← Chapters

အခန်း (၁၂၈၃-၁၂၈၄)

Vol. 74 Ch. 1283-1284

အခန်း (၁၂၈၃-၁၂၈၄)

Vol. 74 Ch. 1283-1284

အပိုင်း (၁၂၈၃)

ရှမ့်လန်မီးတောက်မြို့တော်အပြင်ဘက်သို့ ဆင်းသက်လာချိန်မှာတော့ ဤနေရာတွင် အင်ပါယာ စံအိမ်အသစ်စက်စက် တစ်ခု တည်ဆောက်ထားကြောင်း တွေ့လိုက်ရသည်။

တကယ်ပင် အသစ်စက်စက် ဖြစ်၏။ တစ်လအတွင်း အပြီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဧက တစ်ရာ အကျယ်အဝန်းရှိပြီး လိုအပ်သမျှ အရာအားလုံး ရှိနေ၏။

တော်ဝင်ရန်အင်ပါယာက ထိုစံအိမ်ကို ရှမ့်လန်အတွက် အထူး တည်ဆောက်ပေးထားခြင်း ဖြစ်၏။ သူတို့သည် အားထုတ်မှုများစွာ ပြုလုပ်ထားကြသည်။

ရှမ့်လန် ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် တော်ဝင်ရန်အင်ပါယာ၏ အိမ်ရှေ့စံက တော်ဝင်ရန်မင်းသားများစွာနှင့် အစိုးရအဖွဲ့ဝင်များကို ဦးဆောင်ကာ မြို့အပြင်ဘက်တွင် လာရောက် ကြိုဆိုကြ၏။

အိမ်ရှေ့စံက အရိုအသေပေးကာ ပြောသည်။ “အရှင့်ကို ဂါရဝပြုပါတယ်။”

သူ၏အနောက်မှ မင်းသားများစွာနှင့် နန်းတွင်းအရာရှိ၊ စစ်ဘက်ဆိုင်ရာ အရာရှိ ရာပေါင်းများစွာကလည်း တစ်ပြိုင်နက် အရိုအသေပေးကြ၏။

ရှမ့်လန် ခေါင်းညိတ်လိုက်သည်။

အိမ်ရှေ့စံက မေးလိုက်၏။ “အရှင် ခရီးပန်းလာပါပြီ။ မီးတောက်မြို့တော်ထဲမှာ အနားယူချင်ပါသလား။”

ရှမ့်လန်က ပြန်ဖြေသည်။ “မလိုပါဘူး။ ဒီအင်ပါယာစံအိမ်ကို ကျုပ်အတွက် တည်ဆောက်ပေးခဲ့တဲ့ တော်ဝင်ရန်ကို ကျေးဇူးတင်ပါတယ်။ အရမ်းကောင်းပါတယ်။”

အိမ်ရှေ့စံက ပြော၏။ “အလျင်စလို တည်ဆောက်ခဲ့ရတာပါ။ အရှင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”

ထို့နောက် ရှမ့်လန်က ယာယီအင်ပါယာစံအိမ်အတွင်းသို့ ဝင်ရောက်သွား၏။ တော်ဝင်ရန်အိမ်ရှေ့စံနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ အရာရှိများစွာက ရှမ့်လန်နှင့်အတူ စံအိမ်အတွင်းသို့ လိုက်ပါသွားကြပြီး ညစာစားပွဲ တစ်ခုကို ကျင်းပပေးကြသည်။

အခြေအနေများက ပြောင်းလဲသွားသည့်ပုံပင်။ ယခင်ကဲ့သို့ သေရေး၊ရှင်ရေး တိုက်ပွဲတစ်ခု မဟုတ်တော့ချေ။ ထိုအစား ကျေးဇူးတင်ကြောင်း ပြသသည့်ပွဲတစ်ခု ဖြစ်လာသည့်အလားပင်။

တော်ဝင်ရန်အိမ်ရှေ့စံက ရှမ့်လန်ကို လေးစားမှုအပြည့်ဖြင့် ဆက်ဆံသည်။ သူက ဝန်ကြီးတစ်ဝက်နီးပါး ဖြစ်နေသည်။ သူက ရှေးဟောင်း ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ရှိနေသည့်ပုံပင်။

သို့ပေမည့် ဤအရာအားလုံးက ရှမ့်လန်၏အင်အားကြောင့်သာ ဖြစ်၏။ အကယ်၍ ရှမ့်လန်သာ နဂါးကြီးကို စီးကာ ပြန်မလာခဲ့လျှင် လက်ရှိအခြေအနေထဲမှ မည်သည့်အရာမှ ဖြစ်လာမည် မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် ကျီမိသားစုက ကျန်းမိသားစု၏ တော်ဝင်မိသားစုကို သုတ်သင်ရန် ရင်ကွမ်ကို အသုံးပြုခဲ့သည် မဟုတ်လား။

သဘာဝကျစွာပင် ရှမ့်လန်သာ ကျန်းမိသားစု၏ ခေါင်းဆောင် မဟုတ်ခဲ့လျှင် ဤသို့ ဖြစ်လာမည် မဟုတ်ပေ။ လောကကြီး၏အမြင်တွင် ကျန်းမိသားစုနှင့် ကျိမိသားစုတို့ ထီးနန်းလုပွဲဖြစ်ခြင်းက ပုံမှန်ပင် ဖြစ်၏။ ကျိမိသားစု၏အမြင်တွင် ကျန်းမိသားစုသာလျှင် သူတို့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

ညစာစားပွဲတွင် တော်ဝင်ရန်အိမ်ရှေ့စံက မေး၏။ “အရှင်ရှမ့်လန် …. ခမည်းတော်က အခု နန်းတော်ထဲမှာ မရှိပါဘူး။ အရှင်က မီးတောက်မြို့တော်ကို ကြိုပြီးတိုက်ခိုက်မှာလား။”

ရှမ့်လန်က ပြန်မေးလိုက်သည်။ “ကျုပ်က ကြိုတင်တိုက်ခိုက်မယ်ဆိုရင် ဘာဖြစ်မလဲ။”

တော်ဝင်ရန်အိမ်ရှေ့စံက ဖြေ၏။ “ကျုပ်က အနိုင်မယူနိုင်သလို အရှုံးလည်း မပေးနိုင်ပါဘူး။ ကျုပ် တိုက်ပွဲထဲမှာပဲ သေရဖို့ များပါတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း အရှင်ကျိ ပြန်လာမယ့်အချိန်ကို စောင့်ကြတာပေါ့။”

တော်ဝင်ရန်အိမ်ရှေ့စံက ပြော၏။ “ကျေးဇူးတင်ပါတယ် အရှင်ရှမ့်လန် … အရှင့်ရဲ့ စစ်တပ်အတွက် လိုအပ်တဲ့ ရိက္ခာအားလုံး ကို တော်ဝင်ရန်အင်ပါယာက ထောက်ပံ့ပေးပါမယ်။”

ရှမ့်လန်က ပြန်ပြောသည်။ “အဲဒါအတွက် မလိုအပ်ပါဘူး။”

တော်ဝင်ရန်အိမ်ရှေ့စံက ပြော၏။ “ဒါဆိုရင်လည်း အရှင် စံအိမ်မှာ ရှိနေတုန်း ကျုပ် နေ့တိုင်းလာပြီး အရှင်မင်းကြီးရဲ့ သွန်သင်ဆုံးမမှုတွေကို နားထောင်ပါ့မယ်။”

ရှမ့်လန်က ငြင်းလိုက်သည်။ “မလိုပါဘူး။ ကျုပ် နည်းနည်း အလုပ်များနေလို့ပါ။”

တော်ဝင်ရန်အိမ်ရှေ့စံက မေးပြန်၏။ “ဒါဆိုရင်လည်း အရှင့်သားနဲ့ စစ်တုရင်ကစားဖို့ ကျုပ် မကြာခဏ လာခဲ့ပါ့မယ်။ ဘယ်လိုသဘောရလဲ။”

ရှမ့်လန်က သဘောတူလိုက်သည်။ “ရပါတယ်။”

ရှမ့်ယီက အရိုအသေပေးကာ ပြော၏။ “ကျေးဇူးပြုပြီး သွန်သင်ပြသပေးပါ။”

… …

သန်းခေါင်ယံအချိန်တွင် ရှမ့်လန်၏ ခြံဝင်းအတွင်း၌ လူရိပ်တစ်ခု ပေါ်လာ၏။ ထိုသူက သူနှင့်အတူ ကောင်းကင်အောက်တွင် အချောမောဆုံး အမျိုးသားနေရာကို ယှဉ်ပြိုင်ချင်နေသည့် မိန်းမဆန်အောင် ချောမောသော ကန်ဝမ် ပင် ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ။ တော်ဝင်ရန်အင်ပါယာနဲ့ ကျုပ်ရဲ့ တိုက်ပွဲပြီးမှပဲ ခင်ဗျား ပေါ်လာမယ်လို့ ကျုပ် ထင်နေခဲ့တာ။”

ကန်ဝမ်က ပြန်ပြောသည်။ “အရှင် ….. ကျုပ်လည်း အခက်တွေ့နေရပါတယ်။ ကျုပ် လာသင့်၊ မလာသင့် မသိဘူး။ အခု ကျုပ် ဒီရောက်နေပေမဲ့ ဘာပြောရမှန်း မသိဘူး။ တော်ဝင်ရန်အင်ပါယာနဲ့ တိုက်ပွဲမှာ အရှင်ြရဲ့ စွမ်းဆောင်ရည် အများကြီး ထိခိုက်စေမှာကိုလည်း ကျုပ် စိုးရိမ်မိတယ်။”

ရှမ့်လန်က မေးလိုက်၏။ “ကျုပ်ရဲ့ တိုက်ခိုက်လိုစိတ်ကို ထိခိုက်စေမှာ ကြောက်နေတာလား။”

ကန်ဝမ်က ဖြေသည်။ “ဟုတ်ပါတယ်။ အရှင်က အရှင့်ရဲ့ စိတ်ပိုင်းဖြတ်မှုကို အလွယ်တကူ လက်မလွှတ်တတ်တဲ့ သူပါ။ အဲဒီလို စိတ်ပိုင်းဖြတ်မှုမျိုးရှိမှသာ အရှင် အနိုင်ရနိုင်မှာပါ။ ဒါကြောင့် အရှင့်ရဲ့စိတ်ဆန္ဒကို ကျုပ် မထိခိုက်စေချင်ပါဘူး။”

ရှမ့်လန်က ပြန်မေးလိုက်၏။ “ဒါဆို ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ။”

ကန်ဝမ် က ပြန်ဖြေသည်။ “ကျုပ်သာ မလာခဲ့ရင် အရမ်း နောက်ကျသွားမှာ ကြောက်လို့ပါ။”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားက တော်တော်လေး ခံစားလွယ်တာပဲ။ ပြောစရာရှိတာ ပြောပါ။ တော်ဝင်ရန်အင်ပါယာနဲ့ ကျုပ်ရဲ့ တိုက်ပွဲကို ထိခိုက်မှာ စိုးရိမ်မနေပါနဲ့။ ကျုပ်နှလုံးသားက သံမဏိလို မာကျောပါတယ်။ ဘာကမှ လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး။”

ကန်ဝမ်က ပြောသည်။ “ကျုပ်လည်း တစ်ခုခုတော့ ပြောချင်ပါတယ်။ ဒါပေမဲ့ … ကျုပ်က တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ ဝိညာဉ်ကို ဆက်ခံထားတဲ့သူ မဟုတ်ဘူးလေ။ ဒါကြောင့်မလို့ ကျုပ်လည်း အရာများစွာကို ဇဝေဇဝါ ဖြစ်နေရတာပါ။”

ရှမ့်လန်က ပြောလိုက်၏။ “တိုက်ဆိုင်လိုက်တာ။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ မှတ်ဉာဏ်တွေက ကျုပ် ခေါင်းထဲမှာ ရှိနေပေမဲ့ အများစုက ပိတ်ဆို့ခံထားရတုန်းပဲ။ ကျုပ် လည်း ဇဝေဇဝါ ဖြစ်နေရတာပါပဲ။”

ကန်ဝမ်က ပြန်ပြောသည်။ “ဒါကြောင့်လည်း ကျုပ် တွေးနေမိတာပါ။ ကျုပ် လာသင့်၊ မလာသင့် တကယ်ကို မသိဘူး ဖြစ်နေတယ်။”

ရှမ့်လန်က မေးလိုက်၏။ “ပြီးတော့ရော။”

ကန်ဝမ်က ဖြေသည်။ “နောက်ဆုံးတော့လည်း ကျုပ် လာခဲ့တာပါပဲ။ ပြီးတော့ အရှင်နဲ့ စကားနည်းနည်းလောက် ပြောချင်လို့ပါ။”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “ပြောလေ။”

ကန်ဝမ်က ပြောသည်။ “တော်ဝင်ကပ်ဘေးဘုရားကျောင်း က အရင်ကဆို နည်းနည်းလေးမှ မဆိုးယုတ်ပါဘူး။ တကယ်တော့ အလင်းရောင်နဲ့ သန့်စင်မွန်မြတ်မှုတွေ ပြည့်နှက်နေတာပါ။ သေချာတာပေါ့၊ နောက်ပိုင်းမှာတော့ သူတို့က ဆိုးယုတ်လာပြီး မကောင်းဆိုးဝါး ကျင့်စဉ်တွေကို ဆက်တိုက် ကျင့်ကြံလာခဲ့ကြတယ်။ သူတို့က လူတွေကို ဖမ်းစားဖို့ မှော်ပညာတွေကိုတောင် အသုံးပြုခဲ့ကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အချိန်တုန်းကတော့ တော်ဝင်ကပ်ဘေးဘုရားကျောင်း က သန့်စင်ပြီး မွန်မြတ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပါတယ်။”

ရှမ့်လန်က ပြန်ပြော၏။ “ကျုပ် ယုံပါတယ်။ ကျုပ်လည်း မြင်ခဲ့ရတယ်။”

ပျောက်ဆုံးနိုင်ငံတော်၏ အပျက်အစီးများရှိ ပိရမစ်ထိပ်တွင် ရှမ့်လန်က သာလွန်မြင့်မြတ်မှုကို မြင်တွေ့ခဲ့ရ သည်။ လူဆယ့်သုံးယောက်က ထိုသာလွန်မြင့်မြတ်မှုကို ရှင်းပြရန် သူတို့၏အသက်ကိုပင် စတေးခဲ့ကြသည်။

ကန်ဝမ်က ပြော၏။ “တော်ဝင်ကပ်ဘေးဘုရားကျောင်း ဆိုတဲ့ နာမည်က ရှေးဟောင်း မဟာနိဗ္ဗာနကြောင့် ဖြစ်ပေါ်လာတာပါ။ အဲတာက ကမ္ဘာလောကကြီးတစ်ခုလုံးအတွက် ဘေးအန္တရာယ်ကြီးတစ်ခု၊ လူသားယဉ်ကျေးမှု တစ်ခုလုံးအတွက် ဘေးအန္တရာယ်ကြီးတစ်ခုပါပဲ။ နှစ်ထောင်ပေါင်းများစွာတိုင်အောင် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ဒီဘေးအန္တရာယ်ကြီးကို တားဆီးဖို့ပါ။ ကျုပ်တို့ မတားဆီးနိုင်ရင်တောင် အနည်းဆုံးတော့ နည်းနည်းပါးပါး ကယ်တင်နိုင်မှာပါ။”

ရှမ့်လန်က ပြောသည်။ “မဟာကပ်ဘေး ဉာဏ်ပညာဘုရင် ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ် မှတ်ဉာဏ်တွေက လောက လျှို့ဝှက်ချက်တွေ မဟုတ်ဘူးဆိုတာ ကျုပ်သိပြီးသားပါ၊ ဒါက ယဉ်ကျေးမှု စနစ်တစ်ခုလုံး ဖြစ်နေတယ်။ ကျုပ်က စကားစသင်နေတဲ့ ကလေးတစ်ယောက်လိုပဲ အစကနေ ပြန်သင်ယူနေရတာ။ ဒီအမွေအနှစ် မှတ်ဉာဏ် ပမာဏက စာကြည့်တိုက်ပေါင်း သန်းချီ ရှိတာနဲ့ ညီမျှလိမ့်မယ်။”

ကန်ဝမ်က တုံ့ပြန်၏။ “အဲဒါဆို အမွေအနှစ် ရသွားတာ ကျုပ် မဟုတ်ဘဲ ခင်ဗျား ဖြစ်နေလို့ ဝမ်းသာသင့်တာပေါ့။”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “နည်းနည်းတော့ ဝမ်းသာလို့ ရပါတယ်။”

“ဟား ဟား...” ကန်ဝမ်က ဟန်လုပ်ကာ ရယ်မောလိုက်၏။

ထို့နောက် သူတို့နှစ်ဦး တိတ်ဆိတ်သွားကြပြန်သည်။

ရှမ့်လန်က မေးလိုက်၏။ “ကန်ဝမ်... ခင်ဗျားလည်း ထွက်သွားတော့မှာ မဟုတ်လား။”

ကန်ဝမ်က ဖြေလိုက်သည်။ “အရှင်က ဉာဏ်ပညာ ကြီးမားလှပါတယ်။ ကျုပ် ဒီည ထွက်သွားပါမယ်။ ရှန့်ကုန်း ကျောင်းတော် တစ်ခုလုံးလည်း ထွက်ခွာမှာဖြစ်သလို တော်ဝင်ကပ်ဘေးကျောင်းတော်ရဲ့ လျှို့ဝှက် အင်အားစုတွေ အားလုံးကိုပါ ခေါ်ထုတ်သွားမှာပါ။”

ရှမ့်လန်က မေး၏။ “ဒါဆိုရင် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ ခင်ဗျားက ရှန့်ကုန်း ကျောင်းတော်ကို ပြန်တည်ထောင်မှာလား။ ဒါမှမဟုတ် တော်ဝင်ကပ်ဘေးကျောင်းတော်ကို ပြန်တည်ထောင် မှာလား။”

ကန်ဝမ်က ရှင်းပြသည်။ “တော်ဝင်ကပ်ဘေးကျောင်းတော်လို့ပဲ ခေါ်ကြပါစို့။ ရှန့်ကုန်းကျောင်းတော်နဲ့ တုံ့ကျန့် ကျောင်းတော် ဆိုတာက အရင်တုန်းက ကျုပ်တို့ တော်ဝင်ကပ်ဘေးကျောင်းတော်ရဲ့ အခွဲတွေပါပဲ။ အခုတော့ မူလဇာစ်မြစ်ဆီ ပြန်သွားတယ်လို့ သတ်မှတ်ရမှာပေါ့။”

“ကောင်းကင်ဘုံ...”

ရှမ့်လန် အမှန်တကယ် မျှော်လင့်မထားခဲ့မိပေ။ ဤသို့သော လျှို့ဝှက်ချက်မျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ ရှန့်ကုန်းကျောင်းတော်နှင့် တုံ့ကျန့်ကျောင်းတော် နှစ်ခုစလုံးမှာ တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ လက်အောက်ခံ အဖွဲ့အစည်းခွဲများ ဖြစ်နေသည်လား။

ကန်ဝမ်က ဆက်ပြောလိုက်၏။ “ဒါက သိပ်တော့ မကောင်းလှဘူး။ ကျုပ်တို့က ဒီအဖွဲ့အစည်းခွဲ နှစ်ခုကို တည်ထောင်ပေး ခဲ့ပေမဲ့ နှစ်ပေါင်း ရာဂဏန်းလောက် ကြာတဲ့အခါမှာတော့ သူတို့အချင်းချင်း ပြန်သတ်ဖြတ်နေ ကြတယ်။ နောက်ဆုံးမှာတော့ အင်ပါယာကျန်းလီရဲ့ ဦးဆောင်မှုအောက်မှာ တုံ့ကျန့်ကျောင်းတော်နဲ့ ရှန့်ကုန်းကျောင်းတော်တို့ ပူးပေါင်းပြီး တော်ဝင်ကပ်ဘေးကျောင်းတော်ကို ဖျက်ဆီးပစ်ခဲ့ ကြတယ်။ တကယ့် အမှိုက်ပုံကြီးလိုပါပဲ။”

ရှမ့်လန်က ပြောသည်။ “ဒါဆိုရင် တော်ဝင်ကပ်ဘေးကျောင်းတော်ကို အောင်မြင်စွာ ပြန်လည်တည်ထောင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”

ကန်ဝမ်က ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အရှင်... ပြီးတော့ အဆင်ပြေမယ်ဆိုရင် ကျုပ်တို့ရဲ့ တော်ဝင်ကပ်ဘေး ကျောင်းတော် အသစ်ဆီကို လာလည်ဖို့ အရှင်ကို ဖိတ်ခေါ်ချင်ပါတယ်။”

ဤစကားမှာ မကြာသေးမီကမှ ကြားခဲ့ဖူးသလို ရင်းနှီးနေခဲ့သည်။

ရှမ့်လန်က မေးလိုက်၏။ “ကောင်းပြီ။ ဒါဆို ခင်ဗျားတို့ရဲ့ တော်ဝင်ကပ်ဘေးကျောင်းတော် အသစ်ကို လာလည်ဖို့ ဘယ်နေရာကို လာခဲ့ရမလဲ။”

“အင်း...”

ကန်ဝမ်က အနည်းငယ် တွန့်ဆုတ်သွားပြီး ပြောသည်။ “တောင်းပန်ပါတယ်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာ ဘုရင်ရဲ့ အမွေအနှစ်ကို ကျုပ် မရခဲ့တဲ့အတွက် ဘယ်နေရာမှာလဲဆိုတာ ကျုပ်လည်း မသိပါဘူး၊ တစ်လောကလုံး နှံ့အောင် ရှာဖွေရပါလိမ့်မယ်။”

အခြေအနေက အတော်လေး အိုးတိုးအမ်းတမ်း နိုင်လှ၏။

‘ခင်ဗျားက နေရာတောင် မသိဘဲ ကျုပ်ကို လာလည်ဖို့ ဖိတ်နေတာလား။’

ကန်ဝမ်က ဆက်ပြောလိုက်သည်။ “ရှေးဟောင်း တော်ဝင်ကပ်ဘေးကျောင်းတော်ရဲ့ အပျက်အစီးတွေကို ကျုပ် ရှာချင်ပေမဲ့ ဘယ်နေရာမှာလဲဆိုတာ တကယ် မသိပါဘူး။ အဲဒီအချက်အလက်တွေက ခင်ဗျားရဲ့ ခေါင်းထဲမှာ ရှိနေတာပါ။ ကံဆိုးတာက ခင်ဗျားလည်း အခု မသိသေးတာပဲ။ ဒါပေမဲ့ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ သတင်း အချက်အလက်တွေ ပွင့်လာတဲ့အခါ ခင်ဗျား သိလာပါလိမ့်မယ်။ ကျေးဇူးပြုပြီး သွားဖြစ်အောင် သွားပေးပါ။”

ရှမ့်လန်က မေးလိုက်၏။ “ကောင်းပြီ။ ရှေးဟောင်းလောကမှာ တော်ဝင်ကပ်ဘေးကျောင်းတော် ရှိခဲ့တာလား။”

ကန်ဝမ်က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ အစောတည်းက တည်ရှိနေခဲ့တာပါ၊ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက် က လူသားတွေကို ကပ်ဘေးကနေ ရှောင်ရှားနိုင်ဖို့ ကူညီပေးဖို့ပါပဲ။”

ရှမ့်လန်က ပြော၏။ “သိသာတာကတော့ ရှေးဟောင်း တော်ဝင်ကပ်ဘေးကျောင်းတော် ကျရှုံးသွားခဲ့တာပဲ။”

ကန်ဝမ်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ တကယ်တမ်းကျတော့ မဟာကပ်ဘေးကြီး ရောက်မလာခင် တည်းက ဖျက်ဆီးခံလိုက်ရတာပါ။”

ရှမ့်လန်က ပြော၏။ “တိုက်ဆိုင်လိုက်တာ။”

“ဟုတ်တယ်။ တိုက်ဆိုင်လွန်းတယ်။”

ကန်ဝမ်က ထောက်ခံလိုက်သည်။ “နှစ်ကြိမ်တိုင်တိုင် ဖျက်ဆီးခံခဲ့ရတာ၊ ဒါကြောင့် ကျုပ် တော်ဝင်ကပ်ဘေး ကျောင်းတော်ကို သံသယဝင်မိတာပေါ့။ သူတို့က လောကကို ကယ်တင်ပြီး ကပ်ဘေးကို တားဆီးချင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ ကပ်ဘေး မရောက်လာခင်မှာပဲ အဖျက်ဆီး ခံလိုက်ရတယ်။ ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ။”

‘တော်ဝင်ကပ်ဘေးကျောင်းတော်ရဲ့ နောက်ဆုံး ဆက်ခံသူအနေနဲ့ ခင်ဗျားက အဲဒီလို ပြောရက်သလား။’

ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် ရှေးဟောင်းလောကမှာ ခင်ဗျားတို့ရဲ့ တော်ဝင်ကပ်ဘေး ကျောင်းတော်ကို ဘယ်သူက ဖျက်ဆီးခဲ့တာလဲ။”

ကန်ဝမ်က ဖြေလိုက်သည်။ “ကျုပ် မသိဘူး။ ကျုပ်လည်း အကြာကြီး ရှာဖွေခဲ့တာပါပဲ၊ ရှေးဟောင်း ကျိမိသားစုက အရှေ့လောကရဲ့ အင်ပါယာအဖြစ် ကျန်းမိသားစု နေရာကို အစားထိုး ဝင်ယူခဲ့တာဆိုတော့ သူတို့လက်ချက်လို့ပဲ ကျုပ် ထင်ခဲ့တာ။ နောက်ဆုံးကျတော့ ဆယ်စုနှစ်ချီ ကြာတဲ့အထိ အဖြေရှာမတွေ့ခဲ့ပါဘူး။”

ရှမ့်လန်က ပြော၏။ “သနားစရာ ကောင်းလိုက်တာ။ ခင်ဗျားရဲ့ ဘဝတစ်ခုလုံး ဒီလို အနှစ်သာရမရှိတဲ့ စိတ်ကူးယဉ် အယူဝါဒတွေအပေါ်မှာပဲ အချိန်ကုန်ဆုံး သွားခဲ့ရပြီ။”

အပိုင်း (၁၂၈၄)

“ဟုတ်ပါတယ်။”

ကန်ဝမ်က ဝန်ခံလိုက်သည်။ “ဒါပေမဲ့ ကျုပ် ဆက်ပြီး အချိန်ဖြုန်းနေရအုံးမှာပါပဲ။ အခုဆိုရင် တော်ဝင်ကပ်ဘေးကျောင်းတော်ရဲ့ အပျက်အစီး ဆိုတာကြီးကို ရှာဖွေဖို့ လူပေါင်း သောင်းချီကို ခေါ်သွားရအုံးမယ်။ ဘယ်ကို သွားရမလဲ ဆိုတာ သဲလွန်စတောင် မရှိပါဘူး။

ဒါပေမဲ့ ကျုပ်မှာ ရွေးချယ်စရာ မရှိဘူးလေ။ ဒီလို အနှစ်သာရမရှိတဲ့ စိတ်ကူးယဉ် အိပ်မက်တစ်ခုအတွက် တစ်ဘဝလုံး ပေးဆပ်ပြီး တိုက်ပွဲဝင်ရအုံးမယ်။ ဒါပေမဲ့ ကျုပ်မှာသာ ဒီလို ရည်မှန်းချက်မျိုး မရှိရင် ပိုပြီး ဆိုးရွားတာ ဖြစ်သွားလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ကျုပ် သေဆုံးသွားခဲ့လောက်ပြီ။”

ရှမ့်လန်က ပြော၏။ “အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။”

ကန်ဝမ်က ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အရှင်။ အရှင်... နောင်အနာဂတ်မှာ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ကျုပ်တို့ကို လာရှာဖို့ သတိရပေးပါ။ အရှင် ရောက်လာမဲ့ အချိန်ကို ကျုပ်တို့ရဲ့ အင်အားတွေ၊ အချိန်တွေ အကုန်ပေးပြီး စောင့်မျှော်နေပါ့မယ်။ ဒါပေမဲ့ ရှေးဟောင်း တော်ဝင်ကပ်ဘေးကျောင်းတော်ရဲ့ အပျက်အစီးကို ရှာတွေ့ခဲ့ရင်ပေါ့လေ။”

ရှမ့်လန်က ပြော၏။ “ကောင်းပြီ။ ဒါဆို ခင်ဗျား ထွက်သွားတဲ့အခါ နုရှောင့်မြို့ကို ဝင်ပြီး လူတစ်ယောက်ကို ခေါ်သွားလိုက်ပါ။ တော်ဝင်ကပ်ဘေးကျောင်းတော်ရဲ့ အပျက်အစီးတွေကို ရှာဖွေတဲ့နေရာမှာ သူ့ကိုပါ ခေါ်သွားလိုက်။”

ရှမ့်လန်က စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်သည်။ ကန်ဝမ်က လှမ်းယူကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။”

ထို့နောက် သူက စာရွက်ကို ပွတ်ချေလိုက်ရာ လုံးဝ ကြေမွပျက်စီးသွားခဲ့သည်။ ကန်ဝမ်က နှုတ်ဆက်လိုက်၏။ “နှုတ်ဆက်ပါတယ် အရှင်...”

ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “နှုတ်ဆက်ပါတယ်။”

ကန်ဝမ်သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် ရှမ့်လန်ရှိရာသို့ ဦးတည်ကာ ဒူးထောက်၍ ဦးညွှတ်လိုက်၏။ “... အရှင် အသက်ရာကျော် ရှည်ပါစေ။”

ဦးညွှတ်ပြီးနောက် ကန်ဝမ်က ပြောသည်။ “နောက်တစ်ကြိမ် အခွင့်အရေး မရတော့မှာစိုးလို့ အခုပဲ လုပ်လိုက်တာပါ။”

တစ်နာရီခန့် ကြာသောအခါ ရှမ့်လန်သည် နဂါးကို စီးနင်းကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့၏။ ထို့နောက် လူပေါင်း တစ်သောင်းခန့် ရှိသော လူအုပ်ကြီးကို သူ မြင်တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ဘုန်းကြီးဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး မီးရှူးတိုင်များကို ကိုင်ဆောင်ကာ အရှေ့ဘက်အရပ်ဆီသို့ တိတ်ဆိတ်စွာ ဦးတည်သွားနေကြ၏။

ရှန့်ကုန်းကျောင်းတော်မှ လူတိုင်းသည် အရှေ့လောကမှ ထွက်ခွာပြီး တော်ဝင်ကပ်ဘေးကျောင်းတော်၏ အပျက်အစီးများကို ရှာဖွေရန် သင်္ဘောများပေါ်သို့ တက်ရောက်နေကြပြီ ဖြစ်၏။ သူတို့သည် ကန်ဝမ်၏ တာဝန်နှင့် အိပ်မက်ကို အကောင်အထည် ဖော်ကြပေတော့မည်။ မီးရှူးတိုင် တစ်သောင်းမှာ ပိုးစုန်းကြူးကောင်လေး တစ်သောင်းအလား ထွန်းလင်းနေခဲ့သည်။

ရှမ့်လန်သည် ရှမ့်ယီကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ သူတို့သည် ရှန့်ကုန်းကျောင်းတော်မှ လူများ ထွက်ခွာသွားသည့် မြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ကြ၏။

ရှမ့်လန်က မေးလိုက်သည်။ “ဘာခံစားရသလဲ။”

ရှမ့်ယီက ဖြေ၏။ “မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကြားက မျှော်လင့်ချက်တစ်ခုပါပဲ။”

ရှမ့်ယီ၏ ဉာဏ်ရည်ထက်မြက်မှုကို ရှမ့်လန် သက်ပြင်းချကာ အံ့သြမိရပြန်၏။ ဤအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ မိမိလက်ချောင်းများကိုပင် မမြင်ရနိုင်လောက်အောင် မှောင်မိုက်နေခဲ့သည်။ မှောင်မိုက်နေသော ကုန်းမြေထက်ရှိ မီးရှူးတိုင် တစ်သောင်းမှာ ပိုးစုန်းကြူးလေးများ၏ အလင်းရောင်နှင့် တူလှ၏။ အလင်းရောင်မှာ အားနည်းသော်လည်း အဆုံးသတ်မဲ့နေခဲ့သည်။

ရှမ့်လန်က ပြော၏။ “ဒီအချိန်အခိုက်အတန့်ကို မှတ်သားထားပါ ငါ့သား...”

… …

နောက်ထပ် နှစ်လ ကုန်ဆုံးသွားခဲ့ပြန်၏။

အနောက်လောက၊ မီးလျှံကျွန်း .....

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ရာသီဥတုမှာ အလွန် ထူးဆန်းနေခဲ့သည်။ လောကကြီးတစ်ခုလုံး အေးစက်သွားခဲ့ပြန်၏။ သဲကန္တာရလူရိုင်းမျိုးနွယ်စုသည် အရှေ့လောက၏ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသည်။

ထိုနေရာသည် တစ်နှစ်ပတ်လုံး နွေဦးပေါက်ရာသီကဲ့သို့ ဖြစ်နေတတ်၏။ ဆောင်းရာသီတွင်ပင် အပူချိန်မှာ ဒီဂရီ စင်တီဂရိတ် ၂၀ ကျော် ရှိတတ်သည်။ သူတို့၌ နွေရာသီဟူသော ရာသီဥတုတစ်ခုသာ ရှိသည်။ ထို့ကြောင့် ဤနေရာ၏ ရာသီဥတုမှာ တစ်ခါတရံမှ မိုးရာသီ ရှိတတ်၏။

နှစ်ပေါင်း ထောင်ချီကြာအောင် သဲကန္တာရလူရိုင်းမျိုးနွယ်စု၏ တောင်ဘက်အစွန်းတွင် နှင်းကျဖူးခြင်း မရှိခဲ့ပေ။ သို့သော်ငြား ဤဆောင်းရာသီတွင်ကား သဲကန္တာရလူရိုင်းမျိုးနွယ်စု နေထိုင်ရာအရပ်၌ပင် နှင်းများ ကျဆင်း လာခဲ့သည်။

နုရှောင့်မြို့၊ နယ်စားကြီး ရွှမ်ဝူ၏ အိမ်တော်နှင့် ရှီလွန်အင်ပါယာ၏ ရွှေကျောက်စိမ်းမြို့တွင်လည်း နှင်းများ ကျဆင်းလာခဲ့သည်။ ၎င်းသည် နှစ်ပေါင်း ရာချီအတွင်း ပထမဆုံးအကြိမ် ဖြစ်၏။ လောကကြီးတစ်ခုလုံး နှင်းများ ဖုံးလွှမ်းသွားသည့်နှယ် ဖြစ်နေခဲ့၏။

သို့သော်ငြား နှင်းမကျသည့် နေရာနှစ်ခု ရှိနေသေး၏။ တစ်ခုမှာ မီးတောက်မြို့တော် ဖြစ်သည်။ မီးတောက်မြို့တော်သည် မြောက်ဘက်အရပ်တွင် တည်ရှိသည်။ ဆောင်းရာသီတိုင်း နှင်းကျလေ့ ရှိ၏။ သို့ပေမည့် ယခုနှစ်တွင်မူ နှင်းမကျခဲ့ပေ။ အပူချိန်မှာ ၁၀ ဒီဂရီ စင်တီဂရိတ်အထက်တွင် ရှိနေခဲ့သည်။

သို့သော်ငြား မီးတောက်မြို့တော်နှင့် မိုင်ရာဂဏန်းခန့် ဝေးကွာသော နေရာတွင်မူ နှင်းများ ပြန်လည် ကျဆင်းနေပြန်သည်။ အဘယ်ကြောင့်ဆိုသော် မီးတောက်မြို့တော်၏ ကောင်းကင်ယံတွင် နဂါးတစ်ကောင် ရှိနေသောကြောင့် ဖြစ်၏။

အခြားနေရာတစ်ခုမှာ အနောက်လောကမှ မီးလျှံမြို့ ဖြစ်သည်။ ထိုနေရာတွင်လည်း နှင်းမကျခဲ့ပေ။ သို့သော်ငြား ရေခဲများ ဖုံးလွှမ်းနေခဲ့သည်။ အပူချိန်မှာ အနှုတ် ၁၀၀ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနေခဲ့သည်။

အင်ပါယာက နဂါးကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်မှာ ရက်ပေါင်း တစ်ရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မီးလျှံကျွန်းမှာ ပြောင်းလဲခြင်း မရှိပေ။ ပိရမစ်အောက်ရှိ ခဲနေသော ချော်ရည်ပင်လယ်ကြီးမှာ အနှုတ် ၂၀၀ ဒီဂရီ စင်တီဂရိတ်တွင် ရှိနေဆဲ ဖြစ်၏။

အင်ပါယာသည် ချော်ရည်ပင်လယ်ထက်တွင် မလှုပ်မယှက် ထိုင်နေဆဲ ဖြစ်သည်။ သူသည် သေဆုံးနေပြီဟု ထင်မှတ်ရ၏။ သူ အသက်မရှူပေ။ သူ၏ နှလုံးခုန်သံပင် ပျောက်ကွယ်နေသယောင် ရှိသည်။ ရုတ်တရက် အင်ပါယာက လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။ သူ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။ သူ၏ နှလုံးခုန်သံနှင့် အသက်ရှူသံများ ပြန်လည် စတင်လာခဲ့သည်။ ထို့နောက် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ခဏအကြာတွင် အဆုံးအစမဲ့သော ချော်ရည်ပင်လယ်ကြီးမှာ ရုတ်တရက် ပြန်လည် အရည်ပျော်ကျသွားခဲ့သည်။ ခဲနေသော အခြေအနေမှ ပွက်ပွက်ဆူနေသော ချော်ရည်အဖြစ် ပြောင်းလဲသွားရန် အချိန် ခဏလေးသာ ယူလိုက်ရသကဲ့သို့ ရှိ၏။

ထို့နောက် နောက်တစ်စက္ကန့်တွင် မီးလျှံကျွန်းပေါ်ရှိ ရေခဲများ အရည်ပျော်ကျကာ ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ ရေခဲရိုက်ခံထားရသော သတ္တဝါများ၊ သစ်ပင်စိမ်းများနှင့် ပန်းမန်များ အားလုံးမှာ ချက်ချင်း လွတ်မြောက်သွားခဲ့ကြ၏။ အမှန်စင်စစ် သူတို့ ပြန်လည် အသက်ရှင်လာခြင်းတော့ မဟုတ်ပေ။

ထို့နောက် နောက်တစ်စက္ကန့်တွင် ...

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ရှေးဟောင်း မီးလျှံမြို့၏ အပျက်အစီးများမှာ ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် မီးလျှံကျွန်း တစ်ခုလုံး ကြေမွပျက်စီး သွားခဲ့၏။

ပတ်ဝန်းကျင်ရှိ ရေခဲဖုံးနေသော ပင်လယ်ပြင်၊ မိုင်ထောင်ချီ ကျယ်ဝန်းသည့် ရေခဲပြင်ကြီးမှာ ချက်ချင်း အရည်ပျော်ကျကာ အစိမ်းရင့်ရောင် ပင်လယ်ရေများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော်ငြား နောက်တစ်စက္ကန့်တွင် ရုတ်တရက် ပွက်ပွက်ဆူလာပြီး ကြီးမားသော မြူခိုးကြီးများအဖြစ် ပြောင်းလဲသွားပြန်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

မကြုံစဖူး ထူးကဲသော မီးတောင်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ ရေတွက်၍ မရနိုင်အောင် များပြားသော ချော်ရည်ပမာဏမှာ ရုတ်တရက် ကောင်းကင်ယံ မီတာထောင်ချီအထိ မြင့်တက်လာခဲ့၏။ မီးဟုန်းဟုန်း တောက်နေသော ချော်ရည်များက ကောင်းကင်တစ်ခုလုံးကို အနီရောင် ဆိုးလိုက်၏။

ဤနေရာမှ မီးတောင်ပေါက်ကွဲမှုသည် အိုလံပစ်တောင်ထက်ပင် ပိုမို တုန်လှုပ်ဖွယ် ကောင်းလှသည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း…”

ချော်ရည်များမှာ ငရဲမီးလျှံများကဲ့သို့ပင်။ အတိုင်းအဆမဲ့ကာ မိုင်ရာချီ ရှည်လျားသည်။ မြေလောက၏ အော်ဟစ်သံ၊ ဂြိုဟ်လောကကြီး၏ အော်ဟစ်သံနှင့် တူလှ၏။

မြောက်ပိုင်း ရှီလွန်အင်ပါယာ၏ တစ်ဝက်ခန့်မှာ တုန်ခါနေခဲ့သည်။ လတ်တလောမှ အရည်ပျော်ကျထားသော ပင်လယ်ရေများက ဆူနာမီလှိုင်းလုံးကြီးအဖြစ် ဖန်တီးကာ အရပ်မျက်နှာ အနှံ့သို့ ရိုက်ခတ်သွားခဲ့၏။ ဤအံ့မခန်း မြင်ကွင်းထဲတွင် နဂါးတစ်ကောင်သည် တိတ်ဆိတ်စွာပင် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။

တော်ဝင်ရန်နဂါးကြီး ပြန်လည်မွေးဖွားလာခဲ့သည်။ ၎င်းသည် ဘုံကိုးပါးသို့ ပျံတက်သွားခဲ့၏။ ကောင်းကင်သို့ ပျံတက်သွားပြီးနောက် ပေါက်ကွဲမှုကြီး ပြီးဆုံးသွားခဲ့သည်။ ပန်းထွက်နေသော ချော်ရည်များမှာ လေထဲတွင်ပင် ခဲသွားကြပြီး လှပသော ရုပ်တုကြီးတစ်ခုအသွင် ဖြစ်ပေါ်လာခဲ့၏။ နတ်ဘုရားတို့၏ လက်ရာတစ်ခုအလားပင်။

ထို့နောက် ကြီးမားသော ဆူနာမီ လှိုင်းလုံးကြီးမှာလည်း ချက်ချင်း ခဲသွားသယောင် ရှိကာ အကြမ်းတမ်းဆုံး အချိန် အခိုက်အတန့်တွင် ရပ်တန့်သွားခဲ့သည်။ ကျယ်ပြောလွန်းသော ပင်လယ်ပြင်ကြီးမှာ ပြန်လည် ခဲသွားခဲ့ပြန်၏။ သို့သော်ငြား ကြေးမုံပြင်ကဲ့သို့ ချောမွတ်ခြင်းကား မရှိတော့ပေ။

တော်ဝင်ရန်အင်ပါယာ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ သူနှင့် နဂါးကြီးတို့သည် သေမင်းလက်တွင်းမှ ပြန်လည် မွေးဖွားလာနိုင်ခဲ့ကြသည်။ သူတို့သည် ငရဲဘုံကို အနိုင်ယူပြီး ရူးသွပ်ဖွယ်ကောင်းသော မဟာနိဗ္ဗာနကို ပြီးမြောက် စေခဲ့ကြသည်။

အဖြူရောင် အရိပ်တစ်ခုသည် တောင်ဘက်အရပ်ဆီသို့ အရှိန်ပြင်းစွာ ပျံသန်းလာသောကြောင့် သူ ချက်ချင်း ထွက်မသွားခဲ့ပေ။ ထိုအရာမှာ မြို့တော်ဖြူမှ အမျိုးသမီး ဖြစ်၏။

မြို့တော်ဖြူမှ အမျိုးသမီးက ပြောသည်။ “တော်ဝင်ရန်အင်ပါယာရဲ့ ကျိအင်ပါယာ... ရှင်က စာချုပ်အတိုင်း မလိုက်နာဘူး။ ရှင် အနောက်ဘက်ကို မလာသင့်ဘူး။”

တော်ဝင်ရန်အင်ပါယာ က ပြန်ပြောလိုက်၏။ “ဒါပေမဲ့ မင်း ကျုပ်ကို မတားခဲ့ဘူး မဟုတ်လား။ စာချုပ် ဟုတ်လား။ ဒီအချိန်ရောက်မှ စာချုပ်အကြောင်း ပြောနေသေးတာလား။ တခြား ဘာမှမရှိတော့ရင် ကျုပ်သွားတော့မယ်။ ရှမ့်လန်က အခု မီးတောက်မြို့တော်မှာ ကျုပ်နဲ့ တိုက်ခိုက်ဖို့ စောင့်နေတယ်။ အရှေ့လောကမှာ သခင်တစ်ယောက်ပဲ ရှိရမယ်။ ကျန်းမိသားစု မဟုတ်ရင် ကျိမိသားစုပဲ ဖြစ်ရမယ်။”

မြို့တော်ဖြူမှ အမျိုးသမီးမှာ တိတ်ဆိတ်သွားပြန်၏။ ထို့နောက် သူမ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်။”

တော်ဝင်ရန်အင်ပါယာ က ပြော၏။ “နှုတ်ဆက်ပါတယ်။ မင်း ဘာလုပ်ခဲ့သလဲ ဆိုတာ မမေ့ပါနဲ့။”

ထို့နောက် တော်ဝင်ရန်အင်ပါယာ သည် နဂါးကို စီးနင်းကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် နဂါးကြီးမှာ မိုင် ၅၀ ခန့် အကွာသို့ ရောက်ရှိနေပြီ ဖြစ်၏။ တော်ဝင်ရန် နဂါးကြီးသည် စွမ်းအင်များကို ချက်ချင်း ပြန်လည် စုစည်းနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

အင်ပါယာက သက်ပြင်းချလိုက်၏။ “ရှမ့်လန်... ကျုပ်လာပြီ၊ နှစ်ပေါင်း ၃၀ ကျော် ကြာအောင် နှောင့်နှေးခဲ့ရတဲ့ နောက်ဆုံးတိုက်ပွဲကြီး အခုတော့ ပြန်စရတော့မယ်။”

သူနှင့် နဂါးကြီးသည် အလင်းတန်းများ ထုတ်ဖော်ကာဖြင့် ရန်မြို့တော်ဆီသို့ ဦးတည်ပျံသန်း သွားကြသည်။

… …

ရွှဲ့ပြည်နယ်ကို နှစ်ပေါင်း ၂၀ နီးပါး လွှမ်းမိုးခဲ့သော ကျူးဟုန်ကျူးသည် ယခုအခါ လုံးဝနီးပါး မေ့လျော့ ခံထားရသည်။ တစ်ချိန်က ရွှဲ့ပြည်နယ်နန်းတွင်းကို နှစ်ပေါင်း ၂၀ နီးပါး လွှမ်းမိုးချုပ်ကိုင်ခဲ့သော ကျူးဟုန်ကျူး အား လွန်ခဲ့သည့် နှစ်များအတွင်း လုံးဝနီးပါး မေ့လျော့ထားခဲ့ကြသည်။

ကျူးမိသားစုသည် ရွှဲ့ပြည်နယ် နန်းတွင်းကို လွှမ်းမိုးခဲ့ဖူး၏။ ထျန်းရွဲ့မြို့ တိုက်ပွဲအပြီး နင်ကျန်း အာဏာပြန်ရလာသည့်အချိန်မှာတော့ ကျူးမိသားစုသည် လုံးဝ ဖြုတ်ချခံလိုက်ရသည်။ ထိုအချိန်က နန်းတွင်း တစ်ခုလုံး လေးပုံသုံးပုံခန့် လစ်လပ်သွားခဲ့ပြီး ရွှဲ့ပြည်နယ်၏ မှူးမတ်ရာထူး ထက်ဝက်ကျော်မှာ နေရာလွတ် ဖြစ်နေခဲ့သည်။ နန်းတွင်းယန္တရား လည်ပတ်ရန်ပင် မဖြစ်နိုင်လောက်အောင် ဖြစ်ခဲ့၏။

သို့သော်ငြား ခြောက်နှစ်၊ ခုနစ်နှစ်ခန့်သာ ကုန်ဆုံးသွားခဲ့ပြီးနောက် ရွှဲ့ပြည်နယ်၏ နန်းတွင်းနှင့် ဒေသန္တရ အုပ်ချုပ်ရေးပိုင်း တို့တွင် အရည်အချင်းရှိသူများဖြင့် ပြည့်နှက်နေခဲ့၏။ ထင်ရှားကျော်ကြားလှသော ကျူးမိသားစုမှာ ပထမဦးစွာ ဖြုတ်ချခံရသည်။ ထို့နောက် စောင့်ကြည့်ခံရကာ၊ နောက်ဆုံးတွင် မေ့လျော့ခြင်း ခံလိုက်ရသည်။

တစ်ချိန်က ထိပ်သီးပညာရှင် ဖြစ်ခဲ့ဖူးသော ကျူးဟုန်ပင်းမှာ အစပိုင်းတွင် မာန်မာန ကြီးမားခဲ့၏။ သူသည် ရွှဲ့ပြည်နယ် နန်းတွင်းကို အေးစက်စွာ စောင့်ကြည့်နေခဲ့ပြီး ရေနက်တပ်ဖွဲ့၏ စောင့်ကြည့်မှုအောက်တွင် နေထိုင်ခဲ့ရသည်။ သူသည် မာန်မာနကြီးပြီး အရှုံးမပေးခဲ့ပေ။ ယခင်ကဆိုလျှင် ကျူးနင်သည် ကျင်းမူကုန်းနှင့် လက်ထပ်ရမည်ကို မနှစ်မြို့သောကြောင့် နေမကောင်းဟန်ဆောင်ကာ ရှောင်လွှဲခဲ့ဖူး၏။

ယခုအခါ ကျူးမိသားစုအား စောင့်ကြည့်ခြင်းကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ရာ ကျူးဟုန်ပင်းနှင့် ကျူးနင်တို့သည် လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ကြပြီ ဖြစ်၏။ အကျဉ်းထောင်ထဲတွင် ရှိနေသော ကျူးဟုန်ကျူးမှာမူ အကျဉ်းသားတစ်ယောက် ဖြစ်နေဆဲပင်။

အပြင်လောကတွင် ဘာတွေဖြစ်ပျက်နေသည်ကို သူ မသိရှိရပေ။ သူ့အား တွေ့ဆုံခွင့် ပိတ်ပင်ထားသောကြောင့် ဖြစ်သည်။ သို့သော်ငြား သူ စိုးရိမ်ပူပန်ခြင်း မရှိချေ။ အကြောင်းမူကား သူသည် တော်ဝင်ရန်အင်ပါယာ အပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသောကြောင့်ပင်။

ရှမ့်လန်၏ နိုင်ပွဲအားလုံးမှာ ယာယီသာဖြစ်ပြီး မီးခိုးငွေ့ပမာ လွင့်ပါးပျောက်ကွယ်သွားရန် ကံပါလာပြီးသား ဖြစ်သည်။ အတိတ်ကာလက ကျန်းလီသည် ရှမ့်လန်လောက် ထင်ရှားကျော်ကြားခြင်း မရှိခဲ့ပေဘူးလား။ နောက်ဆုံးတွင် သေဆုံးခဲ့ရသည်သာ။ တော်ဝင်ချန်အင်ပါယာကြီးတစ်ခုလုံး မပျက်စီးခဲ့ပေဘူးလား။

ကျူးဟုန်ကျူးသည် အကျဉ်းထောင်ထဲတွင် သူ၏ ကျန်းမာရေးကို တည်ငြိမ်စွာ ထိန်းသိမ်းထားခဲ့၏။ သူသည် နေ့စဉ် တိရိစ္ဆာန်ခြောက်မျိုး လေ့ကျင့်ခန်းကို ပြုလုပ်လေ့ရှိပြီး ရွှဲ့ပြည်နယ် ရေနက်တပ်ဖွဲ့ကလည်း သူ့အတွက် စားသောက်ဖွယ်ရာများကို လျှော့ပေါ့ပေးခြင်း မရှိခဲ့ပေ။ သူသည် အချိန်ကာလကို တိတ်တဆိတ် တွက်ချက် ကြည့်ပြီး အနည်းငယ် စိုးရိမ်ပူပန်လာမိသည်။ အချိန်နီးကပ်နေပြီ ဖြစ်ရာ တော်ဝင်ရန်အင်ပါယာ သည် ရှမ့်လန်ကို ဖျက်ဆီးပစ်လောက်ပြီ ဖြစ်၏။

ရုတ်တရက် အကျဉ်းထောင်တံခါး ပွင့်လာခဲ့သည်။ ရေနက်တပ်ဖွဲ့မှ လူငယ်ထောင်မှူးတစ်ဦး ပေါ်လာခဲ့၏။ ထိုသူကို သူ တစ်ခါမှ မမြင်ဖူးပေ။ ထိုလူငယ်၏ နောက်တွင် ရေနက်တပ်ဖွဲ့မှ စစ်သည်လေးဦး ပါလာခဲ့သည်။ ရန်အီ မဟုတ်ပေ။

ရေနက်တပ်ဖွဲ့ ထောင်မှူးက ပြောသည်။ “သွားကြစို့... ကျူးဟုန်ကျူး...”

ကျူးဟုန်ကျူး မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။ “ရန်အီ ဘယ်မှာလဲ။”

ရေနက်တပ်ဖွဲ့ ထောင်မှူးက ပြန်ဖြေလိုက်သည်။ “အကြီးအကဲက သိပ်အလုပ်များနေတယ်။”

ကျူးဟုန်ကျူးက နှာခေါင်းရှုံ့လိုက်၏။ သူသည် ရွှဲ့ပြည်နယ်၏ နံပါတ်တစ် အကျဉ်းသား၊ တော်ဝင်ရန် အင်ပါယာ အင်ပါယာ ကိုယ်တိုင် ခန့်အပ်ထားသော ရွှဲ့ပြည်နယ် ဝန်ကြီးချုပ်၊ တော်ဝင်ရန် အင်ပါယာ၏ မဟာပညာရှင်ကြီး ဖြစ်သည်။ ရန်အီက အဘယ့်ကြောင့် လာမတွေ့နိုင်ရသနည်း။

ကျူးဟုန်ကျူးက ပြုံးကာ မေးလိုက်သည်။ “ကျုပ်ကို ခရီးတစ်ခုခုပို့ဖို့ လာတာလား။ အရက် ဘာလို့ မပါလာတာလဲ။”

ရေနက်တပ်ဖွဲ့ ထောင်မှူးက အေးစက်စွာ အော်ပြောလိုက်၏။ “ဘာတွေ စကားများနေတာလဲ။ သွားမယ်။”

သူ့မျက်လုံးများထဲတွင် ရွံရှာမှုများ ပြည့်နှက်နေသည်။

All Chapters