အခန်း (၁၁၈၉-၁၁၉၁)
Vol. 80 Ch. 1189-1191
အခန်း (၁၁၈၉) - အံ့မခန်း တိုက်ကွက်နှင့် နတ်ဘုရားအာရုံ သတင်းပို့ခြင်း
နတ်ဘုရားအာရုံ သန့်စင်ခံလိုက်ရပြီးနောက်တွင် ဆွေ့မန်သည် ရွှယ်အန်း၏ စကားများအပေါ် မည်သည့်သံသယမျှ မရှိတော့ဘဲ လုံးဝ ကျိုးနွံနာခံသွားခဲ့လေသည်။ သို့သော် ဤအတောအတွင်း သူမ၏ လျှို့ဝှက်ချက်များကို ယုရန် သိရှိသွားခဲ့ပြီဟု တွေးလိုက်မိသောအခါ သူမ၏ ရင်ထဲတွင် လေးလံသွားတော့သည်။ တစ်ချိန်တည်းမှာပင် ယုရန်က ခေါင်းငုံ့ကာ သက်ပြင်းဖျော့ဖျော့ ချလိုက်လေသည်။
"ငါ... မင်းကို အထင်သေးမိသွားတာပဲ"
ထိုသို့ပြောပြီးနောက် သူက ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။
"ဟုတ်တယ်... ငါက ကောင်းကင်အရှင်သခင်ရဲ့ လူပဲ"
ထိုစကားနှင့်အတူ ယုရန်၏ အသွင်အပြင်တစ်ခုလုံးမှာ တစ်ခဏချင်း ပြောင်းလဲသွားခဲ့လေသည်။ အကယ်၍ ယခင် ယုရန်က လမ်းဘေးရှိ သာမန် ကျောက်တုံးတစ်တုံးနှင့် တူနေခဲ့လျှင် ယခုမူ အပြင်လွှာကို ခွာချလိုက်ပြီး အတွင်းမှ တောက်ပသော ကျောက်စိမ်းတုံးကို ထုတ်ပြလိုက်သည့်အလားပင်ထင်ရသည် သူ၏ အရှိန်အဝါက အိမ်ထဲမှ ဆွဲထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ စူးရှလွန်းလှရာ ဘေးမှကြည့်နေသူများကို အသက်ရှူမှားသွားစေသည်။
ဤအရှိန်အဝါကပင် ယုရန်၏ စွမ်းအားမှာ ဆွေ့မန်ထက်ပင် သာလွန်ကြောင်း သက်သေပြနေလေသည်။ ချီယုကဲ့သို့သော နတ်စစ်သူကြီးများဆိုလျှင် သူ့ကို ရင်ဆိုင်ရန်ပင် မထိုက်တန်ချေ။
"ငါ တကယ် သိချင်လို့ပါ၊ မင်း ငါ့ကို ဘယ်လိုများ ရိပ်မိသွားတာလဲ ငါ့ရဲ့ ဖုံးကွယ်ထားမှုက တစ်နေရာရာမှာ ဟာကွက် ရှိသွားလို့လား"
ယုရန်က အေးတိအေးစက် မေးလိုက်သည်။ ရွှယ်အန်းက ပြုံးယောင်သန်းလျက် ပြန်ပြောလိုက်သည်။
"ငါ ခုနကတင် ပြောခဲ့သလိုပဲ... မင်းရဲ့ ရုပ်ဖျက်ထားမှုက တကယ်ကို ကောင်းပါတယ်၊ မဟုတ်ရင် နတ်ဘုရားအာရုံပိုင်းမှာ ဆရာကျတဲ့ ဆွေ့မန်ကိုတောင် နှစ်ရာပေါင်းများစွာ လှည့်စားထားနိုင်မှာ မဟုတ်ဘူးလေ၊ ကံမကောင်းတာက... မင်း ဘယ်လောက်ပဲ ပရိယာယ်ကြွယ်ပါစေ၊ ငါ့ရှေ့မှာတော့ အားလုံးက ဟာသတစ်ခုလိုပါပဲ"
ထိုသို့ပြောကာ ရွှယ်အန်းက စကားကို ခေတ္တရပ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် တောက်ပသော နတ်ဘုရားအလင်းတန်းများ လက်ကနဲ ဖြတ်ပြေးသွားသည်။
"ဘာလို့လဲဆိုတော့ ငါ့မျက်စိရှေ့မှာတော့... ထင်ယောင်ထင်မှား ဖြစ်စရာတွေ အားလုံးက ပူဖောင်းလေးတွေသာသာပဲမလို့လေ"
ယုရန်က အေးစက်စွာ ရယ်မောလိုက်သည်။
"မင်းက တကယ်ကို အစွမ်းထက်တာပဲ၊ ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် မင်း သူမရဲ့ နတ်ဘုရားအာရုံကို သန့်စင်လိုက်ပြီ မဟုတ်လား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"မှန်တယ်"
"ဟွန့်"
ယုရန်က နှာမှုတ်လိုက်ပြီး ဆွေ့မန်ဘက်သို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။
"ဒုတိယသခင်မ... ဒီရာစုနှစ်တွေတစ်လျှောက် ကျွန်တော့်အပေါ် ယုံကြည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကောင်းကင်အရှင်သခင်ကိုတော့ မဆန့်ကျင်သင့်ဘူး အရင်တုန်းက အရှင်သခင်အပေါ် ခင်ဗျား ညည်းညူခဲ့တာတွေကို ကျွန်တော် လျစ်လျူရှုပေးခဲ့ဖူးပေမဲ့... ဒီတစ်ကြိမ်မှာတော့ ခင်ဗျား လွတ်လမ်းမရှိတော့ဘူး"
ဆွေ့မန်၏ မျက်နှာမှာ ဒေါသကြောင့် ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်။
"ခွေးကောင်... သွားသေလိုက်စမ်း!"
ဆွေ့မန်၏ နတ်ဘုရားအာရုံများက ရှေ့သို့ လှိုင်းလုံးကြီးအလား တိုးဝင်သွားလေသည်။ သို့သော် ယုရန်က နှာမှုတ်လိုက်ရုံမျှဖြင့် သူ၏ ခန္ဓာကိုယ်မှ ပိုမိုအားကောင်းသော နတ်အာရုံများ ပေါက်ကွဲထွက်လာကာ သူမ၏ တိုက်ကွက်ကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ဆွေ့မန်မှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။ ယုရန်မှာမူ အနည်းငယ်မျှသာ ယိမ်းယိုင်သွားခဲ့ရာ စွမ်းအား ကွာဟချက်မှာ အထင်းသား ပေါ်လွင်နေခဲ့သည်။ ဆွေ့မန်၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်သွားပြီး ရွှယ်အန်းထံသို့ အားကိုးတကြီး ကြည့်လိုက်မိသည်။
"သခင်..."
ဤခေါ်ဝေါ်ပုံကို ကြားရသော်လည်း လူအုပ်ကြီးမှာ အလွန်အမင်း အံ့အားသင့်ခြင်း မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆို သူတို့ ထိတ်လန့်လွန်း၍ ထုံထိုင်းသွားလုနီးပါး ဖြစ်နေသောကြောင့်ပင်။ ပုံမှန်အားဖြင့် အေးဆေးလှသော အိမ်တော်ထိန်း ယုရန်သည် လျှို့ဝှက်သူလျှို ဖြစ်နေပြီး၊ အစွမ်းထက်လှသော ဒုတိယသခင်မကမူ ဤလူငယ်၏ အစေခံ ဖြစ်သွားခဲ့လေသည်။ ဤဖြစ်ရပ်များကြောင့် လူတိုင်း၏ ရင်ထဲတွင် ချမ်းစိမ့်သွားကြကာ တစ်ခုခုတော့ အကြီးအကျယ် ဖြစ်တော့မည်ဟု ကြိုတင် ခံစားနေရသည်။ ရွှယ်အန်းက ယုရန်ကို လှောင်ပြုံးဖြင့် ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"အစွမ်းထက်တဲ့ နတ်ဘုရားအာရုံကို သုံးပြီး ဆွေ့မန်အပေါ် သစ္စာရှိတဲ့ ဒုတိယ ကိုယ်ပွား တစ်ခုကို ဖန်တီးထားတာကိုး မင်းရဲ့ ပင်မ ကိုယ်အစစ်က ငုပ်လျှိုးနေခဲ့တာဆိုတော့ ဆွေ့မန်တောင် မရိပ်မိတာ မထူးဆန်းပါဘူး၊ ငါပြောတာ မှန်တယ်မလား"
ယုရန်က နှာခေါင်းရှုံ့လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့၊ ကောင်းကင်အရှင်သခင်ကို ဆန့်ကျင်ရဲမှတော့... လာပြီး မင်းရဲ့ ကံကြမ္မာကို ရင်ဆိုင်လိုက်စမ်း"
ယုရန်၏ ပတ်လည်တွင် နတ်အာရုံဖြင့် ဖွဲ့စည်းထားသော အလင်းဓားသွားများ ပေါ်ထွက်လာပြီးနောက် ရွှယ်အန်းထံသို့ ဝေ့ဝဲနေသော နှင်းပွင့်များအလား တိုက်ခိုက်လာလေသည်။ သို့သော် ထိုဓားအလင်းတန်းများမှာ ရွှယ်အန်းထံသို့ ရောက်ရှိလာသောအခါ ပူပြင်းသော နေရောင်အောက်ရှိ နှင်းများအလား လျင်မြန်စွာ အရည်ပျော်ပျောက်ကွယ်သွားလေသည်။
ယုရန် အံ့ဩသွားသော်လည်း အားလျှော့ခြင်းမရှိဘဲ သူ၏ မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ချိပ်စည်းတစ်ခု လက်ကနဲ ဖြစ်သွားပြီးနောက် ကြီးမားလှသော စွမ်းအားများဖြင့် ကောင်းကင်ယံမှ ချိပ်စည်းတစ်ခု ရွှယ်အန်းထံသို့ ဖိချလာလေသည်။ ထိုအရှိန်အဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် လမ်းတစ်ဝက်မှာတင် မြေပြင်မှာ ဟိန်းထွက်နေပြီး ကြီးမားသော ကျင်းကြီးတစ်ခုအဖြစ် ချိုင့်ဝင်သွားလေသည်။
ယုရန်၏ မျက်နှာမှာ ဖြူရော်သွားကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဤတိုက်ကွက်ကို ဖော်ဆောင်ရန် သူ၏ ကျင့်ကြံမှုအားလုံးကို ရေကုန်ရေခန်း ထုတ်သုံးလိုက်ရခြင်း ဖြစ်သည်။ ဤချိပ်စည်း၏ ဖိသိပ်မှုကြောင့် လေဟာနယ်မှာပင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ဤမျှ စွမ်းအားမျိုးဖြင့်ဆိုလျှင် ရွှေခန္ဓာ ပိုင်င်ဆိုင်ထားသည့် ကျင့်ကြံသူပင် ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။ သို့သော်လည်း ရွှယ်အန်းက ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။
"စိတ်ဝင်စားစရာပဲ"
ထို့နောက် သူက လက်ကို မြှောက်လိုက်ပြီး ပြိုကျလာသော ကောင်းကင်ကြီးကို ဖမ်းဆုပ်လိုက်သည့်အလား ထိုကြောက်မက်ဖွယ် တိုက်ကွက်ကြီးကို ပင့်ကိုင်လိုက်လေသည်။
ဘုန်း!
ရွှယ်အန်း၏ လက်ဝါးနှင့် ချိပ်စည်း ထိတွေ့သွားချိန်တွင် တိုက်ခိုက်မှု အရှိန်ကြောင့် သူ၏ ဆံပင်များ လွင့်ဝဲသွားသော်လည်း ထိုမျှသာ ဖြစ်သည်။ သူသည် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ချေ။ သို့သော် စွမ်းအားအကုန် ထုတ်သုံးထားသော ယုရန်မှာမူ စွမ်းအားများ ပြန်ကန်ထွက်လာမှုကြောင့် သွေးများအန်ကာ လွင့်ထွက်သွားတော့သည်။
၎င်းသည် ဟန်ချက်ကို သီသီလေး ပြန်ထိန်းလိုက်နိုင်သော်လည်း မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာတော့သည်။ ဤတိုက်ကွက်မှာ လီဟန် အရှင်သခင်ထံမှ အစစ်အမှန် သိုင်းကွက်တစ်ခု ဖြစ်ပြီး မဟာအင်မော်တယ်အဆင့်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသော်လည်း ဤလူငယ်က လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ရွှယ်အန်းက ပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
"မဆိုးတဲ့ တိုက်ကွက်ပဲ၊ ဒါပေမဲ့ မင်းရဲ့ စွမ်းအားက အားနည်းလွန်းတော့ ဒါကို အပြည့်အဝ အသုံးချဖို့ မဖြစ်နိုင်ဘူး"
ထိုသို့ပြောကာ ရွှယ်အန်းသည် ချိပ်စည်းကို ဖမ်းဆုပ်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဘုန်း!
မိုးကြိုးပစ်ချလိုက်သည့်အလား ကျယ်လောင်သော အသံကြီးနှင့်အတူ မြေပြင်ကြီးမှာ တုန်ခါသွားကာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခု ပေါ်လာလေသည်။ ရွှယ်အန်းက တွင်းကြီးဘေးတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး ယုရန်ကို ကြည့်လိုက်သည်။
"တခြား တိုက်ကွက်တွေ ကျန်သေးလာ၊ ရှိတာ အကုန်ထုတ်သုံးစမ်းပါ... ငါ အကုန်ခံပေးမယ်"
ယုရန်မှာ တုန်ယင်နေလျက် သူ၏ရှေ့ရှိ တွင်းနက်ကြီးကို ကြည့်ကာ ခေါင်းခါလိုက်သည်။
"မင်း တကယ်ကို အစွမ်းထက်တာပဲ၊ ငါက မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
သို့သော် သူက ခေါင်းမော့လာပြီး လှောင်ပြောင်သော မျက်ဝန်းများဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။
"ငါ့ကို သတ်ချင်သတ်၊ မင်းသဘောပဲ ဘယ်လိုပဲဖြစ်ဖြစ် မင်းလည်း သိပ်ကြာကြာ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါက ဒီအခြေအနေတွေကို ကောင်းကင်အရှင်သခင်ဆီ နတ်ဘုရားအာရုံ သတင်းပို့ခြင်းနဲ့ ပို့လိုက်ပြီမလို့ပဲ၊ ကောင်းကင်အရှင်သခင်က မင်းတို့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး... ဟားဟားဟား!"
ယုရန်က မာနထောင်လွှားစွာ ရယ်မောလိုက်လေတော့သည်။ ဆွေ့မန်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားသည်။ အရှင်သခင်သာ ကြိုတင် သိသွားမည်ဆိုပါက သူအတို့၏ အစီအစဉ်များ အားလုံး ပျက်စီးသွားရတော့မည် မဟုတ်ပါလား။
သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းကလည်း ပြုံးလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်ကာ လက်ဝါးပေါ်တွင် သေးငယ်သည့် နတ်အာရုံ သတင်းပို့ တံဆိပ်ပြားလေး တစ်ခု ပေါ်လာလေသည်။
"မင်း ပြောနေတာ... ဒါလေးကိုလား”
အခန်း (၁၁၉၀) - မှတ်ဉာဏ်ကို ဖျက်ဆီးခြင်းနှင့် နေရာတစ်ခုလုံးကို သန့်စင်ပစ်ခြင်း
ယုရန်၏ ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် ရွှယ်အန်း၏ လက်ထဲရှိ နတ်အာရုံ တံဆိပ်ပြားကို တစ္ဆေသရဲ မြင်လိုက်ရသည့်အလား ပြူးကျယ်စွာ စိုက်ကြည့်နေမိသည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း ဒါကို ဘယ်ကနေ ရလာတာလဲ"
ယုရန်မှာ မိမိမျက်စိကိုပင် မိမိ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ တံဆိပ်ပြားပေါ်တွင် သူ၏ ကိုယ်ပိုင် နတ်အာရုံ အမှတ်အသားသာ မပါဝင်နေပါက ရွှယ်အန်းက အတုလုပ်ထားသည်ဟုပင် သူ ထင်မိမည်မှာ သေချာလှသည်။
ရွှယ်အန်းက ခပ်အေးအေးပင် ရယ်မောလိုက်ကာ လက်သီးကို ဆုပ်လိုက်ပြီး နတ်အာရုံ တံဆိပ်ပြားကို အမှုန့်ဖြစ်အောင် ချေမွပစ်လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဆောရီးပဲကွာ... ငါ ဒီထဲကို ဝင်လာကတည်းက ပတ်ဝန်းကျင်က ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံးကို အပြည့်အဝ ပိတ်လှောင်ထားပြီးသား၊ ဘယ် နတ်ဘုရားအာရုံ၊ ဘယ် လျှို့ဝှက်သိုင်းကွက်ကမှ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး၊ မင်းရဲ့ တံဆိပ်ပြားလည်း အတူတူပဲ"
ယုရန်၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်လာပြီးနောက် သူက မယုံကြည်နိုင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။
"ငါ မယုံဘူး၊ လီဟန် အရှင်သခင် ကိုယ်တိုင်ကလွဲရင် ဘယ်သူကမှ ကောင်းကင်နဲ့ မြေကြီးကို ပိတ်လှောင်နိုင်စွမ်း မရှိဘူး"
"အဲဒီလိုလား၊ ဒါပေမဲ့ ငါကတော့ ပိတ်လှောင်ပြီးသွားပြီလေ၊ မင်း ဘာလုပ်ချင်သေးလဲ၊ ငါ့ကို မယုံရင်လည်း စမ်းကြည့်လိုက်လေ"
ရွှယ်အန်းက အေးဆေးစွာပင် ဆိုလိုက်သည်။ ယုရန်က အံ့ကြိတ်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံအားလုံးကို အတင်းအကျပ် လှုံ့ဆော်ကာ မျက်စိတစ်မှိတ်အတွင်း တံဆိပ်ပြား ရာပေါင်းများစွာကို ရေးဆွဲလိုက်သည်။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ တံဆိပ်ပြားများက အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်ပျံသွားလေသည်။ ရွှယ်အန်းက ၎င်းတို့ကို မတားဆီးဘဲ ပြုံးစိစိဖြင့်သာ စောင့်ကြည့်နေခဲ့သည်။
ဤတံဆိပ်ပြားများ မိုင်အနည်းငယ်ခန့် အဝေးသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မမြင်ရသော အတားအဆီးတစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး တံဆိပ်ပြားများကို ဖုန်မှုန့်အဖြစ်သို့ ချေမွပစ်လိုက်လေသည်။ တံဆိပ်ပြား ရာပေါင်းများစွာ၏ ပေါက်ကွဲသံများက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။ မီးရောင်များက ယုရန်၏ မျက်နှာကို သေမင်းတမျှ ပြာနှမ်းသွားစေသည်။
"ကဲ... အခုရော ယုံပြီလား"
ရွှယ်အန်းက ရယ်မောကာ ပြောလိုက်သည်။ ယုရန် တစ်ကိုယ်လုံး တုန်ယင်သွားပြီးနောက် ရွှယ်အန်းအား ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်ကာ အရှုံးပေးသည့်အနေဖြင့် ခေါင်းငိုက်စိုက်ကျသွားပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"ငါ့ကို သတ်လိုက်ပါ၊ ငါ အရှုံးပေးတယ်"
"မင်းကို သတ်ရမယ် ဟုတ်လား"
ရွှယ်အန်းက ရယ်မောကာ ခေါင်းခါလိုက်သည်။
"ငါက မင်းကို သတ်မယ်လို့ ဘယ်သူက ပြောလဲ"
ယုရန်မှာ လန့်သွားပြီးနောက် ရှုပ်ထွေးနေသော မျက်နှာထားဖြင့် မော့ကြည့်လိုက်သည်။ မသတ်ဘူးတဲ့လား? သူ ဘာကို ဆိုလိုတာလဲ။ ရုတ်တရက် အသိတစ်ခုက ယုရန်၏ ခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ လက်ကနဲ ဖြစ်သွားသည်။
"မင်း... မင်း..."
ရွှယ်အန်းသည် ပုလဲရောင်ကဲ့သို့ ဖြူဖွေးသော သွားများကို ပေါ်အောင်ပြုံးလိုက်ပြီး ပြောလိုက်သည်။
"မင်း ခန့်မှန်းမိသွားပြီ ထင်တယ်၊ မှန်တယ်... ငါက မင်းရဲ့ နတ်ဘုရားအာရုံကို အတင်းအကြပ် သန့်စင်ပစ်မှာ ဘာလို့လဲဆိုတော့ မင်းသာ ရုတ်တရက် သေသွားခဲ့ရင် လီဟန် အရှင်သခင်က သံသယဝင်သွားမှာပေါ့"
ယုရန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားပြီးနောက် သူ၏ မျက်လုံးများထဲတွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာကာ မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ကျင့်ကြံမှုအဆင့်ကို လှုံ့ဆော်လိုက်သည်။ သို့သော် ရွှယ်အန်းက သူ့ကို ဤအခွင့်အရေးမျိုး မပေးခဲ့ပေ။
ရွှယ်အန်း၏ လက်တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ ပြင်းထန်သော နတ်အာရုံ လှိုင်းတံပိုးကြီးက ဝင်ရောက်လာပြီး ယုရန်ကို ဖုံးလွှမ်းသွားလေသည်။ ယုရန်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ချက်ချင်း အေးခဲသွားပြီး ကြွက်သားတစ်မျှင်ကိုပင် မလှုပ်ရှားနိုင်တော့ချေ။
ယုရန်မှာ ရွှယ်အန်း၏ နတ်အာရုံများ သူ၏ အသိစိတ်ပင်လယ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကိုသာ မျှော်လင့်ချက်မဲ့စွာ ရပ်ကြည့်နေနိုင်ခဲ့သည်။ ရွှယ်အန်းက ယုရန်ကို လေးစားမှု အနည်းငယ်ဖြင့် ကြည့်လိုက်သည်။ ၎င်းသည် လီဟန် အရှင်သခင်၏ လူတစ်ယောက် ဖြစ်နေသော်ငြား ယုရန်၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် လေးစားထိုက်ပေသည်။
သို့သော်လည်း ဤအရာက ရွှယ်အန်း၏ အစီအစဉ်ကို ပြောင်းလဲစေမည် မဟုတ်ပေ။ အချိန်အတန်ကြာပြီးနောက် ရွှယ်အန်း၏ နတ်အာရုံက ဒီရေအလား ပြန်လည် ဆုတ်ခွာသွားပြီး နေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်နေခဲ့သော ယုရန်ကို ချန်ထားရစ်ခဲ့လေသည်။
"ငါ့ကို မြင်တာတောင် မင်းက အရိုအသေ မပေးတော့ဘူးလား"
ယုရန်မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် အသိစိတ် ပြန်ဝင်လာကာ လေးနက်စွာ ဦးညွှတ်လိုက်သည်။
"သခင့်ကို ဂါရဝပြုပါတယ်"
ဤသည်ကို မြင်သောအခါ ခန်းမထဲရှိ လူအားလုံးမှာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြလေသည်။ ဤမျှ တိုတောင်းသော အချိန်လေးအတွင်းမှာပင် ဆွေ့မန်ရော ယုရန်ပါ နတ်အာရုံ သန့်စင်ခံလိုက်ရပြီး အစေခံများ ဖြစ်သွားခဲ့လေသည်။
ယန်မေရှုသည် ရွှယ်အန်း၏ ပုံရိပ်ကို ငေးမောကြည့်နေခဲ့သည်။ တစ်ချိန်က သူမသည် ဤလူငယ်ကို သာမန်လူတစ်ယောက်ဟု ထင်မှတ်ခဲ့ဖူးသည်။ သို့သော် ထိုအတွေးက မည်မျှ ရယ်စရာကောင်းခဲ့သလဲ ဆိုတာကို အခုမှသာ သူမ သဘောပေါက်သွားတော့သည်။ သူမ၏ အဆင့်အတန်းမျိုးဖြင့်ဆိုလျှင် သူ၏ အရိပ်ကိုပင် ထိတွေ့နိုင်စွမ်း ရှိမည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် ရှောင်ထျန်းကို ပြုစုနေသော ကျန်းရွှင်းနန်သည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ဝိုး... လူသားမျိုးနွယ်စုက တကယ့်ကို အစွမ်းထက်တဲ့သူပဲ၊ ရှောင်ထျန်း... နင် ဒီလူကို သိလား"
ရှောင်ထျန်းက တိုးညင်းသော အသံဖြင့် ပြန်ဖြေလိုက်သည်။
"ငါ သူ့ကို မသိဘူး"
"ဒါပေမဲ့ သူက နင့်ကို အရမ်း အလေးထားတဲ့ ပုံပဲ၊ ပြီးတော့ ခုနက သေသွားတဲ့ ချီယုပြောတာ သူက ဟွာမျိုးနွယ်စုကလို့ ပြောတာ ငါ ကြားလိုက်တယ်၊ အဲဒါ ဘာလဲဆိုတာ နင် သိလား"
"ဟွာမျိုးနွယ်စု..."
ရှောင်ထျန်းက ထိုစကားလုံးကို ရေရွတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် နာကျင်မှုအရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
"ငါ ရင်းနှီးနေသလိုပဲ၊ ဒါပေမဲ့ ငါ ဘာမှ မှတ်မိမသေးဘူး"
ဤအချိန်တွင် ရွှယ်အန်းက လူအားလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ၏ အကြည့်နှင့် ဆုံတွေ့သူတိုင်းက အလိုအလျောက်ပင် ခေါင်းငုံ့သွားကြလေသည်။
"အခုလေးတင် ဘာဖြစ်သွားလဲဆိုတာ မင်းတို့အားလုံး မြင်လိုက်ကြလား"
ရွှယ်အန်းက ပြုံးယောင်သန်းလျက် မေးလိုက်သည်။ လူတိုင်း၏ ရင်ထဲတွင် တင်းကျပ်သွားပြီးနောက် အသည်းအသန် ခေါင်းရမ်းကာ ငြင်းဆိုကြတော့သည်။
"မမြင်ပါဘူး... မမြင်ပါဘူး အရှင်၊ ကျွန်တော်တို့ ဘာမှ မမြင်လိုက်သလို၊ ဘာမှလည်း မကြားလိုက်ရပါဘူး"
ရွှယ်အန်းက မည်သည့်စကားမှ မဆိုဘဲ ပြုံးနေသော မျက်နှာထားဖြင့် သူတို့ကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ အချိန်အတန်ကြာပြီးမှ သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်းတို့ပြောတာကို ငါ ယုံမယ်လို့ ထင်နေကြတာလား"
လူအများအပြားမှာ နှလုံးခုန်ရပ်မတတ် ဖြစ်သွားကြလေသည်။ တစ်စုံတစ်ယောက်က ရဲဆေးတင်ကာ မေးလာသည်။
"ဒါဆို... အရှင်က ဘာကို ဆိုလိုချင်တာများလဲ"
ရွှယ်အန်းက သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။
"ကောင်းပြီလေ... မင်းတို့လို အရေးမပါတဲ့ အသက်တွေအတွက် ငါက လိုက်သတ်ပြီး အချိန်ကုန်မခံနိုင်ပါဘူး၊ မင်းတို့အတွက် ဒီမှတ်ဉာဏ်ကို ငါ ဖျက်ပေးမယ်"
ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ မြောက်မြားစွာသော နတ်ဘုရားအာရုံ အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ထိုနေရာရှိ လူအားလုံး၏ နဖူးများထဲသို့ လွင့်ပျံဝင်ရောက်သွားလေသည်။ ထိုလူများ၏ စိတ်ထဲရှိ ဤဖြစ်ရပ်နှင့် ပတ်သက်သော မှတ်ဉာဏ်များမှာ အတင်းအဓမ္မ ဖျက်ဆီးခံလိုက်ရတော့သည်။
နတ်အာရုံများ ရွှယ်အန်း၏ ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားသောအခါ လူအုပ်ကြီးမှာ အလွန်အမင်း ရှုပ်ထွေးနေသော အမူအရာများဖြင့် သူတို့ဘာသာ လူစုကွဲကာ ထွက်ခွာသွားကြလေတော့သည်။ အိမ်သို့ ပြန်ရောက်သည်နှင့် ဤမှတ်ဉာဏ်များ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူတို့သည် ယနေ့ မြို့စားအိမ်တော်သို့ ရောက်ခဲ့သည်ကိုပင် မှတ်မိတော့မည် မဟုတ်ချေ။
အခန်း (၁၁၉၁) - တရားဝင်ဇနီး သခင်မ ကျီဟွမ်နှင့် သူမ၏ သဝန်တိုမှု
လူတိုင်း ထွက်သွားကြသည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် ယခုအချိန်တွင် တွေဝေနေသော မျက်နှာထားဖြင့် ရပ်ကျန်နေခဲ့သည့် ယန်မေရှု ပင်ဖြစ်သည်။ ရွှယ်အန်းက သူမအား ခေါင်းညိတ်ပြလိုက်သည်။
"မင်းက လီဟန် ကောင်းကင်ဘုံက မဟုတ်တဲ့အတွက် မင်းရဲ့ မှတ်ဉာဏ်တွေကို ဖျက်စရာမလိုဘူး၊ ပြီးတော့ ဒီတစ်ခေါက် မင်းက ကုန်သည်ယာဉ်တန်းကို ဦးဆောင်လာတာ မဟုတ်လား၊ ဆွေ့မန်ဆီ ပစ္စည်းတွေ လွှဲပြောင်းပေးပြီးတာနဲ့ ဒီနယ်ပယ်ကနေ အမြန်ဆုံး ထွက်သွားတော့"
ယန်မေရှုက ခေါင်းငုံ့လိုက်သည်။ သူမ၏ မျက်ဝန်းအစုံတွင် ညှိုးနွမ်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ တိုးညင်းစွာ ပြောလိုက်၏။
"ဟုတ်ကဲ့ပါရှင်၊ ကျေးဇူးတင်ပါတယ်... အရှင်"
ရွှယ်အန်းက ပြုံးလိုက်ပြီး ထွက်ခွာရန် လှည့်ထွက်လိုက်သည်။ ထိုစဉ် ယန်မေရှုက ရုတ်တရက် ခေါင်းမော့လာပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မေးလိုက်မိသည်။
"အရှင်မင်းမြတ်... နောင်တစ်ချိန်ကျရင် ကျွန်မတို့ ပြန်ဆုံတွေ့နိုင်ဦးမလားဟင်"
ရွှယ်အန်းက ခြေလှမ်းများကို ရပ်တန့်လိုက်သော်လည်း နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"ဖြစ်နိုင်ပါတယ်၊ ဂရုစိုက်ပါ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက ခပ်သွက်သွက် လျှောက်သွားလေသည်။ ယန်မေရှုမှာ ထိုနေရာ၌ပင် ငေးရပ်ကျန်နေခဲ့ပြီး ဝေးကွာသွားသော ရွှယ်အန်း၏ ပုံရိပ်ကို ဝမ်းနည်းကြေကွဲစွာ ငေးကြည့်နေမိသည်။ ရွှယ်အန်း၏ အစွမ်းသတ္တိများရှေ့တွင် သူမ၏ ယခင်အစီအစဉ်များမှာ စိတ်ကူးယဉ် အိပ်မက်မျှသာ ဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်သွားခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် ယုရန်က ရှေ့သို့ တိုးလာသည်။
"သခင်မလေးယန်... တာဝန်တွေ လွှဲပြောင်းပေးဖို့ ကျွန်တော်နဲ့ လိုက်ခဲ့ပါ၊ အဲဒါတွေ ပြီးတာနဲ့ လီဟန် ကောင်းကင်ဘုံကနေ ချက်ချင်း ထွက်သွားပေးပါ အရှင်ကလည်း ခင်ဗျားရဲ့ ဘေးကင်းရေးအတွက် ဒီလို စီစဉ်ပေးတာပါ"
ယန်မေရှုက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ တိုးညင်းစွာ မေးလိုက်သည်။
"သူက ဘယ်သူ့ကို ရင်ဆိုင်ဖို့ ပြင်နေတာလဲဆိုတာ ကျွန်မ သိခွင့်ရှိမလား"
ယုရန်က ခေါင်းခါလိုက်သည်။
"ဒီကိစ္စတွေကို ခင်ဗျား မသိတာပဲ ပိုကောင်းပါတယ်"
ယန်မေရှုမှာ အံ့အားသင့်သွားပြီးနောက် တစ်စုံတစ်ရာကို သဘောပေါက်သွားသည့်အလား ကြက်သီးမွေးညင်းများပင် ထသွားလေသည်။ ဖြစ်နိုင်တာက... ဤအတွေးက ယန်မေရှု၏ ရင်ထဲတွင် လေးလံသွားစေသည်။ အကယ်၍ သူမ၏ ခန့်မှန်းချက်သာ မှန်ခဲ့လျှင် ရွှယ်အန်း၏ လုပ်ရပ်မှာ မယုံနိုင်လောက်အောင်ပင် ရဲတင်းလွန်းနေပေသည်။ ပြိုင်ဘက်မှာ နှစ်ပေါင်း သောင်းနှင့်ချီ၍ တည်ရှိလာခဲ့သော ရှေးဟောင်း နတ်ဘုရားတစ်ပါး မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းက ရှောင်ထျန်းထံသို့ လျှောက်သွားကာ ပြုံးလျက် မေးလိုက်သည်။
"ခုနက ပြဇာတ်ကို ဘယ်လိုမြင်လဲ"
ရှောင်ထျန်းက တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလာသည်။
"မင်းက တကယ်ကို အံ့ဩစရာပဲ၊ ဒါပေမဲ့ မင်းက ဘာလို့ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးထားပြီး အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြည့်ခွင့်ပေးထားတာလဲဆိုတာ နားမလည်ဘူး၊ မင်းကို ကျွန်တော် ကလဲ့စားချေမှာကို မကြောက်ဘူးလား"
"ကလဲ့စားချေမယ် ဟုတ်လား"
ရွှယ်အန်းက လှောင်ပြောင်သည့်အလား ရယ်မောလိုက်ပြီး ရှောင်ထျန်း၏ မျက်ဝန်းထဲ စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"အခုအချိန်မှာ မင်းရဲ့ အစစ်အမှန် ရန်သူက ဘယ်သူလဲဆိုတာတောင် မင်း မှတ်မိတာ မဟုတ်ဘူးလေ၊ ဒါပေမဲ့ မင်းရဲ့ ရင်ထဲမှာ တွေဝေရှုပ်ထွေးနေရတဲ့ အချိန်တွေ မကြာခဏ ရှိမှာပဲလို့ ငါ ထင်တယ်၊ ဟုတ်တယ်မလား"
ရှောင်ထျန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသော်လည်း ရွှယ်အန်းက မသိကျိုးကျွံပြုကာ ဆက်ပြောလိုက်သည်။
"မင်းရဲ့ ကိုယ်ပိုင် အမှတ်အသားနဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေမယ်... မင်း မြင်တွေ့ခဲ့ရသမျှ အရာအားလုံးက အစစ်အမှန်လား၊ အတုအယောင်လား ဆိုတာကို တွေဝေနေမိမယ်၊ ဒါတွေကပဲ... မင်းရဲ့ နာကျင်မှုတွေရဲ့ တကယ့် အရင်းအမြစ်တွေပဲ"
ရှောင်ထျန်းက အလွန်အမင်း အံ့အားသင့်သွားသည်။
"မင်း... မင်း ဒါတွေကို ဘယ်လို..."
"ငါ ဘယ်လိုသိလဲဆိုတာ မေးမလို့လား"
ရွှယ်အန်းက ပြုံးလိုက်သည်။
"တကယ်တော့ အခု မင်းဆီက မှတ်ဉာဏ်ကျိန်စာကို ငါ ရုပ်သိမ်းပေးလို့ ရတယ်၊ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် သူ့ကို စောစောစီးစီး သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်၊ ဒါကြောင့် ငါ စဉ်းစားထားတာက... မင်းသာ အရာအားလုံးရဲ့ အကြောင်းရင်းကို သိချင်တယ်ဆိုရင် သူ့ကို သွားတွေ့ဖို့ ငါ့နောက်ကို လိုက်ခဲ့ပါ"
ရွှယ်အန်းက ထိုသူဆိုသည်မှာ မည်သူဖြစ်ကြောင်း အတိအကျ မပြောခဲ့သော်လည်း ရှောင်ထျန်းမှာ လီဟန် အရှင်သခင်ကို ဆိုလိုခြင်းဖြစ်ကြောင်း သဘာဝကျကျပင် နားလည်လိုက်လေသည်။ ထူးဆန်းသည်မှာ ရှောင်ထျန်း၏ ရင်ထဲတွင် ရန်လိုမှုများအစား စိတ်လှုပ်ရှားမှုများ လှိုင်းထလာခြင်းပင်။
"ကောင်းပြီလေ... ဒါဆိုလည်း ဒီခရီးကို မင်းနဲ့အတူ လိုက်ခဲ့ပါ့မယ်"
ရှောင်ထျန်းက ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။ ရွှယ်အန်းက ရယ်မောလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းကာ ရှောင်ထျန်းအပေါ် ချုပ်နှောင်ထားမှုများကို ဖြေလျှော့ပေးလိုက်လေသည်။ ဤအချိန်တွင် ဆွေ့မန်က အနီးသို့ ချဉ်းကပ်လာပြီး ရိုသေစွာဖြင့် မေးလိုက်သည်။
"သခင်... ကျွန်မတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
ရွှယ်အန်းက အဝေးက မိုးကုတ်စက်ဝိုင်းဆီသို့ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။ အချိန်အတန်ကြာမှ သူက အကြည့်များကို ရုပ်သိမ်းလိုက်သည်။
"မင်းက လီဟန် အရှင်သခင်ရဲ့ ဒုတိယသခင်မလို့ ပြောခဲ့တာ ငါ မှတ်မိတယ်"
"ဟုတ်ပါတယ် အရှင်"
"ဒါဆိုရင် ပထမသခင်မလည်း ရှိမှာပေါ့"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဆွေ့မန်၏ မျက်နှာမှာ ချက်ချင်းပင် ချဉ်စူးသွားပြီး ခက်ခက်ခဲခဲပင် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့..."
သူမသည် ထိုသခင်မအကြောင်းကို ပြောဆိုရန် လုံးဝ ဆန္ဒမရှိသည့်ပုံပင်။ သို့သော် ရွှယ်အန်းကမူ ပို၍ပင် စိတ်ဝင်စားသွားသည်။
"သူ့နာမည်က ဘယ်သူလဲ"
"သူမ... သူမ နာမည်က ကျီဟွမ်ပါ"
"ကျီဟွမ်..."
ရွှယ်အန်းက တိုးညင်းစွာ ရေရွတ်လိုက်သည်။
"မင်းက သူမကို အတော်လေး ကြောက်နေတဲ့ ပုံပဲ"
ဆွေ့မန်က ခါးသီးသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"အရှင်... အဲ့ကျီဟွမ်က လီဟန် အရှင်သခင်ရဲ့ တရားဝင် ဇနီးမယားကြီးပါရှင်၊ သူမရဲ့ အဆင့်အတန်းက ကျွန်မနဲ့ ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားပါတယ်၊ ပြီးတော့... ကျွန်မ ဒီအစွန်အဖျားမြို့တော်ကို ရောက်လာတာ နှစ်ပေါင်း တစ်ထောင်ကျော်ပြီ၊ တစ်ခါမှ ပြန်မသွားရဘူး၊ ဘာလို့လဲဆိုတော့ ကျီဟွမ်က အရမ်းကို သဝန်တိုတတ်လွန်းလို့လေ၊ သူမရဲ့ ခွင့်ပြုချက်မရဘဲ ကျွန်မ လုံးဝ ပြန်လာလို့ မရဘူးလို့ တားမြစ်ထားတာပါ"
ဆွေ့မန်၏ စကားထဲတွင် နာကြည်းမှုများ ပြည့်နှက်နေသည်။ ထိုအရာကို ကြားသောအခါ ရွှယ်အန်းက အားရပါးရ ရယ်မောလိုက်သည်။
"အဲဒီလိုဆိုရင်တော့... အဲ့သခင်မဆီကို နတ်ဘုရားအာရုံ သတင်းပို့ပြီး အကြောင်းကြားလိုက်၊ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ သူမနဲ့ တိုင်ပင်ဖို့ မဖြစ်မနေ ပြန်လာရမယ်လို့ ပြောလိုက်"
ဆွေ့မန်မှာ တစ်ခဏမျှ မှင်တက်သွားသော်လည်း အလျင်အမြန်ပင် သဘောပေါက်သွားကာ ခေါင်းကို အပြင်းအထန် ညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ... ဆွေ့မန် နားလည်ပါပြီ"
ရွှယ်အန်းက ကောင်းကင်ကြီးကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ရှိုက်လိုက်သည်။ သူ၏ မျက်ဝန်းများက တောက်ပလင်းလက်နေသည်။
"လီဟန် အရှင်သခင်... နောက်ဆုံးတော့ မင်းအလှည့် ရောက်လာပြီပဲ"
လီဟန် မြို့တော်၏ မြို့ပြင်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိသော တင်းထျန်း စံအိမ်တော်သည် လီဟန် အရှင်သခင်၏ တရားဝင် ဇနီးမယားကြီး ကျီဟွမ် နေထိုင်ရာ နေရာပင်ဖြစ်သည်။ ထိုအဆောက်အအုံမှာ ခမ်းနားထည်ဝါပြီး အသက်ရှူမှားလောက်အောင် လှပလွန်းလှပေသည်။
ဤအချိန်တွင် ကျီဟွမ်သည် စံအိမ်တော်အတွင်း၌ ပုံပြစာအုပ် တစ်အုပ်ကို ငြီးငွေ့စွာ ကြည့်ရှုနေလေသည်။ ထိုစဉ် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ရိုသေကျိုးနွံစွာဖြင့် ဝင်ရောက်လာသည်။
"သခင်မ... မရွေးချယ်ရသေးဘူးလားရှင်"
ကျီဟွမ်က ပုံပြစာအုပ်ကို ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။
"ပျင်းစရာကောင်းလိုက်တာ၊ အားလုံးက သာမန်ပစ္စည်းတွေချည်းပဲ၊ ကျွန်မ တစ်ခုမှ သဘောမကျဘူး၊ မာမားချူ... မကြာသေးခင်က ရှင် ရှာပေးတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးက အတော်လေး ညံ့လာတယ်နော်"
သက်လတ်ပိုင်း အမျိုးသမီးက အလျင်အမြန် ခေါင်းညိတ်သည်။
"ဟုတ်ကဲ့၊ သခင်မနဲ့ သင့်တော်မယ့်သူတွေကို ပိုပြီး ကြိုးစားရှာဖွေပေးပါ့မယ်"
ကျီဟွမ်က စိတ်မရှည်သည့်အလား လက်ကို ဝှေ့ယမ်းလိုက်သည်။
"တော်စမ်းပါ... နင့်ဆီက ဒီစကားမျိုး ကြားရတာ တစ်ခါမကတော့ဘူး၊ တစ်ကြိမ်လေးတောင် ဖြစ်အောင် မလုပ်နိုင်ဘူး၊ အသုံးမကျလိုက်တာ"
မာမားချူ၏ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာသည်။
"သခင်မ... နတ်ဘုရားနယ်ပယ်ထဲမှာ ရှိတဲ့ ထူးချွန်တဲ့ လူငယ်ပါရမီရှင်တွေ အကုန်လုံးနီးပါးက ဒီကို ရောက်နေကြပြီလေ၊ ဒါတောင် အဆင်မပြေသေးဘူးဆိုရင်တော့... သခင်မအတွက် နတ်ဘုရားနယ်ပယ် အပြင်ဘက်က ဆွဲဆောင်မှုရှိတဲ့ လူငယ်လေးတွေကိုပဲ သွားရှာပေးရတော့မယ် ထင်တယ်"
ကျီဟွမ်က ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်သည်။
"အဲဒီလိုဆိုရင်လည်း... မြန်မြန်သာ သွားလုပ်ချေတော့”