အခန်း (၆၄၆-၆၄၈)
Vol. 44 Ch. 646-648
Chapter 646 ကန္တာရထဲမှ သံသယများ
“ဘာတွေများ ဖြစ်ခဲ့တာလဲ”
လက်ရှိအချိန်၌ လောဝူကျိနှင့် သခင်လေး ရွှမ်ယွမ်တို့၏ ငြင်းဆိုမှုကို ကြားပြီး ကိုးမြီးမြေခွေးမလေး၏ မျက်လုံး၌ အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူမ ဒေါသ ထွက်နေ၏။
ကိုးမြီးမြေခွေးမလေးသည် သူမလက်အောက်ငယ်သားများ အသတ်ခံလိုက်ရခြင်းကြောင့် ဒေါသထွက်နေရုံတင် မကပေ။ ထို့ထက်ပို၍ ဒေါသထွက်ရခြင်းမှာ ထိုမကောင်း ဆိုးဝါး မျိုးနွယ် ပါရမီရှင်အယောက်နှစ်ဆယ်ကျော် ထိန်းချုပ်သည့် အရေးအကြီးဆုံး ရတနာဖြစ်သော နတ်ဘုရား ပိုက်ကွန် ကြောင့်ပင်။
ထိုရတနာဖြင့် မကောင်းဆိုးဝါးမျိုးနွယ် သိုင်းပညာရှင် များသည် မရေတွက်နိုင်သော သက်ရှိများကို ဖမ်းဆီး နိုင်ခဲ့သည်။ အထူးသဖြင့် ခေါင်းပြောင်ငှက်ကို ဖမ်းဆီး၍ သန့်စင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် သယ်လာခဲ့ခြင်း ဖြစ်ပေသည်။
ယခု ထိုပိုက်ကွန် မရှိတော့သောကြောင့် ထူးဆန်းလှသည့် ခေါင်းပြောင်ငှက်ကို ဖမ်းဆီးနိုင်ပါ့မလား ဆိုသည့်အချက်ကို ကိုးမြီးမြေခွေးမလေးပင် မသေချာတော့ပေ။
ဒေါက်! ဒေါက်! ဒေါက်!
အားလုံး ဇဝေဇဝါဖြစ်နေချိန်တွင် မကောင်းဆိုးဝါးမျိုးနွယ်မှ ပါရမီရှင်များစွာတို့ ခပ်သွက်သွက် လျှောက်လာ နေကြ သည်ကို တွေ့လိုက်ရသည်။ ထိုအဖွဲ့ကိုမြင်သည်နှင့် ကိုးမြီး မြေခွေးမလေးက အစောတလျင် မေးလိုက်သည်။
“အခြေအနေ ဘယ်လိုလဲ၊ ကြံကြီးနဲ့ အခြားသူတွေကို သတ်လိုက်တဲ့ အခြားလူသတ်သမားတွေကို ရှာတွေ့ခဲ့လား”
ထိုလူများသည် ကိုးမြီးမြေခွေးမလေးက သဲလွန်စ လိုက်ရှာရန် စေလွှတ်လိုက်သည့် လူများသာ ဖြစ်သည်။ သူမ အမေးကို ကြားသည်နှင့် ထိုမကောင်းဆိုးဝါးမျိုးနွယ် ပါရမီ ရှင်များက ခေါင်းခါပြလာကြသည်။
“အစ်မကိုးမြီးမြေခွေး၊ ကျွန်တော်တို့ သံသယဖြစ်စရာ ကောင်းတဲ့ ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူး၊ ဒီအတိုင်း …”
ထိုသို့ပြောပြီး မကောင်းဆိုးဝါးမျိုးနွယ် ပါရမီရှင်များက အချင်းချင်း ပြန်ကြည့်နေကြသည်။ ထို့အတူ သူတို့၏ မျက်နှာ၌ သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ အလွန် ထိတ်လန့်၍ မယုံနိုင်ဟန်များ ထင်ဟပ်နေသည်။
*ဟင်*
ဤအမူအရာကြောင့် ကိုးမြီးမြေခွေးမလေး မျက်မှောင် ကြုတ် သွားသည်။
“ဒီအတိုင်း ဘာဖြစ်လဲ၊ ပြောလေ”
မကောင်းဆိုးဝါးမျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင်မလေး ဒေါသထွက်နေသည်ကိုမြင်ပြီး ထိုမကောင်းဆိုးဝါးမျိုးနွယ် ပါရမီရှင်များသည် အားတင်း၍ ပြောလိုက်ရသည်။
“ကျွန်တော်တို့ သဲလွန်စ လိုက်ရှာနေတဲ့အချိန်မှာ ကျွန်တော် တို့ ကန္တရာက … လုံးဝ ပျောက်ကွယ်သွားတာကို တွေ့လိုက် ရတယ်”
*ဟာ*
ထိုစကားကြောင့် အားလုံး အနည်းငယ် အံ့အားသင့် သွားကြပြီးနောက် ဆူညံပွက်လောရိုက်လာသည်။
အရိုးစု သဲကန္တာရသည် အလွန် ကျယ်ပြော၍ အဝါရောင် သဲမှုန် များနှင့် အရိုးစုများက နေရာအနှံ့ ပျံ့ကြဲနေ၏။
*အဖြူရောင်ဂြိုဟ်ပေါ်က ဒီတားမြစ်နယ်မြေက ဘယ်လို လုပ် ပျောက်ခြင်းမလှ ပျောက်သွားရတာလဲ*
လောဝူကျိတောင်မှ အလွန်မယုံနိုင်ဟန်များဖြင့် ပြည့်နှက် နေသည်။
“မင်းတို့ သေချာမြင်ခဲ့ရဲ့လား၊ အရိုးစု သဲကန္တာရက တကယ်ပဲ ပျောက်သွားတာလား”
လောဝူကျိ၏ အမေးကို ထိုမကောင်းဆိုးဝါးမျိုးနွယ် ပါရမီရှင်များ လျစ်လျူမရှုရဲပေ။ သူတို့သည် ကြောက် ကြောက်ဖြင့် တုန်တုန်ယင်ယင် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်၊ အဲ့အချိန်တုန်းက ကျွန်တော်တို့ အရိုးစု သဲကန္တာရထဲမှာ သဲလွန်စတွေကို လိုက်ရှာနေခဲ့တာ၊ ဒါပေမဲ့ ခြေထောက်က သဲတွေအားလုံးက ကောင်းကင်ပေါ် မြောက် တက်သွားပြီးတော့ မီတာပေါင်း သောင်းချီ ရှည်လျားတဲ့ ကြောက်စရာ နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားတယ်”
“ပြီးတော့ ကန္တာရတစ်ခုလုံးနဲ့ ဖွဲ့စည်းထားတဲ့ နဂါးကြီးက တဖြည်းဖြည်း သေးသွားပြီးတော့ ပျောက်သွားပါတယ်”
ထိုမကောင်းဆိုးဝါးမျိုးနွယ် ပါရမီရှင်၏ မျက်နှာသည် စက္ကူစကဲ့သို့ ဖြူရော်လာလေသည်။
“ကျွန်တော်တို့ အားလုံး အဲ့နဂါး ပျံသွားတဲ့နေရာကို လိုက်ရှာခဲ့ ပင်မယ့် … ခြေရာတစ်စုံကိုပဲ တွေ့ခဲ့ပါတယ်”
*ဘာ*
ထိုစကားကြောင့် နံပါတ်တစ် ပါရမီရှင် သုံးယောက်လုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
*အရိုးစု သဲကန္တာရတစ်ခုလုံးက နဂါးတစ်ကောင်အဖြစ် ပြောင်းသွား တယ်တဲ့လား*
*နောက်ပြီးတော့ နဂါး ပျောက်သွားတဲ့နေရာမှာ ခြေရာ တစ်စုံပဲ ကျန်ရစ်ခဲ့တယ်ဆိုပဲ*
*ဒီလိုဆို ဖြစ်နိုင်တာက …*
“ဒါ … တစ်ယောက်ယောက်က သဲကန္တာရတစ်ခုလုံးကို ဖယ်ရှားပစ် လိုက်တာလား”
“မဖြစ်နိုင်ဘူး၊ ဒီနေရာမှာ ဘယ်လိုလုပ် အဲ့လောက် အင်အား ကြီးတဲ့လူမျိုး ရှိနိုင်မှာလဲ၊ ပါရမီရှင် သုံးယောက် တောင်မှ အဲ့လိုမလုပ်နိုင်တာကို”
“ဟုတ်တယ်၊ ဒါ တိုက်ဆိုင်သွားတာပဲ ဖြစ်ရမယ်”
“…”
လက်ရှိအချိန်၌ မျိုးနွယ်သုံးခုမှ ပါရမီရှင်များ ဆက်လက်၍ ဆွေးနွေးနေကြသည်။ လောဝူကျိ၊ သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီးမြေခွေးမလေးတို့၏ မျက်နှာအမူအရာသည်လည်း သုန်မှုန်နေလေသည်။
သူတို့သည် သန်မာသော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေး ကြည့်ပြီးနောက် ကြောက်စရာကောင်းသော အရိုးစု သဲကန္တာ ရအား ပျောက်ကွယ်သွားအောင် ဘယ်သောအခါမှ မလုပ်နိုင် ဟု သိနေကြလေသည်။
ဤအဖြစ်က သူတို့ထက် ပိုအင်အားကြီးသည့် ထူးဆန်းသော တစ်စုံတစ်ယောက် ရှိနေကြောင်း ပြသနေသည်။ ထိုသို့ တွေးမိပြီးနောက် ပါရမီရှင် သုံးယောက်သည် အချင်းချင်း ကြောက်လန့်မှုများနှင့် ပြည့်နေသည့် အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။
“ထိပ်တန်းပညာရှင် တစ်ယောက်က ဒီနားက ဖြတ်သွားတာပဲ ဖြစ်မျာပါ၊ မဟုတ်ရင် ဒီလိုကြောက်စရာကောင်းတဲ့ အရာမျိုး ရှိနေရင် ငါတို့လည်း မတတ်နိုင်ဘူး”
ရွှမ်ယွမ်သခင်လေးက တစ်ခဏမျှ တွေးပြီးနောက် ထိုသို့ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ့စကားကို လောဝူကျိနှင့် ကိုးမြီးမြေခွေးမလေးတို့ကလည်း ခေါင်း ညိတ်၍ ထောက်ခံလေသည်။
ဒေါက်! ဒေါက်! ဒေါက်!
ပါရမီရှင်များ ဆွေးနွေးနေကြစဉ်တွင် ခြေသံတစ်သံ ထွက်ပေါ် လာသဖြင့် လူတိုင်း မှင်တက်သွားကြသည်။ သူတို့ ဘေးဘီသို့ တစ်ချက်လှမ်းကြည့်လိုက်သောအခါ လူတစ်ယောက် ဖြည်း ဖြည်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
“နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်လား”
ထိုသူကို မြင်သည်နှင့် လူတိုင်း စက်ဆုပ်သွားပြီး ထရယ် ကြလေသည်။
“ဟားဟားဟား … ဘာတွေဖြစ်နေတာလဲ၊ နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်ကတောင် ပါရမီရှင်အဖြစ် လူသိများပြီး မိစ္ဆာမျှော်စင်မှာ လာတိုက်ခိုက်ဖို့ ကြံတယ် ပေါ့လေ”
“ငါ ရယ်မိပြီကွာ၊ နတ်ဘုရားမျိုးနွယ်မှာ ဒီလိုပါရမီရှင်မျိုး ရှိနေတာ တကယ် မြင်ရခဲတယ်ကွ၊ ဟားဟားဟား …”
“လတ်စသက်တော့ နတ်ဘုရားမျိုးနွယ်မှာ လောဝူကျိအပြင် နတ်ဘုရားဂိုဏ်းချုပ်အဆင့် ပါရမီရှင်ပါ ရှိနေတာကိုး၊ စိတ်ဝင်စားစရာပဲ၊ တော်တော်စိတ်ဝင်စားစရာ ကောင်း တာပဲ”
“…”
လက်ရှိအချိန်၌ ယဲ့ဖန်၏ အရှိန်အဝါကို ခံစားမိပြီး အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါး မျိုးနွယ်မှ သိုင်းပညာရှင်များက ဟားတိုက် ရယ်မောနေကြသည်။ တစ်နည်းအားဖြင့် ဆိုရလျင် နတ်ဘုရားမျိုးနွယ်အား သရော်၍ ရုန့်ရင်းစွာ ပုတ်ခတ်ခြင်း ဖြစ်လေသည်။
လောဝူကျိနှင့် နတ်ဘုရားမျိုးနွယ်မှ ပါရမီရှင်များ အလွန် မျက်နှာမည်းမှောင်သွားကြသည်။ သူတို့ ဝန်မခံချင် သော်လည်း ယဲ့ဖန်ထံမှ နတ်ဘုရား စွမ်းအင် ခပ်ဖျော့ဖျော့ ထွက်နေသဖြင့် သူ့အား နတ်ဘုရားမျိုးနွယ်ဝင် တစ်ယောက်ဟု လူတိုင်း ထင်မှတ်နေကြသည်။
လူတိုင်းပင်မကသေးချေ၊ သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီး မြေခွေးမလေးတို့သည်လည်း ရယ်မောနေ ကြလေသည်။ ထို့နောက် သူတို့က လောဝူကျိအား လှောင်ချင်သလိုလို မေးလိုက်ကြသည်။
“စီနီယာအစ်ကိုလော၊ ရှင်တို့ နတ်ဘုရားမျိုးနွယ်ထဲမှာ ဒီလို ပါရမီရှင်မျိုး ရှိနေလိမ့်ဦးမယ်လို့ ကျွန်မ ထင်မထားမိဘူး၊ အံ့ဩစရာကောင်းလိုက်တာ”
“ဟားဟားဟား၊ ဟုတ်တယ်ဗျို့၊ ဒီဆံပင်အဖြူနဲ့ ဝတ်စုံအနက် ဝတ်ထားတဲ့သူကို ကြည့်လိုက်ရင် သူက သာမန်ထက် ထူးမှန်း သိသာနေတာပဲ”
ရယ်သံများက လောဝူကျိနားထဲသို့ မချိမဆံ့ ဝင်ရောက် လာသည်။ သူသည် ယဲ့ဖန်အား စူးစူးရဲရဲ စိုက်ကြည့်ကာ အရှင်လတ်လတ် ဝါးစားချင်စိတ် ပေါက်နေ၏။
“ဟမ့်”
လောဝူကျိသည် အေးတိအေးစက် အသံပြုကာ တစ်ဖက် လှည့်၍ လူအုပ်ကြီး၏ ရယ်သံကို မသိကျိုးကျွန် ပြုလိုက် သည်။
ဝုန်း!
ထိုသို့သောအချိန်၌ ရုတ်တရက် မိစ္ဆာမျှော်စင်မှ အသံတစ်သံ ထွက်ပေါ်လာကာ ပြင်းထန်သည့် ဖိအားတစ်ခု ပေါ်ပေါက် လာသည်။
ပါရမီရှင် တော်တော်များများသည် ရုတ်တရက် ဒူးထောက် ကျကာ လဲကျသွားလေသည်။ ထိုမျှနှင့် မပြီးသေးချေ။
ဂျွတ်! ဂျွတ်!
မိစ္ဆာမျှော်စင်ရှေ့၌ ကျောက်တံခါးဝတစ်ခု ပေါ်ထွက်လာ သည်။ ထိုကျောက်တံခါးဝသည် ရှေးဟောင်း ကျောက်တုံး များဖြင့် ထုလုပ်ထားသကဲ့သို့ အလွန် ထူထပ်ကာ အင်မတန် ရိုးစင်းသော်လည်း ထူးဆန်းသည့် ခံစားချက်မျိုး ပေးစွမ်း နေသည်။
ထိုသည်သာမကချေ၊ ထိုကျောက်တံခါးဝပေါ်၌ လက်ဝါးရာ တစ်ခု ပါရှိသည်။ ထိုလက်ဝါးရာကိုမြင်သည်နှင့် အားလုံး တက်ကြွကာ စိတ်လှုပ်ရှားလာကြသည်။
“စတော့မှာပဲ၊ မျှော်စင်ထဲကို ဝင်ကြဟေ့”
မိစ္ဆာမျှော်စင်သည် မိစ္ဆာမြေတစ်ခု ဖြစ်ရုံသာမက အရည် အချင်းကို စမ်းသပ်သည့် မျှော်စင်တစ်ခုလည်း ဖြစ်သည်။ အင်မော်တယ်ဖြစ်စေ၊ မကောင်းဆိုးဝါးဖြစ်စေ ထိုကျောက် တံခါးဝ၏ လက်ဝါးရာပေါ်၌ လက်တစ်ဖက် တင်လိုက်ပါက မျှော်စင်တစ်ခုလုံးမှ အလင်းတန်းများ ဖြာထွက်လာပေမည်။
စွမ်းအားကြီးလေ မျှော်စင်မှ အလင်းတန်းများ ပိုထွက်လေ ဖြစ်သည်။ မျှော်စင်၏ သုံးလွှာအထိ လင်းလာအောင် လုပ်နိုင်ပါက သုံးလွှာအထိသာ တက်နိုင်သည့် အစွမ်း လေသည်။ ငါးလွှာအထိ လင်းအောင် လုပ်နိုင်ပါက ငါးလွှာသို့ ဝင်ရောက်နိုင်သည်။
မျှော်စင်၏ ကိုးလွှာလုံး လင်းသွားပါက ထိုသူသည် သေချာ ပေါက် ထူးချွန်သူ ဖြစ်ပြီး အရှင်သခင် ဖြစ်နိုင်သည့် အလား အလာ ရှိလေသည်။
ကောလဟလများအရ ထိုစဉ်အခါက အဖြူရောင် နတ်ဘုရားပင် မျှော်စင်၏ ခြောက်လွှာအထိသာ လင်းအောင် ပြုလုပ်နိုင်သည်ဟု ဆိုသည်။
ထို့ထက်ပိုသည်မှာ မျှော်စင်၏ ငါးလွှာအထိ လင်းအောင် ပြုလုပ်နိုင်သူမှသာလျင် မိစ္ဆာမျှော်စင်၏ အရည်အချင်းနှင့် ကိုက်ညီပြီး မျှော်စင်ထဲ ဝင်နိုင်သည်။ ယခုအချိန်၌ မျိုးနွယ်သုံးခုမှ ပါရမီရှင်များသည် အကြောဆန့်၍ ကြိုးစားရန် စိတ်အားထက်သန်နေ၏။
သူတို့၌ ပါရမီရှင် မည်မျှရှိသလဲဆိုတာကို သူတို့ သိချင် နေသည်။ ထိုစဉ် နတ်ဘုရားမျိုးနွယ် ပါရမီရှင် တစ်ယောက် ရှေ့ထွက်လာသည်။ ထိုသူကိုမြင်သည်နှင့် ဘေးပတ်လည်မှ လူများအားလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
“နတ်ဘုရားမျိုးနွယ်က နတ်ဘုရင်အဆင့်၊ ဒီလောက် ငယ်ငယ် လေးနဲ့ နတ်ဘုရင်အဆင့်ကို ရောက်နေပါလား၊ သူ ဘယ်လောက် အရည်အချင်းရှိလဲ ငါ သိချင်လိုက်တာ”
အားလုံး၏ အကြည့်များက မီးဝင်းဝင်းတောက်နေပြီး ပါရမီရှင် သုံးယောက်သည်လည်း စူးစိုက်ကြည့် နေကြ လေသည်။
အားလုံး၏ စိတ်ဝင်တစား ကြည့်နေသော အကြည့်အောက်၌ ထိုနတ်ဘုရင်အဆင့် ပါရမီရှင်က လက်ဆန့်၍ လက်ဝါးရာ ပေါ်သို့ တင်လိုက်လေသည်။ ထိုအခါ အလင်းတန်းများက စူးရှစွာ ဖြာထွက်လာလေ၏။
Chapter 647 ပါရမီရှင် သုံးယောက်၏ အရည်အချင်း
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဘုရင်အဆင့်၏ နတ်ဘုရားစွမ်းအင်များ တစ်ဟုန်ထိုး တိုးတက်လာပြီးနောက် ရုတ်တရက် မိစ္ဆာမျှော်စင်မှနေ၍ အလင်းတန်းများ ဖြာထွက်လာသည်။
အလင်းတန်းများက နေ့အလင်းရောင်သဖွယ် ဘေးပတ် ဝန်းကျင်သို့ ဖြာကျလာသည်။ ထိုအလင်းတန်းများသည် ဖြာထွက်လာသည်နှင့် လျင်မြန်စွာ အပေါ်သို့ ထိုးတက် သွားသည်။
သုံးလွှာ၊ ငါးလွှာ၊ ခြောက်လွှာ။ ခြောက်လွှာရောက်သည်အထိ အလင်းတန်းများက မရပ်သေးပေ။ ဤမြင်ကွင်းကြောင့် အားလုံး ပွက်လောရိုက်သွားသည်။
*ခြောက်လွှာအထိ လင်းအောင် လုပ်နိုင်တဲ့ ပါရမီရှင်ပါလား*
*ဒီအဆင့်က အဖြူရောင် နတ်ဘုရားနဲ့ အတူတူနီးပါးပဲလေ*
လူတိုင်းသည် ထိုနတ်ဘုရင်အဆင့် သိုင်းပညာရှင်အား အဖြူရောင် နတ်ဘုရား ပြန်လည်မွေးဖွားလာသည်ကို မြင်လိုက် ရသကဲ့သို့ ထိတ်လန့်တကြား ကြည့်နေကြသည်။
ယခုအချိန်၌ ဘေးပတ်လည်မှ ပါရမီရှင် သိုင်းပညာရှင် များသည် ထိုနတ်ဘုရင်အဆင့်အား လေးစားအားကျသည့် အကြည့်များဖြင့် ကြည့်နေကြသည်။ လောဝူကျိတောင်မှ အသာပြုံးနေပြီး အလွန် ကျေနပ်နေဟန် ပေါ်လေသည်။
အလင်းတန်းများက မိစ္ဆာမျှော်စင်၏ ခြောက်လွှာအထိ မြင့်တက်သွားသည်။ နတ်ဘုရင်အဆင့် သိုင်းပညာရှင်သည် အလွန် အားသွန်ခွန်စိုက် ပြုလုပ်နေရမှန်း သိသာနေလှပြီး နဖူးကြောများ တွန့်၍ ချွေးစေးများ စီးကျနေသည်။
နောက်ဆုံးတွင် အက်ကွဲသံနှင့်အတူ မိစ္ဆာမျှော်စင်မှ အလင်း တန်းများ ရုတ်တရက် အက်ကွဲကာ ပျောက်ကွယ် သွားသည်။ ထိုအခါတွင်မှ ထိုနတ်ဘုရင်အဆင့် သိုင်းပညာရှင်သည် အသက်ကို မနည်းရှူနေရသည်။
လောဝူကျိ၏ ကျေနပ်အားရသည့်စိတ်နှင့် ဘေးပတ်လည်မှ အခြားသူများ၏ အားကျစိတ်ကို ခံစားမိပြီးနောက် သူသည် အားရကျေနပ်သလို ပြုံးလိုက်မိသည်။
ကျွီ!
ထိုစဉ် ကျောက်တံခါးက တဖြည်းဖြည်း ပွင့်သွားပြီး ထိုနတ် ဘုရင်အဆင့် သိုင်းပညာရှင်၏ ပုံရိပ်သည်လည်း ပျောက် ကွယ်သွားသည်။ သူသည် မိစ္ဆာမျှော်စင်သို့ ပထမဆုံး ဝင်ရောက်နိုင်သူ ဖြစ်သွားလေသည်။
သူ ဝင်သွားပြီးသည်နှငင့် မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တက်လာကြသည်။ တစ်ယောက်ပြီးတစ်ယောက် လက်ဝါးရာပေါ် လက်တင် လိုက်ကြသည်။ မိစ္ဆာမျှော်စင်မှ အလင်းတန်းများ ထွက်ပေါ် လာသည်။ သို့သော် … မအောင်မြင်ပြီးရင်း မအောင်မြင်ကာ ဆက်တိုက် ကျရှုံးသွားကြသည်။
အဆင့်ငါးသို့ မရောက်သည့်သူများသည် ဖယ်ရှားခံ လိုက်ရ လေသည်။ ဤအဖြစ်ကြောင့် ဘေးပတ်လည်မှ ပါရမီရှင်များ ပို၍အလေးအနက် ဖြစ်လာကြသည်။ လူပေါင်း ဒါဇင်ကျော် ကျရှုံးသွားပြီးနောက် သခင်လေး ရွှမ်ယွမ် ရှေ့သို့ တက် လာသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုသို့သောအချိန်၌ အားလုံး တိတ်ဆိတ်နေပြီး ရွှမ်ယွမ်၏ ခြေသံသာ ထွက်ပေါ်နေသည်။ မျက်လုံးများက သခင်လေး ရွှမ်ယွမ်ပေါ်သို့သာ ကျရောက်နေပြီး အင်မော်တယ် မျိုးနွယ်က မည်မျှကြောက်ဖို့ကောင်းသလဲ ဆိုသည်ကို သိချင် နေကြသည်။
လောဝူကျိနှင့် ကိုးမြီးမြေခွေးမလေးတောင်မှ သခင်လေး ရွှမ်ယွမ်အား တည်ငြိမ်စွာ ကြည့်နေကြသည်။
“စုစည်းစမ်း”
တဖြည်းဖြည်း နီးကပ်လာသည်နှင့် သခင်လေး ရွှမ်ယွမ်က ရေရွတ်လိုက်သည်။ ထိုအခါ အဖြူရောင် ဂြိုဟ်တစ်ခုလုံးမှ အင်မော်တယ်ချီဓာတ်များက သူ့ကိုယ်ထဲသို့ ဝင်ရောက် လာပြီး အင်မော်တယ်ချီ ခန္ဓာကိုယ်ကို ဖွဲ့စည်း လေသည်။ သခင်လေး ရွှမ်ယွမ်၏ အရှိန်အဝါက မှင်တက်စရာ ကောင်း လှသည်။
သူသည် လက်တစ်ဖက်ကိုမြှောက်၍ ကျောက်တံခါးပေါ်မှ လက်ဝါးရာပေါ် တင်လိုက်သည်။ ထိုအခါ မိစ္ဆာမျှော်စင်မှ မျက်စိကျိန်းလောက်စရာ အလင်းတန်းများက ထွက်ပေါ် လာသည်။
သုံးလွှာ၊ ငါးလွှာ၊ ခုနစ်လွှာ။
ထိုနေရာတစ်ဝိုက်၌ ဆူညံပွက်လောရိုက်သွားလေသည်။ သခင်လေး ရွှမ်ယွမ်က ဤမျှကြောက်စရာ ကောင်း လိမ့်မည်ဟု ထင်မထားမိချေ။ သူသည် နတ်ဘုရင်အဆင့် သိုင်းပညာရှင်၏ အဆင့်ကို အခက်အခဲမရှိ ချိုးဖြတ်၍ ခုနစ်လွှာသို့ တစ်ရှိန်ထိုး တက်သွားသည်။
လက်ရှိတွင် လောဝူကျိနှင့် ကိုးမြီး မြေခွေးမလေး တို့သည်လည်း အလွန် စိတ်ဝင်စားနေကြသည်။ သို့သော် အလင်းတန်းများက ရပ်မသွားသေးချေ။
သခင်လေးရွှမ်ယွမ်၏ ရုတ်တရက်ဆန်လှသည့် စွမ်းအင် အောက်၌ မိစ္ဆာမျှော်စင်မှ အလင်းတန်းများက တစ်လွှာထပ် တက်သွားပြီး ရှစ်လွှာအထိ လင်းလက်သွားသည်။
*ရှစ်လွှာလား*
*အခု သခင်လေးရွှမ်ယွမ်ရဲ့ အရည်အချင်းက အဖြူရောင် နတ်ဘုရားထက် လုံးဝ သာလွန်နေပြီပဲ*
“သူ ဒီ့ထက် ပိုတက်လာဦးမှာလား”
ထိုအချိန်တွင် လူတိုင်းသည် တဒုတ်ဒုတ်နှင့် ရင်ခုန်နေ ကြသည်။ ကိုးလွှာအထိသာ ရောက်သွားပါက ထိုအရည် အချင်းသည် လောကသခင်သုံးပါးနှင့် ယှဉ်နိုင်နေပြီဖြစ်သဖြင့် အလွန် ကြောက်စရာကောင်းလှကြောင်း လူတိုင်း သိထား ကြသည်။ ထိုသို့ဆိုလျင် တစ်လောကလုံး ပွက်လောရိုက် သွားပေလိမ့်မည်။
လူတိုင်း၏ စိတ်ဝင်တစား ကြည့်နေသောအကြည့်အောက်၌ အလင်းတန်းများက တဖြည်းဖြည်း အပေါ်သို့ ဆက်တက် နေဆဲ ဖြစ်သည်။
အလင်းတန်းများ ပို၍တက်လာလေ သခင်လေး ရွှမ်ယွမ် သည်လည်း ပို၍ အားစိုက်လာရလေ ဖြစ်သည်။ သူ၏ မျက်နှာက ပို၍ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
အလင်းတန်းများက မိစ္ဆာမျှော်စင်၏ ရှစ်ထပ်မြောက်၏ အလယ်သို့ ရောက်သောအခါ ကျိုးပဲ့သံ ထွက်ပေါ်လာပြီး မိစ္ဆာမျှော်စင်မှ အလင်းတန်းများ အက်ကွဲသွားသည်။ စမ်းသပ်မှု ပြီးဆုံးသွားလေပြီ။
“ရှစ်လွှာလား”
သခင်လေး ရွှမ်ယွမ်သည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အသာပြုံးလိုက်သည်။ သူ ဂုဏ်ယူနေမှန်း သိသာလှပေ၏။
ရှစ်လွှာဟူသော အဆင့်သည် သူ့အတွက် အင်မော်တယ် အရှင်သခင်နယ်မြေသို့ လှမ်းနိုင်နေပြီ ဖြစ်သဖြင့် သူ့အတွက် အလွန် အရေးပါလေသည်။ ထိုသို့တွေးပြီးနောက် သခင်လေး ရွှမ်ယွမ်သည် လောဝူကျိအား ရန်စသလို လှမ်းကြည့် လိုက်သည်။ ထို့နောက် ရှေ့သို့တိုး၍ မိစ္ဆာမျှော်စင်ထဲသို့ ဝင်သွား လေသည်။
ယခုအချိန်၌ အားလုံး၏အကြည့်များက လောဝူကျိနှင့် ကိုးမြီးမြေခွေးမလေးတို့ပေါ် ကျရောက်လာသည်။ နောက်တစ်ကြိမ်၌ ကျန်ပါရမီရှင် နှစ်ယောက်က သူတို့ အစွမ်းကို သူတို့ကိုယ်တိုင် သက်သေပြတော့မည်မှန်း သိနေ ကြသည်။
“ရှစ်လွှာလား၊ ကောင်းပါတယ်၊ ဒါပေမဲ့ မလုံလောက် သေးဘူး”
ကိုးမြီးမြေခွေးမလေးက နှစ်လိုဖွယ်ကောင်းစွာ ပြုံး လိုက်သည်။ သူမက တင်ပါးကို ယိမ်းနွဲ့၍ ရှေ့သို့ လှမ်း သွားသည်။ သူမက မိစ္ဆာမျှော်စင်ကို မော့ကြည့်၍ ပြုံး လေသည်။
“မိစ္ဆာမျှော်စင်၊ မိစ္ဆာမျှော်စင်၊ ရှင် အဖြူရောင်ဂြိုဟ်ပေါ်မှာ ဒီလောက် နှစ်တွေအများကြီး တသီးတခြားလို နေခဲ့ရတာ၊ အထီးမကျန်ဘူးလား”
“ဒီနေ့ ဒီမြေခွေး နတ်မိမယ်လေးက ရှင့်ကို အဖော်ပြုပေးဖို့ ရောက်လာပြီ”
ထို့နောက် သူမမျက်လုံးများ လင်းလက်သွားကာ လက်ကို ဆန့်၍ လက်ဝါးရာပေါ် တင်လိုက်သည်။ ထိုအခါ အလင်း တန်းများက အလွန် လျင်မြန်သောနှုန်းဖြင့် မြင့်တက် လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ခုနစ်လွှာသို့ ရောက်ရှိသွားသည်။ သခင်လေး ရွှမ်ယွမ်နှင့် သိပ်မကွာပေ။ သို့သော် ထိုမျှနှင့် မရပ်သွားပေ။
ကိုးမြီးမြေခွေးမလေး၏ မျက်နှာက ပို၍တည်ကြည်လာပြီး အလင်းတန်းများက ပို၍မြင့်တက်လာသည်။ ထို့နောက် ရှစ်လွှာသို့ ရေၕာက်သွားပြီး အပေါ်သို့ ဆက်တိုက် တက်သွား သည်။ ရှစ်လွှာ၏ အောက်ခြေ၊ ထိုမှနေ၍ အလယ်၊ ထို့နောက် ရှစ်လွှာ၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။
ဤမြင်ကွင်းကိုကြည့်ပြီး လောဝူကျိ မျက်နှာပျက်သွားသလို ကျန်သိုင်းပညာရှင်များအားလုံး ထိတ်လန့် သွားကြသည်။ ကိုးမြီးမြေခွေးမလေး၏ အရည်အချင်းက သခင်လေး ရွှမ်ယွမ်ထက် ပို၍ကြောက်စရာ ကောင်းနေလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။
*ကိုးလွှာရောက်ဖို့ တစ်ဆင့်ပဲ လိုတော့တယ်*
သို့သော် အလင်းတန်းများက ကိုးလွှာသို့ ရောက်လုဆဲဆဲ ဖြစ်တော့မည့်အချိန်တွင် ရုတ်တရက် ပေါက်ကွဲသွာသည်။
“စိတ်မကောင်းစရာပဲ”
ကိုးမြီးမြေခွေးမလေး၏ မျက်နှာ၌ အလွန် နောင်တရ နေဟန်များ ထင်ဟပ်နေသည်။ သို့သော် ရှစ်လွှာ၏ ထိပ်ဆုံးသို့ ရောက်နိုင်ခြင်းသည် အရှင်သခင်ဖြစ်ရန် လက်တစ်ကမ်းပင် လိုတော့သည့် အနေအထားပင်။ သူမသည် လူတိုင်းကို ထိတ်လန့်သွားအောင် ပြုလုပ်နိုင်ခဲ့ပြီး သူမကိုယ်သူမ သက်သေပြ နိုင်ခဲ့သည်။
“လောဝူကျိ၊ ရှင် ကျွန်မတို့ စိတ်ပျက်အောင် မလုပ်နဲ့နော်”
ကိုးမြီးမြေခွေးသည် လောဝူကျိကို တစ်ချက်လှမ်းကြည့်၍ အသာပြုံးကာ မိစ္ဆာမျှော်စင်ထဲသို့ ဝင်သွားလေသည်။
တိတ်ဆိတ်သွားလေသည်။ ထိုသို့သောအချိန်၌ အားလုံး တိတ်ဆိတ်သွားသည်။ အားလုံး အသက်ပင် မရှူနိုင်ကြချေ။
လူတိုင်းသည် လောဝူကျိကို ကြည့်နေကြပြီး လောဝူကျိပေါ် ကျရောက်နေသည့် ပြင်းထန်သော ဖိအားကို ခံစားမိသည်။ သူ၏ အင်အားကြီး ရန်သူနှစ်ယောက်လုံး ရှစ်လွှာသို့ ရောက် သွားခဲ့သည်။ အကယ်၍ လောဝူကျိသာ ရှစ်လွှာသို့ မရောက်နိုင်ပါက သူ၏နာမည်သည် ထာဝရ ကျဆင်းသွား ပေတော့မည်။
သို့သော် လောဝူကျိသည် အားလုံး စိုးရိမ်နေသကဲ့သို့ မစိုးရိမ်ပေ။ သူသည် မိမိသာ ထိပ်တန်း အရှင်သခင်ဟု မှတ်ယူထားသော မာနမျိုးဖြင့် ပြုံးနေ၏။ ထိုစဉ် သူက တစ်ဖက်လှည့်၍ ယဲ့ဖန်ကို စိုက်ကြည့်လေသည်။
“မင်း ဘယ်ဂြိုဟ်ကလဲဆိုတာကို ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်းက ငါ့နတ်ဘုရားမျိုးနွယ်ရဲ့ ခွန်အားကို နိမ့်ကျစေ ခဲ့ပြီးတော့ ငါ့နတ်ဘုရားမျိုးနွယ်က ပါရမီရှင်တွေကို အရှက်ရ အောင် လုပ်ခဲ့တယ်”
“အဖြူရောင်ဂြိုဟ်နဲ့ မိစ္ဆာမျှော်စင်ဆိုတာက မင်းလို ဘာမ ဟုတ်တဲ့ကောင် လာနိုင်တဲ့နေရာ မဟုတ်ဘူး”
“ငါ မင်းကို နောက်တစ်ခါ ထပ်တွေ့ရင် သတ်ပစ်မယ်”
ထိုသို့ပြောပြီး လောဝူကျိက ယဲ့ဖန်ကို ထပ်မကြည့်တော့ဘဲ ကျောက်တံခါးဝသို့ လျှောက်သွားသည်။ ဤအဖြစ်ကြောင့် အားလုံးက ယဲ့ဖန်ကို ပို၍ အထင်သေးသလို ကြည့်လာ ကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် နတ်ဘုရား မျိုးနွယ်၏ စွန့်ပစ်ခြင်းပင် ခံရပြီး အရှက်ရသွားပြီဟု ထင်နေကြသည်။
သို့သော် ယဲ့ဖန်က အရေးမလုပ်ပေ။ သူသည် မိစ္ဆာမျှော်စင်၏ အထပ်များကိုသာ ကလေးကစားပွဲကို ကြည့်နေသကဲ့သို့ ကြည့်နေလေသည်။
ဝုန်း!
ထိုစဉ် မျှော်စင်က ရုတ်တရက် လင်းလက်သွားပြီး အားလုံး ထိတ်လန့်သွားကြသည်။
Chapter 648 မျှော်စင်ကို ဖျက်ဆီးခြင်း
ငါးလွှာ၊ ခုနစ်လွှာ။
လက်ရှိအချိန်၌ အားလုံး၏ ခြောက်ခြားနေသော အကြည့် အောက်၌ မိစ္ဆာမျှော်စင်မှ အလင်းတန်းများသည် ရှစ်လွှာသို့ တစ်ဟုန်ထိုး တက်သွားလေသည်။
ထိုအခါ လူတိုင်း ပွက်လောရိုက်သွားကြသည်။ သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီးမြေခွေးမလေးတို့သည် ခုနစ်လွှာထိသာ တစ်ဟုန်ထိုး တက်သွားခဲ့သည်။ သို့သော် ယခုအခါ၌ လောဝူကျိသည် မည်သည့် အတားအဆီးမျှ မရှိဘဲ ရှစ်လွှာ အထိ ထိုးတက်သွားလေသည်။
“လောဝူကျိက တကယ်ပဲ မျှော်စင်ရဲ့ အရှင်သခင် ဖြစ်လာ မှာလား။ တော်တော် ကြောက်ဖို့ကောင်းတာပဲ”
“ဟုတ်တယ်၊ ဒီစကြဝဠာထဲမှ ရှေးခေတ်ကတည်းကနေ လက်ရှိအထိ လောကသခင် သုံးပါးပဲ ရှိခဲ့တာ။ လောဝူကျိက စတုတ္ထမြောက် လောကသခင် ဖြစ်လာမှာလား”
“ချီးပဲ၊ ငါတို့ အင်မော်တယ်မျိုးနွယ်က တကယ်ပဲ ကျဆုံး ရတော့မှာလား”
“…”
လက်ရှိအချိန်၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များကြားတွင် ဆူညံပွက်လောရိုက်နေ၏။ လူတိုင်းသည် ထိတ်လန့်၍ မယုံနိုင်သည့် အကြည့်များဖြင့် လောဝူကျိကို စိုက်ကြည့် နေကြလေသည်။
“ပေါက်ကွဲလိုက်စမ်း”
ယခုအချိန်၌ လောဝူကျိ၏ မျက်လုံးများက ဝင်းလက် နေသည်။ လောဝူကျိသည် မိမိကိုယ်မိမိ စကြဝဠာထဲရှိ နံပါတ်တစ် ပါရမီရှင်ဟု ခံယူထားပြီး ယခင်အချိန်အခါက နတ်ဆိုးဧကရာဇ်ထက်ပင် ပို၍အင်အားကြီးသူဟု အမြဲ ယုံကြည်ထားသည်။
ဝုန်း!
လောဝူကျိ၏ ခန္ဓာကိုယ်တွင်းမှ နတ်ဘုရားစွမ်းအင်များ တစ်ဟုန်ထိုး လည်ပတ်၍ ထွက်ပေါ်လာပြီး မိစ္ဆာမျှော်စင်၏ အလင်းတန်းများက မိုးထိမတတ် မြင့်တက်သွားသည်ကို အားလုံး မြင်လိုက်ရသည်။
ရှစ်လွှာ၏ အောက်ခြေ၊ ရှစ်လွှာ၏ အလယ်၊ ရှစ်လွှာ၏ ထိပ်ဆုံး။
ထို့နောက် အက်ကွဲသံများကို ပြတ်သားစွာ ကြားလိုက်ရပြီး မိစ္ဆာမျှော်စင်မှ အလင်းတန်းများက ကိုးလွှာ၏ အောက်ခြေသို့ ရောက်ရှိသွားသည်ကို လူတိုင်း ထိတ်လန့်စွာ မြင်လိုက်ရ လေသည်။
ဤမြင်ကွင်းကြောင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲ မတတ် ဆူညံသွားသည်။ မျိုးနွယ်သုံးခုမှ ပါရမီရှင်များ အားလုံး ကြက်သီးထကာ ကြောက်လန့်သွားကြသည်။
*မျှော်စင်ရဲ့ အရှင်သခင်လား*
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ နှစ်ကာလပေါင်းများစွာ ကြာညောင်းပြီးနောက် ဤမျှော်စင် သည် စကြဝဠာထဲ၌ လွှမ်းမိုးနိုင်သည့် မျှော်စင်တစ်ခု ဖြစ်လာ ခဲ့သည်။
“မယုံနိုင်စရာပဲ*
“မြတ်စွာဘုရား၊ ဘယ်လိုလုပ် လောဝူကျိက ဒီလောက် ကြောက်စရာကောင်းရတာလဲ၊ မျှော်စင်ရဲ့ အရှင်သခင် တဲ့လား၊ ဒီသတင်းက စကြဝဠာကြီးကို တုန်လှုပ်သွား စေမှာလဲ”
“ဟုတ်တယ်၊ ဒါကို နတ်ဘုရားမျိုးနွယ်ရဲ့ အရှင်သခင်သာ သိသွားလို့ကတော့ လောဝူကျိတော့ အရူးအမူး ကျင့်ကြံလို့ ရပြီ။ သူ နတ်ဘုရားအဆင့်ကို အဆင့်တက်သွားတာနဲ့ နတ်ဘုရားမျိုးနွယ်က လောကကို ကြီးစိုးပြီး မျိုးနွယ် အားလုံးကို ထိန်းချုပ်တော့မှာပဲ”
“မိစ္ဆာပဲ၊ ဒီလောဝူကျိက လေးယောက်မြောက် လောကသခင် ဖြစ်လာနိုင်လောက်တယ်၊ တကယ်ကို မယုံနိုင်စရာပဲ”
“…”
ချက်ချင်းဆိုသလိုပင် ဘေးပတ်ဝန်းကျင်ရှိ မျိုးနွယ်သုံးခုမှ ပါရမီရှင်များ အုတ်အော်သောင်းတင်း ဖြစ်နေကြသည်။ လူတိုင်းသည် လောကသခင်တစ်ပါး မွေးဖွားလာသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသကဲ့သို့ လောဝူကျိအား ထိတ်လန့်တကြား ကြည့်နေကြလေသည်။
လောဝူကျိကြောင့် အလင်းတန်းများက ကိုးလွှာ၏ အောက်ခြေသို့ ရောက်ရှိလာပြီး ချက်ခြင်း အက်ကွဲသံ ပေါ်လာသည်။ သို့သော် ထိုအခြင်းအရာကို မည်သူမျှ အရေး မလုပ်တော့ပေ။ နတ်ဘုရားမျိုးနွယ် ပါရမီရှင်များအားလုံးက ဟစ်အော်၍ အားပေးနေကြသည်။
“ပြိုင်ဘက်ကင်း လောဝူကျိ”
“ပြိုင်ဘက်ကင်း လောဝူကျိ”
“ပြိုင်ဘက်ကင်း လောဝူကျိ”
ထိုဟစ်ကြွေးသံက မိစ္ဆာမျှော်စင်တစ်ခုလုံးကို တုန်ခါ သွားစေသည်။ ယနေ့မှစ၍ လောဝူကျိ၏ အမည်က စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားပေတော့မည်။
လောဝူကျိက ရွှမ်ယွမ်နှင့် ကိုးမြီးမြေခွေးမလေး ကျိုးဝေ့တို့ကို ကျော်လွန်၍ စကြဝဠာထဲ၌ ပြိုင်ဘက်ကင်း နံပါတ်တစ် ပါရမီရှင် ဖြစ်လာတော့မည်ဟု လူတိုင်း ခန့်မှန်းမိကြသည်။
လက်ရှိအချိန်၌ ဟစ်ကြွေးအားပေးသံများကို နားထောင်ပြီး လောဝူကျိသည် ကျေနပ်သလို အသာအယာ ပြုံးလိုက်သည်။ နတ်ဘုရားမျိုးနွယ်တိုင်းက သူတို့အတွက် ဟစ်ကြွေးသကဲ့သို့ အရူးအမူး ဟစ်အော်ကြွေးကြော် နေကြသည်။
*ဟမ်*
ထိုစဉ် လောဝူကျိ၏ အကြည့်များက လူအုပ်ထံ ရောက်သွား ပြီးနောက် နောက်ဆုံး၌ ရှိနေသည့် ယဲ့ဖန်ထံသို့ ရောက် သွားသည်။ သို့သော် ယဲ့ဖန်က မလှုပ်မယှက်နှင့် မည်သည့် ခံစားချက်မျှမပြဘဲ တိတ်ဆိတ်စွာ ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။
*ဒါ …*
“ဟမ့်၊ ပုရွက်ဆိတ်လိုကောင် မင်း မြင်လား။ အဖြူရောင် ဂြိုဟ်က မင်း ဝင်ရောက်နိုင်တဲ့ နေရာမဟုတ်သလို မိစ္ဆာ မျှော်စင်ကလည်း မင်း ချိုးဖြတ်နိုင်တဲ့ နေရာ မဟုတ်ဘူးကွ”
“မင်း ထွက်သွားလိုက်တော့၊ မဟုတ်လို့ကတော့ အသေ ပဲမှတ်”
လောဝူကျိက ယဲ့ဖန်အား မာနကြီးစွာ ပြောဆိုလိုက်ပြီး ထပ်မကြည့်တော့ဘဲ ရှေ့သို့လှမ်း၍ မိစ္ဆာမျှော်စင်ထဲသို့ လှမ်းဝင်သွားသည်။
ဤအဖြစ်ကိုကြည့်ပြီး ဘေးပတ်ဝန်းကျင်ရှိ မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များက ယဲ့ဖန်ကို လှောင်ပြောင်သရော်မှု အပြည့်ဖြင့် ကြည့်လာကြသည်။
လောဝူကျိ မျှော်စင်ထဲ ဝင်သွားပြီးနောက် မျိုးနွယ်သုံးခုမှ တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်ကြသည်။ သို့သော် မည်သူမျှ နံပါတ်တစ် ပါရမီရှင်သုံးယောက်၏ မှတ်တမ်းအား မချိုးဖြတ်နိုင်ကြချေ။
အသန်မာဆုံးသောသူဟူ၍ အင်မော်တယ်ဘုရင်အဆင့် တစ်ယောက်နှင့် မကောင်းဆိုးဝါးဘုရင်အဆင့် တစ်ယောက် တို့သာ ကျန်ရှိတော့သည်။ ထိုနှစ်ယောက်လုံးသည် ခုနစ်လွှာ ထိသာ ရောက်ခဲ့ပြီး နည်းနည်းလေးမျှ ထပ်မတက် နိုင်တော့ချေ။
တစ်ချို့သည် အဆင့်တက်သွားပြီး တစ်ချို့ကမူ ဖယ်ရှားခံ လိုက်ရသည်။ သိုင်းပညာရှင် တော်တော်များများ ထုတ်ပယ်ခံ လိုက်ရလေသည်။
နောက်ဆုံးတွင် လူတစ်ထောင်နီးနီး ရှိသည့် ပါရမီရှင် များအဖွဲ့သည် တစ်ဝက်မျှ ဖယ်ရှားခံလိုက်ရလေသည်။ လူငါးရာမျှသာ အလင်းတန်းအား ငါးလွှာအထိ လင်းအောင် ပြုလုပ်နိုင်ပြီး မျှော်စင်ထဲသို့ ဝင်ခွင့်ရသည်။
“ခက်လိုက်တာကွာ၊ တော်တော်ခက်တာပဲ၊ ဒီမိစ္ဆာမျှော်စင်ရဲ့ အခက်အခဲက တော်ရုံတန်ရုံ မဟုတ်ဘူး”
ဖယ်ရှားခံလိုက်ရသည့် ပါရမီရှင်များစွာတို့က ခေါင်းတ ခါခါနှင့် မိစ္ဆာမျှော်စင်၏ ခက်ခဲမှုကို ဆက်တိုက် ညည်းတွား နေကြသည်။ ထိုသို့သောအချိန်၌ ခြေသံတစ်သံ ထွက်ပေါ် လာပြီး အားလုံး၏ အာရုံက ထိုခြေသံပေါ် ကျရောက် သွားလေသည်။
“ဟမ့်၊ လတ်စသက်တော့ ဟိုနတ်ဘုရားဂိုဏ်းချုပ် အဆင့်လေးကို၊ သူကလည်း စမ်းသပ် ကြည့်ချင်နေ တာပဲလား”
ဖယ်ရှားခံလိုက်ရသည့် ပါရမီရှင်များ၏ မျက်နှာတွင် အံ့အားသင့်ဟန်များ ထင်ဟပ်နေ၏။ ယဲ့ဖန်သည် နတ်ဘုရား ဂိုဏ်းချုပ် အဆင့်လေးမျှသာ ဖြစ်လေသည်။ သူ၏ အရည်အချင်းကြောင့် မိစ္ဆာမျှော်စင်သို့ ဝင်ရောက်ရန် မဖြစ် နိုင်ကြောင်း ပြသနေသည်။
ထို့အပြင် လောဝူကျိက နောက်တစ်ခါတွေ့လျင် သတ် ပစ်မည်ဟု ပြောခဲ့သေးသည်။
*ဒီလူက စမ်းသပ်မှုကို ခံယူရဲတဲ့ သတ္တိရှိတယ်ပေါ့လေ၊ တကယ်ကို ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*
“ဟဲဟဲ … ငါ့အထင် ဒီကောင်က လက်မခံချင်လို့ သူ့ပင်ကို ပါရမီကို စမ်းသပ်ချင်နေတာပဲ ဖြစ်မယ်”
“ဟမ့်၊ ဘာကို လက်မခံချင်ရတာလဲ၊ ပုရွက်ဆိတ်လိုကောင်က ပုရွက်ဆိတ်ပဲကို”
“…”
ဖယ်ရှားခံလိုက်ရသည့် ပါရမီရှင်များက ယဲ့ဖန်အား အလွန် အထင်သေးသည့် အကြည့်များဖြင့် ကြည့်နေကြ လေသည်။ ယခုအချိန်၌ အားလုံးသည် ခေါင်းတခါခါနှင့် ထွက်သွားရန် ပြင်နေကြသည်။
ဝုန်း!
ထိုစဉ် ကျောက်တံခါးဝမှ အလင်းတန်းများက မိစ္ဆာ မျှော်စင် ထံသို့ ဖြာထွက်သွားလေသည်။
“ဒါ … ဒါ ဘာကြီးလဲ”
ဖယ်ရှားခံလိုက်ရသည့် ပါရမီရှင်များအားလုံး ထိတ်လန့် သွားကြသည်။ ဆက်လက်၍ ဖြစ်ပေါ်လာသည့် မြင်ကွင်း ကြောင့် အားလုံး မယုံသင်္ကာ ဖြစ်သွားလေသည်။
အားလုံး၏ အကြည့်အောက်၌ ယဲ့ဖန်၏ လက်ဝါးက ကျောက် တံခါးဝရှိ လက်ဝါးရာပေါ် ရောက်နေပြီး မိစ္ဆာမျှော်စင်ထံသို့ အလင်းတန်းများ ဖြာထွက်နေသည်။
တစ်လွှာ၊ သုံးလွှာ၊ ငါးလွှာ၊ ခုနစ်လွှာ၊ ကိုးလွှာ။
တစ်ခဏလေးအတွင်းမှာပင် အလင်းတန်းများက မိစ္ဆာ မျှော်စင်၏ ကိုးလွှာအထိ ထိုးတက်သွားသည်။ လက်ရှိ အချိန်၌ မျိုးနွယ်သုံးခုမှ ပါရမီရှင်များဖြစ်သည့် လူငါးရာ ခန့်သည် အလွန် နားဝေတိမ်တောင် ဖြစ်နေကြသည်။ လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေလေ၏။
*ကိုးလွှာအထိလား*
*ငါ အမြင်မှားနေတာလား*
လူတိုင်း တစ်ဒင်္ဂမျှ ငိုင်နေပြီးနောက် ဆူညံပွက်လော ရိုက်လာကြသည်။ အချိန်အတိုအတွင်း၌ မိစ္ဆာမျှော်စင်၏ ကိုးလွှာအထိ အလင်းတန်းများ ရောက်ရှိသွားသည်တဲ့လား။ ဤသို့သော ကြောက်စရာကောင်းသည့် အရည်အချင်း မျိုးသည် ယုံရခက်လှပေသည်။
သို့သော် ဤမျှနှင့် မရပ်သွားသေးချေ။ ကိုးလွှာ၏ အောက် ခြေ၊ ကိုးလွှာ၏ အလယ်၊ ကိုးလွှာ၏ ထိပ်ဆုံး။
အားလုံး၏ အလန့်တကြား ဖြစ်နေသော အကြည့်အောက်၌ များစွာသော အလင်းတန်းများက ကိုးလွှာ၏ ထိပ်ဆုံးအထိ ထိုးတက် သွားလေသည်။
ထို့နောက် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ် လာသဖြင့် အားလုံး မှင်တက်သွားသည်။ မိစ္ဆာမျှော်စင် တစ်ခုလုံးအား အလင်းတန်းများဖြင့် ဖုံးအုပ်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။
ပထမလွှာမှနေ၍ ကိုးလွှာအထိ အလင်းတန်းများက ကာဆီး သွားသည်။ ထို့နောက် ထိုအလင်းတန်းများသည် ပင့်ကူမျှင် ကဲ့သို့ အက်ရာများ ထင်လာသည်။ ထို့နောက် ပြိုကွဲ ပျက်စီး သွားလေတော့သည်။
မိစ္ဆာမျှော်စင်တစ်ခုလုံးမှ အလင်းတန်းများ ပျောက်ကွယ် သွားကာ စမ်းသပ်သည့် ကျောက်တံခါးဝမှ လက်ဝါးရာ သည်လည်း ပေါက်ကွဲသွားလေ၏။ တစ်ချိန်တည်းမှာပင် ထိတ်လန့်နေသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ကောင်းကင်ဘုံ ဖြိုခွင်းသူ”