အခန်း (၂၁၇၅-၂၁၇၆)
Vol. 156 Ch. 2175-2176
အပိုင်း(၂၁၇၅)
၇၈ ရာခိုင်နှုန်း...
သို့သော်လည်း ဤအရာများက သူ့ကို အံ့အားသင့်စေခြင်း မရှိပေ။ ငရဲကြီး ဆယ့်ရှစ်ထပ်၏ ကပ်ဘေးဒိုင်မန်းရှင်းများသည် သက်ဆိုင်ရာ စမ်းသပ်မှုများကို ဖန်တီးရန်အတွက် ကမ္မဆက်နွယ်မှု များအပေါ် အခြေခံထားသည်ကို သူ ကောင်းစွာ သိရှိထားသည်။ ကောင်းချီးခံ လုံချန်သည် မည်သို့သော နည်းလမ်းဖြင့် ဒုတိယမြောက် ကပ်ဘေးအတွင်းသို့ ရောက်ရှိသွားသည်ကို မသိရသော်လည်း၊ ပထမဆုံး ကပ်ဘေးသည် ဖြစ်ရပ်များ၏ အကြောင်းနှင့် အကျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းများအဖြစ် လိမ်ယှက်ပြောင်းလဲကာ လူတစ်ဦး၏ ကမ္မဆက်နွယ်မှုများကို လုယူဖျက်ဆီးလေ့ရှိသည်။
ပျောက်ဆုံးနေသော၊ ထိတ်လန့်နေသော၊ အိမ်ကို လွမ်းဆွတ်နေသော ကြယ်တာရာဝါးမြိုသူ ဆိုသည်မှာ အခြားမဟုတ်၊ သူ၏ ဇာတိကြယ်တာရာ နယ်မြေကို မတော်တဆ ဖျက်ဆီးခဲ့သော ထန်ဂူပင် ဖြစ်သည်။ သွေးမျိုးဆက် မစစ်မှန်သော ကြယ်တာရာဝါးမြိုသူများအကြောင်းကိုမူ ဝေ့ဝူယင်သည် ဝမ်ယုထျန်းထံမှ သိရှိခဲ့ရဖူးသည်။ ဝမ်ယုထျန်းသည် ထာဝရ ဧကရာဇ် ကို အလုပ်အကျွေးပြုခဲ့သော၊ ရှေးဟောင်းပညာရှင်များ၏ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သော ဝိညာဉ်အသွင် တစ်ဦး ဖြစ်သည်။
ဝမ်ယုထျန်းသည် အဆုံးမဲ့ငရဲမှ လာသူဖြစ်ပြီး အံ့ဖွယ်နည်းလမ်းဖြင့် လွတ်မြောက်လာကာ ထာဝရ ဧကရာဇ် ၏ ကယ်တင်မှုကို ရရှိခဲ့ပြီးနောက် မသေနိုင်သော ဝိညာဉ်ရုပ်သွင်တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်အတွက်မူ သူသည် ငရဲ၊ ကောင်းကင်ဘုံနှင့် မရေမတွက်နိုင်သော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသည့် ဤခက်ခဲကြမ်းတမ်းသော လမ်းခရီးတွင် ပထမဆုံးသော စစ်မှန်သည့် သူငယ်ချင်းများထဲမှ တစ်ဦးလည်း ဖြစ်ပေသည်။
ဝမ်ယုထျန်းသည် ထန်ဂူကဲ့သို့ ကြီးမားသော ကြယ်တာရာဝါးမြိုသူမျိုးကို တစ်ခါမျှ မမြင်ဖူးကြောင်း တစ်ကြိမ်က ပြောပြခဲ့ဖူးသည်။ သူသည် ထန်ဂူ အကြောင်းကိုလည်း သိရှိထားပြီး ၎င်းကို ကြယ်တာရာဝါးမြိုသူ မျိုးနွယ်စုဝင် တစ်ဦးအဖြစ် ရည်ညွှန်းခဲ့သည်။ ၎င်းမှာ ကြယ်တစ်လုံး နယ်မြေအတွင်း၌ အမျိုးမျိုးကွဲပြားနေသော ကြယ်တာရာဝါးမြိုသူ အနည်းငယ် အခြေချနေထိုင်နေကြသည်ကို ညွှန်ပြနေခြင်း ဖြစ်နိုင်သည်။ ထိုနယ်မြေရှိ နေကြယ်ကြီး၏ အဆမတန် ကြီးမားလှသော အရွယ်အစားကို ကြည့်လျှင် ဤအချက်မှာ အံ့သြစရာ မဟုတ်ပေ။
"..."
သူ၏ မိသားစုဝင်များမှာ သူတော်စင် ရှောင်ထျန်း၏ စကားများကြားတွင် အံ့အားသင့်လျက် တိတ်ဆိတ်နေကြသည်။ သူတို့သည် စကားဝိုင်းအတွင်းသို့ မည်သည့်အရာကိုမျှ ဖြည့်စွက်ပြောဆိုခြင်း မပြုကြပေ။ သို့မဟုတ် ပို၍ တိတိကျကျ ပြောရလျှင် သူတို့တွင် ပြောဆိုနိုင်စွမ်း မရှိတော့ခြင်း ဖြစ်နိုင်သည်။
"ကျွန်တော့်မိခင်မှာ ဖြစ်နေတဲ့ မျိုးရိုးလိုက်ဝေဒနာက အန်နီမာ ဝါးမြိုသူရဲ့ သွေးမျိုးဆက်ကြောင့် ဖြစ်တာလား..."
ဝေ့ဝူယင်က ယခုလက်ရှိ အခြေအနေကို မေးမြန်းလိုက်သည်။ အနီရောင် ဖုန်မှုန့်များသည် သူ၏ ဝိညာဉ်ကို ဝန်းရံရစ်ပတ်ကာ နစ်မြုပ်နေစေပြီ ဖြစ်သည်။
၉၁ ရာခိုင်နှုန်း...
သူတော်စင် ရှောင်ထျန်းသည် ငါးနှစ်သားအရွယ် ဝေ့ဝူယင်လေးကို ပြန်လည်ကြည့်ရှုလိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းထဲတွင် ထင်ဟပ်နေသည်မှာ ငရဲဘုံ၊ ကောင်းကင်တာအိုနှင့် အထွတ်အထိပ် သူတော်စင်များကိုပင် မကြောက်မရွံ့ ရင်ဆိုင်ရဲသည့်၊ ထူးခြားဆန်းပြားသော ရုပ်ရည်နှင့် ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် လူကြီးတစ်ဦး၏ ဝေဝါးသော ပုံရိပ်ပင် ဖြစ်သည်။
"မင်းနဲ့ မင်းရဲ့ အမေမှာ လူသားတွေမှာ မရှိသင့်တဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတယ်... မင်းအမေ ခံစားနေရတဲ့ ဝေဒနာရဲ့ အဓိက အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းဆိုင်ရာ အန်နီမာ နှောင်ကြိုး နဲ့ အန်နီမာ ဝါးမြိုသူတွေရဲ့ အဓိက စွမ်းအားဖြစ်တဲ့ စိတ်ဝိညာဉ်ကို တောင့်တခြင်းကြောင့်ပဲ ဖြစ်တယ်"
သူမ၏ စကားများကြောင့် ဝေ့ဝူယင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ ဝေးကွာလှသော အတိတ်မှ မှတ်ဉာဏ်များက သူ့ကို ပြင်းထန်စွာ ရိုက်ခတ်သွား၏။ ပိုမိုဝေဝါးလာခဲ့သော ဘဝဟောင်းမှ အဖြစ်အပျက်များက စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ ဦးနှောက်တွင် ရရှိခဲ့သော ဒဏ်ရာ...
၉၄ ရာခိုင်နှုန်း...
"တစ်ခုတော့ ငါပြောရမယ်... အန်နီမာ ဝါးမြိုသူ သွေးပါတဲ့သူတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ ဝိညာဉ်ပိုင်းဆိုင်ရာမှာပါ ထူးခြားတဲ့ ဆွဲဆောင်မှုရှိတယ်လို့ ငါကြားဖူးတယ်... အဲ့တာတင် မကသေးဘူး... သူတို့ဟာ ကိုယ့်ထက် အစွမ်းထက်တဲ့သူတွေဆီကလာတဲ့ မကောင်းတဲ့အတွေးတွေကို ဟန့်တားပေးနိုင်တဲ့ ချည်နှောင်မှုစွမ်းအားမျိုးကိုလည်း အလိုလို ထုတ်လွှတ်နိုင်စွမ်း ရှိကြတယ်... ဒါဟာ သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ရတဲ့ ဖျံတစ်ကောင်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အနံ့ဆိုးထုတ်လွှတ်သလိုမျိုးပဲ၊ သူတစ်ပါးရဲ့ ကျွန်ပြုခြင်းကို ခံရမှာကို တားဆီးပေးနိုင်တာပေါ့... မင်းရဲ့ အမေကို ကြည့်ရတာ ဒါဟာ အမှန်ပဲလို့ ထင်ရတယ်... ဒီကလေးလေးသာ အရွယ်ရောက်လာရင် ဘယ်လောက်တောင် ဆွဲဆောင်မှု ရှိလိုက်မလဲလို့ ငါတွေးမိတယ်"
"..."
ဝေ့ဝူယင်၏ စိတ်နှင့် ဝိညာဉ်မှာ စက္ကန့်နှင့်အမျှ ပိုမို လေးလံလာသည်။ အနီရောင် ဖုန်မှုန့်များက သူ၏ ဝိညာဉ်ကို လွှမ်းမိုးကာ ဒုတိယ အလွှာတစ်ခုအဖြစ် ကပ်ငြိနေသည့် ခံစားချက်မှာ ဖော်ပြ၍မရလောက်အောင် ထူးဆန်းလှပေသည်။ ပို၍ တိတိကျကျ ပြောရလျှင် သူ၏ ဝိညာဉ်သည် လက်တွေ့ဘဝသစ်တစ်ခုအတွင်းသို့ အသားကျနေပြီး သူ၏ ယခင်မှတ်ဉာဏ်အားလုံးကို ဖြည်းဖြည်းချင်း ဝေဝါးပျောက်ကွယ်သွားစေရန် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။
တစ်ခဏတာမျှ ဝေ့ဝူယင်သည် သူ၏ ငယ်စဉ်နှလုံးသားထဲမှ အလိုချင်ဆုံးသော ဆန္ဒကို ကြားလိုက်ရသည့် ငါးနှစ်သားအရွယ်လေးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ မိခင်ဖြစ်သူ၏ ဝေဒနာ ပျောက်ကင်းသွားစေရန် ဆုတောင်းခဲ့သော ဆန္ဒပင် ဖြစ်သည်။
မျှော်လင့်ချက်များ ပွင့်လန်းလာသော်လည်း အနီရောင် ဖုန်မှုန့်များက ဖုံးလွှမ်းနေခဲ့သည်။
မျှော်လင့်ချက်ကင်းမဲ့မှုများ နီးကပ်လာသော်လည်း အနီရောင် ဖုန်မှုန့်များက ခေါ်ယူနေခဲ့သည်။
"အဓိက အချက်ကို ပြောရမယ်ဆိုရင်တော့..."
သူတော်စင် ရှောင်ထျန်းက ဆက်လက်၍...
"မိတ်ဆွေ ဝူ... ရှင့်ရဲ့ ဇနီးသည်ဟာ ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာကို ခံစားခဲ့ရတာပါ... ဒီဒဏ်ရာဟာ သူ့ကို သေဆုံးစေနိုင်ရုံတင်မကဘဲ ဦးနှောက်သေဆုံးတဲ့အထိ ဖြစ်သွားစေနိုင်တဲ့ အခြေအနေမျိုးပါ... အဲဒီမှာတင် ဝိညာဉ်ချည်နှောင်မှု တွေက မိမိကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ သူ့ရဲ့ အဓိက စိတ်အစဉ်၊ အတ္တနဲ့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖြစ်ပေါ်စေတဲ့ အတွေးအမြင်တွေကို သိမ်းဆည်းပြီး စိတ်မျက်လုံးထဲမှာ ချိပ်ပိတ် သိမ်းဆည်းလိုက်တာပဲ ဖြစ်တယ်"
"ပုံမှန်အားဖြင့်တော့ အန်နီမာ ဝါးမြိုသူ တစ်ဦးဟာ ဒီချည်နှောင်မှုတွေကို ပြန်လည် ချိုးဖျက်နိုင်ဖို့အတွက် သူ့မှာရှိတဲ့ တခြားသော စိတ်အစဉ်တွေထဲက တစ်ခုကို အသုံးပြုပြီး တခြားသက်ရှိတွေရဲ့ စိတ်ဝိညာဉ် အနှစ်သာရ စွမ်းအင်တွေကို ဝါးမြိုရလေ့ရှိတယ်... ဒါပေမဲ့ လူသားတွေမှာကျတော့ စိတ်က တစ်ခုတည်းပဲ ရှိတာကြောင့် ဒီဝေဒနာဟာ ထူးဆန်းတဲ့ ရောဂါလက္ခဏာတွေအဖြစ် ပြောင်းလဲ သွားတာပါ... ဥပမာ ပြောရရင် ရှင့်ဇနီးရဲ့ ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေဟာ တကယ်တမ်း ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး... သူ့ရဲ့ အဓိက စိတ်အစဉ်က အဲဒီမှတ်ဉာဏ်တွေကို ပြန်လည် ဝါးမြိုလိုက်တာပါ... သူ့ရဲ့ သွေးမျိုးဆက်က စိတ်အစဉ် အသစ်တွေကို ထပ်ကာတလဲလဲ ထုတ်လုပ်ပေးနေတာကြောင့် မှတ်ဉာဏ်ပျောက်ဆုံးတဲ့ ပုံစံမျိုးနဲ့ ကိုယ်ရည်ကိုယ်သွေး အသစ်တွေ ခဏခဏ ပေါ်လာနေရတာပဲ..."
"သူက ဒီနည်းလမ်းနဲ့ ပြန်လည် နာလန်ထူဖို့ ကြိုးစားနေတာ ဖြစ်ပေမဲ့ ဒါဟာ အလွန်ကို ထိရောက်မှု မရှိတဲ့ နည်းလမ်းပဲ... သူ့ရဲ့ ဝေဒနာကို ကုသဖို့ နည်းလမ်း နည်းနည်း ရှိပါတယ်။...အဲဒါကတော့ ကုန်ကျစရိတ်အပေါ်မှာ မူတည်တာပေါ့... နည်းလမ်းတစ်ခုကတော့ အဆင့်မြင့်ပြီး သန့်စင်တဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေ ပါဝင်တဲ့ ပစ္စည်းတစ်ခုကို ရှာဖွေပြီး အဲဒီချည်နှောင်မှုတွေကို ချိုးဖျက်... အဲဒီနောက် သူ့ရဲ့ စိတ်အစဉ်ကို လွတ်မြောက်အောင် လုပ်ပေးဖို့ပါပဲ... နတ်ဆိုးစွမ်းအင်တွေကလည်း အလုပ်ဖြစ်နိုင်ပါတယ်"
သူမသည် စကားကို အနည်းငယ် ရပ်လိုက်၏. ငေးမောနေသော ဝေ့ဝူယင်က သူမကို စိုက်ကြည့်နေမိသည်။
"နောက်ထပ် နည်းလမ်းတစ်ခုကတော့..."
သူမက ဆက်ပြောလိုက်သည်။
"ပြင်ပ တည်ရှိမှုတစ်ခုရဲ့ စိတ်ဝိညာဉ် စွမ်းအင် ဒါမှမဟုတ် နတ်ဆိုးစွမ်းအင်ကို ဝါးမြိုဖို့ပါပဲ... အဲဒီလို လုပ်ဖို့အတွက် အန်နီမာ ဝါးမြိုသူတွေရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ စိတ်ဝိညာဉ် တောင့်တခြင်း အပေါ်မှာ အခြေခံရမှာ ဖြစ်ပြီး အဲဒီစွမ်းရည်ရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးဖို့ပါပဲ"
ထိုစကားများ ကြားလိုက်ရချိန်တွင် ဝေ့ဝူယင်၏ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ အတွက် အဖြေများ ပေါ်ထွက်လာတော့သည်။ သူသည် ထိုမျှ ပြင်းထန်သော ဒဏ်ရာမှ မည်သို့ အသက်ရှင်ကျန်ရစ်ခဲ့သနည်း၊ သူ၏ မှတ်ဉာဏ်များ အဘယ်ကြောင့် ပျောက်ဆုံးခဲ့သနည်း၊ အဘယ်ကြောင့် ချည်နှောင်မှုများဖြင့် ပိတ်မိနေခဲ့သနည်း၊ အဘယ်ကြောင့် စိတ်အစဉ် အသစ်များကို အဆက်မပြတ် ဖန်တီးနေခဲ့သနည်း...။
အထူးသဖြင့် ရှေးဟောင်းချိပ်ပိတ်နယ်မြေ မပေါ်ပေါက်မီကပင် နှစ်ပေါင်းသန်းနှင့်ချီ၍ ရှင်သန်ခဲ့ပြီး ဖော်ပြလို့မရနိုင်လောက်အောင် စိတ်ဝိညာဉ် စွမ်းအားရှိသည့် ဧဒင်သည် သူ၏ စိတ်ကို သိမ်းပိုက်ရန် ကြိုးစားချိန်တွင် သူ မည်သို့ ပြန်လည် ဝါးမြိုနိုင်ခဲ့သနည်း ဆိုသည်မှာ ယခုတော့ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်၏။
၉၉ ရာခိုင်နှုန်း...
သူ ခံစားနေရပြီ ဖြစ်သည်။ သူ ယခင်က တွေးတောခဲ့ဖူးသော နည်းလမ်းများထက် ပို၍ ထူးခြားသည့် ကုသနည်းမျိုး မရှိသော်လည်း၊ ငရဲ၏ အနက်ရှိုင်းဆုံးနေရာတွင် သူ၏ ဇစ်မြစ်ကို ယခုကဲ့သို့ အတည်ပြုနိုင်ခြင်းမှာ သူ၏ ကျင့်ကြံခြင်း လမ်းစဉ်အတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ပင် ဖြစ်သည်။ ယခုအခါတွင် ကျန်ရှိနေသည်မှာ... ဤအခြေအနေမှ အသက်ရှင် လွတ်မြောက်ရန်ပင် ဖြစ်သည်။
ဤငရဲဒိုင်မန်းရှင်းကို အောင်နိုင်ရမည်။
စတုတ္ထမြောက် ကပ်ဘေးကို ကျော်ဖြတ်ရမည်။
ဝေ့ဝူယင် မျက်လုံးများကို ပြန်လည် ဖွင့်လိုက်သောအခါ သူ၏ မျက်သူငယ်အိမ်များနှင့် နဖူးပြင်ပေါ်မှ အမှတ်အသားတို့မှာ မိတ်ကပ်စုတ်တံဖြင့် ခပ်ဖွဖွ ပွတ်သပ်ဖုံးအုပ်လိုက်သကဲ့သို့ ထူးဆန်းစွာ ကွယ်ပျောက်သွားခဲ့သည်။
ထိုမျက်ဝန်းများ...
စွဲမက်ဖွယ်ကောင်းသော ငွေရောင်မျက်ဝန်းများအတွင်း၌ ငါးနှစ်သားအရွယ် သူငယ်တစ်ဦး၏ တက်ကြွမှုနှင့် အပြစ်ကင်းသော နောက်ပြောင်လိုသည့် အမူအရာတို့ ပြန်လည် ပေါ်လွင်လာတော့သည်။
၁၀၀ ရာခိုင်နှုန်း...
တစ်လောကလုံးသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး ဝဲကတော့သဏ္ဌာန် လည်ပတ်သွားလေတော့သည်။
***
အပိုင်း(၂၁၇၆)
ငရဲဘုံ...
အနီရောင် ဖုန်မှုန့် ဒိုင်မန်းရှင်း၏ အပြင်ဘက်...
ငရဲဘုံ၏ မြောက်မြားလှစွာသော ဒေသခံများသည် အမျိုးမျိုးသော ပုံသဏ္ဌာန်များဖြင့် တည်ရှိနေကြပြီး၊ သူတို့အားလုံး၏ အာရုံမှာ အပြစ်သား သေမျိုးနှစ်ထပ်ကွမ်း ဟု ကျော်ကြားလာသည့် လူငယ်လေး ရှိနေသော ဒိုင်မန်းရှင်းပူဖောင်းဆီသို့သာ စုပြုံရောက်ရှိနေသည်။ ထိုလူငယ်မှာ ငရဲဘုံ၏ အထက်ပိုင်း အထပ်များ စိန်ခေါ်သူများထက်ပင် ပိုမို၍ အာရုံစိုက်ခြင်းခံနေရသည့် မကြုံစဖူး ထူးခြားဖြစ်စဉ်တစ်ခုပင် ဖြစ်ပေသည်။
သူ့အပေါ်တွင် မျှော်လင့်ချက်ထားသူများလည်း ရှိသည်။ ထိုအပြစ်သားကို အစအဦးကတည်းက စောင့်ကြည့်လာခဲ့သည့် ငွေရောင်အတောင်ပံနှင့် တည်ရှိမှုမှာ ထိုသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်၏။ မာနအပြစ်သား အဖြစ်သာမက ကာမရာဂအပြစ်သား အဖြစ်ပါ ဝေ့ဝူယင်၏ နှစ်ထပ်ကွမ်း စိန်ခေါ်မှုကို သူ မြင်တွေ့ခဲ့ရသည်။ အထူးသဖြင့် ဒုတိယမြောက် စိန်ခေါ်မှုတွင် ပြိုင်ဘက်ကင်းလောက်အောင် လွှမ်းမိုးနိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသဖြင့် ဤသေမျိုးသည် ငရဲဘုံ၏ ဆယ့်ရှစ်ထပ်လုံးကိုပင် အောင်နိုင်သွားလိမ့်မည်ဟု အခြားသူများကို စိတ်လှုပ်ရှားစွာ ကြွေးကြော်နေခဲ့သည်။
အချို့မှာမူ မရေရာသော သံသယများဖြင့် ပြည့်နှက်နေပြီး၊ ယခင်က ကျရှုံးခဲ့ကြသော သူများကဲ့သို့ပင် ဤမကြုံစဖူး သေမျိုးဆိုသူလည်း မလွဲမသွေ ကျရှုံးတော့မည်ကို စောင့်ကြည့်နေကြသည်။ ထိုသို့ ယူဆသူများထဲတွင် အဓိကကျသူမှာ အနီရင့်ရောင်အတောင်ပံများနှင့် တည်ရှိမှုပင် ဖြစ်သည်။ သူ၏ ကိုယ်လက်အင်္ဂါများမှာ မာကျောပုံရသော်လည်း သာမန်နားလည်မှုထက် ကျော်လွန်ကာ ထူးဆန်းစွာ ပျော့ပျောင်းနေသည်။
ဝေ့ဝူယင် ဖြတ်ကျော်နေသည့် လက်တွေ့ဘဝကို သူတို့ မမြင်နိုင်ကြသော်လည်း သူတို့၏ အမြင်အာရုံတွင်မူ ဝေ့ဝူယင်၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အနီရောင် ဖုန်မှုန့်များက ဖရိုဖရဲ ဝိုင်းရံပတ်ချာလည်နေပြီး တစ်ကိုယ်လုံးကို ဝါးမြိုပစ်ရန် ခြိမ်းခြောက်နေသည်ကိုသာ မြင်တွေ့နေရ၏။
အစပိုင်းတွင်မူ အနီရောင် ဖုန်မှုန့်များသည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိနိုင်ရန် ခက်ခဲစွာ ရုန်းကန်နေရသည်ကို သူတို့ မြင်လိုက်ရသဖြင့် ဝေ့ဝူယင်၏ ဝိညာဉ်စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ကြည့်ရှုသူအားလုံး ခြွင်းချက်မရှိ အံ့အားသင့်သွားကြသည်။
"သူက အနီရောင် ဖုန်မှုန့်တွေကို ဘယ်လိုများ ခုခံနေတာလဲ"
အဖြူရောင် ကျောက်စိမ်း စစ်စစ်ဖြင့် ဖန်တီးထားပုံရသော အတောင်ပံပိုင်ရှင်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
"ဒါကို ခုခံဖို့ သူက သူ့ရဲ့ အပြစ်သား အစစ်အမှန်ဝိညာဉ် စွမ်းအားကိုတောင် အသုံးမပြုထားဘူး... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဝေ့ဝူယင်သည် အနီရောင် ဖုန်မှုန့် ဒိုင်မန်းရှင်းအတွင်းသို့ ထူးခြားသော ကြည်လင်ပြတ်သားမှုမျိုးဖြင့် ဝင်ရောက်သွားခြင်းဖြင့် ပရိသတ်ကို ချက်ချင်းပင် တုန်လှုပ်သွားစေသည်။ ဝိညာဉ်အများစုမှာ အနီရောင် ဖုန်မှုန့်များ၏ ဝါးမြိုခြင်းကို အခက်အခဲမရှိ ချက်ချင်း ခံရလေ့ရှိသည်။
တစ်စက္ကန့်၏ သန်းပေါင်းများစွာသော တစ်ပုံမျှသော အချိန်အတွင်းမှာပင် ဝိညာဉ်ဆေးကြောခြင်းမြူခိုးက ဆင်းသက်လာမည် ဖြစ်သည်။ စိတ်ဓာတ်အလွန်ခိုင်မာသူ၊ ဝိညာဉ်ကြံ့ခိုင်သူနှင့် မိမိ၏ တည်ရှိမှုကို ပြတ်သားစွာ သိမြင်သူများသာလျှင် ထိုမြူခိုးဆင်းသက်မှုကို အနည်းငယ် ကြန့်ကြာအောင် လုပ်ဆောင်နိုင်ကြသည်။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းဖြင့် ငရဲဘုံ၏ အသိအမှတ်ပြုမှုကို ရရှိသည်။ အကယ်၍ သူတို့၏ ခုခံနိုင်စွမ်းက သူတို့၏ အပြစ်များထက် သာလွန်ခဲ့ပါက နောက်ဘဝတွင် ကောင်းကင်တာအို၏ ကောင်းချီးပေးမှုကို ရရှိကြမည် ဖြစ်သည်။
စစ်ဆေးသည့် စံနှုန်းမှာ ရိုးရှင်းသော်လည်း လုပ်ဆောင်ရန်မှာမူ အလွန်ပင် ခက်ခဲလှသည်။ သို့သော်လည်း အပြစ်သား အစစ်အမှန်ဝိညာဉ် မရှိဘဲ အနီရောင် ဖုန်မှုန့်ကို ခုခံနိုင်သူမျိုးကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ အပြစ်သားများ ကျင့်ကြံလေ့ရှိသော အပြစ်သား အစစ်အမှန်ဝိညာဉ် နည်းလမ်းသည်ပင်လျှင် အနီရောင် ဖုန်မှုန့်များက တစ်ကိုယ်လုံးကို လုံးဝဖုံးလွှမ်းသွားပြီးနောက် အသားကျချိန်မှသာ အသုံးဝင်လာလေ့ရှိသည်။ သူတို့သည် ထိုကျင့်ကြံထားသော ဝိညာဉ်ကို အသုံးပြု၍ စိတ်ဓာတ်ခိုင်မာသူများ ပြသလေ့ရှိသည့် ခုခံမှုကို အတုယူကာ တောင့်ခံရခြင်း ဖြစ်သည်။
"သူက သေမျိုးတစ်ယောက်အနေနဲ့ အပြစ်သား အစစ်အမှန်ဝိညာဉ် ကို ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ..."
အစိမ်းရောင် အတောင်ပံပိုင်ရှင်က စိတ်လှုပ်ရှားစွာ ထောက်ပြလိုက်သည်။
"..."
ထိုအခါမှသာ ဝေ့ဝူယင်သည် အနီရောင် ဖုန်မှုန့်များကို သူ၏ ဝိညာဉ်သက်သက်ဖြင့်သာ တွန်းလှန်နေခြင်းဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်သွားကြသည်။ ဤသို့ လုပ်ဆောင်နိုင်ရန်မှာ မည်မျှတောင် ပုံမှန်မဟုတ်ဘဲ အစွမ်းထက်သည့် ဝိညာဉ်မျိုး လိုအပ်ပါသနည်း။
"ဒါဟာ တစ်ခုခု လှည့်ကွက်ရှိရမယ်..."
အချို့က သံသယဝင်နေဆဲ ဖြစ်သည်။ သူတို့အမြင်တွင် ဤသေမျိုးသည် အခြားနည်းလမ်းတစ်ခုဖြင့် အစစ်အမှန်ဝိညာဉ်ကို စောစီးစွာ ကျင့်ကြံထားခြင်း ဖြစ်ရမည်ဟု ယူဆကြသည်။ သူတို့ ယူဆချက်မှာ လုံးဝတော့ မမှားပေ။ ဝေ့ဝူယင်သည် သူ၏ ဝိညာဉ်ကို ဓားနှင့်မီးတို့ဖြင့် အကြိမ်ကြိမ် ထုဆစ်ကာ ငရဲမီးအား မွေးဖွားပေးခဲ့သည်ကို သူတို့ မသိရှိကြခြင်းသာ ဖြစ်သည်။
ငွေရောင်အတောင်ပံပိုင်ရှင်က ဟိန်းဟောက်လိုက်၏။
"အနီရောင် ဖုန်မှုန့်တွေ စုဝေးလာပြီ... နှေးနေတာပဲ ရှိတာ..."
ထိုသို့ပြောပြီးနောက် ဝေ့ဝူယင်၏ ကိုယ်ပေါ်တွင် မြူမှုန်များ တဖြည်းဖြည်း စုဝေးလာသည်ကို သူတို့ သတိထားမိလိုက်ကြသည်။ သူ၏ စွမ်းဆောင်ရည်မှာ အလွန်ပင် ထူးခြားနေသော်လည်း ဝေ့ဝူယင် ကျရှုံးသည်ကို မြင်ချင်သူများမှာမူ ဤအချက်အပေါ်တွင်သာ မျှော်လင့်ချက် ထားနေကြသည်။
"သူသာ မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားလိုက်ရတာနဲ့ ငရဲက သူ့ကို ဝါးမြိုသွားမှာပဲ... သူ့ရဲ့ တည်ရှိမှုဟာလည်း ဘာမှမကျန်အောင် ပျောက်ကွယ်သွားလိမ့်မယ်..."
သူ၏ စကားများထဲတွင် မကောင်းသော အာသီသများ ပါဝင်နေသည်။ သူသည် ဝေ့ဝူယင်၏ အရှက်ရဖွယ် ကျရှုံးမှုကိုသာ မြင်ချင်ပြီး သူ၏ တည်ရှိမှုတစ်ခုလုံး ကွယ်ပျောက်သွားသည်အထိ လိုလားနေခြင်း ဖြစ်သည်။ တည်ရှိမှု အနည်းငယ်မှာ ငွေရောင်အတောင်ပံပိုင်ရှင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြသော်လည်း ကျန်ရှိသူများကမူ ဂရုမစိုက်ကြပေ။
ငရဲဘုံကို စိန်ခေါ်ရဲသည့် အပြစ်သားများကို သူ အဘယ်ကြောင့် ဤမျှ မုန်းတီးနေရသနည်းဆိုသည်ကို လူအနည်းငယ်သာ သိကြသည်။ သိရှိသူများမှာမူ... ငွေရောင် အတောင်ပံ ပိုင်ရှင်မှာ ယခင်က အလွန်စွမ်းအားကြီးပြီး ထူးဆန်းကာ အငြိုးအတေးကြီးသည့် ဒေါသအပြစ်သား တစ်ဦးနှင့် ဆိုးရွားစွာ တွေ့ကြုံခဲ့ရဖူးသောကြောင့် ဖြစ်ကြောင်း နားလည်ကြသည်။ ထိုပဋိပက္ခကြောင့် ငွေရောင်အတောင်ပံပိုင်ရှင်မှာ အချိန်အတော်ကြာအောင် ဒုက္ခခံစားခဲ့ရဖူးသည်။
"တကယ်ပဲ စုဝေးလာနေပြီ..."
ငွေရောင်အတောင်ပံပိုင်ရှင်က အော်ဟစ်လိုက်သည်။ ဤနှစ်ထပ်ကွမ်း အပြစ်သား၏ အစအဦးကို မြင်တွေ့ခဲ့ရသူ နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့်အတွက် သူသည်လည်း အနီရောင်အတောင်ပံပိုင်ရှင်ကဲ့သို့ပင် စိတ်ခံစားချက်အရ ပါဝင်ပတ်သက်နေသည်ဟု ဆိုလျှင် မမှားပေ။ ဝေ့ဝူယင်ကို အနီရောင် ဖုန်မှုန့်များက တဖြည်းဖြည်း ဝါးမြိုသွားသည့် မြင်ကွင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
မှန်ပါပေသည်။ သူတို့၏ အမြင်တွင် ဝေ့ဝူယင်သည် အနီရောင် ဖုန်မှုန့်များကို ခုခံနိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာနေသည်။ သူသည် ဒိုင်မန်းရှင်းက ဖန်တီးထားသည့် လက်တွေ့ဘဝအတွင်းသို့ ပိုမိုနစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူတို့ မသိရှိသည်က... ဤနှစ်ထပ်ကွမ်း အပြစ်သားသည် ထိုအဖြစ်အပျက်ကို ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုထားခြင်း ဖြစ်ကြောင်းပင်။ အထူးသဖြင့် ဇာတ်လမ်းနောက်ခံကို သူ သိရှိသွားပြီးနောက်တွင် သူ၏ ရည်မှန်းချက်မှာ ကမ္မကံတန်ဖိုး အနည်းငယ်ရရှိရန် ဒိုင်မန်းရှင်း၏ စွမ်းအားကို ခုခံရုံသက်သက်မျှ မဟုတ်တော့ပေ။
သူသည် ထိုထက်မက ပိုမိုကြီးမားသော အရာတစ်ခုကို ဦးတည်နေခြင်း ဖြစ်သည်။ သူတို့အနေဖြင့် စိတ်ပင် မကူးနိုင်သော အရာမျိုး ဖြစ်၏။
သေမျိုးတစ်ဦးအနေဖြင့် ငရဲဘုံကိုယ်တိုင်ကို စိန်ခေါ်ရန် မည်မျှ အထိ ရဲတင်းရပါသနည်း။ ငရဲ၏ ဒေသခံများအနေဖြင့် သူတို့၏ အမြင်များ မည်သို့ပင် ရှိစေကာမူ ဝေ့ဝူယင်သည် ထိုသို့သော လွှမ်းမိုးချုပ်ကိုင်မှုရှိသော လမ်းစဉ်ကို မဆိုင်းမတွ ရွေးချယ်လိမ့်မည်ဟု မည်သို့ ထင်မှတ်ထားနိုင်ပါမည်နည်း။
"အိုး..."
ငွေရောင်အတောင်ပံပိုင်ရှင်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ဝေ့ဝူယင်ကို ဝန်းရံထားသော အနီရောင် ဖုန်မှုန့်များသည် ပြင်းထန်လှသော ဝိညာဉ်အင်အား လှိုင်းတစ်ခုကြောင့် လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။ ဤအချက်က အတောင်ပံရှိ တည်ရှိမှုအားလုံးကို တုန်လှုပ်သွားစေသည်။ သူတို့သည် အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများဖြင့် ဆူညံသွားကြရာ ငရဲဘုံ၏ ဒေသခံများထက် သာမန်သေမျိုးများနှင့်ပင် ပို၍ တူညီနေတော့သည်။
သို့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်လှိုင်း ပေါက်ကွဲမှုမှာ ဝေ့ဝူယင်၏ နောက်ဆုံးသော ရုန်းကန်မှု ဖြစ်ပုံရသည်။ သူ၏ ခုခံနိုင်စွမ်းများ စတင်လျော့နည်းလာပြီးနောက် ခဏချင်းမှာပင် အနီရောင် ဖုန်မှုန့်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
"..."
အနီရောင်အတောင်ပံပိုင်ရှင်မှာ တိတ်ဆိတ်နေဆဲဖြစ်ပြီး သူ၏ အတောင်ပံများမှာ တင်းမာနေသည်။ ဤအရာမှာ နောက်ဆုံးအဆင့်ပင် ဖြစ်သည်။ ဒိုင်မန်းရှင်းတိုင်းတွင် ရှုပ်ထွေးနိုင်သော်လည်း နားလည်ရန် လွယ်ကူသော ရိုးရှင်းသည့် အဖြေများ ရှိကြသည်။ သေမျိုးစွန့်ခွာခြင်း ဒိုင်မန်းရှင်း (ပထမကပ်ဘေး)၊ နောင်တနှလုံးသား ဒိုင်မန်းရှင်း (ဒုတိယကပ်ဘေး) သို့မဟုတ် ဝေဒနာလမ်းသွယ် ဒိုင်မန်းရှင်း (တတိယကပ်ဘေး) တို့မှာလည်း ရှာဖွေတွေ့ရှိသွားပါက အဖြေမှာ ရိုးရှင်းလှပေသည်။
သို့သော်လည်း ထိုကပ်ဘေးများအား ခုခံနိုင်စွမ်း ဆိုသည်မှာ သူတော်ကောင်းတရားများအပေါ် ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို ရယူကာ ကမ္မ လာဘ်လာဘများ ရရှိရန်အတွက်သာ ဖြစ်သည်။ ငရဲဘုံ၏ ဒိုင်မန်းရှင်းတစ်ခုကို ပိုင်ဆိုင်ခွင့်ရရန် မှာမူ အလွန်တရာ ခက်ခဲလှပေသည်။
ဥပမာအားဖြင့် သေမျိုးစွန့်ခွာခြင်း ဒိုင်မန်းရှင်း အတွင်းရှိ မှတ်ဉာဏ်များနှင့် ပတ်သက်၍ မည်သည့် သံယောဇဉ်မျှ မရှိခဲ့သော်လည်း ဝေ့ဝူယင်သည် ကမ္မကံတန်ဖိုးကို ရရှိရုံမျှဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။
ဒုတိယမြောက် ကပ်ဘေးဖြစ်သော နောင်တနှလုံးသား ဒိုင်မန်းရှင်းတွင်မူ အဓိက ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ပြီး အောင်နိုင်ခဲ့ပြီးနောက်မှသာ ၎င်းကို သူ ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဝေဒနာလမ်းသွယ် ဒိုင်မန်းရှင်း အတွက်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ထိုဒိုင်မန်းရှင်း၏ လောင်မြိုက်မှုနှင့် အစိတ်စိတ်အမွှာမွှာ ခုတ်ထစ်မှုများကို ခုခံရန်မှာ ကမ္မ အမှတ်များ အတွက် လိုအပ်ချက်ဖြစ်ပြီး၊ ငရဲမီး၏ လောင်မြိုက်မှုနှင့် အဆုံးမဲ့ အပေါက်အပြဲများကြားတွင် ဝိညာဉ်သေဆုံးခြင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။
သို့သော် ဝေ့ဝူယင်သည် ခုခံရုံတင် မကခဲ့ပေ။ သူသည် လမ်းခရီးတစ်ခု၏ အန္တိမရည်ရွယ်ချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။ ပြောရလျှင် သူသည် တစ်ဖက်ကမ်းသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်သေး... ထိုလမ်းခရီးတစ်ခုလုံးကို သူ ခြေဆန့်ခဲ့သည်ဟု ဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။
အနီရောင် ဖုန်မှုန့် ဒိုင်မန်းရှင်း တွင်လည်း အလားတူ စည်းမျဉ်းများ ရှိနေသည်။ ရိုးရှင်းသော်လည်း ၎င်းကို အောင်နိုင်ရန်အတွက် စိတ်ဓာတ်ခိုင်မာရုံထက်မက အမြင်ကျယ်ရန် လိုအပ်သည်။ တစ်ဦးတစ်ယောက်၏ အရှင်သခင် အစစ်အမှန် ဖြစ်လာရန်၊ သူ၏ ခန္ဓာကိုယ်သာမက နှလုံးသားကိုပါ သိမ်းပိုက်နိုင်ရန်အတွက် မည်သည့် စွမ်းအားမျိုးမဆို ရှိရုံဖြင့် မလုံလောက်ပေ။ ဤဒိုင်မန်းရှင်းသည်လည်း ထိုနည်းအတိုင်းပင်။
ဝေ့ဝူယင်သည် ဤငရဲဘုံနှင့် နောက်ထပ်လာမည့် ငရဲဘုံတိုင်းကို သူ၏ ပိုင်နက်ဖြစ်လာစေရန်မှတစ်ပါး အခြားမလိုလားပေ။ သူနှင့် သူ၏ မိသားစုသည် ထိုထက်မကသော အရာကိုသာ ရယူရန် ဆုံးဖြတ်ထားကြသည်။
သူသည် ပါရာဂွန် တစ်ဦး၏ လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး ဖြစ်ရာ၊ ပါရာဂွန် တစ်ဦးကဲ့သို့ပင် ရှင်သန်ရန် ရည်ရွယ်ထားသည်။
***