← Chapters

အခန်း (၁၅၄၆-၁၅၄၈)

Vol. 104 Ch. 1546-1548

အခန်း (၁၅၄၆-၁၅၄၈)

Vol. 104 Ch. 1546-1548

အခန်း (၁၅၄၆)

ထျန်းကျိရဲတိုက် ဖျက်ဆီးခံရခြင်း

ထျန်းကျိကမ္ဘာပေါ်ရှိ လူအားလုံးသည် ရှန်ဝူ ဧကရာဇ်၏တိုက်ခိုက်မှုကြောင့် လျင်မြန်စွာ ချေမှုန်းခံလိုက်ရ၏။ ရှန်ဝူဧကရာဇ်၏ ကောင်းကင်နတ်ဆိုးစွမ်းအားသည် သာမန်ကျင့်ကြံသူများအတွက် ခုခံနိုင်စွမ်းလုံးဝမရှိသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

ယခုတော့ထျန်းကျိရဲတိုက်အတွင်း ပုန်းအောင်းနေသည့် ထျန်းကျိရဲတိုက်၏ အဓိက အဖွဲ့ဝင်များသာ ကျန်ရှိတော့သည်။

ထျန်းကျိကမ္ဘာရှိ မြင့်မားစွာ တည်ရှိနေသည့် ရဲတိုက်ကို ကြည့်ကာ ရှန်ဝူ ဧကရာဇ် နှာခေါင်းရှုံ့လိုက်ပြီး ကောင်းကင်နတ်ဆိုး စွမ်းအားကို ထပ်မံ အသုံးပြုလိုက်သည်။

ကောင်းကင်နတ်ဆိုး စွမ်းအားများသည် ကြီးမားသော လက်ဝါးရိပ်တစ်ခုအဖြစ် ချက်ချင်း စုစည်းသွားပြီး ထိုရဲတိုက်ဆီသို့ တိုက်ရိုက် ရိုက်ခတ်သွားသည်။ ထိုလက်ဝါးရိပ်ကြီး ဖြတ်သန်းရာလမ်းကြောင်းရှိ အာကာသသည်ပင် ပုံပျက်ပန်းပျက်ဖြစ်ကာ အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်။

ကောင်းကင်နတ်ဆိုး စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးရိပ် ထျန်းကျိရဲတိုက်နှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် ရဲတိုက်၏ ထိပ်ဖျားမှ တစ်လက်မချင်းအလိုက် အက်ကွဲသွားပြီး မကြာမီ ရဲတိုက်တစ်ခုလုံး အောက်သို့ စတင် ပြိုကျလာသည်။

ရဲတိုက်ပြိုကျမှုကို သိသွားသည့် ရဲတိုက်အတွင်းရှိ ကျင့်ကြံသူများလည်း ထိတ်လန့်သွားကြပြီး ထွက်ပေါက်အသီးသီးမှ ထွက်ပြေးကြကုန်၏။ သို့သော် ရှန်ဝူ ဧကရာဇ်၏ အာကာသ ကန့်သတ်ချက်ကို မကျော်ဖြတ်နိုင်ကြောင်း အာကာသ တည်နေရာရွှေ့ပြောင်းခြင်းဖြင့် ထျန်းကျိကမ္ဘာမှ ထွက်ခွာရန် ကြိုးပမ်းခဲ့သည့် အချို့သော ဧကရာဇ်အဆင့်များ တွေ့လိုက်ရသည်။

ရုန်းကန်နေကြသည့် ဧကရာဇ်အဆင့်များကို ကြည့်ကာ ရှန်ဝူ ဧကရာဇ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဟင်းလင်းပြင်ဘက်သို့လှည့်ကာ

“ရွှမ်ထျန်း... ခင်ဗျား အခု ထွက်မလာဘူးဆိုရင် ခင်ဗျားရဲ့ ထျန်းကျိရဲတိုက်က သမိုင်းအဖြစ်ပဲ ကျန်ရစ်တော့မှာပဲ။”

ရွှမ်ထျန်း၏ အင်အားနှင့်ဆိုလျှင် ဤနေရာတွင် ဖြစ်ပျက်နေသည့် အရာကို ဧကန်မုချ သိလိမ့်မည်ဟု ရှန်ဝူ ဧကရာဇ် ယုံကြည်ထားသည်။ ထျန်းကျိရဲတိုက်ကို ရွှမ်ထျန်းအနေနှင့် ဂရုစိုက်နေဆဲလားဟု ရှန်ဝူ ဧကရာဇ် အလွန်သိချင်နေ၏။

ရွှမ်ထျန်း မည်မျှကြာသည်အထိ စောင့်ကြည့်နိုင်မလဲဟု သူ တွေးမိသည်။

သို့မဟုတ် ဤရဲတိုက်ကို သူ တကယ်ပဲ စွန့်လွှတ်လိုက်ပြီလား။

သို့သော် ဆယ့်ငါးမိနစ်ခန့် ကြာသွားသော်လည်း ရွှမ်ထျန်း ကိုယ်ထင်မပြလာသဖြင့် ထျန်းကျိကမ္ဘာမှ ဧကရာဇ်အဆင့်များကို ရှန်ဝူ ဧကရာဇ်က

“ခင်ဗျားတို့ကို ပစ်ပယ်သွားတဲ့ ခင်ဗျားတို့ရဲ့ ရဲတိုက်သခင်ကိုပဲ အပြစ်တင်လိုက်ကြတော့။”

ထိုစကားများနှင့်အတူ ကောင်းကင်နတ်ဆိုး စွမ်းအားကို ရှန်ဝူ ဧကရာဇ် ထပ်မံ အသုံးပြုလိုက်၏။ ထိုအခါ ၎င်းဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် လက်ဝါးရိပ်ကြီးလည်း ထျန်းကျိရဲတိုက်မှ ဧကရာဇ်များဆီသို့ တိုက်ရိုက် ရိုက်ခတ်သွားပြန်သည်။

ဧကရာဇ်များ ခုခံရန် ကြိုးစားကြသော်လည်း နတ်ဆိုးစွမ်းအားနှင့် ထိတွေ့လိုက်သည်နှင့် သူတို့၏ စိတ်ဝိညာဉ် စွမ်းအားများ ဖိနှိပ်ခံလိုက်ရသဖြင့် ကျင့်စဉ်များကိုပင် အသုံးမပြုနိုင်တော့ချေ။ ဧကရာဇ်အချို့သည် နောက်ဆုံးအခိုက်အတန့်တွင် အသက်စွန့်ပြီး အစွမ်းကုန်ခုခံရန် ကြိုးပမ်းခဲ့သော်လည်း ရှန်ဝူဧကရာဇ်၏ စွမ်းအားရှေ့မှောက်တွင် ပိုးဖလံများ မီးလျှံထဲသို့ ခုန်းဆင်းသကဲ့သို့သာ ဖြစ်ခဲ့ရသည်။

ဤသို့ဖြင့် ရှန်ဝူ ဧကရာဇ်သည် ထျန်းကျိကမ္ဘာတစ်ခုလုံးကို အားစိုက်စရာမလို ဖျက်ဆီးလိုက်၏။ ထျန်းကျိရဲတိုက်သည်လည်း ဗဟိုကြယ်နယ်မြေမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ထွက်ပြေးသွားကြသည့် ထိုဧကရာဇ်အဆင့်များကိုလည်း လွှတ်ပေးရန် ရှန်ဝူ ဧကရာဇ်၌ ရည်ရွယ်ချက် မရှိပေ။ ၎င်းတို့သည် ရွှမ်ထျန်းနှင့် ဆက်နွှယ်နေသဖြင့် အမြစ်ပြတ် ချေမှုန်းရန် သူဆုံးဖြတ်ထား၏။

ရွှမ်ထျန်း ကိုယ်တိုင် ပေါ်မလာသော်လည်း သူနှင့်ဆက်နွယ်သူအားလုံး သုတ်သင်ခံရမည်ဆိုသည့် သတင်းစကားကို စကြ၀ဠာထဲသို့ ပေးပို့လိုက်ခြင်းလည်းဖြစ်သည်။

ဤလောကတွင် ထျန်းကျိရဲတိုက်အဖွဲ့ဝင် တစ်ယောက်မှ မကျန်ရှိစေရဟုလည်း သူ့ကိုယ်သူ ကတိပေးထားသည်။

သို့သော် ထိုဧကရာဇ်များကို ရှန်ဝူ ဧကရာဇ် ချက်ချင်း လိုက်မဖမ်းသေးပေ။ ထျန်းကျိရဲတိုက်၏ ဧကရာဇ်အဆင့် အမြောက်အမြားကို ဝါးမြိုပြီးနောက် သူ ရုတ်တရက် အိပ်ငိုက်လာသလို ခံစားလိုက်ရသည်။

ထို့နောက် ရှန်ဝူ ဧကရာဇ် ရှန်ယွဲ့နိုင်ငံသို့ ပြန်သွားသည်။

ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်များသည် ခန်းမကြီးအတွင်း၌ စောင့်ဆိုင်းနေဆဲ ဖြစ်၏။ ထျန်းကျိရဲတိုက်ကို ရှန်ဝူ ဧကရာဇ် မည်သို့ ဖျက်ဆီးမည်ကို သွားရောက်ကြည့်ရှုရန် အချို့က စဉ်းစားနေကြသော်လည်း သူ၏ ပုံရိပ် ခန်းမအတွင်းသို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရှန်ဝူ ဧကရာဇ်သည် ခန်းမအတွင်းရှိ ဧကရာဇ်များကို တစ်ချက်ကြည့်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသည့် အငွေ့အသက်နှင့်အတူ စကားစလိုက်၏။

“ဒီနေ့ကစပြီး ရှန်ယွဲ့နိုင်ငံက စကြဝဠာထဲက ထိပ်တန်း အင်အားစု အားလုံးကို စစ်ကြေညာတယ်။ သူတို့ ရှန်ယွဲ့နိုင်ငံဆီမှာ လက်နက်ချတာကို ကျုပ် မလိုချင်ဘူး။ သူတို့ အားလုံးကို ရှန်ယွဲ့နိုင်ငံအတွက် အာဟာရတွေ ဖြစ်လာစေချင်တာ။”

ထိုအရာကို ကြားလျှင် စုဝေးနေကြသည့် ဧကရာဇ်များ စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် ကောင်းကင်နတ်ဆိုးများအဖြစ် ပြောင်းလဲသွားကတည်းက ကျင့်ကြံသူများကို အရသာရှိသော အစားအစာများကဲ့သို့ပင် တောင့်တနေခဲ့ကြခြင်းဖြစ်သည်။

သူတို့၏မျက်လုံးများတွင် လောဘစိတ်များ တောက်ပလာပြီး မကြာမီ စကြ၀ဠာတစ်ခွင် ပျံ့နှံ့သွားမည့် စားသောက်ပွဲကြီးကို စိတ်ကူးယဉ်နေကြသည်။ အဘယ့်ကြောင့်ဆို‌သော် ရှန်ဝူ ဧကရာဇ်၏ စကားများအရ သူတို့အနေနှင့် လူသားများကို အကန့်အသတ်မရှိ ဝါးမြိုနိုင်တော့မည်ဟု ဆိုလို‌နေသောကြောင့်ဖြစ်သည်။

ထိုစဉ် ကောင်းကင်နတ်ဆိုး ဧကရာဇ်များ ဒူးထောက်လိုက်ပြီး တညီတညွတ်တည်း ပြောလိုက်ကြသည်။

“မင်းကြီး ပညာရှိလှပါတယ်”

ရှန်ဝူ ဧကရာဇ်စိတ်ထဲ လူသားတို့၏ စိတ်အာရုံ အကြွင်းအကျန်များ ရှိနေနိုင်ပြီး လူသားများကို စားရန် တွန့်ဆုတ်နေမလားဟုအချို့သော ဧကရာဇ်များ စိုးရိမ်ခဲ့ကြသည်။ သို့သော် လက်နက်ချခြင်းကို ရှန်ဝူ ဧကရာဇ် က လက်မခံဟု ကြေညာလိုက်ကတည်းက သူတို့ စားသောက်ပွဲ ကျင်းပခြင်းကို မည်သည့်အရာကမှ တားဆီးနိုင်တော့မည် မဟုတ်ပေ။

သူ၏ ရှေ့မှောက်ရှိ ဧကရာဇ်များကို ရှန်ဝူ ဧကရာဇ် ကြည့်ရှုစစ်ဆေးလိုက်ရာ ၎င်းတို့၏ မငြိမ်မသက်ဖြစ်နေသော စိတ်ခံစားချက်များကို ခံစားမိလိုက်သည်။ သူတို့၏ အတွေးများကို သူ လျင်မြန်စွာ နားလည်လိုက်သော်လည်း သိပ်ပြီး ဂရုမစိုက်ပေ။

ယခု သူသည် ဤနတ်ဆိုးများ၏ ဧကရာဇ်ဖြစ်၏။ သူတို့၏ဆန္ဒများကို ဖြည့်ဆည်းပေးခြင်းသည် သူတို့၏သစ္စာခံမှုကို ခိုင်မာစေမည့် နည်းလမ်းတစ်ခုဖြစ်သည်။

ထို့ပြင် ကျင့်ကြံသူများကို သူကိုယ်တိုင်ပင် စတင်ဝါးမြိုနေပြီဖြစ်ရာ မည်သို့ပင်ဖြစ်စေ သူ၏ လက်အောက်ငယ်သားများကိုလည်း ထိုသို့မလုပ်ရန် တားမြစ်၍ မရနိုင်တော့ချေ။

ဘာပဲဖြစ်ဖြစ် ထိုအရာက အရေးမကြီးတော့ပေ။ သူတို့အားလုံးသည် ကောင်းကင်နတ်ဆိုးများ ဖြစ်သွားကြပြီဖြစ်ပြီး ကျင့်ကြံသူများနှင့် သဘာဝရန်သူများ ဖြစ်နေကြပြီဖြစ်သည်။

ဗဟိုကြယ်နယ်မြေ၏ ကျင့်ကြံသူများသည် ရှန်ယွဲ့နိုင်ငံကို တိုက်ခိုက်ရန် မဟာမိတ်ဖွဲ့ စုစည်းလာနိုင်သဖြင့် ထိုထိပ်တန်း အင်အားစုများကို အားနာနေရန် မလိုတော့ပေ။

ထိုထိပ်တန်း အင်အားစုများမှ ဧကရာဇ်အဆင့်များ ပြင်ပနယ်မြေသို့ သွားရောက်နေစဉ်အတွင်း သူ ဦးအောင် တိုက်ခိုက်ရန် ကြံစည်လိုက်သည်။ ယခုအချိန်က ၎င်းတို့၏ နည်းဗျူဟာ ပုံစံများကို ဖျက်ဆီးရန် အခွင့်ကောင်းပင်။ သူတို့၏ ခေါင်းဆောင်များ ပြင်ပနယ်မြေတွင် ရှိနေချိန်က ဤအင်အားစုများအတွက် အားနည်းချက်အရှိဆုံး အချိန်ဖြစ်သည်ကို သူ ကောင်းကောင်းသိသည်။

ထိုဧကရာဇ်များ ပြန်လာချိန်တွင် သူတို့၌ ခိုလှုံရာ ရှိတော့မည် မဟုတ်ပေ။ ထိုအခါ ဧကရာဇ်အဆင့်များကို သူ အလိုရှိသလောက် ဝါးမြိုနိုင်မည် ဖြစ်သည်။

ထိုအတွေးနှင့်အတူ သူ၏လက်ကို ရှန်ဝူ ဧကရာဇ် ဝေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် အနက်ရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး ခန်းမအတွင်းမှ ထွက်ခွာသွားသည်။

ဧကရာဇ်များလည်း တညီတညွတ်တည်း

“မင်းကြီးကို နှုတ်ဆက်ပါတယ်”

ရှန်ဝူ ဧကရာဇ် ထွက်ခွာသွားပြီးနောက် ဗဟိုကြယ်နယ်မြေရှိ ထိပ်တန်း အင်အားစု အားလုံးကို ရှန်ယွဲ့နိုင်ငံက စစ်ကြေညာကြောင်း ချက်ချင်း ထုတ်ပြန်လိုက်သည်။

ထိုသတင်းကို ကြားလျှင် အချို့သော ထိပ်တန်း အင်အားစုများ မယုံနိုင်အောင် ဖြစ်သွားကြသည်။ ရှန်ဝူ ဧကရာဇ်နှင့် ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်တို့ ပြင်ပနယ်မြေသို့ ဦးတည်သွားသည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သို့သော် ယခုအချိန်တွင် ရှန်ဝူဧကရာဇ်သည် ပြန်လည်ရောက်ရှိလာပြီး ထျန်းကျိရဲတိုက်ကိုပါ ဖျက်ဆီးပစ်လိုက်ပြီဆိုသည့် သတင်းက သူတို့ကို အလွန်ထိတ်လန့်သွားစေသည်။

ရှန်ဝူ ဧကရာဇ် မရှိပဲနှင့် ဗဟိုကြယ်နယ်မြေ၏ ထိပ်တန်း အင်အားစု အားလုံးကို ရှန်ယွဲ့နိုင်ငံက မည်သို့ စစ်ကြေညာရဲသနည်း။

အဓိကအချက်က ရှန်ယွဲ့နိုင်ငံ၏ ထုတ်ပြန်ချက် အလွန် မောက်မာလွန်းနေခြင်း ဖြစ်သည်။ ဗဟိုကြယ်နယ်မြေရှိ ထိပ်တန်း အင်အားစု အားလုံးကို စစ်ကြေညာရုံသာမက မည်သည့်အခြေအနေ၌မဆို လက်နက်ချခြင်းကို လက်ခံရန်လည်း ငြင်းဆိုခဲ့သည်။

ထိုအရာက ဗဟိုကြယ်နယ်မြေ တစ်ခုလုံးကို ရှင်းလင်းရန် အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို ဖော်ပြနေခြင်းပင်။

ဤအရာကို ကောလာဟလဖြစ်နိုင်သည်ဟု လူများ သံသယဝင်နေစဉ်မှာပင် ထျန်းကျိရဲတိုက် ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လာသည်။ ထိုပျက်စီးမှုကို ထွက်ပြေးလာသည့် ထျန်းကျိရဲတိုက်မှ ဧကရာဇ်များကလည်း အတည်ပြုပေးခဲ့ကြသည်။

စကြဝဠာ၏ ရှေးအကျဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်သည့် ထျန်းကျိရဲတိုက် ပျက်စီးသွားခြင်းက ဗဟိုကြယ်နယ်မြေရှိ ထိပ်တန်း အင်အားစုများအကြား သတိထားမှုကို ချက်ချင်း မြင့်တက်စေခဲ့သည်။ ထိုသို့ဖြင့် ထိပ်တန်းအင်အားစုများသည် ထျန်းကျိရဲတိုက် ပျက်စီးမှုကို စုံစမ်းရန်နှင့် ရှန်ယွဲ့နိုင်ငံအကြောင်း ထောက်လှမ်းရေး သတင်းများ စုဆောင်းရန် သူလျှိုများ အလျင်အမြန်စေလွှတ်လိုက်ကြသည်။

မကြာမီ ထိပ်တန်း အင်အားစု အသီးသီးလည်း သူတို့ စုဆောင်းရရှိခဲ့သည့် အချက်အလက်များကြောင့် ထိတ်လန့်သွားကြ၏။ ထို့ကြောင့် သူတို့၏ နည်းဗျူဟာ ပုံစံများကို စတင် အသက်သွင်းလိုက်ကြသည်။

ရှန်ယွဲ့နိုင်ငံသည် ကောင်းကင်နတ်ဆိုး စွမ်းအားများဖြင့် လုံးဝ ဖုံးလွှမ်းခြင်း ခံထားရသည်။ ယခု ရှန်ယွဲ့နိုင်ငံသည် လူသားဆန်မှု မရှိသော နတ်ဆိုးများဖြင့်သာ ဖွဲ့စည်းထားသည့် ကောင်းကင်နတ်ဆိုး အင်ပါယာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

နတ်ဆိုးတွင်းကြီး သူတို့၏ အနားရှိ ဗဟိုကြယ်နယ်မြေတွင် တည်ရှိနေသဖြင့် ထိပ်တန်း အင်အားစုများမှ ဧကရာဇ်များလည်း ကျင့်စဉ်အပေါ် အာရုံစိုက်ရန် ခက်ခဲလာကြသည်။

ကြားနေဖြစ်သည့် ထျန်းကျိရဲတိုက်၏ ဖြန်ဖြေပေးမှု မရှိတော့သဖြင့် ထိုရှေးဟောင်း မြင့်မြတ်နယ်မြေများကြား မဟာမိတ်ဖွဲ့ရန် ခက်ခဲနေ၏။ သို့သော် အချို့သော မြင့်မြတ်နယ်မြေမှ ဧကရာဇ်များ ရှေ့သို့ထွက်လာပြီး ရှန်ယွဲ့နိုင်ငံ၏ ကောင်းကင်နတ်ဆိုးများကို ခုခံရန်အတွက် ဗဟိုကြယ်နယ်မြေရှိ ထိပ်တန်း အင်အားစုများ စည်းလုံးကြရန် တိုက်တွန်းခဲ့ကြသည်။

ယခုရှန်ယွဲ့နိုင်ငံသည် လူသားအားလုံး၏ ဘုံရန်သူဖြစ်လာပြီဖြစ်၏။ ယခုအချိန်တွင် စည်းလုံးမှုမရှိပါက နောက်ပိုင်းတွင် တစ်ဦးချင်းစီ အဖျက်ဆီးခံကြရမည်သာဖြစ်သည်။

……

ထိုအချိန်တွင်။

ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ ပြင်ပ၌ ဖြစ်သည်။

ရှနိုင်ငံ၏ နတ်လှေများသည် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ ပြင်ပတွင် တပ်စွဲထားပြီး ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးပေ။ တိုက်ရိုက် တိုက်ခိုက်ရမည်လား သို့မဟုတ် ရနတ်လှေအုပ်စုကို တိုက်ခိုက်ခိုင်းရမည်လားဟု လုချန်း စဉ်းစားနေစဉ် ထောက်လှမ်းရေးအတွက် တာဝန်ယူရသည့် ဧကရာဇ်တစ်ပါး လုချန်းဆီသို့ ချဉ်းကပ်လာသည်။

“မင်းကြီး... ရှန်ယွဲ့နိုင်ငံဆီက အချက်အလက် ရရှိထားပါတယ်။”

ထိုအရာကို ကြားလျှင် လုချန်းက

“ရှန်ယွဲ့နိုင်ငံက ဘာတွေ လှုပ်ရှားနေလဲ”

ထိုဧကရာဇ်က မှတ်ဉာဏ်ကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး လုချန်းထံသို့ ကမ်းပေးလိုက်သည်။ ထိုအခါ ၎င်း၏ အကြောင်းအရာများကို စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် လုချန်း စိတ်ထဲ တွေးလိုက်သည်။

“ထျန်းကျိရဲတိုက်က ရှန်ဝူ ဧကရာဇ်ရဲ့ လက်ချက်နဲ့ တကယ် ပျက်စီးသွားပုံရတယ်။”

ထိုအရာ ကိုယ့်သေတွင်းကိုယ်တူးချင်းမို့ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပေ။ သို့သော် ပြောရမည်ဆိုလျှင် ထျန်းကျိရဲတိုက် ပျက်စီးသွားသော်လည်း ရွှမ်ထျန်းက ဘာကြောင့် ပေါ်မလာခဲ့သနည်း။

သူကိုယ်တိုင် ဖန်တီးခဲ့သည့် ထျန်းကျိရဲတိုက်ကိုပင် ထားရစ်ခဲ့ပြီး ရွှမ်ထျန်းတစ်ယောက် ဘယ်ကို ရောက်နေသနည်း။

ထိုစဉ် လုချန်းဆီသို့ ထိုက်ခန်းဧကရာဇ်နှင့် အခြားသူများ ချဉ်းကပ်လာကြ၏။ ထို့နောက် မိုးကြိုး ဧကရာဇ်က

“မင်းကြီး... ကျုပ်တို့ အခု တိုက်ခိုက်ကြတော့မလား”

ခဏခန့် စဉ်းစားပြီးနောက် မှတ်ဉာဏ်ကျောက်တုံးကို မိုးကြိုး ဧကရာဇ်နှင့် အခြားသူများထံသို့ လုချန်း ပစ်ပေးလိုက်သည်။ ၎င်း၏ အကြောင်းအရာများကို စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်အခါ အားလုံး မှင်တက်သွားကြတော့သည်။

…………..

အခန်း( ၁၅၄၇ )

ချင်းယွဲ့မြင့်မြတ်နယ်မြေအား တိုက်ခိုက်ခြင်း

ရှေးအကျဆုံးဖြစ်သည့် ထျန်းကျိရဲတိုက် အချိန်တိုအတွင်း ပျက်သုဉ်းသွားလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။

ရှန်ယွဲ့နိုင်ငံက ဗဟိုကြယ်နယ်မြေတစ်ခုလုံးကို စစ်ကြေညာရဲသည့် သတ္တိမှာလည်း ပို၍ပင် မထင်မှတ်ထားစရာ ဖြစ်နေသည်။

“လာမယ့်စစ်ပွဲက ကျင့်ကြံသူတွေအချင်းချင်း တိုက်တဲ့စစ်ပွဲမဟုတ်တော့ဘူး၊ ကျင့်ကြံသူတွေနဲ့ ကောင်းကင်နတ်ဆိုးတွေကြားက စစ်ပွဲပဲ”

ဟု လုချန်းက ပြောလိုက်၏။

ထိုအရာကို ကြားလျှင် ဧကရာဇ်အဆင့်များ တိတ်ဆိတ်သွားကြကုန်၏။ ဤနေ့ရက် ဤမျှအစောကြီး ရောက်လာလိမ့်မည်ဟု သူတို့ အစက မထင်ထားခဲ့ကြပေ။

ထိုစဉ်က ခေတ်ကူးကပ်ဘေး ရောက်ရန် နှစ်ပေါင်းတစ်သောင်းခန့် လိုသေးသည်ဟု ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ပြောခဲ့သော်လည်း ယခုမူ ကောင်းကင်နတ်ဆိုးများ သောင်းကျန်းမှုက အလွန်လျင်မြန်စွာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ကောင်းကင်နတ်ဆိုးများ ဤမျှမြန်မြန် သောင်းကျန်းလာခြင်းက ခေတ်ကူးကပ်ဘေးသည်လည်း ပို၍စောစီးစွာ ရောက်ရှိလာနိုင်သည့် လက္ခဏာဖြစ်နိုင်သည်။ ရှန်ယွဲ့နိုင်ငံမှ ကောင်းကင်နတ်ဆိုးများ ကျင့်ကြံသူများကို ဝါးမြိုလေလေ ၎င်းတို့၏ စွမ်းအားနှင့် အရေအတွက် တိုးပွားလေလေ ဖြစ်နေသည်။

ထို့ကြောင့် ကပ်‌ဘေးကျရောက်ရန် နောက်ထပ် နှစ်ပေါင်းတစ်သောင်း အထိ လိုတော့ပုံမရပဲ နှစ်အနည်းငယ်အတွင်းပင် ရောက်လာနိုင်သည်ဟု ဆိုလိုခြင်းလား။

သို့သော်လည်း ခေတ်ကူးကပ်ဘေး ကြိုတင်ရောက်လာသည်ဆိုလျှင်လည်း ချင်းယွဲ့မြင့်မြတ်နယ်မြေကို သူတို့ တိုက်ခိုက်မည့်အစီအစဉ်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။

လုချန်း အဘယ်ကြောင့် ဤသို့ပြောရသည်ကို အချို့သူများ နားမလည်ကြသေးပေ။

လုချန်း ဆက်လက်၍

“ကျင့်ကြံသူတွေနဲ့ ကောင်းကင်နတ်ဆိုးတွေကြားက စစ်ပွဲဖြစ်နေပြီဆိုတော့ ကျုပ်တို့ ကျင့်ကြံသူတွေအချင်းချင်း မတိုက်ခိုက်ကြတော့ပဲ ပူးပေါင်းသင့်ပြီ။”

လုချန်း၏ စကားကို နားထောင်ပြီးနောက် သူ၏ ရည်ရွယ်ချက်ကို လူတိုင်း ချက်ချင်း သဘောပေါက်သွားကြသည်။ ဗဟိုကြယ်နယ်မြေရှိ အခြားသော အင်အားစုများနှင့် ပူးပေါင်းကာ ကောင်းကင်နတ်ဆိုးများကို စုပေါင်းခုခံရန် လုချန်း စဉ်စားထားခြင်း ဖြစ်၏။

သို့‌သော် ထိုသို့ပူးပေါင်းပါက ရှနိုင်ငံတော်အနေနှင့် အခြားအင်အားစုများကို စိတ်ထင်တိုင်း မတိုက်ခိုက်နိုင်တော့ပေ။ မဟုတ်ပါက အခြားအင်အားစုများ၏ ယုံကြည်မှုကို ရရှိရန် ခဲယဉ်းသွားမည်ဖြစ်သလို မဟာမိတ်ဖွဲ့ရန်လည်း မဖြစ်နိုင်တော့ပေ။

ထိုအကြောင်းကို တွေးမိသောအခါ ထိုက်ခန်းဧကရာဇ်လည်း သူ၏လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။ ချင်းယွဲ့နယ်မြေသခင်ကို သူ အမှန်တကယ် အမြစ်ပြတ်ချေမှုန်းလိုသော်လည်း လုချန်း၏ စကားများကလည်း အကျိုးအကြောင်းမဲ့တော့ မဟုတ်ပေ။ ကိုယ်ရေးကိုယ်တာ အမုန်းတရားထက် စကြဝဠာတစ်ခုလုံး၏ အရေးက

ပိုအရေးကြီးသည်ကို သူ နားလည်ထားသည်။

ကောင်းကင်နတ်ဆိုးများ၏ အန္တရာယ်က နီးကပ်နေပြီ ဖြစ်သဖြင့် စကြဝဠာအတွင်းရှိ ကျင့်ကြံသူအားလုံး စည်းလုံးကြရမည် ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် ကျင့်ကြံသူများ၏ စည်းလုံးမှုကို ဖျက်ဆီးမိပါက စကြဝဠာ၏ အပြစ်သား ဖြစ်သွားပေလိမ့်မည်။

ထိုက်ခန်းဧကရာဇ် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီးနောက်

“ကျွန်တော်တို့အားလုံး မင်းကြီးရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်”

လုချန်း ခပ်ပါးပါး ပြုံးလိုက်၏။ ထိုက်ခန်းဧကရာဇ် အနည်းငယ် မကျေမနပ် ဖြစ်နေသည်ကို သူ သတိထားမိသဖြင့် ချင်းယွဲ့မြင့်မြတ်နယ်မြေဆီသို့ တိုက်ရိုက် အသံလွှင့်ကာ

“ချင်းယွဲ့နယ်မြေသခင် ဘယ်မှာလဲ”

ထိုအခိုက်အတန့်တွင် ရှနိုင်ငံတော်၏ စစ်တပ်ရောက်လာသည်ကို ချင်းယွဲ့နယ်မြေသခင် သိရှိပြီးဖြစ်သော်လည်း ချင်းယွဲ့မြင့်မြတ်နယ်မြေအတွင်း၌သာ ပုန်းအောင်းနေပြီး ထွက်မလာခဲ့ပေ။

လုချန်း၏ အသံကို ကြားလျှင် ချင်းယွဲ့နယ်မြေသခင်က ကိုယ်ပွားတစ်ခုကို လွှတ်ကာ ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နည်းဗျူဟာ ပုံစံ အပြင်ဘက်သို့ ပျံသန်းလာစေ၏။ သူ၏ ကိုယ်ပွားသည် အရိပ်တစ်ခုလို လျင်မြန်စွာ ရွေ့လျားကာ နည်းဗျူဟာပုံစံ၏ အကာအကွယ်ကို ဖြတ်ကျော်၍ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ချင်းယွဲ့နယ်မြေသခင်၏ ကိုယ်ပွားက လုချန်းကို တစ်ချက်ကြည့်ပြီးနောက် ထိုက်ခန်းဧကရာဇ်အပေါ် အကြည့်ရောက်သွားကာ

“ထိုက်ခန်း... မင်းကိုငါ ဘယ်တုန်းက နှိပ်စက်ခဲ့လို့လဲ။ အခုတော့ ချင်းယွဲ့မြင့်မြတ်နယ်မြေကို သစ္စာဖောက်ပြီး ပြင်ပလူတွေကို ခေါ်လာပြီး တိုက်ခိုက်ခိုင်းနေတာလား”

ဟု နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“မင်း တကယ်ပဲ ငါ့ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ။”

“ချင်းယွဲ့မြင့်မြတ်နယ်မြေကို မင်းလက်ထဲ လွှဲပေးဖို့ ငါ စဉ်းစားနေတာ။ ဘာတွေ မကျေနပ်လို့ ဒီလောက်တောင် မစောင့်နိုင်ရတာလဲ။”

ထိုက်ခန်းဧကရာဇ် တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ကြားဖြတ်ပြောလိုက်၏။

“အပိုစကားတွေ ပြောနေဖို့ မလိုတော့ဘူး။ ချင်းယွဲ့မြင့်မြတ်နယ်မြေက ရှနိုင်ငံတော်ဆီ လက်နက်ချမှာလားလို့ပဲ ကျုပ် မေးချင်တယ်။”

“ကောင်းကင်နတ်ဆိုးတွေ သောင်းကျန်းနေပြီ။ ခေတ်ကူးကပ်ဘေးကလည်း မကြာခင် ရောက်လာတော့မှာ။ ကျင့်ကြံသူတွေ အချင်းချင်း အသက်လုတိုက်နေဖို့ မလိုတော့ဘူး။”

ချင်းယွဲ့နယ်မြေသခင် လှောင်ပြုံးဖြင့်

“ကောင်းကင်နတ်ဆိုးတွေ သောင်းကျန်းနေရင်တောင် ရှနိုင်ငံတော်ထဲ ကျုပ်ဝင်မှာမဟုတ်ဘူး။ ကျုပ် မမှားဘူးဆိုရင် ဒီစကြဝဠာမှာ ကောင်းကင်ဧကရာဇ် တစ်ပါး ပေါ်နေပြီ။ အဲ့ဒီ ကောင်းကင်ဧကရာဇ်က ခင်ဗျား မဟုတ်ဘူးမလား။”

ချင်းယွဲ့နယ်မြေသခင်သည် လုချန်းကို မတွေ့ဖူးသော်လည်း ထိုက်ခန်းဧကရာဇ်၏ ဘေးတွင် ရှိနေသည်ကို ကြည့်ပြီး လုချန်း မည်သူဆိုတာကို ရိပ်မိလိုက်ခြင်း ဖြစ်၏။

အဆင့်ကိုး ဧကရာဇ်ပင် မဟုတ်ပဲ ထိုက်ခန်းဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကပင် ရိုသေစွာ နေရသူဖြစ်သဖြင့် ထိုသူသည် ကောလာဟလများအရ ဘဝကူးပြောင်းလာသည့် ကောင်းကင်ဧကရာဇ်သာ ဖြစ်နိုင်ပေလိမ့်မည်။

လုချန်းက

“အဲ့ဒီ ကောင်းကင်ဧကရာဇ်က ကျုပ် မဟုတ်တာတော့ အမှန်ပဲ။ ဒါပေမဲ့ အဲ့ဒါနဲ့ ရှနိုင်ငံတော်ထဲ ဝင်ဖို့က ကိစ္စက ဘာဆိုင်လို့လဲ။”

ကောင်းကင်ဧကရာဇ်ဖြစ်ခြင်း မဖြစ်ခြင်းသည် ဤနေရာတွင် အဓိကအချက် မဟုတ်ကြောင်း သူ၏လေသံက ပြတ်ပြတ်သားသား ဖော်ပြနေသည်။

“ခင်ဗျားက ကောင်းကင်ဧကရာဇ်တောင် မဟုတ်ပဲနဲ့ ခင်ဗျားရဲ့ စကားကို နားထောင်ပြီး ရှနိုင်ငံတော်ထဲ ဘာလို့ ဝင်ရမှာလဲ”

ဟု ချင်းယွဲ့နယ်မြေသခင်က ခပ်အေးအေးပင် ပြန်ပြောလိုက်၏။

သူက ဆက်လက်၍

“ရှနိုင်ငံတော်ရဲ့ စစ်တပ်ကို ခေါ်လာရုံနဲ့ ချင်းယွဲ့မြင့်မြတ်နယ်မြေကို သိမ်းပိုက်နိုင်မယ်လို့ ထင်နေတာလား။”

“ရယ်စရာပဲ”

“မြင့်မြတ်နယ်မြေတစ်ခုရဲ့ အခြေခံအုတ်မြစ်ဆိုတာ အခုမှတည်ထောင်ထားတဲ့ နိုင်ငံတစ်နိုင်ငံနဲ့ နှိုင်းယှဉ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး။”

သူ၏စကားများသည် ရှနိုင်ငံတော်အား မထီမဲ့မြင်ပြုရုံသာမက ၎င်းတို့၏ ရှည်လျားသော သမိုင်းကြောင်းကိုပါ ဂုဏ်ယူဝင့်ကြွားနေခြင်း ဖြစ်သည်။

ချင်းယွဲ့နယ်မြေသခင် ဤမျှ ခေါင်းမာနေသည်ကို မြင်လျှင် လုချန်း သက်ပြင်းချလိုက်၏။ ဗဟိုကြယ်နယ်မြေရှိ အင်အားစုအားလုံးကို ရှန်ယွဲ့နိုင်ငံက စစ်ကြေညာလိုက်သည်ဟု ကြားပြီးနောက် သူ အမှန်တကယ်ပင် စစ်ပွဲများကို မတိုက်လိုတော့ပေ။

နောက်ဆုံး ရောက်လာမည့်တိုက်ပွဲမှာ ကျင့်ကြံသူများနှင့် ကောင်းကင်နတ်ဆိုးများအကြား တိုက်ပွဲသာ ဖြစ်၏။ ကျင့်ကြံသူများအချင်းချင်း တိုက်ခိုက်နေခြင်းက အင်အားများကိုသာ ပြုန်းတီးစေမည်ဖြစ်ပြီး ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ရန်လည်း ပိုမို ခက်ခဲသွားစေလိမ့်မည်။

ကောင်းကင်နတ်ဆိုးများ အရေအတွက် ထပ်မံတိုးပွားလာပါက သူ ခန့်မှန်းထားသကဲ့သို့ပင် ခေတ်ကူးကပ်ဘေးလည်း ပို၍ စောစီးစွာ ရောက်ရှိလာလိမ့်မည်။

ခေတ်ကူးကပ်ဘေးသည် သတ်မှတ်ထားသည့် အချိန်ရောက်မှ ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ပေ။ ကောင်းကင်နတ်ဆိုး အရေအတွက် သတ်မှတ်ချက်တစ်ခုသို့ ရောက်ရှိလာသောကြောင့် စကြဝဠာက သန့်စင်ရန်အတွက် ခေတ်ကူးကပ်ဘေးကို အသုံးပြုရခြင်းဟု သူ အရင်ကတည်းက တွေးတောခဲ့ဖူး၏။

သူတို့သည် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း ရောက်နေကြသည်ဟု သိလိုက်ရသည့် အချိန်မှစ၍ လုချန်း သူ၏ အတွေးကို ပို၍ ယုံကြည်လာခဲ့သည်။

ကောင်းကင်နတ်ဆိုးများသည် ဤစကြဝဠာ၏ စနစ်ကို ဖျက်ဆီးနေသည့် ကင်ဆာဆဲလ်များကဲ့သို့ ဖြစ်နေပြီး ဒဏ္ဍာရီလာ အနီရောင်ကြိုးများမှာ ထိုကင်ဆာဆဲလ်များကို ဖယ်ရှားရန်အတွက် ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်းရှိ စနစ်တစ်ခု ဖြစ်နိုင်သည်ဟု သူ ခံစားရ၏။

ဤအရာအားလုံးမှာ လုချန်း၏ ထင်မြင်ချက်သာ ဖြစ်သော်လည်း မြေကမ္ဘာမှ မှတ်ဉာဏ်များ သူ့၌ ရှိနေသဖြင့် ထိုသို့သော အဖြစ်အပျက်များနှင့် ကြုံရသောအခါ မြေကမ္ဘာမှ အသိပညာများကို သူ အသုံးချမိခြင်း ဖြစ်၏။ မြေကမ္ဘာ၏ ဆေးပညာအရ ကင်ဆာဆဲလ်များကို အချိန်မီ မဖယ်ရှားပါက ၎င်းတို့သည် ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားနိုင်ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။

ချင်းယွဲ့နယ်မြေသခင်က လက်နက်ချရန် စိတ်မပါသည်ကို မြင်လျှင် လုချန်း ခဏခန့် စဉ်းစားလိုက်၏။ သူတို့သည် ဤနေရာသို့ ရောက်နေပြီဖြစ်သလို ရှနိုင်ငံတော်ကလည်း အင်အားစု အများအပြားကို ချေမှုန်းခဲ့ပြီးပြီဖြစ်ရာ နောက်ထပ်တစ်ခုကို ထပ်မံချေမှုန်းလိုက်လျှင်လည်း ထူးခြားမည် မဟုတ်ပေ။

ထို့ပြင် ထိုက်ခန်းဧကရာဇ်သည်လည်း ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ သူတော်စင် အမွေခံ မဟုတ်ပါလား။

ထိုက်ခန်းဧကရာဇ်ကို ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ အရှင်သခင်အဖြစ် ခန့်အပ်ကာ ရှနိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်စေနိုင်မည် ဖြစ်၏။ ဤသို့ဖြင့် အခြားအင်အားစုများ၏ အမြင်တွင် ရှနိုင်ငံတော်အား မဟာမိတ်အဖြစ် မြင်စေနိုင်လိမ့်မည်။ ထိုအရာက ရှန်ယွဲ့နိုင်ငံ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် ကျင့်ကြံသူအားလုံး စည်းလုံးညီညွတ်ရေး အတွက် ပထမဆုံးခြေလှမ်းဖြစ်လာနိုင်သည်။

ထိုသို့တွေးပြီးနောက်

“အခုပဲ တိုက်ခိုက်တော့”

ဟု မိုးကြိုး ဧကရာဇ်ကို လုချန်း တိုက်ရိုက် အမိန့်ပေးလိုက်၏။

ထိုစကားကို ကြားလျှင် ချင်းယွဲ့နယ်မြေသခင် နှာခေါင်းရှုံ့လိုက်၏။

ချက်ချင်းပင် သူ၏ ကိုယ်ပွားလည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နည်းဗျူဟာ ပုံစံ အတွင်းသို့ ပြန်ဝင်သွား၏။

နောက်တစ်ခဏတွင် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နည်းဗျူဟာ ပုံစံ တစ်ခုလုံး နိုးကြားလာပြီး နည်းဗျူဟာ ပုံစံ၏ အထက်တွင် ကြီးမားသော စက်ဝိုင်းကြီးတစ်ခု ပေါ်လာကာ ဖျက်ဆီးအားပြင်းသော စွမ်းအားများ စုစည်းလာ၏။

ထိုအရာကို မြင်လျှင် ထိုက်ခန်းဧကရာဇ် မျက်နှာ ပျက်သွားကာ

“မင်းကြီး... သတိထားပါ”

ဟု လုချန်းကို ချက်ချင်း သတိပေးလိုက်၏။

ထိုက်ခန်းဧကရာဇ်၏ စကားအဆုံးတွင် ထိုစက်ဝိုင်းအတွင်းမှ စွမ်းအားများသည် ကြီးမားသော ဓားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားကာ လုချန်းထံသို့ တိုက်ရိုက် ဦးတည် ပစ်ခတ်လာသည်။

လုချန်းကို ကာကွယ်ရန်အတွက် ထိုက်ခန်းဧကရာဇ်က ရှေ့မှ ပိတ်ရပ်လိုက်သည်။

ထိုဓားကြီးအတွင်းရှိ ဖျက်ဆီးအားသည် သာမန်လူတစ်ယောက် တောင့်ခံနိုင်သော အရာမဟုတ်ကြောင်း လုချန်း အာရုံခံမိလိုက်၏။ ထိုက်ခန်းဧကရာဇ်သည် အဆင့်ကိုး ဧကရာဇ်တစ်ပါး ဖြစ်နေသော်လည်း ဤတိုက်ကွက်ကို တိုက်ရိုက်ခံယူပါက ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်။

ဝေခွဲမနေတော့ပဲ

“နည်းဗျူဟာ ပုံစံ ဖော်ဆောင်ကြ”

ဟု မိုးကြိုး ဧကရာဇ်တို့ကို လုချန်း အမိန့်ပေးလိုက်၏။

လုချန်း၏ စကားအဆုံးတွင် ရှနိုင်ငံတော်၏ ဧကရာဇ်များ ချက်ချင်း စုစည်းလိုက်ကြပြီး ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို ဖော်ဆောင်လိုက်ကြသည်။

ဤအရာကို ချင်းယွဲ့မြင့်မြတ်နယ်မြေအတွင်းမှ ချင်းယွဲ့နယ်မြေသခင် မြင်လျှင် အထင်အမြင်သေးသော အမူအရာတစ်ခု သူ၏မျက်နှာထက်၌ ပေါ်ပေါက်‌လာခဲ့သည်။

သူ၏ မဟာ နည်းဗျူဟာ ပုံစံကို ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံဖြင့် ခုခံရန် ကြိုးစားနေခြင်းက လူမိုက်တို့၏ အတွေးသာ ဖြစ်မည်။

………….

အခန်း (၁၅၄၈ )

ချင်းယွဲ့နယ်မြေသခင်၏ ဝှက်ဖဲ

ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသည့် ကြီးမားသော ဓားကြီး ထိုက်ခန်းဧကရာဇ်၏ စိတ်ဝိညာဉ်စွမ်းအား အကာအကွယ်ကို ထိတွေ့လုနီးပါး ဖြစ်နေစဉ်မှာပင် ထိုက်ခန်းဧကရာဇ်ကို လုချန်း အသာအယာ တွန်းဖယ်လိုက်၏။ ဤတိုက်ကွက်ကို ခံယူမိပါက ထိုက်ခန်းဧကရာဇ် သေလုမြောပါး ဒဏ်ရာရရှိသွားနိုင်‌ကြောင်းလုချန်း ကောင်းကောင်း သိသည်။

ထိုက်ခန်းဧကရာဇ်လည်း ဇဝေဇဝါဖြစ်သွားကာ လုချန်းကို လှည့်ကြည့်လိုက်သည်။ နောက်တစ်ခဏတွင် လုချန်း၏ ခန္ဓာကိုယ်မှ သက်တံရောင်စွမ်းအားများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ထိုက်ခန်းဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွား၏။

လုချန်းထံမှ ဖိအားသည်လည်း ရုတ်တရက် ဆယ်ထက်ထမက မြင့်တက်လာပြီး ကောင်းကင်ဧကရာဇ်နှင့် ဆင်တူသော ဖိနှိပ်မှု စွမ်းအားများကို ထုတ်လွှတ်နေပြန်သည်။

တစ်ချိန်တည်းမှာပင် ချင်းယွဲ့မြင့်မြတ်နယ်မြေအတွင်း၌ လုချန်းကို သူ၏ နည်းဗျူဟာပုံစံဖြင့် ချေမှုန်းရန် စောင့်ဆိုင်းနေသော ချင်းယွဲ့နယ်မြေသခင်လည်း ကြောက်မက်ဖွယ်ကောင်းသည့် ဖိနှိပ်မှုစွမ်းအားတစ်ခု၏ ဝါးမြိုခြင်းကို ရုတ်တရက် ခံလိုက်ရ၏။ ထိုဖိအားသည် သူ၏ နည်းဗျူဟာပုံစံကိုပင် ထိုးဖောက်ဝင်ရောက်လာနိုင်စွမ်းရှိကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။

ထိုဖိနှိပ်မှုစွမ်းအားကို ခုခံရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို ချင်းယွဲ့နယ်မြေသခင် အသုံးချလိုက်သော်လည်း ထိုဖိအားအောက်တွင် သူ၏ခန္ဓာကိုယ်ကိုပင် မကြွနိုင်ဖြစ်နေ၏။

“ကောင်းကင်ဧကရာဇ်... ဒါက ကောင်းကင်ဧကရာဇ်ရဲ့ ဖိအားပဲ”

ဟု ချင်းယွဲ့နယ်မြေသခင်က မကျေမနပ် အော်ဟစ်လိုက်သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုချန်းက ဘယ်လိုဖြစ်လို့ ကောင်းကင်ဧကရာဇ် ဖြစ်နေရတာလဲ။”

ထိုစဉ် နတ်ဘုရား‌ချေမှုန်းဓားကို လုချန်း ထုတ်ယူကာ ဝှေ့ယမ်းလိုက်၏။

သွေးဝိညာဉ်ဓားသိုင်း...

နောက်တစ်ခဏတွင် သက်တံရောင်စွမ်းအားများ ဝန်းရံနေသည့် ဓားအရှိန်အဝါက သူ့ထံ ဦးတည်နေသော ဓားကြီးဆီသို့ ချက်ချင်းပင် ခုတ်ပိုင်းသွား၏။ ထိတွေ့လိုက်သည်နှင့် ဓားကြီး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသော်လည်း နတ်ဘုရား‌ချေမှုန်းဓား၏ ဓားအရှိန်အဝါကတော့ မပျက်မယွင်းပဲ ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ မဟာနည်းဗျူဟာပုံစံဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

နတ်ဘုရား‌ချေမှုန်းဓား၏ ဓားအရှိန်အဝါနှင့် မြင့်မြတ်နယ်မြေ၏ ကာကွယ်ရေး နည်းဗျူဟာပုံစံတို့ ထိမိသည့်အခါ ကာကွယ်ရေး နည်းဗျူဟာပုံစံလည်း ဖန်သားကဲ့သို့ အစိတ်စိတ်အမွှာမွှာကွဲအက်သွားသည်။ မြင့်မြတ်နယ်မြေ၏ ကာကွယ်ရေး နည်းဗျူဟာပုံစံကို လုချန်း ဤမျှလွယ်ကူစွာ ချိုးဖျက်လိုက်သည်ကို မြင်လျှင် ချင်းယွဲ့နယ်မြေသခင် အလွန် ထိတ်လန့်သွား၏။

လုချန်းတွင် ကောင်းကင်ဧကရာဇ်၏ စွမ်းအား ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

သို့သော်လည်း ချင်းယွဲ့နယ်မြေသခင်သည် ယခင်ခေတ်က ကျန်ရစ်သူတစ်ဦး ဖြစ်သည့်အတွက် နည်းလမ်းပေါင်းစုံ ရှိနေသူဖြစ်သည်။ ထို့ကြောင့် သူ အလွယ်တကူ အရှုံးမပေးချင်သေးပေ။

သူသည် ရှည်လျားသော နှစ်ကာလများအတွင်း မရေတွက်နိုင်သော အန္တရာယ်များကို ကျော်လွှားခဲ့ဖူးပြီးဖြစ်သည်။ ယခုအချိန်သည်လည်း ထိုအန္တရာယ်များထဲမှ တစ်ခုသာဖြစ်သည်ဟု သူ့ကိုယ်သူ အားပေးလိုက်သည်။

ထိုစဉ် ချင်းယွဲ့နယ်မြေသခင်က ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ အောက်ခြေရှိ ရှေးဟောင်းနည်းဗျူဟာပုံစံကို ပြန်လည် အသက်သွင်းလိုက်၏။ ကာကွယ်ရေး နည်းဗျူဟာပုံစံ ပျက်စီးသွားသော်လည်း သူတို့ထံတွင် တိုက်စစ် နည်းဗျူဟာပုံစံ ကျန်ရှိနေသေး၏။

နောက်တစ်ခဏတွင် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ အောက်ခြေ၌ ကြီးမားသော နည်းဗျူဟာ အင်းကွက်တစ်ခု ပေါ်လာပြီး ချင်းယွဲ့နယ်မြေသခင်၏ ကျယ်လောင်သော ကြွေးကြော်သံ ထွက်ပေါ်လာ၏။

“ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ် နည်းဗျူဟာပုံစံ... ထွက်ပေါ်လာစမ်း”

သူ၏ အသံအဆုံးတွင် နည်းဗျူဟာပုံစံအတွင်းမှ ဧကရာဇ်အဆင့်များ၏ စိတ်ဝိညာဉ် ဒါဇင်နှင့်ချီ၍ ထွက်ပေါ်လာရာ ရှနိုင်ငံတော်မှ ဧကရာဇ်အဆင့်များလည်း တုန်လှုပ်သွားကြ၏။ ထိုစိတ်ဝိညာဉ်များသည် နှစ်ပေါင်းထောင်ချီကြာအောင် နည်းဗျူဟာပုံစံအတွင်း ပိတ်မိနေခဲ့ရပြီး ယခုအခါ လက်စားချေရန် အဆင်သင့်ဖြစ်နေသော သရဲသဘက်များကဲ့သို့ ထွက်ပေါ်လာကြခြင်းဖြစ်သည်။

ယခင်က ချင်းယွဲ့မြင့်မြတ်နယ်မြေတွင် ဧကရာဇ်အဆင့်များ အချိန်အတိုင်းအတာတစ်ခုကြာတိုင်း သေဆုံးလေ့ရှိပြီး ထိုသို့ သေဆုံးခြင်းမှာ ချင်းယွဲ့နယ်မြေသခင်နှင့် ဆက်စပ်နေသည်ဟု အားလုံး သံသယရှိခဲ့ကြ၏။ သို့‌သော် သူတို့အပေါ် မည်သို့လုပ်ဆောင်ခဲ့သည်ကိုတော့ အတိအကျ မသိခဲ့ကြပေ။

ယခု ထိုဧကရာဇ်အဆင့်များ၏ စိတ်ဝိညာဉ်များကို မြင်တွေ့ရသည့်အခါမှသာ ချင်းယွဲ့နယ်မြေသခင်က ထိုဧကရာဇ်များကို နည်းဗျူဟာပုံစံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သန့်စင်ခဲ့ခြင်းဖြစ်ကြောင်း အားလုံးနားလည်သွားကြ၏။

“ဒီလောကမှာ ဧကရာဇ်အဆင့်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းမရှိဘူးလို့ ကျုပ် ထင်ခဲ့တာ။ ဒါပေမဲ့ ကျုပ်တို့ မသိတဲ့ နည်းလမ်းတွေ အများကြီး ရှိနေပုံရတယ်”

ဟု ထိုက်ခန်းဧကရာဇ် သူ့ဘာသူ ရေရွတ်လိုက်၏။

လုချန်းသည် ဘဝကူးပြောင်းလာသည့် ကောင်းကင်ဧကရာဇ် ဖြစ်၏။ ကောင်းကင်ဧကရာဇ်တွင် ဧကရာဇ်အဆင့်များကို ထိန်းချုပ်ရန် နည်းလမ်းရှိနေခြင်းက မဆန်းပေ။

ချင်းယွဲ့နယ်မြေသခင်သည် အဆင့်ကိုး ဧကရာဇ်တစ်ပါးသာ ဖြစ်သော်လည်း ဧကရာဇ်များကို နည်းဗျူဟာပုံစံ၏ အစိတ်အပိုင်းအဖြစ် ပြောင်းလဲကာ ထိန်းချုပ်နိုင်သည့် နည်းလမ်း ရှိနေပြန်သည်။

သို့သော် လုချန်း၏ နည်းလမ်းသည် ပူးပေါင်းဆောင်ရွက်မှုကို အားပေးသော်လည်း ချင်းယွဲ့နယ်မြေသခင်၏ နည်းလမ်းကတော့ အတင်းအကျပ် ချုပ်နှောင်ခြင်းသာ ဖြစ်သည်။

လုချန်း၏ ထိန်းချုပ်မှု နည်းလမ်းနှင့် နှိုင်းယှဉ်ပါက ချင်းယွဲ့နယ်မြေသခင်၏ နည်းလမ်းက ရက်စက်လွန်းလှ၏။

ချင်းယွဲ့မြင့်မြတ်နယ်မြေ အပြင်ဘက်ရှိ လုချန်းကို ကြည့်ကာ

“ခင်ဗျားက တကယ်ပဲ ကောင်းကင်ဧကရာဇ် ဖြစ်နေရင်တောင် ဘာဖြစ်လဲ။ ကျုပ်ရဲ့ ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ် နည်းဗျူဟာပုံစံကို ခင်ဗျား ခုခံနိုင်မယ်လို့ ကျုပ်မယုံဘူး။”

ဟု ချင်းယွဲ့နယ်မြေသခင်က အော်ဟစ်လိုက်သည်။

ထိုသို့ပြောဆိုရင်း ချင်းယွဲ့နယ်မြေသခင်က မဟာနည်းဗျူဟာပုံစံကို အသက်သွင်းကာ လုချန်းကို တိုက်ခိုက်လိုက်၏။

ချင်းယွဲ့နယ်မြေသခင်သည် လူအ မဟုတ်ပေ။ လုချန်းတွင် ကောင်းကင်ဧကရာဇ်၏ စွမ်းအား ရုတ်တရက် ရှိလာခြင်းက သူ၏ နောက်ကွယ်ရှိ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကြောင့်ဖြစ်ကြောင်း သူ ရိပ်မိလိုက်၏။

ကောင်းကင်နဲ့ မြေကမ္ဘာ စိတ်ဝိညာဉ် နည်းဗျူဟာပုံစံက လုချန်း၏ စိတ်ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို ဖျက်ဆီးနိုင်လျှင် လုချန်း၏ ကောင်းကင်ဧကရာဇ် စွမ်းအားလည်း အလိုအလျောက် ပျောက်ကွယ်သွားပေလိမ့်မည်။

မဟာနည်းဗျူဟာပုံစံ၏ စွမ်းအားကို အသက်သွင်းပြီးနောက် ထိုဧကရာဇ်အဆင့်များ၏ စိတ်ဝိညာဉ်များသည် ငိုကြွေးမြည်တမ်းရင်း လုချန်းထံသို့ ပြေးဝင်သွားကြသည်။ လုချန်းထံ ရောက်ခါနီးတွင် ထိုစိတ်ဝိညာဉ်များ ရုတ်တရက် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ ၎င်း၏ ခန္ဓာကိုယ်၏ နေရာအနှံ့တွင် ဦးခေါင်းများ ပေါက်နေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပုံပျက်ပန်းပျက် ဖြစ်နေသည့် သဏ္ဍန်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။

ထိုဦးခေါင်းများသည် တစ်ပြိုင်နက်တည်း ပါးစပ်များကို ဟပြီး မြည်တမ်းပြီး ကြားရသူတိုင်းကို တုန်လှုပ်စေနိုင်သော အသံများ ထွက်ပေါ်နေသည်။

လုချန်းက ခပ်ဖွဖွ ရယ်မောရင်း

“ခင်ဗျားရဲ့ နည်းလမ်းက တကယ့်ကို ထူးခြားတာပဲ”

ထိုသို့ပြောရင်း ထိုဧကရာဇ်များကို လွတ်မြောက်အောင် လုပ်ဆောင်ရန် လုချန်း ပြင်ဆင်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် ပေါင်းစည်းထားသော ဧကရာဇ်အဆင့် စိတ်ဝိညာဉ်များထံမှ လုချန်း ထုတ်လွှတ်နေသည့် စွမ်းအားလောက် ထပ်တူ ကြီးမားသော ကြောက်မက်ဖွယ် ဖိနှိပ်မှု စွမ်းအားများ ထွက်ပေါ်လာ၏။

ထိုစိတ်ဝိညာဉ်များသည် နှစ်ပေါင်းများစွာ နည်းဗျူဟာပုံစံအတွင်း ပိတ်မိနေခဲ့ရခြင်းကြောင့် သူတို့၏ ဒေါသနှင့် နာကြည်းမှုများသည် မယုံနိုင်လောက်အောင် ကြီးမားသော စွမ်းအားများအဖြစ် ပြောင်းလဲသွားခြင်းလား။

လုချန်း အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း အလွန်အမင်း စိုးရိမ်ခြင်းတော့ မရှိပေ။

သူတို့၏ အင်အားချင်း တူညီနေသော်လည်း သူ့ထံတွင် နတ်ဓားတစ်လက် ရှိနေသေး၏။ ရှေ့မှ သတ္တဝါမှာ စိတ်ဝိညာဉ်များ စုစည်းထားခြင်းသာ ဖြစ်သည်။

လုချန်း ဝေခွဲမနေတော့ပဲ လမ်းစဉ်စွမ်းအားမှ ဖြစ်ပေါ်လာသော ရောင်ခြည်ခုနစ်ခု စွမ်းအားကို တိုက်ရိုက်ထည့်သွင်းကာ ဓားကို ဝှေ့ယမ်းလိုက်၏။

“ကျုပ် ခင်ဗျားတို့ကို လွတ်မြောက်အောင် လုပ်ပေးမယ်။”

လုချန်း၏ ဓားစွမ်းအားသည် ယခင်ကထက် ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်မှာ ထင်ရှားသည်။ သူ၏ ဓားအရှိန်အဝါအောက်တွင် အာကာသအလွှာများပင် ကွဲအက်သွား၏။

“သူ့ကို အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲလိုက်စမ်း”

ဟု စိတ်ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသော ထိုသတ္တဝါကြီးကို ချင်းယွဲ့နယ်မြေသခင်က အေးစက်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။

ချင်းယွဲ့နယ်မြေသခင်၏ စကားအဆုံးတွင် ထိုသတ္တဝါကြီး ဓားအရှိန်အဝါဆီသို့ ပြေးဝင်သွားသဖြင့် လုချန်း အံ့အားသင့်သွား၏။

ယုတ္တိဗေဒအရဆိုလျှင် ဓားအရှိန်အဝါ၌ ထိုသတ္တဝါကို ချေမှုန်းရန် လုံလောက်သော အင်အား ရှိနေ၏။ အဘယ်ကြောင့် ချင်းယွဲ့နယ်မြေသခင်က ရှောင်တိမ်းခိုင်းမည့်အစား အတင်းတိုးဝင်ခိုင်းရသနည်း။

ထိုသတ္တဝါ၏ ဖိနှိပ်မှုစွမ်းအားမှာလည်း သူ၏ဖိနှိပ်မှု စွမ်းအားနှင့် မကွာခြားသဖြင့် သူ၏ လက်ရှိဖိအားက ၎င်း၏ လှုပ်ရှားမှုများကို ကန့်သတ်နိုင်မည် မဟုတ်ပေ။ သွေးဝိညာဉ်ဓားသိုင်းကို ရှောင်တိမ်းရန်ကလည်း မဖြစ်နိုင်သည့် အရာမဟုတ်ပေ။

ချင်းယွဲ့နယ်မြေသခင်၏ လုပ်ရပ်ကို လုချန်း စဉ်းစားနေစဉ်မှာပင် ချင်းယွဲ့နယ်မြေသခင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွား၏။

ရုတ်တရက် ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ် နည်းဗျူဟာပုံစံအတွင်း၌ ဧကရာဇ်အဆင့်များ၏ စိတ်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော သတ္တဝါနှင့် ဆင်တူသည့် အခြားသတ္တဝါကြီးတစ်ကောင် ထပ်မံ ပေါ်ထွက်လာပြန်သည်။ ၎င်း၏ ခန္ဓာကိုယ် နေရာအနှံ့တွင်လည်း ဦးခေါင်းများ ပေါက်နေပြီး ပထမတစ်ကောင်ကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

ထိုဦးခေါင်းများသည် ယခင်က ဧကရာဇ်အဆင့် စိတ်ဝိညာဉ်များ၏ ပင်မခန္ဓာများဖြစ်ကြောင်း ထိုက်ခန်းဧကရာဇ်တို့ ချက်ချင်း သိလိုက်ကြ၏။ ဤသတ္တဝါအား ဧကရာဇ်အဆင့်များ၏ ပင်မခန္ဓာများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

ချင်းယွဲ့နယ်မြေသခင်သည် ဧကရာဇ်အဆင့်များ၏ စိတ်ဝိညာဉ်များကိုသာမက သူတို့၏ ပင်မခန္ဓာများကိုပါ ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

ချင်းယွဲ့မြင့်မြတ်နယ်မြေမှ ဧကရာဇ်အဆင့်များ ဒေါသအမျက်ထွက်နေစဉ်မှာပင် ဧကရာဇ်များ၏ ပင်မခန္ဓာဖြင့် ဖွဲ့စည်းထားသော ထိုသတ္တဝါကြီးသည် အခြားတစ်ဖက်မှနေ၍ လုချန်း၏ အနောက်ရှိ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံဆီသို့ တိုက်ရိုက် ဦးတည်သွား၏။

၎င်း၏ ရည်မှန်းချက်က ထိုနည်းဗျူဟာပုံစံဖြစ်ကြောင်း ထင်ရှားလှသည်။

“မင်းကြီး... သတိထားပါ။ သူ့ရဲ့ ရည်မှန်းချက်က ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံပဲ”

ဟု ထိုက်ခန်းဧကရာဇ် အလောတကြီး သတိပေးလိုက်၏။

လုချန်းက‌တော့ ဂရုမစိုက်ပေ။ ပြင်ပနယ်မြေတွင် ရှိနေစဉ်ကပင် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို ဖျက်ဆီးရန် ကြိုးပမ်းမှုများကို သူ ကြုံတွေ့ခဲ့ဖူးပြီး ၎င်း၏ အရေးပါမှုကိုလည်း သိရှိပြီး ဖြစ်၏။ ထို့ကြောင့် အစကတည်းက နည်းဗျူဟာပုံစံအတွင်းရှိ ဧကရာဇ်အဆင့်များကို ကာကွယ်ရန် မူလအစစွမ်းအားကို သူ အသုံးပြုထားခဲ့သည်။

ဝိညာဉ်စုစည်းခြင်းနည်းဗျူဟာပုံစံကို ဖော်ဆောင်နေသည့် ဧကရာဇ်အဆင့်တစ်ပါးထံသို့ ထိုသတ္တဝါကြီး ချဉ်းကပ်သွားသော်လည်း နည်းဗျူဟာပုံစံကြောင့် ထိုဧကရာဇ်သည် လှုပ်ရှား၍မရပဲ သတ္တဝါကြီး၏ လက်သီးချက် ကျဆင်းလာသည်ကိုသာ ကြည့်နေရ၏။ ရှနိုင်ငံတော်မှ ထိုဧကရာဇ်အဆင့်စိတ်ထဲ သူ သေရတော့မည်ဟု ထင်မှတ်ထားချိန်၌ သတ္တဝါကြီး၏ လက်သီးချက် သူ့ထံ ကျရောက်မလာသည်ကို သတိထားမိလိုက်၏။

သူ မော့ကြည့်လိုက်သည့်အခါ သူ၏အထက်တွင် မီးခိုးရောင် အကာအကွယ်တစ်ခုက သတ္တဝါကြီး၏ လက်သီးချက်ကို မတုန်မလှုပ် တားဆီးထားသည်ကို မြင်လိုက်ရ၏။ တစ်ချိန်တည်းမှာပင် လုချန်း ထုတ်လွှတ်လိုက်သော ဓားအရှိန်အဝါသည် ဧကရာဇ်အဆင့် စိတ်ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသော သတ္တဝါကြီးထံသို့ ထိတွေ့သွားကာ ၎င်းကို မြူမှုန်များအဖြစ် ချက်ချင်းချေမှုန်းလိုက်တော့သည်။

All Chapters