အခန်း (၆၆၁-၆၆၃)
Vol. 45 Ch. 661-663
Chapter 661 သွေးကြွေး
“ဘယ် … ဘယ်လိုလုပ်၊ သူက ဘယ်လိုလုပ် အဲ့လူနဲ့ တူနေရတာလဲ”
“မဖြစ်နိုင်ဘူး၊ အဲ့လူက သေသွားတာ ကြာပြီလေ၊ ဘယ်လိုလုပ် အသက်ပြန်ရှင်လာမှာလဲ”
“သူက ပြန်လည်ဝင်စားခြင်း မလုပ်နိုင်တဲ့ ကမ္ဘာဦး ချောက်နက်ထဲမှာ သေသွားတာလေ၊ ဒါပေမဲ့ သူ …”
ထိုသို့သောအချိန်၌ နတ်ဘုရားမဖုရုံနှင့် မကောင်းဆိုးဝါး အရှင်သခင်တို့ အလွန်အမင်း မှင်တက်နေကြသည်။
ပုံစံက အလွန် ဆင်တူလှသည်။
မျက်စိရှေ့မှ ယဲ့ဖန်သည် ဆံပင်အဖြူရောင် ရှိနေသည်မှလွဲ၍ သူ၏သွင်ပြင်ကို လူအများ မမှတ်မိနိုင်ကြချေ။ သူ၏မျ က်နှာသည် သူတို့နှလုံးသားထဲမှ ကြောက်ရွံ့ရသည့် လူနှင့် တစ်ထေရာတည်း တူညီနေ၏။
ဤသည်က သူတို့သုံးယောက်ကို အံ့အားသင့်သွားစေသည်။
ထိုစဉ် ယဲ့ဖန်၏ခြေလှမ်း ရပ်တန့်သွားပြီး သူ၏ပုံရိပ် သည်လည်း သောင်းချီသော စစ်သည်တော်များနှင့် ခပ်ဝေး ဝေး၌ ရှိနေသည်။
သူတစ်ယောက်တည်းဖြင့် သောင်းချီသော လူများကို ထိတ်လန့် တုန်လှုပ်နိုင်စေသည်။
“မင်း … မင်းက”
ကျန်းရီရှန်းသည် ယဲ့ဖန်အား သရဲသဘက်ကို တွေ့လိုက်ရ သကဲ့သို့ ကြည့်နေမိပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ ယခုအချိန်၌ အားလုံးက ယဲ့ဖန်ကိုသာ စိုက်ကြည့်နေပြီး ထိတ်လန့်၍ ကြောက်လန့်နေကြသည်။
လူတိုင်း၏နဖူးမှနေ၍ ချွေးများ တဒီးဒီး စီးကျလာသည်။
*နတ်ဆိုးဧကရာဇ်*
ထိုနာမည်သည် မျိုးနွယ်သုံးခုလုံး၏ တားမြစ်ထားသော နာမည်ကဲ့သို့ ဖြစ်နေပြီး မည်သူမျှ ထုတ်မပြောရဲကြချေ။ ဤနာမည်ကို ကြားလိုက်ရသည့်အချိန်တိုင်း အကြီးအကဲများ အားလုံး ကြက်သီးမွေးညင်းထကာ ကြက်သေ သေသွား လေ့ရှိသည်။
မျိုးနွယ်သုံးခု၏ အကြီးအကဲသုံးယောက်နှင့် သောင်းချီသော စစ်သည်တော်များ ခြောက်ခြားနေသည်ကိုကြည့်ပြီး ယဲ့ဖန်က အသာပြုံးလိုက်သည်။
“ဘာဖြစ်တာလဲ၊ ငါ မင်းတို့ကို နှစ်ရာကျော်လောက်ပဲ မတွေ့ရတော့လေ၊ မင်းတို့မျိုးနွယ်တွေက ငါ့ကို မေ့သွား ပြီလား”
ထိုစကားက လူတိုင်းအား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွား စေပြီး မှင်တက်သွားကြသည်။
*တကယ်ပဲ သူကိုး*
*အဲ့လူ ပြန်မွေးဖွားလာတာပဲ*
“သေစမ်း”
နတ်ဘုရားမဖုရုံ တစ်ကိုယ်လုံး အေးစက်သလို ခံစား လာရသည်။ ထိုစဉ်အချိန်က နတ်ဘုရားနှင့် နတ်ဆိုး စစ်ပွဲကြီးကို အကြိမ်ပေါင်းများစွာ ဆင်နွှဲခဲ့သည်။ အခြားသူများက သူမအား လုံလောက်စွာ သန်မာနေပြီဟု ထင်ကြသော်လည်း စစ်ပွဲသို့ ရောက်သည့်အချိန်တိုင်း ထိုသူ၏ ပြောဆိုပြုမူပုံကိုမြင်ပြီး သူမ နတ်ဘုရား စိတ်ဝိညာဉ် အထိပါ တုန်ယင်ခြောက်ခြားနေရသည်။
ယဲ့ဖန်က နတ်ဘုရားမျိုးနွယ် အုပ်ချုပ်သူကို ရွှံ့တောထဲ ပစ်ချလိုက်သည်ကို သူမ မြင်ခဲ့ဖူးသည်။ အင်မော်တယ် ကလန်၏ ခေါင်းဆောင်ကိုလည်း ခေါင်းဖြတ်ခဲ့သည်ကိုလည်း သူမ မြင်ခဲ့ဖူးလေသည်။
သူသည် အလွန် ရက်စက်စွာဖြင့် မကောင်းဆိုးဝါးမျိုးနွယ်၏ တောင်ပံကို ဆွဲဖြုတ်၍ တိုက်ပွဲ၌ မီးကင်ခဲ့ဖူးသည်ကို သူမ မြင်ခဲ့ရသည်။
နတ်ဆိုး။ ဤစကားနှစ်လုံးနှင့်ပင် ယဲ့ဖန်၏ ထိတ်လန့်ဖွယ် ကောင်းပုံကို ဖော်ပြရန် မလုံလောက်ပေ။ သူသည် နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲ၏ အုပ်ချုပ်သူသာ ဖြစ်လေသည်။
ထို့အပြင် လောကသခင် သုံးပါးတောင်မှ သူ့ကို အနိုင်ရအောင် မနည်းကြိုးစားခဲ့ရသည်။
“နင် … နင် ဘယ်လိုလုပ် ပြန်ရှင်လာတာလဲ၊ နင် ဘယ်လိုလုပ် ပြန်မွေးဖွားလာတာလဲ၊ နင်က ကမ္ဘာဦး ချောက်နက်ထဲကို ကျသွားတာလေ။ အဲ့တားမြစ်နယ်မြေထဲ ကျသွားတဲ့ ဘယ်သူ မဆို ဘယ်တော့မှ ပြန်မမွေးဖွားနိုင်ဘူး”
နတ်ဘုရားမဖုရုံ ကြက်သီးတဖြန်းဖြန်း ထနေသည်။ ယဲ့ဖန်သည် နတ်ဘုရားဂိုဏ်းချုပ်အဆင့်သာ ရှိသော်လည်း သူမစိတ်ထဲမှ အရိပ်မည်းကြောင့် သူမ ဇောချွေးပြန်နေသည်။ သူမ တစ်ကိုယ်လုံး တုန်ယင်နေသည်။
သူမစကားကြောင့် ယဲ့ဖန် ရယ်လေသည်။ သူ၏ရယ်သံကပင် ခြောက်ခြားစရာ ကောင်းလှသည်။
“အရင်က ဘယ်သူမှ မလုပ်နိုင်ဘူး၊ အခု ငါ ပြန်မွေးဖွား လာအောင် လုပ်နိုင်ခဲ့တယ်လေ၊ အဲ့အတွက် ဂုဏ်ပြုပေး သင့်တယ်မလား”
ယခုအချိန်၌ အားလုံး မျက်နှာဖြူရော်နေကြသည်။ နတ်ဆိုး ဧကရာဇ် ဒဏ္ဍာရီလာ သမိုင်းကြောင်းက မျိုးနွယ်သုံးခုမှ မျိုးဆက်တိုင်းအား ကြောက်လန့်စေပြီး ထွက်ပြေးချင်စိတ် ပေါက်လုနီးပါး ဖြစ်အောင် လုပ်နိုင်လေသည်။
“အမေ၊ အမေ သူ့ကို ကြောက်စရာ မလိုဘူး။ သူက ပြန်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ် ဖြစ်နေပင်မယ့် ဘာဖြစ်မှာမို့လို့လဲ”
ထိုစဉ် လောဝူကျိက နတ်ဘုရားမဖုရုံအား အသည်းအသန် အော်ပြောလေသည်။
“သူ့ကိုသတ်လိုက်ပါ၊ အခုအချိန်တော့ ဘယ်လိုပဲဖြစ်ဖြစ် အမေ သူ့ကို သတ်ပစ်မှဖြစ်မယ်”
“မဟုတ်ရင် နတ်ဆိုးတွေအားလုံး ပြန်စုစည်းမိတာနဲ့ နတ်ဆိုး မျိုးနွယ်က ပြန်ထွက်ပေါ်လာလိမ့်မယ်၊ ပြီးတော့ ဒီလူမှာ ဝိညာဉ်စား ပုရွက်ဆိတ်တပ်အပြင် ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်၊ မသေမျိုး ခန္ဓာကိုယ်၊ ထိပ်တန်း အဆိပ် ခန္ဓာကိုယ်နဲ့ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပါ ရှိနေတယ်။ သူသာ ဒီ့ထက် ပိုအဆင့်တက်လာရင် မျိုးနွယ်သုံးခုလုံး ပျက်သုဉ်း ပါလိမ့်မယ်”
*ဘာ*
လောဝူကျိ၏ အော်ပြောသံအဆုံး၌ နတ်ဘုရားမဖုရုံတို့ သုံးယောက် သာမက သောင်းချီသော စစ်သည်တော်များ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဝိညာဉ်စား ပုရွက်ဆိတ်*
*ထိပ်တန်းခန္ဓာကိုယ် လေးမျိုး*
တောက်! တောက်!
သောင်းချီသော စစ်သည်တော်များ၏နဖူးမှနေ၍ ချွေးစေး များ ပိုပို၍စီးကျလာသည်။ လူတိုင်း ရင်တဒိတ်ဒိတ် ခုန်၍ လည်ချောင်းမှ နှလုံး ခုန်ထွက်လာလေမလားဟု ထင်မှတ်မှားရသည်။
ထို့အပြင် သခင်လေးရွှမ်ယွမ်က မလိုမုန်းထားဖြစ်နေသော အကြည့်များဖြင့် ထပ်ပြောလာသည်။
“ဆရာ၊ ဒီလူကို ဆရာကြောက်စရာ မလိုပါဘူး။ သူက အရင်နတ်ဆိုးဧကရာဇ် မဟုတ်တော့ဘူး။ သူက နတ်ဘုရား ဂိုဏ်းချုပ် အဆင့်ပဲ ရှိတာပါ”
“သူက အဆင့်ငယ် နှစ်ဆယ်ကျော်ကို ကျော်ပြီးတော့ အဖြူရောင် နတ်ဘုရားကို သတ်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဆရာတို့လို အကြီးအကဲ သုံးယောက်နဲ့ ယှဉ်ရမယ်ဆိုရင် သူ သေချာပေါက် ရှုံးမှာပါပဲ”
*ဟမ်*
သခင်လေး ရွှမ်ယွမ်၏ စကားကြောင့် အကြီးအကဲ သုံးယောက်နှင့် သောင်းချီသော စစ်သည်တော်များအားလုံး ပြန်လည်၍ စိတ်အားတက်ကြွလာသည်။
*ဟုတ်သားပဲ*
*ငါတို့ ကြောက်ရတဲ့ ယဲ့ဖန်က အတိတ်ဘဝမှာ ကျန်ခဲ့ပြီ*
*အခု သူက မိုးကောင်းကင်ကို ဆန့်ကျင်မယ်ဆိုရင်တောင်မှ နတ်ဘုရားဂိုဏ်းချုပ်အဆင့်ပဲ ရှိတာပဲ*
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
နတ်ဘုရားမဖုရုံမှ နဖူးမှချွေးစေများကို သုတ်လိုက်ပြီး သရော်ပြုံး ပြုံးလိုက်သည်။
“ငါ မေ့တော့မလိုပဲ၊ တကယ့် နတ်ဆိုးဧကရာဇ်အစစ်က သေသွားပြီ၊ ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်က ပုရွက်ဆိတ်အဆင့်သာသာပဲ ရှိတာပဲလေ”
နတ်ဘုရားမဖုရုံသည် လက်ကိုမြှောက်၍ သောင်းချီသော စစ်သည်တော်များကို လှည့်၍ အော်ပြောလိုက်သည်။
“အားလုံး သေချာနားထောင်ကြ၊ အခု နတ်ဆိုးဧကရာဇ်ကို သတ်ပစ်မှ ဖြစ်မယ်”
“သူ့ကိုသတ်ပြီး သူ့ခေါင်းကို ယူပေးနိုင်တာနဲ့ ငါတို့ အကြီးအကဲ သုံးယောက်က ဆုလာဘ်လည်း ချီးမြှင့် မယ်၊ အမွေအနှစ်တစ်ခုလည်း ပေးမယ်”
“မင်းတို့ ဘာတွေစောင့်နေတာလဲ၊ သူက အရမ်းကြောက်စရာ ကောင်းတဲ့သူ မဟုတ်ဘူး။ အထူး လက်ဆောင်ကြီးလေ”
“မင်းတို့ကို ငါတို့ အကြီးအကဲ သုံးယောက်မှာ ဆုချမှာ”
နတ်ဘုရားမဖုရုံ၏ စကားက သောင်းချီသော စစ်သည်တော်များအား သွေးဆူသွားစေသည်။ မှန်ပေသည်။ နတ်ဆိုးဧကရာဇ်သည် မျိုးနွယ်သုံးခုလုံး၏ အကြီးအကဲနှင့် အားလုံးသောသူတို့၏ အိပ်မက်ဆိုးကြီး ဖြစ်ခဲ့သည်။
သို့သော် ယခုအခါတွင် ပြန်လည်မွေးဖွားလာသော နတ်ဆိုး ဧကရာဇ်၏ ဦးခေါင်းကို ဆက်သနိုင်သည်နှင့် အကြီးအကဲ သုံးယောက်က ဆုချမည့်အပြင် အမွေအနှစ်ကိုလည်း ပေးဦးမည်။
အကယ်၍ နတ်ဆိုးဧကရာဇ်ကို သတ်နိုင်ပါက မိမိဘဝက ဖြောင့်ဖြူးသွားတော့မည် ဖြစ်သောကြောင့် အားလုံး၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။
အကြီးအကဲသုံးယောက်နှင့် သောင်းချီသော စစ်သည် တော်များက ယဲ့ဖန်အား လောဘတကြီး စိုက်ကြည့် နေကြ သည်။ အလွန် ဆာလောင်နေသော ဝံပုလွေအုပ်က အသား ဆူသည့် သားကောင်ကို စိုက်ကြည့်သကဲ့သို့ ကြည့် နေခြင်းပင်။
အလွန် သတ်ဖြတ်လိုသည့် အရိပ်အငွေ့များကို ခံစားမိသဖြင့် ခေါင်းပြောင်ငှက်သည် မျက်လုံးပြူးကာ သတိလစ်မတတ် ဖြစ်သွားသည်။ သူသည် ယဲ့ဖန်၏ပခုံးပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
ဇောချွေးများကြောင့် သူ့ငှက်မွှေးများ စိုစွတ်လာသည်။ သူက ယဲ့ဖန်ကို ဒေါသတကြီး ကြိမ်းမောင်းလေသည်။
“အရူးကောင်၊ ဒီတစ်ခေါက်တော့ မင်းကြောင့် ဒီဘိုးဘေးကြီး ကံဆိုးရတော့မယ်ကွ”
“မင်း တစ်ယောက်တည်းနဲ့ ဒီသုံးယောက်အပြင် သောင်းချီတဲ့ စစ်တပ်ကြီးကို ဘယ်လိုယှဉ်မလဲကွ”
“မင်း အမောဖောက်ပြီး မသတ်နိုင်တော့ရင် အဆုံးကျ မင်းပဲ အသတ်ခံရလိမ့်မယ်”
ယခုအချိန်၌ ခေါင်းပြောင်ငှက်သည် စိတ်ပျက်၍နေ၏။ ယဲ့ဖန် နုတ်နုတ်စင်းခံရပြီး ထိုသူများ၏ သတ်ဖြတ်ခြင်းကို ခံရနေဟန်ဖြင့် သူ့အား မီးကင်၍ စားသောက်နေဟန်ကို မြင်ယောင်ပြီး သွေးအန်လုမတတ် ဖြစ်သွားလေသည်။
သို့သော် ယဲ့ဖန်က လုံးဝ စိတ်မပူဘဲ သူ၏အပြုံးက ပို၍ပီပြင်လာသည်။
“အဆင့်တက်မှာကို မလိုလားလို့ အဆင့်ချိုးဖောက်တာကို ငါ ဖိနှိပ်ထားခဲ့ရတာ၊ ဒီလိုမျိုးကို ငါ စောင့်နေချင်လို့ပဲ”
“အကြီးအကဲ သုံးယောက်၊ ပါရမီရှင် နှစ်ရာကျော်နဲ့ သောင်းချီတဲ့ စစ်သည်တော်တွေ”
“ဒါက မျိုးနွယ်သုံးခုကနေ ငါ လိုချင်တဲ့ … သွေးကြွေးပဲ”
*ဘာ*
ယဲ့ဖန်၏စကားကြောင့် အားလုံး အံ့အားသင့်သွားသည်။
*အရူး*
အားလုံး၏စိတ်ထဲတွင် ယဲ့ဖန်အား အရူးဟု ထင်မြင်နေ ကြလေသည်။
*မင်း အရင်ဘဝက ဘယ်လောက်ပဲ သန်မာသန်မာ၊ အခု ဒီဘဝမှာ မင်းက နတ်ဘုရားဂိုဏ်းချုပ် အဆင့်ပဲလေ”
*မင်းတစ်ယောက်တည်းအားနဲ့ သောင်းကျော်တဲ့လူတွေကို သတ်ချင်နေတာလား*
ယခုအချိန်၌ အကြီးအကဲ သုံးယောက်နှင့် သောင်းချီသော စစ်သည်တော်များက ရှေ့သို့ ချီတက်လာကြသည်။ သတ် ဖြတ်လိုသော အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံ လာသည်။
ထိုစဉ် ယဲ့ဖန်က လက်တစ်ဖက်ကိုလှုပ်၍ အဖြူရောင် နတ်ဘုရား၏ ကိုယ်ပွားခန္ဓာကိုယ်မှ ထုတ်ယူထားသည့် နတ် ဘုရား အမြုတေကို ထုတ်ကာ ပါးစပ်ထဲ ကောက်ထည့်၍ ဖြည်းဖြည်းချင်း ဝါးလိုက်သည်။
နတ်ဘုရားအမြုတေ ကွဲအက်သွားပြီးနောက် ယဲ့ဖန်ထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ပျံ့လွင့်လာလေသည်။
Chapter 662 အဲ့ … အဲ့ဒီလူ
ယဲ့ဖန်သည် အဖြူရောင်နတ်ဘုရား၏ ကိုယ်ပွားထံမှ ထုတ်ယူ ထားသော နတ်ဘုရားအမြုတေအား ပါးစပ်ထဲ ကောက် ထည့်၍ ဖြည်းဖြည်းချင်း ဝါးနေလိုက်သည်။
ဂျွတ်! ဂျွတ်!
တဂျွတ်ဂျွတ် ဝါးစားသံများက အလွန် ပြတ်သားစွာ ထွက်ပေါ်လာပြီး လူတိုင်းအား မသိမသာ မှင်တက် သွားစေသည်။ ထို့နောက် အားလုံး မျက်လုံး အပြူးသား ဖြစ်သွားကြသည်။
*နတ်ဘုရား အမြုတေကို ဝါးစားနေတာလား*
နတ်ဘုရားမဖုရုံတို့ကဲ့သို့သော လူတို့တောင်မှ တစ်စုံတစ်ယောက်က နတ်ဘုရား အမြုတေအား ဝါးစားသည်ကို တစ်ခါမှ မမြင်ဖူးချေ။
ထို့အပြင် ယခင်အချိန်တုန်းက ယဲ့ဖန်သည် ဤစကြဝဠာ၌ အမြင့်တစ်နေရာသို့ ရောက်ခဲ့သည်။ ထို့နောက် သေမင်းနတ် ဆိုးဆုဒြာဖြင့် မရေတွက်နိုင်သော မျိုးနွယ်စုဝင် သိုင်းပညာ ရှင်များကို သတ်ဖြတ်ခဲ့သည်။ သို့သော် နတ်ဘုရား အမြု တေအား သူ ဝါးစားနေခဲ့သည်ကိုတော့ မည်သူမျှ မမြင်ဖူး ကြပေ။
အားလုံး၏ စိတ်ထဲတွင် အမြုတေအား ဝါးစားရန် မဖြစ်နိုင်ဟု သတ်မှတ်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာ သည် သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အသက်ဓာတ်စွမ်းအင် ဖြစ်လေသည်။ အမြုတေထဲမှ နတ်ဘုရားစွမ်းအင်သည် များပြား၍ ပြင်းထန်လှသည်။
အကယ်၍ နတ်ဘုရားဂိုဏ်းချုပ်အဆင့်တစ်ယောက်က အမြု တေကို စားလိုက်ပါက အမြုတေတွင်း၌ ရှိနေသည့် စွမ်းအင် ကြောင့် ပေါက်ကွဲ၍ သေဆုံးသွားပေလိမ့်မည်။
သို့သော် ယခု ဖြစ်နေသည့်အရာက အဓိပ္ပာယ် မရှိလှပေ။ အကြီးအကဲ သုံးယောက်နှင့် သောင်းချီသော စစ်သည်တော် များအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။
သူတို့သည် ယဲ့ဖန် ဝါးစားနေဟန်ကို စိတ်ဝင်စား စိုက် ကြည့်ရင်း ယဲ့ဖန်က သူတို့၏ အမြုတေများကို စားနေသကဲ့သို့ ခံစားမိကာ ကျောချမ်းလာကြသည်။
ဂလု!
ယဲ့ဖန် ပခုံးပေါ်မှ ခေါင်းပြောင်ငှက်သည်လည်း အံ့အားသင့် နေလေသည်။
“နတ်ဘုရားအမြုတေကို စားလိုက်တာလား၊ ဘာလို့ ဒီကျင့်စဉ်မျိုးကို ငါ တအားရင်းနှီးနေသလို ခံစားနေရတာလဲ၊ ဒါပေမဲ့ ငါ မမှတ်မိဘူး ဖြစ်နေတယ်”
ခေါင်းပြောင်ငှက် မျက်ခုံးလှုပ်နေသည်။ ယခုလေးတင် နတ်ဘုရား အမြုတေကို စားနိုင်သည့် ကျင့်စဉ်မျိုးကို သူ မြင်ဖူးသည်ဟု ခံစားမိလိုက်သည်။ သို့သော် ထိုမှတ်ဉာဏ် သည် ဖျောက်ဖျက်ခံထားရသလိုပင်။ သူ မည်မျှ မှတ်မိအောင် ကြိုးစားပါသော်လည်း မမှတ်မိပေ။
*ဖျက်ပစ်ခံရတာလား*
ထိုသို့တွေးမိပြီးနောက် ခေါင်းပြောင်ငှက် ကြက်သီးထ သွားသည်။ သူ့မျက်လုံး၌ အလွန်တရာ ထိတ်လန့်နေဟန်များ စွန်းထင်လာသည်။
ဤသို့သော နတ်ဘုရား အမြုတေကို ဝါးစားသည့် ကျင့်စဉ် အား သူ အလွန်ရင်းနှီးနေသည်ဟု တပ်အပ် ပြောနိုင်သလို သူ အကြိမ်ပေါင်းများစွာ မြင်ဖူးနေသည်ဟုလည်း ခံစားမိသည်။ သို့သော် ယခု သူ ပြန်မမှတ်နိုင်တော့သဖြင့် ဖျောက်ဖျက်ခြင်း ခံထားရခြင်းသာ ဖြစ်ပေမည်။
ခေါင်းပြောင်ငှက်၏ ဘဝတွင် ထိုသို့လုပ်နိုင်သည့်သူမှာ တစ်ဦးတည်းသာ ရှိသည်ကို မြင်ခဲ့ဖူးသည်။
*အဲ့…အဲ့ဒီလူ*
ဤသို့တွေးမိပြီးနောက် ခေါင်းပြောင်ငှက် တစ်ကိုယ်လုံး အမွေးထောင်လာသလို ခံစားလိုက်ရသည်။
“ဒီ … တကယ်တော့ ဒီကောင်လေးက အဲ့ဒီလူနဲ့ ပတ်သက် နေတာပဲ”
ခေါင်းပြောင်ငှက် ထိတ်လန့်ခြောက်ခြားကာ ငှက်မွေးများပင် ထောင်လာလေသည်။ ယဲ့ဖန်ကမူ ခေါင်းပြောင်ငှက်၏ အမူအရာ ပြောင်းလဲသွားပုံကို လုံးဝ သတိမထားမိပေ။ သူသည် နတ်ဘုရား အမြုတေကို သေချာဝါးလိုက်ပြီးနောက် မျိုချလိုက်သည်။
ယဲ့ဖန်၏ ကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များက အရူးအမူး လည်ပတ်စီးဆင်းလာသည်။ ဤနတ်ဘုရား အမြုတေမှ စွမ်းအင်များသည် နတ်ဆိုးစွမ်းအင်များ၏ ဖိနှိပ်မှုအောက်၌ သန့်စင်သော စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ဝုန်း!
ပြင်းထန်သည့်အသံ ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်၏ အရှိန်အဝါသည် နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်မှနေ၍ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သို့ ချက်ချင်း အဆင့်တက်သွားလေသည်။
ယဲ့ဖန်၏ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် အရှိန်အဝါကို ခံစားမိပြီးနောက် အစောပိုင်းက ယဲ့ဖန်၏ ယုံကြည်မှုရှိစွာ ပြောခဲ့သည့် စကားများကို တွေးမိပြီး အားလုံး တစ်ခဏမျှ မှင်တက်နေကြသည်။ လောဝူကျိနှင့် ပါရမီရှင် နှစ်ရာကျော် တို့သည် တစ်ဒင်္ဂမျှ အံ့ဩနေပြီးနောက် ဟားတိုက် ရယ်မော လေတော့သည်။
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ ခင်ဗျား ရူးနေလား၊ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ကို အဆင့်တက်သွားတာနဲ့ ကျုပ်အမေနဲ့ ကျန်မျိုးနွယ်နှစ်ခုက အကြီးအကဲတွေကို ခင်ဗျား ယှဉ်နိုင်တဲ့ ရန်သူတွေ ဖြစ်သွားပြီလို့ ထင်နေတာလား”
“နတ်ဆိုးဧကရာဇ် ခင်ဗျားရဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေကို ထုတ်လိုက်လေ၊ မဟုတ်လို့ကတော့ ဒီစစ်သည်တော် တွေနဲ့တင် ခင်ဗျား အရိုးတောင် ကျန်တော့မှာ မဟုတ်ဘူး”
“ဟားဟားဟား … ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုး ဧကရာဇ်ကြီး၊ ခင်ဗျား သေတော့မှလား၊ ခင်ဗျားပြောတဲ့ သွေးကြွေး ဆပ်မယ်ဆိုတာကရော တကယ် ဖြစ်လာမှာ မို့လို့လား”
“…”
ယခုအချိန်၌ ယဲ့ဖန်၏ အနောက်မှနေ၍ လှောင်ပြောင် သရော်သံနှင့် ဟားတိုက်ရယ်မောသံများ ဆက်တိုက် ထွက်ပေါ် လျက် ရှိသည်။
သူတို့သာမက အကြီးအကဲ သုံးယောက်နှင့် သောင်းချီသော စစ်သည်တော်များ၏ မျက်နှာထားများသည်လည်း တင်း မာ၍ သွေးဆာနေဟန် ပေါ်နေသည်။
သူတို့သည် ယခင်ဘဝက ယဲ့ဖန်ကို မတိုက်ခိုက်ရဲပေ။ သို့သော် ပြန်လည်မွေးဖွားလာသည့် နတ်ဆိုးဧကရာဇ်ကို သူတို့ သတ်နိုင်လောက်သည်။
နတ်ဆိုးဧကရာဇ်အား သွေးသံတရဲရဲနှင့် သတ်နိုင်တော့မည်ဟု တွေးမိပြီးနောက် အကြီးအကဲ သုံးယောက်နှင့် သောင်းချီသော စစ်သည်တော်များ ပိုပို၍ စိတ်လှုပ်ရှားကာ တက်ကြွလာကြသည်။
“သတ်”
နတ်ဘုရားမဖုရုံ၏ သတိပေးသံနှင့်အတူ အဖြူရောင် ဂြိုဟ်တစ်ခုလုံး တုန်ခါသွားပုံရသည်။ မြေဆီလွှာများ တုန်ခါ၍ တောတောင်များ လှုပ်ခါလာသည်။ သောင်းချီသော စစ်သည်တော်များသည် ယဲ့ဖန်ထံသို့ မုန်တိုင်းသဖွယ် ပြေးဝင်လာသည်။
အားလုံး၏စိတ်ထဲတွင် ယဲ့ဖန်ကို ချောင်ပိတ်၍ ဝိုင်းထားလျင် သောင်းချီသော သူတို့၏ အင်အားဖြင့် ယဲ့ဖန်အား တစ်ယောက် တစ်ချက်နှုန်းဖြင့် သတ်နိုင်လောက်သည်ဟု ထင်ထားကြသည်။
ယခုအချိန်၌ ခေါင်းပြောင်ငှက်သည် ခေါင်းနပမ်းကြီးသွားပြီး ကြောက်လန့်တကြားဖြင့် ယဲ့ဖန်ကို လှမ်းပြောလိုက်သည်။
“ကောင်လေး၊ ငါတို့တော့ ဒီတစ်ခေါက် သွားပြီပဲ၊ မင်းဝိညာဉ်စား ပုရွက်ဆိတ်တွေက အကောင်ပေါက်တွေပဲ ရှိသေးတယ်၊ သူတို့က ဟိုသုံးယောက်ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး”
“ဒီနေ့တစ်နေ့တည်းပဲ ထွက်ပြေးရအောင်”
ထိုသို့ပြောနေချိန်တွင် ခေါင်းပြောင်ငှက်၏ မျက်နှာ၌ ခန့်မှန်း မရသော အမူအရာများ ပေါ်လွင်နေသည်။
“ရပ်လိုက်တော့၊ ဒီဘိုးဘေးကြီးက တစ်ဘဝလုံး ဉာဏ်နီ ဉာဏ်နက် များပြီးတော့ အကျိုးအမြတ်နဲ့ ချစ်ခြင်းမေတ္တာကိုပဲ ဂရုစိုက်ခဲ့တာ”
“ဒါပေမဲ့ ဒီလောက် လောဘကြီးတဲ့လူမျိုး ငါ မမြင်ခဲ့ဖူးဘူး”
“ဒီဘိုးဘေးကြီးကို မင်းအတွက် အသက်ကယ်ကျင့်စဉ် ပေးခွင့် ပေးလိုက်”
ခေါင်းပြောင်ငှက်သည် ယဲ့ဖန်နှင့် တွေ့ရချိန်က သိပ်မကြာ သေးသော်လည်း ယဲ့ဖန်၏ ရူးသွပ်မှုနှင့် ပုံမှန်မဟုတ်သော အပြုအမူတို့က သူ့အား ထပ်ခါထပ်ခါ ထိတ်လန့်စေခဲ့သည်။ ယခုအချိန်၌ သူသည် ရင်မတုန်ဘဲ မနေနိုင်ချေ။ ထို့ကြောင့် တောင်ပံကိုဖြန့်၍ ထူးခြားနက်နဲသော သိုင်းကွက်ကို ဖော် ဆောင်ရန် ပြင်လိုက်သည်။
ထိုစဉ် ရွှေအိုရောင် နတ်ဆိုးအရိုးစုက ရုတ်တရက် လက်ကို ဆန့်၍ ခေါင်းပြောင်ငှက်ကို လှမ်းဆွဲလေသည်။
“မင်း…”
ခေါင်းပြောင်ငှက် အံ့ဩသွားပြီး နောက်လှည့်ကြည့် လိုက် သောအခါ နတ်ဆိုးအရိုးစု ဖြစ်နေသည်ကို တွေ့လိုက် ရသည်။ ထို့အပြင် ထိုနတ်ဆိုးအရိုးစုက ခေါင်းအသာခါ၍ လှောင် ပြောင် သလို ပြုံးလာသည်။
“အဘိုးကြီး စိတ်သာချ၊ သခင်ကြီးက ပြောရင်ပြောတဲ့အတိုင်း လုပ်တယ်”
“သူ သွေးကြွေးပြန်ဆပ်မယ်လို့ ပြောထားတယ်ဆိုရင် အဲ့သောင်းချီတဲ့ လူတွေထဲက တစ်ယောက်မှ အသက်မ ရှင်နိုင်ဘူး”
*ဘာ*
နတ်ဆိုးအရိုးစု၏ စကားကြောင့် ခေါင်းပြောင်ငှက် အံ့ဩသွားသည်။ သူ့မျက်လုံး၌ မယုံသင်္ကာဟန်များ ဖြစ်ပေါ်လာသည်။
“ဒီငယဲ့လေးက ဘာနည်းလမ်းနဲ့ သောင်းချီတဲ့စစ်တပ်ကို သတ်မှာလဲဆိုတာ မင်း သိလို့လား”
နတ်ဆိုးအရိုးစုက ခေါင်းခါပြလာသည်။
“ငါ မသိဘူး”
နတ်ဆိုးအရိုးစု ဆက်ပြောလာသည့် စကားကြောင့် ခေါင်း ပြောင်ငှက် သွေးအန်မိလုနီးပါး ဖြစ်သွားရသည်။
“သခင်ကြီးက သူ သတ်နိုင်တယ်လို့ ပြောရင် သူတို့ သေကိုသေလိမ့်မယ်”
ခေါင်းပြောင်ငှက် မျက်ဖြူဆိုက်ကာ တစ်ကိုယ်လုံး နတ်ဆိုး အရိုးစုပေါ် ပြုတ်ကျလုမတတ် ဖြစ်သွားလေသည်။ ယဲ့ဖန် ရူးနေလေသလားဟု သူ ဝေခွဲမရ ဖြစ်နေချိန်တွင် အဘယ် ကြောင့် ဤနတ်ဆိုးအရိုးစုက ရူးနေရသနည်း။
*သူက သတ်နိုင်တယ်လို့ ပြောလိုက်ရင် အခြားသူတွေ သေလိမ့်မယ် ဟုတ်လား*
*ဘာလို့ အဲ့ဒါအတွက် အကြောင်းပြချက် မရှိရတာလဲ*
သို့သော် နတ်ဆိုးအရိုးစု၏ ပြတ်သားသောသွင်ပြင်ကို ကြည့် ပြီး ခေါင်းပြောင်ငှက်သည် သူ့စိတ်ထဲ၌ သေရေးရှင်ရေး ဖြစ်လာပါက သူသည် အသက်ကယ်နိုင်မည့် အစီအစဉ်ကို ထုတ်သုံး လိုက်မည်ဟု တွေးထားလိုက်သည်။ သူ့အသက်ကို ရင်း၍ ယဲ့ဖန် ထွက်ပြေးနိုင်အောင် ကူညီမည်ဟု ဆုံးဖြတ် ထားလိုက်လေသည်။
*တကယ်လို့ ဒီကောင်လေးက အဲ့ဒီလူနဲ့ တကယ်ပဲ တစ်ခုခု ပတ်သက်နေတယ်ဆိုရင်၊ ဒီဘိုးဘေး သေရမယ် ဆိုရင် တောင်မှ၊ အားအင်ကုန် ခမ်းမယ်ဆိုရင်တောင်မှ … တန်ပါ တယ်လေ*
ဤသို့တွေးမိပြီးနောက် ခေါင်းပြောင်ငှက်၏ မျက်လုံးတွင် ဆုံးဖြတ်ချက် ပြတ်သားဟန်များ ထင်ဟပ်လာသည်။
ထိုစဉ် နတ်ဘုရားမဖုရုံက အရင် တိုက်ခိုက်လာသည်။ သူမ၏သွင်ပြင်သည် ရှေးဟောင်း သားရဲရိုင်း တစ်ကောင် ကဲ့သို့ ခက်ထန်ကြမ်းကြုတ်နေ၏။
သူမသည် ကျောက်စိမ်းကဲ့သို့ ဝင်းပသော လက်ဝါးကိုဝင့်၍ ယဲ့ဖန်အား အပြင်းအထန် တိုက်ခိုက်လိုက်သည်။ အဖြူရောင် ဂြိုဟ်ပေါ်မှ လေဟာနယ်သည် ပြင်းထန်လှသည့် ခွန်အားကို မခုခံနိုင်သကဲ့သို့ အက်ကွဲလာ၏။
ထိုကဲ့သို့ ပြင်းထန်လှသည့် အရှိန်အဝါကို ခံစားမိပြီး လောဝူကျိနှင့် ပါရမီရှင် နှစ်ရာကျော်တို့ စိတ်အားတက်ကြွ လာကြသည်။
“ဟားဟားဟား … ငါ့အမေက ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်နို င်တာပဲ၊ ဒီလိုမြင်ကွင်းမျိုးက တကယ့်ကို သွေးသံတရဲရဲ ဖြစ်နေတော့မှာပဲ”
ပါရမီရှင်အားလုံးသည် သူတို့၏ သွေးကြွေးကို ပြန်တုံ့ပြန်နိုင် တော့မည်ဟု တွေးမိပြီး စိတ်လှုပ်ရှားကာ ကျေနပ် နေကြသည်။
“သေလိုက်တော့”
ထိုစဉ် နတ်ဘုရားမဖုရုံ၏ လက်ဝါးချက်က ယဲ့ဖန်ပေါ်သို့ ကျရောက် လာသည်။
Chapter 663 မိုးကြိုးဖြင့် သတ်ဖြတ်ခြင်း
“သေလိုက်တော့”
နတ်ဘုရားမဖုရုံသည် ယဲ့ဖန်အား အလွန်ကြောက်ရွံ့သလို အလွန် မလိုမုန်းတီးစိတ်လည်း ဖြစ်မိသည်။ သူမသည် ယဲ့ဖန်အား အမုန်းတရားကို ချေဖျက်နိုင်သည်အထိ ရိုက်သတ် ချင်စိတ် ပေါက်နေ၏။ သူမ၏ လက်ဝါးသိုင်းသည် အလွန် ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။
ထိုစဉ် လူတိုင်း အံ့အားသင့်သွားရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်သည် ထွက်ပြေးချင်းလည်း မရှိ သလို ရှောင်တိမ်းချင်းလည်း မပြုပေ။ ထိုအစား သူက လက်ဝါးကိုဖြန့်၍ ဝှေ့ယမ်းလာသည်။
ဝုန်း!
ရုတ်တရက် ဘေးဘက်မှနေ၍ မိစ္ဆာမျှော်စင် ပေါ်ထွက် လာသည်။ ထို့နောက် လက်ကိုလှုပ်၍ ပါရမီရှင် နှစ်ရာကျော် တို့အား မိစ္ဆာမျှော်စင်ထဲသို့ ရောက်အောင် ပြုလုပ်လိုက်သည်။ နတ်ဆိုးအရိုးစုနှင့် ခေါင်းပြောင်ငှက်တို့သည်လည်း မိစ္ဆာ မျှော်စင် ထဲသို့ ရောက်သွားလေသည်။
ထို့နောက်တွင်မှ ယဲ့ဖန်သည် နတ်ဘုရားမဖုရုံအား အရူး တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။ ထိုစဉ် သူမ၏ လက်ဝါးသိုင်းကွက်က ယဲ့ဖန်ထံသို့ ကျရောက် လာသည်။
သို့သော် နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်က နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက် ကြောင့် တစ်ကိုယ်လုံး လွင့်စဉ်ထွက်သွားလိမ့်မည်ဟု မည်သူ မျှ ထင်မှတ်မထားမိကြပေ။
ဂျိမ်း!
ထိုအသံသည် မိုးခြိမ်းသံလိုပင်။ အားလုံး၏ ထိတ်လန့် နေသော အကြည့်အောက်၌ မိုးခြိမ်းသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး လူတစ်ယောက် လွင့်ထွက်သွားလေသည်။ လွင့်ထွက်သွားသည့်လူကို သေချာမြင်ရပြီးနောက် အားလုံး ရင်သက်ရှုမော ဖြစ်သွားကြသည်။
*နတ်ဘုရားမဖုရုံပါလား*
နတ်ဘုရားမဖုရုံသည် ခေါင်းတခါခါ ဖြစ်နေပြီး သူ မခန္ဓာကိုယ်က မီးလောင်ခံထားရသကဲ့သို့ ဖြစ်နေပြီး မီးခိုးများ ထွက်နေ သေးသည်။
ယခုအချိန်၌ မကောင်းဆိုးဝါး အရှင်သခင်နှင့် ဓားသခင် ကျန်းရီရှန်းတို့၏ ခြေလှမ်းများက ဖျတ်ခနဲ ရပ်တန့် သွားသည်။ သောင်းချီသော စစ်သည်တော်များသည်လည်း ရပ်တန့်သွား ကြသည်။
လူတိုင်းသည် နတ်ဘုရားမဖုရုံကို လှမ်းကြည့်ပြီး မယုံကြည်နိုင် ဖြစ်နေကြလေသည်။ သူတို့ အမြင်မှား သွားသည်ဟုတောင် ထင်မိသွားသည်။
ထိုစဉ် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ နောက်ထပ် မိုးခြိမ်းသံ ဖြစ်ပေါ်လာ၏။ ကောင်းကင်ယံ၌ လျှပ်စီးသည် မြွေဖြူတစ်ကောင် လူးလွန့်သွားလာနေသကဲ့သို့ လှုပ်ရှားနေပြီးနောက် နတ်ဘုရားမိုးကြိုးတစ်စင်း ကျလာ လေသည်။
ထိုနတ်ဘုရားမိုးကြိုး ကျဆင်းလာသည်နှင့် ယဲ့ဖန်၏ ပုံရိပ် သည် လေသဖွယ် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး မိုးကြိုးကို ရှောင်တိမ်းလိုက်သည်။ မျိုးနွယ်သုံးခု၏ အကြီးအကဲ သုံးယောက်သည်လည်း အသည်းအသန် ရှောင်တိမ်း ကြလေသည်။
ထို့နောက်တွင်မူ လူတိုင်း ကြက်သီးမွေးညင်း ထသွားစေမည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။
ကောင်းကင်ယံ၌ မိုးသက်လေပြင်းများ တိုက်ခတ်လာပြီး တိမ်များ အုံ့ဆိုင်းလာသည်။ ထို့နောက် ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးများ ဖွဲ့စည်းဖြစ်ပေါ်လာသည်။
ဂျိမ်း! ဂျိမ်း! ဂျိမ်း!
မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး နတ်ဘုရား မိုးကြိုး များက ယဲ့ဖန်ပေါ် ဆက်တိုက်ကျရောက်လာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်းနီးပါး ထိတ်လန့်သွားကြသည်။
အကြီးအကဲသုံးယောက်၊ ပါရမီရှင်နှစ်ရာကျော်နှင့် သောင်း ချီသော စစ်သည်တော်များသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
“မိုးကြိုးကပ်ဘေး၊ ဒါ … ဒါ အခုထိ ကြောက်စရာ အကောင်းဆုံး ဖြစ်နေသေးတဲ့ ကိုးရောင်ခြယ် နတ်ဘုရား မိုးကြိုးပဲ”
“မြတ်စွာဘုရား နတ်ဧကရာဇ်တစ်ပိုင်းအဆင့်ကို အဆင့်တက် သွားတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးကပ်ဘေးကို ခံစားရတာလဲ”
“သူက တစ်မူထူးခြားတဲ့ နတ်ဆိုးမို့ ကောင်းကင်ဘုံက အပြစ်ပေး တာပဲ၊ ဒီလူက မိစ္ဆာကောင်ပဲ”
“….”
လက်ရှိအချိန်၌ သောင်းချီသော စစ်သည်တော်များကြား၌ အုတ်အော်သောင်းနင်း ဖြစ်နေလေသည်။ ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုး၏ စွမ်းအင်ကို ခံစားမိပြီး အားလုံး ကြက်သီးမွေးညင်း ထနေကြသည်။
အားလုံး၏ မှင်တက်နေသော အကြည့်အောက်၌ ယဲ့ဖန်၏ ပုံရိပ်သည် လေသဖွယ် လှုပ်ရှားနေပြီး လူအုပ်များကြားထဲ လျင်မြန်စွာ ဖြတ်သန်းနေသည်။ သူ၏အရှိန်သည် မိုးကြိုး လျပ်စီးထက် ပို၍မြန်ဆန်လုနီးပါး ဖြစ်နေ၏။ သူ့ပေါ် မိုးကြိုး မကျရောက်လာခင် ကြို၍ ရှောင်တိမ်းနေနိုင်သည်။
ယခုအချိန်၌ မျိုးနွယ်သုံးခု၏ အကြီးအကဲများမှာ မျက်နှာ ပြာနှမ်း၍ ခေါင်းကြိမ်းနေလေသည်။ ယဲ့ဖန် ရှောင်တိမ်း နေသည့် နေရာတိုင်းသည် သူတို့ဘေးနားပတ်လည်များသာ ဖြစ်၍နေ၏။ ကိုးရောင်ခြယ် မိုးကြိုးမုန်တိုင်းက သူတို့ မျိုးနွယ်ဝင်များပေါ်သာ ကျရောက်ပြီး ထိုသူများ အားလုံး ပေါက်ကွဲ၍ သေဆုံးသွားကြသည်။
“ခွေးမသား”
နတ်ဘုရားမဖုရုံ ရူးမတတ် ဖြစ်နေသည်။ သူမဝတ်ရုံက စုတ်ပြတ်သွားသော်လည်း သူမထံတွင် အရှင်သခင် တစ်ယောက်၏ ထည်ဝါသော အရှိန်အဝါများ ရှိနေ သေးသည်။ သူမတစ်ကိုယ်လုံး စုတ်ဖွာ၍ အသားအရေက မီးသင့်ထားသကဲ့သို့ ဖြစ်နေ၏။ သူမထံမှ မသတီစရာ အနံ့ဆိုးမျိုး ထွက်နေသေးသည်။
သို့သော် ကောင်းကင်ထက်ရှိ နတ်ဘုရားမိုးကြိုးသည် ပို၍ အားပြင်းကာ သိပ်သည်းလာသည်။ မျက်စိတစ်မှိတ် အတွင်း မှာပင် မိုးကြိုးမုန်တိုင်း လှိုင်းလုံး ဖြစ်တည်လာ၏။ ထို့နောက် အဖြူရောင်ဂြိုဟ်ပေါ်သို့ အရှိန်ဖြင့် ကျဆင်း လာလေသည်။
အချိန်တိုအတွင်းမှာပင် ကောင်းကင်ထက်ရှိ နတ်ဘုရား မိုးကြိုးများသည် တစ်စထက်တစ်စ ပို၍များပြားလာ၏။ အဖြူရောင် ဂြိုဟ်တစ်ခုလုံးသည်လည်း မိုးကြိုး မုန်တိုင်း ကြောင့် ပျက်စီးလာသည်။
မိုးကြိုးကြောင့် တောင်တန်းများ ပြိုပျက်လာသည်။ မဟူရာ တောအုပ်သည်လည်း မိုးကြိုးကြောင့် မီးလောင်လေ တော့သည်။ ထိတ်လန့်စရာ အကောင်းဆုံးမှာ သောင်းချီ သည့် စစ်သည်တော်များပင်။
“မလုပ်နဲ့
လူအုပ်ကြားထဲမှ အထိတ်တလန့် ဟစ်အော်သံများ ထွက်ပေါ်လာသည်။ နတ်ဘုရား၊ အင်မော်တယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်မှ သိုင်းပညာရှင်တိုင်းသည် ကိုးရောင်ခြယ် မိုးကြိုး ထိမှန်သွားကြပြီး ပေါက်ကွဲ၍ သေဆုံး သွားကြသည်။
သောင်းချီသော စစ်သည်တော်များ၏ အရေအတွက်သည် မျက်စိတစ်မှိတ်အတွင်း၌ သိသိသာသာ လျော့ကျ သွားလေသည်။
ရှစ်သောင်းမှနေ၍ ခုနစ်သောင်း၊ ခြောက်သောင်းသို့ လျင်မြန်စွာ လျော့ကျသွားသည်။ သွေးသံတရဲရဲနှင့် ခန္ဓာကိုယ် အပိုင်းအစများက တောင်လိုပုံလာသည်။
သိုင်းပညာရှင်တိုင်းသည် ကိုးရောင်ခြယ်မိုးကြိုးကြောင့် ပေါက်ကွဲသွားပြီး သူတို့၏ခန္ဓာကိုယ်များက သွေးအိုင် အဖြစ်သို့ ပြောင်းသွားပြီး သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်ပါ အပြီးတိုင် သုတ်သင်ခံလိုက်ရသည်။
“မျိုးမစစ်ကောင်”
အကြီးအကဲ သုံးယောက်လုံး ရူးမတတ် ဖြစ်နေကြသည်။ သူတို့သည် တစ်စစီ ပေါက်ကွဲ၍ သေဆုံးသွားသော မျိုးနွယ်ဝင် စစ်သည်တော်များကို ကြည့်ပြီး နှလုံးသားထဲ၌ သွေးစိမ်းရှင်ရှင် ယိုစီးလာတော့သည်။
ထိုသူများအားလုံးသည် သူတို့ခေါ်လာသည့် မျိုးနွယ်စုမှ ထိပ်တန်း သိုင်းပညာရှင်များ ဖြစ်ကြသည်။ သို့သော် ယခုအခါ၌ သူတို့သည် မိုးကြိုးကြောင့် ဒီရေအလား သေဆုံး နေရသည်။
ယဲ့ဖန် နတ်ဘုရားဂိုဏ်းချုပ်အဆင့်သို့ အဆင့်တက် ခဲ့စဉ်ကလည်း နတ်ဘုရား မိုးကြိုးကပ်ဘေး ဖြစ်ပွားခဲ့သည်။ ထိုအချိန်က မိုးကြိုးလျှပ်စီးဖြင့် ထူဘုရင်နှင့် ငါးသန်းသော နတ်ဘုရား စစ်သည်တော်များကို သတ်ခဲ့လေသည်။
ယခု နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သို့ အဆင့်တက်ချိန်၌ ဖြစ်ပေါ်လာသည့် မိုးကြိုးမုန်တိုင်းသည် ယခင်ထက် ပို၍အားပြင်းသည်။
နတ်ဘုရင်အဆင့်များ သေဆုံးသွားကြသည်။ နတ်ဘုရား အဆင့်ကိုပင် ဖျက်ဆီးနိုင်လောက်လေသည်။ မရဏ အငွေ့အသက်များက လျင်မြန်စွာ ပျံ့လွင့်လာသည်။
အဖြူရောင်ဂြိုဟ်သည် မိုးကြိုးမုန်တိုင်းအောက်၌ သေးငယ် သထက် သေးငယ်လာသည်။ ဂြိုဟ်ပေါ်ရှိ အရာ အားလုံးသည် မိုးကြိုးလျှပ်စီးကြောင့် ပျက်သုဉ်း သွား လေသည်။ တစ်ခဏအတွင်းမှာပင် အဖြူရောင် ဂြိုဟ်ကြီး နှစ်ပိုင်းကွဲသွားပြီး ဂြိုဟ်တုအရွယ်အစား ဖြစ်သွား လေတော့သည်။
“ဘယ် … ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ”
မိစ္ဆာမျှော်စင်ထဲရှိ လောဝူကျိနှင့် အခြားသူများအားလုံး အံ့ဩတကြီး ဖြစ်နေကြသည်။ သူတို့နှင့်အတူ နတ်ဆိုးအရိုးစုနှင့် ခေါင်းပြောင်ငှက်တို့သည်လည်း မိစ္ဆာမျှော်စင်ထဲသို့ ရောက်နေ၏။
သို့သော် အပြင်ဘက်၌ မြင်ကွင်းသည် ရှင်းလင်း ပြတ်လားလျက်ရှိသည်။ ကြောက်လန့်တကြား အော်ဟစ် သံများကို နားထောင်ပြီး ငရဲကျနေသည့်အလား ထင်မှတ် ရသော မြင်ကွင်းကြောင့် ပါရမီရှင် နှစ်ရာကျော်လုံး နားဝေ တိမ်တောင် ဖြစ်နေကြသည်။
“သေကုန်ပြီ၊ ငါ့မျိုးနွယ်ဝင်အားလုံး သေသွားပြီ”
“အဖေ၊ အဖိုး၊ အား…. ငါ့မျိုးနွယ်ဝင်တွေ”
“…”
မျိုးနွယ်သုံးခုလုံးမှ ပါရမီရှင်များသည် သူတို့၏ မိသားစုဝ င်များနှင့် မျိုးနွယ်ဝင်များ သုတ်သင်ရှင်းလင်း ခံနေရသည် ကိုကြည့်ပြီး ခြောက်ခြားကာ အပြစ်ရှိသလို ခံစားနေ ရလေသည်။ နံပါတ်တစ် ပါရမီရှင်များဖြစ်သော လောဝူကျိ တို့တောင်မှ တံတွေးမျိုချလိုက်မိသည်။
လူတိုင်း သရဲဘသက်အား မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေ ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မိခင်နှင့် ဆရာများတို့သည် မိုးကြိုးအောက်၌ ပိုပို၍ ထိခိုက် ဒဏ်ရာရလာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
လောဝူကျိနှင့် ကျန်လူများထက် ခေါင်းပြောင်ငှက်က ပို၍ ထိတ်လန့်နေလေသည်။
“နတ်ဧကရာဇ် တစ်ပိုင်းအဆင့်တက်တာကို ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးကပ်ဘေးနဲ့ ကြုံရတယ်တဲ့လား၊ ဒါ … ဒီကောင်လေးက တကယ်ပဲ မိစ္ဆာတစ်ကောင် ဖြစ်နေ တာလား”
ခေါင်းပြောင်ငှက်သည် အလွန် အသိပညာများပြားသူ ဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံး မရေတွက်နိုင်သော ပါရမီရှင် များနှင့် ဆုံဖူးသလို မဟာနတ္ထိ ရှေးဧကရာဇ်၏ နတ်ဘုရား မိုးကြိုးကပ်ဘေး ရင်ဆိုင်ခဲ့ရပုံများကိုလည်း မြင်ခဲ့ ဖူးသည်။
သို့သော် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်နှင့် ကိုးရောင်ခြယ် မိုးကြိုးကပ်ဘေး မဆိုထားနှင့် သာမန် နတ်ဘုရား မိုးကြိုး ကပ်ဘေးအား ရင်ဆိုင်ရသည့်လူမျိုးကို သူ တစ်ခါမှ မမြင်ခဲ့ ဖူးချေ။ ဤသည်မှာ မိုးကောင်းကင်အား ဆန့်ကျင်နေခြင်းသာ ဖြစ်လေသည်။