အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
Chapter 613 ကိုယ်ပွားငါးယောက်
“မင်းနဲ့စမယ်”
ယဲ့ဖန်၏စကားက ခြောက်ခြားဖွယ်ကောင်းလှပြီး ကြားလိုက် ရသည့် ကာလိုနတ်ဘုရား မျိုးနွယ်များ အားလုံး ကျောချမ်း သွားကြလေသည်။ ကာလို နတ်ဘုရား တစ်ယောက်တည်း သာလျင် နှုတ်ခမ်းကို တွန့်၍ ထီမထင်ဟန် ပြုံးနေ၏။
“နတ်ဆိုးဧကရာဇ် ခင်ဗျားက အရင်ဘဝကထက် ပိုသန်မာ လာတာကိုတော့ ကျုပ် ဝန်ခံပါတယ်၊ ဒါပေမဲ့ ဒါကိုရော ဘယ်လိုလုပ်မှာလဲ”
“အခု ကျုပ်က ခင်ဗျားနဲ့ ဆော့ပေးနေရုံပဲ ရှိတာ၊ ကျုပ်က ခင်ဗျားလောက် မတော်ဘူးလို့ ခင်ဗျား တကယ် ထင်နေ တာလား”
ထို့နောက် ကာလိုနတ်ဘုရား၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှား သွားသည်။
ကာလို ကိုယ်ပွားကျင့်စဉ်။
ကာလိုနတ်ဘုရား၏ ခန္ဓာကိုယ်က တုန်ခါလာလေသည်။ အားလုံး၏ အံ့ဩနေသော မျက်လုံးအောက်၌ သူ၏ လက်မောင်းများ ပြတ်ထွက်လာပြီး သူ၏ခြေထောက်များပါ ပြတ်ထွက်လာကာ သူ၏ခန္ဓာကိုယ်ပါ ပြတ်ထွက်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ပြတ်ထွက်သွားပြီး ကာလို ငါးယောက် ဖြစ်သွား လေသည်။
*ဟာ*
ဤမြင်ကွင်းကြောင့် ထောင်သောင်းချီသော နတ်ဆိုးများ အားလုံး မျက်နှာ မည်းမှောင်သွားကြသည်။ အမှောင် နတ်ဆိုးဘုရင်နှင့် ချီယန် နတ်ဆိုးဘုရင်တို့တောင်မှ မျက်နှာ ဖြူရော်နေသည်။
ကာလို ကိုယ်ပွားပညာသည် ကာလိုနတ်ဘုရား၏ အသန်မာ ဆုံးသော ဆန်းကြယ်မှုဖြစ်လေသည်။ ထိုပညာသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို စုတ်ဖြဲနိုင်ပြီး ကာလို နတ်ဘုရား အသစ်ကို ဖွဲ့စည်းနိုင်၏။
ပို၍ထိတ်လန့်စရာကောင်းသည်က ထိုကာလိုနတ်ဘုရား အားလုံး၌ တူညီသော လျှို့ဝှက်သိုင်းပညာနှင့် အစွမ်းများ ရှိကြလေသည်။
တစ်ယောက်ချင်းစီ၏ ခွန်အားက မူလကိုယ်ထက် မသိမသာ အားနည်းသော်လည်း ငါးယောက်လုံး ပေါင်းလိုက်လျင် သူတို့၏ တိုက်ပွဲဝင်ခွန်အားက ရုတ်ချည်းဆိုသလို တိုးမြင့်လာ လေသည်။ ထို့အပြင် ဤသည်က သူ့အား အသက်ပြန် ရှင်လာအောင် လုပ်နိုင်ပေ၏။
ယခုအချိန်၌ ကာလိုနတ်ဘုရားသည် တုနှိုင်းမဲ့နေပေသည်။
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ ဒီနေ့ ကျုပ် ခင်ဗျားရဲ့ ခေါင်းနဲ့ နတ်ဘုရားမျိုးနွယ်ရဲ့ နာမည် မြင့်တက်လာအောင် လုပ်မယ်”
ချက်ချင်းဆိုသလိုပင် ကာလို ကိုယ်ပွားငါးယောက်သည် လူချင်းကွဲသွားပြီးနောက် ပြန်၍ စုဖွဲ့လာသည်။ ထိုပြိုင်ဘက်ကင်း လှသည့် အရှိန်အဝါက နတ်ဆိုးအားလုံးကို ခြောက်ခြားသွားစေသည်။ အမှောင်သခင်နှင့် ချီယန်တို့ တောင်မှ ကြက်သီးထလာကြသည်။
“သခင်ကြီး”
ယခုအချိန်၌ ထိုထိပ်တန်း နတ်ဆိုးဘုရင်နှစ်ပါးသည် ယဲ့ဖန်အတွက် စိုးရိမ်ကြောင့်ကြနေကြသည်။ မိုနာဒိုနှင့် တိုက်ခိုက်ရမည့် နောက်ဆုံးတိုက်ပွဲ စတင်တော့မည်ကို သူတို့ သိနေကြသည်။
မည်သူက အနိုင်ရနိုင်မည်လဲဆိုတာကို မသိနိုင်သေးပေ။ ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်၏ အမူအရာက ပြောင်းလဲ မသွားချေ။ ထိုအစား သူက ပြုံးရုံမျှပြုံးနေ၏။
“မိုနာဒို ကိုယ်ပွားပညာကို မင်းတစ်ယောက်တည်းပဲ လုပ်တတ် တယ်လို့ ထင်နေတာလား”
“ဒါ ဘာလဲ ကြည့်လိုက်ဦး”
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်၏ ခန္ဓာကိုယ်သည်လည်း စုတ်ပြဲလာသည်။ ခြေ၊လက်၊ ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့ ပြတ်ထွက်သွားပြီးနောက် မျက် စိတစ်မှိတ်အတွင်း ယဲ့ဖန် ငါးယောက်အဖြစ် ဖွဲ့စည်း သွားသည်။
ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပိုင်ရှင် ယဲ့ဖန်၊ မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင် ယဲ့ဖန်၊ ထိပ်တန်းအဆိပ် ခန္ဓာကိုယ်ပိုင်ရှင် ယဲ့ဖန်နှင့် ကျန်ယဲ့ဖန် ကိုယ်ခွဲနှစ်ယောက်၌ တစ်ယောက်တွင် မြင့်မြတ်သော မိုးကြိုးလျှပ်စီးစွမ်းအင် ပိုင်ဆိုင်ပြီး နောက်ဆုံး တစ်ယောက်တွင် အချိန်နိယာမစွမ်းအင်များ ပါရှိနေသည်။
“ဒါက …”
ကာလိုနတ်ဘုရား အလွန် ထိတ်လန့်သွားရသည်။
“စကြဝဠာထဲက ထိပ်တန်းခန္ဓာကိုယ်သုံးမျိုး အပြင် မိုးကြိုး လျှပ်စီး ခန္ဓာကိုယ်နဲ့ အချိန်နိယာမ ခန္ဓာကိုယ်၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်နှင့် အချိန်နိယာမ ခန္ဓာကိုယ်တို့သည် ၎င်းတို့၏ မူလရင်းမြစ်နှင့် မဖွဲ့စည်းထားသော်လည်း အဆုံးအစ မဲ့သော ထိတ်လန့်ဖွယ် အရှိန်အဝါများ ပါဝင်နေ သည်ဟု ကာလိုနတ်ဘုရား ခံစားမိပြီး မသိမသာ ခြောက်ခြား လာသည်။
“ခင်ဗျား ဘယ်လိုလုပ်ပြီး ကိုယ်ပွားတတ်နေရတာလဲ”
ကာလိုနတ်ဘုရား မယုံကြည်နိုင်ဖြစ်နေသည်။
ယဲ့ဖန်၌ အခြားသော နတ်ဆိုးဘုရင်၊ နတ်ဆိုးနတ်ဘုရား၊ နတ်ဆိုးအရှင်သခင်တို့ ရှိနေပါက သူ နားလည်နိုင်သည်။ ထိုနတ်ဆိုးအိုကြီးများက ယဲ့ဖန်အား နတ်ဘုရားသဖွယ် ကိုးကွယ်ယုံကြည်ပြီး ယဲ့ဖန် စကားတစ်ခွန်း ပြောလိုက်ရုံနှင့် မည်သည့် နတ်ဆိုးမဆို သူ၏ လျှို့ဝှက်ကျင့်စဉ်များကို ယဲ့ဖန်ထံ အပ်နှင်းမည် ဖြစ်သည်။ သို့သော် သူ၏ ကိုယ်ပိုင်ကျင့်စဉ် ဖြစ်သော ကာလိုကိုယ်ပွားကျင့်စဉ်ကိုမူ သူ တစ်ခါမှ ယဲ့ဖန်အား မပြောပြခဲ့ဖူးချေ။
*သူ ဘယ်လိုလုပ်*
ထိုစကားကြောင့် ယဲ့ဖန်က ရယ်လေသည်။
“အရူး၊ ငါ့နတ်ဆိုးမျိုးနွယ်က မျိုးနွယ်တူချင်း ပိတ်ပင် ထားတာကို လက်ခံလိမ့်မယ်လို့ ထင်နေတာလား”
ယဲ့ဖန် ခေါင်းအသာခါလိုက်သည်။ ထို့နောက် သူ့လက်ဝါး တစ်ဖက်ပေါ်၌ အနက်ရောင် နတ်ဆိုးစွမ်းအင်များ ထွက်ပေါ် လာပြီး စိတ်ဝိညာဉ် ဦးခွံတစ်ခု ဖြစ်ပေါ်လာသည်။
ထိုဝိညာဉ်စား ဦးခွံကိုမြင်ပြီးနောက် ကာလိုနတ်ဘုရား ကတုန်ကယင် ဖြစ်သွားပြီး သူ့မျက်လုံး၌ ထိတ်လန့် ကြောက်ရွံ့ဟန်များ ဖြတ်ပြေးသွားသည်။
“သေမင်းနတ်ဆိုးဆုဒြာ၊ ငါ သိပြီ၊ မင်းရဲ့ သေမင်း နတ်ဆိုး ဆုဒြာ တတိယအဆင့်က ဆင့်ကဲ ပြောင်းလဲခြင်းပဲ၊ မင်းက နတ်ဆိုးမျိုးနွယ်ရဲ့ ကျင့်စဉ်အားလုံးကို ဆင့်ကဲပြောင်းလဲ နိုင်နေတာကိုး”
“သေစမ်း”
ကာလိုနတ်ဘုရား အလွန်တရာ ထိတ်လန့်နေ၏။ ထို့နောက် သူသည် အဘယ်ကြောင့် ယခင်ဘဝ၌ ယဲ့ဖန်က နတ်ဆိုး ဘုရင် တစ်ပါး၏ ထိပ်တန်း နတ်ဆိုးကျင့်စဉ်တစ်ခုကို အသုံးပြုနိုင်ခဲ့သလဲဆိုတာကို နားလည်သွားရသည်။
*လတ်စသက်တော့ အဲ့အရာအားလုံးက သေမင်းနတ်ဆိုး ဆုဒြာကတစ်ဆင့် ဆင့်ကဲပြောင်းလဲလာသည့် ကျင့်စဉ်တွေ ဖြစ်နေတာကိုး*
ဥပမာ ပြောရမည်ဆိုလျင် မရဏ နတ်ဆိုး၏ မရဏကျင့်စဉ်၊ သူ၏ ကာလိုကိုယ်ပွားကျင့်စဉ် …
ကာလိုနတ်ဘုရား ထိတ်လန့်နေသည်ကိုကြည့်ပြီး ယဲ့ဖန်က ပြတ်သားစွာ ပြုံးလိုက်သည်။
“မိုနာဒို မင်းရဲ့ လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး မင်းတို့ကို ဖျက်ဆီးပစ်မယ်၊ မင်း စောင့်ကြည့်နေလိုက်”
ထိုသို့ပြောပြီးနောက် ယဲ့ဖန် ကိုယ်ပွားငါးယောက်လုံးက ရိပ်ခနဲ လှုပ်ရှားသွားပြီး ကာလိုကိုယ်ပွား ငါးယောက်ထံသို့ အရှိန်နှင့် ပြေးဝင်လာသည်။
ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခုက ကာလို ကိုယ်ပွား ငါးယောက်ကို လွှမ်းခြုံလာသဖြင့် ကာလိုနတ်ဘုရား ကြက်သီး တဖြန်းဖြန်း ထလာသည်။
“မကောင်းတော့ဘူး”
ကာလိုနတ်ဘုရား ရှောင်ရန်ပြင်လိုက်သည်။ ထိုစဉ် ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပိုင်ရှင် ယဲ့ဖန်က သူ၏ ဘယ်လက်မှ ဖြစ်တည်လာသော ကိုယ်ပွားကို ချုပ်လာသည်။ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ပိုင်ရှင် ယဲ့ဖန်က သူ့ညာဘက် လက်မှ ဖြစ်တည်လာသော ကိုယ်ပွားအား ဖမ်းချုပ်လာ၏။
မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင် ယဲ့ဖန်က သူ့ဘယ်ခြေထောက်မှ ဖြစ်တည်လာသော ကိုယ်ပွားအား ဖမ်းချုပ်၍ မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်ပိုင်ရှင် ယဲ့ဖန်က သူ့ညာခြေထောက်မှ ဖွဲ့စည်းထားသော ကိုယ်ပွားကို ဖမ်းချုပ်ထားသည်။ ထို့နောက် အချိန်နိယာမ ခန္ဓာကိုယ်ပိုင်ရှင် ယဲ့ဖန်က သူ့ခန္ဓာကိုယ်နှင့် ဦးခေါင်းမှ တည်ဆောက်ထားသော ကိုယ်ပွားကို တင်းကြပ် စွာ ထိန်းချုပ်လာ၏။
ယခုအချိန်၌ ယဲ့ဖန် ငါးယောက်နှင့် ကာလို ငါးယောက်တို့ တိုက်ခိုက်နေကြပြီး လူရိပ်ဆယ်ခုက အပြင်းအထန် တိုက်ပွဲဝင်နေကြသည်။ လူရိပ်တစ်ခုနှင့်တစ်ခု တိုးဝင် တိုက်ခိုက်လိုက်ချိန်တိုင်း ကောင်းကင်တစ်ခုလုံး ဆက်တိုက် အက်ကွဲလာသည်။ ကမ္ဘာပျက်ကိန်း ဆိုက်နေသလားဟု ထင်မှတ်မှားရသည်။
သို့သော် တိုက်ခိုက်နေစဉ်တွင် ကာလိုနတ်ဘုရားသည် ပိုတိုက်ခိုက်လေ ပို၍ကြောက်ရွံ့လာလေ ဖြစ်နေသည်။ ထိုနည်းတူပင် ထောင်သောင်းချီသော ကာလိုနတ်ဘုရား မျိုးနွယ်များလည်း ကြည့်နေရင်း ပိုထိတ်လန့်လာ၏။
ယဲ့ဖန် ကိုယ်ပွားတိုင်းက ကာလို၏ ကိုယ်ပွားတိုင်းကို ဖိနှိပ်နိုင်နေသည်။ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ရှိသော ယဲ့ဖန်ကိုယ်ပွားက ဆန်းကြယ်ရေခဲ ချီဓာတ်ကို ထုတ်လွှတ်၍ ကာလိုနတ်ဘုရား၏ ကိုယ်ပွားကို ချက်ချင်း အေးခဲ သွားစေသည်။
“ပေါက်ကွဲစမ်း”
ထို့နောက် ချက်ချင်းဆိုသလိုပင် ဆန်းကြယ် ရေခဲလက်သီးက ကာလိုနတ်ဘုရား၏ ကိုယ်ပွားအား ဒုန်းခနဲ ထိုးနှက် လိုက်သည်။ ထိုကိုယ်ပွားသည် ချက်ချင်း ပေါက်ကွဲ ပျက်စီး သွားလေ၏။ အသွေးအသားတိုင်း၊ အရိုးတိုင်း ပေါက်ကွဲ သွားသည်။
ထိပ်တန်းအဆိပ် ခန္ဓာကိုယ်ရှိသော ယဲ့ဖန်ကိုယ်ပွားက ပို၍တောင်မှ ခြောက်ခြားဖွယ်ကောင်းနေသည်။ သူ၏ ခြေလက်ကြားမှနေ၍ အဆိပ်ငွေ့များ ပျံ့နှံ့ထွက်ပေါ်လာပြီး ကာလိုနတ်ဘုရား၏ ကိုယ်ပွားအား ချက်ချင်း ပုပ်သိုး ဆွေးမြည့် သွားစေ၏။
“အား….”
မည်းမှောင်နေသော အဆိပ်ငွေ့မြူခိုးကြားထဲမှ အော်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ထိုကာလိုနတ်ဘုရား၏ ကိုယ်ပွားသည် လျင်မြန်စွာ ယိုယွင်းပျက်စီးကာ အက်ကွဲ သွားလေသည်။
အသားများက ရွံ့စေးကဲ့သို့ နတ်ဘုရား ခန္ဓာကိုယ်မှ စီးကျလာကာ အရိုးများကို အထင်းသား မြင်လိုက်ရသည်။ ထို့နောက် အရိုးများ ပျက်စီးလာကာ မျက်စိတစ်မှိတ် အတွင်း၌ သွေးအိုင်တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
မျက်တောင်တစ်ခတ်အတွင်း၌ ကာလိုနတ်ဘုရား၏ ကိုယ်ပွားနှစ်ယောက် သေဆုံးသွားသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်ရှိသော ကိုယ်ပွားယဲ့ဖန်သည် မူလ ရင်းမြစ်နှင့် မဖွဲ့စည်းထားသော်လည်း မိုးကြိုးလျှပ်စီး စွမ်းအင်က အဆုံးမသတ်နိုင်ချေ။
ဤသည်မှာ ယဲ့ဖန်တစ်ယောက် နတ်ဘုရား မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်စဉ်က ခန္ဓာကိုယ်ထဲ၌ ပိုင်ဆို င်လာသည့် ကိုးရောင်ခြယ် မိုးကြိုးစွမ်းအင်ပင်။
ဝုန်း ဝုန်း ဝုန်း
နတ်ဘုရား မိုးကြိုးတိုင်းက ကာလိုနတ်ဘုရား၏ ကိုယ်ပွား တစ်ယောက်ကို ပေါက်ကွဲသွားစေပြီး သွေးများ ပန်းထွက် လာ၏။ မျက်စိတစ်မှိတ်အတွင်း၌ ထိုကိုယ်ပွားသည်လည်း သဲအိတ်သဖွယ် ပေါက်ကွဲသေဆုံး သွားလေသည်။
မသေမျိုးခန္ဓာကိုယ်ရှိသော ယဲ့ဖန်ကိုယ်ပွားက ပို၍တစ်မူ ထူးလှသည်။ သူသည် ရှောင်တိမ်းခြင်း မရှိဘဲ အကြိမ်တိုင်း ပေါက်ကွဲ ပျက်စီးသွားပြီး လျင်မြန်စွာ ပြန်လည် ဖွဲ့စည်း လာ၏။
ဒဏ်ရာတစ်ခုအတွက် ဒဏ်ရာတစ်ခု၊ အသက် တစ်ချောင်း အတွက် အသက်တစ်ချောင်း။
သူသည် မသေမျိုး စွမ်းအင်ကိုသုံး၍ ကာလိုနတ်ဘုရား၏ ကိုယ်ပွားကို အရက်စက်ဆုံးနည်းဖြင့် သတ်ဖြတ်လေ၏။
ထိုစဉ် အချိန်နိယာမ ခန္ဓာကိုယ်ရှိသော ယဲ့ဖန်ကိုယ်ပွားက ကောင်းကင်ထက်၌ ကျောက်ရုပ်ကဲ့သို့ ရပ်နေ၏။ သို့သော် ခန္ဓာကိုယ်တွင်းမှ သံသရာစက်ဝန်းက ဆက်လက်၍ ပျံ့နှံ့နေသည်။
ကာလိုနတ်ဘုရား၏ ကျန်ကိုယ်ပွားသည် လျင်မြန်စွာ ခန္ဓာကိုယ် ကျုံ့လာ၏။ လူကြီးအရွယ်မှ လူငယ်၊ လူငယ် အရွယ်မှ ကလေးအရွယ်၊ ကလေးအရွယ်မှ မွေးကင်းစ အရွယ်၊ ထို့နောက် မွေးကင်းစ ကလေးအရွယ်မှနေ၍ … အရည်အဖြစ်သို့ ပြောင်းလဲသွားလေလေသည်။
Chapter 614 မင်းကိုသတ်မှာက … သူတို့လေ
တိတ်ဆိတ်၍နေ၏။ ယခုအချိန်၌ ကောင်းကင်တစ်ခွင်လုံး ရေပြင်အလား တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။
ထောင်သောင်းချီသော ကာလိုနတ်ဘုရားမျိုးနွယ်များ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။ ကာလို ကိုယ်ပွားငါးယောက်လုံး ချက်ချင်းဆိုသလို ဖျက်စီးခံ လိုက်ရတယ်တဲ့လား။ သွေးတွေနဲ့ အရိုးစတွေပဲ ကျန်ခဲ့တယ် တဲ့လား။
ဂလု!
ကာလို နတ်ဘုရားမျိုးနွယ်တစ်ယောက် မနည်းတံတွေး မျိုချ လိုက်ရသည်။
“ဘယ်လိုဖြစ်ရတာလဲ … ဒါက နောက်တစ်ခါ အနိုင်ရ သွားတာလား၊ နတ်ဆိုးဧကရာဇ်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ”
သူသည်သာမ သူ့အနီးဝန်းကျင်မှ ကာလိုနတ်ဘုရားမျိုးနွယ် များအားလုံး ကြောက်လန့်နေကြလေသည်။ သူတို့နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျလာပြီး အားလုံး အထိတ်တလန့် အမူအရာများဖြင့် ဖြစ်နေကြသည်။
“ထိပ်တန်း ခန္ဓာကိုယ်သုံးမျိုးအပြင် ပိုကြမ်းတမ်းတဲ့ အချိန် နိယာမ ခန္ဓာကိုယ်နဲ့ မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်၊ မြတ်စွာဘုရား ဒီလိုနတ်ဆိုးမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ”
“ပွဲသိမ်းပြီပဲ၊ လောကသခင် သုံးပါးက နောက်ပိုင်း နတ်ဆိုးဧကရာဇ် လက်ထဲမှာ ဆိုးဆိုးရွားရွားနဲ့ မရှုမလှ သေရ တော့မှာကို ငါ မြင်ယောင်နေပြီ၊ ဒီလူက ပြိုင်ဘက်ကင်းပဲ”
“အရှင်တောင် အသက်ရှင်နိုင်ပါ့မလားဆိုတာကို ငါ မပြောတတ်ဘူး …”
“…”
ထိုသို့သောအချိန်၌ ကာလိုနတ်ဘုရားမျိုးနွယ်တိုင်း နှလုံး ပေါက်ထွက်တော့မတတ် ခုန်နေသည်ဟု ခံစားမိနေသည်။ သူတို့ အသက်ရှူရန် မေ့နေပုံရသည်။ သူတို့နှင့် ဆန့်ကျင် ဘက်တွင်မူ နတ်ဆိုးများက အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေကြလေသည်။
“မိုက်လိုက်တာ … တကယ် သန်မာတာပဲ၊ သခင်ကြီးက အရင်ဘဝ တုန်းကထက် ပိုသန်မာလာပြီးတော့ ပိုရက်စက် လာတာပဲ”
“ဟားဟားဟား … ငါတို့နတ်ဆိုးတွေရဲ့ ခေတ် ရောက်လာ ပြီဟေ့၊ အင်မော်တယ်တွေ စောင့်နေလိုက်ကြတော့”
“…”
နတ်ဆိုးများအားလုံးသည် သူတို့ မိသားစုဝင်များ၏ အရှက်ရ ခြင်းများ ဆေးကြောခံလိုက်ရသလို သွေးကြွေးကို သွေးကြွေး ဖြင့် ပြန်ဆပ်လိုက်ရသလို မြင်ယောင်နေကြပြီး စိတ်လှုပ်ရှား မှုကြောင့် တုန်ယင်နေကြသည်။
“အား…”
ထိုစဉ် သွေးမြူခိုးများကြားမှ ကာလိုနတ်ဘုရား၏ အော် ဟစ်သံ ထွက်ပေါ်လာပြီး ဂြိုဟ်တစ်ခွင်သို့ ပဲ့တင်ထပ် သွားလေ၏။
ကာလို၏ သွေးစက်များက စတင်၍ ဖွဲ့စည်းလာပြီး မရဏ လျှို့ဝှက်ချက် ကျင့်စဉ် ပြန်လည် လည်ပတ်လာသည်။ ထို့အတူ ကာလိုနတ်ဘုရား၏ မကျေမချမ်းနှင့် မနာလို ဝန်တိုသည့် အသံ ထွက်ပေါ်လာသည်။
“မြတ်စွာဘုရား၊ ဘာလို့ သူ့တစ်ယောက်တည်းကိုပဲ ဒီလောက် အရင်းအမြစ်စွမ်းအင်တွေ ပေါင်းစပ် ပေးထားရတာလဲ၊ ကျုပ် လက်မခံဘူး၊ ကျုပ် သဘောမတူဘူး”
ကာလိုနတ်ဘုရား၏ စကားသံ၌ အလွန် လက်သင့် မခံလိုဟန်များ ပါဝင်နေ၏။ သူ၏ခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်းသည့် နှုန်းက ပို၍တောင်မှ မြန်ဆန်လာသည်။
*မကျေနပ်ဘူးလား*
ယဲ့ဖန်က ထီမထင်ဟန် ပြုံးလိုက်သည်။
“မိုနာဒို ငါ မင်းကို အရင်ဘဝက ကြက်ပေါက်ကလေးကို သတ်ခဲ့ပင်မယ့် ဒီဘဝတော့ မင်းကို ခွေးလိုဝက်လို သတ်ပစ်မယ်လို့ ပြောခဲ့တယ်လေ”
“ငါက မင်းကို သေစေချင်မှတော့ မင်း ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ”
*ဘာ*
ယဲ့ဖန်၏ မောက်မာသော စကားများက ပြန်လည် ဖွဲ့စည်းနေသော ကာလိုနတ်ဘုရားအား မသိမသာ မှင်တက် သွားစေသည်။ ထို့နောက် သူက ဟက်ဟက်ပက်ပက် ရယ်လေသည်။
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ မင်း ဘယ်လောက်ပဲ သန်မာပါစေ၊ မင်း သေမှ ငါလည်း သေမယ်ကွ”
“မင်း ငါ့ကို တစ်ခါသတ်ရင် ငါ တစ်ခါသေမယ်”
“မင်း ငါ့ကို ဆယ်ခါသတ်ရင် ငါ ဆယ်ခါသေမယ်”
“မင်း … မင်းကရော ဘယ်လိုလဲ၊ ဟားဟားဟား …”
ရူးသွပ်သလို ရယ်မောသံများက ကာလိုနတ်ဘုရား၏ ပြန်လည်ဖွဲ့စည်းနေသော သွေးမြူခိုးများကြားမှ ဆက်လက် ထွက်ပေါ်လျက် ရှိသည်။ ထာဝရ အသက်ရှင်နိုင်သကဲ့သို့ မည်သည့်အရာကိုမျှ အလေးမထားချေ။
မရဏ လျှို့ဝှက်ချက်ကို လက်ဝယ်ပိုင်ဆိုင်ထားသရွေ့ ကာလိုနတ်ဘုရားက သူ အသတ်ခံရမည်ကို လုံးဝ စိတ်ပူပုံ မပေါ်ချေ။
သို့သော် ကာလိုနတ်ဘုရား၏ ရယ်သံကို နားထောင်ပြီး ယဲ့ဖန်က လှောင်ပြုံးပြုံးလိုက်သည်။
“အဲ့လိုလား”
“တကယ်လို့ မင်းရဲ့ အသားက အစားခံလိုက်ရပြီးတော့ မင်းရဲ့စိတ်ဝိညာဉ်ပါ အစားခံလိုက်ရမယ်ဆိုရင်ရော”
“မင်း ဘယ်လို သေမှာလဲ”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် သွေးမြူခိုးကြားထဲမှ ကာလို နတ်ဘုရားသည် ပြင်းထန်စွာ တုန်ယင်သွားလေသည်။
*အသားလည်း အစားခံရမယ်၊ စိတ်ဝိညာဉ်လည်း အစားခံ ရမယ် ဟုတ်လား*
*ဒီလူ … ဒီလူ …*
ကာလိုနတ်ဘုရားသည် မယုံနိုင်ဟန်ဖြင့် အသံတိုးတိုးနှင့် မေးလိုက်သည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ဇာတ်တူသား စားမလို့လား”
သူ မယုံသင်္ကာ ဖြစ်နေလေ၏။ ထိုစဉ် ယဲ့ဖန်၏ စကားသံ ထွက်လာသည်။
“ဘယ်သူက ငါ သတ်မယ်လို့ ပြောလို့လဲ၊ မင်းကို သတ်မှာက … သူတို့တွေလို့ ငါ ပြောချင်တာ”
ထို့နောက် သူ၏အင်္ကျီလက်စကို လှုပ်လိုက်သည်။ ထိုအခါ ရုတ်တရက် ဝီခနဲ မြည်သံများ ထွက်လာသည်။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ထိတ်လန့်ဖွယ် အရိပ်မည်းများ ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်း၌ ထိုအရိပ်မည်းများ စုဝေး လာသောအခါ တိမ်မည်းလိပ်များကဲ့သို့ ဖြစ်သွားလေသည်။
ထိုအရိပ်မည်းများ စုဝေးသွားပြီးနောက် ကာလိုနတ်ဘုရား မျိုးနွယ်များအားလုံးသည် တားမြစ်ထားသည့် အရာကို မြင်လိုက်ရသကဲ့သို့ အကြီးအကျယ် ကြောက်လန့် သွားကြသည်။
“ဝိ … ဝိညာဉ်စား ပုရွက်ဆိတ်၊ ဘယ်လိုလုပ် …”
ကာလိုနတ်ဘုရား ဂနာမငြိမ်တော့ချေ။ ထိုအရာများသည် ဘာမှမကျန်ရှိတော့သည်အထိ စားသောက်ပစ်သော အရာများ ဖြစ်ကြလေသည်။
ယဲ့ဖန်ပြောသကဲ့သို့ တကယ်ပင် အသားရော စိတ်ဝိညာဉ်ပါ အရှင်လတ်လတ် အစားခံလိုက်ရပါက သူ မည်မျှ သန်မာပါစေ သူ့ကိုယ်သူ ပြန်အသက်သွင်းရန် ခက်သွား ပေမည်။
ဤသို့တွေးမိပြီးနောက် ကာလိုနတ်ဘုရားသည် ခန္ဓာကိုယ် အား ပို၍လျင်မြန်စွာ ဖွဲ့စည်းလိုက်သည်။ သူသည် ထိတ်လန့် နေသော ယုန်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ယခင်ထက် ပို၍လျင်မြန်စွာ လှုပ်ရှားဖွဲ့စည်းနေသည်။
သူ လျင်မြန်သကဲ့သို့ ဝိညာဉ်စား ပုရွက်ဆိတ်များက ပိုမြန် နေ၏။
“သွား … သူ့ကိုစားကြ”
ယဲ့ဖန်၏ ရက်စက်သော အသံအဆုံး၌ ဝိညာဉ်စား ပုရွက်ဆိတ်များက ဝမ်းသာအားရဖြင့် အသည်းအသန် ပျံဝဲ၍ သည်းကြီးမည်းကြီး စားသောက်လေသည်။
ဂျွတ်! ဂျွတ်!
ဝိညာဉ်စား ပုရွက်ဆိတ်များက အသွေးအသားများကို အရူးအမူး စားသောက်လာကြသည်။ ဝိညာဉ်စား ပုရွက်ဆိတ် များသည် အရိုးများကိုပါမချန် စားသောက်ကြလေ၏။
ကောင်းကင်၌ လွင့်မျောနေသော သွေးမြူခိုးများသည်လည်း ဤအဖြစ်ဆိုးမှ မလွတ်မြောက်နိုင်ဘဲ ဝိညာဉ်စား ပုရွက်ဆိတ် များ၏ စုပ်ယူခြင်း ခံလိုက်ရသည်။
“မလုပ်နဲ့”
သွေးမြူခိုးများကြားထဲမှနေ၍ ကာလိုနတ်ဘုရား၏ ကြောက်လန့်တကြား အော်သံများ ထွက်ပေါ်လာသည်။ သူသည် သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ ယဲ့ဖန်အား အသည်းအသန် တောင်းပန်လေ၏။
“အ … အရှင်နတ်ဆိုးဧကရာဇ်၊ ဝိညာဉ်စား ပုရွက်ဆိတ် တွေကို ရပ်ခိုင်းလိုက်ပါ၊ ကျုပ် မသေချင်သေးဘူး … ကျုပ် ခင်ဗျားကို မိစ္ဆာမျှော်စင်ဆီ ခေါ်သွားပါ့မယ်၊ ကျုပ် ခင်ဗျားကို နတ်ဆိုးနတ်ဘုရားရဲ့ အလောင်းကို ကယ်တင်တဲ့နေရာမှာ ကူညီနိုင်ပါတယ်”
“ကျုပ်က ပိုပြီးလုပ်နိုင်စွမ်း ရှိပါတယ်၊ ကျုပ် နတ်ဘုရား တွေကို စွန့်ပစ်ပြီး နတ်ဆိုးစစ်တပ်ကို ကူညီပါ့မယ်၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေကိုပါ သတ်ပေး ပါ့မယ်”
“အရှင်နတ်ဆိုးဧကရာဇ်၊ မြန်မြန် … ရပ်ခိုင်းလိုက်ပါတော့”
ကာလိုနတ်ဘုရား၏ ထိတ်လန့်သွေးပျက်နေသော အော်သံ များ ဆက်လက်၍ ထွက်ပေါ်နေသည်။ ထိုအခိုက်တွင် ကာလို နတ်ဘုရားသည် မဖော်ပြတတ်လောက်အောင် ကြောက်လန့် နေ၏။
ဝိညာဉ်စား ပုရွက်ဆိတ်များ သူ၏ အသွေးအသားနှင့် အရိုးများအားလုံးကို စားသောက်ပြီးသွားပါက ဤလောကမှ သူ ထာဝရ ရှင်းလင်းခံရတော့မည့် သဘောပင်။ ထို့အပြင် စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရပါက ဘယ်သောအခါမှ ပြန်လည်ဝင်စားခြင်း ပြုနိုင်တော့မည် မဟုတ်ပါ။
ငယ်သံပါအောင် အော်ဟစ်နေသံများကို ကြားပြီး ထောင်သောင်းချီသော ကာလိုနတ်ဘုရားမျိုးနွယ်များ သည်းခြေပျက် လာကြသည်။ သူတို့၏ ကြောက်စရာ ကောင်းသော အရှင်သခင်တောင်မှ အသည်းအသန် တောင်းပန် နေရလျင် သူတို့က မည်သို့ ရန်ပြုနိုင်မည်နည်း။
လက်ရှိအချိန်တွင် ကာလိုမျိုးနွယ်များသည် နောက်ဆုတ်စ ပြုလာသည်။ အခွင့်အရေးကို ရှာဖွေ၍ ထွက်ပြေးချင်နေ၏။ ထိုစဉ် ယဲ့ဖန်၏ ငရဲမှထွက်ပေါ်လာသော အသံ ထွက်လာ လေသည်။
“အသနားခံတာလား”
“မင်းနဲ့ မင်းရဲ့ကာလိုမျိုးနွယ်တွေက မင်းတို့ နောက်လိုက် တွေဖြစ်ခဲ့တဲ့ နတ်ဆိုးတွေကို သတ်ခဲ့တုန်းက မင်းတို့ ဒီနေ့လို နေ့မျိုး ရောက်လာလိမ့်မယ်လို့ တွေးခဲ့ကြလို့လား”
“ဒီနေ့ သွေးကြွေးကို သွေးကြွေးနဲ့ပဲ ပြန်ဆပ်ရမယ်”
“ဒီနေ့က ကာလိုမျိုးနွယ် မျိုးသုန်းသတ်ဖြတ်ခံရတဲ့နေ့ပဲ”
ယဲ့ဖန်၏စကားသံနှင့်အတူ ဝိညာဉ်စား ပုရွက်ဆိတ်များက ကာလိုနတ်ဘုရား၏ သွေးများကို ပိုမို၍ ရက်စက်စွာ ဝါးမျိုလာသည်။
ကာလိုနတ်ဘုရား၏ အတောမသတ်သော အော်သံများ အဆုံး၌ သွေးမြူခိုးများက လျင်မြန်စွာ လွင့်ပြယ်သွား လေသည်။ ထို့အပြင် ယဲ့ဖန်၏ “ကာလိုမျိုးနွယ်တွေ မျိုးတုန်းသတ်ဖြတ်ခံရတဲ့နေ့ပဲ” ဟူသော စကားသံက ဂြိုဟ်များထံသို့ ပဲ့တင်ထပ်သွားလေ၏။
များစွာသော နတ်ဆိုးမျိုးနွယ်များက တနေရာစီ ဖြစ်နေကြသော ကာလိုမျိုးနွယ်များထံသို့ ပြေးဝင်သွား ကြသည်။ ဤသည်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ် နေခြင်းပင်။
ကာလိုမျိုးနွယ်များသည် စိတ်ဓာတ်ကျစွာဖြင့် အော်ဟစ် နေစဉ်တွေ ကိုယ်နှစ်ခြမ်းကွဲ၍ သေဆုံးသွား လေသည်။ သွေးဆာ၍ ရက်စက်လွန်းလှပြီး သွေးစက်များက ကောင်းကင် တစ်ခွင်၌ လွင့်စဉ်လျက် ရှိနေသည်။
Chapter 615 နတ်ဆိုး၏အင်အား
ရဲရဲနီသော သွေးစက်များက ဂြိုဟ်ပေါ်သို့ ဖြန်းပက်နေသည်။ ကျော်ကြားသော ကာလိုနတ်ဘုရားမျိုးနွယ်တို့ တစ်စစီ ခုတ်ပိုင်းခံနေရသည်။
ကောင်းကင်ထက်၌ အော်ဟစ်နေသံများ ပဲ့တင်ထပ်နေ၏။ အလောင်းများက ကောင်းကင်တစ်ခုလုံး၌ မျောလွင့် နေလေသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပင်။ ကာလိုနတ်ဘုရား မျိုးနွယ်တိုင်း၏ မျက်နှာထက်တွင် အလွန်တရာ ကြောက်ရွံ့ နေဟန်များ ထင်ဟပ်နေ၏။ သူတို့သည် ယခင်က နတ်ဆိုး မျိုးနွယ် များအပေါ် တင်ခဲ့သည့် သွေးကြွေးကို ပြန်ဆပ်ခံ နေရခြင်း ဖြစ်နေသည်။
“အား…”
တစ်ဖက်တွင်မူ ကာလိုနတ်ဘုရား၏ သွေးမြူခိုးက ပါးလျ လာ၏။ ဝိညာဉ်စား ပုရွက်ဆိတ်များက သွေးမြူခိုးအား တစ်ကြိမ် စုပ်ယူလိုက်တိုင်း သူ၏ နတ်ဘုရား စိတ်ဝိညာဉ်က အစိမ်းလိုက် ဝါးစားခံရသကဲ့သို့ ဖြစ်နေသည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ငါ့ကို မသတ်နိုင်ဘူး၊ ငါ့နောက် ကွယ်မှာ ဘယ်လိုကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ရှိ နေလဲဆိုတာ မင်း မသိပါဘူး”
“မင်း ငါ့ကို သတ်လိုက်မယ်ဆိုရင် မင်းတင် သေရုံတင်မကဘဲ နတ်ဆိုးမျိုးနွယ်ပါ ဖျက်ဆီးခံရလိမ့်မယ်၊ မင်းနဲ့ ပတ်သက်တဲ့ လူတိုင်း အသတ်ခံရမှာ”
ထိုလေသံက မကျေမချမ်းနှင့် ခက်ထန်နေ၏။ သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက မသိမသာ လက်သွားသည်။
“မင်းနောက်ကွယ်က အင်အားစုတဲ့လား”
“ဟုတ်တယ်၊ နတ်ဆိုးဧကရာဇ် ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်၊ အစတုန်းက ငါက နတ်ဆိုးတစ်ကောင်ရဲ့ သစ္စာဖောက်တာကို ခံရတာ”
သွေးမြူခိုးထဲမှ ကာလိုနတ်ဘုရား၏ အော်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
“အဲ့ပုဂ္ဂိုလ်က ကောင်းကင်တစ်ခုလုံးရဲ့ တကယ့် နတ်ဘုရားပဲ”
“အရင်ဘဝတုန်းက မင်းက သူ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး၊ အခုဘဝက မင်းလည်း သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး”
“မင်းတင် မဟုတ်ဘူး ငါတို့ စကြဝဠာတစ်ခုလုံးတောင်မှ အဲ့ပုဂ္ဂိုလ်ရဲ့ မျက်လုံးထဲမှာ ဖုန်မှုန့်သာသာပဲ ရှိတယ်၊ အဲ့လောက်ပဲကွ”
ကာလိုနတ်ဘုရား၏ စကားကြောင့် ယဲ့ဖန် မျက်နှာ မသိမသာ ပျက်ယွင်းလာသည်။
*စကြဝဠာတစ်ခုလုံးက ဖုန်မှုန့်သာသာပဲတဲ့လား*
ကာလိုနတ်ဘုရား ပြောပြလာသော ထိုပုဂ္ဂိုလ်သည် သေချာပေါက် ကြောက်စရာကောင်းလောက်သည်၊ သို့မဟုတ်ပါက ထုတ်မပြောရဲလောက်သည့် ထိပ်သီး ပုဂ္ဂိုလ်မျိုး ဖြစ်လာနိုင်မည် မဟုတ်ပေ။
သို့သော် ယဲ့ဖန်က အရေးမစိုက်ချေ။ သူသည် လင်းလက် နေသော မျက်လုံးများဖြင့် သွေးမြူခိုးကို စိုက်ကြည့်၍ နှုတ်ခမ်းကို တွန့်ကာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
“မင်းနောက်ကွယ်က လူက ဘယ်လောက်ပဲ သန်မာပါစေ သူ သေရမှာပဲ”
*ဘာ*
ကာလိုနတ်ဘုရားသည် သူ့နောက်ကွယ်မှလူအကြောင်း သူ ထုတ်ပြောလိုက်သော်လည်း ယဲ့ဖန်က သူ့ကို သတ်ချင်နေ လိမ့်ဦးမည်ဟု ထင်မထားမိချေ။
“မလုပ်နဲ့”
အသည်းအသန် အော်ဟစ်လိုက်သည့်အသံ ထွက်ပေါ် လာသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုစွမ်းအားက ပို၍ ကြောက်စရာကောင်းလာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကာလိုနတ်ဘုရား၏ သွေးမြူခိုးက အကုန် ဝါးမျိုခံ ရလုနီးပါး ဖြစ်နေ၏။
“နတ်ဆိုးဧကရာဇ် မင်း တစ်နေ့နေ့ အဲ့ပုဂ္ဂိုလ်နဲ့ ဆုံရမှာပဲ”
“အဲ့အခါကျရင် အစစ်အမှန် နတ်ဘုရားက ဘာလဲဆိုတာကို မင်း နားလည်သွားလိမ့်မယ်”
ထိုစကားသံနှင့်အတူ ကာလိုနတ်ဘုရား၏ သွေးမြူခိုးက ချက်ချင်း ဝါးမျိုခံလိုက်ရပြီး ပျောက်ကွယ်သွားကာ ထာဝရ သေဆုံး သွားလေတော့သည်။
ဤမြင်ကွင်းကိုမြင်ပြီး ဘေးပတ်လည်မှ ကာလိုနတ်ဘုရား မျိုးနွယ်များအားလုံး ကြောက်လန့်သွားကြသည်။
“မြတ်စွာဘုရား အရှင် ကျသွားပြီ၊ ကာလိုမျိုးနွယ်တော့ ကပ်ဆိုးကျလာပြီပဲ”
ကာလိုနတ်ဘုရားမျိုးနွယ်များအားလုံး ခြောက်ခြား သွားကြ လေသည်။ သူတို့ ထွက်ပြေးချင်နေကြသည်။ သို့သော် ထောင်သောင်းချီသော နတ်ဆိုးများ၏ သတ်ဖြတ်မှုအောက်၌ ထွက်မပြေးနိုင်ဘဲ မလွတ်မြောက်နိုင်တော့ချေ။
ကာလိုနတ်ဘုရားမျိုးနွယ်များ တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်ထဲ လဲကျသွားကြသည်။ ကာလိုနတ်ဘုရား မျိုးနွယ် များ၏ အရေအတွက်သည်လည်း ရုတ်ချည်းဆိုသလို ထိုးကျ သွား၏။
လေးသောင်းမှ သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်း။
နောက်ဆုံး ကျန်ရစ်ခဲ့သော ကာလိုနတ်ဘုရားမျိုးနွယ် တစ်သောင်းသည်လည်း မရေတွက်နိုင်သော နတ်ဆိုးများ၏ တစ်စစီ ဆွဲစုတ်ခြင်း ခံလိုက်ရလေသည်။
ကောင်းကင်တစ်ခွင်လုံး၌ များပြားလှသည့် သွေးစက်များက လွင့်မျောလျက်ရှိသည်။ ဂြိုဟ်သည် သွေးပင်လယ် လေအလား ထင်မှတ်မှားရပြီး သွေးပျက် ကြောက်ရွံ့ဖွယ် ကောင်းနေ၏။
ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်၊ အမှောင်သခင်၊ ချီယန်နှင့် ထောင်သောင်းချီသော နတ်ဆိုးမျိုးနွယ်များက ရင်ဘတ်ပေါ် လက်တင်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပြုလုပ်ကြ လေသည်။
“ကျဆုံးသွားတဲ့ နတ်ဆိုးတို့ ကာလိုမျိုးနွယ်ရဲ့ သွေးကြွေးက လက်စားချေခြင်းရဲ့ အစပဲ”
“နတ်ဘုရားတွေ ဖျက်ဆီးခံလိုက်ရချိန်အထိ၊ အင်မော်တယ် တွေ ကျဆုံးပြီး မကောင်းဆိုးဝါးတွေ အသတ်မခံမရခြင်း လက်စားချေတာကို မရပ်ဘူး”
ယဲ့ဖန်၏ စကားသံအဆုံးတွင် ယခင်က ယဲ့ဖန် ပြန်လည် ဖွဲ့စည်းခဲ့ဖူးသော ကျဆုံးသွားသည့် နတ်ဆိုးများ၏ စိတ်ဝိညာဉ်များက ပြုံးလာပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။
ထိုအခါတွင်မှ ယဲ့ဖန် ကိုယ်ပွားငါးယောက်မှနေ၍ တစ်ယောက်ထဲ ပြန်ဖြစ်သွားသည်။ သူသည် မျက်စိရှေ့မှ သွေးပင်လယ်အား အသာ လက်ညှိုးထိုးလိုက်သည်။ ရုတ်တရက် ကောင်းကင်ထက်ရှိ သွေးစက်များက မြင့်တက် လာသည်။
ထိုသွေးစက်များမှနေ၍ သန့်စင်သော ကာလိုမျိုးနွယ် စွမ်းအင် ထွက်ပေါ်လာသည်။ ထို့နောက် ထိုသွေးစက်များ အားလုံး လွင့်ပြယ်သွားပြီး ကောင်းကင်ဘုံ နတ်ဆိုး ချီဓာတ်တို့ဖြင့် ပြည့်နှက်လာ၏။ ထိုချီဓာတ်သည် အလွန်တရာမှကို သန့်စင်လှသည်။
ဤသည်မှာ ကာလိုမျိုးနွယ်၏ နတ်ဆိုးစွမ်းအင်ဖြစ်ပြီး ကာလို မျိုးနွယ်ကို သတ်ဖြတ်၍ မူလရင်းမြစ်ကို ထုတ်ယူကာ ဖွဲ့စည်းထားသည့် စွမ်းအင်မျိုး ဖြစ်လေသည်။
“သွားကြ၊ ရန်သူရဲ့သွေးကို သုံးပြီး ငါရဲ့ မသေမျိုး မျိုးနွယ်ကို ဖွဲ့စည်းကြ”
ယဲ့ဖန်၏ စကားသံအဆုံး၌ များစွာသော ကာလို နတ်ဆိုးစွမ်းအင်များသည် နတ်ဆိုးစစ်တပ်ထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ နတ်ဆိုးများက ထိုနတ်ဆိုးစွမ်းအင်များကို စုပ်ယူလိုက်ကြသည်။
ထိုစွမ်းအင်များသည် နတ်ဆိုးတို့၏ ခန္ဓာကိုယ်ထဲသို့ မြွေတစ်ကောင်သဖွယ် တိုးဝှေ့ဝင်ရောက်သွားသည်။ နတ်ဆိုး များသည် မျက်လုံးကိုယ်စီမှိတ်၍ ကိုယ်တွင်းသို့ ဝင်ရောက် လာသော နတ်ဆိုးစွမ်းအင်များကို ခံစား၍ ပြင်းထန်စွာ လည်ပတ် စေကာ ကာလိုနတ်ဆိုးစွမ်းအင်များကို သန့်စင် လေတော့သည်။
ထိုအခိုက်တွင် အဆင့်ချိုးဖောက်သွားသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ နတ်ဆိုးများသည် အသည်းအသန် အဆင့်တက်လာကြလေ၏။ သူတို့ထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်။
တစ်ခဏအကြာ၌ နတ်ဆိုးများစွာတို့သည် အောင်မြင်စွာ အဆင့်တက်နိုင်သွားကြသည်။
“သူတော်စင်အဆင့်ခွန်အား၊ နောက်ဆုံးတော့ ငါ သန့်စင်လိုက်နိုင်ပြီကွ”
“ဟားဟားဟား ... သူတော်စင် အထွတ်အထိပ်အဆင့်၊ ငါ နတ်ဘုရားဘုရင်အဆင့် ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တာကွ”
“စဦး ဘုရင်အဆင့်၊ နှစ်ရာနဲ့ချီပြီး ပိတ်ဆို့နေတဲ့ အတား အဆီးကို ငါ တစ်ညတည်းနဲ့ ချိုးဖောက်သွားနိုင်ပြီ”
“...”
ထောင်သောင်းချီသော နတ်ဆိုးတို့ထံမှနေ၍ တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာသည်။ ယခုအကြိမ် အဆင့်တက်ခြင်းမှ ထောင်သောင်းချီသော ဧကရာဇ်အဆင့် နတ်ဆိုးများ၊ ထောင်ချီသော ဧကရာဇ် အထွတ်အဆင့် နတ်ဆိုးများနှင့် သူတော်စင်အဆင့် နတ်ဆိုးသုံးထောင် ကျော်တို့ကို ရရှိခဲ့သည်။
ဖေးချမ်နှင့် အခြားသူများကဲ့သို့ပင် ဘုရင်အဆင့်သို့ အောင်မြင်စွာ အဆင့်တက်လာကြသည်။ ထို့ထက်ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်က အမှောင်နတ်ဆိုးဘုရင်နှင့် ချီယန် နတ်ဆိုးဘုရင်တို့ပင်။ နှစ်ယောက်လုံး၏ ခွန်အားက လောကသခင်အဆင့်သို့ ရောက်ရှိသွားကြသည်။
သူတို့တစ်ယောက်ချင်းစီ၏ အရှိန်အဝါက ကာလို နတ်ဘုရားထက် ပို၍ထိတ်လန့်ဖွယ် ကောင်းလှ၏။ ယခုအချိန်၌ နတ်ဆိုးအဖွဲ့သည် အံ့အားသင့်စရာကောင်း ခွန်အားကို ရရှိလာသဖြင့် မည်သည့် နတ်ဘုရား နယ်မြေ သို့မဟုတ် အင်မော်တယ်နယ်မြေကိုမဆို ချေမှုန်းနိုင်စွမ်း ရှိလာ၏။
သို့သော် ဤသည်မှာ အတိုင်းထက်အလွန် မဟုတ်သေးပေ။
“ကြည့်ကြဦး၊ ဟိုဝိညာဉ်စား ပုရွက်ဆိတ်တွေ အဆင့်တက် တော့မယ်”
ထိုအော်သံကြောင့် အားလုံး၏ အကြည့်များက ကောင်းကင် ထက်ရှိ ဝိညာဉ်စားပုရွက်ဆိတ်များထံသို့ ရောက်ရှိ သွားသည်။ ရုတ်တရက် ထိုဝိညာဉ်စား ပုရွက်ဆိတ်များထံမှ ကြက်သီး ထဖွယ် အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်။
ကာလိုနတ်ဘုရား၏ အသွေးအသားနှင့် စိတ်ဝိညာဉ်ကို ဝါးမျိုပြီးနောက် ဝိညာဉ်စား ပုရွက်ဆိတ်များ ထပ်မံ၍ အဆင့်တက်လာလေသည်။
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ ရုတ်တရက် မျက်လုံးပွင့်လာပြီး တဖျစ်ဖျစ် တဖြောက် ဖြောက် မြည်သံများက သူတို့ထံမှ ထွက်ပေါ်လာ၏။
ဝိညာဉ်စား ပုရွက်ဆိတ်တိုင်း လက်သီးအရွယ်အစားခန့်သို့ ကြီးထွားလာသည်။ သူတို့သည် မှင်ရည်ကဲ့သို့ နက်မှောင်၍ ကြောက်မက်ဖွယ် ကောင်းသည်။
ဤသို့များပြားလှသည့် ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် ရင်ဆိုင်နေရသဖြင့် အမှောင်သခင်နှင့် ချီယန်တို့တောင်မှ မျက်ခုံးလှုပ်လာသည်။
သူတို့သာ အမှန်တကယ် တိုက်ခိုက်ပါက ထိုဝိညာဉ်စား ပုရွက်ဆိတ်များက နတ်ဘုရားများကို သေချာပေါက် ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ခံစားမိနေ၏။
“ပုရွက်ဆိတ်လေးပဲ ကျန်တော့တယ်”
ချက်ချင်းဆိုသလိုပင် ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် အဆင့်တက်ပြီးသွားသည်နှင့် ၎င်းတို့၏ ပုရွက်ဆိတ်ဘုရင်ကိုသာ စူးစိုက်ကြည့်နေကြသည်။
အရိုးကွဲမတတ် အေးစိမ့်မှုက ပုရွက်ဆိတ်လေးထံမှ ထွက်ပေါ် လာသည်။ အရှင်သခင်တစ်ပါး နိုးထလာတော့ လေမလားဟု ထင်မှတ်ရသည်။
ဂျွတ်!
အားလုံး စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် ပုရွက်ဆိတ် လေး၏ ခန္ဓာကိုယ်က ရုတ်တရက် အပေါ်သို့ ထိုးတက် သွားပြီး အုန်းသီးအရွယ်အစားခန့် ကြီးထွားလာသည်။ တစ်ကိုယ်လုံး၌ ရွှေရောင်သင်္ကေတများ ထွက်ပေါ်လာ၏။ ပုရွက်ဆိတ်တို့၏ ဘုရင်တစ်ပါးကဲ့သို့ လူအများက ကတုန် ကယင် ဖြစ်သွားစေသည်။
ပုရွက်ဆိတ်လေး မျက်လုံးဖွင့်လိုက်သောအခါ ယဲ့ဖန်တောင်မှ ရင်တုန်သွားရသည်။ သူသည် အလောင်းတောင် သွေးပင်လယ်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ပုရွက်ဆိတ်လေး၏ ခွန်အားသည် အမှောင်သခင်နှင့် ချီယန် ထက် အားမနည်းပေ၊ ထို့အတူ သူသည်လည်း သာမန် နတ်ဘုရား တစ်ပါးကို ဖျက်ဆီးနိုင်စွမ်း ရှိနေ၏။ ဤသို့ဆိုလျင် နတ်ဆိုးတို့၏ခွန်အားက အတိုင်းအဆ မရှိ တော့ပေ။
စာစဉ် (၄၁) ဤတွင် ပြီးပါပြီ။