အခန်း (၆၀၁-၆၀၃)
Vol. 41 Ch. 601-603
Chpater 601 ချီယန်၏ စွဲလမ်းမှု
“ချီ … ချီယန်”
ယဲ့ဖန် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွား ရသည်။ ချီယန် နတ်ဆိုးဘုရင်သည် သေဆုံး သွားသည်မှာ နှစ်ခြောက်ထောင် ရှိနေပြီ ဖြစ်သည်။ သို့သော် သူ၏ ဦးခေါင်းခွံနှင့် အရိုးတို့က တသီး တခြားစီ ပြုမူနေ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ယဲ့ဖန်သာမက တိမ်ပျံဘိုးဘေးပင် ကိုယ့်မျက်လုံး ကိုယ် မယုံနိုင်အောင် ဖြစ်သွားရသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး။ ချီယန် နတ်ဆိုးဘုရင်က သေသွားတာ နှစ် ခြောက်ထောင် ရှိပြီလေ။ သူ့အရိုး ကိုလည်း ငါ နှစ်ခြောက်ထောင်လုံး သန့်စင်ခဲ့ တာလေ။ ဘယ်လိုလုပ် သူက အသက်ရှိ နေဦးမှာလဲ”
တိမ်ပျံဘိုးဘေး အလွန် မှင်တက်နေ၏။ နှစ်ခြောက် ထောင်ကြာ သေဆုံးသွားသော တစ်စုံတစ်ယောက် က သူ၏ အရိုးများကို လှုပ်ရှားနိုင်စွမ်း ရှိသေး သည်ဟု သူ တစ်ခါမှ မကြားခဲ့ဖူးသလို မြင်လည်း မမြင်ဖူးခဲ့ချေ။
သို့သော် အားလုံး၏ မှင်တက်နေသော အကြည့် အောက်၌ ချီယန်၏ လက်ချောင်းရိုး၊ လက်မောင်း ရိုး၊ ခြေထောက်ရိုးနှင့် ကျန်သောအရိုးများသည် တဖြည်းဖြည်း ပေါင်းစည်းလာပြီး အရိုးထံမှနေ၍ ငရဲမှ ထွက်လာသော အသံကဲ့သို့သော အသံ ထွက်ပေါ်လာသည်။
“ငါက နတ်ဆိုးပဲ၊ သူက ငါ့သခင်ကြီး”
“ငါ့သခင်ကြီးကို နာအောင်လုပ်ရင် သေမယ်၊ ငါ့သခင်ကြီးကို အရှက်ခွဲရင် သေရမယ်”
ထိုအသံသည် လူတစ်ယောက်၏ အသံနှင့် မတူဘဲ အရိုးစု၏ အသိစိတ်ထဲမှ ခပ်တိုးတိုး ထွက်လာသော အသံနှင့် ပိုတူသည်။ ထိုအသံသည် စွဲလမ်းမှုမှ ထွက်ပေါ် လာသော၊ အတိတ်ကို တသသ ဖြစ်နေသော အသံနှင့် ပိုတူနေသည်။
ဝုန်း!
မျက်စိရှေ့မှမြင်ကွင်းကြောင့် ယဲ့ဖန် ရင်နာ လာရသည်။ ချီယန်သည် မသေခင်က သူ့အတွက်၊ နတ်ဆိုးမျိုးနွယ် အတွက်နှင့် တစ်ဘဝလုံး သွေးအ လိမ်းလိမ်း တိုက်ခိုက်ခဲ့သည်။
ဟေးဟယ် စကြဝဠာထဲတွင်တောင်မှ သူသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း ပညာကို သုံး၍ တားဆီးပိတ်ဆို့လာသော အခြား မျိုးနွယ်စု၏ တပ်ဖွဲ့များကို အသက်နှင့်လဲ၍ တားခဲ့သည်။
ချီယန်သည် သေဆုံးသွားခဲ့တာတောင်မှ သူ့ကို ကာကွယ်လိုသည့်စိတ်က အရိုးထဲ အထိ စွဲလမ်းနေလိမ့်မည်ဟု သူ ထင်မထား မိခဲ့ချေ။ သူသည် ချီယန် အတွက် အသွေးအသားထဲနှင့် အရိုးထဲအထိ ယုံကြည်ရာ ဖြစ်ဟန်တူသည်။ အရာ အားလုံးက သူ့အတွက် ပြုလုပ်ခဲ့ တာချည်းပင်။
“ချီ … ချီယန်”
ယဲ့ဖန်၏မျက်လုံးထဲမှ သွေးမျက်ရည်များ စီးကျ လာသည်။ ဤခံစားချက်က သူ့ကို ရူးမတတ် ဖြစ်စေသည်။ ထိုသို့သောအချိန်၌ ချီယန် နတ်ဆိုးဘုရင်၏ မူလရင်းမြစ်နှင့် အရိုးများက အရိုးစုအဖြစ်သို့ ချက်ချင်း ပေါင်းစပ်သွားသည်။ ထို့နောက် ဦးခေါင်းခွံက ရုတ်တရက် ပျံသန်းလာပြီး ထိတ်လန့်ဖွယ် နတ်ဆိုးအရိုးစုအဖြစ်သို့ ပေါင်းစပ် သွားလေသည်။
“သတ်ပစ်မယ်”
အရိုးစုထဲမှ ဩရှရှအသံ ထွက်ပေါ်လာပြီး နတ်ဆိုး အရိုးစုသည် တိမ်ပျံ ဘိုးဘေး ထံသို့ သတ်ဖြတ် လိုသော အရှိန်အဝါဖြင့် ပြေးဝင်သွားသည်။
လက်သီးချက်များနှင့်အတူ အနီရောင် မီးလျှံများပါ ထွက်ပေါ်လာသည်။ ထိုမီးလျှံကြောင့် ကောင်းကင် ပင် ပူလောင်လာသည်။ ထိုမီးလျှံသည် မိုး ကောင်းကင်နှင့် အရာအားလုံးကို အရည် ပျော်ကျ၍ ဖျက်ဆီးနိုင်ပုံရသည်။
“ချီးတဲ့မှ”
တိမ်ပျံဘိုးဘေး ရူးမတတ် ဖြစ်လာသည်။
ဤအဖြစ်သည် သူ မျှော်မှန်း ထားသည် ထက် ပိုလွန်နေသည်။ လူတစ်ယောက်၏ စွဲလမ်းမှုက ဤမျှ နက်ရှိုင်း၍ ရူးသွပ်လွန်း လိမ့်မည်ဟု သူ ထင်မထားမိချေ။
“မင်းက သေချင်နေမှတော့ ငါက မင်း ထပ်သေ ရအောင် လုပ်ပေးရမှာပေါ့။ အမှုန့်က အမှုန့်ဘဝ၊ မြေကြီးထဲ ပြန် ရောက်အောင် လုပ်ရမှာပေါ့”
ထိုသို့ပြောပြီးနောက် တိမ်ပျံဘိုးဘေး၏ မျက်လုံး၌ လူသတ်လိုဟန်များ ထင်ဟပ်လာကာ လက် တစ်ဖက်ကို ဝင့်၍ ချီယန်၏ နတ်ဆိုးအရိုးစုအား တိုက်ခိုက် လိုက်သည်။
ထိုလက်ဝါး၌ ကြောက်မက်ဖွယ် ပြင်းထန် သည့် အရှိန်အဝါများ ပါဝင်နေပြီး ချီယန်၏ နတ်ဆိုး ဦးခွံပေါ်သို့ ကျရောက် လာသည်။ နတ်ဆိုး အရိုးစု တစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
“သေစမ်း”
ချီယန်၏ နတ်ဆိုးအရိုးစုသည် စွဲလမ်းမှု၏ ထိန်းချုပ်မှုကို ခံထားရပုံပေါ်သည်။ သူသည် နာကျင်မှုကို မသိသလို ကြောက်စိတ်ကိုလည်း မသိချေ။ သတ်ရမည် ဆိုတာကိုသာ သိလေသည်။
ချက်ချင်းဆိုသလိုပင် ပေါက်ကွဲ၍ မြေကြီး ပေါ် ပြုတ်ကျသွားသော အရိုးစု အပိုင်း အစများသည် ပျံဝဲလာပြီး မျက်တောင် တစ်ခတ် အတွင်း၌ နတ်ဆိုး အရိုးစု အဖြစ်သို့ ပြန်လည်းပေါင်းစပ်သွားသည်။
ထို့နောက် ထိုအရိုးစုသည် တိမ်ပျံ ဘိုးဘေးထံသို့ သည်းကြီးမည်းကြီး ပြေးဝင်လာသည်။ ထိုသို့သော အချိန်၌ မြင်ကွင်း တစ်ခုလုံးက အားလုံးကို ထိတ်လန့် သွားစေသည်။
တစ်ကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်။
ချီယန်၏ နတ်ဆိုးအရိုးစုသည် ထပ်ခါ ထပ်ခါ တိုက်ခိုက်တိုင်း အကြိမ်ကြိမ် ပေါက်ကွဲပြီး ပြန်ပြန်၍ စုစည်းလာသည်။ သူသည် ပင်ပန်းပုံ မပေါ်သလို သေခြင်း ရှင်ခြင်းတိုက်ပွဲအား မကြောက်မရွံ့ တိုက်ခိုက် နေသည်။ သူ့အသိစိတ်ထဲမှ သစ္စာ တရားအတွက် တိုက်ခိုက်လျက် ရှိသည်။
ထို့နောက်တွင်မူ သူ၏ နတ်ဆိုးအရိုးများ စတင်၍ အက်ကွဲလာသည်။ အရိုးများ တစ်ခုပြီးတစ်ခု အက်ကွဲလာပြီး နတ်ဆိုး အရိုးစုတစ်ခုလုံး အချိန်မရွေး ပေါက်ကွဲ၍ အကျိုးအပဲ့ဖြစ်ကာ လုံးဝ ပျောက်ကွယ် တော့မည်ဟု ထင်မှတ်ရသည်။
“ချီယန် ရပ်လိုက်တော့”
ယဲ့ဖန် စိတ်ထိခိုက်ကာ သွေးမျက်ရည် ကျလျက် ရှိသည်။ အကယ်၍ ချီယန်၏ နတ်ဆိုးအရိုးများသာ အမှန်တကယ် ကြေပျက်သွားပါက ချီယန်ကို ပြန်အသက် သွင်းနိုင်မည့် အခွင့်အရေးကို လုံးဝ ဆုံးရှုံး သွားနိုင်မှန်း သူ သိနေသည်။
သို့သော် ချီယန်က သူ့အော်သံကို လုံးဝ မကြား သကဲ့သို့ ပြုမူနေပြီး ဆက်လက်၍ တိုက်ခိုက်လျက် ရှိသည်။
“အစ်ကိုကြီး”
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ ထိတ်လန့် နေသော အကြည့် အောက်မှာပင် ဟွမ်အာ၏ ခန္ဓာကိုယ် တစ်ခုလုံး မီးလောင် ကျွမ်းစပြုလာသည်။
ထိုမီးလျှံ၌ အတောမသတ်နိုင်သော စွမ်းအင်များ ပါဝင်နေပြီး နေရာအနှံ့သို့ စိမ့်ဝင် ပျံ့နှံ့ကာ လူတိုင်း အား ကြက်သေ သေသွားစေသည်။
“ဟွမ်အာ …”
ယဲ့ဖန် တောင့်ခနဲ ဖြစ်သွားပြီး အသိပြန် ဝင်လာ ချိန်တွင် အကြီးအကျယ် မျက်နှာ ပျက်သွား လေသည်။
“မလုပ်နဲ့”
သို့သော် ဟွမ်အာသည် ယဲ့ဖန်၏ အော်ဟစ် သတိပေးသံကို ကြားပုံ မပေါ်သလို သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးက လေထဲသို့ ပျံတက် သွားသည်။
“အစ်ကိုကြီး ကျွန်မခန္ဓာကိုယ်ကို ရှာတွေ့မယ့် အချိန်ကို ကျွန်မ စောင့်နေ တယ်နော်။ အဲ့အခါကျရင် ဟွမ်အာကို နှိုးနော်၊ ဟွမ်အာကို အဖော်ပြုခွင့် ပေးပါနော်”
ဟွမ်အာ၏ မှတ်ဉာဏ်ခန္ဓာကိုယ်လေးက ပို၍ တောက်လောင် လာသည်။ ထို့နောက် သူမ အိပ်မောကျသွားကာ ချက်ချင်း ဆိုသလို အဖြူရောင် အလင်းလုံးလေး ဖြစ်သွားပြီး မှတ်ဉာဏ် အလင်းလုံး သဏ္ဌာန် ပြောင်းသွားလေသည်။ ထိုအလင်း လုံးလေး၌ ဖော်မပြနိုင် လောက်သော စွမ်းအင်များ ပါဝင်နေ၏။
ထို့နောက် ထိုအလင်းလုံးလေးသည် ယဲ့ဖန်၏ ရင်ဘတ်ထံသို့ လှစ်ခနဲ ပျံသန်း လာပြီး အသားထဲသို့ စိမ့်ဝင်သွားကာ မှတ်ဉာဏ် မှော်စာလုံးအဖြစ် ဖွဲ့စည်း သွားသည်။
ထို့နောက် ထိုမှတ်ဉာဏ် မှော်စာလုံး မှနေ၍ ပြင်းထန်သော စွမ်းအင်များ အရူးအမူး ထွက်ပေါ် လာသည်။ ဤသည်မှာ မှတ်ဉာဏ်စွမ်းအင် ဖြည့်ဆည်းခြင်း သိုင်းကွက် ဖြစ်လေ သည်။
ဟွမ်အာ၏ မှတ်ဉာဏ်အမွေအနှစ်က ပြိုင်ဘက်ကင်း လှပြီး သူမ၏ မှတ်ဉာဏ် ခန္ဓာကိုယ်တစ်ခုလုံး၌ အမွေအနှစ် အားလုံး နီးပါး ပါဝင်နေသည်ကို အားလုံး သိထားကြသည်။ ထိုအမွေအနှစ် စွမ်းအင် က အလွန် ကြောက်မက်ဖွယ် ကောင်းလွန်း လှသည်။
မှတ်ဉာဏ်မှော်စာလုံးမှ စွမ်းအင်များ ထွက်ပေါ် လာပြီးနောက် ယဲ့ဖန်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲလုနီးပါး ဖြစ်နေသလို ခံစားမိလာရသည်။ ချီကြော တိုင်း၊ သွေးကြောတိုင်း၌ စွမ်းအင်များ ဖြတ်သန်း စီးဆင်းသွားသည်။ ယဲ့ဖန်၏ အရှိန် အဝါက တစ်ဟုန်ထိုး မြင့်တက်လာ လေသည်။
အစိတ်စိတ် အမြွှာမြွှာ ကွဲအက်သံ နှင့်အတူ သူ၏ နတ်ဘုရားဂိုဏ်းချုပ် အလယ် အလတ်အဆင့် အတားအဆီး သည်လည်း ကျိုးပဲ့လာသည့် အရိပ် အယောင် ပြလာသည်။
ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့် အောက်၌ သူ၏အရှိန်အဝါက ပို၍တောင်မှ ထိတ်လန့်စရာ ကောင်း လာသည်။
အင်မော်တယ်ဂိုဏ်းချုပ် အလယ်အလတ် အဆင့်၊ အင်မော်တယ် ဂိုဏ်းချုပ် နောက်ဆုံးအဆင့်၊ အင်မော်တယ် ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်ငယ် နှစ်ခုကို ကျော်ဖြတ်၍ အင်မော်တယ် သူတော်စင် တစ်ပိုင်း အဆင့်သို့ ရောက်ရန် အနည်းငယ်အလို၌ ရပ်တန့် သွားလေသည်။
ထိုသည်သာမကချေ၊ သူ၏ကိုယ်တွင်းမှ စွမ်းအင် သည် ပို၍ ကျစ်လစ် သန်မာလာပြီး သွေးကြော များက နဂါး တစ်ကောင် ရစ်ခွေနေသကဲ့သို့ သန်မာ လာပြီး ထိတ်လန့်ဖွယ် အရှိန်အဝါဖြင့် ပြည့်နှက် နေသည်။
တောက်!
ယဲ့ဖန်၏ မျက်လုံးမှ သွေးမျက်ရည်များ တတောက် တောက် စီးကျလာသည်။ သူသည် မှတ်ဉာဏ် မှော်စာလုံးကို ထိလိုက်မိသောအခါ ဟွမ်အာ၏ အငွေ့ အသက်၊ ဟွမ်အာ၏ နှလုံးခုန်သံနှင့် ဟွမ်အာ ၏ အရာအားလုံးကို ထိတွေ့ မိသလို ခံစားလိုက် ရသည်။
*ဒါ အိပ်နေတဲ့ ဟွမ်အာပဲ*
“ကောင်မလေး ငါ မင်းခန္ဓာကိုယ်ကို သေချာပေါက် ပြန်ရှာပြီး မင်းကို နိုးထ လာအောင် လုပ်မယ်”
ထိုသို့ရေရွတ်ပြီးနောက် ယဲ့ဖန်၏ သွေးစွန်း နေသော မျက်လုံးများသည် ကောင်းကင်ထက်မှ တိမ်ပျံ ဘိုးဘေးထံသို့ အကြည့်ရောက်သွားသည်။
သူ၏ ရက်စက်သော အကြည့်၊ ကြီးစိုး ဖိစီးမှုမျိုးက ကြောက်မက်ဖွယ် ကောင်း လှသည်။
“သေလိုက်တော့”
ထိုသို့သောအချိန်၌ ကောင်းကင်ထက်မှ တိုက်ပွဲ သည် ပြီးဆုံးလုနီးပါး ဖြစ်နေသည်။ တိမ်ပျံ ဘိုးဘေးသည် ချီယန် နတ်ဆိုး ဘုရင်၏ အရိုးများကို လက်သီး တစ်ချက်တည်းဖြင့် ချေဖျက်နေ သော ကြောင့် နတ်ဆိုးအရိုးစုတစ်ခုလုံး မြေကြီးပေါ် ပြုတ်ကျလာသည်။
ထို့နောက် သူ၏ခြေဖဝါးတစ်ဖက်ဖြင့် ထိုအရိုး များကို နင်းခြေရန် ဟန်ပြင်လိုက်သည်။ ထိုခြေ ဖဝါး၏ အရှိန်သည် အလွန်ပြင်းထန်ပြီး တိမ်ပျံ ဘိုးဘေး၏ ခွန်အားအကုန် ပါဝင်နေပုံရသည်။
သူ၏ခြေဖဝါးတစ်ဖက်တည်းဖြင့် ချီယန် နတ်ဆိုး ဘုရင်၏ အရိုးများကို လုံးဝ ဖျက်စီးနိုင်မည်ဟု သူ ယုံကြည်မှု ရှိနေသည်။ ထိုသို့သောအချိန်၌ သူ၏ ခြေဖဝါးသည် လေထဲ၌ တန့်နေပြီး အောက်သို့ နည်းနည်းလေးမျှ ကျမသွား တော့ချေ။
လက်တစ်စုံက သူ၏ခြေဖဝါးကို ဖမ်းချုပ် ထား ပြီးနောက် ရုတ်တရက် ဆွဲဖြဲပစ်လာသည်။ သွေးစက် များက မိုးသဖွယ် စီးကျလာပြီး ခြေဖဝါး တစ် ဖက်လုံး စုတ်ဖြဲ ခံလိုက်ရလေတော့သည်။
Chapter 602 နတ်ဆိုး အမျက်ဒေါသ
ဗြိ!
စုတ်ဖြဲလိုက်သော အသံထွက် ပေါ်လာ ပြီးနောက် တိမ်ပျံဘိုးဘေး၏ ဧရာမ ခြေဖဝါးတစ်ဖက်က ယဲ့ဖန်ကြောင့် စုတ်ပြဲသွားသည်ကို အားလုံး ထိတ်လန့် တကြား တွေ့လိုက်ရသည်။
ကောင်းကင်ထက်မှနေ၍ သွေးစက်များက မိုးသဖွယ် စီးကျနေ၏။
“အား …”
စူးစူးရွားရွား အော်ဟစ်လိုက်သော အသံက ဂြိုဟ်တစ်ခုလုံးကို ထိတ်လန့် သွားစေသည်။ တိမ်ပျံဘိုးဘေးသည် သူ၏ ကျန်ခြေထောက် တစ်ဖက်ဖြင့် နောက်ဆုတ် သွားသည်။ သူ့တစ် ကိုယ်လုံး နာကျင်မှုကြောင့် တုန်ယင် သွား လေသည်။
သူ၏ ခြေဖဝါး၌ အရေပြားက လန်နေပြီး သွေးသံတရဲရဲနှင့် ခြေချင်းဝတ်သာ ကျန် ရစ်ခဲ့ပြီး သွေးများက ဆက်တိုက် စိမ့်ထွက် နေသည်။
ပြင်းထန်သော နာကျင်မှုက တိမ်ပျံ ဘိုးဘေး၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသဖြင့် သူ ကတုန်ကယင် ဖြစ်နေလေ၏။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”
တိမ်ပျံဘိုးဘေးသည် ယဲ့ဖန်အား သရဲ သဘက်ကို ကြည့်သကဲ့သို့ ထိတ်လန့် တကြား ကြည့်နေ လေသည်။ ယခု အချိန်၌ သူသည် ယဲ့ဖန်၏ လက်ထဲမှ ကြက်ကလေးတစ်ကောင်ကဲ့သို့ ခံစားမိ နေသည်။
တစ်ဖက်လူက အားအနည်းငယ် ထုတ် သုံးရုံနှင့် သူ့အသားကို စုတ်ပြဲသွားအောင် လုပ်နိုင်ပုံရသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ဘိုးဘေး”
အောက်ဘက်မှ ထူရီရှုံးသည် အလွန် မှင်တက် အံ့ဩ၍နေသည်။ သူသည် သူ့ဘိုးဘေးက ယဲ့ဖန်၊ ဟွမ်အာ၊ နယ်မြေ ခုနစ်ရာ၏ အရှင်သခင်၊ မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်၊ ဝိညာဉ်စား ပုရွက်ဆိတ်နှင့် ကြောက်မက်ဖွယ် ဧရာမ နဂါးကြီး အား အနိုင်ယူဖိနှိပ်ခဲ့သည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။ သူ၏ ဘိုးဘေးသည် ပြိုင်ဘက်ကင်း လှပေ သည်။
သို့သော် ယခုအခါတွင် အင်မော်တယ် အရှင်သခင် တစ်ပိုင်းအဆင့်ရှိသော တိမ်ပျံဘိုးဘေး၏ ခြေထောက် တစ်ဖက်က ဘယ်လိုလုပ် အလွယ် တကူ စုတ်ပြဲ သွားရသနည်း။
ယခုအချိန်၌ ထူရီရှုံးသည် ယဲ့ဖန်၏ လက်ကို တစ်လှည့် သွေးသံတရဲရဲနှင့် ခြေထောက် တစ်ဖက်ကို တစ်လှည့် ကြည့်ရင်း ခေါင်းစခြေဆုံး ကြက်သီးမွေးညင်း ထလာလေသည်။
“သောက်နတ်ဆိုးဧကရာဇ်၊ ငါ မင်းကို နင်းချေ ပစ်မယ်ကွ၊ နင်းချေပစ်မယ်”
တိမ်ပျံဘိုးဘေး ရူးမတတ် ဖြစ်နေသည်။ သူသည် ခေါင်းမွေးထောင်၍ မုန်ယို နေသော မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ မြေကြီးအား ခြေတစ်ဖက်ဖြင့် ဆောင့်နင်းလိုက်သည်။
ထိုအခါ ဂြိုဟ်တစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်လာပြီး တိမ်ပျံဘိုးဘေးသည် လက်နှစ်ဖက်လုံး ကိုဝင့်၍ ယဲ့ဖန်ထံသို့ ပြေးဝင် လာသည်။ ထိုလက်ဝါးချက် အောက်၌ လေထုအား ဖိနှိပ်ခံရပြီး တရှီးရှီး မြည်သံ ထွက်လာသည်။ ထို့နောက် လေထု အက်ကွဲလာပြီး ယဲ့ဖန်အား မရဏ အငွေ့အသက် များက ဖုံးလွှမ်းလာသည်။ ဤတိုက်ခိုက်မှုက အပြင်း ထန်ဆုံးပင်။
အောက်ဘက်ရှိ အန်းရှီ၊ နယ်မြေ ခုနစ်ရာ၏ အရှင်သခင်နှင့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက် တို့သည် ထိုလက်ဝါးချက်မှ စွမ်းအင်ကို ခံစားမိပြီး အရေပြားများ အက်ကွဲရာ ထင်လာသည်။ တိမ်ပျံ ဘိုးဘေး၏ စွမ်းအင်က သူတို့ကို ပျက်သုန်းအောင် ပြုလုပ်နိုင် ပုံရသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် သွေးမျက်ရည် များ စီးကျနေသော မျက်လုံးများဖြင့် တိမ်ပျံဘိုးဘေးကို စူးစူးရဲရဲ စိုက်ကြည့် နေသည်။
“ပေါက်ကွဲစမ်း”
ဒေါသူပုန်ထနေသော သားရဲ တစ်ကောင် ကဲ့သို့ ကြုံးဝါး၍ ကောင်းကင် ထက်မှ ကျဆင်းလာသော တိမ်ပျံဘိုးဘေး၏ လက်ဝါးချက်ကို ယဲ့ဖန်က လက်ဝါးဖြင့် ပြန်၍တိုက်ခိုက်လိုက်သည်။
အရွယ်အစား မညီမျှသော လက်ဝါး နှစ်ဖက်က မျက်စိတစ်မှိတ်အတွင်း ထိပ်တိုက် တွေ့ဆုံ သွားလေသည်။
ဝုန်း!
အားလုံး၏ ထိတ်လန့် နေသောအကြည့် အောက်ပင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ် လာသည်။ ယဲ့ဖန်၏ လက်ဝါးကြောင့် ကောင်းကင်ထက်မှ ကျဆင်း လာသော ဧရာမ လက်ဝါးကြီးသည် သစ်ရွက် ခြောက်များ၊ သစ်ဆွေးများကဲ့သို့ ပေါက်ကွဲ သွားလေသည်။
ရဲရဲနီသော သွေးစက်များ စီးကျလာပြီး အင်မော်တယ် အရှင်သခင် တစ်ပိုင်း အဆင့်၏ အသားစများနှင့် အရိုးများ ပျက်စီး သွားသည်။
*ဘယ်လို …*
တိမ်ပျံဘိုးဘေး မျက်လုံးပြူးသွားသည်။ သူ၏ ပေါက်ကွဲ ပျက်စီးသွားသော ဧရာမ လက်ဝါးကို ငေးငိုင်ကြည့်နေမိသည်။ ယဲ့ဖန်၏ လက်ဝါးချက် အောက်၌ ရေခဲမီး သူတော်စင် ခန္ဓာကိုယ်၏ အရိုးများသည် ဆွေးမြည့်နေသော သစ်ကိုင်းခြောက် များကဲ့သို့ ကျိုးကြေ ပျက်စီး သွားသည်တဲ့လား။
ပြင်းထန်သော နာကျင်မှုက တိမ်ပျံ ဘိုးဘေး၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ ယဲ့ဖန်၏ လက်ဝါး ချက်သည် ဧရာမ လက်ဝါးကြီးကို ဖျက်စီး ပြီးသည်နှင့် သူ့လက်များက တိမ်ပျံ ဘိုးဘေး၏ ရင်ဘတ်ထံသို့ ကျရောက် လာသည်။
ဂျွတ်!
သူ၏ ရေခဲမီး သူတော်စင်ခန္ဓာကိုယ် ဆုတ်ဖြဲ ခံလိုက်ရပြီး သွေးစက်များက ရင်ဘတ်ထဲမှ ပန်းထွက်လာပြီး မြေကြီးပေါ်သို့ ကျဆင်းလာသည်။ သူ၏ရင်ညွန့်ရိုးသည်လည်း ကျိုးပဲ့ သွားသည်။ အားမရှိသော ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သူ့ခန္ဓာကိုယ် တစ်ဝက်သည် လက်ဝါး တစ်ချက်ကြောင့် ကျိုး ကြေ သွားလေ၏။
တိမ်ပျံဘိုးဘေး၏ ရေခဲမီး သူတော်စင် ခန္ဓာကိုယ် သည်လည်း သဲအိတ်ကဲ့သို့ မြေကြီးပေါ် ပြုတ်ကျ လာသည်။ ဂြိုဟ် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဂလု!
ထူရီရှုံးသည် တံတွေးကို မနည်းမျိုချ လိုက်ရပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ငေးကြည့် နေမိသည်။ အင်မော်တယ် ဂိုဏ်းချုပ် အထွတ် အထိပ် အဆင့်ရှိသော ယဲ့ဖန်သည် စကြဝဠာ တစ်ခုလုံး၏ နတ်ဘုရားတစ်ပါးဟု ထင်မှတ် ရသည်။
“ဘယ်လိုလုပ် ဒီလောက် သန်မာ နေရ တာလဲ … မဖြစ်နိုင်လိုက်တာ၊ အင်မော်တယ် ဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်က ငါ့ရဲ့ ရေခဲမီး သူတော်စင် ခန္ဓာကိုယ်က အရိုးတွေကို အက်ကွဲ အောင် လုပ်နိုင်တယ်ပေါ့လေ”
တိမ်ပျံဘိုးဘေးသည် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ဒဏ်ရာကို အရေး မစိုက်နိုင်ဘဲ ယဲ့ဖန်ကိုသာ မျက်ခုံး တလှုပ်လှုပ်နှင့် ကြည့်နေမိသည်။ သူ့စိတ် ထဲသို့ မရဏ အငွေ့အသက်များ ဝင် ရောက်လာသည်။
*ပြေးရမယ်*
တိမ်ပျံဘိုးဘေး အလွန်အမင်း ကြောက် လန့် နေလေ၏။ သူသည် တစ်ချက်တည်းဖြင့် ခြေထောက်တစ်ဖက် ဆုတ်ဖြဲ ခံလိုက်ရသလို လက်ဝါးတစ်ချက်တည်းဖြင့် ရင်ဘတ်ပွင့် သွားခဲ့ရသဖြင့် ကွာခြားမှုကို ရှင်းရှင်းလင်းလင်း နားလည် သွားရသည်။ သူသည် မြေကြီး ပေါ်မှ လူးလဲထ၍ အသည်းအသန် ထွက်ပြေး လေတော့သည်။
“မင်းက ပြေးမလို့လား”
ယဲ့ဖန်၏အသံက ရုတ်တရက် ထွက်ပေါ် လာသည်။ သူသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် ရုတ်တရက် ပျောက် ကွယ်သွားသည်။ သူ ပြန်ပေါ်လာ သောအခါ တိမ်ပျံဘိုးဘေး၏ အနောက် သို့ ရောက်နေလေသည်။
“မလုပ်နဲ့”
တိမ်ပျံဘိုးဘေး ကြက်သီးထကာ ချွေးပြန်၍ ခေါင်းမွေးထောင်လာသည်။ ဤခံစားချက်က ငရဲမှ ထွက်ပေါ် လာသ လိုပင်။
သူ အော်ဟစ်နေဆဲမှာပင် ယဲ့ဖန်က သူ့ လက်မောင်း ကို ဖမ်းဆွဲလာပြီး ဆုတ်ဖြဲ လေတော့သည်။ တိမ်ပျံဘိုးဘေး၏ ရေခဲမီး သူတော်စင် ခန္ဓာကိုယ်သည် တစ်စစီ စုတ်ပြဲသွားပြီးနောက် သွေးများက သူ၏ ခန္ဓာကိုယ်ထံမှ ဆက်လက်၍ စိမ့်ထွက် လာသည်။
အရိုးများ သေမတတ် နာကျင်၍ အသားစ များကို မြင်နေရသည်။ အိမ်မက်ဆိုးကား ယခုမှ အစပင် ရှိချေသေးသည်။
ယဲ့ဖန်သည် ရုတ်တရက် လွှတ်ပေး လိုက်ပြီးနောက် တိမ်ပျံဘိုးဘေး၏ ခန္ဓာကိုယ်ကို ပြန်ဆွဲထူ လိုက်သည်။ ထို့နောက် ပြန်၍ လွှတ်ချလေသည်။
တဘုန်းဘုန်း ပြုတ်ကျနေသံကြောင့် အားလုံး မျက်ခုံးလှုပ်နေသည်။ တစ်ခါ ပြုတ်ကျတိုင်း တိမ်ပျံဘိုးဘေး၏ ခန္ဓာကိုယ်မှ သွေးများ စိမ့်ထွက် လာပြီး သွေးအိုင် ဖြစ်ဖြစ်သွားလေ့ ရှိသည်။
“အား …”
တိမ်ပျံဘိုးဘေးသည်လည်း ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ် နေရသည်။ သူ့မျက်လုံး၌ အလွန် ကြောက်လန့်၍ မျှော်လင့်ချက်မဲ့ဟန်များ ပါဝင် နေသည်။
အင်မော်တယ် အရှင်သခင် တစ်ပိုင်း အဆင့် ရှိသောသူသည် အင်မော်တယ် ဂိုဏ်းချုပ် အထွတ် အထိပ် အဆင့် သာရှိသော ယဲ့ဖန်၏လက်အောက်၌ ကြက်ကလေး တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ပြန်တိုက်နိုင်သည့် ခွန်အား မရှိချေ။ ပြင်းထန်စွာ ကိုင်ပေါက်ခံ နေရခြင်းက သူ့အား ငရဲကျခံနေ ရသကဲ့သို့ ခံစားရစေသည်။
ထိုသို့သောအချိန်၌ နောက်တစ်ကြိမ် ကိုင်ပေါက်ခံ လိုက်ရပြီးနောက် တိမ်ပျံ ဘိုးဘေး၏ ပခုံးရိုး အက်ကွဲသွားသည်။ သူ၏အင်မော်တယ် ခန္ဓာကိုယ် တစ်ခုလုံး အလွန် ရစရာမရှိလောက်အောင် ဖြစ်နေ ၏။
“အရှင် နတ်ဆိုးဧကရာဇ်၊ ရပ်လိုက် ပါတော့ … မြန်မြန်ရပ်လိုက်ပါတော့”
တိမ်ပျံဘိုးဘေး တရစပ် အသနားခံ နေရသည်။ သို့သော် ယဲ့ဖန်၏ မျက်လုံး များက အေးစက်ခက်ထန်၍ တိမ်ပျံ ဘိုးဘေး၏ ရေခဲမီး ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါ ကိုင်ပေါက်နေလေသည်။
ဝုန်း!
သူ့ရင်ဘတ် ကျိုးကြေသွားသည်။
ဝုန်း!
သူ့ညှပ်ရိုး ကျိုးသွားသည်။
ဝုန်း!
ဦးခွံ ပေါ်လာသည်။ ထို့နောက် တိမ်ပျံ ဘိုးဘေး၏ ဦးခေါင်းတစ်ခုလုံးသည် ဖရဲသီးကဲ့သို့ အက်ကွဲသွား လေတော့ သည်။ ယဲ့ဖန်သည် သူ၏ခန္ဓာကိုယ်အား ဘာမှ မဟုတ်သကဲ့သို့ ဆွဲမ၍ ကိုင်ပေါက် လေသည်။
“နာလွန်းလို့ပါ”
ကိုင်ပေါက်ခံလိုက်ရပြီးနောက် တိမ်ပျံ ဘိုးဘေးသည် အလွန် နာကျင် နေသော အသံဖြင့် ညည်းညူ လေသည်။ သူ၏ ဦးခေါင်း အက်ကွဲသွားပြီး ကိုယ်အပေါ် ပိုင်းမှ အသွေးအသားများလည်း စုတ် ပြတ် သတ်နေသည်။ တစ်ကိုယ်လုံး ရစရာမရှိ သော်လည်း အိပ်မက်ဆိုးကား မပြီးသေးချေ။
ယဲ့ဖန်သည် တိမ်ပျံဘိုးဘေး၏ လက်ကျန် ကိုယ် အစိတ်အပိုင်းကို ခြေတစ်ဖက်ဖြင့် နင်းချေ၍ လက်တစ်ဖက်ဖြင့် စိတ်ဝိညာဉ်ကို စုတ်ဖြဲ လေသည်။
စိတ်ဝိညာဉ် စုတ်ဖြဲခံလိုက်ရသောအခါ တိမ်ပျံ ဘိုးဘေး၏ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ် လာသည်။
“မလုပ်နဲ့”
ကြောက်လန့်၍ မျှော်လင့်ချက်မဲ့စွာ အော်ဟစ် လိုက်သည့်အသံ ပဲ့တင်ထပ် လာသည်။ သို့ရာတွင် အချိန်နှောင်း သွားလေပြီ။
ယဲ့ဖန် အဆင့်တက်လာသည်နှင့်အတူ ငရဲမီး သည်လည်း ပို၍အရှိန်ပြင်း၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ အချိန်တိုအတွင်းမှပင် ငရဲမီးက တိမ်ပျံ ဘိုးဘေး၏ စိတ်ဝိညာဉ်ကို မီးမြှိုက် လေတော့သည်။
Chapter 603 နောက်ဘဝ
ထိုသို့သောအချိန်၌ ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် မီးတောက် သည် တိမ်ပျံတောင်ထိပ် ပေါ်မှနေ၍ ကောင်းကင် တစ်ခွင်၌ လောင်ကျွမ်း လျက် ရှိသည်။ ပူပြင်းသော အပူရှိန်က လေဟာနယ် အား လောင်ကျွမ်းလုနီးပါး ဖြစ်စေပြီး အက်ကွဲ လာစေသည်။
ကြောက်မက်ဖွယ်ကောင်းသော ငရဲမီးသည် ဂြိုဟ်ပေါ်ရှိ တောင်များအား အရည်ပျော် စေပြီး ချော်ရည် ဖြစ်သွား သည်။
မြစ်ချောင်းများ အငွေ့ပျံ၍ ချက်ချင်း ခမ်းခြောက် သွားသည်။ ပူပြင်းသော အပူရှိန်အောက်၌ ဂြိုဟ်တစ်ခုလုံး ဂျွတ်ခနဲ အသံဖြစ်၍ အက်ကွဲ လာသည်။ တိမ်ပျံဂြိုဟ် တစ်ခုလုံး အရည်ပျော် တော့မည့်ပုံ ပေါ်သည်။
“ဘယ်လို၊ ဘယ်လိုဖြစ်တာလဲ”
ငရဲမီးအတွင်းမှနေ၍ ခြောက်ခြား နေသော အသံတစ်သံ ထွက်ပေါ် လာသည်။ ထိုအသံ၌ ထိတ်လန့် သွေးပျက်၍ မျှော်လင့်ချက်မဲ့နေသော အရိပ် အယောင်များ ပါဝင်နေ၏။
တိမ်ပျံဘိုးဘေး၏ စိတ်ဝိညာဉ်သည် မီးမြှိုက်ခံ နေရပြီး ဆက်တိုက် အလူးလူး အလှိမ့်လှိမ့် ဖြစ်နေသည်။ ပြင်းထန်သော နာကျင်မှုက သူ့အား တုန်လှုပ်၍ ထိတ်လန့် နေသော အသံများ ဖြစ်ပေါ် စေသည်။ သူသည် သုတ်သင်ခံနေရခြင်း မဟုတ်ဘဲ သန့်စင်ခံနေရခြင်းသာ ဖြစ် သည်။
ယဲ့ဖန်သည် ငရဲမီးကိုသုံး၍ ရေခဲမီး သူတော်စင် ခန္ဓာကိုယ်အား အရည်ပျော် ကျရန် ပြုလုပ်နေခြင်း ဖြစ်သည်။
“ငါ့ကို သတ်လိုက်၊ နတ်ဆိုးဧကရာဇ် ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါတော့၊ နာလွန်းလို့ပါ ... ငါ ဒါကို တောင့်မခံ နိုင်ဘူး”
ငရဲမီးကြားထဲမှ တိမ်ပျံဘိုးဘေး၏ အော်ဟစ် သံများက ဆက်တိုက် ထွက်ပေါ် လာလျက် ရှိသည်။ အင်မော်တယ် စိတ်ဝိညာဉ်မှ သူ၏ မျက်နှာ ထားသည် လောက၌ အရက်စက်ဆုံး အရာနှင့် ကြုံတွေ့ရသကဲ့သို့ အလွန် အမင်း ရှုံ့မဲ့နေ၏။ ဤသို့သော နာကျင်မှုမျိုးက ငရဲထက်ပင် ပို၍ ရက်စက်သေးသည်။
“သေချင်တာလား”
ယဲ့ဖန်၏ မျက်လုံးမှ ကြောက်စရာ ကောင်းသော သားရဲတစ်ကောင်ကဲ့သို့ အေးတိအေးစက် အလင်းတန်း ဖြာထွက်နေသည်။
“စိတ်မပူပါနဲ့၊ ငါ မင်းကို သေခြင်း တရားရဲ့ အရသာကို ဖြည်းဖြည်းချင်း ခံစားခိုင်းမှာပါ”
“မင်း ငရဲမှာ လမ်းလျှောက်ပြီး လူပြန် မဝင်စားနိုင်ဘဲ အော်ဟစ် နေစေရမယ်”
ခက်ထန်သော အသံကြောင့် တိမ်ပျံ ဘိုးဘေး၏ စိတ်ဝိညာဉ်အား ယခင်ထက် ပို၍ အော်ဟစ် လာအောင် ပြုလုပ် လာ၏။ တဖြည်းဖြည်းနှင့် သူ၏ စိတ် ဝိညာဉ်သည် ငရဲမီးကြောင့် အရည်ပျော် ကျလာသည်။ အဆုံးအစ မရှိသော နာကျင်မှုက သူ့အား ဝါးမျိုနေ၏။
နောင်တရနေ၏။ ယခုအချိန်၌ တိမ်ပျံ ဘိုးဘေးသည် သူ၏လုပ်ရပ်များအား နောင်တ ရနေသည်။
ပြန်လည်မွေးဖွားလာသော နတ်ဆိုး ဧကရာဇ်သည် တိမ်ပျံဂြိုဟ်တစ်ခုလုံး ပျက်စီးသွားလျင်တောင်မှ သူ့အား အလွတ်မပေး ထားနိုင်အောင် ရက်စက် လွန်းလှသည်။ နောင်တရချိန်သည်လည်း အလွန် နောက်ကျ သွားလေပြီ။
“ဘိုးဘေး …”
ဂလု!
မြေပြင်ပေါ်ရှိ တိမ်ပျံဂိုဏ်းချုပ် ထူရီရှုံးသည် မနည်း တံတွေး မျိုချနေရပြီး ကြောက်လွန်း သဖြင့် ကျင်ငယ်ရည်ပင် စွန့်မိနေသည်။
အင်မော်တယ် အရှင်သခင် တစ်ပိုင်း အဆင့် ဖြစ်သော တိမ်ပျံ ဘိုးဘေး၏ ခန္ဓာကိုယ်သည် တစ်စစီ ဖြစ်သွားရသလို စိတ်ဝိညာဉ်သည်လည်း ငရဲမီးအောက်၌ သန့်စင်ခံနေရသည်။ ဤသို့ ကြောက် မက်ဖွယ်ကောင်းသည့် မြင်ကွင်းကြောင့် ထူရီရှုံး၏ နဖူး၌ ချွေးများ စို့တက် လာသည်။
သူ့မျက်နှာ၌ အလွန်တရာ ကြောက်ရွံ့ နေဟန်များနှင့် ပြည့်နှက်နေပြီး နောက်သို့ တဖြည်းဖြည်း ဆုတ်နေသည်။ သူသည် ယဲ့ဖန် သတိမထားမိခင် ထွက်ပြေးရန် ကြံစည်နေလေ၏။
ထိုစဉ် သူ နောက်သို့ဆုတ်လိုက်ချိန်တွင် အေးစက် စက် အကြည့်တစ်စုံက သူ့ပေါ် ကျရောက်လာသဖြင့် ထူရီရှုံး ကြက်သီး မွေးညင်း ထကာ ခြေထောက်များ ပျော့ခွေ လာသည်။
လူတစ်ကိုယ်လုံး ဒူးထောက်ကျ သွားသဖြင့် မြေကြီးပေါ်၌ ချိုင့်ရာ ထင်လာသည်။
“နတ်ဆိုးဧကရာဇ် အသက် ချမ်းသာ ပေးပါ၊ ဒါတွေအားလုံးကို ဘိုးဘေးက လုပ်သွားတာပါ၊ ဒီငယ်သား က ချီယန်ရဲ့ အရိုးကို အရိုးအခေါင်းအဖြစ် မွမ်းမံဖို့ မလုပ်ခဲ့သလို နတ်ဆိုးမျိုးနွယ်ကိုလည်း မသတ်ခဲ့ပါဘူး၊ ကျေးဇူးပြုပြီး နတ်ဆိုး ဧကရာဇ် ခွင့်လွှတ်ပေးပါ”
ထိုသို့ပြောနေချိန်တွင် ထူရီရှုံး၏ နဖူးမှ ချွေးများ တဒီးဒီးစီးကျနေ၏။ ထိတ်လန့် နေ၏။ သွေးပျက်၍ နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကတုန်ကယင် ဖြစ်နေ လေသည်။
ဤအဖြစ်ကိုသာ တိမ်ပျံဂြိုဟ်စုနယ်မြေတစ်ခုလုံးမှ လူများ မြင်သွားပါက သေချာပေါက် မျက်လုံးပြူး သွားလောက်သည်။
တိမ်ပျံဂြိုဟ်စုနယ်မြေ၏ မြင့်မြတ်သော ထိပ်တန်း ခေါင်းဆောင် တစ်ယောက်ဖြစ်သော ထူရီရှုံးက ကျင်ငယ်ရည် ထွက်မတတ် ကြောက်လန့် နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“မင်းကို ခွင့်လွှတ်ပေးရမယ် ဟုတ်လား၊ ရတယ် လေ”
ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးလာပြီး ရက်စက် သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် သူ့စကားကြောင့် ထူရီရှုံး မှင်တက်သွားပြီး ဝမ်းသာ အားရ ဖြစ်သွားသည်။ ထူရီရှုံး သူ့ကို ကျေးဇူးတင် တော့မည့်အချိန်၌ ခက်ထန်သောအသံ ဖြစ်ပေါ်လာသည်။
“နောက်ဘဝမှပေါ့”
ထို့နောက် လက်တစ်ဖက်က သူ့အပေါ် ကျရောက် လာသည်။
“မလုပ်နဲ့”
ထူရီရှုံးတစ်ယောက် ကြောက်လန့်သွေးပျက်သော အသံဖြင့် အော်ဟစ်လိုက်သည်။ သူသည် ထိုလက် ဝါးအောက်၌ ကြက်ပေါက်စလေး တစ်ကောင်ကဲ့သို့ ဖမ်းမိသွားလေသည်။ ထို့နောက် ငရဲမီးတောက်၏ လောင်မြိုက်ခြင်းကို ခံလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ထူရီရှုံး၏ ခန္ဓာကိုယ်သည် ငရဲမီးအောက်၌ မလှုပ်နိုင်မယှက်နိုင် ဖြစ်သွား လေသည်။ သူသည် တိမ်ပျံဘိုးဘေးနှင့်အတူ မီးအေး အေးတွင် နှပ်ထားခံနေရလေ၏။
ထိုအခိုက်တွင် တိမ်ပျံဂြိုဟ်စုနယ်မြေတစ်ခုလုံးသို့ ငယ်သံပါအောင် အော်ဟစ်နေသံများ ပဲ့တင်ထပ် နေလေသည်။ ဂြိုဟ်များအားလုံးမှ အင်မော်တယ် မျိုးနွယ်များ ထိုအော်သံများကို ကြားနေရသည်။
“မြတ်စွာဘုရား၊ ဒါ … ဒါက ထူရီရှုံးရဲ့ အော်သံမဟုတ်လား၊ ဘယ်လိုဖြစ်ရတာလဲ၊ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာမျိုးက ထူရီရှုံးကို ဒီလောက် ငယ်သံပါအောင် လုပ်နိုင်ရတာလဲ”
“မယုံနိုင်စရာပဲ၊ တိမ်ပျံဂြိုဟ်ပတ်လည်က သတင်း အရဆိုရင် နောက်အသံတစ်သံက တိမ်ပျံဘိုးဘေးရဲ့ အသံပဲ ဖြစ်ရမယ်”
“အဲ့ဒီအဘိုးကြီးက ကျင့်ကြံနေတဲ့အချိန်မှာ သေသွား တာ မဟုတ်ဘူးလား၊ အဲ့လူအိုကြီးတော့ နှစ်ခြောက် ထောင် ကြာပြီးနောက်ပိုင်း ဒီလောက် ကြောက်စရာ ကောင်းတဲ့ အရာမျိုးနဲ့ ကြုံရလိမ့်မယ်လို့ ထင်ထား မိမှာ မဟုတ်ဘူး”
“…”
ထိုသို့သောအချိန်၌ တိမ်ပျံဂြိုဟ်နယ်မြေအတွင်းရှိ မရေတွက်နိုင်သော ဂြိုဟ်များမှ သိုင်းပညာရှင် များသည် အလွန်အမင်း ထိတ်လန့်နေကြလေသည်။
အထူးသဖြင့် တိမ်ပျံဂြိုဟ်နားမှ ဂြိုဟ်တစ်ခုပေါ်၌ သိုင်းပညာရှင်များနှင့် ပြွတ်သိပ်လျက် ရှိသည်။ ထိုလူများအားလုံးသည် တိမ်ပျံဂြိုဟ်မှ အင်မော် တယ်မျိုးနွယ်များ ဖြစ်ကြသော်လည်း ယခုအခါ၌ ထိုဂြိုဟ်ပေါ်၌ ပုန်းအောင်းနေကြသည်။
“သန်မာလိုက်တာ … တကယ် သန်မာတာပဲ”
လင်ဖေးယွီ၏ နဖူးမှနေ၍ ချွေးစေးများ တဒီးဒီး စီးကျလျက် ရှိသည်။ တစ်ဖက်မှ စီနီယာ အစ်ကိုကောသည်လည်း ကျင်ငယ်ရည် ထွက်ကျ နေသည်။
“တိမ်ပျံဘိုးဘေး သေသွားပြီ၊ ထူရီရှုံးလည်း သေသွားပြီ၊ မြတ်စွာဘုရား … တိမ်ပျံဂြိုဟ်စု နယ်မြေတော့ … ပြောင်းလဲသွားပြီပဲ”
နှစ်ယောက်လုံးသည် တိမ်ပျံဂြိုဟ်ပေါ်မှ ယဲ့ဖန်၏ ပုံရိပ်ကို ကြည့်ပြီး ဝေခွဲမရဟန်များဖြင့် ပြည့်နှက် လာသည်။ သူတို့နှစ်ယောက်၏ဘေးမှ ခရမ်းပြာ နတ်မိမယ်က ပို၍ဝေခွဲမရဟန် ဖြစ်နေ၏။
“သူ့ရဲ့ တိုးတက်လာနှုန်းက တကယ့်ကို အံ့ဩစရာပဲ”
“တကယ်တမ်းတော့ သူနဲ့ငါနဲ့က ကမ္ဘာ မတူဘူးပဲ …”
ခရမ်းပြာ နတ်မိမယ်၏ ရင်ထဲ၌ ယူကြုံးမရ ဟန်များက ဆထက်ထမ်းပိုး တိုးပွားလာသည်။ သူမ မည်မျှကြိုးစား၍ ကျင့်ကြံပါစေ သူမ သူ့ကို အမှီမ လိုက်နိုင်ကြောင်း အပြည့်အဝ နားလည်သွား ရသည်။
သုံးရက်သုံးည ကြာပြီးနောက် တိမ်ပျံဘိုးဘေးနှင့် ထူရီရှုံးတို့၏ ငယ်သံပါအောင် အော်ဟစ်သံများ ပျောက်ဆုံးသွားပြီး တိတ်ဆိတ်သွားလေသည်။
ငရဲမီးမှာမူ ဆက်လက် တောက်လောင်လျက် ရှိသည်။ ထိုမီးတွင်းထဲ၌ တိမ်ပျံဘိုးဘေးနှင့် ထူရီရှုံးတို့ ပြာဖြစ်သွားသည်အထိ လောင်ကျွမ်း သွားပြီး စိတ်ဝီညာဉ်များ ပျက်စီးသွားကာ ဘယ်သော အခါမှ ပြန်လည်မွေးဖွားခြင်း မပြုနိုင်ကြ တော့ချေ။
မီးတောက်အတွင်း၌ အနီနှင့် အဖြူတို့ ရောယှက် နေသော ရေခဲမီး စွမ်းအင်အရင်းအမြစ်သာ ရှိနေပြီး ၎င်းက ပို၍သိပ်သည်း ခိုင်မာလာသည်။
ထိုအရာသည် တိမ်ပျံဘိုးဘေး၏ နှစ်ငါးထောင် ကျော် အပတ်တကုတ် ကြိုးစားထားခဲ့သည့် မူလချီ စွမ်းအင် ဖြစ်လေသည်။ ယခုအခါတွင် ၎င်းအား ယဲ့ဖန်က ကျင့်ကြံသွားလေသည်။
ထိုစဉ် ယဲ့ဖန်က လက်တစ်ဖက် လှုပ်လိုက်ပြီး တောက်လောင်နေသော ငရဲမီးက ချက်ချင်း ပျောက်ကွယ်သွားသည်။ ရေခဲမီး၏ မူလချီ စွမ်းအင်အား ယဲ့ဖန် အပြီးတိုင် စုပ်ယူပြီးသွားပြီ ဖြစ်သည်
ထိုအခါမှ ယဲ့ဖန် ကောင်းကင်မှ ပြန်ဆင်းလာပြီး ချီယန်၏ အရိုးစုရှေ့၌ ရပ်လိုက်သည်။
ယခုအချိန်၌ ချီယန်၏အရိုးအားလုံးနီးပါးသည် တိမ်ပျံဘိုးဘေးနှင့် တိုက်ပွဲကြောင့် ကြေမွလုဆဲဆဲ ဖြစ်နေသည်။ ပြန့်ကျဲနေသော အရိုးအနည်းငယ် ကျန်ရှိသော်လည်း ထိုအရိုးများသည် အက်ကွဲနေဆဲ ဖြစ်သည်။
ယဲ့ဖန်က ဆောင့်ကြောင့်ထိုင်ချ၍ ချီယန် နတ်ဆိုး ဘုရင်၏ အရိုးများကို တစ်ပိုင်းချင်းစီ လိုက်ကောက် လေသည်။ သူ့လက်ဝါးထဲမှ ပူလောင်နေသော အရိုးစများကို ကြည့်ပြီး သူ့မျက်နှာ၌ ဝမ်းနည်း ရိပ်များ ထင်ဟပ်လာသည်။
ဤတိုက်ပွဲအပြီး၌ ချီယန် နတ်ဆိုးဘုရင်၏ အသက် ပြန်သွင်းနိုင်ချေက အလွန် နည်းပါးသွားသည်ကို သူ သိနေသည်။ မဝေးသော အနာဂတ်အတွင်း၌ လုံးဝ ပျောက်ကွယ်သွားနိုင်ချေ ရှိသည်။
“ချီယန် မင်း ငါ့အတွက် တိုက်ပွဲဝင်ခဲ့ပြီးတော့ ငါ့အတွက်ပဲ သေဆုံးခဲ့ရတယ်၊ အခု ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ငါ မင်းကို ပျောက်ကွယ် မခံနိုင်တော့ဘူး”
ယဲ့ဖန်၏ မျက်လုံးတွင်း၌ အလွန်တရာ ရူးသွပ်မှုများ
ယဲ့ဖန်၏ မျက်လုံးတွင်း၌ အလွန်တရာ ရူးသွပ် နေဟန်များ စွန်းထင်လာသည်။ သူ ဆုံးဖြတ်ချက် တစ်ခု ချမှတ်ထားပြီပုံ ရသည်။