အခန်း (၅၀၂-၅၀၄)
Vol. 34 Ch. 502-504
အပိုင်း ၅၀၂ - သည်းမခံနိုင်လောက်အောင် ရိုင်းစိုင်းအောက်တန်းကျလွန်းခြင်း
ရှကျင်းရှန်၏အမြင်တွင်မူ
ယဲ့ချန်းက ရုပ်ရည်ချောမောနေ၍သာ စုဝမ်ယိက သူနှင့်တွဲနေခြင်းဖြစ်ရမည်ဟု ထင်နေပေသည်။
သူက လှောင်ပြုံးပြုံးလိုက်၏။
"ဝမ်ယိ.. မင်းကောင်လေးကို ကြည့်စမ်းပါဦး။ ပွဲလာတက်တာတောင် အဆက်အသွယ်တွေလိုနေသေးတယ်။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းက နောက်ခံအင်အားကိုပဲ တန်ဖိုးထားတာ။ ရုပ်ရည်ကိုမဟုတ်ဘူး။ ခဏတာပျော်ရွှင်မှုလေးအတွက်နဲ့ တစ်သက်လုံး နောင်တရမယ့်အလုပ်တွေ မလုပ်နဲ့နော်"
စုဝမ်ယိက ရှကျင်းရှန်ကို အေးစက်စက် လှမ်းကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"ကျွန်မက တက္ကစီဒရိုင်ဘာတွေကိုပဲ သဘောကျတာ။ ရှင့်အပူမပါဘူး။ ပြီးတော့ ကျွန်မဘဝအတွက် ရှင် စိုးရိမ်ပေးဖို့မလိုဘူး"
ရှကျင်းရှန် သက်ပြင်းချလိုက်လေသည်။ သူ့မျက်နှာထက်တွင် နှမြောတသဖြစ်နေလေဟန်များ အပြည့်ပေါ်လွင်နေသည်။
နာမည်ကြီးပုဂ္ဂိုလ်တစ်စုက ပြတိုက်ထဲသို့ အတူဝင်ရောက်လာကြသည်။
ဒီတစ်ကြိမ်တွင်မူ အထက်တန်းလွှာများကို ဆွဲဆောင်နိုင်ရန်အတွက် ပြတိုက်က ပုံမှန်အားဖြင့် ဘယ်သောအခါမှ ဖွင့်ပြလေ့မရှိသော အထူးပြခန်းတချို့ကို သီးသန့်ဖွင့်လှစ်ထားသည်။
ပြတိုက်ထဲသို့ ဝင်လာလိုက်သောအခါ ချီပေါင်ဝတ်စုံ ဝတ်ဆင်ထားသော ဧည့်လမ်းညွှန်တစ်ယောက်က နာမည်ကြီးပုဂ္ဂိုလ်များကို လိုက်လံရှင်းလင်းပြသပေးနေချေသည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်များရှင့်.. ပုံမှန်ဆိုရင် ပြသလေ့မရှိတဲ့ မင်မင်းဆက်က အပြာနဲ့အဖြူစပ်ကြွေထည်တွေ၊ ဟန်မင်းဆက်က ရှေးဟောင်းဓားလိုမျိုး ရှားပါးရှေးဟောင်းပစ္စည်းတချို့ကိုလည်း ဧည့်သည်တော်တို့အတွက် ပြင်ဆင်ထားပါတယ်။ ဒီအဖိုးတန်ရတနာတွေရဲ့ တန်ဖိုးက ယွမ်နှစ်ဘီလျံလောက် ရှိပါတယ်။ ဧည့်သည်တော်တို့ မျက်စိပသာဒဖြစ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ထိုရှင်းလင်းချက်ကို ကြားသောအခါ ရောက်နေသူအားလုံး အံ့သြမှင်တက်သွားကြသည်။
ဤကဲ့သို့သောစုဆောင်းမှုမျိုးမှာ အထင်ကရပုဂ္ဂိုလ်ကြီးများနှင့် စင်စစ်ထိုက်တန်လှသည်။
ထိုလူတစ်သိုက်က ပြတိုက်ပိုင်ရှင်ကို ပိုလေးစားသွားကြသည်။
ဤနာမည်ကြီးပုဂ္ဂိုလ်များတွင် ငွေကြေးဥစ္စာရှိကြသော်လည်း ဤမျှရှားပါးလှသော ရတနာများကို စုဆောင်းရန်မှာ တကယ်တမ်းတွင် မဖြစ်နိုင်သလောက်ပင်။
ရှကျင်းရှန်က နှာခေါင်းရှုံ့လိုက်သည်။
"ဟေ့ကောင်.. မင်းမြင်လား။ သူဌေးတွေရဲ့ကမ္ဘာက မင်း စိတ်ကူးတောင်ယဉ်ကြည့်လို့မရဘူး"
ယဲ့ချန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
"မင်းက ဘယ်သူ့ကို လာကြွားနေတာလဲ။ ဒီရတနာတွေက မင်းဟာတွေမို့လို့လား"
"မင်း..."
ယဲ့ချန်းက ဆက်ပြောလိုက်၏။
"ဒါတွေက တရုတ်ယဉ်ကျေးမှုအမွေအနှစ်တွေ။ ပိုက်ဆံနဲ့မဆိုင်ဘူး။ အပေါ်ယံလူတွေကပဲ ဒီရတနာတွေကို ပိုက်ဆံနဲ့ တိုင်းတာတတ်ကြတာ"
"မင်း ဘာပြောလိုက်တယ်"
ယဲ့ချန်းက သူ့ကို အပေါ်ယံလူဟု ခေါ်လိုက်သည်ကို ကြားသောအခါ ရှကျင်းရှန် ချက်ချင်းဒေါသထွက်သွားသည်။
သူတို့ဘေးနားရှိ ပိထင်ထင်ကလည်း ဝင်အော်ချေသည်။
"တက္ကစီဒရိုင်ဘာတစ်ယောက်က ရှေးဟောင်းပစ္စည်းတွေအကြောင်း ဘာများသိလို့ ဒီမှာ ဆရာလာလုပ်နေတာလဲ"
ယဲ့ချန်းက ဆက်ပြောလိုက်ပြန်သည်။
"ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ။ ဒီရတနာတွေကို တန်ဖိုးထားခံစားဖို့ဆိုတာ သူတို့ရဲ့စျေးနှုန်းကို ဆွေးနွေးဖို့မဟုတ်ဘဲ သူတို့ရဲ့ သမိုင်းဝင်တန်ဖိုးကို ရိုသေလေးစားမှုနဲ့ ကြည့်ရှုဖို့ လိုအပ်တယ်ဆိုတာ နားလည်လား"
ယဲ့ချန်း၏စကားကို ကြားသောအခါ ရှကျင်းရှန်နှင့် ပိထင်ထင်တို့ခမျာ စကားဆက်မပြောနိုင်လောက်အောင် ဆွံ့အသွားသည်။
သူတို့ခမျာ ပြန်လည်ချေပချင်သော်ငြား ယဲ့ချန်း၏ စကားများမှာ ချေဖျက်၍မရနိုင်လောက်အောင် မှန်ကန်နေသဖြင့် သူတို့အတွက် ငြင်းခုံရန်ပင် အခွင့်အရေးမရခဲ့ပေ။
သူတို့ဘေးနားရှိ နာမည်ကြီးပုဂ္ဂိုလ်များကလည်း ယဲ့ချန်းအား လေးစားသောအမြင်သစ်ဖြင့် ရှုမြင်လာကြသည်။
ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်သော်လည်း သူပြောသွားသည်မှာ အလွန်အဓိပ္ပာယ်ရှိလှသည်။
ဤနေရာရှိ လူများထဲတွင် ငွေကြေးရှားပါးနေသူ တစ်ယောက်မှမရှိပေ။
သို့သော် ရှကျင်းရှန်နှင့် ပိထင်ထင်တို့က ငွေအကြောင်းကိုသာ အဆက်မပြတ် ထုတ်ဖော်ပြောဆိုနေခြင်းကား စင်စစ်အောက်တန်းကျလွန်းလှသည်။
"ငွေအကြောင်းပြောတော့ ဘာဖြစ်လဲ။ ဒီရတနာတွေက တကယ်လည်း အရမ်းတန်ဖိုးကြီးတာပဲလေ"
ပိထင်ထင်က ငြင်းချက်ထုတ်လိုက်သည်။
ထိုအချိန်တွင် ရှကျင်းရှန်မှာမူ အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသဖြင့် ပိထင်ထင်ကို အော်လိုက်၏။
"တော်တော့။ ပါးစပ်ပိတ်ထား"
ယဲ့ချန်းထံမှ ပညာပေးခံလိုက်ရသဖြင့် ရှကျင်းရှန်မှာ အရှက်ကွဲသွားသလို ခံစားနေရသည်။
အထူးသဖြင့် ပိထင်ထင်၏ အဆင့်အတန်းမရှိသော အပြုအမူနှင့် စုဝမ်ယိတို့ကို နှိုင်းယှဉ်ကြည့်လိုက်သောအခါ ကွာခြားချက်မှာ သိသိသာသာကြီးမားလှသဖြင့် ရှကျင်းရှန်မှာ အလွန်စိတ်အိုက်သွားရသည်။
ပိထင်ထင်၏ မျက်နှာထက်တွင် နာကြည်းဝမ်းနည်းမှုများ အပြည့်ပင်။
"ကျွန်မပြောတာ ဘာမှားနေလို့လဲ။ ဒီရတနာတွေက တကယ်လည်း အရမ်းတန်ဖိုးကြီးတာပဲကို"
သူ(မ)က ဝမ်းနည်းပက်လက်ဖြင့် မျက်ရည်ပင် ညှစ်ထုတ်လိုက်သေးသည်။
ဤမြင်ကွင်းကို မြင်သွားကြသော အခြားဧည့်သည်တော်များကတော့ ရွံရှာစက်ဆုပ်လေဟန်ဖြင့် ကြည့်နေကြသည်။
ပိထင်ထင်သည် အပြင်လောကြီးကို မမြင်ဖူးသည့် တောသူမတစ်ယောက်သာ ဖြစ်ကြောင်း လူတိုင်း သိသွားကြသည်။
စုဝမ်ယိမှာမူ ရတနာများကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဒီရတနာတွေ နိုင်ငံရပ်ခြားကို ရောက်သွားခဲ့တာ အရမ်းနှမြောစရာကောင်းတယ်နော်။ အကြီးအကဲလုက သူ့ဘဝတစ်လျှောက်လုံး ကြိုးစားပမ်းစား ပြန်သယ်လာနိုင်လို့သာ ဒီလိုတရုတ်ရတနာတွေကို ခံစားကြည့်ရှုခွင့်ရတာ"
စုဝမ်ယိ၏စကားကို ကြားသောအခါ ပွဲတက်ရောက်လာကြသော နာမည်ကြီးပုဂ္ဂိုလ်များအားလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
"မိန်းကလေးစုပြောတာ မှန်တယ်။ ဒီရတနာတွေက ဟွားနိုင်ငံရဲ့ယဉ်ကျေးမှုကို ကိုယ်စားပြုနေတာမို့ ငွေကြေးနဲ့ တိုင်းတာလို့ မရနိုင်ဘူး"
"တချို့လူတွေကတော့ သည်းမခံနိုင်လောက်အောင် အောက်တန်းကျလွန်းပါတယ်။ ဒီပြပွဲကို တက်ရောက်ဖို့တောင် အရည်အချင်းမရှိဘူး"
"ဟုတ်ပါရဲ့။ ယဉ်ကျေးမှုလည်း မရှိကြဘူး။ မိန်းကလေးစုရဲ့အမြင်ကမှ နက်နဲပြီး အဓိပ္ပာယ်ပြည့်ဝတာ"
ဤစကားများကို ကြားသောအခါ ပိထင်ထင်ခမျာ ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်တော့မတတ်ပင်။
ဧည့်လမ်းညွှန်က ဆက်လက်ရှင်းပြနေပြီး နာမည်ကြီးပုဂ္ဂိုလ်များမှာလည်း အလွန်သဘောကျနေကြတော့သည်။
ဤရတနာများမှာ အချို့နိုင်ငံများ၏ ပြတိုက်များနှင့် မယှဉ်နိုင်သော်လည်း ရှားပါးလှသော ရတနာပေါင်းများစွာကို ခင်းကျင်းပြသထားသည်။
ယင်းကပင် ဤနာမည်ကြီးပုဂ္ဂိုလ်များကို အလွန်အမင်း ကျေနပ်အားရစေခဲ့သည်။
"ဒီည လေလံပွဲတစ်ခုရှိတယ်လို့ ကြားတယ်။ မျှော်လင့်နေမိပြီ"
"ဟားဟား.. ဒီလေလံပွဲကရတဲ့ ငွေတွေအားလုံးကို မျှော်လင့်ခြင်းစီမံကိန်းကို လှူဒါန်းမယ်လို့ ကြားတယ်။ ဒါက ကုသိုလ်ကောင်းမှုလုပ်တာပဲလေ။ ဒီလိုလေလံပွဲမျိုးတွေ များများရှိသင့်တယ်"
နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးက သက်ပြင်းချလိုက်သည်။
"တကယ်ပါပဲ။ ဒီပြတိုက်ပိုင်ရှင်ကို အရမ်းလေးစားမိတယ်။ စိတ်ထားမွန်မြတ်လွန်းတယ်။ ကျွန်တော်တို့ရဲ့ စံပြပါပဲ"
ဤချီးကျူးစကားများကို ကြားသောအခါ ယဲ့ချန်းကိုယ်တိုင်ပင် အနည်းငယ်ရှက်ရွံ့သွားသည်။
ဤအထင်ကရပုဂ္ဂိုလ်ကြီးများက ငွေကြေးရှားပါးနေသူများ မဟုတ်ကြချေ။ ဤပစ္စည်းများကို မြင်သောအခါ သူတို့၏ မျက်လုံးများပင် အရောင်လက်သွားကြသည်။
ဧည့်လမ်းညွှန်က ခပ်ဖွဖွပြုံးလိုက်သည်။
"လူကြီးမင်းတို့ရှင့်.. ဒီရတနာတွေနဲ့ပတ်သက်ပြီး ဘာမှမတွေးလိုက်ပါနဲ့နော်။ ဒါတွေက ကျွန်မတို့ရဲ့ပြတိုက်ပစ္စည်းတွေပါ။ ရောင်းဖို့မဟုတ်ပါဘူး"
ထိုနာမည်ကြီးပုဂ္ဂိုလ်များမှာ အနည်းငယ် စိတ်ပျက်သွားကြသည်။
ပြတိုက်ကြည့်ရှုခြင်း ပြီးဆုံးသည့်နောက် လေလံပွဲကို စတင်ခဲ့သည်။
ရှကျင်းရှန်က ယဲ့ချန်းကို လှမ်းကြည့်လိုက်လေရာ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။
သူသည် ယဲ့ချန်းကို ပညာပေးရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။ ယခုမူ ထိုအခွင့်အရေး ရောက်လာခဲ့လေပြီ။
လေလံပွဲတွင် ငွေပိုလှူပြီး ယဲ့ချန်းအား ပိုပိုသာသာလှောင်ပြောင်ရန် ရှကျင်းရှန် ကြိုတင်အစီအစဉ်ချထားပြီးဖြစ်၏။
ပိထင်ထင်ကလည်း ရှကျင်းရှန်၏ဘေးနားတွင် စိတ်လှုပ်ရှားစွာ ထိုင်နေလေသည်။
သူ(မ)၏ မျက်လုံးထောင့်ကမူ ယဲ့ချန်းကိုသာ စိုက်ကြည့်နေသည်။
စောင့်ကြည့်နေလိုက်။ ငါ့ယောက်ျားက နင့်ကို ဘယ်လိုချေမှုန်းပစ်မလဲဆိုတာ စောင့်သာကြည့်နေ။
ယဲ့ချန်းကမူ စုဝမ်ယိနှင့်အတူ လူသူသတိမထားမိသော ထောင့်တစ်နေရာတွင် ထိုင်လိုက်သည်။
ရှကျင်းရှန်က ကြွားဝါလေဟန်ဖြင့် ပြောလိုက်၏။
"မျှော်လင့်ခြင်းစီမံကိန်းအတွက် ပါဝင်လှူဒါန်းနိုင်တာက လူချမ်းသာတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့တာဝန်ပါ။ ဒါပေမဲ့ တချို့လူတွေက ပိုက်ဆံမရှိဘဲနဲ့ ဒီနေရာမှာ လာထိုငါရဲကြတယ်။ ငါသာ သူ့နေရာမှာဆိုရင် ထွက်သွားတာကြာပေါ့"
တက်ရောက်လာသော နာမည်ကြီးပုဂ္ဂိုလ်များအားလုံးက ရှကျင်းရှန်၏စကားမှာ ယဲ့ချန်းကို ရည်ညွှန်းနေမှန်း သိကြသည်။
လူတိုင်း၏အကြည့်များကလည်း ယဲ့ချန်းဆီသို့ ရောက်သွားလေသည်။
သို့သော် ယဲ့ချန်းကတော့ ဘာမှမဖြစ်သလို တည်ငြိမ်နေပြီး စုဝမ်ယိနှင့် တီးတိုးစကားပြောနေသည်။
ရှကျင်းရှန်ခမျာ ပျော့အိအိခေါင်းအုံးတစ်လုံးကို ထိုးလိုက်ရသလို ခံစားလိုက်ရပြီး ဘာကျေနပ်မှုမှ မရခဲ့ပေ။
အထူးသဖြင့် ယဲ့ချန်းနှင့် စုဝမ်ယိတို့ ရင်းရင်းနှီးနှီး ဖြစ်နေသည်ကို မြင်ရသောအခါ သူ့မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းလာသည်။
ထိုအချိန်တွင် အကြီးအကဲလုက လေလံစင်မြင့်ပေါ်သို့ လျှောက်သွားလိုက်၏။
သူက စင်မြင့်ပေါ်တွင် မတ်တတ်ရပ်ကာ စကားပြောရန် ပြင်လိုက်ချိန်မှာပင် ထောင့်တစ်နေရာ၌ ထိုင်နေသော ယဲ့ချန်းကို သတိထားမိသွားသည်။
အကြီးအကဲလု တုံ့ခနဲရပ်တန့်သွားသည်။
"သူဌေးက သိုသိုသိပ်သိပ်နေမယ်။ မလာဘူးလို့ ပြောထားတာ မဟုတ်ဘူးလား"
ယဲ့ချန်းကလည်း အကြီးအကဲလု သူ့ကို သတိထားမိသွားကြောင်း မြင်သောအခါ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
အကြီးအကဲလုက ဉာဏ်ကောင်းသူပီပီ ချက်ချင်းနားလည်လိုက်သည်။
"လူကြီးမင်းတို့ခင်ဗျာ.. ကျွန်တော်တို့ ပြင်ဆင်စရာလေးတွေ ကျန်နေသေးလို့ ကျေးဇူးပြုပြီး ခဏလောက်စောင့်ဆိုင်းပေးကြပါဦး"
ထိုသို့ပြောပြီးနောက် အကြီးအကဲလုလည်း လေလံစင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ယဲ့ချန်းကလည်း စုဝမ်ယိကို သန့်စင်ခန်းသွားဦးမည်ဟုပြောကာ သူ့နေရာမှ ထွက်လာခဲ့သည်။
"သူဌေး.. ခင်ဗျား တကယ်ဒီလိုလုပ်ချင်တာလား"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"စိတ်ချပါ။ မျှော်လင့်ခြင်းစီမံကိန်းမှာ ပါဝင်ကူညီဖို့ဆိုတာ ကျွန်တော်တို့ထမ်းဆောင်သင့်တဲ့ တာဝန်တစ်ခုလို့ ထင်တယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲလုခမျာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ သူဌေးယဲ့.. ခင်ဗျားပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
အကြီးအကဲလုက လေလံစင်မြင့်ပေါ်သို့ ပြန်တက်သွားပြီး လေလံပွဲကို တရားဝင် စတင်လိုက်သည်။
"လူကြီးမင်းတို့ခင်ဗျာ.. ကျွန်တော်တို့ရဲ့ စုဆောင်းမှုတွေထဲက ပုံမှန်ဆိုရင် ရောင်းချလေ့မရှိတဲ့ ရှားပါးရတနာနှစ်ခုကို ဒီနေ့ လေလံတင်ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်"
အကြီးအကဲလု၏စကားကို ကြားသောအခါ တစ်ခန်းလုံး ဆူညံသွားတော့သည်။
အထင်ကရပုဂ္ဂိုလ်ကြီးများအားလုံး၏ မျက်လုံးများမှာ အရောင်လက်သွားလေသည်။ အထူးသဖြင့် ရှကျင်းရှန်မှာ ပိုစိတ်လှုပ်ရှားနေဟန်ဖြင့် စုဝမ်ယိရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
•••••••••••••••
အပိုင်း ၅၀၃ : လေလံပွဲ
ရှကျင်းရှန်သည် ဆုံးဖြတ်ချက်ချထားပြီးဖြစ်၏။ သူ့အင်အားအစစ်အမှန်ကို စုဝမ်ယိ သိစေရမည်။
သူသည် အစွမ်းအစအရှိဆုံးယောက်ျားဖြစ်ပြီး ယဲ့ချန်းကမူ ဘာမဟုတ်သည့် ငမွဲတစ်ယောက်သာဖြစ်ကြောင်း စုဝမ်ယိကို သိစေချင်သည်။
အကြီးအကဲလုက ပြုံးစစဖြင့် သေသပ်လှပစွာ ထုပ်ပိုးထားသော သေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါကို ရတနာဖန်သားကျောက်စိမ်းလို့ ခေါ်ပါတယ်။ ချင်မင်းဆက်တုန်းက ဧကရီမိဖုရား ဝတ်ဆင်ခဲ့တဲ့ လက်ကောက်တစ်ကွင်းလို့လည်း ဆိုကြတယ်။ ဒါကို ရွေ့နိုင်ငံက ဘရောင်းလေလံရုံကနေ ကျွန်တော် ယူလာခဲ့တာပါ"
သေတ္တာကို ဖွင့်လိုက်သည်နှင့် လက်ကောက်တစ်ကွင်းက လူတိုင်းရှေ့မှောက်တွင် ပေါ်လာလေသည်။
ဘုရားရေ.. ဒါက ဧကရီမိဖုရား ဝတ်ဆင်ခဲ့တဲ့ လက်ကောက်ပဲ။ ဒီပစ္စည်းက ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းပစ္စည်းစစ်စစ်တစ်ခုပဲ...
အကြီးအကဲလု၏ လက်ထဲရှိ လက်ကောက်ကို မြင်သောအခါ အထင်ကရပုဂ္ဂိုလ်ကြီးများ၏ မျက်လုံးများမှာ အရောင်လက်သွားချေသည်။
ကျောက်စိမ်းလက်ကောက်၏ ကြည်လင်ပြတ်သားမှုကို မဆိုထားနှင့်။ ဧကရီမိဖုရား ကိုယ်တိုင် ဝတ်ဆင်ခဲ့သည်ဟူသော အချက်တစ်ခုတည်းကပင် ပြိုင်ဘက်ကင်းသော မြင့်မြတ်မှုကို ပေးစွမ်းနေပေသည်။
"ဝိုး... ဒီလိုရှားပါးရတနာကိုတောင် လေလံတင်တယ်ဆိုတော့ ပြတိုက်ပိုင်ရှင်က ပရဟိတအတွက် အစွမ်းကုန်ကြိုးစားထားတာပဲ"
"ဟုတ်ပါရဲ့။ အရမ်းမိုက်တာပဲ။ ဒီလက်ကောက်က ဟိုဇိမ်ခံပစ္စည်းတွေထက် အများကြီးပိုတန်ဖိုးကြီးတယ်"
အကြီးအကဲလုက ဆက်ပြောလိုက်ပြန်သည်။
"ဒီလက်ကောက်က အနောက်ဘက်ဒေသကနေ ဆက်သထားတဲ့ လက်ဆောင်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြည်လင်ဆုံး ကျောက်စိမ်းလို့ လူသိများပါတယ်။ လက်ကောက်တစ်ကွင်းလုံးကလည်း ကြည်လင်နေတဲ့ရေလိုပဲ။ ဒါက တစ်သက်မှာ တစ်ခါပဲကြုံနိုင်တဲ့ ရတနာပါ"
"အဲဒီတုန်းက မိဖုရားခေါင်ရှောင်းက ဒီလက်ကောက်ကို အရမ်းနှစ်သက်ခဲ့တာ။ နောက်ပိုင်းကျတော့ စုမာကို လက်ဆောင်ပေးခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ လူရှေ့က ပျောက်ကွယ်သွားခဲ့တယ်..."
အကြီးအကဲလု၏ မိတ်ဆက်စကားကို ကြားပြီးနောက် ဤသူဌေးကြီးများမှာ လေလံဆွဲရန် စိတ်အားထက်သန်သွားကြသည်။
တော်ဝင်မိသားစု၏ ရတနာများမှာ လေလံပွဲတက်ရောက်သူများအကြား အကြိုက်ဆုံး စုဆောင်းပစ္စည်းများပင်။
ပိုဆိုးသည်မှာ ထင်ရှားကျော်ကြားလှသော မိဖုရားခေါင်ရှောင်း မြတ်နိုးတန်ဖိုးထားခဲ့သည့် အရာဖြစ်နေခြင်းပင်။
သူတို့အမြင်တွင် ဤလက်ကောက်မှာ တော်ဝင်မျိုးနွယ်၏ မြင့်မြတ်မှုကို ကိုယ်စားပြုနေချေသည်။
စုဝမ်ယိကလည်း ထိုလက်ကောက်ကို အလွန်သဘောကျနေပြီး လက်ကောက်ကိုသာ ကြည့်နေလေသည်။
သို့သော် သူ(မ) သဘောကျနေပါသော်ငြား နှုတ်ကတော့ ဖွင့်မပြောခဲ့ပေ။
သို့ရာတွင် ရှကျင်းရှန်၏ဘေးနားရှိ ပိထင်ထင်ကတော့ မတူပေ။
သူ(မ)က ရှကျင်းရှန်၏ လက်မောင်းကို ဖက်တွယ်ကာ ချွဲနွဲ့လေတော့သည်။
"အချစ်.. ဒီလက်ကောက်ကို ကျွန်မအတွက် ရအောင် ယူပေးရမယ်နော်။ ကျွန်မ အရမ်းသဘောကျလို့"
ထိုအချိန်တွင် ရှကျင်းရှန်သည် ပိထင်ထင်အကြောင်းကို လုံးဝစဉ်းစားမနေဘဲ စုဝမ်ယိအကြောင်းကိုသာ တွေးနေခဲ့သည်။
ဤလက်ကောက်ကို လေလံအောင်ပြီးလျှင် စုဝမ်ယိကို လက်ဆောင်ပေးလိုက်ပါက သူ(မ)ကလည်း သူ့ကို အမြင်သစ်နှင့် ကြည့်လာလိမ့်မည်ဟု တွေးနေသည်။
သေချာပေါက်ပင်။ ဤမျှတန်ဖိုးကြီးသော ရတနာမျိုးကို အရယူပြီး စုဝမ်ယိကိုသာ လက်ဆောင်ပေးလိုက်လျှင် သူ(မ)ကလည်း ဆင်းရဲသားတက္ကစီဒရိုင်ဘာကို ထားပစ်ခဲ့ပြီး သူ့ဆီသို့ သေချာပေါက် ရောက်လာပေလိမ့်မည်။
ရှကျင်းရှန်မှာ ထိုအကြောင်းကို တွေးလေလေ ပိုစိတ်လှုပ်ရှားလာလေလေဖြစ်ကာ လေလံဆွဲချင်စိတ်များ တားမရဆီးမရဖြစ်နေတော့သည်။
စုဝမ်ယိမှာ ဤလက်ကောက်ကို အမှန်တကယ် သဘောကျနေပေသည်။
အထူးသဖြင့် သူ(မ)သည် ငယ်စဉ်ကတည်းက ကျောက်စိမ်းကို တန်ဖိုးထားမြတ်နိုးတတ်သူဖြစ်ပြီး ဤလက်ကောက်ကိုလည်း ရှေးဟောင်းစာအုပ်များထဲတွင် မြင်ဖူးခဲ့သည်။
ထိုအချိန်က သူ(မ)တွင်သာ ဤသို့သော လက်ကောက်မျိုးရှိလျှင် မည်မျှကောင်းလိုက်မည်နည်းဟု တွေးခဲ့ဖူးသည်။
ဤလက်ကောက်က သူ(မ)၏မျက်စိရှေ့သို့ တကယ်ပေါ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ထို့ကြောင့် စိတ်မလှုပ်ရှားဘဲနေရန်မှာ မဖြစ်နိုင်ပေ။
သို့သော် စုဝမ်ယိ ထိုလက်ကောက်ကို သဘောကျသော်ငြား တစ်ချက်မျှသာ ကြည့်ပြီးနောက် အာရုံမစိုက်တော့ပေ။
"ပုံမှန်ဆိုရင် အရမ်းသဘောကျတတ်တဲ့ ကျောက်စိမ်းလက်ကောက်လှလှလေးကို ဘာလို့ စိတ်မဝင်စားရတာလဲ"
စုဝမ်ယိက ခေါင်းညိတ်ပြလိုက်၏။
"ကျွန်မ တကယ်စိတ်မဝင်စားဘူး"
စုဝမ်ယိက သူ့ကို ပိုက်ဆံမဖြုန်းစေချင်၍သာ ထိုသို့ပြောခြင်းဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။
ဝန်ခံရလျှင် စုဝမ်ယိသည် ခြွင်းချက်မရှိ ကောင်းမွန်လှသော မိန်းကလေးကောင်းတစ်ဦးပင်။
ထက်မြက်သည်။ အရည်အချင်းရှိသည်။ ကိုယ်ချင်းစာတရားလည်း ရှိ၏။
အကြီးအကဲလုက လူအုပ်ကြီးကို ကြည့်၍ ပြောလိုက်သည်။
"ဒီလက်ကောက်အတွက် လေလံကြမ်းခင်းစျေးက ဆယ်သန်းဖြစ်ပါတယ်"
လေလံပွဲ စတင်သည်နှင့်တစ်ပြိုင်နက် လက်ကောက်၏စျေးနှုန်းကလည်း အလျင်အမြန် ထိုးတက်သွားသည်။
"၁၁သန်း"
"၁၅သန်း"
"သန်း၂၀"
စျေးနှုန်းက သန်းနှစ်ဆယ်တွင် ရပ်တန့်သွားသည်။
သို့သော် ဤစျေးနှုန်းကို အကြီးအကဲလု သိပ်ဘဝင်မကျပေ။
အစကတည်းက ဤလက်ကောက်ကို နိုင်ငံခြားမှ အရယူရန်အတွက် ၁၈သန်း အကုန်အကျခံခဲ့ရသည်။
သန်းနှစ်ဆယ်ဖြင့်သာ ရောင်းလိုက်ရမည်ဆိုလျှင် နှမြောတသဖြစ်နေရလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဤရတနာသည် ကြီးမားလှသော သမိုင်းဝင်တန်ဖိုးများ ပါရှိနေသည်မဟုတ်ပါလော။
"သန်းနှစ်ဆယ် တစ်ကြိမ်"
အကြီးအကဲလု စတင်ရေတွက်လိုက်သည်။
"သန်းနှစ်ဆယ် နှစ်ကြိမ်"
ထိုအချိန်တွင် သူဌေးတစ်ယောက်က အကြီးအကဲလုအား စိတ်အားထက်သန်စွာ ကြည့်ရှုနေပြီး နောက်ဆုံးအဆုံးအဖြတ်ကို စောင့်ဆိုင်းနေသည်။
"နေပါဦး။ ကျွန်တော် သန်းသုံးဆယ် ပေးမယ်"
ရှကျင်းရှန်က ဂုဏ်ယူဝင့်ကြွားစွာ မတ်တတ်ထရပ်လိုက်သည်။
သန်းသုံးဆယ်ဟူသော စျေးနှုန်းကို ကြားလိုက်ရချိန်ဝယ် တစ်ခန်းလုံး ဆူညံသွားတော့သည်။
တစ်ချက်တည်းနှင့် သန်းသုံးဆယ်အထိ ပေးဝယ်ခြင်းမှာ အံ့ဩစရာပင်။
ရှကျင်းရှန်၏ ပြတ်သားလှသော အမူအရာကို မြင်သောအခါ အခမ်းအနားရှိ အထက်တန်းလွှာများပင် ပင့်သက်ရှိုက်လိုက်မိကြသည်။
ဤလူငယ်လေးက အလွန်ချမ်းသာကြွယ်ဝသော သူဌေးတစ်ယောက် ဖြစ်ပုံရသည်။
ရှကျင်းရှန်မှာမူ မာနထောင်လွှားနေတော့သည်။
"ဒီလက်ကောက်ကို ကျွန်တော် မဖြစ်မနေ ရမှဖြစ်မှာမို့လို့ အားလုံးပဲ ကျွန်တော့်ကို မျက်နှာသာပေးကြပါဦး"
သန်းသုံးဆယ်ဆိုသည်မှာ ဤလက်ကောက်၏ တန်ဖိုးအစစ်ထက်ပင် ကျော်လွန်နေပြီဖြစ်၏။
ပစ္စည်းက ကောင်းမွန်သော်လည်း ပွဲတက်သူများမှာ စီးပွားရေးသမားများသာ ဖြစ်ကြ၏။ ထို့ကြောင့် အရှုံးပေါ်မည့် လုပ်ရပ်မျိုးကို လုပ်ကြမည်မဟုတ်ပေ။
ရှကျင်းရှန်၏ အကြည့်က ယဲ့ချန်းဆီသို့ ရောက်သွားပြီး မောက်မာစွာ ပြောလိုက်သည်။
"ဟေ့ကောင်.. မြင်လား။ သူဌေးတွေရဲ့ ကမ္ဘာက ဘယ်လိုလဲဆိုတာ မင်း အခုသိပြီမလား။ မင်းမှာ အစွမ်းအစရှိရင် ငါ့ကို လာပြိုင်လှည့်လေ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ပုံမှန်ဆိုရင် အရန်ဇာတ်ကောင်တွေက အရင်ထွက်လာတတ်ပေမယ့် ဇာတ်လိုက်ကတော့ နောက်ဆုံးမှ သူ့ရဲ့အရှိန်အဝါကို ထုတ်ပြလေ့ရှိတယ်လေ"
ကြွားဝါရန် ရည်ရွယ်ထားသော ရှကျင်းရှန်မှာ ယဲ့ချန်းထံမှ လှောင်ပြောင်ခံလိုက်ရသည်။
"နင့်လို ငမွဲကောင်ကများ သန်းသုံးဆယ်လို့ ပြောရဲသေးတယ်။ ဘဝအဆက်ဆက် ရှာတာတောင် အဲဒီလောက်ရမှာမဟုတ်ဘူး။ သတ္တိရှိရင် ယှဉ်ကြည့်လေ။ နင်က လေကြီးရုံသက်သက်ပဲရှိတာ။ ဘာအစွမ်းအစတွေများ ရှိလို့လဲ။ ပိုက်ဆံမရှိဘဲ ဟန်လုပ်နေတဲ့ နင့်လိုကောင်မျိုးတွေကို ငါ အထင်အသေးဆုံးပဲ"
ဘေးနားရှိ ပိထင်ထင်က လှောင်ပြောင်လိုက်သည်။
ယဲ့ချန်းကမူ ထိုစကားကို ကြားသောအခါ အသာပြုံးလိုက်သည်။
"သန်းငါးဆယ်"
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ ယဲ့ချန်းက လက်ကောက်၏စျေးနှုန်းကို သန်းနှစ်ဆယ်တိတိ ရဲရဲဝံ့ဝံ့မြှင့်လိုက်လိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားပေ။
ရှကျင်းရှန်မှာ ခေတ္တမျှ ဆွံ့အသွားသည်။
သို့သော် ထိုအချိန်မှာပင် သူ့မျက်နှာထက်တွင် မနာလိုမုန်းတီးလေဟန် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
"ခဏနေဦး။ ဒီလက်ကောက်ကိုဝယ်ဖို့ သူ့မှာ ဒီလောက်အထိ ပိုက်ဆံရှိမယ်လို့ ငါ မထင်ဘူး။ ဒီကောင်က သက်သက်ပြဿနာလာရှာတာ သိသာပါတယ်"
သန်းငါးဆယ်တဲ့လား..
တက္ကစီဒရိုင်ဘာတစ်ယောက် နေ့ရောညပါ ကားမောင်းရင်တောင် တစ်လကို အလွန်ဆုံး ထောင်ဂဏန်းလောက်ပဲ ရမှာကို...
သူက သန်းငါးဆယ်တန် လက်ကောက်ကို ဘယ်လိုလုပ်ဝယ်နိုင်မှာလဲ။
ယဲ့ချန်းကမူ ထိုစကားကို ကြားသောအခါ အသာပြုံးပြီး ဝန်ထမ်းများထံသို့ ရွှေရောင်ဘဏ်ကတ်တစ်ကတ်ကို ပေါ့ပေါ့ပါးပါးပစ်ပေးလိုက်သည်။
"မယုံဘူးဆိုရင် စစ်ဆေးကြည့်လို့ရပါတယ်"
လက်ကျန်ငွေကို စစ်ဆေးပြီးနောက် ဝန်ထမ်းက ပြောလိုက်၏။
"မစ္စတာယဲ့ရဲ့ကတ်ထဲမှာ ငွေလုံလုံလောက်လောက် ရှိပါတယ်။ သူ ဒီလက်ကောက်ကို ဝယ်နိုင်စွမ်း ရှိပါတယ်"
လူအုပ်ကြီးမှာ အံ့ဩသွားကြပြန်သည်။
ဘုရားရေ.. ဒီတက္ကစီဒရိုင်ဘာက တကယ်ပဲ ဒီလောက်တောင် ချမ်းသာတာလား။
ရှကျင်းရှန်၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးနေချေသည်။ ထို့နောက် သူက ဘေးနားရှိ ပိထင်ထင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
တုံးအလှသော ဤမိန်းမက ယဲ့ချန်းကိုသာ သွားမလှောင်ပြောင်ခဲ့ဘူးဆိုလျှင် ဤလက်ကောက်က သန်းသုံးဆယ်ဖြင့် သူ့အပိုင် ဖြစ်နေလောက်ပြီ။
ယဲ့ချန်းက ရှကျင်းရှန်ကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
"ဘာလဲ။ ဒီလောက်မြန်မြန် လက်လျှော့လိုက်ပြီလား။ စောစောကတော့ မင်းကိုယ်မင်း တော်တော်လေး အထင်ကြီးနေတာလေ။ မင်းကို ချမ်းသာတယ်လို့ ထင်ခဲ့တာ။ တကယ်တမ်းကျတော့လည်း ဘာမှမထူးခြားပါဘူးကွာ"
ယဲ့ချန်း၏ လှောင်ပြောင်ခြင်းကို ခံလိုက်ရသဖြင့် ရှကျင်းရှန်၏မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။
သူက အံတင်းတင်းကြိတ်ကာ သက်ပြင်းရှိုက်လိုက်သည်။
မဖြစ်ဘူး။ ဒီကောင့်ကို လုံးဝ အရှုံးပေးလို့ မဖြစ်ဘူး။
"သန်းခြောက်ဆယ်"
ရှကျင်းရှန်လည်း စျေးနှုန်းကို ဆယ်သန်းတိတိ မြှင့်လိုက်သည်။
ယဲ့ချန်းကတော့ အလွန်တည်ငြိမ်နေဆဲပင်။
"သန်းခုနစ်ဆယ်"
ဒေါသူပုန်ထနေသော ရှကျင်းရှန်မှာ အံတင်းတင်းကြိတ်လိုက်၏။
"သန်းရှစ်ဆယ်"
"သန်းကိုးဆယ်"
ယဲ့ချန်းက လေလံစျေးကို ဆက်မြှင့်လိုက်သည်။
ရှကျင်းရှန်ခမျာ လေလံဆက်ဆွဲချင်သော်လည်း လက်ကောက်တစ်ကွင်းအတွက် သန်းကိုးဆယ်ဆိုသည်မှာ တကယ်မတန်လှပေ။
"ဒီလိုအပေါစားလက်ကောက်တစ်ကွင်းအတွက် သန်းကိုးဆယ်တောင် ပေးတယ်ဆိုတော့ မင်း တစ်ခုခုတော့ ဖြစ်နေပြီ။ ငါ မင်းကိုပဲ အလျှော့ပေးလိုက်ပါတော့မယ်"
အခမ်းအနားရှိ အထက်တန်းလွှာများက လှောင်ပြုံးပြုံးလိုက်ကြသည်။
ရှုံးနေသည့်တိုင် မာနတစ်ခွဲသားဖြင့် ဟန်လုပ်နေဆဲပင်။
သို့သော် သူ့ဟန်ဆောင်မှုက အလုပ်မဖြစ်ခဲ့သဖြင့် ရှကျင်းရှန်မှာ ပို၍ပင် သနားစရာကောင်းသွားသည်။
အကြီးအကဲလုက ဝမ်းသာအားရပြုံးလိုက်သည်။
"လက်ကောက်ကို လေလံအောင်သွားတဲ့ မစ္စတာယဲ့ကို ဂုဏ်ပြုပါတယ်။ မစ္စတာယဲ့.. စကားလေးနည်းနည်းလောက်များ ပြောချင်ပါသလား"
ယဲ့ချန်းက လက်ကောက်ကိုယူ၍ စင်မြင့်ပေါ်တွင် မတ်တတ်ရပ်လိုက်သော်လည်း သူ့အကြည့်ကမူ စုဝမ်ယိထံတွင်သာ စူးစိုက်နေပေသည်။
••••••••••••••••
အပိုင်း ၅၀၄ : ယဲ့ချန်းက သူဌေး
ယဲ့ချန်းက စုဝမ်ယိကို 'အကြင်နာမျက်ဝန်း'များဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ ရှကျင်းရှန်ခမျာ ဒေါသထွက်လုမတတ် ဖြစ်သွားရသည်။
ဇာတ်လမ်းက သူ့ကို ဗဟိုပြုရမှာလေ။
သို့သော် လူအများ၏ အာရုံစိုက်မှုအားလုံးကို ဤလူက ခိုးယူသွားခဲ့ပြီး ရှကျင်းရှန်မှာမူ ခွေးစာကျွေးခံလိုက်ရသလို အထီးကျန်စွာ ကျန်ရစ်ခဲ့ချေသည်။
ယဲ့ချန်းက စုဝမ်ယိဆီသို့ လျှောက်သွားလေသည်။
"ဝမ်ယိ.. မင်း ဒီလက်ကောက်ကို သဘောကျမှန်း ကိုယ်သိတယ်။ ဒါပေမဲ့ ကိုယ် ပိုက်ဆံကုန်မှာစိုးလို့ မကြိုက်ဘူးလို့ ပြောခဲ့တာမလား။ ကိုယ် မင်းကို ပြောချင်တာက မင်း သဘောကျတဲ့အရာဆိုရင် ကောင်းကင်က ကြယ်လေးတစ်ပွင့်ဖြစ်နေရင်တောင် မင်းအတွက် ကိုယ် ခူးယူပေးမှာပါ။ သန်းကိုးဆယ်ဆိုတာက ဘာအရေးကြီးလို့လဲ"
ယဲ့ချန်း၏ ရင်တွင်းဖြစ်ဖွင့်ဟဝန်ခံစကားကို ကြားသောအခါ ပရိသတ်ဆီက မိုးခြိမ်းသံအလား လက်ခုပ်သံများ ထွက်ပေါ်လာသည်။
မိန်းကလေးများကလည်း စုဝမ်ယိကို အားကျသော အမူအရာများဖြင့် ကြည့်နေကြသည်။
စုဝမ်ယိအဖို့တော့ သူ(မ)ကို ဤမျှအထိ ချစ်မြတ်နိုးသူတစ်ယောက်ရှိခြင်းကား စင်စစ်ကံကောင်းလှပေသည်။
ယဲ့ချန်းက လက်ကောက်ကို စုဝမ်ယိ၏ လက်ကောက်ဝတ်တွင် စွပ်ပေးလိုက်လေရာ သူ(မ)၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
အနီးအနားရှိ ရှကျင်းရှန်နှင့် ပိထင်ထင်တို့မှာမူ သွေးအန်လုမတတ် ဒေါသထွက်နေကြသည်။
စုဝမ်ယိခမျာ အလွန်စိတ်လှုပ်ရှားသွားသဖြင့် မျက်ဝန်းများပင် မျက်ရည်စို့သွားသည်။
ထိုအချိန်တွင် ပိထင်ထင်မှာမူ ဒေါသကြောင့် ရူးမတတ်ဖြစ်နေလေသည်။
သူ(မ)၏စိတ်ထဲတွင် နောင်တရနေမိသည်။ အကယ်၍ သူ(မ)သာ ထိုနေ့က နောက်မကျခဲ့လျှင် ယခုအချိန်တွင် ယဲ့ချန်းဘေးရှိ စိတ်လှုပ်ရှားနေသော မိန်းကလေးမှာ သူ(မ)သာ ဖြစ်ပေလိမ့်မည်။
ရှကျင်းရှန်မှာ ပို၍ပင်ခါးသီးနေပြီး အံတင်းတင်းကြိတ်ထားရသည်။
သူ့ကောင်မလေးအား လုယူသွားသည့်အဖြစ်ကို နာနာကျင်ကျင်ကြည့်ရင်း ဒေါသထွက်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။ ပထမဆုံးအကြိမ်အဖြစ် သူ့မှာ အစွမ်းအစမဲ့သလို ခံစားလိုက်ရသည်။
ယဲ့ချန်းက စုဝမ်ယိ၏ ကျောက်စိမ်းအလား လှပသော လက်ကလေးကိုကြည့်ရင်း ရေရွတ်လိုက်သည်။
"မင်းရဲ့လက်လေးက အရမ်းလှတာပဲ"
စုဝမ်ယိ၏ မျက်နှာလှလှလေးမှာ အနည်းငယ် နီမြန်းသွားသည်။
"ကျေးဇူးတင်ပါတယ် ယဲ့ချန်း"
နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိလှသော စုဝမ်ယိ၏အမူအရာကို ကြည့်ရင်း ရှကျင်းရှန်ခမျာ မနာလိုဖြစ်လွန်း၍ သေမတတ်ပင်။
သူများရည်းစားကိုကြည့်ပြီးနောက် သူ့ရည်းစားကို ပြန်ကြည့်လိုက်မိသည်။
ရုပ်ရည်သွင်ပြင်ဖြစ်စေ စရိုက်လက္ခဏာဖြစ်စေ ကောင်းကင်နှင့်မြေကြီးလို ကွာခြားလွန်းလှသည်။
ရှကျင်းရှန်လည်း သူ့ဘေးရှိမိန်းမကို ကြည့်ရင်း အန်ချင်စိတ်ပင် ပေါက်လာသည်။
...
လေလံပွဲကို ဆက်လက်ကျင်းပလေသည်။
ပထမဆုံး လေလံပစ္စည်းကို ယဲ့ချန်းက လေလံအောင်သွားခဲ့ပြီးနောက် ဒုတိယမြောက် ရှားပါးရတနာအတွက် လေလံပွဲကို စတင်လိုက်သည်။
အကြီးအကဲလုက ကျောက်စိမ်းဆံထိုးတစ်ခုကို ထုတ်ယူပြီး ပြုံးလိုက်၏။
"လူကြီးမင်းတို့ခင်ဗျာ.. လင်းလုံလို့ အမည်ရတဲ့ ဒီကျောက်စိမ်းဆံထိုးလေးကို ရှုစားကြည့်ကြပါ"
ထိုနာမည်ကို ကြားလိုက်သည်နှင့် ပရိသတ်ထဲရှိ လူကြီးတစ်ယောက်က ရုတ်တရက် ထပြောလေသည်။
"ဒါက ချင်မင်းဆက်နှောင်းပိုင်းက ဗုဒ္ဓမြတ်စွာဘုရား အမြတ်နိုးဆုံး လင်းလုံကျောက်စိမ်းဆံထိုးများလား"
အကြီးအကဲလုက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။ ကျွန်တော် ဒါကို အက်ဖ်နိုင်ငံက လေလံရုံတစ်ခုကနေ ယူခဲ့တာပါ။ ဒီကျောက်စိမ်းဆံထိုးက မိဖုရားခေါင်ရှီ အနှစ်သက်ဆုံးပစ္စည်းပါ"
ထိုသို့ပြောနေချိန်မှာပင် အကြီးအကဲလု၏ အနောက်ရှိ ဖန်သားပြင်ကျယ်ပေါ်တွင် အဖြူအမည်းဓာတ်ပုံတစ်ပုံ ပေါ်လာသည်။
၎င်းမှာ မိဖုရားခေါင်ရှီ၏ နောက်ဆုံးနှစ်များဆီက ဓာတ်ပုံတစ်ပုံပင်။
ဓာတ်ပုံထဲတွင် မိဖုရားခေါင်ရှီ၏ ဦးခေါင်းပေါ်ရှိ ကျောက်စိမ်းဆံထိုးမှာ အကြီးအကဲလု၏လက်ထဲရှိ ဆံထိုးနှင့် တစ်ထေရာတည်းတူညီနေပေသည်။
ပရိသတ်များလည်း တစ်ဖန်ဆူညံသွားပြန်သည်။
ဒါက တော်ဝင်မိသားစုဆီက ပစ္စည်းနောက်တစ်ခုပဲ။
ဘုရားရေ.. ဒါကလည်း ရှားပါးရတနာတစ်ခုပါလား။
ယဲ့ချန်းက မေးလိုက်သည်။
"ဝမ်ယိ.. မင်း ဒီကျောက်စိမ်းဆံထိုးကို သဘောကျလား"
စုဝမ်ယိခမျာ အံ့ဩသွားလေသည်။
"ကျွန်မ လက်ကောက်ကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းဆံထိုးတွေကိုတော့ သိပ်မှမပန်ဖြစ်တာ"
ယဲ့ချန်းက စုဝမ်ယိကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
စုဝမ်ယိမှာ ထက်မြက်သူပီပီ ယဲ့ချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသည်။
"အင်း.... ကျွန်မ ဒီကျောက်စိမ်းဆံထိုးကိုလည်း သဘောကျတယ်"
မနီးမဝေးတွင်ရှိနေသော ရှကျင်းရှန်မှာ လူနှစ်ယောက်၏ စကားပြောသံကို ကြားပြီးနောက် မျက်လုံးများ အရောင်လက်သွားချေသည်။
အစောက ယဲ့ချန်းသည် စုဝမ်ယိကို လက်ကောက်တစ်ကွင်း ပေးလိုက်သည်နှင့် သူ(မ)လည်း အလွန်စိတ်လှုပ်ရှားသွားသည်။ အကယ်၍ သူသာ ဤကျောက်စိမ်းဆံထိုးကို ပေးလိုက်လျှင် သူ(မ) သူ့ရင်ခွင်ထဲသို့ ပြန်ရောက်လာလေမလား။
ဤအကြောင်းကို တွေးမိသောအခါ ရှကျင်းရှန်လည်း ထိုကျောက်စိမ်းဆံထိုးကို မဖြစ်မနေ လေလံအောင်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ခဏတာဆန်သော သူ့လောဘကြောင့် ယဲ့ချန်းက အခွင့်အရေးကို အရင်လက်ဦးသွားခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ အခွင့်အရေးကို လက်လွတ်ခံတော့မည် မဟုတ်ပေ။
ယဲ့ချန်းက ဘေးနားက တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ဝမ်ယိ.. စိတ်ချပါ။ မင်းသဘောကျတဲ့အရာကို ကိုယ် လေလံပွဲမှာ သေချာပေါက် အောင်အောင်လုပ်ပြီး မင်းကို ပေးမှာပါ"
"အင်း.. ရှင်က သိပ်ကောင်းတာပဲ။ အရမ်းချစ်တယ်နော်"
စုဝမ်ယိကလည်း တမင်ပြောလိုက်သည်။
ရှကျင်းရှန်က မဲ့ပြုံးပြုံးလိုက်သည်။
"ဒီတစ်ခေါက်တော့ ငါ ကျောက်စိမ်းဆံထိုးကို မဖြစ်မနေလေလံဆွဲပြီး ဝမ်ယိရဲ့ နှလုံးသားကို ပြန်သိမ်းပိုက်ရမယ်"
...
လေလံပွဲကို ဆက်လက်ကျင်းပခဲ့သည်။ အကြီးအကဲလုက ပြုံးလျက် စကားဆိုချေသည်။
"ဒီကျောက်စိမ်းဆံထိုးရဲ့ လေလံကြမ်းခင်းစျေးကလည်း ယွမ်တစ်သန်းပဲဖြစ်ပါတယ်။ တစ်ကြိမ်စျေးတက်ရင် တစ်သိန်းထက် မနည်းရပါဘူး"
ဤတစ်ကြိမ်တွင်မူ အခြားမည်သူမှ လေလံမဆွဲနိုင်ခင် ရှကျင်းရှန်က "ငါးသန်း" ဟု တိုက်ရိုက်ဈေးခေါ်လိုက်သည်။
ပရိသတ်တစ်သိုက် ဆူညံသွားတော့သည်။
ဒါက အရမ်းအသုံးအဖြုန်းကြီးလွန်းတယ်။
ကျောက်စိမ်းဆံထိုး၏ တန်ဖိုးမှာ အလွန်ဆုံးမှ နှစ်သန်းသာ ရှိသော်လည်း ရှကျင်းရှန်က နှစ်သန်းထပ်ဆောင်းပေးလိုက်ခြင်းပင်။
ဤတစ်ကြိမ်မှာမူ တက်ရောက်လာကြသော သူဌေးများအားလုံး ဆွံ့အသွားကြသည်။
ရှကျင်းရှန်ကလည်း အလွန်ချမ်းသာသော သူဌေးတစ်ယောက် ဖြစ်ပုံရသည်။
လူတော်တော်များများက ကျောက်စိမ်းဆံထိုးကို သဘောကျကြသော်လည်း ရှကျင်းရှန်၏ စျေးနှုန်းမှာ မြင့်မားလွန်းလှသဖြင့် အားလုံးက ယှဉ်ပြိုင်ရန် လက်လျှော့လိုက်ကြသည်။
ရှကျင်းရှန်ကမူ လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာကို သဘောကျနေချေသည်။
စောစောက ယဲ့ချန်းက မျက်နှာပန်းလှခဲ့ပြီး နောက်ဆုံးတော့ သူ့အလှည့် ရောက်လာခဲ့လေပြီ။
သူ့အကြည့်များက ယဲ့ချန်းဆီသို့ ကျရောက်သွားပြီး မျက်လုံးထဲတွင် ရန်စလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံးပြီး စျေးတစ်ခု ခေါ်လိုက်သည်။
"ခြောက်သန်း"
ရှကျင်းရှန်ကလည်း လုံးဝမကြောက်မရွံ့ပေ။
"ခုနစ်သန်း"
"ရှစ်သန်း"
ယဲ့ချန်းက ပြတ်သားစွာ ပြောလိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက်က အတွေ့အကြုံရှိထားသဖြင့် ရှကျင်းရှန်လည်း နောက်မဆုတ်ဘဲ "ကိုးသန်း"ဟု ဈေးခေါ်လိုက်သည်။
ကိုးသန်းတွင် ယဲ့ချန်းက သိသိသာသာ တုံ့ဆိုင်းသွားသည်။
ယဲ့ချန်း၏ အမူအရာကို မြင်သောအခါ ရှကျင်းရှန်ခမျာ ပို၍ပင် ကျေနပ်ဂုဏ်ယူသွားတော့သည်။
ဘေးနားရှိ စုဝမ်ယိကလည်း ယဲ့ချန်းကို ပူဆာလိုက်သည်။
"အချစ်.. ကျွန်မ ဒီကျောက်စိမ်းဆံထိုးလေးကို အရမ်းသဘောကျတယ်"
စုဝမ်ယိ ဤသို့ပြောသည်ကို ကြားသောအခါ ယဲ့ချန်းလည်း အံတင်းတင်းကြိတ်ပြီး ကျောက်စိမ်းဆံထိုး၏ စျေးနှုန်းကို ယွမ်ဆယ်သန်းအထိ တွန်းတင်လိုက်သည်။
ရှကျင်းရှန် နှာမှုတ်လိုက်၏။
"၁၁သန်း"
ယဲ့ချန်း၏ မျက်နှာထက်တွင် ဒေါသရိပ်များ သိသိသာသာပေါ်လာလေသည်။
"၁၂သန်း"
ယခုမူ ရှကျင်းရှန်လည်း တုံ့ဆိုင်းသွားသည်။
သို့သော် သူ နောက်ထပ်တစ်ကြိမ် လေလံထပ်ဆွဲရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ယဲ့ချန်းဘက်ကသာ လေလံထပ်ဆွဲလျှင် သူ လက်လျှော့တော့မည်။
"၁၃သန်း"
ရှကျင်းရှန်မှာ လေလံစျေးခေါ်ပြီးနောက် ယဲ့ချန်းကို ကြည့်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ ယဲ့ချန်းက ရှကျင်းရှန်အား တစ်ချက်ကြည့်လိုက်သော်လည်း လေလံဆက်မဆွဲတော့ပေ။
"မင်းနိုင်ပါတယ်။ ကျောက်စိမ်းဆံထိုးက မင်းအပိုင်ပဲ"
ရှကျင်းရှန် အလွန်ကျေနပ်သွားသည်။
၁၃သန်းသုံးလိုက်ရသဖြင့် သူ့အတွက် အနည်းငယ် နှမြောစရာကောင်းသော်လည်း ယဲ့ချန်းကို အနိုင်ယူခဲ့ကြောင်း တွေးမိသောအခါ သူ အလွန်ပျော်ရွှင်သွားသည်။
တစ်ဖက်မှ ပိထင်ထင်ကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ရှကျင်းရှန်က သူ(မ)အတွက် ဤမျှအထိ ငွေအများကြီးသုံးလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
၁၃သန်းတဲ့။
ဤမျှတန်ဖိုးကြီးလှသော ရှေးဟောင်းပစ္စည်းကို ခေါင်းပေါ်ပန်ထားရပြီဆိုတော့ ငါ ကြွားလို့ရပြီ။
ပိထင်ထင်က ရှကျင်းရှန်းကို ပွေ့ဖက်၍ ပြင်းပြင်းပြပြပင် နမ်းလိုက်သည်။
"အချစ်.. ကျေးဇူးတင်ပါတယ်"
ရှကျင်းရှန် ခေတ္တမျှဆွံ့အသွားသည်။
ဒီကျောက်စိမ်းဆံထိုးက မင်းအတွက်မှမဟုတ်တာ။ မင်းက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။
သို့သော် လူပုံအလယ်တွင် ဖြစ်နေသဖြင့် ချက်ချင်းဖွင့်မပြောဘဲ နေရခက်စွာ ပြုံးပြလိုက်သည်။
ရှကျင်းရှန်က လေလံစင်မြင့်ပေါ်သို့ တက်သွားလေရာ ပိထင်ထင်လည်း သူ့နောက်မှ စိတ်အားထက်သန်စွာ လိုက်ပါသွားသည်။
အကြီးအကဲလုက ပြုံးလိုက်၏။
"မစ္စတာရှ.. စည်းမျဉ်းအရ ငွေအရင်လွှဲပေးဖို့ လိုပါတယ်"
ရှကျင်းရှန်က ရွှင်လန်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကျွန်တော် ပိုက်ဆံမပေးမှာ ကြောက်လို့လား"
ငွေလွှဲပေးပြီးနောက် ရှကျင်းရှန်က ပြုံးလျက် ပြောလိုက်သည်။
"အခု ကျွန်တော့်ကို ကျောက်စိမ်းဆံထိုး ပေးလို့ရပြီမလား"
အကြီးအကဲလုက ခေါင်းညိတ်ပြလိုက်သည်။
"မစ္စတာရှ.. ပြတိုက်ပိုင်ရှင်ကိုယ်တိုင် ခင်ဗျားကို ကျောက်စိမ်းဆံထိုး ပေးပါလိမ့်မယ်"
ရှကျင်းရှန်မှာ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် အလွန်ဝမ်းသာသွားလေသည်။
ယဲ့ချန်း သူ့ပစ္စည်းကို ရတုန်းက အကြီးအကဲလုကိုယ်တိုင် ပေးအပ်ခဲ့ခြင်းပင်။
သူ့အတွက်တော့ ပြတိုက်ပိုင်ရှင်ဆီက လက်ခံရမည်ဖြစ်ရာ ရှကျင်းရှန်ကတော့ ဤသည်မှာ ပိုဂုဏ်ရှိသည်ဟု ထင်မိသည်။
သူလည်း ပြုံးစစဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အရမ်းကောင်းတာပေါ့"
လူတိုင်းလည်း ထပ်တူစိတ်လှုပ်ရှားနေကြသည်။
ပြတိုက်ပိုင်ရှင်က အမြဲတမ်းသိုသိုသိပ်သိပ်နေတတ်လေရာ လူတိုင်းက နောက်ကွယ်ရှိ ဤသူဌေး၏ သရုပ်မှန်ကို အလွန်သိချင်နေကြသည်။
အကြီးအကဲလုက ကြေညာလိုက်၏။
"ဆက်လက်ပြီး ကျွန်တော်တို့ရဲ့ ပြတိုက်ပိုင်ရှင် မစ္စတာယဲ့ချန်းကို မစ္စတာရှကျင်းရှန်ထံ ကျောက်စိမ်းဆံထိုး ပေးအပ်ချီးမြှင့်ပေးဖို့ ဖိတ်ခေါ်ပါတယ်"
"ယဲ့ချန်းလား"
ရှကျင်းရှန် ခေတ္တမျှဆွံ့အသွားသည်။
ထိုနာမည်ကို ရင်းနှီးနေသလိုပင်။
ထိုအချိန်တွင် ပရိသတ်များ၏ အံ့အားသင့်နေသော အကြည့်များအကြား ယဲ့ချန်းက မတ်တပ်ရပ်လိုက်လေသည်။