အခန်း (၂၀၃၉-၂၀၄၂)
Vol. 108 Ch. 2039-2042
အခန်း (၂၀၃၉) - စည်းမျဉ်းအတိုင်း မကစားဘူး
~"ဘာဖြစ်လို့လဲ"
ယွီဖုန်းရှန်း ယဲ့ဖန်၏ ပခုံးပေါ် ခေါင်းမှီရင်း မေးလိုက်၏။
ယဲ့ဖန် ဒီသံမဏိ အမျိုးသမီးကို ကြည့်လိုက်ပြီး တိုက်ရိုက် မပြောဘဲ၊ ပေါ့ပေါ့ပါးပါး မေးလိုက်၏။
"ကျန်းပေ ပြန်ရောက်ရင် ဘာဆက်လုပ်မလဲ"
ယွီဖုန်းရှန်း ခေါင်းမော့လိုက်ပြီး ယဲ့ဖန်၏ အကြည့်နှင့် ဆုံလိုက်၏။
"ရှင် ကျွန်မကို ပြောစရာ ရှိနေတာလား"
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။
"မြေအောက်လောက က အရမ်း အန္တရာယ် များတယ်"
"မင်းက မနိမ့်ကျပေမဲ့... ပွင့်လင်းတဲ့ လှံတွေ၊ ပုန်းကွယ်နေတဲ့ မြှားတွေ အများကြီးကို အလွယ်တကူ ကာကွယ်ဖို့ လုံလောက်တဲ့ အစွမ်းသတ္တိ မရှိသေးဘူး"
ယွီဖုန်းရှန်း အံ့သြစွာ မျက်လုံး ပြူးသွားပြီး ရုတ်တရက် ရယ်မောလိုက်၏။
"ကျွန်မကို မြေအောက်လောက ကနေ ထွက်စေချင်တာတော့ မဟုတ်ပါဘူးနော်"
"အဲ့ဒီလို ဆိုရင်တော့... ရှင်က ကျွန်မ သိတဲ့ ယဲ့ဖန် နဲ့ တကယ် မတူတော့ဘူး"
"မြေအောက်လောက သားသမီးတွေ... ဒီလောက် ပွင့်လင်းတဲ့ လှံတွေ၊ ပုန်းကွယ်နေတဲ့ မြှားတွေကို ကြောက်နေရင်... မြေအောက်လောက ထဲ မဝင်နဲ့တော့..."
ယဲ့ဖန် ခေါင်းခါလိုက်၏။
"ကိုယ် ဆိုလိုတာက... နေမဝင်အင်ပါယာမှာ ရှိနေတဲ့ ဒီအခွင့်အရေးကို အသုံးချပြီး မင်းရဲ့ စွမ်းရည်ကို မြှင့်တင်စေချင်တာပါ"
"အနည်းဆုံးတော့ မတော်တဆမှု တစ်ခုခု ဖြစ်လာရင် အသက်ရှင် လွတ်မြောက်နိုင်ခြေ ပိုများလာအောင်ပေါ့"
"ဟမ်..."
ယွီဖုန်းရှန်း အနည်းငယ် တုန်လှုပ်သွား၏။
"ဘာကို ဆိုလိုတာလဲ"
"မင်းရဲ့ အခြေခံကို ကိုယ် ကောင်းကောင်း သိပြီးသားပါ... ဘာပဲပြောပြော မင်းက ငယ်တော့တာ မဟုတ်ဘူး... သိုင်းပညာ လေ့ကျင့်ပြီး ကိုယ့်ကိုယ်ကို အများကြီး တိုးတက်အောင် လုပ်ဖို့ ဆိုတာ အရမ်း ခက်ခဲတယ်"
ယဲ့ဖန် သူ့အတွေးကို ဖွင့်ပြောလိုက်၏။
"တိုက်တိုက်ဆိုင်ဆိုင် မင်းမှာ ပိုက်ဆံ မရှားဘူး... ကိုယ်လည်း လေးဖို့ဒ် သက်ရှိ သုတေသန အင်စတီကျု က ကျွမ်းကျင် ပညာရှင် တစ်ယောက်ကို သိထားတယ်"
"မင်း စမ်းကြည့်ချင်ရင် စမ်းကြည့်လို့ ရတယ်... A-အဆင့် မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ လူသား ဖြစ်လာအောင် စိန်ခေါ်ကြည့်မလား"
ယွီဖုန်းရှန်း အနည်းငယ် စိတ်ဝင်စားသွား၏။
A-အဆင့် မျိုးရိုးဗီဇ ပြုပြင်ထားသူ တစ်ယောက်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို သူမ ကောင်းကောင်း သိသည်။
အတွင်းအား အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် ယှဉ်၍ ရသည်။
အကယ်၍ သူမ နှစ်များတစ်လျှောက် ကြိုးစားပမ်းစား လေ့ကျင့်ခဲ့သော တိုက်ခိုက်ရေး နည်းစနစ်များ၊ လှံကစားနည်းများနှင့် လှုပ်ရှားမှု နည်းစနစ်များကိုပါ ပေါင်းစပ်လိုက်လျှင်၊ သူမ၏ တိုက်ခိုက်ရေး စွမ်းရည်သည် အတွင်းအား အလယ်အလတ် အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် သေချာပေါက် ယှဉ်နိုင်ပေလိမ့်မည်။
အတွင်းအား အလယ်အလတ် အဆင့် သိုင်းပညာရှင် တစ်ယောက်၏ စွမ်းရည်သာ ရှိလျှင်၊ ကျန်းပေ မှာ သူမ ကြိုက်တာ လုပ်၍ ရပြီ။ နဂါးနိုင်ငံမှာ ဆိုရင်တောင်၊ မမျှော်လင့်ထားသော အခြေအနေ အမျိုးမျိုးကို ပြဿနာ သိပ်မရှိဘဲ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။
"ဒီ ပြုပြင်မွမ်းမံမှု နည်းပညာရဲ့ ဈေးနှုန်းက ထူးထူးခြားခြား ကြီးမြင့်တယ် မလား"
ယွီဖုန်းရှန်း ဒီနယ်ပယ်မှာ အတွေ့အကြုံ တချို့ ရှိပုံ ရသည်။
"အောင်မြင်မှု နှုန်းကလည်း သိပ်မမြင့်ဘူး လို့ ကြားတယ်... အောင်မြင်ဖို့ သေချာချင်ရင်... အကြိမ်ကြိမ် ပြုပြင်မွမ်းမံဖို့ လိုအပ်ပြီး ဘီလီယံ ဆယ်ချီ ရင်းနှီးရလိမ့်မယ်"
ယဲ့ဖန် သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်ပြီး ချက်ချင်း ထပ်ဖြည့်ပြောလိုက်၏။
"ကိုယ် တစ်ယောက်ယောက်ကို ပြောပြီး မင်းကို အထူးဈေးနှုန်း ပေးခိုင်းလို့ ရတယ်"
"ဒါ့အပြင်... မင်းရဲ့ ပျိုမြစ်နုနယ်မှုကို ပြန်လည် ရရှိစေမယ့် မျိုးရိုးဗီဇ ပြုပြင်မွမ်းမံမှု တချို့ပါ လက်ဆောင် ထည့်ပေးလိုက်မယ်"
"မကြာသေးခင်က ကိုယ် လေးဖို့ဒ် သက်ရှိ သုတေသန အင်စတီကျု ရဲ့ ပြခန်းကို သွားကြည့်ခဲ့တယ်... ရလဒ်တွေက အရမ်း ကောင်းတယ်... ပြုပြင်မွမ်းမံမှု အောင်မြင်သွားရင် လူတွေကို ထာဝရ နုပျိုစေနိုင်တယ် တဲ့... အသက် (၅၀) ရောက်ရင်တောင်... ငယ်ရွယ်စဉ်က အရေပြား အခြေအနေနဲ့ ရုပ်သွင်ကို ထိန်းသိမ်းထားနိုင်မယ် တဲ့"
"ဒါဆိုရင် သူတို့ကို ဆက်သွယ်ပေးပါ"
ယွီဖုန်းရှန်း တွန့်ဆုတ်မနေဘဲ ချက်ချင်း သဘောတူလိုက်၏။
ထိုအခါ၊ ယဲ့ဖန် သိမ်မွေ့သော အပြုံးတစ်ခု ပြုံးလိုက်၏။
ယွီဖုန်းရှန်း၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။
"ကျွန်မ ထာဝရ နုပျိုမှုကို မထိန်းသိမ်းနိုင်လို့ မဟုတ်ပါဘူး... ရှင် ပြောတာ အဓိပ္ပာယ် ရှိတယ် လို့ ထင်လို့ပါ"
"မြေအောက်လောက မှာ ကျွန်မကို လုပ်ကြံဖို့ ကြိုးစားနေတဲ့သူတွေ အရမ်း များတယ်... ကျန်းပေ မှာ နာမည်ကောင်း ရှိပြီး သစ္စာရှိတဲ့ လက်အောက်ငယ်သားတွေ အများကြီး ရှိတယ် ဆိုရင်တောင်... တစ်နေ့နေ့ကျရင် မတော်တဆမှုတွေ မကြုံရဘူးလို့ အာမမခံနိုင်ဘူးလေ... အတွင်းအား အဆင့် သိုင်းပညာရှင် တစ်ယောက်ရဲ့ စွမ်းရည် အထိ တိုးတက်အောင် လုပ်နိုင်ရင် အကောင်းဆုံးပေါ့"
ယဲ့ဖန် သူမကို ဖွင့်မချပေ။
သူ ပါမောက္ခ ဒက်ချ်တို ကို နေရာမှာတင် ဖုန်းခေါ်လိုက်ပြီး၊ ကုန်ကျစရိတ်နှင့် မျိုးရိုးဗီဇ ပြုပြင်မွမ်းမံမည့် အချိန်အတိအကျကို သဘောတူညီမှု ရယူလိုက်၏။ ထို့နောက် ယွီဖုန်းရှန်းကို အခြေအနေ ပြောပြပြီး ထွက်ခွာလာခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ အပြင်ထွက်တာကို အန်းကျူပရင့်စ် သိနေသည်ပဲလေ။
တစ်ရက်နှင့် တစ်ညလောက်တောင် ရှိနေပြီ။ အန်းကျူပရင့်စ် လမ်းတစ်လျှောက်လုံး မက်ဆေ့ခ်ျတွေ ပို့ပြီး သူ့အခြေအနေကို မေးမြန်းနေ၏။ ပြန်ရမယ့် အချိန် ရောက်နေပါသည်။
ထို့ပြင် ယခု ယွီဖုန်းရှန်း ကိစ္စများ စီစဉ်ပြီးသလောက် ရှိပြီ ဖြစ်၍၊ ယဲ့ဖန် နဂါးနိုင်ငံသို့ ပြန်ရန် အမှန်တကယ် ပြင်ဆင်သင့်ပြီ ဖြစ်သည်။
ယွီဖုန်းရှန်း၏ နေအိမ်မှ ထွက်ခွာပြီး အန်းကျူပရင့်စ်၏ အချစ်အသိုက်အမြုံသို့ ပြန်ရောက်သောအခါ၊ ယဲ့ဖန်သည် နေမဝင်အင်ပါယာရှိ သူ့လက်အောက်ငယ်သား အချို့ကို အသိပေးလိုက်ပြီး၊ သူ ထွက်ခွာတော့မည့် အကြောင်း ပြောပြလိုက်၏။
ထို့နောက် အစီအစဉ်များ အားလုံးနီးပါး ပြီးစီးသွားသောအခါ၊ ဖူမာကျန်းဝူ ကို မက်ဆေ့ခ်ျ ပို့ပြီး မနက်ဖြန် ဈေးဝယ်ထွက်ရန် ချိန်းလိုက်၏။ နဂါးနိုင်ငံရှိ သူ့အမျိုးသမီး မိတ်ဆွေများ အတွက် လက်ဆောင်ပစ္စည်း အချို့ ဝယ်ယူရန် ပြင်ဆင်လိုက်၏။
---
အခန်း (၂၀၄၀) - သခင် စွန့်ပစ်မှာ ကြောက်နေတဲ့ ခွေးပေါက်လေး တစ်ကောင်
~"သခင်... သခင်က တကယ် အံ့သြဖို့ ကောင်းတာပဲ... ဘယ်နေရာ ရောက်ရောက် အမြန်ဆုံး တောက်ပလာနိုင်တယ် နော်..."
နောက်တစ်နေ့ ချိန်းဆိုထားသော ဈေးဝယ်စင်တာ အဝင်ဝတွင် ယဲ့ဖန် ဖူမာကျန်းဝူ ကို တွေ့လိုက်ရသောအခါ၊ ကောင်မလေး၏ မျက်လုံးများ အရောင်လက်နေ၏။
သူမ အထူး ပျော်ရွှင်နေပုံ ရသည်။
အွန်လိုင်းမှာ ခေတ်စားနေသော စကားလိုပေါ့။ တစ်ယောက်ယောက်ကို ဓားနဲ့ ထိုးချင်သည့် အခါ မျက်လုံးထဲက အကြည့်ကို ဖုံးကွယ်ထား၍ မရသလို... တစ်ယောက်ယောက်ကို ချစ်မိသည့်အခါ မျက်လုံးထဲက အကြည့်ကို ဖုံးကွယ်ထား၍ မရဘူး တဲ့။
ဒီနေ့ သူမ အပြာနဲ့ အဖြူ ရောစပ်ထားသော ရေတပ်သား ဝတ်စုံ ၊ အဖြူရောင် ခြေအိတ်တို နှင့် သားရေ ဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ ကြည့်ရတာ အားအင် ပြည့်ဝနေ၏။
ယဲ့ဖန်ကို မြင်သောအခါ၊ သူမ အွန်လိုင်းမှာ ဖတ်ခဲ့ရသော သူ့အကြောင်း သတင်းတွေကို စိတ်လှုပ်ရှားစွာ ပြောပြနေ၏။
"စတန့်စ်လေဆိပ် အဖြစ်အပျက်ကို သမီး တွေ့လိုက်တယ်... ပြီးတော့ သခင်က ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစု နဲ့ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းရဲ့ ပြဿနာတွေကို တစ်ယောက်တည်း ဖော်ထုတ်ခဲ့ပုံတွေ... အင်ပါယာ ဘုရင်မကြီး ကိုယ်တိုင် ချီးကျူးတာ ခံရပုံတွေ..."
ယဲ့ဖန် သူမ၏ ချစ်စရာ ကောင်းပြီး လိမ္မာသော ပုံစံကို ကြည့်ပြီး အနည်းငယ် အားနာသွား၏။
သူ ဒီရက်ပိုင်း အရမ်း အလုပ်ရှုပ်နေခဲ့တာလေ။ ဂရပ်ဖ် စိန်ရောင်စုံ နာရီအား စစ်ဆေးဖို့ ဖူမာကျန်းဝူ ကို ကိုဟင် လေလံ အိမ်တော် လွှတ်လိုက်ကတည်းက၊ သူမကို ဂရုမစိုက်နိုင်ခဲ့ပေ။
ဖူမာကျန်းဝူ က နိုင်ငံရပ်ခြားကို တစ်ယောက်တည်း လာခဲ့ရသည်။ ဒီကာလ အတွင်း သူမ တော်တော် အထီးကျန်နေမှာ သေချာသည်။
ထို့ပြင် ဒီကောင်မလေးက ရိုးရာ ဂျပန် အမျိုးသမီးတွေ၏ နားလည်ပေးနိုင်စွမ်းနှင့် စာနာစိတ်မျိုး ရှိသည်။ ယဲ့ဖန် အကြောင်း သတင်းတချို့ တွေ့ခဲ့လျှငိတောင်၊ သူမ ယဲ့ဖန်ကို မနှောင့်ယှက်ခဲ့ပေ။
မနေ့က ယဲ့ဖန် သူမကို ဆက်သွယ်လိုက်သော အချိန်ထိပေါ့။
သူမက ညည်းညူသံ တစ်ခွန်းမှ မထွက်သည့်အပြင်၊ သူ့ရှေ့မှာ ဒီလောက်တောင် စိတ်လှုပ်ရှားနေတာ မြင်ရတော့... ယဲ့ဖန် မနေနိုင်ဘဲ သူမ ခေါင်းကို အားနာစွာ ပွတ်သပ်ပေးလိုက်မိသည်။
"သခင် ဒီကိစ္စတွေ အကုန် လုပ်နိုင်ခဲ့တာက... အဓိက မင်းရဲ့ ထောက်ခံမှုကြောင့်ပါ"
"မင်းက သခင့် နောက်ကွယ်မှာ ခြွင်းချက် မရှိ ထောက်ခံပေးနေလို့... သခင် ဘာမဆို ရဲရဲဝံ့ဝံ့ လုပ်ရဲတာပေါ့"
ဖူမာကျန်းဝူ ၏ သေးသွယ်သော ခန္ဓာကိုယ်လေး တုန်ရီသွား၏။ သူမ၏ တောက်ပသော မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ တောက်ပလာပြီး ယဲ့ဖန်ကို အံ့သြတကြီး ကြည့်လိုက်၏။
အချိန်အတော်ကြာမှ သူမ အသိပြန်ဝင်လာပုံ ရပြီး မသေချာသော လေသံဖြင့် ပြောလိုက်၏။
"သခင်... ဒါက..."
ယဲ့ဖန် သူမ ခေါင်းကို ညင်သာစွာ ထပ်မံ ပွတ်သပ်လိုက်ပြီး၊ သူ့မျက်နှာထား ပုံမှန် အတိုင်း ပြန်ဖြစ်သွား၏။
"သခင် ရေနည်းနည်း ဆာနေပြီ... သခင့် အတွက် သစ်သီးဖျော်ရည် နှစ်ခွက် သွားဝယ်ပေးပါ... ပေါ့ပလာ အကိုင်းအခက် ဝတ်ရည် တစ်ခွက် နဲ့ စတော်ဘယ်ရီ နို့ရှိတ် တစ်ခွက်"
"ဟုတ်ကဲ့ပါ သခင်"
ဖူမာကျန်းဝူ တုံ့ဆိုင်းမနေဘဲ ယဲ့ဖန် အတွက် ဖျော်ရည် ဝယ်ရန် အမြန် ပြေးထွက်သွား၏။
သူမ သစ်သီးဖျော်ရည် ယူလာသောအခါ၊ ယဲ့ဖန် နှစ်ခွက်လုံး ယူလိုက်ပြီး ပေါ့ပလာ အကိုင်းအခက် ဝတ်ရည်ကို တစ်ငုံ သောက်လိုက်၏။ ထို့နောက် စတော်ဘယ်ရီ နို့ရှိတ်ကို သူမထံ ကမ်းပေးလိုက်၏။
"လုပ်တာ ကောင်းတယ်... ဒီတစ်ခွက်က မင်းအတွက် ဆုလာဘ်"
ဖူမာကျန်းဝူ ချက်ချင်း တစ်စုံတစ်ရာကို နားလည်သွား၏။ သူမ၏ တောက်ပသော မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။
"သခင်..."
ယဲ့ဖန် သူမကို ပေါ့ပေါ့ပါးပါး ကြည့်သယောင် ဟန်ဆောင်လိုက်၏။
"ဘာလဲ... မင်း စတော်ဘယ်ရီ နို့ရှိတ် မကြိုက်လို့လား"
ဖူမာကျန်းဝူ ခေါင်းအမြန် ခါလိုက်၏။ သူမ စတော်ဘယ်ရီ နို့ရှိတ်ကို ယူလိုက်ပြီး တစ်ငုံ သောက်လိုက်၏။ ထို့နောက် ယဲ့ဖန်ကို လိမ္မာသော အပြုံးတစ်ခု ပြုံးပြလိုက်၏။
"မဟုတ်ပါဘူး... ဝူလေး က စတော်ဘယ်ရီ နို့ရှိတ် အကြိုက်ဆုံးပါ"
သူမ ပုံမှန် ဒါကိုပဲ သောက်လေ့ ရှိသည်။
ဖူမာကျန်းဝူ က ယဲ့ဖန် မသိဘူးဟု ထင်ထားခဲ့၏။
သို့သော်၊ အခု ယဲ့ဖန်က သူမကို သစ်သီးဖျော်ရည် နှစ်ခွက် တမင်တကာ ဝယ်ခိုင်းပြီး၊ စတော်ဘယ်ရီ နို့ရှိတ်ကို ဆုလာဘ် အနေနှင့် ပေးလိုက်တော့... ယဲ့ဖန် ဒါကို သူမ အတွက် ဝယ်ပေးမှန်း သိလိုက်၏။
ဒီဆိုင်က စတော်ဘယ်ရီ နို့ရှိတ်တွေက အထူး ကောင်းမွန်သည်။
စတော်ဘယ်ရီ အမျိုးအစားနှင့် လတ်ဆတ်မှုက ထိပ်တန်း အဆင့် ဖြစ်သလို၊ အသုံးပြုထားသည့် နို့ အရည်အသွေးကလည်း အရမ်း မြင့်မားသည်။
အထူး နည်းစနစ် တစ်ခုနှင့် ရောစပ်လိုက်တဲ့ အခါ၊ အရည်အသွေးမြင့် စတော်ဘယ်ရီ၏ လတ်ဆတ်သော အချိုဓာတ်နှင့် ရနံ့ ပါဝင်ရုံ သာမက၊ အရည်အသွေးမြင့် နို့၏ မွှေးကြိုင်သော ရနံ့နှင့် အထိအတွေ့ပါ ပါဝင်နေ၏။
ပျော်ရွှင်မှုတွေ ပြည့်နှက်နေ၏။
ဖူမာကျန်းဝူ နောက်တစ်ငုံ မသောက်ဘဲ မနေနိုင်တော့ပေ။ သူမ ရိုးအသော၊ ချစ်စရာ ကောင်းသော အပြုံး တစ်ခု ပြုံးပြလိုက်၏။
"သခင်... ဝူလေး ရဲ့ စတော်ဘယ်ရီ နို့ရှိတ်က အရမ်း အရသာ ရှိတာပဲ... သခင် မြည်းကြည့်ချင်လား"
ယဲ့ဖန် သူမ၏ မိန်းမောနေသော မျက်နှာထားကို မြင်လိုက်ရသောအခါ၊ သူလည်း မြည်းကြည့်ချင်သွားပြီး ခေါင်းညိတ်လိုက်၏။
မမျှော်လင့်ဘဲ၊ ဖူမာကျန်းဝူ က သူ့ကို စတော်ဘယ်ရီ နို့ရှိတ် ကမ်းမပေးပေ။ အစားထိုး အနေဖြင့် သူမ ကိုယ်တိုင် တစ်ငုံကြီး သောက်လိုက်၏။ သူမ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ့ခန္ဓာကိုယ် အနားသို့ တိုးကပ်လိုက်၏။ ထို့နောက် ခြေဖျားထောက်လိုက်ပြီး သူ့ကို တိုက်ရိုက် တိုက်ကျွေးလိုက်၏။
ပါးစပ်ချင်း တေ့ပြီး တိုက်ကျွေးလိုက်ခြင်း ဖြစ်သည်။
သူ့ကို တိုက်ကျွေးနေစဉ်၊ သူမ၏ လျှာလေးကပင် နောက်ပြောင်သကဲ့သို့ ကူးလူးသွားသေးသည်။
ယဲ့ဖန်၏ အကြည့်များ ပြောင်းလဲသွား၏။
သူ့ဘေးနားတွင် ဖြတ်သွားသော အမျိုးသား အများအပြား ဒါကို မြင်လိုက်ရသောအခါ၊ သူ့ကို မနာလိုသော အကြည့်များဖြင့် စိုက်ကြည့်နေမိကြသည်။
"ဒီကောင် အရင်ဘဝက ဂလက်ဆီ ကြယ်စုကြီး တစ်ခုလုံးကို ကယ်တင်ခဲ့တာ ဖြစ်လောက်တယ်”
အခန်း (၂၀၄၁) - သူ သေသင့်တယ်... သူ တကယ် သေသင့်တယ်
~သူ့ကို စတော်ဘယ်ရီ နို့ရှိတ် တိုက်ကျွေးပြီးနောက်၊ ဖူမာကျန်းဝူ ယဲ့ဖန်ကို လွှတ်ပေးလိုက်၏။ သူမ၏ မျက်နှာ နီရဲနေပြီး ရှက်ရွံ့စွာ မေးလိုက်၏။
"ဘယ်လိုလဲ သခင်... အရသာ ရှိရဲ့လား"
ယဲ့ဖန် သူမ ပါးလေးကို ဆွဲလိုက်ပြီး မျက်စောင်းထိုးလိုက်၏။
"အရသာ ရှိပါတယ်... ဒါပေမဲ့ တစ်ယောက်ယောက်က အရမ်း ဆိုးနေတယ်... ခွင့်ပြုချက် မရဘဲ သခင့်ကို အခွင့်ကောင်း ယူရဲတယ် ပေါ့လေ"
"အာ..."
ဖူမာကျန်းဝူ ရုတ်တရက် စိုးရိမ်သွားပြီး ဂနာမငြိမ် ဖြစ်သွား၏။
"တောင်း... တောင်းပန်ပါတယ် သခင်"
"ဝူလေး ခုနက စိတ်လှုပ်ရှား လွန်သွားပြီး မေ့သွားလို့ပါ..."
"ဝူလေး နောက်ကျရင် သေချာ ဂရုစိုက်ပါ့မယ်... သခင့် ခွင့်ပြုချက် မရဘဲ စည်းမကျော်ရဲတော့ပါဘူး..."
"ခုနက စတော်ဘယ်ရီ နို့ရှိတ် အရသာကို သေချာ မသိလိုက်ဘူး... မင်းကို နောက်ထပ် နှစ်ခါ ထပ်တိုက်ဖို့ အပြစ်ပေးမယ်"
ယဲ့ဖန် သူမကို ထပ်မံ စိုက်ကြည့်လိုက်၏။
"အယ်..."
သခင် စွန့်ပစ်မှာ ကြောက်နေသည့် ခွေးပေါက်လေးလို သနားစရာ ကောင်းနေသော ဖူမာကျန်းဝူ၏ မျက်လုံးလေးတွေ ခဏတာ ကြောင်အသွား၏။
"ဟုတ်ကဲ့ပါ သခင်"
သူမ တစ်စုံတစ်ရာကို နားလည်သွားပုံ ရသည်။ သူမ၏ မျက်လုံးများ ပြန်လည် တောက်ပလာပြီး ပျော်ရွှင်စွာ ပြန်ဖြေလိုက်၏။
ထို့နောက် ဖူမာကျန်းဝူ စတော်ဘယ်ရီ နို့ရှိတ်ကို တစ်ငုံကြီး သောက်လိုက်၏။ မျက်နှာ နီရဲစွာဖြင့် ခြေဖျား ထပ်ထောက်လိုက်ပြီး၊ ယဲ့ဖန်၏ နှုတ်ခမ်းနားသို့ တိုးကပ်ကာ ဖွဖွလေး ဖိကပ်လိုက်ပြန်သည်။
ဒီတစ်ခါတော့ သူတို့ကို တိတ်တဆိတ် ကြည့်နေသည့် လမ်းသွားလမ်းလာတွေ အားကျရုံတင် မကတော့ဘဲ၊ မနာလိုလွန်း၍ မျက်လုံးတွေတောင် နီရဲလာကြသည်။
"သောက်ကျိုးနည်း... ဒီကောင် သေသင့်တယ်... တကယ် သေသင့်တယ်"
"ဘာလို့လဲ... ဘာလို့ သူက ဒီလောက် လိမ္မာပြီး ချစ်စရာ ကောင်းတဲ့ ကောင်မလေးကို ပိုင်ဆိုင်ထားပြီး... ငါကတော့ ကိုယ့်လက်ကိုပဲ အားကိုးနေရတာလဲ"
"အီး... ဟီး... မုန်းလိုက်တာ... ဘာလို့ ငါ့ကို လာပြနေရတာလဲ"
"အလင်းရောင်ကို မမြင်ဖူးရင်... အမှောင်ထဲမှာ သည်းခံပြီး နေလို့ ရသေးတယ်... အခုတော့ ဒီလောက် ချစ်စရာ ကောင်းပြီး လိမ္မာတဲ့ ကောင်မလေးကို တွေ့လိုက်ရပြီ... ငါ့ပိုက်ဆံတွေပဲ သုံးတတ်ပြီး ပိုက်ဆံ သုံးမှ မျက်နှာသာ ပေးတတ်တဲ့ ငါ့ကောင်မလေး ကို ငါ ဘယ်လို လက်ခံနိုင်တော့မလဲ"
"..."
လူအများအပြား တီးတိုး ပြောဆိုနေကြသည်။ ယဲ့ဖန်ကို စတော်ဘယ်ရီ နို့ရှိတ် တိုက်ကျွေးပြီးနောက်၊ ဖူမာကျန်းဝူ ၏ မျက်နှာ နီရဲလွန်းသဖြင့် သွေးထွက်တော့မတတ် ဖြစ်နေ၏။
သူမ တော်တော် ရှက်နေလောက်ပြီ။
သို့ရာတွင်၊ ယဲ့ဖန် နှုတ်ခမ်းထောင့်ကို သုတ်ပြီး သူမကို ပြုံးပြနေတာ မြင်တော့၊ သူမ ရှက်ရွံ့စွာ မေးလိုက်သေးသည်။
"ဘယ်လိုလဲ သခင်... ဒီတစ်ခါရော စတော်ဘယ်ရီ နို့ရှိတ် အရသာကို သိလိုက်ရပြီလား"
ယဲ့ဖန် သူမ၏ အလွန် ရှက်ရွံ့နေသော ပုံစံကို သတိထားမိသည်။
ဘေးပတ်ဝန်းကျင်က လူတွေ အများကြီး ကြည့်နေတာ မြင်တော့၊ သူ အပြုံး ရပ်လိုက်ပြီး ပြောလိုက်၏။
"ရပါပြီ... ဒီနေ့ မင်း လုပ်တာ ကောင်းတယ်... နောက်ကျရင် ဘာဆုလာဘ် လိုချင်လဲ"
ဖူမာကျန်းဝူ လက်ထဲက စတော်ဘယ်ရီ နို့ရှိတ်ခွက်ကို မြှောက်ပြလိုက်ပြီး၊ ပျော်ရွှင် ကျေနပ်သော မျက်နှာထားဖြင့် ပြောလိုက်၏။
"သခင့် ဘေးနားမှာ နေရတာနဲ့တင် ဝူလေး အရမ်း ကျေနပ်နေပါပြီ"
"ပြီးတော့ သခင်က ဝူလေး အကြိုက်ဆုံး စတော်ဘယ်ရီ နို့ရှိတ် ဝယ်တိုက်ထားသေးတယ်လေ"
"ကောင်းပြီ... မင်း ကိုယ်တိုင် မပြောချင်မှတော့... သခင်ပဲ ဆုံးဖြတ်ပေးလိုက်မယ်"
ယဲ့ဖန် ချစ်ခင်စွာ ပြုံးလိုက်ပြီး သူမ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။
"ခဏနေကျရင် သခင့် သူငယ်ချင်း မိန်းကလေးတွေ အတွက် လက်ဆောင် သွားဝယ်မလို့... မင်းအတွက်ပါ တစ်ခု ရွေးပေးမယ်"
"ပြီးတော့... သခင့်ရဲ့ 'လက်ထောက် က ပြည်တော် ပြန်သွားပြီ ဆိုတော့... နောက်ရက် အနည်းငယ် အတွင်း မင်းက သခင့်ရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက် လုပ်ပေးရမယ်"
"ဟုတ်ကဲ့ပါ သခင်... ဝူလေး သခင့်ရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက် လုပ်ပေးပါ့မယ်"
ဖူမာကျန်းဝူ ၏ မျက်လုံးများ ချက်ချင်း အရောင်လက်လာသည်။
ကိုယ်ရေးကိုယ်တာ လက်ထောက် ဆိုသည့် စကားလုံး၏ အဓိပ္ပာယ် အရ၊ နောက်ရက် အနည်းငယ် အတွင်း သူမ ယဲ့ဖန် ဘေးကနေ ခွာရတော့မှာ မဟုတ်ဘူး ဆိုတာ သိသာနေ၏။
ဒါက ဖူမာကျန်းဝူ အတွက် အကောင်းဆုံး ဆုလာဘ်ပါပင်။
ယဲ့ဖန် နောက်လိုက်ပြီး လက်ဆောင် ပစ္စည်း ရွေးချယ်ရန် ဈေးဝယ်စင်တာ ထဲသို့ ဝင်ရောက်သောအခါ၊ ဖူမာကျန်းဝူ သည် သူမ၏ တာဝန် အတိအကျနှင့် အထူး ဂရုစိုက်ရမည့် အချက်များကို ယဲ့ဖန်အား အမြန် မေးမြန်းလိုက်၏။
ယဲ့ဖန် ဒီကောင်မလေး ၏ စတိုင်လ်ကို ရင်းနှီးပြီးသား ဆိုတော့၊ ချက်ချင်း အသေးစိတ် ဖြေကြားပေးလိုက်၏။ သူမ အတွက် လက်ဆောင် တစ်ခု ရွေးပေးလိုက်သလို၊ မတော်တဆ တွေ့လိုက်ရသော အထူး အဝတ်အစား တစ်စုံကိုပါ ဝယ်လိုက်၏။
လူကြီးသုံး ပစ္စည်း အရောင်းဆိုင် မှာ အထူး ပြသထားသည့် ကြောင်နားရွက်တပ် အမျိုးသမီး ဝတ်စုံ ပါ။
ယဲ့ဖန် ဒီအဝတ်အစားကို တကူးတက ဝယ်လိုက်တာ ဖူမာကျန်းဝူ သတိထားမိလိုက်၏။
ဒီအဝတ်အစား ဝယ်တုန်းက ယဲ့ဖန်က သူမကို ကြည့်နေတာ သတိထားမိတော့၊ သူမ မျက်နှာ ထပ်မံ နီရဲလာပြန်သည်။
ယဲ့ဖန် ပိုက်ဆံရှင်းဖို့ ပြင်လိုက်သော အချိန်မှာ၊ သူမ သူ့နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်၏။
"မြောင်..."
---
အခန်း (၂၀၄၂) - ဘယ်သူက ခံနိုင်ရည် ရှိမှာလဲ
~ယဲ့ဖန် အသက်ပြင်းပြင်း ရှူလိုက်မိတော့၏။
ဖူမာကျန်းဝူ က သူ့ကို ဘယ်လို မြှူဆွယ်ရမလဲ ဆိုတာ တကယ် သိသည်။
သူမက လိမ္မာပြီး ချစ်စရာ ကောင်းသင့်သည့် အချိန်မှာ ချစ်စရာ ကောင်းသော်ငြား၊ ပြင်းထန်သင့်သော အချိန်ကျလျှင် တကယ် ပြင်းထန်သည်။
အရေးကြီးဆုံး အချက်က သူမ၏ ခန္ဓာကောက်ကြောင်းနှင့် အလှအပ အပြင်၊ နင်ဂျာ ပညာရပ် အထောက်အပံ့ကြောင့် သူမ ခန္ဓာကိုယ်၏ ပျော့ပျောင်းမှုက သာမန်လူတွေ မယှဉ်နိုင်သော အဆင့်ကို ရောက်နေ၏။
ထို့ပြင် ဖူမာကျန်းဝူ က အလွန် လိမ္မာသည်၊ ပူးပေါင်းဆောင်ရွက်သည်၊ သစ္စာရှိသည်။ သူမက အရည်အချင်း ရှိပြီး သစ္စာရှိသည်... ဧည့်ခန်းဆောင်မှာရော မီးဖိုချောင်မှာပါ ထူးချွန်ထက်မြက်သော မိန်းမ ဆိုတာထက်တောင် ပိုပြီး သေသပ် ကောင်းမွန်နေသေးသည်။
သူမ၏ စူပုပ်ပုပ် မျက်နှာထားကို မြင်လိုက်ရသောအခါ၊ ကြောင်နားရွက်တပ် အမျိုးသမီး ဝတ်စုံ အတွက် ငွေရှင်းပြီး၊ သူ့သူငယ်ချင်း မိန်းကလေးများ အတွက် လက်ဆောင် အနည်းငယ် အမြန် ရွေးချယ်ပြီးနောက်၊ ယဲ့ဖန် သူမကို မြေအောက် ကားပါကင်သို့ အမြန် ခေါ်ဆောင်သွားလိုက်၏။
ထို့နောက် ဖူမာကျန်းဝူ သူ့ကို ကားပေါ် တွဲတင်ပေးပြီးနောက်၊ သူမ ကားပေါ် လိုက်တက်လာပြီး ကားတံခါးကို လိမ္မာစွာ ပိတ်လိုက်၏။ ယဲ့ဖန် သူမကို ဆွဲယူလိုက်ပြီး ပြားချပ်အောင် လုပ်ထားသော ထိုင်ခုံပေါ်သို့ ဖိချလိုက်၏။
ဖူမာကျန်းဝူ လည်း အလွန် ပူးပေါင်းဆောင်ရွက်သည်။
ယဲ့ဖန် သူ့စွမ်းရည်ကို စတင် ပြသသောအခါ၊ သူမ ယခင်က လေ့လာထားသော အိပ်ခန်းဆောင် နည်းစနစ်များကို အသုံးပြုလိုက်၏။ ကားပေါ်တွင် ယဲ့ဖန်ကို ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားလိုက်၏။
သူမ မခံနိုင်တော့သည့် အချိန်ကျမှသာ၊ တိုးတိုးလေး တောင်းပန်ပြီး နောက်မှ ဆက်လုပ်ရန် ယဲ့ဖန်ကို ပြောလိုက်၏။
ယဲ့ဖန် သူမကို ဖျက်ဆီးပစ်ရန် အစီအစဉ် မရှိပေ။
သူ ရပ်တန့်လိုက်ပြီး သူမနှင့် အတူ ဟိုတယ်သို့ ပြန်မောင်းလာခဲ့သည်။
ထို့နောက် သူတို့ နှစ်ဦး ညစာ အတူစားပြီး ခဏ နားလိုက်ကြသည်။ ထို့နောက် ယဲ့ဖန် ခုနက ဝယ်လာသော ကြောင်နားရွက်တပ် အမျိုးသမီး ဝတ်စုံကို ထုတ်ပြီး ဖူမာကျန်းဝူ ထံ ပစ်ပေးလိုက်၏။
ဖူမာကျန်းဝူ သည် ဖုံးအုပ်သင့်သော နေရာများကို မဖုံးအုပ်ဘဲ၊ မဖုံးအုပ်သင့်သော နေရာများကို ဖုံးအုပ်ထားသည့် ကြောင်နားရွက်တပ် အမျိုးသမီး ဝတ်စုံကို ကြည့်လိုက်၏။ သူမ ရှက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ပြသလိုက်ပြီး "သခင်က အရမ်း ဆိုးတာပဲ..." ဟု တိုးတိုးလေး ပြောကာ အဝတ်လဲရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်၏။
အဝတ်လဲပြီးနောက်၊ သူမ ကြောင်အော်သံ တုပပြီး လက်သည်းများကို ဖြန့်ကားလျက် ရေချိုးခန်းထဲမှ လမ်းလျှောက် ထွက်လာသည်။
ဘယ်လို ပြောရမလဲ... ဘယ်ယောကျာ်းမှ ဒီမြင်ကွင်းကို ခံနိုင်ရည် ရှိမှာ မဟုတ်ပါ။
ယဲ့ဖန် မတော်တဆ တွေ့ခဲ့ရသော ဒီ ကြောင်နားရွက်တပ် အမျိုးသမီး ဝတ်စုံက ဖူမာကျန်းဝူ အတွက် သီးသန့် လုပ်ထားတာပဲ ဟု ပြောရတော့မည်။
ဖူမာကျန်းဝူ ကို သူမ၏ စွမ်းရည်များ ပြသခွင့် ပေးပြီးနောက်၊ သူ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဒီကြောင်မလေးကို ထပ်မံ အလိုလိုက်မိပြန်တော့သည်။
...
ဖူမာကျန်းဝူ နှင့် တစ်ညလုံး ပြင်းပြင်းထန်ထန် ကခုန်ပြီးနောက်၊ ယဲ့ဖန် နေမဝင်အင်ပါယာရှိ သူ့မိတ်ဆွေများနှင့် မိသားစုများကို နှုတ်ဆက်ရန် ပြင်ဆင်လိုက်၏။
အန်းကျူပရင့်စ်၊ အန်းကျူတေလာ၊ ဝုဖ်ဂန်း၊ အာဂျိုင်းဟန်ဆန်၊ ဘတ်ကင်ဟမ် မြို့စားကြီး၊ မီလီ၊ ရှယ်လီ၊ ဆာမီယာ...
နှစ်ရက် သုံးရက်လောက် ကြိုးစားပမ်းစား လုပ်ဆောင်ပြီးနောက်၊ အားလုံး ပြီးစီးသွားပြီး အပြန်ခရီး စတင်ရန် အဆင်သင့် ဖြစ်သွား၏။
ဒီအပြန်ခရီးမှာ ယဲ့ဖန်၏ ထပ်ခါတလဲလဲ မှာကြားမှုကြောင့်၊ အန်းကျူပရင့်စ် လိုက်လံ ပို့ဆောင်ခြင်း မပြုပေ။
အန်းကျူပရင့်စ် က ဒီလို ခွဲခွာရသည့် မြင်ကွင်းမျိုးကို မကြုံတွေ့ချင်သည်ကိုး။
ယဲ့ဖန် နေမဝင်အင်ပါယာကို လာပြီး သူမကို မတွေ့လျှင်၊ သူမ နဂါးနိုင်ငံကို လာပြီး ယဲ့ဖန်ကို လာရှာမည်ဟုသာ ပြောလိုက်၏။
ဖော့ခ်စီးတီး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်သောအခါ၊ ယဲ့ဖန် ဘေးနားတွင် သူ့ "လက်ထောက်လေး" ဖူမာကျန်းဝူ သာ ပါလာသည်။
လေဆိပ် ရောက်သောအခါ ဖူမာကျန်းဝူ ဘာမှ မပြောတော့ပေ။ ယဲ့ဖန်ကို ထိုင်နားခိုင်းပြီး၊ သူမ စာရွက်စာတမ်းများနှင့် ခရီးဆောင်အိတ်များကို ယူကာ ဝင်ခွင့် (Check in) လုပ်ရန် သွားလိုက်၏။
သူမ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နေစဉ်၊ ယဲ့ဖန် ဖုန်းထုတ်ပြီး ပြည်တွင်းရှိ သူ့ဆွေမျိုးများနှင့် မိတ်ဆွေ အချို့ကို မက်ဆေ့ခ်ျ ပို့လိုက်၏။
သူ ပြန်လာတော့မည့် အကြောင်း ကြိုတင် အသိပေးချင်၍ ဖြစ်ပါသည်။
စာပို့ပြီးနောက်၊ သူ့ဖုန်း ချက်ချင်း သက်ဝင်လှုပ်ရှားလာသည်ကို တွေ့လိုက်ရသည်။ မက်ဆေ့ခ်ျ တစ်စောင်ပြီး တစ်စောင် ဝင်လာပြီး၊ ရင်းနှီးသော နာမည်များ သူ့ဖုန်းပေါ်တွင် မကြာခဏ ပေါ်လာသည်။
ကျူးရှောင်ကျောင်း၊ ချန်းရွှမ်၊ ရွှီကျင်းရှင်း၊ ကျန်းယိုထင်...
ဒီမိတ်ဆွေဟောင်းတွေနှင့် စကားပြောနေရင်း၊ ယဲ့ဖန် ..ရှန်းပိုင်ထျန်း ရုတ်တရက် သတိရသွား၏။ သူမ ပျောက်နေတာ တော်တော် ကြာပြီ၊ ရုတ်တရက် လျှို့ဝှက်ဆန်းကြယ် ဖြစ်သွား၏။
ရှန်ပိုင်ထျန်း စာမပြန်တာ ကြာနေပြီ ဖြစ်သော ချတ်ဘောက်စ် အား ကြည့်ရင်း၊ ယဲ့ဖန် သူမ ပုံစံကို စိတ်ထဲမှာ ပုံဖော်ကြည့်နေစဥ်၊ လှပသော လေယာဉ်မယ် အချို့ ခရီးဆောင်အိတ်များ ဆွဲပြီး စကားပြော ရယ်မောကာ သူ့ရှေ့မှ ဖြတ်လျှောက်သွားကြသည်။
လုပ်ဖော်ကိုင်ဖက်များ ဝိုင်းရံထားသော အထူး ထင်ရှားပြီး လှပသည့် လေယာဉ်မယ် တစ်ဦးတွင် ရှန်းပိုင်ထျန်း၏ အရိပ်အယောင် အချို့ ရှိနေသည်ဟု သူ ထင်ယောင်ထင်မှား ဖြစ်သွား၏။
ယဲ့ဖန် ခေါင်းမော့ကြည့်လိုက်သောအခါ၊ မိတ်ဆွေဟောင်း တစ်ယောက်ကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။
သို့သော် သေချာ ကြည့်လိုက်သောအခါ၊ တစ်ဖက်လူတွင် ရှန်းပ်ိုင်ထျန်း၏ အရိပ်အယောင် အနည်းငယ်သာ ရှိသည်ကို တွေ့လိုက်ရသည်။
သို့ရာတွင်၊ သူမက ရှန်ပိုင်ထျန်း ထက် ပိုချိုမြိန်ပြီး၊ ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာ သိသည်။
လေယာဉ်မယ် ဝတ်စုံ ဝတ်ဆင်ထားသော်လည်း၊ သူမ၏ အားသာချက်ကို ပေါ်လွင်စေသော accessories အချို့ ဝတ်ဆင်ထားသည်။
ယဲ့ဖန် ဂရုတစိုက် ရွေးချယ်ထားသော accessories များကို ကြည့်ပြီး ရုတ်တရက် အကြံတစ်ခု ရသွား၏။
သူ ချက်ချင်း ပြုံးပြီး လျှောက်သွားလိုက်၏။
"ဟယ်လို... နှောင့်ယှက်မိရင် တောင်းပန်ပါတယ်... ခင်ဗျား ဝတ်ထားတဲ့ accessoriesတွေက အရမ်း လှတာပဲ... ဘယ်က ဝယ်လဲ ဆိုတာ ပြောပြလို့ ရမလား"