← Chapters

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

Chapter 640 အပြင်လောကဘက်ခြမ်းမှာ ကောင်းကင်ဘုံ ရှိတယ်

*အထင်ကြီးသွားတာလား*

ခေါင်းပြောင်ငှက်က ကြောက်လန့်တကြား ထအော် လိုက်ချိန်တွင် နတ်ဆိုးနဂါးသည် လွန်စွာ အံ့အားသင့် သွားလေသည်။ ဤငှက်သည် ရှေးဦးခေတ်အခါတုန်းက သွေးချောင်းစီး၍ သွေးမိုးရွာသွန်း စေခဲ့သည်ကို သူ သိသည်။

မရေတွက်နိုင်သော အရှင်သခင်များက သူ့ခြေထောက် အောက်၌ ဝပ်တွား၍ ဦးညွှတ်ခဲ့ရသည်။ မရေတွက်နိုင်သော ဧကရာဇ်များက သူ့နောက် လိုက်ပါ၍ သူ့ကို လေးစားခဲ့ရသည်။

ယခုအခါတွင်မူ သူသည် ထိတ်လန့်ကြောက်ရွံ့နေ၏။ အကယ်၍ ဤငှက်ကိုသာ ရှေးဦးခေတ်က အသက်ရှင် ကျန်ခဲ့သည့် ထိုသူများ တွေ့ခဲ့ပါက ထိုသူများအားလုံး မျက်လုံး ပြူး၍ မှင်တက်သွားလောက်သည်။ ထိုပုဂ္ဂိုလ်ပင် သေချာပေါက် မယုံသင်္ကာ ဖြစ်သွားလောက်သည်။

ထိုသို့သောအချိန်၌ ခေါင်းပြောင်ငှက်၏ စကားကို ကြားသည်နှင့် ယဲ့ဖန်က မျှော်လင့်ထားပြီးဟန်ဖြင့် ပြုံးလာ သည်။ သူ လက်တစ်ဖက်ကိုလှုပ်၍ အချက်ပြလိုက်သည်။

ဝီ! ဝီ! ဝီ!

ကောင်းကင်ယံရှိ အနက်ရောင် ဝိညာဉ်စား ပုရွက်ဆိတ်များက ရုတ်တရက် နောက်ပြန်လှည့်ကာ အောက်သို့ နိမ့်ဆင်း ပျံသန်းလာပြီးနောက် ယဲ့ဖန်၏ အင်္ကျီလက်စထဲ ပြန်ဝင် ရောက်ကာ ပျောက်ကွယ်သွားလေသည်။

ပုရွက်ဆိတ်လေးတစ်ကောင်တည်းသာလျင် ပျံဝဲ၍ ယဲ့ဖန်၏ ပခုံးပေါ်၌ နားနေကာ စူးရဲသော မျက်လုံးများဖြင့် ကောင်းကင်ယံရှိ ခေါင်းပြောင်ငှက်အား စိုက်ကြည့်၍နေ၏။ ခေါင်းပြောင်ငှက် တစ်ကိုယ်လုံး ချမ်းအေးသွားလေသည်။

အကယ်၍ ခေါင်းပြောင်ငှက်သာ ယဲ့ဖန်ကို မလေးမစား ဆက်ဆံပါက ပုရွက်လေးက သူ့ကို အရှင်လတ်လတ် ဝါးစားပ စ်မည့်ပုံပင်။

ဝိညာဉ်စား ပုရွက်ဆိတ်များအားလုံး ဆုတ်ခွာသွား သည့်အခါမှသာ ခေါင်းပြောင်ငှက် စိတ်အေးသွားလေသည်။ ထို့နောက်တွင်မူ သူ့တစ်ကိုယ်လုံး ရေလောင်းချ ခံထား ရသကဲ့သို့ ချွေးများဖြင့် ရွှဲစိုနေသည်ကို သတိထား လိုက်မိသည်။

“ဒီ … ဒီကောင်က ဘယ်ကကောင်လဲ”

ခေါင်းပြောင်ငှက် အံ့အားသင့်နေ၏။ ထို့နောက် သူသည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်၌ ပျံသန်း နေသည်။ နောက်ဆုံးတွင် သတ္တိမွေး၍ မြေကြီးပေါ် ပျံဆင်း လာသည်။

“ကောင်လေး၊ ငါ … ငါက မင်းဘိုးဘေးပဲ”

“ဒါပေမဲ့ ငါ မင်းကို မေးစရာရှိတယ်”

ထိုသို့ပြောပြီး ခေါင်းပြောင်ငှက်က ပုရွက်ဆိတ်လေးကို စိုက်ကြည့် လိုက်သည်။ သူ့အကြည့်၌ အံ့ဩဟန်များဖြင့် ပြည့်နှက်နေပြီး တောက်ပလျက် ရှိသည်။

“မင်း ဒီခြစားပုရွက်ဆိတ်တွေကို ဘယ်ကနေ ရှာတွေ့ လာတာလဲ၊ ပြီးတော့ ဘယ်လိုလုပ် ဒီလောက် အများကြီး ရှိနေရတာလဲ”

“ပြီးတော့ ဘယ်လိုလုပ် အစားကြူး ပုရွက်ဆိတ်တွေက လူသားကို အညံ့ခံနေတာလဲ။ မင်း … မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

ခေါင်းပြောင်ငှက် မယုံသင်္ကာ ဖြစ်နေလေသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ တန်ဖိုးကို သူ အသိဆုံး ဖြစ်သည်။ ဤသို့သော ဝိညာဉ်စား ပုရွက်ဆိတ်အား ရှေးဦးခေတ်က ထိုပုဂ္ဂိုလ်တောင်မှ ရတနာအဖြစ် သတ်မှတ်ထားလေသည်။

သို့သော် ယခုအခါ၌ နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်သာ ရှိသော ယဲ့ဖန်က ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များကို ထိန်းချုပ်နိုင်နေ၏။ ဤသည် မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။

သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်က ချက်ချင်း ပြန်မဖြေပေ။ ထိုအစား သူ့က တောက်ပနေသော မျက်လုံး များဖြင့် ပြန်မေးလိုက်သည်။

“ခင်ဗျားက ဘာလို့ ဒါကို ခြစားပုရွက်ဆိတ်လို့ ခေါ်တာလဲ”

*ဟမ်*

ထိုစကားကြောင့် ခေါင်းပြောင်ငှက် အနည်းငယ် မှင်တက် သွားသလို သူ၏မျက်လုံးများကလည်း ပြူးကျယ် သွားလေသည်။

“မင်း … မင်း ဒီပုရွက်ဆိတ်တွေရဲ့ ဇာစ်မြစ်ကို မသိဘူးလား”

“ငါ အံ့ဩတယ်ကွာ၊ မင်းက သူတို့ရဲ့ ဇာစ်မြစ်ကို မသိပင်မယ့် သူတို့ကို အညံ့ခံလာအောင် လုပ်ရဲတယ် …”

ခေါင်းပြောင်ငှက်၏ အသံက တုန်ယင်၍နေ၏။ ဤစကြ ဝဠာ၌ ဤသို့ရဲတင်းလွန်းသည့် လူရှိလောက်မည့် သူ မထင် ထားပေ။ သူသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့် သကဲ့သို့ ကြည့်လာသည်။

ယဲ့ဖန်က ပြန်မပြောချေ။ ခေါင်းပြောင်ငှက်ကိုသာ မျက်မှောင် ကြုတ်၍ ပြန်ကြည့်နေသည်။

*ဒီအရူးက သူ့ကိုယ်သူ ဘာလုပ်နေမှန်း မသိဘူးပဲ*

ခေါင်းပြောင်ငှက်၏ ယဲ့ဖန်အပေါ် အလွန်ရိုင်းစိုင်းနေခြင်းက သူ့စိတ်ထဲတွင် အရိပ်ကဲ့သို့ စွဲထင်နေသည်။ ယခုအချိန်၌ ခေါင်းပြောင်ငှက်သည် ရိုကျိုးစွာသာ ပြောလိုက်ရသည်။

“ကောင်လေး၊ ဘိုးဘေးကို အပြစ်မယူစမ်းပါနဲ့၊ ငါ မင်းကို စိတ်ထဲမထားပါဘူး။ ဒီပုရွက်ဆိတ်တွေက အခြေအမြစ် မရှိတဲ့ အရာတွေ မဟုတ်ဘူး”

“သူတို့မှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ သမိုင်း ကြောင်း ရှိတယ်”

“ဒီလောကထဲမှာ မင်း သူတို့ရဲ့ ထူးခြားမှုကို မတွေ့သေးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒီလောကက သမုဒ္ဒရာထဲက ရေစက်တစ်ခုပဲကွ”

“မင်း ဒီလောကထဲက ထွက်သွားနိုင်ပြီး မြင့်မားတဲ့ အဆင့် တစ်ခုကို ရောက်တဲ့တစ်နေ့အထိ စောင့်လိုက်ဦး၊ အဲ့အခါ ကျရင် ဒီပုရွက်ဆိတ်တွေက မင်းကို လုံးဝအံ့ဩ သွားအောင် လုပ်ပြလိမ့်မယ်”

ခေါင်းပြောင်ငှက်၏ မျက်လုံးတွင် ရုတ်တရက် လေးစား ဟန်များ ထင်ဟပ်လာပြီး ထပ်ခါထပ်ခါ သတိပေးလိုက်သည်။

“တကယ်လို့ အဲ့လိုနေ့မျိုး ရောက်လာခဲ့မယ်ဆိုရင် မင်းကိုယ်မင်း လုံလုံလောက်လောက် ကာကွယ်နိုင်တဲ့ ခွန်အားမရှိမခြင်း သူတို့ကို ဘယ်သူ့ရှေ့မှာမှ ထုတ်မပြဖို့ မှတ်ထားပါ”

“မဟုတ်လို့ကတော့ မင်း ဆိုးရွားတဲ့ ကပ်ဆိုးတစ်ခုနဲ့ ကြုံရလိမ့်မယ်”

ထိုစကားက ယဲ့ဖန်အား ထိတ်လန့်သွားစေသည်။ ထိပ်ပြောင် ငှက်၏ ပြောချင်သော အဓိပ္ပာယ်ကို သူ ရှင်းရှင်းလင်းလင်း ကြားသိလိုက်ရသည်။

*သမုဒ္ဒရာထဲက ရေတစ်စက်တဲ့လား*

ခေါင်းပြောင်ငှက်၏ အဆိုအရ ဤစကြဝဠာလောက အပြင်ဘက်၌ ပို၍ကြောက်မက်ဖွယ်ကောင်းသော နေရာများ ရှိပုံရသည်။ ထိုကြောက်လန့်ဖွယ်ကောင်းသော နေရာ၌ ပို၍ ထိတ်လန့်ဖွယ်ကောင်းသော အရာများ ရှိနေ၏။

ဝိညာဉ်စား ပုရွက်ဆိတ်များသည် ထိုအရာများနှင့် တစ်စုံ တစ်ရာ ပတ်သက်နေပုံရသည်။ ဤသို့သော ခေါင်းပြောင် ငှက်က ယခုစကြဝဠာထဲသို့ ကျဆင်းလာပုံကို တွေးတောပြီး ယဲ့ဖန် အတွေးနွံထဲ နစ်မျောနေသည်။

“အဟမ်း အဟမ်း …”

ယဲ့ဖန် စဉ်းစားနေချိန်တွင်ခေါင်းပြောင်ငှက်၏ မျက်လုံး ကြီးများက သူ့လက်ထဲမှ ဓားကျိုးထံ ရစ်ဝဲနေပြီး တောင်ပံ တဖျပ်ဖျပ် ခတ်၍ ပြောလာသည်။

“ကောင်လေး၊ ဒီဘိုးဘေးကြီးက ဗဟုသုတ အတော်လေး ပြည့်စုံတာနော်၊ မင်းလက်ထဲက ဓားကျိုးကို ငါ့ကို ပေးကြည့်ရင် ဘယ်လိုလဲ”

ထိုသို့ပြောနေချိန်တွင် ခေါင်းပြောင်ငှက်၏ မျက်လုံး၌ လောဘရိပ် ယှက်သန်းနေသည်။ ထိုစဉ် ခေါင်းပြောင်ငှက်က လက်သည်းများကို ဆန့်ထုတ်၍ ယဲ့ဖန်၏ ရွှေရော င်ဓားကျိုးကို ဆွဲယူချင်နေ၏။

ရွှစ်!

ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ခေါင်းပြောင်ငှက်သည်လည်း အော်ဟစ်လိုက်မိပြီး နောက် တစ်ကြိမ် ကိုယ်နှစ်ခြမ်း အပိုင်းခံလိုက်ရကာ မြေကြီး ပေါ် ပြုတ်ကျသွားသည်။

နတ်ဆိုးနဂါးသည် ခေါင်းတကုတ်ကုတ်နှင့် ကောင်းကင်ယံ ကိုသာ ငေးကြည့်နေသည်။ ခေါင်းပြောင်ငှက် ဒေါသထွက် လုနီးပါး ဖြစ်လာသည်။

သူသည် ချက်ချင်း ပြန်အသက်ရှင်လာပြီးနောက် ကောင်းကင် ယံသို့ ပျံတက်ပြန်သည်။ ထို့နောက် သူ၏ရင်အုပ်က မောက်တက်လာကာ ယဲ့ဖန်ကို အော်ဟစ်တော့မည့်ပုံပင်။ သူ၏ ကြိမ်းမောင်းစကားပင် မစရသေးခင်၌ ရွှေရောင် ဓားကျိုးက သူ့ခေါင်းပေါ်သို့ ရောက်လာသည်။

ဂလု!

ခေါင်းပြောင်ငှက်သည် မျက်ခုံးလှုပ်လာပြီး ပြောချင်သည့် စကားများကို ပြန်မျိုသိပ်လိုက်ရသည်။ အချိန်အတော် ကြာပြီးမှ သူက စကားတစ်ခွန်းကို ထုတ်ပြောလာသည်။

“မင်းက တော်တော်ရက်စက်တာပဲ”

သူ့စိတ်ထားကို အမှန်အတိုင်း ထုတ်ပြောလာသည်ကို မြင်မှ ယဲ့ဖန်က လှောင်ရယ်၍ ရွှေရောင်ဓားကျိုးကို ပြန်ဖယ်ပေး လိုက်သည်။ ထို့နောက် သူသည် ခေါင်းပြောင်ငှက်အား ကြည့်ပင်မကြည့်တော့ဘဲ မဟူရာတောအုပ်၏ အတွင်း ဘက်သို့ လျှောက်သွားလိုက်သည်။

သူ့နောက်၌ ခေါင်းပြောင်ငှက်သည် ယဲ့ဖန်၏ ပုံရိပ်ကို စိုက်ကြည့်၍ မျက်လုံးများက လင်းလက်နေ၏။

“ဒီကောင်လေးက အတော်လေး ထူးခြားပြီး ထူးချွန်တာပဲ”

“သူက ရက်စက်ကြမ်းကြုတ်လွန်းပင်မယ့် သူက ငါ မြင်ဖူးသမျှ ထဲမှာ အဆန်းကြယ်ဆုံးသူပဲ”

“ပြောရရင် သူ့ရဲ့ ရွှေရောင်ဓားကျိုး၊ ခြစားပုရွက်ဆိတ်နဲ့ ထူးဆန်းတဲ့ ခေါင်းလောင်းကိုပါ ပေါင်းလိုက်ရင် သူက တကယ့်ကို ပုံမှန်ထက် ကျော်လွန်နေတဲ့သူပဲ”

“သူ့နောက်ကို လိုက်မယ်ဆိုရင် ငါ တစ်နေ့ ငါ့ခန္ဓာကိုယ် အစစ်ကို ပြန်ဖွဲ့စည်းနိုင်လောက်တယ်”

ခေါင်းပြောင်ငှက်သည် ထိုသို့တွေးတောပြီးနောက် တောင်ပံ ကို တဖျပ်ဖျပ်ခတ်၍ ယဲ့ဖန်နောက်သို့ စိတ်အား ထက်သန်စွာ လိုက်ပါသွားသည်။

နောက်ကျောမှ လေတိုးသံကို ခံစားမိသဖြင့် ရှေ့သို့ သွားနေသည့် ယဲ့ဖန်သည် နှုတ်ခမ်းကို အသာတွန့်၍ ပြုံးလိုက်မိသည်။ သူ ထင်ထားသည့်အတိုင်း ဖြစ်လာလေပြီ။

ယခုအချိန်၌ လူတစ်ယောက်၊ နဂါးတစ်ကောင်၊ ငှက် တစ်ကောင်နှင့် ပုရွက်ဆိတ်တစ်ကောင်တို့က မဟူရာ တောအုပ်၏ အနက်ရှိုင်းဆုံး တစ်နေရာသို့ လျှောက်လှမ်း နေကြသည်။

သူတို့ တစ်မိုင်မျှ ခရီးပေါက်လာချိန်တွင် လေတိုးသံများ ထွက်ပေါ်လာသည်။ ထို့နောက် တောအုပ်ထဲမှနေ၍ လူရိပ်များ ထွက်ပေါ်လာ၏။ ထိုသူတို့သည် တစ်ခဏ အတွင်းမှာပင် ယဲ့ဖန်နှင့် ခေါင်းပြောင်ငှက်တို့ကို ဝိုင်းလာကြသည်။

ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။ မျက်စိ တစ်မှိတ်အတွင်း၌ လူပေါင်းနှစ်ဆယ်ကျော် ရောက်လာ သည်။ အားလုံး၌ အန္တရာယ်ပေးလိုသော အငွေ့ အသက်များဖြင့် ပြည့်နှက်နေပြီး ဦးချို သို့မဟုတ် တောင်ပံများ ပါရှိကြလေသည်။ သူတို့သည် မကောင်းဆိုးဝါး မျိုးနွယ်မှ ပါရမီရှင်များ ဖြစ်လေသည်။ ထိုသူတို့အား အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ဦးဆောင်လာသည်။

သူ့ဦးခေါင်းထက်၌ ကြံကဲ့သို့ ဦးချိုတစ်ချောင်းသာ ရှိပြီး အလွန် ရက်စက်၍ အန္တရာယ်ပေးသော အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

ထို့နောက် သူသည် ခေါင်းပြောင်ငှက်ကို လှမ်းကြည့်ပြီး ယဲ့ဖန်အား ရင့်သီးစွာ ပြောလာသည်။

“ဟိုကောင်လေး၊ ဒီငှက်က ငါတို့ငှက်ပဲ၊ ဒီသခင်ကြီး လက်ထဲမှာ ထားခဲ့လိုက်”

Chapter 641 ခေါင်းပြောင်ငှက်ကို ဘယ်လိုစားချင်လဲ

*ဒီသခင်ကြီး လက်ထဲမှာ ထားခဲ့လိုက်တဲ့လား*

နောက်ဆုံးစကားကြောင့် ယဲ့ဖန်၏ မျက်နှာထားက မသိမသာ မည်းမှောင်သွားသည်။ မဟူရာတောအုပ်ထဲ၌ မကောင်းဆိုး ဝါးမျိုးနွယ်၏ ပါရမီရှင်များနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ ထင်မထားမိပေ။

တစ်ဖက်လူ၏ မောက်မာသော သွင်ပြင်အရ သူသည် ခေါင်းပြောင်ငှက်ကို ပစ်မှတ်ထား၍ လိုက်ဖမ်းနေမှန်း သိသာလှသည်။ ခေါင်းပြောင်ငှက်သည် ထိုအဖွဲ့ကို မြင်သည်နှင့် ချက်ချင်း ဒေါကန်သွားလေသည်။

“လက်စသတ်တော့ မင်းတို့ကိုး”

“မင်းရဲ့ ကိုးမြီးမြေခွေးမလေးရော၊ ဒီဘိုးဘေးကို ချုံခို တိုက်ခိုက်ပြီး ဖမ်းချင်နေတာလား၊ စိတ်ကူးယဉ်မနေနဲ့”

ခေါင်းပြောင်ငှက်၏ မျက်လုံးထဲတွင် သတ်ဖြတ် လိုစိတ်များဖြင့် ပြည့်နှက်လာသည်။ ခေါင်းပြောင်ငှက်၏ စကားကြောင့် ယဲ့ဖန် အနည်းငယ် အံ့အားသင့်သွားသည်။

ထိုအခါတွင်မှ ခေါင်းပြောင်ငှက်၏ ကိုယ်ပေါ်ရှိ ဒဏ်ရာ များက မကောင်းဆိုးဝါးမျိုးနွယ်မှ ပါရမီရှင်များကြောင့် ရခဲ့သည်ကို သူ သိလိုက်ရသည်။

ပြောရမည်ဆိုလျင် မကောင်းဆိုးဝါးမျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင် ကိုးမြီးမြေခွေးမလေးသည် ခေါင်းပြောင်ငှက်အား ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်သဖြင့် အတော်လေး ကြောက်မက်ဖွယ် ကောင်းလောက်သည်။

ချွင်!

ထိုအခါ အယောက်နှစ်ဆယ်ကျော်သော မကောင်းဆိုးဝါး မျိုးနွယ်၏ ပါရမီရှင်များက လက်ကိုခါထုတ်လိုက်သည်၊ ထိုအခါ သူတို့၏ လက်များမှနေ၍ လက်သည်းချွန်များ ထွက်ပေါ်လာသည်။ တစ်ယောက်ချင်းစီ၏ လက်သည်း ချွန်များက ချွန်ထက်လှသည်။

ဤတောအုပ်အတွင်းမှ နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ကိုပင် အခက်အခဲမရှိ ဆုတ်ဖြဲနိုင်လောက်သည်။

“ဟားဟား … ငှက်အိုကြီး အခုထိ အသေမခံချင်သေးဘူးလား”

ထိုစဉ် မကောင်းဆိုးဝါးမျိုးနွယ်မှ ကြံ့ပုံရှိသော သိုင်းပညာရှင် သည် ခေါင်းပြောင်ငှက်ကို စိုက်ကြည့်၍ ရယ်လေသည်။

“ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က အသုံးမဝင်တော့သလို မင်းရဲ့ချီကြောတွေကလည်း ပျက်စီးသွားပြီး၊ မင်းကိုယ်မင်း အခုထိ အထွတ်အထိပ်ကို ရောက်နေတုန်းပဲလို့ ထင်နေ တာလား”

“အထူးသဖြင့် အခုအချိန်ရော မင်း ထပ်ပြီး ထွက်မပြေး ချင်ဘူးလား”

ကြံမျိုးနွယ် သိုင်းပညာရှင်၏ စကားအဆုံး၌ အယောက် နှစ်ဆယ်ကျော်သော မကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင် များက သတ်ဖြတ်လိုသော အငွေ့အသက်များကို ထုတ်လွှတ် လာကြသည်။ ထိုအငွေ့အသက်များက တောအုပ် တစ်ခုလုံးအား ပျံ့နှံ့သွားလေသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ခေါင်းပြောင်ငှက်က တောင်ပံ တဖျပ်ဖျပ်ခတ်၍ ကောင်းကင်ထက်သို့ ချက်ချင်း ပျံတက်ရန် ပြင်လေသည်။ သို့သော် ထိုသိုင်းပညာရှင်များက ခန့်မှန်းမိ ထားပုံရကာ အားလုံး လက်ကိုမြှောက်ကာ ဝှေ့ယမ်း လိုက်ကြသည်။ ရုတ်တရက် နတ်ဘုရားပိုက်ကွန် တစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် တစ်ခဏ အတွင်းမှာပင် ကောင်းကင်တစ်ခုလုံးအား ဖုံးအုပ် သွားလေ၏။

ကောင်းကင်ယံသို့ ပျံတက်စပြုနေသည့် ခေါင်းပြောင် ငှက်သည် မိုးကြိုးပစ်ချခံလိုက် ရသကဲ့သို့ဖြစ်ကာ တုန်ယင် သွားသည်။ ထို့နောက် ခေါင်းပြောင်ငှက်သည် ပြင်းထန်စွာ ထိခိုက်မိကာ ကောင်းကင်မှ တန်း၍ပြုတ်ကျလာသည်။ သူသည် နှုတ်သီးကို ဖွင့်လိုက်ပိတ်လိုက်လုပ်၍ ညည်းညူ နေ၏။

ဤသည်ကိုကြည့်ပြီးနောက် ကြံမျိုးနွယ် သိုင်းပညာရှင်နှင့် မကောင်းဆိုးဝါးမျိုးနွယ်မှ ပါရမီရှင်များအားလုံးသည် ကြောက်ရွံ့ခြင်း မရှိတော့ချေ။ ထိုသို့ဖြစ်မည့်အစား အားလုံးက သရော်ပြုံး ပြုံးနေကြလေသည်။

ခေါင်းပြောင်ငှက်ထံမှ ညည်းညူသံများက ဆက်တိုက် ပျံ့လွင့်လာသည်။ သို့သော် ထိုသို့သောအချိန်၌ ကောင်းကင် ထက်ရှိ ပိုက်ကွန်မှ ရုတ်တရက် အလင်းတန်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက လေဟာနယ် တစ်ခုလုံးကို ဖိနှိပ်လာ၏။

ဟာရီကိန်းမုန်တိုင်းကဲ့သို့ ဖြစ်ပေါ်လာတော့မည့် ခေါင်းပြောင် ငှက်၏ အော်သံက အက်ကွဲ၍ ပျက်စီးသွား လေတော့သည်။ ဤသည်ကိုမြင်ပြီး ခေါင်းပြောင်ငှက် မျက်လုံးပြူးကာ ထိတ်လန့်ဒေါသ ထွက်လာ၏။ တစ်ဖက်တွင်မူ မကောင်း ဆိုးဝါး မျိုးနွယ်၏ ပါရမီရှင်များက ဟားတိုက် ရယ်မော လေသည်။

“ဟားဟားဟား … လူအိုကြီး၊ အခု ခင်ဗျားက အမှိုက်နဲ့ မခြားတော့ဘူးလို့ ကျုပ် ခင်ဗျားကို အစောကြီးတကည်းက ပြောခဲ့သားပဲ။ ကျုပ်တို့ မကောင်းဆိုးဝါးမျိုးနွယ်က နံပါတ်တစ် မိန်းကလေးနဲ့ ယှဉ်နိုင်မယ်လို့ ခင်ဗျား တကယ် ထင်နေတာလား”

“စိတ်ကူးယဉ်နေလိုက်တာ၊ ခင်ဗျား အမွေအနှစ်ကို အညံ့ခံပြီး ပေးလိုက်တာနဲ့ ကျုပ်တို့ ခင်ဗျားကို မသတ်ဘူးလို့ အာမခံတယ်”

“ဘယ်လိုလဲ”

ကြံ့မျိုးနွယ် သိုင်းပညာရှင်၏ မျက်နှာ၌ လှောင်ရိပ်များဖြင့် ပြည့်နှက်နေကာ ခေါင်းပြောင်ငှက်အား ဝါးစားတော့မည်ဟု ထင်မှတ်ရလေသည်။

သူ၏စကားနှင့် အမူအရာတို့က ခေါင်းပြောင်ငှက်အား အလွန်အမင်း သုန်မှုန်သွားစေသည်။

“ဒီဘိုးဘေးရဲ့ အမွေအနှစ်ကို လိုချင်တယ်ပေါ့လေ၊ ဆုတောင်းနေလိုက်”

ခေါင်းပြောင်ငှက်သည် ထိုသို့ပြောပြီးနောက် တစ်ဖက် လှည့်၍ ယဲ့ဖန်ကို လှမ်းပြောလေသည်။

“ကောင်လေး၊ မင်း ဘာမှလည်း မလုပ်သေးဘူး၊ မင်း ဒီမှာဆက်နေမှာလား”

ခေါင်းပြောင်ငှက်သည် ဂုဏ်ယူနေဟန်ဖြင့် ကြည့်နေသည်။ ယဲ့ဖန် စလှုပ်ရှားလိုက်သည်နှင့် ဤပြဿနာထဲမှ အသာလေး လွတ်မြောက်နိုင်သည်ဟု သူ ထင်နေ၏။ သူ လက်လှုပ် လိုက်ရုံနှင့် ဤအဖွဲ့ကို သတ်ပစ်နိုင်လောက်သည်။

“ဟားဟားဟား … ကြည့်စမ်းပါဦးကွာ၊ ဒီအဘိုးကြီးတော့ ရူးနေပြီ၊ အခုလေးတင် ရေတွင်းထဲက ဖားလိုဖြစ်နေပြီးတော့ အခု နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်လေးကို အကူအညီ လှမ်းတောင်နေတယ်၊ မင်း ငါ့ကို လှောင်နေတာလား”

“ဘယ်လိုတောင် သေချင်နေတဲ့ ငှက်လည်းကွာ၊ မကောင်းဆိုး ဝါးမျိုးနွယ်ရဲ့ အလေးစားရဆုံးငှက်က အခု ဘာမဟုတ်တဲ့ လူသားတစ်ယောက်ကို အကူအညီတောင်းနေရပြီပေါ့၊ အမှိုက်ပဲ၊ သုံးစားမရလိုက်တာ”

“အကူအညီတောင်းတာကတော့ ကောင်းပါတယ်၊ မင်းက ဒီကောင်လေးကို အကူအညီတောင်းတော့ သူက ကူညီရဲပြီတဲ့လား”

“…”

ထိုသို့သောအချိန်၌ မကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင် များအားလုံး ဟားတိုက် ရယ်မောကြလေသည်။ သူတို့ အမြင်တွင် ယဲ့ဖန်သည် သာမန် နတ်ဘုရား ဂိုဏ်းချုပ် အထွတ် အထိပ် အဆင့်လေးသာ ဖြစ်သည်။ ဤနေရာ၌ မကောင်းဆိုး ဝါးမျိုးနွယ်မှ ပါရမီရှင်များနှင့် ပြည့်နှက်၍နေသည်။ သူ့ကိုယ်ပေါ်၌ မြွေတစ်ကောင် ရှိနေသော်လည်း အသုံးဝင်ပုံ မပေါ်ချေ။

ပုရွက်ဆိတ်လေးကမူ သူတို့ ရောက်လာသည်နှင့် ယဲ့ဖန်၏ အင်္ကျီထဲ ပြန်ဝင်သွားသောကြောင့် သူတို့ လုံးဝ မမြင် လိုက်ချေ။

သူတို့စကားကိုကြားပြီး ခေါင်းပြောင်ငှက် ချက်ချင်း ဝမ်းသာသွားသည်။ ဤသို့သော ရိုင်းပျမှုအောက်၌ ယဲ့ဖန် စိတ်တည်ငြိမ်နေလိမ့်မည်ဟု သူ မယုံပေ။

ယခုအချိန်၌ ခေါင်းပြောင်ငှက်သည် မကောင်းဆိုးဝါး မျိုးနွယ်မှ ပါရမီရှင်တစ်စု နေရာ၌ ပွဲချင်းပြီး အသတ်ခံလိုက် ရတော့မည်ကို မြင်ယောင်နေလေ၏။ ထိုစဉ် ယဲ့ဖန်၏ ခပ်အေးအေးအသံက ရုတ်တရက် ထွက်ပေါ်လာသ်ည။

“မကောင်းဆိုးဝါးမျိုးနွယ်က လူတွေပြောတာ တအား မှန်တာပဲ။ ကျုပ်က ဒီနားက ဖြတ်သွားရုံလေးတင်ပါ၊ ဘာဆို ဘာမှ မမြင်လိုက်ပါဘူး”

“ခင်ဗျားတို့ သတ်ချင်လည်း သတ်၊ ဖမ်းချင်ရင်လည်း ဖမ်းကြ ပေါ့ဗျာ”

*သောက်ကျိုးနည်း”

ခေါင်းပြောင်ငှက် ကြက်သေသေသွားသည်။ မကောင်းဆိုးဝါး မျိုးနွယ် ပါရမီရှင်များရှေ့၌ ယဲ့ဖန် သည်လောက် စိတ်တည်ငြိမ် နေလိမ့်မည်ဟု သူ ထင်မထားမိပေ။ ထို့နောက် ယဲ့ဖန် ဆက်ပြောလိုက်သည့် စကားကြောင့် ခေါင်းပြောင်ငှက် ကြက်သီးထကာ လဲကျလုနီးပါး ဖြစ်သွားလေသည်။

“မကောင်းဆိုးဝါးမျိုးနွယ်က လူအားလုံးကို ပြောပြ လိုက်ဦးမယ်၊ ဒီခေါင်းပြောင်ငှက်က ကြောက်စရာကောင်းတဲ့ အမွေအနှစ်အပြင် တအားလည်း အရသာရှိတယ်”

“ရှေးစာအုပ်တွေအရဆိုရင် ဒီမကောင်းဆိုးဝါးမျိုးနွယ်က ဘိုးဘေးရဲ့အသားကို စားလိုက်တာနဲ့ နှစ်ထောင်ပေါင်းများစွာ အသက်ရှည်နိုင်သလို နေ့တိုင်း ပျံသန်းနိုင်တယ်လို့ ဆိုတာပဲ”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် မကောင်းဆိုးဝါးမျိုးနွယ်မှ သိုင်းပညာ ရှင် များအားလုံး လောဘစိတ်ဖြင့် ပူလောင် လာကြသည်။ ထို့နောက် ဤခေါင်းပြောင်ငှက်၌ ထိတ်လန့် ဖွယ် အမွေအနှစ် သာမက တစ်ကိုယ်လုံးက နတ်ဆေးလုံး ကဲ့သို့ တန်ဖိုးရှိ လိမ့်မည်ဟု တွေးမိသွားကြသည်။

ယခုအချိန်၌ ထိုမကောင်းဆိုးဝါးမျိုးနွယ် ပါရမီရှင်အဖွဲ့သည် ခေါင်းပြောင်ငှက်က လောဘမျက်လုံးများဖြင့် ကြည့်လာ ကြသည်။

တောက်! တောက်!

ထိုသူများ၏ ပါးစပ်မှ သွားရည်များ စီးကျလာသည်။ ဤသည်ကိုမြင်ပြီး နတ်ဆိုးနဂါး မျက်မှောင်ကြုတ် မိသွားသည်။ ယဲ့ဖန်က ခေါင်းပုံဖြတ် အမြတ်ကြီး စားချင်နေသည်ဟု သူ တွေးမိသွားသည်။

သို့သော် ထိုမျှနှင့် မပြီးသေးဘဲ ယဲ့ဖန်က ပြုံး၍ မကောင်းဆိုးဝါးမျိုးနွယ် ပါရမီရှင်များကို ဆက်ပြော လိုက်သည်။

“အဲ့ဒါအပြင် ခေါင်းပြောင်ငှက်ရဲ့ အသားနဲ့သွေးကို ဘယ်လို စားရလဲ ခင်ဗျားတို့ သိလား”

*ဟမ်*

ထိုစကားက မကောင်းဆိုးဝါးမျိုးနွယ် ပါရမီရှင်အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။

“ကိုယ့်လူ၊ အဲ့အကြောင်း ဆွေးနွေးရအောင်၊ ကျုပ်တို့ ကျေနပ်တယ်ဆိုရင် ခင်ဗျားကို နည်းနည်းမျှပေးမယ်”

ကြံ့မျိုးနွယ် သိုင်းပညာရှင်က ယဲ့ဖန်အား အလွန် စိတ်အား တက်ကြွနေသော အမူအရာဖြင့် ပြောလာသည်။ သူ့စကား ကြောင့် ယဲ့ဖန်က အလွန်ကျေနပ်သွားဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“ပထမဆုံး၊ ဒီခေါင်းပြောင်ငှက်ရဲ့ အမွေးအားလုံးကို နှုတ်လိုက်၊ ငှက်မွေးတစ်ချောင်းချင်းစီကို မကောင်းဆိုးဝါးမီးနဲ့ ၄၉ ရက် မြှိုက်လိုက်မယ်ဆိုရင် ငှက်မွေးအပ်တွေ လုပ်လို့ ရတယ်။ အဲ့ဒါက တအားချွန်ထက်လွန်းလို့ နတ်ဘုရား ဥပဒေကို ချိုးဖောက်နိုင်သလို အင်မော်တယ်ကိုလည်း ဖျက်စီး နိုင်တယ်”

“ပြီးရင် ခေါင်းပြောင်ငှက်ကို ရိုက်သတ်လိုက်၊ ဒီငှက်က ဘာမှမလုပ်နိုင်ဘူး၊ သူ့ဗိုက်ထဲ ချီးတွေပြည့်နေတာပဲ ရှိတာ”

“အဲ့ဒါပြီးရင် သူ့ကို ၈၁ ပိုင်းပိုင်းလိုက်၊ ပြီးရင် မီးနဲ့ကင်လိုက်”

“ဒီလိုနည်းနဲ့ သူ့ရဲ့သွေးတွေက အသားထဲ လောင်မြိုက် ပျော်ဝင်ပြီး အလဟသ ဖြစ်မှာ မဟုတ်တော့ဘူး။ သူ့အသား ကလည်း ပိုပြီးကျစ်လစ်ပြီး မာလာလိမ့်မယ်”

“ဟင်းခတ်အမွှေးအကြိုင် အားလုံးကိုသာ ပေါင်းထည့်လိုက် လို့ကတော့ ခေါင်းပြောင်ငှက်ရဲ့ အသားနံ့က မွှေးကြိုင်နေမှာ”

Chapter 642 ခြိမ်းခြောက်အကျပ်ကိုင်ရန် တောင်းပန်ခြင်း

*အမွေးကိုနုတ်*

*တစ်ကိုယ်လုံးကို ရိုက်သတ်*

*နုတ်နုတ်စင်းလိုက်တဲ့လား*

*ပြီးတော့ မီးကင်စားလိုက်တဲ့လေ*

ထိုစကားကို ကြားလိုက်ရချိန်တွင် အယောက်နှစ်ဆယ် ကျော် သော မကောင်းဆိုးဝါးမျိုးနွယ်မှ ပါရမီရှင်များ၏ မျက်လုံး များ တောက်ပလာပြီး ပါးစပ်ထောင့်မှ သွားရည်များ ဆက် တိုက် စီးကျနေသည်။ သူတို့ အလွန်အမင်း လောဘတက် နေကြလေသည်။

ယဲ့ဖန်၏ ရှင်းပြချက်ကို နားထောင်နေရုံနှင့် အနံ့ပင် ရလာသလိုပင်။ မကောင်းဆိုးဝါးမျိုးနွယ်မှ ပါရမီရှင်များ အားလုံး တက်ကြွနေသည်။

အမွေအနှစ်လည်း ရမည်၊ အရသာရှိသော အသားကိုလည်း စားရမည်၊ ထို့အပြင် သန့်စင်ထားသည့် လက်နက်များလည်း ရပေဦးမည်။ ဤခေါင်းပြောင်ငှက်သည် ရတနာ သေတ္တာကြီး တစ်ခုလိုပင်။ သူ၏ဗိုက်ထဲမှ မစင်များမှလွဲ၍ ကျန်အရာ အားလုံးက ရတနာပင်။

ဝေါ့!

ထိုသို့သောအချိန်၌ ယဲ့ဖန်၏ စကားများကိုကြားပြီးနောက် ကောင်းကင်ထက်ရှိ ခေါင်းပြောင်ငှက်သည် သွေးအန်မိ သွားလေသည်။ ထို့အပြင် လေထဲမှ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။

“ဟေ့ကောင် … ငယဲ့၊ ဒီဘိုးဘေးက မင်းနဲ့တိုက်မယ်ကွ”

ခေါင်းပြောင်ငှက် အလွန်ဒေါသထွက်နေ၏။ ဩဇာ ကြီးခဲ့သည့် ထိပ်တန်းတည်ရှိမှုအနေဖြင့် သူသည် ကောင်းကင်ယံ၌ နှစ်ပေါင်းများစွာ မရေတွက်နိုင်သော အင်အားကြီးသည့် ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် သူ့ကို စားရဲသည့် ရန်သူတစ်ယောက်ကိုမှ မတွေ့ ခဲ့ဖူးပေ။ ထို့အပြင် ယဲ့ဖန်သည် ထိုသို့ပြောနေချိန်တွင် နှုတ်ခမ်း သပ်၍ သူကိုယ်တိုင်ပင် သွားရည်ယိုနေသည်ကို ခေါင်းပြောင် ငှက် တွေ့လိုက်ရသည်။ ဤသည်ကြောင့် သူ ပို၍ သွေးအန်မိသွားသည်။

ထိုစဉ် ခေါင်းပြောင်ငှက်သည် သတ်ဖြတ်ချင်စိတ် ဝင်လာပြီး ယဲ့ဖန်ထံသို့ ထိုးဆင်းလာသည်။ သို့သော် ယဲ့ဖန်၏ ဦးခေါင်းပေါ်သို့ ထိုးဆင်းလာချိန်တွင် ရုတ်တရက် အလွန် အေးစက်သော အရှိန်အဝါတစ်ခုနှင့် ထိပ်တိုက် တွေ့သွား လေသည်။

ထိုအရှိန်အဝါသည် ငရဲမှထွက်ပေါ်လာသကဲ့သို့ အလွန် သွေးဆာနေပုံရသည်။ ယခုထက် ပိုနီးကပ်သွားပါက အရိုးအသားပင် မကျန်လောက်အောင် အသတ်ခံရ လောက်သည်။

“သေစမ်း”

ထိုစဉ် ခေါင်းပြောင်ငှက်၏ ပုံရိပ်သည် ယဲ့ဖန်၏ ဦးခေါင်း ထက်၌ ရုတ်ချည်းဆိုသလို ရပ်တန့်သွားကာ တစ်စက် ကလေးမျှ အောက်သို့ ထပ်မဆင်းလာရဲတော့ပေ။ ပုရွက် ဆိတ်လေး၏ သတ်ဖြတ်လိုစိတ်ကို သူ ရှင်းလင်းစွာ ခံစားမိသဖြင့် ချီးထွက်ကျလုမတတ် ကြောက်လန့် သွားလေသည်။

“ယဲ့ ... ယဲ့ကလေး၊ ငါက ဒီအတိုင်း နောက်နေတာပါ၊ ဟဲဟဲ ...”

ခေါင်းပြောင်ငှက်သည် တဟဲဟဲရယ်မော၍ ပြုံးရယ်၍ ယဲဖ့န်ကို ပြောလိုက်သည်။

“အင်း ... ငါတို့ အပေးအယူ လုပ်ကြမလား”

“ငါ့အတွက် ဒီမကောင်းဆိုးဝါးမျိုးနွယ်က လူတွေကို ကူပြီး ရှင်းပေးမယ်ဆိုရင် ငါ မင်းကို ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်တစ်ခု ပေးမယ်”

*ရှေးဟောင်း နတ်ဘုရားကျင့်စဉ်တဲ့လား*

ယဲ့ဖန်က နှုတ်ခမ်းတွန့်၍ သရော်ပြုံး ပြုံးလိုက်သည်။ ဤသည်ကိုမြင်ပြီး ခေါင်းပြောင်ငှက် မျက်မှောင်ကြုတ် သွားပြီး ဆက်ပြောလိုက်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်း ငါ့ကို ကယ်နိုင်သရွေ့ ငါ မင်းကို မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ နိယာမ ကျင့်စဉ်ကို ပေးမယ်”

*ဘာ*

ထိုစကားက မကောင်းဆိုးဝါးမျိုးနွယ်မှ ပါရမီရှင်များ အားလုံးကို ချက်ချင်း မှင်တက်သွားစေသည်။ နတ်ဆိုး ဧကရာဇ်တောင်မှ ထိတ်လန့်သွားလေသည်။

*မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ နိယာမကျင့်စဉ်တဲ့လား*

*ဒါ ... ဒါက ထိပ်တန်းရတနာပဲ*

ယဲ့ဖန်၏မျက်လုံးများ လင်းလက်သွားသည်။ သို့သော် သူသည် ခပ်ယဲ့ယဲ့ ပြုံးမြဲပြုံး၍ မကြားချင်ယောင် ဆောင် နေသည်။

“သောက်ကောင်”

ခေါင်းပြောင်ငှက် မဲ့ရွဲ့သွားသည်။

*ဒီကောင်က လှေနံနှစ်ဖက် နင်းနေတာပဲ*

*ဒါက မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ နိယာမကျင့်စဉ်လေ*

*ဤကျင့်စဉ်ကို အသုံးချပြီး လောကသခင်သုံးပါးကို အကူအညီ တောင်းရင်တောင် သူတို့ ပျော်ပျော်ရွှင်ရွှင်နှင့် ကတိပေး ကူညီလောက်တာက ပုံမှန်တုံ့ပြန်မှုမျိုးပဲလေ*

*အခုတော့ ဒီမျိုးမစစ်ကောင် ငါ့ကို ဒီပြဿနာကို ကူရှင်း ပေးပြီးတော့ ဒီမကောင်းဆိုးဝါးမျိုးနွယ်က လူ တစ်ချို့ကို ရှင်းပေးမယ်လို့ မျှော်လင့်ရတာပဲ*

*ဒါက ခြိမ်းခြောက်တာပဲ*

*အမြတ်ကြီးစားတယ်လို့ ပြောရင် ပိုမှန်မယ်ထင်တယ်*

ခေါင်းပြောင်ငှက်သည် အလွန် ဒေါသထွက်နေသော်လည်း ကောင်းကင်ထက်ရှိ နတ်ဘုရားပိုက်ကွန်ကို လှမ်းကြည့်ပြီး မတတ်သာဘဲ ထပ်ပြောလိုက်သည်။

“မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ နိယာမကျင့်စဉ်အပြင် ဥပဒေသ အပိုင်းအစကိုပါ ပေးမယ်ကွာ”

*ဒါပဲလေ*

ယဲ့ဖန်က စကားတစ်ခွန်းပင် မပြောလိုက်ရဘဲ လိုချင်တာကို ရသွားလေသည်။

“ရပြီ”

ရိုးစင်းသော စကားနှစ်လုံးပင် ဖြစ်သော်လည်း နိယာမ ကျင့်စဉ်နှင့် ဥပဒေသ အပိုင်းအစအတွက် ထိုက်တန် ပေသည်။ ဤနာကျင်လှသည့် ခံစားမှုကြောင့် ခေါင်းပြောင် ငှက် ရူးမတတ် ဖြစ်သွားရသည်။

ယဲ့ဖန်၏ မခိုးမခံ့ ရယ်နေပုံအရ တမင်လုပ်လိုက်မှန်း သူ သိလိုက်သည်။

*ဒီမျိုးမစစ်ကောင်က မကောင်းဆိုးဝါးမျိုးနွယ်အဖွဲ့နဲ့ ငါ့ကို စားဖို့ တမင်သက်သက် ဆွေးနွေးလိုက်သေးတဲ့အပြင် တမင် ဘေးထွက်နေသေးတယ်*

*အခုလို ခြိမ်းခြောက် အကျပ်ကိုင်ချင်လို့ အားလုံးကို ပြင်ဆင်ထားတာပဲ*

“မင်း ခြိမ်းခြောက် အကျပ်ကိုင်ချင်နေရင်တောင်မှ ငါ့ကို ခြိမ်းခြောက်ပါလို့ ငါ တောင်းဆိုမှဖြစ်မှာပဲ*

*ဒီကောင် တော်တော် အရှက်မရှိတာပဲ*

“ခြစားပုရွက်ဆိတ်လို ကြောက်စရာကောင်းတဲ့ သတ္တဝါက ဘယ်လိုလုပ် ဒီလိုအရှက်မရှိကောင်ကို ခစားနေရတာလဲ”

ခေါင်းပြောင်ငှက်သည် မုန်းတီးစိတ်ဖြင့် အံကြိတ် မိသော်လည်း ဘာမျှမတတ်သာချေ။ ထိုစဉ် ယဲ့ဖန်က တစ်ဖက် လှည့်၍ ကြံမျိုးနွယ် သိုင်းပညာရှင်နှင့် အခြားသူ များအား သကြားလုံး စားလိုက်ရသည့် ကလေးငယ်ကဲ့သို့ အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။

“အားလုံးပဲ၊ ငါ့ဆီ ရှေးဟောင်း နိယာမကျင့်စဉ်နဲ့ ဥပဒေသ အပိုင်းအစ ယူလာပေးလို့ ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ ငါ မင်းတို့ကို မြန်မြန်သေရအောင် လုပ်ပေးပါ့မယ်”

*ဘာ*

ထိုစကားကြောင့် ကြံမျိုးနွယ် သိုင်းပညာရှင်နှင့် အခြားသူများ မျက်နှာမည်းမှောင်သွားသည်။ သူတို့ ဆဲဆိုတော့မည့်အချိန်၌ ယဲ့ဖန်က လက်ကိုလှုပ်ယမ်းလိုက်သည်။ ထိုအခါ အင်္ကျီလက် စထဲမှနေ၍ ဝိညာဉ်စား ပုရွက်ဆိတ်များက ထွက်လာ လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်၌ ထောင်သောင်း ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များဖြင့် ပြည့်နှက် သွား လေသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် ထွက်လာ သည်နှင့် ချက်ချင်းဆိုသလို မကောင်းဆိုးဝါးမျိုးနွယ်မှ ပါရမီရှင်များကို ဝိုင်းထားကြသည်။

“သေစမ်း၊ ဒါ ... ဒါ ဝိညာဉ်စား ပုရွက်ဆိတ်ပဲ၊ သောက်ချေး”

“ပြေးကြ၊ ဒီလူမှာ တကယ်ကြီး ဝိညာဉ်စား ပုရွက်ဆိတ်နဲ့ မကောင်းဆိုးဝါးမျိုးနွယ် ငှက်ပါ ရှိနေတာကွ၊ ကိုးမြီး မြေခွေးမလေးကို မြန်မြန်ပြောပြရမယ်”

“မဟုတ်ဘူး ... မဖြစ်နိုင်ဘူး၊ သူ့မှာ ဘယ်လိုလုပ် ဒီလို ကြောက်စရာကောင်းတဲ့ အကောင်ရှိနေတာလဲ”

“...”

စက္ကန့်ပိုင်းအတွင်းမှာပင် မကောင်းဆိုးဝါးမျိုးနွယ်မှ ပါရမီရှင် အယောက်နှစ်ဆယ်ကျော်တို့ သွေးပျက် သွားကြသည်။ သူတို့အားလုံးကို ဝိညာဉ်စား ပုရွက်ဆိတ်များက ပိတ်ဆို့ ထားသဖြင့် ထွက်ပေါက်ပိတ်နေကြသည်။

ထိုအကောင်များသည် အကျဉ်းထောင် အလွှာများကဲ့သို့ ရှိနေသဖြင့် သူတို့ ထွက်မပြေးနိုင်ဘဲ တိုက်ခိုက်ရလေသည်။

“စားလိုက်”

ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။ သို့သော် သူ၏စကားသည် သေမင်း အမိန့်တော်ကဲ့သို့ လူအများအား အလွန်အမင်း ကြောက်လန့်သွားစေသည်။

သူ အမိန့်ပေးပြီးနောက် များစွာသော ဝိညာဉ်စား ပုရွက်ဆိတ် များက မကောင်းဆိုးဝါးမျိုးနွယ်၏ ပါရမီရှင် အယောက် နှစ်ဆယ်ကျော်အား ပိတ်ဆို့၍ ဝါးမျိုလေတော့သည်။

ဂျွတ်! ဂျွတ်!

အသားနှင့် အသွေးတို့ကို စားသုံးသံ၊ အရိုးကိုက်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။

“အား…”

ထိုမကောင်းဆိုးဝါးမျိုးနွယ်၏ ပါရမီရှင်များထံမှ ငယ်သံ ပါအောင် အော်ဟစ်နေသံများလည်း ထွက်ပေါ် လာ လေသည်။

အယောက်နှစ်ဆယ်၊ ဆယ်ယောက်၊ ငါးယောက်။ မျက်တောင် တစ်ခတ်အတွင်းမှာပင် အော်သံများ နည်းသ ထက် နည်းလာသည်။ ခဏလေးအတွင်းမှာပင် အော်သံ များက ရုတ်ချည်းဆိုသလို ရပ်တန့်သွားပြီး မကောင်းဆိုးဝါး မျိုးနွယ်၏ ပါရမီရှင်များအားလုံး ဝါးမျိုခံလိုက် ရလေ တော့သည်။ အရိုးအကြွင်းအကျန်ပင် မကျန်ရစ်ဘဲ သွေးအိုင် များသာ ကျန်ရစ်ခဲ့သည်။

*သေပြီ*

*အားလုံး အသတ်ခံလိုက်ရပြီ*

ဝိညာဉ်စား ပုရွက်စိတ်များ၏ အစွယ်များကြားမှ သွေးစက် များကိုကြည့်ပြီး ခေါင်းပြောင်ငှက် ကြောက်လန့်ကာ တုန်ယင် လာသည်။ ထိုပုရွက်ဆိတ်များသည် မိစ္ဆာအဖွဲ့ဟုပင် မြင်မိ သွားသည်။

“ကောလာဟလထဲကလိုပဲကိုး၊ ခြစားပုရွက်ဆိတ် ဆိုတဲ့ အတိုင်း တကယ့်ကို ခြလို အားလုံးကို စားပစ် လိုက်တာပဲ၊ ဒါ … ဒါတွေက တကယ်ကို မိစ္ဆာအဖွဲ့ပဲ”

ခေါင်းပြောင်ငှက် တုန်ယင်နေစဉ်တွင် ကောင်းကင်ထက်ရှိ နတ်ဘုရား ပိုက်ကွန်သည် ပေါင်းစပ်ထားသည့် မကောင်း ဆိုးဝါးအစွမ်းများ မရှိတော့ဘဲ ရုတ်တရက် အလင်းတန်းများ ဖြာထွက်၍ ပိုက်ကွန်အသေးအသွင် ပြောင်းလဲသွားပြီး အောက်သို့ ပြန်ကျလာသည်။ ထိုပိုက်ကွန်ကို ယဲ့ဖန် လှမ်းဖမ်းလိုက်သည်။

“ဟမ်၊ ဟုတ်သားပဲ၊ ဒီနတ်ဘုရား ပိုက်ကွန်က နတ်ဘုရား အဆင့်ထက် အဆတစ်ရာပိုပြီး ပိတ်နှောင် တိုက်ခိုက်နိုင်တဲ့ အစွမ်း ရှိတာပဲ”

“ဒီအဖြူရောင်ဂြိုဟ်ပေါ်မှာဆိုရင် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တောင် ဒါကို ဖောက်ပြီး လွတ်နိုင်ဖို့ ခက် လောက်တယ်”

ယဲ့ဖန်က အသာပြုံး၍ လက်ထဲက ပိုက်ကွန်ကို သိမ်းလိုက် သည်။ ထို့နောက် လက်ဖြန့်၍ ထပ်ပြော လိုက်လေသည်။

“နိယာမကျင့်စဉ်နဲ့ ဥပဒေသ အပိုင်းအစကိုပေးတော့”

All Chapters