← Chapters

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

အခန်း (၆၆၄) - ကိုယ့်အရည်အချင်းကိုယ် အထင်ကြီးခြင်း

~'ဒီကောင်စုတ်က တကယ့် မိစ္ဆာပဲ'

ထျန်းဟယ်သည် ဖုန်းဝူချန်ကို ကြည့်ရင်း မှင်သက်အံ့ဩနေမိ၏။ (၁) လကျော်ကျော်လေးအတွင်းမှာတင် ဖုန်းဝူချန်က နောက်တစ်ဆင့်ကို ထပ်မံထိုးဖောက်နိုင်ခဲ့သည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သော အရာပင် ဖြစ်သည်။

ထိုကာလအတွင်း ထျန်းဟယ်သည် တိတ်တဆိတ် စောင့်ကြည့်ရင်း ကျင့်ကြံနေခဲ့သော်လည်း သူ၏ ခွန်အားမှာ အနည်းငယ်မျှသာ တိုးတက်ခဲ့၏။ ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အရှိန်အဟုန်နှင့် နှိုင်းယှဉ်ပါက သူသည် အဆပေါင်း (၁၀၀၀) မက နှေးကွေးနေတော့သည်။

“ဝီ... ဝီ...”

ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်ဖြတ်ခြင်း အခင်းအကျင်း အသက်ဝင်လာတော့၏။ နဂါးနတ်ဘုရား နန်းတော်တစ်ခုလုံး သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားပြီး ဧရာမ ရွှေရောင်အလင်းတန်းကြီးက နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။

“နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းကို စိတ်ကြိုက်စမ်းသပ်နိုင်ပါတယ် ခင်ဗျာ... ကိုယ့်အရည်အချင်းကိုယ်လည်း အထင်ကြီးမနေကြနဲ့ဦးနော်”

ဖုန်းဝူချန်က ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ဆိုလိုက်သည်။

“ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုနက်နဲတဲ့ အခင်းအကျင်းမျိုးကို တည်ဆောက်နိုင်တာ ကြည့်ရင်... မင်းရဲ့ အခင်းအကျင်းပညာက တကယ့်ကို ပြိုင်ဘက်ကင်းလောက်ပါတယ်”

ခါးကုန်းကုန်း အဘိုးကြီးက အခင်းအကျင်းကို တစ်ချက်ကြည့်ကာ အံ့ဩတကြီး ချီးကျူးလိုက်၏။

“တိုက်စစ် အခင်းအကျင်း... ခံစစ် အခင်းအကျင်း... အဲဒီအပြင် ပုံရိပ်ယောင် အခင်းအကျင်းကိုပါ တစ်သားတည်း ပေါင်းစပ်ထားတာပဲ... တကယ့်ကို မလွယ်ဘူး... ငါ့ဘဝမှာ ပါရမီရှင် အခင်းအကျင်းဆရာတွေ အများကြီး တွေ့ဖူးပေမယ့် မင်းနဲ့ ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး”

အဘိုးကြီးက အခင်းအကျင်းကို သည်းသည်းမည်းမည်း ခြေရာခံ လေ့လာရင်း မချီးကျူးဘဲ မနေနိုင် ဖြစ်နေသည်။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က မထီမဲ့မြင်ကဲ့ရဲ့ ကာ အေးစက်စွာ ပြောလိုက်၏။

“အပိုစကားတွေ ပြောနေလို့ ဘာမှ ဖြစ်မလာဘူးဗျ... ခင်ဗျား တကယ်ပဲ အခင်းအကျင်းဆရာ ဟုတ်မဟုတ်ဆိုတာ ဒီအခင်းအကျင်းကို ဖျက်ဆီးပြပြီးမှ သက်သေပြလိုက်ပါ”

အဘိုးကြီး၏ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး သူ၏ နက်ရှိုင်းသော မျက်ဝန်းအစုံမှာ အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

“ဝှစ်...”

လူရိပ်တစ်ခု လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အဘိုးကြီးသည် အခင်းအကျင်း၏ ရှေ့မှောက်သို့ ရောက်ရှိသွား၏။ တဆက်တည်း၌၊ သူ၏ ခြောက်ကပ်နေသော လက်ဝါးကို အခင်းအကျင်းပေါ်သို့ အသာအယာ တင်လိုက်သည်။

“ဝီ... ဝီ...”

ထျန်းကျီဘုံ အဆင့် (၅) လွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများကို အစွမ်းကုန် မောင်းနှင်ကာ အခင်းအကျင်းအတွင်းသို့ ရိုက်သွင်းလိုက်၏။ ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ် လက်သွားကာ အခင်းအကျင်းမှာလည်း တုန်ခါနေတော့သည်။

အဘိုးကြီး၏ ဘယ်ဘက်လက်မှာလည်း ဆန်းကြယ်သော လက်ကွက်များကို တရစပ် ပြောင်းလဲနေပြီး အခင်းအကျင်း၏ ဗဟိုချက်ကို လျင်မြန်စွာ ရှာဖွေနေ၏။ သူသည် သူ၏ ကြီးမားသော ခွန်အားကို အသုံးချကာ အခင်းအကျင်း၏ စွမ်းအားကို အတင်းအကျပ် နှိမ်နင်း ရန် ကြိုးစားနေခြင်းပင်။

“ဟွန်း... ပုံရိပ်ယောင် အခင်းအကျင်းကို သုံးပြီး ဗဟိုချက်ကို ဖုံးကွယ်ထားတာပေါ့လေ... တော်တော်လေးတော့ ပါးရည်နပ်ရည် ရှိသားပဲ... ဒါပေမဲ့ ငါ့ကိုတော့ လှည့်စားလို့ မရပါဘူး”

(၂) မိနစ်မျှပင် မပြည့်သေးသော အချိန်အတွင်း အဘိုးကြီးမှာ ဗဟိုချက်ကို ရှာတွေ့သွားပြီဟု ထင်မှတ်ကာ သူ၏ အိုမင်းသော မျက်နှာပေါ်တွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာသည်။

သို့သော်ငြားလည်း ဖုန်းဝူချန်၏ လက်များက စတင် လှုပ်ရှားလာခဲ့ပြီ ဖြစ်၏။ ပုံရိပ်ယောင်များစွာကို ဖန်တီးလိုက်ပြီး သူက ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သည်။

“ခင်ဗျား တကယ်ပဲ ပုံရိပ်ယောင်ထဲ ကျမနေဘူးလို့ သေချာရဲ့လား”

“ဟွန်း... ငါ့ကို အထင်သေးနေတာလား... ဒီလို အပေါစား ပုံရိပ်ယောင်လောက်နဲ့ ငါ့ကို လှည့်စားနိုင်မယ် ထင်နေသလား”

အဘိုးကြီးက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း စကားဆုံးသည်နှင့် သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော် သွားတော့၏။

“ဗဟိုချက်က ပျောက်သွားပြီ... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ သေချာပေါက် ချုပ်နှောင်ထားတာလေ... ဘယ်လိုလုပ် ပျောက်သွားရတာလဲ”

ဘေးတွင် ရပ်နေသော ထျန်းဟယ်၏ မျက်နှာမှာလည်း မှောင်မိုက်သွားတော့သည်။

ဖုန်းဝူချန်က လှောင်ပြုံးတစ်ချက် ပြုံး လိုက်ပြီး လက်ကွက်များကို ထပ်မံ ပြောင်းလဲလိုက်ပြန်သည်။

“ခွေးအိုကြီး... ခင်ဗျားကမှ ကျုပ်ကို အထင်သေးနေတာပါ... ခင်ဗျားရဲ့ ဒီလောက် ကျွမ်းကျင်မှုလေးနဲ့ ကျုပ်အခင်းအကျင်းကို ဖျက်ချင်နေတာလား... တကယ့်ကို သေတွင်းကို ခြေစုံပစ် ဝင်ချင်နေတာပဲ”

“ဝီ... ဝီ...”

ထိုအခိုက်အတန့်မှာ၊ အခင်းအကျင်းမှာ ပြင်းထန်စွာ တုန်လှုပ်လာပြီး အစွန်းရောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားများ စုစည်းလာလေတော့၏။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်ထားတော့သည်။

“ဘာ”

အဘိုးကြီး၏ မျက်နှာမှာ နောက်တစ်ကြိမ် ပြင်းထန်စွာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

“ဒီအခင်းအကျင်းက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားတွေကို ထုတ်နိုင်ရတာလဲ... ငါ့ရဲ့ စွမ်းအားတွေကိုတောင် ထိုးဖောက်နိုင်နေပြီ”

အဘိုးကြီးမှာ ထျန်းကျီဘုံ အဆင့် (၅) လွှာ ပညာရှင်ဖြစ်ရာ သူ၏ ခွန်အားမှာ အတိုင်းအဆမဲ့ ကြီးမားလှသော်လည်း၊ ယခုအခါ အခင်းအကျင်း၏ စွမ်းအားမှာ သူ၏ ကန့်သတ်ချက်ကို မျက်တောင်တစ်ခတ်အတွင်း ချိုးဖျက်ပစ်လိုက်တော့၏။

“အခင်းအကျင်းရဲ့ စွမ်းအားက ထပ်တိုးလာပြန်ပြီ... ဒါ... ဒါက ထျန်းကျီဘုံ အဆင့် (၆) လွှာ ရဲ့ စွမ်းအားပဲ”

ထျန်းဟယ်မှာ ကြောက်စိတ်ကြောင့် သွေးပျက်နေပြီး မျက်နှာတစ်ခုလုံး လူသေကဲ့သို့ ဖြူလျော့သွားတော့၏။

အဘိုးကြီးသည် သူ၏ အစွမ်းကုန် ခွန်အားကို ထုတ်ဖော်လိုက်သလို မှော်ရတနာ တစ်ခုကိုပါ ထုတ်သုံး၍ အခင်းအကျင်း၏ စွမ်းအားကို အသည်းအသန် နှိမ်နင်း ရန် ကြိုးစားသည်။

သို့ဖြစ်သော်ငြားလည်း အခင်းအကျင်း၏ စွမ်းအားမှာ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုပမာ ပြင်းထန်လွန်းလှရာ အဘိုးကြီး၏ အားထုတ်မှုမှာ သဲထဲရေသွန် ဖြစ်သွားရ၏။

“ဒုက္ခပဲ”

အဘိုးကြီးမှာ အစွန်းရောက်အောင် ထိတ်လန့်သွားပြီး အခင်းအကျင်းကို ဖျက်ဆီးရန် လက်လျှော့ကာ ကပျာကယာ နောက်ဆုတ်လိုက်လေတော့သည်။

“ဝုန်း...”

“ဝီ... ဝီ...”

အခင်းအကျင်း၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဖျက်ဆီးခြင်း စွမ်းအင်များက ဂယက်ထသွားတော့သည်။ လေဟာနယ် အလွှာများမှာလည်း စုတ်ပြဲပျက်စီးကုန်ပြီး ပြင်းထန်လှသော လေအဟုန်ကြီးမှာ ရူးသွပ်စွာ တရကြမ်းတိုက်ခတ် နေတော့၏။

အဘိုးကြီးနှင့် ထျန်းဟယ်တို့မှာ အချိန်မီ နောက်ဆုတ်နိုင်ခဲ့သော်လည်း ထိုပြင်းထန်လှသော စွမ်းအင်လှိုင်းများကြောင့် လေထဲတွင် (၁၀၀၀) ပေမက လွင့်ထွက်သွားကြရသည်။

“ဟီးဟီး... ကိုယ့်အရည်အချင်းကိုယ် အထင်ကြီးနေကြတဲ့ ကြွက်စုတ်တွေ”

“ဒီလောက် ပညာလေးနဲ့ ငါတို့ နန်းတော်သခင်ရဲ့ အခင်းအကျင်းကို လာဖျက်ချင်နေတာလား... အိမ်ပြန်ပြီး.. (၂) နှစ်လောက် ထပ်ကျင့်ဦးဟေ့”

“ဒါက ထျန်းကျီဘုံ အဆင့် (၅) လွှာ ရဲ့ စွမ်းရည်လား... အညတရလေးတွေပါလား”

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များမှာ အားရပါးရ ဟားတိုက်ပြက်ရယ်ပြုနေကြတော့၏။

ဟန်ခွန်းသည်လည်း အံ့ဩမှင်သက်စွာဖြင့်...

'နန်းတော်သခင်ရဲ့ အခင်းအကျင်းပညာက တကယ့်ကို ပြိုင်ဘက်ကင်းပဲ... ဘယ်လို ဆရာသမားမျိုးကများ ဒီလောက် ပါရမီထူးခြားတဲ့ လူငယ်တစ်ယောက်ကို မွေးထုတ်ပေးခဲ့တာလဲ' ဟု ကြိတ်၍ ကောက်ချက်ချနေမိသည်။

ကောင်းကင်ယံထက်၌ အဘိုးကြီးနှင့် ထျန်းဟယ်တို့မှာ အတော်လေး ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ အကယ်၍သာ အချိန်မီ မဆုတ်ခွာနိုင်ခဲ့ပါက သူတို့နှစ်ဦးမှာ အသေအချာ ဒဏ်ရာပြင်းထန်သွားပေလိမ့်မည်။

“ဒီကောင်လေးက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ အခင်းအကျင်းကို တည်ဆောက်နိုင်ရတာလဲ”

အဘိုးကြီးမှာ မယုံကြည်နိုင်မှုများနှင့်အတူ ကြောက်ရွံ့မှုများပါ ရောယှက်နေတော့သည်။ သူ၏ အစွမ်းကုန် နည်းလမ်းများ သုံးခဲ့သော်လည်း အခင်းအကျင်းကို အပ်ဖျားခန့်မျှပင် မတုန်လှုပ်စေနိုင်ခဲ့ချေ။

“ဒါက အစပဲ ရှိသေးတယ်ဗျ”

ဖုန်းဝူချန်က အေးစက်စွာ ဟားတိုက်လိုက်ပြီး လက်ကွက်များကို ထပ်မံ ပြောင်းလဲလိုက်ပြန်သည်။

“ဝှစ်... ဝှစ်...”

“ဝီ... ဝီ...”

ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် အခင်းအကျင်းအတွင်းမှ ရွှေရောင်အလင်းတန်း (၂) ခု ထွက်ပေါ်လာ၏။ ၎င်းတို့မှာ ထျန်းကျီဘုံ အဆင့် (၆) လွှာ ပညာရှင် တစ်ဦး၏ တိုက်ခိုက်မှုပမာ အဟုန်ပြင်းလှပြီး ထိုသူနှစ်ဦးထံသို့ လျှပ်စီးပမာ ပြေးဝင်သွားလေတော့သည်။

“ရှောင်လိုက်စမ်း”

ထျန်းဟယ်က အသံကုန် အော်ဟစ်လိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ ပြန်လည်ခုခံရန် မရဲကြတော့ချေ။

“ဘယ်နှစ်ခါအထိ ရှောင်နိုင်မလဲ ကြည့်ကြတာပေါ့”

ဖုန်းဝူချန်၏ လက်များက တရစပ် လှုပ်ရှားနေပြီး အခင်းအကျင်းအတွင်းမှ ရွှေရောင်အလင်းတန်းပေါင်း (၁၀၀၀) ကျော်မှာ တဝီဝီ မြည်ဟိန်းသံပေး၍ တရကြမ်း ပစ်လွှတ်နေတော့၏။ စွမ်းအားများမှာ ကုန်ခမ်းသွားမည့်ပုံ မပေါ်ချေ။

ထျန်းဟယ်နှင့် အဘိုးကြီးတို့မှာ ကိုယ်ဖော့ပညာကို အစွမ်းကုန်သုံး၍ သည်းကြီးမည်းကြီး ရှောင်တိမ်းနေကြရသည်။ တစ်ချက်မျှ ထိမှန်သွားသည်နှင့် နောက်ထပ် အလင်းတန်းများစွာက သူတို့နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာမည် ဖြစ်ရာ၊ မသေလျှင်ပင် ဒဏ်ရာပြင်းထန်သွားမည်မှာ ယုံမှားဖွယ်မရှိ ပေ။

“ဝုန်း...”

ထိုသူနှစ်ဦး ရှောင်တိမ်းရန် အလုပ်ရှုပ်နေစဉ်မှာပင် ဖုန်းဝူချန်သည် 'ရှေးဦး ဝူမီးတောက်' ကို ထုတ်ဖော်လိုက်တော့၏။ အရိုးထဲထိစိမ့်သွားအောင် ကြောက်မက်ဖွယ် ကောင်းလှသော အအေးဓာတ်ကြီးမှာ ရူးသွပ်စွာ ပျံ့နှံ့သွားတော့သည်။

“ဒါက နန်းတော်သခင် ပြောတဲ့ ဝူမီးတောက်လား... ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ”

“အမည်းရောင် မီးတောက်တွေပါလား... ဒါ ဝူမီးတောက် သေချာတယ်”

နန်းတော်စစ်သည်များမှာ ထိုအမည်းရောင် မီးတောက်ကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ် သွားကြကာ အအေးဒဏ်ကြောင့် ကပျာကယာ နောက်ဆုတ်လိုက်ကြရ၏။

ဖုန်းဝူချန်၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ဝူမီးတောက်မှာ အမည်းရောင် လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားကာ အခင်းအကျင်းကို ထိုးဖောက်၍ ထျန်းဟယ်တို့ဆီသို့ ပျံသန်းသွားတော့သည်။ ၎င်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ လေဟာနယ်များမှာ မျက်စိရှေ့တင် ရေခဲပြင်ကြီးများအဖြစ် အေးခဲသွားတော့သည်။

“ဂလု...”

နဂါးနတ်ဘုရား နန်းတော်မှ လူများမှာ ကြောက်လန့်တကြား တံတွေးမျိုချနေမိကြ၏။

“ဒါက ဘာကြီးလဲ”

ထျန်းဟယ်နှင့် အဘိုးကြီးတို့မှာ ထိတ်လန့်မှုနှင့်အတူ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ အရိုးကွဲမတတ် အေးစက်လှသော အအေးဒဏ်က သူတို့ကို သွေးပျက်သွားစေတော့၏။

“ဝူမီးတောက်ရဲ့ အရသာကို အဝသုံးဆောင်လိုက်စမ်းပါဦး”

ဖုန်းဝူချန်က ရက်စက်မည့်ဟန် ရှိသော အပြုံးဖြင့် ဆိုလိုက်ပြီး၊ လက်ညှိုးကို ညွှန်လိုက်ရာ အမည်းရောင် မီးတောက်များသည် ထိုသူနှစ်ဦး၏ ပတ်ပတ်လည်ကို ပိတ်ဆို့လိုက်တော့သည်။ ဧရာမ အမည်းရောင် မီးလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး၊ သူတို့နှစ်ဦးကို အရှင်လတ်လတ် ဝါးမြိုပစ်လိုက်လေတော့၏။

အခန်း (၆၆၅) - မီးတောက်များ ငြိမ်းသတ်ခြင်း

~“ဒါက တကယ်ပဲ မီးတောက်လား"

“ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ"

အမည်းရောင် မီးလုံးကြီးအတွင်း၌ အကျဉ်းကျနေသော ထျန်းဟယ်နှင့် အဘိုးအိုတို့ အသေအလဲ ရုန်းကန်နေကြရ၏။ စစ်မှန်သော မူလစွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်ကာ အအေးဒဏ်ကို ခုခံနေကြရသည်။ သူတို့၏ ရင်တွင်း၌ မတင်မကျဖြစ်မှုနှင့်အတူ စိုးရိမ်ထိတ်လန့်မှုများက တရဟော တိုးဝင်လာနေတော့သည်။

“သူတို့တွေ မီးလုံးထဲမှာ အပိတ်ခံလိုက်ရပြီဟေ့...”

နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး မှင်သက်အံ့ဩသွားကြတော့သည်။

ဤကဲ့သို့သော အမည်းရောင် မီးတောက်မျိုးကို သူတို့တစ်သက် တစ်ခါမျှ မမြင်ဖူးခဲ့ကြသည် မဟုတ်ပါလော။

“ဒီလောက် ကြောက်စရာကောင်းတဲ့ အအေးဓာတ်ဆိုရင် နန်းတော်သခင်က သူတို့ကို အရှင်လတ်လတ် ခဲသွားအောင် လုပ်တော့မလို့လား မသိဘူးနော်...”

“ဝူမီးတောက်က မီးတောက်ပဲဗျာ... ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အေးစက်နေရတာလဲ...”

“နန်းတော်သခင်က သူတို့ကို အရှင်လတ်လတ် မီးရှို့သတ်တော့မှာ…

လူအုပ်ကြီးသည် ထိတ်လန့်တကြား တီးတိုး ဝေဖန်နေကြ၏။ သူတို့၏ မျက်လုံးများက အမည်းရောင် မီးလုံးကြီးဆီမှ အပ်ဖျားစာမျှ ခွာမသွားကြတော့။

ဖုန်းဝူချန် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ အခင်းအကျင်းက ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။ လျှပ်တစ်ပြက်အတွင်း သူတို့ရှေ့သို့ ရောက်ရှိသွားသည်။

ဝူမီးတောက်အတွင်း ပိတ်မိနေသည့် ထျန်းဟယ်နှင့် အဘိုးအိုတို့ကို ကြည့်ကာ ဖုန်းဝူချန်၏ မျက်နှာထက်၌ ကြောက်ရွံ့မှု အရိပ်အယောင် အလျဉ်းမရှိ။

“ဘယ်လိုလဲ... ဒီအအေးဓာတ်ကို သဘောကျရဲ့လား…”

ဖုန်းဝူချန်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်ရင်း ခနဲ့တဲ့တဲ့ မေးလိုက်သည်။

ဖုန်းဝူချန်၏ အသံကို ကြားလိုက်ရသည်နှင့် ထျန်းဟယ် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့၏။

“ဖုန်းဝူချန်... ဒါက ဘာကြီးလဲ... မင်း ဘာတွေ လုပ်နေတာလဲ...”

ထျန်းဟယ်နှင့် အဘိုးအိုတို့သည် အမှောင်ထုထဲ၌ ပိတ်မိနေသောကြောင့် ဝူမီးတောက်၏ ပုံသဏ္ဍာန်ကို မမြင်ရသလို၊ ဤအရာက တကယ်ပဲ မီးတောက်လား ဆိုသည်ကို သေချာ မဝေခွဲနိုင်ကြ။ အအေးဓာတ်များကလည်း အရိုးထဲအထိ စိမ့်ဝင်နေသဖြင့် သူတို့ ပို၍ ဇဝေဇဝါ ဖြစ်နေကြရသည်။

ဖုန်းဝူချန် အေးစက်စက် ဟားတိုက်လိုက်ပြီးနောက်…

“မကြာခင် ခင်ဗျားတို့ သိရမှာပါဗျာ...”

“ထျန်းဟယ်... မြန်မြန် ထွက်နိုင်အောင် လုပ်စမ်း... တစ်ခုခု လုပ်ဦး...”

အဘိုးအိုက အသည်းအသန် အော်ဟစ်နေတော့သည်။ သူသည် အန္တရာယ်၏ အရှိန်အဝါကို ခံစားနေရသဖြင့် အမြန်ဆုံး ထွက်ပြေးချင်နေတော့၏။

“ဟွန်း... ခင်ဗျားတို့ ထွက်လို့ ရမရဆိုတာက ကျုပ်အပေါ်မှာပဲ မူတည်တယ်...”

ဖုန်းဝူချန် အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ တစ်ဆက်တည်း လက်ကွက်များကို ထပ်မံ ပြောင်းလဲလိုက်ပြန်၏။

ထိုအခိုက်အတန့်မှာပင် ဝူမီးတောက်ဆီမှ ထွက်ပေါ်နေသော အေးစက်စက် အရှိန်အဝါများက နေရာတင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုအရာ၏ အစား ကြောက်မက်ဖွယ် ကောင်းလှသည့် ပူလောင်မှုကြီးက ရုတ်ချည်း အစားထိုး ဝင်ရောက်လာတော့၏။

“ဒါ... ဒါက မီးတောက်ပဲ။”

ထျန်းဟယ်ဟာ မျက်နှာ ကွက်ခနဲ ပျက်သွားကာ သွေးဆုတ်ဖြူရော်သွားတော့၏။‌

စောစောက အေးစက်နေသည့် အရာက အခုတော့ အသားတွေကို လောင်ကျွမ်းတော့မမတတ် ပူလောင်လာတာကို သူ လုံးဝ မယုံကြည်နိုင် ဖြစ်နေရသည်။

“ဒါ ဘယ်လို မီးမျိုးလဲ"

အဘိုးကြီးမှာလည်း သွေးပျက်နေတော့၏။ ဒီလောက် ကြောက်စရာကောင်းသော အပူချိန်မျိုးကို သူ တစ်ခါမှ မကြုံဖူးခဲ့ချေ။

“ထျန်းဟယ်။ ခင်ဗျားက ကျုပ်ကို ခဏခဏ လာနှောင့်ယှက်ခဲ့တယ်နော်။ ကျုပ်ကို ဖမ်းပြီး ပြန်ခေါ်သွားချင်နေတာ မဟုတ်လား။ ခင်ဗျားကို သတ်ပစ်ဖို့ ကျုပ် ဘယ်လောက်တောင် စောင့်နေခဲ့ရလဲဆိုတာ ခင်ဗျား သိရဲ့လား။” ဖုန်းဝူချန်ရဲ့ လေသံကတော့ သွေးအေးလွန်းလှသည်။

“မီးတောက်တွေက ပိုပြီး ပူလာပြီ။”

ထျန်းဟယ်ဟာ အစွန်းရောက်အောင် ထိတ်လန့်နေတော့၏။ သူ၏ ထျန်းကျီဘုံ အဆင့် (၅) လွှာ စွမ်းအားတွေကို အစွမ်းကုန် ထုတ်ဖော်ထားပေမယ့်လည်း ထိုမီးတောက်ရဲ့ အပူချိန်ကို မခုခံနိုင်တော့ချေ။

“ငါတို့ရဲ့ ခွန်အားတွေ ဝါးမြိုခံနေရပြီ။” အဘိုးကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ဒါ ဘာမီးလဲ။ ထျန်းကျီဘုံ အဆင့် (၅) လွှာရဲ့ စွမ်းအားကိုတောင် ဝါးမြိုနိုင်တယ် ဟုတ်လား"

ဝူမီးတောက်၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ဝါးမြိုခြင်း စွမ်းအားဟာ ထျန်းဟယ်တို့ ခွန်အားထုတ်လိုက်တာနှင့် တစ်ပြိုင်နက် စတင် ဝါးမြိုတော့သည်ပင်။ သူတို့ တိုက်ခိုက်ဖို့ ပြင်ရုံရှိသေး စွမ်းအားတွေက ကုန်ခမ်းလုနီးပါး ဖြစ်သွားရတော့၏။

သူတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ၊ ဝူမီးတောက်၏ ဝါးမြိုခြင်း အဟုန်ကိုတော့ မယှဉ်နိုင်ကြချေ။

“မဖြစ်နိုင်ဘူး။ အစွမ်းအထက်ဆုံး ဆိုတဲ့ ကျူးမေ စစ်မှန်သော မီးတောက် တောင်မှ ငါတို့ရဲ့ စွမ်းအားကို မဝါးမြိုနိုင်ဘူးလေ။ ဒီအမည်းရောင် မီးတောက်က အဲဒါထက် ပိုကြောက်စရာ ကောင်းနေတာလား"

ထျန်းဟယ်ဟာ သေခြင်းတရားရဲ့ အရှိန်အဝါကို ခံစားလိုက်ရတာမို့ လုံးဝ သွေးပျက်နေတော့သည်။

“ကျူးမေ စစ်မှန်သော မီးတောက် ဟုတ်လား။ အဲဒါက ဘာမို့လို့လဲ။ အဆင့် (၉) သားရဲရဲ့ မီးတောက်ကတောင် အဲဒါထက် အများကြီး ပိုစွမ်းသေးတယ်ကွ။” ဖုန်းဝူချန်က မထီမဲ့မြင် ပြန်လည် ချေပလိုက်သည်။

“ဖုန်းဝူချန်။ အခုချက်ချင်း ရပ်လိုက်စမ်း။” ခဏအတွင်းမှာတင် ထျန်းဟယ်ဟာ ဆက်ပြီး တောင့်မခံနိုင်တော့ဘဲ ကြောက်လန့်တကြား တောင်းပန်တိုးလျှိုးနေတော့၏။

“ထျန်းဟယ်။ ဒီနေ့က ခင်ဗျား သေရမယ့် နေ့ပဲ။” ဖုန်းဝူချန်ကတော့ သနားညှာတာမှု ကင်းမဲ့စွာပဲ တုံ့ပြန်လိုက်သည်။

(၂) မိနစ်တောင် မပြည့်ခင်မှာတင် ထျန်းဟယ်နှင့် အဘိုးကြီး၏ စွမ်းအားတွေဟာ ဝူမီးတောက်၏ ဝါးမြိုခြင်းကို လုံးဝ ခံလိုက်ရတော့၏။ သူတို့မှာ ပြန်လည် ခုခံနိုင်စွမ်း မရှိတော့ချေ။

ခွန်အားတွေ ကုန်ခမ်းသွားတာနှင့် အမည်းရောင် မီးတောက်တွေက သူတို့၏ ခန္ဓာကိုယ်ပေါ်ကို ဒလဟော ပျံ့နှံ့သွားပြီး အရှင်လတ်လတ် လောင်ကျွမ်းစေတော့သည်။

“အား...”

အမည်းရောင် မီးလုံးကြီးအတွင်းမှ စူးရှလှသော အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။ ထိုအသံများမှာ နားဆင်ရသည်မှာ တကယ့်ကို ရင်နာဖွယ်ရာ ကောင်းလှသည်။

“ဂလု...”

သေခါနီး ဝက်တစ်ကောင်ပမာ အော်ဟစ်နေသည့် အသံများကို နားထောင်ရင်း နဂါးနတ်ဘုရား နန်းတော်မှ လူများ၏ မျက်နှာများမှာ ဖြူလျော့ကုန်ကြတော့၏။ သူတို့ဆီတွင်လည်း ချွေးအေးများ ပြန်လာကြသည်။

ဝူမီးတောက်၏ ကြောက်မက်ဖွယ် ကောင်းမှုက သူတို့၏ စိတ်ကူးထက် အများကြီး သာလွန်နေတော့၏။ ထျန်းဟယ်နှင့် အဘိုးအို ဆိုသည်မှာ ထျန်းကျီဘုံ ပဉ္စမအဆင့် ပညာရှင်များ မဟုတ်ပါလော။

နယ်မြေတစ်ခု၏ အရှင်သခင်များဟုပင် ခေါ်ဆို၍ရသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့သော်ငြား ဤသို့သော ပုဂ္ဂိုလ်ကြီးများပင်လျှင် ဝူမီးတောက်ရှေ့၌ ဘာမှ မတတ်နိုင်ဘဲ အရှုံးပေးလိုက်ရတော့၏။

“ဖုန်းဝူချန်... မင်း ငါ့ကို သတ်ရဲရင်တော့ နန်းတော်သခင်လေးက မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးကွ...”

ထျန်းဟယ်မှာ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ကြိမ်းမောင်းနေဆဲ ဖြစ်သည်။

“လိန်ဟွန်း ဟုတ်လား... သူ အခု ရောက်လာရင်တောင် ခင်ဗျားကို ကယ်နိုင်မှာ မဟုတ်ဘူးဗျ... ဘာလို့လဲဆိုတော့ အချိန်နှောင်းသွားပြီမို့လို့ပဲ...”

ဖုန်းဝူချန် အေးစက်စွာ ဟားတိုက်လိုက်၏။ သူသည် ထျန်းဟယ်၏ ခြိမ်းခြောက်မှုကို အပ်ဖျားစာမျှပင် ဂရုမစိုက်။

ဤလူများ နဂါးနတ်ဘုရား နန်းတော်ကို ခဏခဏ လာရောက် နှောင့်ယှက်နေသည်ကို ဖုန်းဝူချန် ဒီအတိုင်း လွှတ်ထားမည်ဆိုလျှင် သူသည် ဖုန်းဝူချန် မဟုတ်တော့ပါ။

ဖုန်းဝူချန်၏ စကားများက ထျန်းဟယ်ကို လုံးဝ စိတ်ဓာတ်ကျသွားစေတော့သည်။ ဖုန်းဝူချန် သူ့ကို သတ်ရန် ဆုံးဖြတ်ပြီးသား ဆိုသည်ကို သူ ကောင်းစွာ သိလိုက်ရပြီ မဟုတ်ပါလော။

ယခုအချိန်၌ ထျန်းဟယ် နောင်တရနေမိပြီ ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော်သို့ လာခဲ့မိခြင်းနှင့် ဖုန်းဝူချန်ကို သွားရောက် ဆွမိခြင်းများအတွက် သူ တကယ်ကို နောင်တရနေတော့သည်။ သို့သော်ငြား အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်၏။

“ကောင်စုတ်လေး... အခုချက်ချင်း ရပ်လိုက်စမ်း...”

အဘိုးအိုကလည်း မျှော်လင့်ချက် အနည်းငယ်ဖြင့် အသည်းအသန် အော်ဟစ်လိုက်ပြန်သည်။

“အဲဒီ မျှော်လင့်ချက်ကို အခုချက်ချင်း ဖျက်ပစ်လိုက်စမ်းပါ...”

ဖုန်းဝူချန်မှာကား ရက်စက်မြဲ ရက်စက်နေဆဲ ဖြစ်သည်။

ထိုသို့ ပြောဆိုရင်း ဖုန်းဝူချန် လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။

အမည်းရောင် မီးလုံးကြီးက ကွဲအက်သွားတော့၏။ ထိုအခါ ထျန်းဟယ်နှင့် အဘိုးအို၏ ပုံသဏ္ဍာန်က လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။

ကြောက်မက်ဖွယ် ကောင်းလှသော အမည်းရောင် မီးတောက်များက သူတို့၏ ကိုယ်ပေါ်တွင် ဟုန်းဟုန်းတောက်နေပြီး ချွေးပေါက်များထဲမှတစ်ဆင့် အသားထဲအထိ ထိုးဖောက် လောင်ကျွမ်းနေတော့သည်။

“အား...”

ထျန်းဟယ်သည် အစွန်းရောက်လှသော ဝေဒနာကြောင့် အော်ဟစ်နေရ၏။

ဒါက သေရသည်ထက်ပင် ပို၍ ဆိုးဝါးသော ခံစားချက်မျိုး ဖြစ်မည်မှာ သေချာလှသည်။

“ဖုန်းဝူချန်... ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါကွာ... မင်း ခိုင်းတာမှန်သမျှ ငါ အကုန်လုပ်ပါ့မယ်...”

နောက်ဆုံး၌ ထျန်းဟယ်သည် မျှော်လင့်ချက်မဲ့စွာဖြင့် အသက်ချမ်းသာပေးရန် ငိုယိုကာ တောင်းပန်လာတော့သည်။

“ခင်ဗျားက အကုန်လုပ်မယ်ဆိုမှတော့... သေပေးဖို့ ပြောရင်လည်း ရမှာပေါ့...”

ဖုန်းဝူချန်က နှုတ်ခမ်းမဲ့ကာ အေးစက်စွာ ပြောလိုက်၏။

“ဂလု...”

ထိုသူနှစ်ဦး ဝေဒနာ ခံစားနေရသည်ကို ကြည့်ပြီး နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး တံတွေးများကို အဆက်မပြတ် မျိုချနေကြရသည်။ သူတို့၏ မျက်နှာများထက်တွင် အကြောက်တရားများက အထင်းသား ပေါ်လွင်နေတော့၏။

ထျန်းကျီဘုံ ပဉ္စမအဆင့် ပညာရှင်များပင် တောင့်မခံနိုင်သည့် မီးတောက် ဆိုတော့ ဤသည်မှာ ရှေးဦး ကမ္ဘာဦးခေတ်၏ စွမ်းအားပင် မဟုတ်ပါလော။

အမှန်တကယ်တော့ ဖုန်းဝူချန် ဝူမီးတောက်ကို သန့်စင်လိုက်သောကြောင့် စွမ်းအားများ အများကြီး လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ထျန်းကျီဘုံ ဆိုသည်မှာ ထားလိုက်ဦး၊ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များပင်လျှင် မျက်တောင်တစ်ခတ်အတွင်း ပြာကျသွားနိုင်ခြေ ရှိသည်။

ခဏအကြာတွင် အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့၏။ ထိုသူနှစ်ဦးစလုံး ဘာမှ မတတ်နိုင်လိုက်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားကြရတော့သည်။

ဖုန်းဝူချန် လက်တစ်ချက် ဝှေ့ယမ်းကာ ဝူမီးတောက်ကို ရုပ်သိမ်းလိုက်သည်။ ထိုနေရာ၌ ပြာများသာ ကျန်ရစ်ခဲ့တော့၏။

“ဝူမီးတောက်ရဲ့ စွမ်းအားက အရင်ထက်စာရင် လျော့သွားတယ် ဆိုတာတောင်မှ ထျန်းကျီဘုံ ပဉ္စမအဆင့် ပညာရှင်တွေကို သတ်ဖို့ကတော့ အေးဆေးပဲ... နောက်ပိုင်းကျရင်တော့ ဒါထက် ပိုပြီး စွမ်းလာဦးမှာပဲ...”

ဖုန်းဝူချန် ခပ်ပြုံးပြုံးဖြင့် တိုးတိုးလေး ချီးကျူးလိုက်၏။

ဝူမီးတောက်၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောကြောင့် သူကိုယ်တိုင်ပင် စိတ်လှုပ်ရှားနေမိခြင်း ဖြစ်သည်။

“ရှေးဦး ဝူမီးတောက်က တကယ်ကို ကြောက်စရာကြီးဗျာ... နန်းတော်သခင်က ကောင်းကင်ဘုံလူသား အဆင့် (၈) အထွတ်အထိပ်ပဲ ရှိသေးတာကို သူတို့ကို အရှင်လတ်လတ် မီးရှို့သတ်နိုင်တယ် ဟုတ်လား...”

“ထျန်းကျီဘုံ ပညာရှင်တွေကို အရှင်လတ်လတ် မီးရှို့သတ်တယ်ဆိုတာ ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်သလဲကွာ...”

“ဒီလို မီးတောက်ရှိနေရင်တော့ နောက်ပိုင်း ထျန်းကျီဘုံ ပညာရှင်တွေနဲ့ တွေ့ရင်တောင် နန်းတော်သခင်အတွက်တော့ ဘာမှ မဟုတ်တော့ဘူးပေါ့ကွ...”

စစ်သည်တော်များ ထိတ်လန့်တုန်လှုပ်နေရင်းမှပင် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြတော့၏။

ဖုန်းဝူချန် အောက်သို့ ဆင်းသက်လာပြီးနောက် စစ်သည်တော်များကလည်း စိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုကြသည်။

“နန်းတော်ကို သေသေချာချာ စောင့်ကြပ်ထားကြနော်... ငါ အခုပဲ လျိုမိသားစုဆီကို သွားရမယ်...”

ဖုန်းဝူချန် အသည်းအသန် ပြောလိုက်ပြီး နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း ရှိရာသို့ ဒရောသောပါး ပြေးသွားတော့၏။

မျက်တောင်တစ်ခတ်အတွင်းမှာတင် ဖုန်းဝူချန်က အခင်းအကျင်းထဲမှ ပျောက်ကွယ်သွားတော့သည်။ နန်းတော်က လူတွေကတော့ ကြောင်အပြီး ကျန်ရစ်ခဲ့ရ၏။

နတ်ဘုရား ဘုရင် နန်းတော်က အစွမ်းထက် ပညာရှင် (၂) ယောက်ကို သတ်လိုက်တာက နန်းတော်သခင် အတွက်တော့ ဘာမှ မဟုတ်သလိုပါပဲလား။

နန်းတော်သခင်က နတ်ဘုရား ဘုရင် နန်းတော်ကို တကယ်ပဲ မကြောက်ဘူးလား။

အခန်း (၆၆၆) - မင်္ဂလာ ဧည့်ခံပွဲ

~ယန်ဟော် အင်ပါယာ ၏ ကောင်းကင်စံအိမ်။

ဖုန်းဝူချန် သည် နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း မှတစ်ဆင့် ထွက်ပေါ်လာ၏။ ကောင်းကင်စံအိမ် တစ်ခုလုံးမှာ လူသူကင်းမဲ့လျက် တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုအခြေအနေကို ကြည့်ရုံမျှဖြင့် အားလုံး လျိုမိသားစု သို့ သွားရောက်နေကြပြီ ဖြစ်ကြောင်းကို သူ အလွယ်တကူ ခန့်မှန်းမိလိုက်သည်။

“နန်းတော်သခင်... ပြန်ရောက်လာတာ တကယ့်ကို ကောင်းတာပဲ... လျိုချင်းယန် တို့ အားလုံးက နန်းတော်သခင် ကို မျှော်နေကြတာဗျ”

ဖုန်းဝူချန် ကို မြင်သည်နှင့် စောင့်ကြပ်နေသော အစောင့်တစ်ဦးက ဝမ်းသာအားရ ပြေးလာကာ ပြောလိုက်သည်။

“သွားကြစို့... လျိုမိသားစု မှာ ဘယ်လောက်တောင် စည်ကားနေလဲဆိုတာ သွားကြည့်ရအောင်”

အစောင့်၏ ဝမ်းသာနေသော မျက်နှာကို ကြည့်ပြီး ဖုန်းဝူချန် က ခပ်ပြုံးပြုံး နှင့် ဆိုလိုက်၏။ ထို့နောက် သူသည် ထိုအစောင့်ကို ဖမ်းဆွဲလိုက်ပြီး မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင် နေရာတင် ပျောက်ကွယ်သွားတော့သည်။

လွမ်ထျန်းမြို့၊ လျိုမိသားစု စံအိမ်တော်တွင်မူ ဆူညံပွက်လောရိုက်ကာ အလွန်တရာ စည်ကားသိုက်မြိုက်နေ၏။ အခန်းများအတွင်း၌ ဂုဏ်သရေရှိ ဧည့်သည်တော်များဖြင့် ပြည့်နှက်နေပြီး ရယ်သံ၊ စကားပြောသံများဖြင့် လွှမ်းခြုံနေတော့သည်။

လျိုမိသားစု မှ လျိုမေအာ ၏ မင်္ဂလာပွဲ ဖြစ်သဖြင့် လျိုမိသားစု သည် မင်္ဂလာ ဧည့်ခံပွဲကို (၃) ရက်တိုင်တိုင် ကျင်းပနေခြင်း ဖြစ်သည်။

လွမ်ထျန်းမြို့ နှင့် အနီးအနားရှိ မြို့များမှ ရင်းနှီးကျွမ်းဝင်သော ဂုဏ်သရေရှိ လူကြီးမင်းများကိုသာ ဖိတ်ကြားထားပြီး၊ အလွန် ဝေးကွာသော အင်အားကြီး အဖွဲ့အစည်းများကိုမူ ဖိတ်ကြားထားခြင်း မရှိချေ။

လွမ်ထျန်းမြို့ အတွင်းမှ မြို့စားကြီး အပါအဝင် အင်အားကြီး မိသားစုများမှ ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံး စုံလင်စွာ ရောက်ရှိနေကြတော့၏။

အင်ပါယာ အတွင်းရှိ လျိုမိသားစု ၏ အဆင့်အတန်းမှာ ယခုအခါ ကြီးမြတ်သော မိသားစုကြီး တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်သည်။ အခြားသော ထိပ်တန်း မိသားစုကြီးများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်ကျနေသေးသော်ငြားလည်း၊ ယခုလက်ရှိ လျိုမိသားစု ကို တော်ဝင်မိသားစု ကိုယ်တိုင်ပင်လျှင် အလွယ်တကူ မစော်ကားရဲကြောင်းကို လူအများအပြား ကောင်းစွာ သိရှိထားကြ၏။

အကယ်၍ လျိုမိသားစု သာ မိမိတို့၏ အရှိန်အဝါကို ထုတ်ဖော်ပြသလိုပါက၊ လျိုမိသားစု ၏ သားအကြီးဆုံး လျိုချင်းယန် သည် အင်ပါယာ ၏ စစ်သူကြီးချုပ် ဖြစ်သူ ဖုန်းဝူချန် ၏ အချစ်ဆုံး မိတ်ဆွေ ဖြစ်ကြောင်းကို ယွင်ကျိုး တစ်ခုလုံး သိရှိသွားမည်မှာ ယုံမှားဖွယ်မရှိ ပေ။

ထို့အပြင် လျိုချင်းယန် ၏ ကြောက်မက်ဖွယ် ကောင်းလှသော ကျင့်ကြံခြင်း အဆင့်ကို သိရှိသူများအတွက်မူ၊ အင်ပါယာ တစ်ခုလုံးတွင် သူ့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသူ ဒုတိယမြောက် လူတစ်ယောက်ပင် ရှိမည်မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားကြသည်။

သို့သော် လျိုချင်းယန် သည် အိမ်သို့ ပြန်လာလေ့ သိပ်မရှိသဖြင့် အခြားသူများ၏ အမြင်တွင် သူသည် ဘာမှ အလုပ်မလုပ်ဘဲ ပြဿနာသာ ရှာတတ်သော သခင်လေး တစ်ယောက်အဖြစ်သာ သတ်မှတ်ခံထားရဆဲ ဖြစ်ပေ၏။

လျိုမိသားစု စံအိမ်တော်၌ မိသားစု ခေါင်းဆောင်နှင့် အကြီးအကဲများသည် ဧည့်သည်တော်များကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆို ဧည့်ခံနေကြသည်။

“လျိုမိသားစုခေါင်းဆောင်... ဂုဏ်ယူပါတယ်ဗျာ... အကြီးအကဲကြီး တွေကိုလည်း ဂုဏ်ယူပါတယ်... လျိုမေအာ က သူ့ရဲ့ ဖူးစာရှင် အစစ်ကို တွေ့သွားပြီလို့ ကြားရပါတယ်”

“ဟုတ်ပါ့... ဟုတ်ပါ့ဗျာ... ကျုပ် ကြားရသလောက်တော့ မြို့တော် က နာမည်ကြီး ကျန်းမိသားစု က ဆိုပဲ... သူတို့က တော်ဝင်မိသားစု က အရေးကြီးတဲ့ အမတ်ကြီးတွေနဲ့တောင် ရင်းနှီးတယ်လို့ ကြားတယ်ဗျ”

“ကျန်းမိသားစု တဲ့လား... အံ့မခန်းပဲ... လျိုမိသားစုခေါင်းဆောင်... တကယ်ကို ဂုဏ်ယူပါတယ်ဗျာ”

ဖိတ်ကြားခံရသော မိသားစု ခေါင်းဆောင်များနှင့် အင်အားကြီး အဖွဲ့အစည်းများမှ ထိပ်ပိုင်း ခေါင်းဆောင်များသည် တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကာ ယဉ်ကျေးပျူငှာစွာဖြင့် ဂုဏ်ပြုစကားများ ဆိုနေကြ၏။ တစ်ချိန်တည်းမှာပင် သူတို့၏ အသံများတွင် မနာလို အားကျမှုများလည်း အထင်းသား ပါဝင်နေသည်။

မြို့တော် မှ ကျန်းမိသားစု သည် အလွန်တရာ ကြီးမားသော နောက်ခံ အင်အားကို ပိုင်ဆိုင်ထားပေ၏။ ပိုင်မိသားစု လောက် အင်အားမကြီးသော်ငြားလည်း နီမိသားစု နှင့်မူ ပခုံးချင်း ယှဉ်နိုင်လောက်အောင် အစွမ်းထက်လှသည်။

လျိုမိသားစု နှင့် နှိုင်းယှဉ်ပါက ကျန်းမိသားစု ၏ အင်အားမှာ အဆပေါင်းများစွာ သာလွန်နေပြီး၊ ဤအိမ်ထောင်ရေးမှာ လျိုမိသားစု အနေဖြင့် အထက်တန်းစား မိသားစုနှင့် ဆွေမျိုးစပ်ခွင့် ရရှိလိုက်ခြင်းပင် ဖြစ်၏။

ကျန်းမိသားစု ဖြစ်နေခြင်းကြောင့်ပင် လျိုမိသားစုခေါင်းဆောင်နှင့် အခြားသူများမှာ အလွန်တရာ ဝမ်းသာပီတိ ဖြစ်နေကြခြင်းပါ။ အနည်းဆုံးတော့ လျိုမိသားစု အတွက် ဂုဏ်ငယ်စရာ မရှိတော့ပေ။

“ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်ဗျာ”

လျိုမိသားစုခေါင်းဆောင်နှင့် အကြီးအကဲများက ယဉ်ကျေးစွာဖြင့် ပြန်လည် နှုတ်ခွန်းဆက်သနေကြသည်။

လျိုချင်းယန် နှင့် လိန်မူချန် တို့သည် လင်ရှောင်ရှောင်၊ မြောင်ချင်းချင်း တို့နှင့်အတူ ဧည့်သည်များကို ကူညီ ဧည့်ခံပေးနေကြ၏။

“ညီလေးလျို... မင်း အဖေက သိတဲ့လူ တော်တော် များတာပဲနော်”

ထိုသို့၊ ဧည့်ခံရင်း ကူညီပေးနေသော တုန်ကျန့်ထျန်း က ခပ်ဟဟ ရယ်ကာ ပြောလိုက်သည်။

ထိုအခါ၊ လျိုချင်းယန် က ပခုံးကို အသာအယာ တွန့်လိုက်ပြီး...

“လွမ်ထျန်းမြို့ က မိသားစုတွေရယ်... အနီးအနားက အင်အားစု တချို့ရယ်ပါပဲဗျာ... ပြီးတော့ အစ်ကိုကြီးလိန် ရဲ့ အဖေနဲ့ သူတို့ဘက်က လူတွေလည်း ပါသေးတယ်”

“လျိုချင်းယန်... ကျန်းမိသားစု က မင်းတို့ လျိုမိသားစု ထက် အများကြီး ပိုပြီး အစွမ်းထက်တာလား... မင်း အဖေနဲ့ အကြီးအကဲတွေက အရမ်းကို ဝမ်းသာနေကြတဲ့ ပုံပဲ”

ကျန်းကျွင့်လန် က ခပ်တိုးတိုး လှမ်းမေးလိုက်၏။

သူ့စကားအား လျိုချင်းယန် က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီး...

“ကျန်းမိသားစု က ကုန်သွယ်ရေး လုပ်ငန်းလုပ်လာတာ နှစ်ပေါင်း ရာချီနေပြီလေ... ကျွန်တော်တို့ လျိုမိသားစု ထက် ပိုချမ်းသာတာကတော့ ပြောစရာတောင် မလိုပါဘူး... သူတို့က ကျွန်တော်တို့ထက် ပိုအစွမ်းထက်တာကလည်း သဘာဝကျပါတယ်ဗျာ... ဒါပေမဲ့ ကျွန်တော် အစ်ကိုဖုန်း နောက်ကို လိုက်သွားကတည်းက အိမ်ကို သိပ်မပြန်ဖြစ်တော့ဘူး... ကျွန်တော့်ရဲ့ အခု ကျင့်ကြံခြင်း အဆင့်ကို သူတို့ မသိကြဘူးလေ... ဦးလေးလိန် နဲ့ ကျွန်တော့် မိသားစုဝင် တချို့လောက်ပဲ သိတာ... သူတို့ မျက်လုံးထဲမှာတော့ ကျွန်တော်က ပြဿနာရှာတတ်တဲ့ သခင်လေး တစ်ယောက်ပဲ ရှိသေးတာပါ”

“ညီလေးလျို... မင်းရဲ့ အခု ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် ယန်ဟော် အင်ပါယာ တစ်ခုလုံးကိုတောင် လွှမ်းမိုးထားနိုင်လောက်ပြီပဲ”

တုန်ကျန့်ထျန်း က တဟားဟား ရယ်ကာ ဆိုလိုက်၏။

လျိုချင်းယန် က နှုတ်ခမ်းကို တွန့်လိုက်ပြီး “စိတ်မဝင်စားပါဘူးဗျာ” ဟု တုံ့ပြန်လိုက်သည်။

“နင်တို့တွေ... မြန်မြန် လာကူကြစမ်းပါ... ဧည့်သည်တွေ ဘယ်လောက်တောင် များနေလဲ မမြင်ဘူးလား”

ထိုအခိုက်အတန့်၌ လင်ရှောင်ရှောင် ၏ ဆူပူကြိမ်းမောင်းသံ ထွက်ပေါ်လာပြီး၊ သူမ၏ စူးရှသော အကြည့်များက သူတို့ဆီသို့ စိုက်ကျလာတော့၏။

ထိုအသံကို ကြားသည်နှင့် ကျန်းကျွင့်လန် တို့ အားလုံးမှာ လန့်ဖျတ်သွားကြပြီး ဧည့်သည်များကို ကူညီ ဧည့်ခံရန် ကပျာကယာ လူစုခွဲလိုက်ကြလေတော့သည်။ မည်သူကမျှ လင်ရှောင်ရှောင် ကို သွားရောက် မစော်ကားရဲကြချေ။

ကိုးထပ် ချန်ခွင်း မျှော်စင် ၏ ပဉ္စမအလွှာ တွင် (၁) လကျော်ကြာ ကျင့်ကြံပြီးနောက်၊ လင်ရှောင်ရှောင် ၏ ကျင့်ကြံခြင်း အဆင့်မှာ ကောင်းကင်ဘုံလူသား အဆင့် ဆဋ္ဌမအလွှာ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော် တွင် ဖုန်းဝူချန်၊ ယဲ့ထျန်းဝေ နှင့် ဟန်ခွန်း တို့မှလွဲလျှင် သူမသည် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပင် ဖြစ်၏။

သို့သော် လျိုမိသားစု ၏ မင်္ဂလာပွဲ နေ့ရက်ကြီးတွင်တော့ လင်ရှောင်ရှောင် သည် ဒေါသထွက်ခြင်း မရှိဘဲ ဧည့်သည်များကို လစ်ဟင်းမှု မရှိစေရန် စနစ်တကျ ကူညီပေးနေသည်။

လျိုမိသားစု နှင့် ဧည့်သည်တော်များ အားလုံး ဟားတိုက် စကားပြောဆိုနေကြစဉ်မှာပင်၊ ကျန်းမိသားစု မှ စေလွှတ်လိုက်သော သူများ လျိုမိသားစု စံအိမ်တော် ၏ ဝင်ပေါက်ရှေ့သို့ ရောက်ရှိလာကြတော့၏။

“ခေါင်းဆောင်... ကျန်းမိသားစု က လူတွေ ရောက်လာပါပြီ ခင်ဗျာ”

အစောင့်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာကာ သတင်းပို့လိုက်၏။

“မြန်မြန်... သူတို့ကို အထဲဝင်ဖို့ ဖိတ်လိုက်... မြန်မြန် ဖိတ်လိုက်”

လျိုမိသားစုခေါင်းဆောင် က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး၊ အကြီးအကဲများနှင့်အတူ ဝင်ပေါက်ဆီသို့ အပြေးအလွှား သွားရောက် ကြိုဆိုလေတော့သည်။

ကျန်းမိသားစု မှ စေလွှတ်လိုက်သော သူများ ဖြစ်ရာ အနည်းငယ်မျှပင် ပေါ့ဆ၍ မရနိုင်ချေ။

“ကျန်းမိသားစု က အခုမှ လူလွှတ်တာလား... ကျန်းမိသားစု ရဲ့ သခင်လေး က အရမ်းကို စိတ်လောနေပြီ ထင်တယ်နော်”

တုန်ကျန့်ထျန်း က သဘောတကျ ရာ်ကာ ပြောလိုက်၏။

“သူတို့က ငါတို့ကို အခုချက်ချင်း ကျန်းမိသားစု ဆီကို ဖိတ်ခေါ်ဖို့ လာတာများလား မသိဘူး”

လိန်မူချန် ကလည်း ပျော်ရွှင်သော အပြုံးဖြင့် ဝင်ရောက် မှတ်ချက်ချလိုက်သည်။

ဘေးတွင် ရပ်နေသော ကောချန်ခုံး ကမူ မနာလို အားကျစွာဖြင့်...

“မေအာ ကို လက်ထပ်ခွင့် ရတဲ့ကောင်ကိုတော့ ငါ တကယ်ပဲ မနာလိုဖြစ်မိတယ်ကွာ” ဟု ရေရွတ်လိုက်၏။

“မေအာ... ငါတို့လည်း သွားကြည့်ရအောင်”

မြောင်ချင်းချင်း က ပြုံးကာ ပြောလိုက်ပြီး လျိုမေအာ ၏ နုနယ်သော လက်လေးကို ဆုပ်ကိုင်ကာ အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ လျိုချင်းယန် တို့ အဖွဲ့လည်း သူတို့၏ နောက်မှ လိုက်ပါသွားကြတော့၏။

အခြားသော မိသားစု ခေါင်းဆောင်များနှင့် အင်အားကြီး အဖွဲ့အစည်းများမှ ထိပ်ပိုင်း ခေါင်းဆောင်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် နောက်မှ လိုက်ပါသွားကြသည်။ အင်ပါယာ အတွင်းရှိ ကျန်းမိသားစု ၏ မြင့်မားသော အဆင့်အတန်းကြောင့် မည်သူကမျှ သူတို့ကို မထီမဲ့မြင် မလုပ်ရဲကြချေ။

လျိုမိသားစု ၏ ခြံဝင်းအတွင်း၌ အစောင့်များက ကျန်းမိသားစု မှ လာသော သူများကို ဦးဆောင် ခေါ်ယူလာခဲ့ကြတော့၏။

ရောက်လာသူမှာ ကျန်းမိသားစု ၏ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦး မဟုတ်ဘဲ၊ ကျန်းမိသားစု ၏ အစောင့်တပ်မှူး ဖြစ်သူ ကျန်းယွီ ပင် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ယွမ်ဒန်ဘုံ ဆဋ္ဌမအလွှာ တွင် ရှိ၏။

လျိုမိသားစုခေါင်းဆောင် သည် ကိုယ်တိုင်ကိုယ်ကျ ရှေ့သို့ တက်သွားကာ ယဉ်ကျေးပျူငှာစွာဖြင့် နှုတ်ခွန်းဆက်သလိုက်သည်။

“တပ်မှူးကျန်း... ကြိုဆိုပါတယ်... ကြိုဆိုပါတယ်... အထဲကို ကြွပါဦး ခင်ဗျာ”

ကျန်းမိသားစု ၏ ထိပ်ပိုင်း ခေါင်းဆောင် မဟုတ်လျှင်တောင်မှ လျိုမိသားစု အနေဖြင့် အလွန်တရာ ယဉ်ကျေးစွာ ဆက်ဆံရမည်သာ ဖြစ်ပေ၏။

မင်္ဂလာ ဧည့်ခံပွဲ ကျင်းပရသည်မှာ အသေးအဖွဲ ကိစ္စ မဟုတ်ရာ၊ ကျန်းမိသားစု ၏ ထိပ်ပိုင်း ခေါင်းဆောင်များလည်း အလုပ်ရှုပ်နေမည် ဖြစ်ကြောင်းကို လျိုမိသားစုခေါင်းဆောင် တို့အနေဖြင့် ကောင်းစွာ နားလည် သဘောပေါက်ထားကြသည်။

“လျိုမိသားစုခေါင်းဆောင်... အဲဒီလောက်လည်း အားနာနေစရာ မလိုပါဘူးဗျာ... ကျုပ်က ခေါင်းဆောင် ရဲ့ စကားကို လာပါးရုံသက်သက်ပါပဲ”

ကျန်းယွီ က ဖြည်းညင်းစွာ စတင် စကားဆိုလိုက်၏။

“စကား လာပါးတယ် ဟုတ်လား”

လူအုပ်ကြီးမှာ အနည်းငယ် သိချင်စိတ် ပြင်းပြသွားကြသည်။

“တပ်မှူးကျန်း... ဘာစကားများလဲ ဆိုတာ ပြောပါဦး”

လျိုမိသားစုခေါင်းဆောင် က ယဉ်ကျေးစွာ ပြုံးကာ မေးလိုက်၏။

ကျန်းယွီ သည် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် အနည်းငယ် အခက်တွေ့နေသော ဟန်ဖြင့် စကားစလိုက်သည်။

“လျိုမိသားစုခေါင်းဆောင်... မနက်ဖြန်ကျရင် ကျန်းမိသားစု က သတို့သမီး လာကြိုမှာ မဟုတ်ပါဘူး... ပြီးတော့ ကျန်းမိသားစု ဘက်ကလည်း ဧည့်ခံပွဲ ဘာမှ မစီစဉ်ထားပါဘူး... ဒါကြောင့် မနက်ဖြန်ကျရင် ခေါင်းဆောင် တို့ဘက်ကပဲ မေအာ ကို မြို့တော် က ကျန်းမိသားစု ဆီကို ခေါ်လာခဲ့ပေးပါ... အဲဒါက ကျုပ်တို့ ခေါင်းဆောင် ရဲ့ သဘောဆန္ဒပါပဲ”

ထိုစကားကို ကြားလိုက်ရသောအခါ လျိုမိသားစုခေါင်းဆောင် ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် တောင့်တင်း သွားတော့၏။

သတို့သမီး လာမကြိုဘူး ဟုတ်လား... ဧည့်ခံပွဲ မလုပ်ဘူး ဟုတ်လား... ဒါက ဘယ်လို အဓိပ္ပာယ်လဲ။

သတို့သမီး လာမကြိုသလို ဧည့်ခံပွဲလည်း မလုပ်ဘူးဆိုရင် ဒါကို မင်္ဂလာပွဲ လို့ ခေါ်လို့ ရပါဦးမလား။

“အဓိပ္ပာယ် မရှိ... သတို့သမီး မကြိုတဲ့ မင်္ဂလာပွဲ ဆိုတာ ဘယ်မှာ ရှိလို့လဲ”

“သတို့သမီးလည်း မကြိုဘူး၊ ဧည့်ခံပွဲလည်း မလုပ်ဘူး ဆိုတော့ ကျန်းမိသားစု က ဘာကို ဆိုလိုချင်နေတာလဲ... ကျန်းမိသားစု ရဲ့ သခင်လေး က ဒီလို မိန်းမမျိုးကို ယူရတာ သူတို့ မိသားစု အတွက် အရှက်ကွဲတယ်လို့များ ထင်နေတာလား”

“ကျန်းမိသားစု မှာ ပြဿနာ တစ်ခုခုများ ဖြစ်နေလို့လား... မင်္ဂလာပွဲ ဆိုတာ အသေးအဖွဲ ကိစ္စမှ မဟုတ်တာ... သတို့သမီး မကြိုဘဲနဲ့ ဘယ်လိုလုပ် အသရေ ရှိနိုင်တော့မှာလဲ”

ကျန်းယွီ ၏ စကားကြောင့် လျိုမိသားစု ရှိ ဧည့်သည်တော်များ အကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ လောကတွင် အဓိပ္ပာယ် အမဲ့ဆုံး စကားတစ်ခွန်းကို ကြားလိုက်ရသည့်အလား ဖြစ်နေကြတော့သည်။

'ငါ ထင်တဲ့အတိုင်းပဲ...'

ကျန်းယွီ ၏ စကားကြောင့် လျိုမေအာ မှာ အစွန်းရောက်အောင်ပင် ကြေကွဲ သွားရှာရသည်။

ထိုစကားကို ကြားပြီးနောက် လျိုချင်းယန် နှင့် သူ၏ အဖွဲ့မှာလည်း လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြ၏။

ဒါဟာ မင်္ဂလာပွဲကို ကလေးကလား ဟာသတစ်ခုအဖြစ် သဘောထားနေခြင်းပင် မဟုတ်ပါလော။

“ဒါက တကယ့်ကို အဓိပ္ပာယ် မရှိတာပဲ... ငါတို့ လျိုမိသားစု ကို ဗြောင်ကျကျ စော်ကားလိုက်တာပဲ”

လျိုချင်းယန် မှာ ဒေါသအမျက် ခြောင်းခြောင်းထွက် လာကာ ပေါက်ကွဲတော့မည့် ဆဲဆဲတွင် လျိုမိသားစုခေါင်းဆောင် က သူ့ကို ကပျာကယာ ဟန့်တားလိုက်သည်။

“တပ်မှူးကျန်း... ခင်ဗျားတို့ ခေါင်းဆောင် က ဘာဖြစ်လို့များ ဒီလို ဆုံးဖြတ်လိုက်ရတာလဲ ဆိုတာ ကျုပ် သိခွင့်ရှိမလား... အိမ်ထောင်ရေး ဆိုတဲ့ အရေးကြီးတဲ့ ကိစ္စမျိုးကို ဒီလို ဟာသတစ်ခုလို သဘောထားလို့ ဘယ်ဖြစ်မလဲ”

လျိုမိသားစုခေါင်းဆောင် မျက်မှောင် တွန့်ချိုးကာ မေးလိုက်၏။

သူ၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။

All Chapters