြာမီမှာပင် ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာနှင့် ဗီဇအသိစိတ်တို့သည် ဤအရာအားလုံးကို အတုအယောင်ဟု မခံစားရတော့ချေ။

"ဝေ့လေး..."

လူငယ်လေးမှာ အခန်းထဲမှ အလောတကြီး ခြေလှမ်းများဖြင့် ပြေးထွက်လာခဲ့သည်။

"ဟုတ်ကဲ့ အဖေ..."

လူငယ်လေးမှာ ကလေးငယ်တစ်ဦး၏ နာခံမှုနှင့် မိဘအပေါ် သိတတ်မှုတို့ ပြည့်နှက်နေသော အသံဖြင့် ထူးလိုက်၏။ သူ တဒိန်းဒိန်း ခုန်နေသော နှလုံးသားကို ငြိမ်သက်စေကာ ဤလက်တွေ့ဘဝသစ်ထဲသို့ စိတ်ကို အပြည့်အဝ နှစ်မြှုပ်လိုက်သည်။

ပြင်ပသို့ ရောက်ရှိသည်နှင့် တပြိုင်နက် လူငယ်လေးသည် လွမ်းဆွတ်ဖွယ်ကောင်းသော သူ၏ အဖေ၊ အမေ၊ အစ်ကိုကြီးတို့နှင့်အတူ အခြားသော သူစိမ်းနှစ်ဦး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို မြင်တွေ့လိုက်ရသည်။

အမျိုးသားမှာ အနည်းငယ် အသက်ကြီးရင့်သူ ဖြစ်ပြီး ကျောကုန်းမှာ အနည်းငယ် ကိုင်းနေသည်။ အဖြူရောင် ဆံပင်နှင့် မုတ်ဆိတ်ရှည်များ ရှိကာ နွယ်ပင်ပုံစံများ ရစ်ပတ်ထားသော သစ်သားတောင်ဝေးကို အားပြုထားသည်။ သူသည် မီးခိုးရောင်နှင့် အပြာရင့်ရောင် ဝတ်စုံကို ဆင်မြန်းထား၏။ သူ၏ အရှိန်အဝါမှာ ဉာဏ်ပညာ ကြီးမားသူ၊ အတွေ့အကြုံ ရင့်ကျက်သူတစ်ဦး၏ ပုံရိပ်ကို ပေးစွမ်းနေသည်။ အသက် ၇၀ ကျော်ဟု ထင်ရသော သူ၏ ရုပ်သွင်မှာ ထိုအထင်အမြင်ကို အပြည့်အဝ ကိုယ်စားပြုနေသည်။ သို့သော်လည်း သူ၏ မျက်လုံးများမှာ မှေးစင်းနေသဖြင့် သူ၏ အကြည့်နှင့် အတွေးများကို ခန့်မှန်းရန် ခက်ခဲလှသည်။

အမျိုးသမီးမှာမူ မတ်မတ်နှင့် တည်ငြိမ်သော ကိုယ်ဟန်ရှိသည်။ အရပ်မှာ ပျမ်းမျှထက် အနည်းငယ် မြင့်ပြီး ဝေ့ဝူယင်၏ မိခင်ထက် စင်တီမီတာ အနည်းငယ်မျှ ပိုမြင့်သည်။ သူမသည် မိုးမခပင်လေးကဲ့သို့ သွယ်လျကာ မီးခိုးရောင်နှင့် အစိမ်းရောင် ရောယှက်ထားသော ကြော့ရှင်းသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။

သူမ၏ ဖြူရော်နေသော မျက်နှာမှာ အလွန်ပင် လှပသည်။ ပျားပိတုန်း အလား နက်မှောင်သော ဆံကေသာများကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ဝေ့ဝူယင်၏ မိခင်နှင့် နှိုင်းယှဉ်လျှင်မူ သူမ၏ အလှမှာ သိသိသာသာ လျော့ပါးနေသည်။

သို့သော် အသိသာဆုံးမှာ ထိုအမျိုးသမီးထံမှ ထွက်ပေါ်နေသော အေးစက်သည့် ဂုဏ်သိက္ခာပင် ဖြစ်သည်။ သူမ၏ ကိုယ်ဟန်ကို ကြည့်ရုံမျှဖြင့် အောင်မြင်မှုများမှ ဆင်းသက်လာသည့် မာနထောင်လွှားမှုကို တွေ့မြင်နိုင်၏။ ပန်းရောင်ခြယ်ထားသော နှုတ်ခမ်းနှင့် တလက်လက် တောက်ပနေသော ရွှေရောင်မျက်ဝန်းများက သူမအား ချဉ်းကပ်ရန် ခက်ခဲသူတစ်ဦးအဖြစ် ဖော်ပြနေသည်။

ထိုနှစ်ဦးမှာ ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ဝေ့ဝူယင်က မိဘများ သင်ကြားပေးထားခဲ့သည့် အတိုင်း စည်းစနစ်တကျ ပြုမူကာ သူတို့နှစ်ဦးရှေ့သို့ ရောက်သောအခါ ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ကျွန်တော် နောက်ကျသွားတဲ့ အတွက် ခွင့်လွှတ်ပေးပါ စီနီယာတို့ခင်ဗျာ..."

"အိုး ဟိုး..."

အဘိုးအိုက သူ၏ မုတ်ဆိတ်ရှည်ကို အသာအယာ ပွတ်သပ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ ဖတ်ရခက်သဖြင့် သူက စိတ်ဝင်စားနေသည်လား သို့မဟုတ် စိတ်ဆိုးသွားသည်လား ဆိုသည်ကို ခွဲခြားရန် ခက်ခဲသည်။

"တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ"

အဘိုးအိုက အိုမင်းရင့်ရော်သောအသံဖြင့် မှတ်ချက်ပေးလိုက်သည်။

"ကျွန်တော့်ရဲ့ အငယ်ဆုံးသားလေးက ယဉ်ကျေးမှုတွေကို သင်ယူနေတုန်းမို့ပါ... ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုတွေကို ခွင့်လွှတ်ပေးပါ ဝန်ကြီးလုံ...”

ဝေ့ဝူယင်၏ ဖခင်က မိမိကိုယ်မိမိသာ အပြစ်တင်လျက် နှိမ့်ချစွာ တောင်းပန်လိုက်သည်။

"ကိစ္စမရှိပါဘူး"

အဘိုးအိုက ပြုံးခြင်း၊ မဲ့ခြင်းမရှိဘဲ လက်ကာပြလိုက်သည်။ သူသည် ဝူနိုင်ငံ၏ နန်းတွင်းအခမ်းအနားမှူး ဝန်ကြီးလုံ ဖြစ်သည်။ သူသည် ကံကောင်းခြင်း၊ မိုးလေဝသနှင့် အသက်ရှည်ခြင်းဆိုင်ရာ နတ်ပူဇော်ပွဲများ အပါအဝင် အခမ်းအနား အရပ်ရပ်ကို စီစဉ်ဆောင်ရွက်ရသူ ဖြစ်သည်။ သူ၏ အာဏာနှင့် အဆင့်အတန်းမှာ အလွန်မြင့်မားလှသဖြင့် ဂျိုးငှက်နီမြို့တော်ကဲ့သို့ မြို့ငယ်လေးတွင် သူ့ကို မြင်တွေ့ရခြင်းမှာ အလွန် ထူးခြားဆန်းပြားသော ဖြစ်ရပ်ပင်။

ဝန်ကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဟု ဆိုကြသည်။ ဝူနိုင်ငံ၏ ဘွဲ့ထူးများအရ သူသည် နိုင်ငံတော်၏ တရားဝင် သေမျိုးနတ်ဘုရား တစ်ပါး ဖြစ်သည်။ ဖန်တီးခြင်းစွမ်းအားကို ပိုင်ဆိုင်ပြီး သာမန်သေမျိုးတို့၏ အသိဉာဏ်ကို ဖီဆန်နိုင်သော နက်နဲသည့် စွမ်းရည်များ ရှိသူဖြစ်သည်။ ဂျိုးငှက်နီမြို့တော်သားများအတွက်မူ ဝန်ကြီးလုံမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

သို့သော် ကျင့်ကြံခြင်း အခြေခံအရမူ သူသည် ချီပျစ်ခဲခြင်း အဆင့်ခြောက် ဖြစ်သော မှားသောအမှန် အဆင့်တွင်သာ ရှိသေးသည်။

"ငါတို့ အစောပိုင်းက စကားဝိုင်းကို ဆက်လိုက်ကြမလား"

ဝန်ကြီးလုံက မေးလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ပါခင်ဗျာ..."

ဝေ့ဝူယင်၏ ဖခင်မှာ သူ၏ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများကို မဖုံးကွယ်နိုင်ဘဲ စကားများပင် ထစ်ကုန်သည်။ ၎င်းမှာ သူ အမြဲတမ်း ပိုင်ဆိုင်ထားသည့် အင်အားကြီးမားမှု၊ ယုံကြည်စိတ်ချရမှုနှင့် ခေါင်းဆောင်မှုပုံစံတို့နှင့် လုံးဝ မတူညီချေ။ ဤအချက်က ဝေ့ဝူယင်၏ နှလုံးသားထဲတွင် ထိုဧည့်သည်နှစ်ဦး၏ အရေးပါမှုကို ပိုမို အားကောင်းစေသည်။ ဤကမ္ဘာသည် အတုအယောင်မှန်း သိနေသော်လည်း ၎င်းမှာ ဗီဇအရ ရှောင်လွှဲ၍မရသော ခံစားချက်ပင် ဖြစ်သည်။

ဝေ့ဝူယင်၏ ဖခင်က ဝန်ကြီးဘေးတွင် ရပ်နေသော လှပသောအမျိုးသမီးဘက်သို့ လှည့်ကာ သတိကြီးစွာဖြင့် မေးမြန်းလိုက်၏။

"သူတော်စင် ရှောင်ထျန်း ပြောတာ တကယ်ပဲလားခင်ဗျာ... ကျွန်တော့်ဇနီးရဲ့ ဝေဒနာကို ကုသနိုင်တယ်ဆိုတာ ဟုတ်ပါသလား"

အလွန်လှပသော အမျိုးသမီးသည် ဂရုမစိုက်ဟန်ဖြင့် မျက်တောင်ခတ်လိုက်ပြီး၊ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော မိခင်ဖြစ်သူကို စိုက်ကြည့်လိုက်သည်။ သူမ၏ အကြည့်ထဲတွင် စိတ်ဝင်စားမှု ကင်းမဲ့နေသော်လည်း၊ သူမ ရှိနေရုံမျှဖြင့် ဘဝ၏ အကြီးမားဆုံးသော ပြဿနာများကိုပင် ဖြေရှင်းနိုင်လိမ့်မည်ဟူသော လျှို့ဝှက်ဆန်းပြားသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ ၎င်းမှာ မေ့နိုင်ဖွယ်မရှိသော မြင်ကွင်းတစ်ခုပင်။

သူမက နှုတ်ခမ်းကို အသာလှုပ်ယမ်းလိုက်ရာ လူတိုင်း၏ နှလုံးသားများမှာ လှုပ်ခတ်သွားခဲ့သည်။

"ကျွန်မ ကြည့်ရသလောက်တော့... အမှန်တကယ် ဖြစ်နိုင်ပါတယ်"

အစ်ကိုကြီးမှာ အလွန်အမင်း ပျော်ရွှင် တက်ကြွသွားကာ ဒူးထောက်တောင်းပန်လိုသော ဆန္ဒများ သူ၏ ဦးနှောက်ထဲသို့ တိုးဝင်လာ၏။ သူက ဤလက်တွေ့ဘဝထဲတွင် လက်တွေ့ လုပ်တော့မည့် အလား ပြင်လိုက်သည်။

"..."

ဝေ့ဝူယင် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ပါးနပ်စွာဖြင့် ကိုယ်လုံးချင်း တိုက်လိုက်၏။ အစ်ကိုကြီးမှာ ရှေ့သို့ အနည်းငယ် ယိုင်သွားပြီး အာရုံများ ခဏတာ ပြတ်တောက်သွားခဲ့သည်။ ထိုအခိုက်အတန့်ကို အသုံးချ၍ ဝေ့ဝူယင်သည် အရှေ့သို့ တစ်လှမ်းတက်ကာ လက်သီးဆုပ်လျှက် သူတော်စင် ရှောင်ထျန်းနှင့် ဝန်ကြီးလုံတို့ကို အရိုအသေပေးလိုက်သည်။

"ကျွန်တော့်အမေကိုသာ ကူညီပေးနိုင်မယ်ဆိုရင်... အဲ့ဒီအရာက ဓားတောင်မီးလျှံပဲဖြစ်ဖြစ်၊ အဆုံးမဲ့မှောင်မိုက်တဲ့ လောကကြီးပဲဖြစ်ဖြစ် ကျွန်တော် ဘာကိုမှ မတွန့်ဆုတ်ဘဲ ရှေ့ဆက်ပါ့မယ်၊ ကျွန်တော့်အသက်ကို ပေးရမယ်ဆိုရင်တောင်မှပေါ့"

ဝေ့ဝူယင်၏ စကားလုံးများမှာ ကြည်လင်ပြတ်သားပြီး သူ၏ နှလုံးသားထဲမှ စစ်မှန်သော ခံစားချက်တို့ ပါဝင်နေသည်။ သူ၏ ဝိညာဉ်မှာ ဤဒိုင်မန်းရှင်း၏ လွှမ်းမိုးမှုအောက်သို့ ပိုမိုနက်ရှိုင်းစွာ နစ်ဝင်သွားသည်ကို သူ ခံစားလိုက်ရသည်။

အကယ်၍ ကောင်းကင်ဘုံ နတ်မျက်လုံးသာ မရှိပါက သူ၏ ဝိညာဉ် ဆယ်ပုံတစ်ပုံခန့်မှာ မြေနီဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်ကို သူ မြင်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဝေ့ဝူယင်ရော၊ သူ၏အတွင်း၌ ရှိနေသော အခြားတည်ရှိမှုများပါ ၎င်းကို တားဆီးရန် မကြိုးစားခဲ့ကြချေ။ သူတို့သည် ဝိညာဉ်ပေါ်တွင် ကပ်ငြိလာသော ဖုန်မှုန့်မှုန်တိုင်းကို လက်ခံလိုက်ကြသည်။

သူစိမ်းတစ်ဦး၏ ရှေ့တွင် ဒူးထောက်ခြင်းမှာ အစ်ကိုကြီး နှစ်ပေါင်းများစွာ သွန်သင်လာခဲ့သည့် "လုံးဝမပြုလုပ်ရမည့်" တားမြစ်ချက်တစ်ခု ဖြစ်သည်။ အကယ်၍ ထိုစဉ်က အစ်ကိုကြီးသာ ဒူးထောက်လိုက်ပါက သူ၏ အနာဂတ် ဆေဘာ ရည်ရွယ်ချက်မှာ ဘယ်သောအခါမှ ပွင့်လန်းလာမည် မဟုတ်ပေ။ မိဘများ ပျောက်ဆုံးသွားပြီးနောက် ဆင်းရဲဒုက္ခများ ကြုံတွေ့ရသော်လည်း ဝေ့ဝူယင်ကို ပြုစုစောင့်ရှောက်နိုင်ခဲ့သည့် ထိုမယိုင်လဲသော စိတ်ဓာတ်ခွန်အားမှာ ဤကဲ့သို့သော မာန်မာနကြောင့်ပင် ဖြစ်သည်။

ဤဝင်ရောက်စွက်ဖက်မှုမှာ သေးငယ်သည်ဟု ထင်ရသော်လည်း၊ အကယ်၍ အစ်ကိုကြီးသာ ဒူးထောက်လိုက်ပါက သူ၏ ဆေဘာ ရည်ရွယ်ချက်မှာ ပျက်စီးသွားနိုင်ပြီး သူ၏ ဘုရင် နှင့် ကျင့်ကြံခြင်း အဆက်အသွယ်မှာလည်း ထိုနေရာ၌ပင် ပြတ်တောက်သွားပေလိမ့်မည်။ ဝိညာဉ်တွင် မြေနီဖုန်မှုန့်များ ပိုမိုဖုံးလွှမ်းသွားရခြင်းမှာ ဤအတွက် ပေးဆပ်ရသော လဲလှယ်မှုတစ်ခုမျှသာ ဖြစ်သဖြင့် ဝေ့ဝူယင်အတွက် လက်ခံနိုင်ဖွယ် ရှိသည်။

သို့သော် ဤအချက်က ငရဲ၏ စီမံမှုမှာ လူတစ်ဦး၏ အနှစ်သာရ တည်ရှိမှုကို ပျက်စီးစေပြီး သူ၏ ယခင်အတ္တကို အလုံးစုံ သန့်စင်ပစ်ရန် ရည်ရွယ်ကြောင်း ဝေ့ဝူယင်ကို သတိပေးနေသည်။

ဝေ့ဝူယင်၏ ဦးညွှတ်မှုကို မြင်လိုက်ရသောအခါ အစ်ကိုဖြစ်သူမှာ တိတ်ဆိတ်သွားပြီး သူ၏မျက်ဝန်းများတွင် မျက်ရည်စများ ဝဲတက်လာသည်။ သို့သော် ထိုမျက်ရည်များမှာ ကျမလာခဲ့ချေ။ ယင်းအစား သူ၏မျက်ဝန်းများတွင် ခိုင်မာသော ခွန်အားနှင့် ဂုဏ်ယူမှု အရိပ်အယောင်များသာ တောက်ပလာခဲ့သည်။ ကလေးငယ်တစ်ဦးထံမှ ယခုကဲ့သို့သော ခွန်အားနှင့် ဆုံးဖြတ်ချက်ကို တွေ့ရခြင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပြီး ၎င်းမှာ သူ၏ညီလေး ဖြစ်နေသောကြောင့် ပို၍ပင် ထူးခြားနေသည်။

***

အပိုင်း(၂၁၇၂)

သူတော်စင် ရှောင်ထျန်း၏ မျက်နှာအမူအရာပင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ဝေ့ဝူယင်၏ လေသံထဲတွင် သူမ တစ်ခါမျှ မကြားဖူးသော စစ်မှန်သည့် ခံစားချက်များ ပါဝင်နေသဖြင့် သူမ၏ ဂရုမစိုက်ဟန် မျက်နှာမှာ ခဏတာမျှ ပျက်ယွင်းသွားခဲ့သည်။ သူမကိုယ်တိုင်ပင် ဤသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

"ဟိုး... ဟိုး... မင်းရဲ့ မှတ်ချက်ကို ပြန်ရုပ်သိမ်းရတော့မယ် ထင်တယ် ဝူညီအစ်ကိုရေ... မင်းရဲ့ အငယ်ဆုံးသားလေးက ခြင်္သေ့တစ်ကောင်ရဲ့ နှလုံးသားမျိုး ရှိသလို ယဉ်ကျေးမှုကိုလည်း တတ်သိနားလည်တယ်၊ တကယ်ကို မျိုးစေ့ကောင်းလေးပဲ"

ဝန်ကြီးလုံက အပြုံးရိပ်ဖြင့် မှတ်ချက်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဝန်ကြီးလုံ..."

ဝေ့ဝူယင်၏ ဖခင်က အလျင်အမြန် ပြန်လည်တုံ့ပြန်လိုက်ပြီး သူ၏နှလုံးသားထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက် သွားခဲ့သည်။

"ကောင်းပြီ... အငယ်ဆုံးလေးက တာဝန်ယူလိုစိတ် အပြည့်ရှိနေပေမဲ့၊ ငါတို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကတော့ ထမ်းပိုးရမှာ သိပ်မလွယ်ဘူးနော်"

ဝန်ကြီးလုံက စေတနာဖြင့် သတိပေးလိုက်သည်။

‘မှန်တယ်... ဝန်ကြီးလုံလို လူတစ်ယောက်က အဂ္ဂိရတ် နတ်ဘုရားတစ်ပါးနဲ့အတူ ဒီကို ရောက်နေတယ်ဆိုတာ သူ့ရဲ့ ရည်ရွယ်ချက်က မရိုးရှင်းနိုင်ဘူး၊ ပြီးတော့ ပြင်းထန်တဲ့ ကတိကဝတ်တွေလည်း ရှိနိုင်တယ်၊ ဒါပေမဲ့ မြို့ငယ်လေးမှာ နေတဲ့ မျိုးနွယ်စုငယ်လေးဆီကနေ သူ ဘာကို လိုချင်လို့လဲ...’

ဝေ့ဝူယင် တွေးတောနေမိသည်။ သူ၏ စိတ်အာရုံမှာ ဤကမ္ဘာထဲသို့ ပိုမိုနစ်ဝင်သွားသည်နှင့်အမျှ သူ၏ဝိညာဉ် ဖုံးလွှမ်းမှုမှာ ၁၃ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

သို့သော် သူ၏အတွေးတစ်စိတ်တစ်ပိုင်းမှာ အခြားအရာတစ်ခုပေါ်သို့ အာရုံရောက်နေသည်။

‘ငရဲမှာလည်း ဥပဒေတွေ ရှိတယ်၊ ပြီးတော့ ဒီလက်တွေ့ဘဝကို ဖန်တီးနိုင်တယ်ဆိုရင် ကျန်တာတွေအားလုံးက ကောင်းကင်ဘုံရဲ့ ဥပဒေတွေနဲ့ ကိုက်ညီရမယ်၊ အမေရဲ့ မှတ်ဉာဏ်ဝေဒနာအတွက် ဘယ်လိုအဖြေပဲရှိရှိ အဲ့ဒါက လက်တွေ့မှာလည်း အလုပ်ဖြစ်ရမယ်...’

ဟုတ်သည်။ အကြောင်းရင်း အပါအဝင် အဖြေရှာရန် ဖြစ်သည်။ စတုတ္ထမြောက် ကပ်ဘေးက ဤအဖြေကို ပေးနိုင်မည်လော။ သူ အလွန် သိချင်နေမိသည်။

"ဟုတ်ကဲ့ပါ ဝန်ကြီးလုံ၊ မဖြစ်မနေ အခြေအနေမျိုးကလွဲရင် ကျွန်တော့်သားတွေကို ဒီကိစ္စမှာ တာဝန်မပေးပါဘူး..."

ဝေ့ဝူယင်၏ ဖခင်က သူ၏သားနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့သာ တာဝန်ယူရမယ်ဆိုရင်တော့ သူတို့အမေအတွက် နဂါးတွေကို တိုက်ခိုက်ပြီး နတ်ဘုရားတွေကိုတောင် သတ်ဖြတ်ကြလိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်..."

"တစ္ဆေတွေ၊ မိစ္ဆာတွေ၊ နတ်ဘုရားတွေနဲ့ နဂါးတွေ..."

ဝေ့ဝူယင်နှင့် အစ်ကိုကြီးတို့မှာ ခါးကိုမတ်၊ ရင်ကိုဖွင့်ကာ ကျယ်လောင်သော အသံများဖြင့် ဂုဏ်ယူစွာ ကြွေးကြော်လိုက်ကြသည်။ လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်၍ ကျန်လက်တစ်ဖက်ကို နောက်ပစ်ကာ ခါးကို မတ်မတ်ထားလျက် လက်သီးတင်းတင်းဆုပ်ထားသည့် ဤအလေးပြုပုံမျိုးကို ဝေ့ဝူယင် မလုပ်ခဲ့ရသည်မှာ နှစ်ပေါင်း တစ်ရာနီးပါး ရှိခဲ့ပြီဖြစ်သည်။

မမြင်ရသော မြေနီဖုန်မှုန့်များမှာ ပိုမိုမြန်ဆန်စွာ ဝဲလှည့်လာသည်။

၁၇ ရာခိုင်နှုန်း...

"တကယ်ကို စိတ်ဓာတ်ပြင်းထန်ကြတာပဲ... ဟား ဟား... ကောင်းတယ်... ကောင်းတယ်..."

ဝန်ကြီးလုံမှာ အံ့အားသင့်သွားပြီး မျိုးစေ့ကောင်း နှစ်ခုကို တွေ့လိုက်ရသဖြင့် သူ၏ခံစားချက်နှင့် အမြင်မှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

ဝေ့ဝူယင်၏ မိခင်မှာ မျက်ရည်များ ဝဲနေခဲ့၏။ သူမသည် ဝေ့ဝူယင်နှင့် အစ်ကိုကြီးတို့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ သူမသည် သူတို့ကို မကြာခဏ မေ့လျော့နေတတ်သော်လည်း၊ ယခုကဲ့သို့ ဖြစ်ရပ်တိုင်းတွင် သူတို့ မည်မျှအထိ ခံစားခဲ့ရမည်ကို သူမ သိသည်။ ထို့ကြောင့် သားလေးများက သူမကို ဤမျှအထိ ချစ်မြတ်နိုးကြခြင်းက သူမ၏ လက်ရှိခံစားချက်များကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။

ထိုနွေးထွေးမှုကို နောက်တစ်ကြိမ် ခံစားလိုက်ရသောအခါ ဝေ့ဝူယင်မျာ ထိုခံစားချက်ထဲတွင် နစ်မျောသွားခဲ့သည်။ အထူးသဖြင့် သူမ၏ ရနံ့က သူ့ကို အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်စေသည်။

၂၄ ရာခိုင်နှုန်း...

"ကောင်းပြီ... ကောင်းပြီ... ငါ့မျက်လုံးအစုံက မျက်ရည်တွေဝဲပြီး ငါ့ပုံရိပ်ကို ထိခိုက်မလာခင် ဝေ့မျိုးနွယ်စု ဘာလုပ်ပေးရမလဲဆိုတာ ပြောပြမယ်... လာကြ... သူတော်စင် ရှောင်ထျန်းက မင်းရဲ့ချစ်လှစွာသော ဇနီးသည်ရဲ့ အခြေအနေကို စမ်းသပ်စစ်ဆေးနေတုန်း ငါတို့ သေချာဆွေးနွေးကြတာပေါ့"

ဝန်ကြီးလုံက သူတော်စင် ရှောင်ထျန်းနှင့် အကြည့်ချင်းတစ်ချက် ဖလှယ်လိုက်ပြီးနောက် ဝေ့ဝူယင်၏ဖခင်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။

"..."

သူတော်စင် ရှောင်ထျန်းက ဝေ့ဝူယင်ကို ခဏမျှ စိုက်ကြည့်နေ၏။ သူမ၏အကြည့်ထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ရှိနေသော်လည်း၊ ဝေ့ဝူယင်၏ မိခင်နှင့် အစ်ကိုကြီးတို့မှာမူ စိတ်လှုပ်ရှားမှုများထဲတွင် နစ်မျောနေသဖြင့် သတိမထားမိကြချေ။ သို့သော် ဝေ့ဝူယင်ကမူ အသေးစိတ်ကအစ သတိပြုမိနေသည်။ အမှန်စင်စစ် သူ၏အာရုံခံစားမှုများက ထိုအရာကို သတိမပြုမိဘဲ မနေနိုင်လောက်အောင်ပင် စူးရှနေခြင်း ဖြစ်သည်။

၂၆ ရာခိုင်နှုန်း...

ဝေ့ဝူယင်၏ နှလုံးသားထဲမှ မျှော်လင့်ချက်မှာ အနည်းငယ် ထိခိုက်သွားပြီး ထူးဆန်းသော သံသယတစ်ခု စိတ်ထဲတွင် လှိုင်းထလာသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အလွန်သေးငယ်သော အစွန်းအထွက်မျှသာ ဖြစ်သည်။ သူတို့လေးဦးမှာ တရားဝင်ကိစ္စရပ်များသို့ အာရုံစိုက်လိုက်ကြသည်။ သူတော်စင် ရှောင်ထျန်းက သူတို့ နားမလည်နိုင်သော မှော်မန္တန်များနှင့် နည်းစနစ်မျိုးစုံကို စတင်အသုံးပြုလာချိန်တွင် လူငယ်နှစ်ဦးကို ဘေးသို့ ခဏဖယ်ခိုင်းထားသည်။

ဝေ့ဝူယင်၏ ကျင့်ကြံခြင်းဆိုင်ရာ အသိပညာမှာ အလွန်ကျယ်ပြောလှကြောင်း သိထားရပေမည်။ သူသည် သေမျိုးတို့၏ အထွတ်အထိပ်သို့ ရောက်ရှိအောင် ကျင့်ကြံထားရုံတင်မကဘဲ၊ အသိပညာဗဟုသုတများကို အငမ်းမရ စားသုံးကာ အသုံးဝင်ဆုံးနှင့် အဆီအနှစ် အချက်အလက်များအဖြစ် စနစ်တကျ ပြုပြင်သိမ်းဆည်းပေးသည့် "ဒုတိယစိတ်" လည်း ရှိနေသည်။ ထို့အပြင် ဟင်းလင်းပြင်နဂါးကြီး (အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ အစောင့်အရှောက် သားရဲ) အတွင်း ရှိနေစဉ်ကလည်း အဆုံးမဲ့ငရဲထဲမှ နတ်ဆိုး အင်ပါယာနှင့် စစ်ပွဲအတွင်း ကျန်ရစ်ခဲ့သော ဝိညာဉ်ပေါင်းများစွာထံမှ ကျင့်ကြံခြင်း အသိပညာ အမြောက်အမြားကို ရရှိထားခဲ့သေးသည်။

ထိုစဉ်က သူ၏ အသိပညာ ရှာဖွေမှုများမှာ ယခုအခါတွင် ဂလက်ဆီအသီးသီး၌ သူပြသခဲ့သော စွမ်းအားများအတွက် အခြေခံကောင်းများ ဖြစ်လာခဲ့သည်။ သို့သော် ယခု သူတော်စင် ရှောင်ထျန်း ဗြောင်ကျကျ အသုံးပြုနေသော မန္တန်များမှာ သူ၏ အသိပညာထက် များစွာ ကျော်လွန်နေသည်။ ၎င်းတို့မှာ အနန္တ ကုန်းမြေတိုက်ကြီး၏ ကန့်သတ်ချက်များထက် များစွာ သာလွန်ကာ နက်နဲလွန်းလှသည်။ ဤအရာမှာ ငရဲက အတုလုပ်နိုင်သော အရာမဟုတ်ပေ။ ဤသည်မှာ သူ၏မိခင်၏ ဝေဒနာဇစ်မြစ်ကို ဖော်ထုတ်နိုင်မည့် စစ်မှန်သော အဂ္ဂိရတ် သူတော်စင် မန္တန်များ ပင် ဖြစ်သည်။

ထို့အပြင်... သေဆုံးသွားသော ဝိညာဉ်များကို လိမ်ညာနေရန်လည်း မလိုပေ။

ဝေ့ဝူယင်၏ ဝိညာဉ်မှာ မျှော်လင့်ချက်များဖြင့် တဒိန်းဒိန်း ခုန်လာစဉ် မြေနီဖုန်မှုန့်များမှာလည်း သူ၏ ကိုယ်ပေါ်တွင် ပိုမို ကပ်ငြိလာသည်။

၂၉ ရာခိုင်နှုန်း...

"သိပြီ..."

သူတော်စင် ရှောင်ထျန်းက သူမ၏ နှုတ်ခမ်းကို အနည်းငယ် စူလိုက်ရင်း မန္တန်များကို ရပ်တန့်လိုက်သည်။ သူမ စမ်းသပ်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ မိခင်မှာမူ သူမကို ဘာတွေလုပ်လိုက်မှန်း နားမလည်သော်လည်း၊ လူအများစုက သူတို့၏ သမားတော်များကို ယုံကြည်သကဲ့သို့ သူမကို အပြည့်အဝ ယုံကြည်နေသည်။

"ကုသလို့ရမယ့် နည်းလမ်းရှိလားခင်ဗျာ..."

အစ်ကိုကြီးက စိုးရိမ်တကြီး မေးလိုက်သည်။

"နည်းလမ်းလား... ရှိတာပေါ့... နည်းလမ်းတော့ ရှိပါတယ်၊ ဒါပေမဲ့ သိပ်တော့ မလွယ်ကူဘူး... မဟုတ်ဘူး... အဖိုးအခကလည်း သိပ်မနည်းဘူးလို့ ပြောရမယ်"

သူတော်စင် ရှောင်ထျန်းက စကားကို ပြင်ပြောလိုက်ရာ လူငယ်နှစ်ဦး၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပွင့်လန်းလာသည်။ ဝေ့ဝူယင်မှာမူ တိတ်ဆိတ်စွာဖြင့် အကဲခတ်နေသည်။ သူသည် အသုံးပြုသွားသော မန္တန်တစ်ခုချင်းစီ၊ အထူးသဖြင့် လက်ဟန်အမူအရာများနှင့် ချီစီးဆင်းမှုများကို မှတ်ဉာဏ်ထဲ၌ စွဲမြဲအောင် မှတ်သားထားသည်။

ကောင်းကင်ဘုံ နတ်မျက်လုံးများ မပါဘဲတောင်မှ ဝေ့ဝူယင်၏ သေမျိုးလမ်းစဉ် ကျင့်ကြံခြင်း အသိပညာမှာ အနှိုင်းမဲ့ ဖြစ်နေပြီ ဖြစ်သည်။ ၎င်းမှာ ချီစွမ်းအင်ကို အခြေခံထားသဖြင့် တစ်ချက်ကြည့်ရုံဖြင့် နားလည်ရန် လွယ်ကူလှပြီး နောင်တွင် ပြန်လည် အသုံးပြုရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။

"ဘယ်လို အဖိုးအခပဲဖြစ်ဖြစ်... အခုချက်ချင်း မပေးနိုင်ရင်တောင် ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ အဖေက ရအောင် ရှာပေးပါ့မယ်..."

အစ်ကိုကြီးက ဝေ့ဝူယင်ကို တစ်ချက်ကြည့်ကာ ဤအကြွေးထဲသို့ ဆွဲထည့်ရင်း ပြတ်ပြတ်သားသား ကြေညာလိုက်သည်။ ဝေ့ဝူယင်ကလည်း မတွန့်ဆုတ်ဘဲ ခေါင်းညိတ်လိုက်သည်။

"ဟင်း..."

သူတော်စင် ရှောင်ထျန်းက ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

"ကျွန်တော့်အမေမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ပြောပြပေးနိုင်မလား... ကျွန်တော် သိချင်တယ်... သိကို သိရမယ်"

ဝေ့ဝူယင်၏ ကလေးသံလေး ထွက်ပေါ်လာသည်။

၃၅ ရာခိုင်နှုန်း...

သူတော်စင် ရှောင်ထျန်းက ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ လူငယ်နှစ်ဦး၏ မျက်ဝန်းထဲမှ ပြင်းထန်သော ခံစားချက်များနှင့် သူတို့၏မိခင်ထံမှ ဂုဏ်ယူမှုများ ရောယှက်နေသော အားပေးသည့် အကြည့်များကို မြင်တွေ့ရသောအခါ သူမ လိုက်လျောလိုက်ရတော့သည်။

"ဒါဆိုလည်း မင်းတို့သိထားတာ အကောင်းဆုံးပါပဲ... တကယ်တော့ ဒါက မျိုးရိုးလိုက်တဲ့ အရာပဲ၊ ပြီးတော့ မင်းလည်း... ကလေးလေး... မင်းမှာလည်း ဒီလက္ခဏာ ပါလာရမယ်"

သူမ၏ မျက်လုံးများမှာ ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများကို စိုက်ကြည့်နေ၏။ သူမ၏ နက်မှောင်သော သူငယ်အိမ်ကလေးများမှာ အနည်းငယ် ကျုံ့သွားသယောင် ထင်ရလေသည်။

မျိုးရိုးလိုက်တာ... ဟုတ်လား...’

***

All Chapters