← Chapters

အခန်း (၂၀၄၇-၂၀၅၀)

Vol. 108 Ch. 2047-2050

အခန်း (၂၀၄၇-၂၀၅၀)

Vol. 108 Ch. 2047-2050

အခန်း (၂၀၄၇) - မင်း မှားတယ်လို့ မထင်ဘူး မလား... မင်း သေတော့မယ် ဆိုတာပဲ သိတယ်

~နိုင်လိုလာ ကို ခဏလောက် ရိုက်နှက်ကန်ကျောက်ပြီးနောက်၊ ချွေ့ဖော် သည် ယဲ့ဖန်နှင့် ဖူမာကျန်းဝူ တို့ ရှေ့သို့ အမြန် လျှောက်လာသည်။ သူ ယဲ့ဖန်ကို ဦးညွှတ်လိုက်၏။

"တောင်းပန်ပါတယ် ဆရာ... ကျွန်တော် မျက်စိကန်းပြီး ဆရာ့ကို မမှတ်မိလိုက်ပါဘူး..."

"ကျွန်တော် မှားမှန်း သိပါပြီ... သခင်လေး ဝုဖ်ဂန်း ကို ပြောပေးပါဦး... ကျွန်တော့်ကို အသက်ရှင်ခွင့် ပေးပါလို့..."

"နောက်တစ်ခါ မဖြစ်စေရပါဘူး လို့ ကတိပေးပါတယ်"

ယဲ့ဖန် သဘာဝကျစွာပင် သူ့ကို လျစ်လျူရှုထားလိုက်၏။

သူ ဝုဖ်ဂန်းကို တစ်ချက် ကြည့်လိုက်ရာ၊ ဝုဖ်ဂန်း ချက်ချင်း နားလည်သွား၏။ သူ့ဘေးနားရှိ ကင်းလှည့် ခေါင်းဆောင်ကို အမိန့်ပေးလိုက်၏။

"ဒီလူ့ကို အပြင် လွှင့်ပစ်လိုက်စမ်း... ငါတို့ ပျော်ရွှင်မှုကို လာမဖျက်ဆီးစေနဲ့"

ကင်းလှည့် ခေါင်းဆောင်က သူ့လူတွေကို ဦးဆောင်ပြီး ချွေ့ဖော် ကို ဖမ်းဆီးကာ အပြင်သို့ ဆွဲထုတ်သွားကြသည်။

နိုင်လိုလာ ဒါကို မြင်သောအခါ အနည်းငယ် ကြောက်လန့်သွား၏။ သူမ ယဲ့ဖန်ကို အမြန် တောင်းပန်လိုက်၏။

"ဆရာ... ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်..."

"ဆရာက သခင်လေး ဝုဖ်ဂန်း ရဲ့ မိတ်ဆွေမှန်း ကျွန်မ မသိခဲ့ပါဘူး"

"ကျွန်မ တောင်းပန်ပါတယ်... ကျွန်မ ဆရာ့ကို အထင်လွဲခဲ့မိပါတယ်..."

"ငါ မင်းကို မေ့လုနီးပါး ဖြစ်နေပြီ"

ဝုဖ်ဂန်း သူမကို တစ်ချက် ကြည့်ပြီး ပြောလိုက်၏။

ထို့နောက် ကင်းလှည့် ခေါင်းဆောင်ကို ထပ်မံ ကြည့်လိုက်၏။

"ဒီ မိန်းမရိုင်းကိုပါ အပြင် လွှင့်ပစ်လိုက်စမ်း... အင်ပါယာ လေကြောင်းလိုင်းက ဒီလို အရည်အသွေး နိမ့်တဲ့ လေယာဉ်မယ်မျိုး မလိုအပ်တော့ဘူး"

ကင်းလှည့် ခေါင်းဆောင်က လူများကို အမြန် စီစဉ်ပြီး ညွှန်ကြားချက် အတိုင်း လုပ်ဆောင်စေလိုက်၏။

မန်နေဂျာ ချွေ့ဖော်နှင့် နိုင်လိုလာ တို့ကို အပြင်သို့ လွှင့်ပစ်ပြီးနောက်၊ သူ ယဲ့ဖန်ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်၏။

သူ တစ်ယောက်တည်း မဟုတ်ပေ။ သူ့လုံခြုံရေး အစောင့်များ၊ ကန်နလိုင်းနား နှင့် အခြား လေယာဉ်မယ်များ၊ အပြင် ခရီးသည် အများအပြားပါ ယဲ့ဖန်ကို တိတ်တဆိတ် အကဲခတ်နေကြသည်။

ယဲ့ဖန်၊ ဝုဖ်ဂန်းနှင့် အာဂျိုင်းဟန်ဆန် တို့ကြားက ဆက်ဆံရေးကို သူတို့ စဉ်းစားနေကြသည်။

ထိုအချိန်တွင် ယဲ့ဖန် ကင်းလှည့် ခေါင်းဆောင်ကို ကြည့်ပြီး ဝုဖ်ဂန်းကို ပြောလိုက်၏။

"ဒီ ကင်းလှည့် ခေါင်းဆောင် မဆိုးဘူး... သူက တော်တော် ဖြောင့်မတ်တယ်"

"ခုနက ချွေ့ဖော် က သူ့ရာထူး အာဏာကို သုံးပြီး ဖိအားပေးခဲ့ပေမဲ့... သူ မတရားမှု လုပ်ဖို့ ငြင်းဆန်ပြီး တရားမျှတတဲ့ ဘက်က ရပ်တည်ခဲ့တယ်"

ဝုဖ်ဂန်း ကင်းလှည့် ခေါင်းဆောင်ကို အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

"မင်း မဆိုးပါဘူး"

"ငါ ရပ်ဖ် (Ralph) ကို ဖုန်းဆက်ပြီး... မင်းကို အရေးပါတဲ့ ရာထူး တစ်ခု ပေးခိုင်းလိုက်မယ်"

ကင်းလှည့် ခေါင်းဆောင် မျက်လုံး ပြူးသွား၏။ ကံဆိုးမှုကြားက ကံကောင်းမှု ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။ ယဲ့ဖန်၏ စကားတစ်ခွန်းကြောင့် သူ ရာထူးတက်တော့မည်။

သူ ဝုဖ်ဂန်းနှင့် ယဲ့ဖန်ကို အမြန် ကျေးဇူးတင်လိုက်၏။

"သခင်လေး ဝုဖ်ဂန်း... ဒီလူကြီးမင်းက သိပ်ပြီး ယဉ်ကျေးလွန်းနေပါပြီ... ဒါ ကျွန်တော့် တာဝန်ပါ... ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ"

ဝုဖ်ဂန်း လက်ကာပြလိုက်ပြီး၊ ထပ်ပြောစရာ မလိုတော့ကြောင်း ပြသလိုက်၏။ ထို့နောက် အာဂျိုင်းဟန်ဆန်၊ ယဲ့ဖန် တို့နှင့် စကားလက်ဆုံ ဆက်ပြောနေ၏။

သူတို့ ပြောဆိုနေသော အကြောင်းအရာများမှာ ယဲ့ဖန် ခရီးလမ်း ဖြောင့်ဖြူးစေရန် ဆုတောင်းပေးခြင်း၊ ဖော့ခ်စီးတီးသို့ မကြာခဏ လာလည်ရန် ဖိတ်ခေါ်ခြင်း သို့မဟုတ် နောက်ပိုင်း နဂါးနိုင်ငံသို့ လိုက်လာပြီး ယဲ့ဖန်ကို လာတွေ့မည့် အကြောင်းများ ဖြစ်သည်။

သူတို့ ယဲ့ဖန်နှင့် မည်မျှ ရင်းနှီးကြောင်း မြင်လိုက်ရသောအခါ၊ လူတိုင်း စူးစမ်းချင်စိတ် ဖြစ်ပေါ်လာကြသည်။

ယဲ့ဖန်က ဘယ်သူလဲ။

ဘာကြောင့် ဖော့ခ်စီးတီးရဲ့ ထိပ်တန်း ဒုတိယ မျိုးဆက်တွေ ဖြစ်တဲ့ ဝုဖ်ဂန်း နဲ့ အာဂျိုင်းဟန်ဆန် တို့က သူ့ကို ဒီလောက် ရင်းနှီးနေရတာလဲ... ပြီးတော့ သူ့ဦးဆောင်မှု နောက်ကို လိုက်နေသလိုတောင် ဖြစ်နေရတာလဲ။

အထူးသဖြင့် ယဲ့ဖန်က အကြောင်းပြချက် ရှာပြီး သူမကို ရည်းစားစကား လိုက်ပြောနေတယ်လို့ ထင်ခဲ့သော ကန်နလိုင်းနား ကတော့ အတော်လေး အနေရခက်သွား၏။

ဘာကြောင့်လဲ ဆိုတော့ ဝုဖ်ဂန်းနှင့် အာဂျိုင်းဟန်ဆန် တို့၏ ယဲ့ဖန် အပေါ် ထားသော သဘောထားကို ကြည့်ရုံနှင့်တင်၊ ယဲ့ဖန်က အဆင့်အတန်း မြင့်မားသည့် ဒုတိယ မျိုးဆက်တစ်ယောက် ဆိုတာ သူမ ပြောနိုင်နေပြီလေ။

ဒီလို ဒုတိယ မျိုးဆက် တစ်ယောက်က သူမကို ရည်းစားစကား ပြောဖို့ အတွက် ဒီလောက် သိမ်ဖျင်းသော နည်းလမ်းကို သုံးစရာ အကြောင်း မရှိပါ။

ယဲ့ဖန် ခုနက သူမကို ပြောခဲ့တာတွေက အမှန်တရား ဖြစ်လောက်သည်။

သူမ ယဲ့ဖန်ကို တကယ် အထင်လွဲခဲ့တခြင်းရယ်ပါ။

အနေရခက်တာ အပြင်၊ ယဲ့ဖန်က ဝုဖ်ဂန်း၊ အာဂျိုင်းဟန်ဆန် တို့နှင့် ရယ်မော စကားပြောနေတာကို မြင်လိုက်ရတော့... ပြီးတော့ ပုံပြင်ထဲက အရုပ်မလေးလို ချစ်စရာ ကောင်းသော ဖူမာကျန်းဝူ က နောက်လိုက်လေး တစ်ယောက်လို ယဲ့ဖန် နောက်မှာ တိတ်တဆိတ် နေပြီး၊ ယဲ့ဖန်ကို မကြာခဏ အားကျသည့် မျက်လုံးတွေနှင့် ကြည့်နေတာ မြင်လိုက်ရတော့... ကန်နလိုင်းနား လည်း အရမ်း သိချင်လာသည်။

ဒီလူကြီးမင်းက တကယ်တမ်း ဘယ်သူလဲ။

သူ့ရုပ်ရည်ကို ကြည့်ရတာ နဂါးနိုင်ငံသားနဲ့ တူတယ်... နေမဝင်အင်ပါယာမှာ မုန်တိုင်းတွေ ဖန်တီးခဲ့တဲ့ နဂါးနိုင်ငံ သူရဲကောင်းကြီး ဆရာယဲ့ဖန် နဲ့များ ပတ်သက်နေမလား။

---

အခန်း (၂၀၄၈) - လျှို့ဝှက်ဆန်းကြယ် နဂါးနိုင်ငံသား

~ကန်နလိုင်းနား စိတ်ကူးယဉ်နေပြီး၊ ဘေးပတ်ဝန်းကျင်ရှိ လူများ တီးတိုး ဆွေးနွေးနေစဉ်၊ နောက်ထပ် လှပသော ပုံရိပ်တစ်ခု လက်အောက်ငယ်သား တစ်စုနှင့် အတူ လျှောက်လာသည်။

"ဘော့စ်... ဘော့စ် နဂါးနိုင်ငံ ပြန်တော့မယ် ဆိုတာ ကြားလို့... ကျွန်မတို့ ဘယ်လိုပဲ ဖြစ်ဖြစ် လာနှုတ်ဆက်ရမယ်လေ"

"ရှင့် ရည်မှန်းချက် အတိုင်း အားလုံးကို တားဆီးဖို့ မကြိုးစားခဲ့တဲ့ အတွက် တကယ် တောင်းပန်ပါတယ်..."

သူမက ရွှေရောင် မျက်မှန်ကိုင်း တပ်ဆင်ထားသော ထိပ်တန်း အလှပဂေး တစ်ဦး ဖြစ်သည်။ လုပ်ငန်းခွင် အတွင်း အလွန် အေးစက်မည့် ပုံပေါက်သည်။

ကန်နလိုင်းနား သူမ ဝတ်ဆင်ထားသော အဝတ်အစား အမှတ်တံဆိပ်ကို မသိပေ။ အလွန် သိုသိပ်သော်လည်း၊ ရိုးရှင်းခြင်း မရှိကြောင်း သူမ ပြောနိုင်သည်။

ကန်နလိုင်းနား ဒီအမှတ်တံဆိပ်ကို အလွန် စိမ်းနေသည်ဟု ခံစားရသည်။

သို့သော် ပထမတန်း စီးနင်းသူ နေရာ (First-class Cabin) တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော အတွေ့အကြုံ အရ၊ တစ်ဖက်လူသည် သေချာပေါက် အရည်အချင်း ရှိသူ တစ်ဦး ဖြစ်ကြောင်း သူမ ပြောနိုင်သည်။

ရုပ်ရည်ပိုင်းမှာ သူမထက် မနိမ့်ကျရုံ သာမက၊ ပိုပြီး မြင့်မားသော စိတ်နေသဘောထား ရှိသည်။ သူမ၏ အထောက်အထားကလည်း ရိုးရှင်းမှာ မဟုတ်ပေ။

အလှပဂေး ရောက်လာပြီးနောက်၊ သူမ နောက်ကွယ်မှ လူအုပ်စုလည်း ယဲ့ဖန်ကို နှုတ်ဆက်လိုက်ကြသည်။

"ဘော့စ်... ကျွန်တော်တို့ ဘော့စ်နဲ့ မခွဲချင်ပါဘူး"

"ဘော့စ်... ဘော့စ်က ကုမ္ပဏီကို မကြာခဏ မလာပေမဲ့... ကျွန်တော်က ဘော့စ်ရဲ့ အမာခံ ပရိသတ် ဖြစ်နေပါပြီ"

"ကျွန်တော် ဘော့စ်ဆီမှာ အလုပ်လုပ်ရတာကို ကျွန်တော့် သားသမီးတွေလည်း ဂုဏ်ယူနေကြတယ်"

ကန်နလိုင်းနား ဒီလူတွေ၏ နှုတ်ဆက်သံကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့သြသွား၏။ တချိန်တည်းမှာပင် သူမ ပိုမို စူးစမ်းချင်လာသည်။

ယဲ့ဖန် ကတော့ အလွန် တည်ငြိမ်သည်။ ဆာမီယာဟု ခေါ်သော အလှလေးကို လှမ်းခေါ်လိုက်ပြီး သူတို့နှင့် စကားစမြည် ပြောလိုက်၏။

စောစောက ရောက်နေသော ဝုဖ်ဂန်းနှင့် အာဂျိုင်းဟန်ဆန် တို့သည် အလှလေးကို မြင်လိုက်ရသောအခါ အံ့သြသွားကြသည်။ ယဲ့ဖန် ဆာမီယာနှင့် အခြားသူများကို စကားပြောပြီးနောက်၊ သူတို့ ယဲ့ဖန်ကို ဘေးသို့ ဆွဲခေါ်သွားပြီး တီးတိုး ပြောဆိုနေကြသည်။

သူတို့ သုံးယောက် ပျော်ရွှင်နေစဉ်၊ နောက်ထပ် ဆူညံသံ တစ်ခု လေဆိပ် အနောက်ဘက်မှ ထွက်ပေါ်လာ၏။

ကန်နလိုင်းနား လှမ်းကြည့်လိုက်ရာ၊ နောက်ထပ် ထိပ်တန်း အလှပဂေး တစ်ဦးသည် အလွန် ချမ်းသာပုံ ရသော အမျိုးသား အမျိုးသမီး တစ်စုနှင့် အတူ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"ဘော့စ်... လမ်းခရီး ဖြောင့်ဖြူးပါစေ"

"ဘော့စ်ရဲ့ ညွှန်ကြားချက် အတိုင်း... ကျွန်မတို့ မေရို့ ထျန်းချန် ဆေးဘက်ဆိုင်ရာ အလှအပ ကုမ္ပဏီက နဂါးနိုင်ငံ ဈေးကွက်ကို တဖြည်းဖြည်း ချဲ့ထွင်သွားပါ့မယ်... အင်ပါယာ ဘက်က အလုပ်တွေကို အမြန်ဆုံး စီစဉ်ပြီး... ဘော့စ်နဲ့ တွေ့ဖို့ လူတွေ ခေါ်ပြီး နဂါးနိုင်ငံ လာခဲ့ပါ့မယ်ရှင်"

အလှပဂေး၏ စကားများ အရ၊ သူမသည် မေရူယို ထျန်းချန် ဆေးဘက်ဆိုင်ရာ အလှအပ ကုမ္ပဏီ မှ ဖြစ်ပုံ ရသည်။

ကန်နလိုင်းနား တံတွေး မမြိုချဘဲ မနေနိုင်တော့ပေ။

ဘာကြောင့်လဲ ဆိုတော့ ဆာမီယာ နှင့် ယှဉ်လျှင်၊ မေရို့ထျန်းချန် ဆေးဘက်ဆိုင်ရာ အလှအပ ကုမ္ပဏီ ၏ နာမည်က လေယာဉ်မယ်များ ကြားတွင် အလွန် ကျော်ကြားလွန်းနေသောကြောင့် ဖြစ်သည်။

လှပချင်၊ နုပျိုချင်၊ ချမ်းသာချင်သော အမျိုးသမီး တိုင်း နီးပါး ဒီဆေးဘက်ဆိုင်ရာ အလှအပ ကုမ္ပဏီ အကြောင်း သိကြပါ၏။

ကန်နလိုင်းနား ဘေးပတ်ဝန်းကျင်တွင် ပိုက်ဆံ စုပြီး မေရူယို ထျန်းချန် ဆေးဘက်ဆိုင်ရာ အလှအပ ကုမ္ပဏီ သွားကာ၊ ရုပ်ရည်နှင့် ခန္ဓာကိုယ် ပြုပြင်မွမ်းမံမှု လုပ်ချင်သူများ အများကြီး ရှိသည်။ ဒီနည်းနှင့် သူမတို့၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်ကို အများကြီး တိုးတက်အောင် လုပ်ပြီး ကံကြမ္မာကို ပြောင်းလဲပစ်ချင်ကြ၏။

ဒီကုမ္ပဏီက နေမဝင်အင်ပါယာ၏ ဆေးဘက်ဆိုင်ရာ နယ်ပယ်မှာ ဘီလူးကြီး တစ်ကောင် ဖြစ်လေ၏။

ဒါပေမဲ့ ဒီအလှပဂေး (ရှယ်လီ ) ပြောပုံ အရ ဆိုလျှင်၊ ဒီကုမ္ပဏီ ပိုင်ရှင်က သူမ ရှေ့က နဂါးနိုင်ငံသား ဖြစ်နေသည်လား။

ရှယ်လီနှင့် ကုမ္ပဏီ အထက်ပိုင်း ခေါင်းဆောင်များ ယဲ့ဖန်ကို အလွန် လေးစားသမှု ပြသနေကြသည်ကို သူမ တွေ့လိုက်ရသည်။

ရှယ်လီက ယဲ့ဖန်ကို ဖုံးကွယ်မထားနိုင်သော ချစ်ခြင်းမေတ္တာနှင့် မခွဲနိုင် မခွာရက် မျက်လုံးများဖြင့် ကြည့်နေသည်ကို သတိထားမိလိုက်သောအခါ၊ ကန်နလိုင်းနား စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီး တစ်ခုကို ခံစားလိုက်ရသည်။

"ဒီ နဂါးနိုင်ငံ လူငယ်က ဘယ်သူလဲ"

"ခုနက အာဂျိုင်းဟန်ဆန် က သူ့ကို ယဲ့ တစ်ခုခု လို့ ခေါ်လိုက်သလိုပဲ... ကြည့်ရတာ သူက ယဲ့ဖန် နဲ့ မျိုးရိုးတူနေပုံ ရတယ်"

"သူတို့ နှစ်ယောက်က တစ်မိသားစုတည်းက လာတာများလား"

"ဘုရားရေ... မီဒီယာတွေက ယဲ့ဖန်ရဲ့ သူရဲကောင်း ဆန်တဲ့ လုပ်ရပ်တွေ အများကြီး ကြေညာခဲ့ပေမဲ့... ဘာလို့ သူ့ဓာတ်ပုံ မဖော်ပြခဲ့တာလဲ... ဘုရင်မကြီး နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတောင် လူသိရှင်ကြား မထုတ်ပြခဲ့ဘူး"

"ယဲ့ဖန်ရဲ့ ရုပ်ရည်ကို သိပြီး ဒီလူငယ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်... ငါ့မေးခွန်း အတွက် အဖြေ ရကောင်း ရနိုင်တယ်... ငါလည်း အရင်ကလို အထင်လွဲမိမှာ မဟုတ်ဘူး..."

သို့သော် ကန်နလိုင်းနားနှင့် အခြားသူများ အတွေးလွန်နေစဉ်၊ အပြင်ဘက်တွင် ပိုမို ကြီးမားသော ဆူညံသံ တစ်ခု ထွက်ပေါ်လာသည်။

ဆူညံသံနှင့် အတူ အာမေဋိတ် သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

"ဘုရားရေ... အားလုံး ကြည့်လိုက်ကြ... ဘတ်ကင်ဟမ် မြို့စားကြီး နဲ့ သူ့မြစ် ဝီလျံလေး ပါလား"

"ဘတ်ကင်ဟမ် မြို့စားကြီး က သူ့မြစ် ဝီလျံလေး ကို ခေါ်လာတယ်"

"ငါ အိပ်မက် မက်နေသလိုပဲ..."

ကန်နလိုင်းနား အသံလာရာ ဘက်သို့ ကြည့်လိုက်ရာ၊ ဘတ်ကင်ဟမ် မြို့စားကြီးက ဝီလျံလေး၏ လက်ကို ဆွဲပြီး လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သက်တော်စောင့် အချို့၏ ကာကွယ်မှု အောက်တွင်၊ သူ စိတ်အားထက်သန်သော လူအုပ်ကြီးကို ပြုံးပြပြီး လက်ပြ နှုတ်ဆက်နေ၏။

---

အခန်း (၂၀၄၉) - သူမ ရဲရင့်တဲ့ အတွေး တစ်ခု ဝင်လာတယ်

~ဘတ်ကင်ဟမ် မြို့စားကြီး နဲ့ ဝီလျံလေး။

ပြီးတော့ သခင်လေး အာဂျိုင်းဟန်ဆန် နဲ့ သခင်လေး ဝုဖ်ဂန်း။

တိုက်တိုက်ဆိုင်ဆိုင် သူ့မျိုးရိုးက ယဲ့ ဖြစ်နေပြီး၊ နဂါးနိုင်ငံက လာတာ...

ဒီသဲလွန်စတွေကို ပေါင်းစပ်လိုက်သော အခါ၊ ကန်နလိုင်းနား မျက်လုံးများ ကျဉ်းမြောင်းသွား၏။ သူမ အရင်က မတွေးဖူးသော ဖြစ်နိုင်ခြေ တစ်ခုကို ရုတ်တရက် တွေးမိလိုက်၏။

သူမ ရှေ့က မစ္စတာ ယဲ့ က... သူမ အချိန်အကြာကြီး လေးစားအားကျခဲ့ရသည့် သူရဲကောင်း ယဲ့ဖန် ဖြစ်နိုင်ချေ အရမ်း များနေပြီ။

ယခု အချိန်မှာ ဘယ်သူမှ ကန်နလိုင်းနား၏ တုံ့ပြန်မှုကို ဂရုမစိုက်ကြပေ။

လူတိုင်းနီးပါး၏ အကြည့်တွေက အတောက်ပဆုံး လူနှစ်ယောက်... မဟုတ်ဘူး... အတောက်ပဆုံး လူသုံးယောက် ဖြစ်သည့် ဘတ်ကင်ဟမ် မြို့စားကြီး၊ ဝီလျံလေး နှင့် ယဲ့ဖန် တို့ဆီ ရောက်နေကြသည်။

ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်မှာ ဘတ်ကင်ဟမ် မြို့စားကြီး နှင့် ဝီလျံလေး က ယဲ့ဖန် ဆီ တန်းတန်းမတ်မတ် လျှောက်လာနေ၍ပါပဲ။

ယဲ့ဖန် ဘေးနား ရောက်တာနှင့်၊ ဝီလျံလေး က ဘတ်ကင်ဟမ် မြို့စားကြီး လက်ကို ချက်ချင်း ရုန်းထွက်လိုက်ပြီး၊ ယဲ့ဖန် ပွေ့ဖက်ဖို့ လက်နှစ်ဖက် ဖြန့်ကားလိုက်၏။

ယဲ့ဖန် ဒါကို မြင်တော့ ပြုံးလိုက်ပြီး၊ ထိုင်ချကာ သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။

"ဒီကလေးက... ဒီနေ့ မောင်ရင် နဂါးနိုင်ငံ ပြန်မယ် ဆိုတာ ကြားတော့... ဘယ်လိုပဲ ဖြစ်ဖြစ် လိုက်ပို့ရမယ် ဆိုပြီး ဂျီကျနေတာ"

သူတို့ နှစ်ဦး ဖက်ထားသည်ကို ကြည့်ပြီး ဘတ်ကင်ဟမ် မြို့စားကြီး ကြင်နာစွာ ပြုံးလိုက်၏။

"မနေ့က သူ တိတ်တိတ်လေး ငိုတောင် ငိုနေသေးတယ်"

"ယောက်ဖကို နောက်တစ်ခါ ဘယ်တော့မှ မတွေ့ရတော့မှာ ကြောက်လို့ တဲ့ဗျာ"

ဝုဖ်ဂန်း၏ စနောက်မှုကြောင့် ဝီလျံလေး သိသိသာသာ ရှက်သွား၏။ သူ အမြန် ငြင်းလိုက်၏။

"မဟုတ်ပါဘူး... သား မျက်လုံးထဲ သဲဝင်သွားလို့ပါ"

"အစ်ကိုကြီး ယဲ့ဖန် က နေမဝင်အင်ပါယာကို မလာဖြစ်ရင်တောင်... သားက နဂါးနိုင်ငံကို သွားပြီး လာလည်မှာပါ"

"အစ်ကိုကြီး ယဲ့ဖန် က သားရဲ့ ဆရာ လုပ်မယ် လို့ ပြောထားတယ်လေ"

"ဟုတ်တယ်"

ယဲ့ဖန် တခစ်ခစ် ရယ်မောလိုက်ပြီး သူ့ကို အားပေးလိုက်၏။

"ဝီလျံလေး ကြီးပြင်းလာမယ့် နေ့ကို အစ်ကိုကြီး စောင့်နေမယ်... အဲ့ဒီ အခါကျရင် အစ်ကိုကြီးရဲ့ ပညာတွေ၊ စွမ်းရည်တွေ အကုန်လုံးကို ဝီလျံလေး ဆီ လက်ဆင့်ကမ်းပေးမယ် နော်"

"ဟုတ်ကဲ့... ဟုတ်ကဲ့... ကတိပေးနော်... လက်သန်း ချိတ်ကြကြေး"

ဒါကို ကြားတော့ ဝီလျံလေး အရမ်း စိတ်လှုပ်ရှားသွားပြီး၊ ကျောက်စိမ်းလို ချောမွတ်နေသော သူ့လက်လေးကို ဆန့်ထုတ်ကာ၊ ယဲ့ဖန် လက်ကို ကိုင်ချင်နေ၏။

ယဲ့ဖန် လည်း သူ့လက်ကို ကိုင်လိုက်၏။

ထို့နောက် ရယ်မောသံများ ကြားတွင်၊ လာရောက် နှုတ်ဆက်ကြသော မိတ်ဆွေများ၊ လက်အောက်ငယ်သားများကို နှုတ်ဆက်လိုက်ပြီး လေယာဉ်ပေါ် တက်ရန် ပြင်ဆင်လိုက်၏။

ထိုအချိန်မှာ အာဂျိုင်းဟန်ဆန်က ယဲ့ဖန်ကို စာအိတ် တစ်အိတ် တိတ်တဆိတ် ကမ်းပေးလိုက်၏။

"ဒါက ဒီနေ့ မျက်လုံးတွေ မို့အစ်နေတဲ့ အထိ ငိုထားတဲ့ တစ်ယောက်ယောက်ဆီကပါ... သူ့ပုံရိပ် မင်း စိတ်ထဲမှာ ပျက်စီးသွားမှာ ကြောက်လို့ မလိုက်လာတော့ဘဲ... ငါ့ကို ပေးခိုင်းလိုက်တာ"

သူ နာမည် တပ်မပြောသော်လည်း၊ ဒီအချက်တွေကို ကြည့်ရုံနှင့် မီလီမှန်း ယဲ့ဖန် ခန့်မှန်းမိလိုက်၏။

‘ဒီကောင်မလေးကတော့လေ’

"ကျေးဇူးပါ"

ယဲ့ဖန် အာဂျိုင်းဟန်ဆန်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး၊ နဂါးနိုင်ငံကို လာလည်ဖို့ မမေ့နဲ့ဦး ဟု မှာလိုက်၏။ စာအိတ်ကို သိမ်းလိုက်ပြီး ဖူမာကျန်းဝူ နှင့် အတူ လေယာဉ်ပေါ် တက်ရန် ပြင်လိုက်၏။

တချိန်တည်း နီးပါးမှာပင်၊ ယဲ့ဖန် ဖုန်း တုန်ခါလာသည်။

ကျူးရှောင်ကျောင်း ဆီက မက်ဆေ့ခ်ျ ဖြစ်ပါသည်။

လေယာဉ်ပေါ် ရောက်ပြီလား၊ လေယာဉ် အချိန် ပြောင်းသွားသေးလား လဟု မေးနေခြင်းပါ။

လေယာဉ်ပေါ် ရောက်ပြီးနောက်၊ ကျူးရှောင်ကျောင်း နှင့် စကားပြောရင်း စာအိတ်ကို ဖွင့်ကြည့်လိုက်တော့၊ ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။

မသိလိုက်မသိဘာသာနှင့် သူ လူတော်တော်များများ၏ နှလုံးသားကို ခိုးယူမိခဲ့ပြီပဲ။

ကံကောင်းတာက ဒီအမျိုးသမီး မိတ်ဆွေတွေက တစ်နေရာတည်းမှာ စုမနေကြတာပါပဲ။

မဟုတ်လျှင် သူ အချိန် စီမံခန့်ခွဲမှု ပညာရှင် ဖြစ်လာလျှင်တောင်၊ ကိုင်တွယ်နိုင်မှာ မဟုတ်ပေ။

"ဝက်လက်ကြီး ... ဒီတစ်ခါ ပြန်ရောက်ရင် ငါနဲ့ အတူတူ ပိုပြီး ပျော်ပါးရမယ်နော်... မဟုတ်ရင် စိတ်ဆိုးမှာ"

"နင် နေမဝင်အင်ပါယာကို ဒီလောက် ကြာကြီး သွားနေတာ... ငါ အရမ်း ပျင်းနေပြီ"

ယဲ့ဖန် အတွေးလွန်နေတုန်း၊ ကျူးရှောင်ကျောင်း ၏ မက်ဆေ့ခ်ျ ထပ်ဝင်လာသည်။

ဒီကောင်မလေး မက်ဆေ့ခ်ျ ပို့နေတုန်း စိတ်ဆိုးနေမယ့် ပုံစံကို မြင်ယောင်ပြီး၊ ယဲ့ဖန် ချက်ချင်း ပြန်ပို့လိုက်၏။

"ပြဿနာ မရှိပါဘူး... ထူးခြားတဲ့ အခြေအနေ မရှိရင်... မင်း ကျေနပ်တဲ့ အထိ ငါ သေချာပေါက် ဖျော်ဖြေပေးပါ့မယ်"

"ထူးခြားတဲ့ အခြေအနေ မရှိရင် ဆိုတာ ဘာသဘောလဲ"

ကျူးရှောင်ကျောင်း ချက်ချင်း ပြန်ပို့လိုက်၏။

"ဒါ ပစ်မှတ် ထားနေတာ မဟုတ်ဘူးလား"

"ပြန်ရုပ်... ပြန်ရုပ်... အဲ့ဒီ စကားကို မြန်မြန် ပြန်ရုပ်လိုက်"

"တီဗီ ဇာတ်လမ်းတွဲ ဒါဇင်ပေါင်းများစွာ နဲ့ ကာတွန်း ဒါဇင်ပေါင်းများစွာ ကြည့်ဖူးတဲ့ ငါ့အတွေ့အကြုံ အရ... ဒီလို ပစ်မှတ်ထားတဲ့ စကားမျိုး ပြောလိုက်ရင်... မကောင်းတဲ့ ကိစ္စ ဆိုရင် တကယ် ဖြစ်လာတတ်တယ်..."

ယဲ့ဖန် စာပြန်ရိုက်နေတုန်း၊ မလှမ်းမကမ်းက ကန်နလိုင်းနား သူ့ကို တိတ်တဆိတ် ကြည့်နေတာ မြင်လိုက်ရသည်။ သူမက သူ့ကို စကားပြောဖို့ အခွင့်အရေး ရှာနေပုံ ရသည်။

"ကောင်းပါပြီ... ငါ ပြန်ရုပ်လိုက်ပါ့မယ်"

မက်ဆေ့ခ်ျကို အမြန် ပြန်ရုပ်လိုက် ပြီးနောက်၊ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း စကားပြောတာ ရပ်လိုက်ကြသည်။ သူ ရှန်းပိုင်ထျန်း၏ ကျက်သရေ တချို့ ရှိနေသည့် ခပ်ချောချော လေယာဉ်မယ်လေးကို ကြည့်လိုက်၏။

အခန်း (၂၀၅၀) - လေယာဉ်မယ် ရှေ့တိုးလာခြင်း

~ယဲ့ဖန်၏ အကြည့်ကို သတိထားမိလိုက်သောအခါ ကန်နလိုင်းနား သည် အစပိုင်းတွင် ရှောင်တိမ်းလိုက်ပြီး၊ တခြား အလုပ် လုပ်နေသယောင် ဟန်ဆောင်လိုက်၏။

သူမ ယဲ့ဖန်ကို တိတ်တဆိတ် ပြန်ချောင်းကြည့်သောအခါ၊ ယဲ့ဖန်က သူမကို ကြည့်နေဆဲ ဖြစ်ပြီး၊ သူမ ပြောချင်တာ ပြော၍ ရကြောင်း အရိပ်အမြွက် ပြနေသည်ကို သတိထားမိလိုက်၏။ ထိုအခါမှ သူမ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ခဏတာ စဉ်းစားကာ၊ ယဲ့ဖန် ရှိရာသို့ လျှောက်လာခဲ့သည်။

"မစ္စတာ ယဲ့... ပထမတန်း စီးနင်းသူ နေရာ (First-class Service) မှာ အရည်အသွေးမြင့် ကော်ဖီ၊ လက်ဖက်ရည် နဲ့ ဝိုင်တွေ ရပါတယ် ရှင့်... လူကြီးမင်း ဘာများ သုံးဆောင်ချင်ပါသလဲ"

ယဲ့ဖန် သူမကို သိမ်မွေ့သော အပြုံးဖြင့် ကြည့်လိုက်၏။

ကန်နလိုင်းနား သူမ၏ အတွေးများကို အသိမ်းခံလိုက်ရသလို ခံစားလိုက်ရပြီး မျက်နှာ နီရဲသွား၏။ သူမ အကြည့်ကို အမြန် လွှဲလိုက်၏။

"ရေသန့် တစ်ခွက်လောက် ပေးပါ"

ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။

ခုနက နည်းနည်း မောက်မာသလို ဖြစ်နေသော လေယာဉ်မယ်လေးက အခုကျတော့ ဒီလောက်တောင် ကြောက်ရွံ့ပြီး ရှက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။

"ဟုတ်... ဟုတ်ကဲ့ပါ"

ယဲ့ဖန် ရေသန့် လိုချင်သည် ဆိုတာ ကြားလိုက်ရတော့ ကန်နလိုင်းနား သက်ပြင်းချလိုက်၏။ သူမ ဝန်ဆောင်မှု ဧရိယာ သို့ အမြန် သွားလိုက်ပြီး၊ တော်ဝင် မိသားစု အတွက် သီးသန့် ထုတ်လုပ်ထားပုံ ရသော ရေသန့် တစ်ပုလင်းကို ယူလိုက်ကာ၊ ယဲ့ဖန် အတွက် တစ်ခွက် ငှဲ့ပေးလိုက်၏။

ယဲ့ဖန် ထံသို့ ရေခွက်ကို ဂရုတစိုက် ယူလာပေးပြီးနောက်၊ သူမ တိုးတိုးလေး အမြန် ထပ်ပြောလိုက်၏။

"ခုနက ဖြစ်ခဲ့တာတွေ အတွက် တောင်းပန်ပါတယ် ရှင့်"

"အရင်တုန်းက ရည်းစားစကား လိုက်ပြောတာမျိုးတွေ အများကြီး ကြုံခဲ့ရဖူးတော့... အလိုအလျောက် တုံ့ပြန်မိသွားတာပါ"

ယဲ့ဖန် သူမ၏ လှပသော မျက်နှာလေးကို ကြည့်ပြီး ပြုံးလိုက်၏။

"ကိစ္စ မရှိပါဘူး... ကျွန်တော်က အထင်လွဲခံရတာ ကျင့်သားရနေပါပြီ"

"ဒါ့အပြင်... ခင်ဗျားက ကျွန်တော့်ကို အထင်လွဲရုံပဲ ရှိတာပါ... ကျွန်တော့်ကို လွန်လွန်ကဲကဲ ဘာမှ မပြောခဲ့ပါဘူး"

နိုင်လိုလာ နှင့် ချွေ့ဖော် တို့ ရန်လိုနေသည့် အချိန်တုန်းက၊ ကန်နလိုင်းနား က သူ့ဘက်ကနေ ပြောပေးချင်ခဲ့တာကို ယဲ့ဖန် ကောင်းကောင်း မှတ်မိနေ၏။

ဒီအမျိုးသမီးက သူမ၏ ထူးချွန်သော ပြင်ပ အရည်အချင်းတွေကြောင့် နည်းနည်း မောက်မာနေရုံပါပင်။ တကယ်တမ်းကျတော့ သူမက တော်တော် သဘောကောင်းပါသည်။

"မစ္စတာ ယဲ့... ရှင် ကျွန်မကို အပြစ်မတင်ဘူးလား"

ယဲ့ဖန် သူမကို အပြစ်မတင်ဘူး ဆိုတာ ကြားလိုက်ရတော့၊ ကန်နလိုင်းနား အလွန် ဝမ်းသာသွားပြီး၊ သူမ၏ အသံ ပိုကျယ်လာသည်။

"ကျွန်တော်က ဘာလို့ ခင်ဗျားကို အပြစ်တင်ရမှာလဲ"

ယဲ့ဖန် ပြန်မေးလိုက်၏။

ကန်နလိုင်းနား၏ ပါးပြင်များ နီရဲလာသည်။

"ကျွန်မ ထင်တာက... ကျွန်မ ထင်တာက..."

သူမ ခဏတာ စကားမပြောနိုင် ဖြစ်သွားပြီးမှ ဆက်ပြောလိုက်၏။

"အတိုချုပ် ပြောရရင်... မစ္စတာ ယဲ့ က တကယ် သဘောထားကြီးလွန်းပါတယ်... ပထမတန်း စီးနင်းသူ နေရာမှာ ကျွန်မ တွေ့ဖူးတဲ့ နာမည်ကြီးတွေ၊ ချမ်းသာတဲ့ ဒုတိယ မျိုးဆက်တွေနဲ့ လုံးဝ မတူပါဘူး"

ပြောရင်းနှင့် သူမ စကားစက် ပွင့်သွားပုံ ရသည်။

"ရှင် သိလား... ရှင်က အမြဲတမ်း ကျွန်မရဲ့ အိုင်ဒေါလ် ပါ... အာ... မဟုတ်ပါဘူး... ကျွန်မက အမြဲတမ်း ရှင့်ရဲ့ ဖန်ပါ... မဟုတ်သေးဘူး... ကျွန်မက ရှင့်ကို အမြဲတမ်း လေးစားအားကျနေခဲ့တာပါ"

"သဘာဝ ဓာတ်ငွေ့ ယိုစိမ့်မှုကို ရှင် ရှာဖွေတွေ့ရှိပြီး အပြစ်မဲ့ ပြည်သူ အများကြီးကို ကယ်တင်ခဲ့တုန်းက ကျွန်မ စပြီး သတိထားမိခဲ့တာပါ... နောက်ပိုင်း နာမည်ကြီး စတား တစ်ယောက်ရဲ့ အနိုင်ကျင့်တာ ခံရတဲ့ သာမန်လူ တစ်ယောက် အတွက် ရှင် မားမားမတ်မတ် ရပ်တည်ပေးတုန်းက... ရှင်က ငယ်ငယ်က ကြားဖူးတဲ့ သူရဲကောင်း ရော်ဘင်ဟုဒါ နဲ့ နည်းနည်း တူတယ် လို့ ကျွန်မ စပြီး တွေးမိခဲ့တယ်"

"စတန့်စ်လေဆိပ် နဲ့ ဒီဗွန်ရှိုင်းယား မိသားစု အဖြစ်အပျက်တွေက ကျွန်မရဲ့ ခန့်မှန်းချက်ကို ပိုပြီး အတည်ပြုပေးလိုက်သလိုပါပဲ..."

"ဒီနေ့ လေဆိပ်မှာ၊ လေယာဉ်ပေါ်မှာ ရှင့်ကို တွေ့ရလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ပါဘူး... ပြီးတော့... ကျွန်မက ရှင့်ကို အထင်လွဲခဲ့မိသေးတယ်ရှင်..."

ယဲ့ဖန် ပင်လျှင် ဘာပြောရမှန်း မသိတော့ပေ။

ယဲ့ဖန် သာမက၊ သူမ မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ၊ ပထမတန်း စီးနင်းသူ နေရာရှိ အခြား ခရီးသည်များလည်း သူမကို အံ့သြစွာနှင့် အားကျစွာ ကြည့်လိုက်ကြသည်။

ကန်နလိုင်းနား တစ်ဆက်တည်း ပြောခိလိုက်ပြီးမှ၊ သူမ၏ စိတ်လှုပ်ရှားမှု အနည်းငယ် လျော့ကျသွားပုံ ရ၏။ တချိန်တည်းမှာပင် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များကို သတိထားမိလိုက်ပြီး၊ သူမ၏ ချယ်ရီသီး ရောင် နှုတ်ခမ်းလေးကို လက်ဖြင့် အမြန် အုပ်လိုက်၏။ သူမ၏ ပါးပြင်များပေါ်တွင် အနီရောင်များ ထပ်မံ ပေါ်လာပြန်သည်။

"တောင်း... တောင်းပန်ပါတယ် မစ္စတာ ယဲ့... ကျွန်မ စိတ်လှုပ်ရှား လွန်ပြီး အိန္ဒြေပျက်သွားတယ်"

ယဲ့ဖန် ပြုံးနေဆဲပင်။

"ကိစ္စ မရှိပါဘူး... စစ်မှန်တဲ့ စိတ်ခံစားချက် ဆိုတော့ ချစ်စရာ ကောင်းပါတယ်"

ကန်နလိုင်းနား ဘေးပတ်ဝန်းကျင်ကို အမြန် အကဲခတ်လိုက်၏။ ထို့နောက် အသံနှိမ့်ပြီး အားနာစွာ ပြောလိုက်၏။

"အာ... ကျွန်မ... ရှင့်ရဲ့ ဆက်သွယ်ရန် လိပ်စာလေး တောင်းလို့ ရမလား ဟင်"

ယဲ့ဖန်၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားကို သတိထားမိသောအခါ၊ ယဲ့ဖန် မမေးခင် သူမ အမြန် ထပ်ဖြည့်ပြောလိုက်၏။

"အထင်မလွဲပါနဲ့... တခြား ရည်ရွယ်ချက် မရှိပါဘူး... ကျွန်မက ရှင့်ကို လေးစားအားကျလို့ပါ"

"ဒါ့အပြင်... ကျွန်မရဲ့ accessories တွေကို ဘယ်က ဝယ်လဲ လို့ ရှင် မေးခဲ့တယ် မလား... ဒီပစ္စည်းတွေက ကျွန်မ သေချာ ဂရုတစိုက် ရွေးချယ်ထားတာပါ... ဝယ်ဖို့ မလွယ်ကူပါဘူး... နောက်တစ်စုံ ရအောင် စုစည်းပြီး နောက်ကျရင် ရှင့်ဆီ ပို့ပေးဖို့ နည်းလမ်း ရှာကြည့်ပါ့မယ်..."

သူမ လိမ်ပြောတာ အရမ်း ပေါ်လွင်နေသည်လေ။

All Chapters