← Chapters

မင်းသားတွေ အဆောင်ရွှေ့ကြခြင်း

Vol. 9 Ch. 83

မင်းသားတွေ အဆောင်ရွှေ့ကြခြင်း

Vol. 9 Ch. 83

ရေခဲတုံးလေး တစ်တုံးရတာနဲ့ပဲ ဒီလောက်တောင် ဝမ်းသာနေရသလား။

သို့သော် ယခုအခါ အားလုံးက လှေတစ်စင်းတည်း စီးနေသူများမို့ သူမလည်း အပိုစကားများ မဆိုချင်တော့ပေ။

သူမ စိတ်ထဲတွင်တော့ ချီချောင်ပွဲတော် ရောက်လျှင် အရှင်မင်းကြီး သူမကို ပြန်လည် စိတ်ဝင်စားလာအောင် ဘယ်လို ထင်ပေါ်အောင် လုပ်ရမည်ကိုသာ တွေးနေမိတော့၏။

တတိယမင်းသားက စောစောစီးစီး ခေါ်သွားခံရသော်လည်း လန်ဖေး၏ နေရာတွင်မူ ဒုတိယမင်းသားအတွက် သိမ်းဆည်းစရာ ပစ္စည်းများ အလွန် များပြားနေလှသည်။

တခြားအရာများကို မပြောပါနှင့်ဦး… သူ့ ဆေးအိုးလို ခန္ဓာကိုယ်ကြောင့် အသက်ဆက်ဖို့ ဆေးတွေ ယူသွားရပေဦးမည်။

"အပြင်မှာ နေအရမ်းပူတယ် ပစ္စည်းတွေကို သေချာ သိမ်းကြ လမ်းသွားရင် ဒုတိယမင်းသားကို ထီးမိုးပေးဖို့ မမေ့နဲ့နော်"

လာရောက် ကြီးကြပ်သူမှာ လန်ဖေး၏ ဘေးမှ အပျိုတော်ကြီး ကျွေ့ယွင်ဆိုသူဖြစ်ပြီး သူမက အရာရာကို အသေးစိတ် မှာကြားနေလေသည်။

ထို့နောက် ဒုတိယမင်းသားကို အမြဲ ပြုစုစောင့်ရှောက်ပေးနေသော ချိုက်မားမားအား ပြောလိုက်၏။

"မားမား ဒုတိယမင်းသားကို သေချာ ဂရုစိုက်ပေးပါဦး သူက ခန္ဓာကိုယ် အားနည်းတယ်လေ မယ်မယ်က သူ့ကို ငယ်ငယ်ကတည်းက ကြီးတဲ့အထိ ပြုစုပျိုးထောင်လာခဲ့ရတာ အချိန်တွေ အများကြီး ပေးခဲ့ရတာ အခု အရှင်မင်းကြီးရဲ့ ရှေ့တော်မှောက်ကို ပြောင်းရွှေ့ရတာ ကောင်းတဲ့ကိစ္စ ဆိုပေမဲ့ ဒုတိယမင်းသားကို ဘာကိစ္စမဆို အတင်းအကျပ် မလုပ်ဖို့ သတိပေးပေးပါဦး"

"ကျွေ့ယွင် စိတ်ချပါ ဒီအစေခံ ရှိနေသရွေ့ ဒုတိယမင်းသားကို ဒုက္ခမရောက်စေရပါဘူး"

သူမက ခန္ဓာကိုယ် ဝဝဖြိုးဖြိုးနှင့် မျက်နှာထား ကြည်လင်နေသဖြင့် ကြည့်ရသည်မှာ သဘောကောင်းမည့် မားမားအိုကြီး တစ်ယောက်နှင့် တူလှပေသည်။

သို့သော် ကုတင်ပေါ်တွင် အမြဲတမ်း လှဲလျောင်းနေသော ဒုတိယမင်းသားကမူ ငြိမ်သက်နေသော ရေကန်တစ်ခုလို မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။

ကျွေ့ယွင်က အစေခံများကို မှာလိုက်ပြီးနောက် ဒုတိယမင်းသား၏ ရှေ့သို့ လျှောက်သွားကာ လေသံချိုချိုဖြင့် ပြောလိုက်သည်။

"လန်ဖေးမယ်မယ် က ဒုတိယမင်းသားကို ကိုယ်တိုင် လိုက်ပို့မလို့ပါပဲ ဒါပေမဲ့ မယ်မယ်က အခု ခန္ဓာကိုယ် အနေအထားအရ အရမ်း အိပ်ချင်နေလို့ အခုတောင် ကုတင်ပေါ်မှာ အနားယူနေရတာမို့လို့ ဒုတိယမင်းသား နားလည်ပေးပါနော်"

ဒုတိယမင်းသားထံမှ ဘာတုံ့ပြန်မှုမျှ မရသောအခါ ကျွေ့ယွင်က ထပ်ပြောလိုက်လေသည်။

"ဒုတိယမင်းသားက ခန္ဓာကိုယ် အားနည်းတော့ သာမန်လူတွေနဲ့ မတူဘူးလေ ဆေးကို သေချာ သောက်ဖို့ မမေ့ပါနဲ့ ဒီအစေခံ ချိုက်မားမားကိုလည်း သေချာ မှာထားပါတယ် နေ့တိုင်း မင်းသားဆီကို ပို့ပေးပါလိမ့်မယ်"

ဤစကားကို ကြားမှသာ ဒုတိယမင်းသားက မျက်လုံးဖွင့်ကာ ကျွေ့ယွင်ကို ကြည့်လိုက်သည်။

အသက် ခြောက်နှစ်ပင် မပြည့်သေးသော ကလေးငယ်တစ်ဦး ဆိုသော်ငြား သူ၏ မျက်လုံးထဲမှ တည်ငြိမ်အေးစက်မှုက အသက် နှစ်ဆယ်ကျော် အပျိုတော်ကြီး ကျွေ့ယွင်ကိုပင် ကျောချမ်းသွားစေသည်။

"ဆူညံ‌ေနလိုက်တာ"

သူက ဤစကားကိုသာ တိုးတိုးလေး ပြောပြီး မျက်လုံးပြန်မှိတ်ကာ ဆက်၍ အနားယူနေလေ၏။

ထိုအပြုအမူက ကျွေ့ယွင်ကို အလွန် အရှက်ရသွားစေသည်။

သူမ၏ ကြည်လင်သော မျက်နှာပေါ်တွင် ရွံရှာမုန်းတီးမှုများ တစ်ခဏမျှ ဖြတ်ပြေးသွားလေ၏။ ထို့နောက် တစ်ခုခုကို သတိရသွားသည့်နှယ် ခပ်ဖွဖွ ပြုံးကာ အရိုအသေပြုပြီး ထွက်သွားသည်။

ချိုက်မားမားကမူ အစေခံများကို ပစ္စည်းသယ်ရန် ဆက်လက် ညွှန်ကြားနေ၍ ထိုဖြစ်ရပ်ကို သတိမထားမိခဲ့ပေ။

ကျွေ့ယွင် လန်ဖေး၏ အိပ်ဆောင်သို့ ပြန်ရောက်သောအခါ လန်ဖေးက ကုတင်ပေါ်တွင် ထိုင်ရင်း မကြာခင် မွေးဖွားလာ‌ေတာ့မည့် ကလေးအတွက် ရင်ခံလေး တစ်ထည်ကို ချုပ်နေသည်။

ရင်ခံပေါ်ရှိ ကျားခေါင်းပုံလေးမှာ အသက်ဝင်လှပြီး ဘေးတွင် အပ်ချည်များကို ရှင်းပေးနေသော ကျွေ့ယွဲ့ကလည်း ချီးကျူးနေသည်။

သူမ ပြန်ရောက်လာသည်ကို မြင်သောအခါ လန်ဖေးက အပ်ချုပ်နေသည်မှ ရပ်လိုက်ပြီး ကမန်းကတန်း မေးလိုက်သည်။

"ဒုတိယမင်းသားဆီမှာ အားလုံး အဆင်ပြေရဲ့လား"

"အားလုံး သေချာ စီစဉ်ခဲ့ပါတယ် မယ်မယ် စိတ်ချပါ"

"အင်း ဒါဆို တော်သေးတာပေါ့"

လန်ဖေး သက်ပြင်းချလိုက်သည်ကို မြင်သောအခါ ကျွေ့ယွဲ့က ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။

"မယ်မယ် ဒုတိယမင်းသားကို ဒီလောက်နှစ်တွေ အများကြီး ပြုစုပျိုးထောင်လာခဲ့တာတောင် သူက မယ်မယ့်ကို အခုထိ ရင်းရင်းနှီးနှီး မရှိဘူးလေ ပြောရရင်တော့ သွေးသားမတော်စပ်တဲ့ သားအမိတွေမို့လို့ပဲ နေမှာပါ မယ်မယ် ဝမ်းနည်းနေလည်း အလကားပါပဲ"

လန်ဖေး၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာ အနည်းငယ် ပေါ်လာပြီး ငယ်စဉ်ကတည်းက သူမနှင့် ရင်းနှီးမှု မရှိခဲ့သည့် သည်သား‌ေတာ် အကြောင်းကို တွေးမိလေ ခေါင်းပိုကိုက်လေ ဖြစ်လာရတော့သည်။

သူ မွေးလာကတည်းက ယုံအန်းနန်းဆောင်ထဲမှာပဲ ကြီးပြင်းလာခဲ့တာ မဟုတ်ဘူးလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ခြောက်နှစ်ဆိုတဲ့ အချိန်က ကျောက်တုံးကိုတောင် နွေးသွားစေနိုင်ပေမဲ့ သူကတော့ ဒီလောက်တောင် အေးစက်စက် နိုင်လွန်းနေတုန်းပဲ။ တစ်ခါတစ်ရံတွင် လန်ဖေးက သူ့ကို ကလေးတစ်ယောက်နှင့်ပင် မတူဟု ခံစားရလေသည်။

စုဖင်က ထိုမျှလောက် နူးညံ့သိမ်မွေ့ပြီး အနည်းငယ် ပျော့ညံ့သည့် စရိုက်မျိုး ရှိပါလျက် ဘယ်လိုလုပ်ပြီး ဒီလိုသားမျိုး မွေးလာရသနည်း။

အပ်ဖျားက လန်ဖေး၏ လက်ချောင်းကို မတော်တဆ စူးမိသွားသည်။ နာကျင်မှုကြောင့် သူမ ရှိုက်ခနဲ အသံထွက်သွားသည်။

ကျွေ့ယွဲ့နှင့် ကျွေ့ယွင်တို့ လန့်ဖျပ်ပြီး ချက်ချင်း လှမ်းကြည့်လိုက်ကြပြီး သွေးစက်လေး အနည်းငယ် ထွက်လာရုံသာ တွေ့လိုက်ရသဖြင့် တော်သေးတာပဲဟု တွေးလိုက်ကြသည်။

"မယ်မယ် အခု ကိုယ်ဝန်ရှိနေပြီဆိုတော့ နောက်ဆို သေချာ ဂရုစိုက်မှ ဖြစ်မယ်နော် ဒီအပ်ချုပ်တာတွေကို ဒီအစေခံတို့ကိုပဲ ပေးလုပ်လိုက်ပါ"

လန်ဖေးက ပြုံးလိုက်ပြီး ရင်ခံပေါ်ရှိ ပုံလေးကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲရှိ မြတ်နိုးမှုများက အရည်ပျော်ကျတော့မတတ်။

သူမ၏ ဒီကိုယ်ဝန်ကလည်း မနည်း ရယူခဲ့ရခြင်းပေ။ ယွမ်ဟယ်ခေတ် ကိုးနှစ်တွင် နန်းတွင်းသို့ ဝင်ရောက်လာကတည်းက တွက်ကြည့်မည်ဆိုလျှင် ရှစ်နှစ်တိတိ ရှိခဲ့လေပြီ။

အကယ်၍သာ လွန်ခဲ့သည့်နှစ်တုန်းက သူမမိသားစုမှ အမျိုးသမီးသမားတော် ကျွေ့ယာကို နန်းတွင်းသို့ မပို့ပေးခဲ့လျှင် ယခုလို ကိုယ်ဝန်ရလာနိုင်မည် မဟုတ်ပေ။

ဤအကြောင်းကို တွေးမိပြီး သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကျွေ့ယာရော"

"ဒီအစေခံ လျှောက်တင်ပါတယ် သူက မယ်မယ့်အတွက် အားဖြည့်ဆေး ပြုတ်နေပါတယ်"

ကျွေ့ယွဲ့က အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်ပြီး လူမရှိသည်ကို သေချာမှ တိုးတိုးလေး ထပ်ပြောလိုက်သည်။

"ဒီအစေခံ ကြားတာတော့ အဲဒီ အားဖြည့်ဆေးထဲမှာ ပစ္စည်းကောင်းတွေ ထည့်ထားတယ်တဲ့ မယ်မယ် ဒီတစ်ခေါက် သေချာပေါက် မင်းသားလေး မွေးဖွားလာမှာပါ"

လန်ဖေး ထိုစကားကို ကြားသောအခါ ပို၍ပင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူမ မင်းသမီးလေး ဖြစ်စေချင်တယ် ဟု ပါးစပ်က ပြောနေတာကလည်း လင်ကွေ့ဖေးကို ရှောင်လွှဲရန် အကြောင်းပြချက်သက်သက်သာ။

နန်းတော်တစ်ခုလုံးတွင် မင်းသား မမွေးချင်သည့်သူ ဘယ်သူရှိမည်နည်း။ ၎င်းကသာ သူတို့၏ အနာဂတ် မျှော်လင့်ချက်ဖြစ်ပြီး မင်းသမီးတစ်ပါးက မင်းသားလောက် ဘယ်လိုလုပ် အရေးပါနိုင်မည်နည်း။

မဟုတ်လျှင် သူမလည်း အကြောင်းပြချက် မရှိဘဲ ဒုတိယမင်းသားကို သူမ၏ ရင်ခွင်ထဲတွင် ပြုစုပျိုးထောင်နေမည် မဟုတ်ပေ။ ဒါကို မျှော်လင့်၍သာ မဟုတ်ပေလား။

လန်ဖေး၏ အတွေးများကို ခံစားမိသည့်အလား ဗိုက်ထဲရှိ ကလေးလေးက ရုတ်တရက် လှုပ်ရှားလာတော့သည်။

"အို"

"မယ်မယ် ကလေးက ကန်နေပြန်ပြီလား"

"အင်းလေ ကန်လိုက်တာ ဗိုက်တောင် နည်းနည်း နာသွားတယ်"

"ဒါ ကောင်းတဲ့လက္ခဏာပဲလေ ဒီအစေခံရဲ့ အမေ ညီလေးကို မွေးတုန်းကလည်း မယ်မယ့်လိုပဲ နေ့တိုင်း အဲဒီလို လှုပ်နေတာ နောက်ပိုင်း မွေးလာတဲ့ ညီလေးက တကယ်ကို ကျန်းမာသန်စွမ်းတာပဲ"

ဤစကားကို ကြားသောအခါ လန်ဖေး မျက်စိမှိတ်သည်အထိ ပြုံးပျော်သွားသည်။

ဇယ့်ဖင်ကျွန်း၊ ချီချင်းဆောင် ၏ နောက်ဘက်ဆောင်တွင် သုန်ယွီကျုံးက မင်းသားနှစ်ပါးအတွက် ပစ္စည်းများကို နေရာချထားရန် အလုပ်ရှုပ်နေသည်။

တစ်ယောက်ကို အခန်းသုံးခန်းစီ ရရှိပြီး အားလုံးက တောင်ဘက်သို့ မျက်နှာမူထားကြသည်။ အပြင်ပန်းကြည့်လျှင် ဆက်နေသယောင် ရှိသော်ငြား အလယ်တွင် သိပ်မကြီးလှသော ပန်းခြံလေးတစ်ခု ခြားထားသည်။

မင်းသားနှစ်ပါးမှ မွေးလာကတည်းက ယခုလို နီးနီးကပ်ကပ် နေရတာ ပထမဆုံးအကြိမ်ပင်။

တတိယမင်းသားမှာ အရင်ကလိုပင် ယဉ်ကျေးပျူငှာပြီး အသက် ငါးနှစ်သာ ရှိသေးသော်လည်း စကားပြောဆို လုပ်ကိုင်ပုံမှာ ရင့်ကျက်တည်ငြိမ်လှပေသည်။ ထို့ပြင် သူက လတ်‌တလောတွင် အကျန်းမာဆုံး မင်းသားမို့ နောင်တစ်ချိန်တွင် ထီးနန်းဆက်ခံရဖို့ အလားအလာ အလွန်များလေသည်။

ထို့ကြောင့် အစေခံများက သူ့အပေါ် ပို၍ပင် ဂရုစိုက်ကြသည်။ အတူ လိုက်ပါလာသူများမှာ မားမား လေးယောက်၊ မိန်းမစိုး သုံးယောက် နှင့် အကြီးအကဲ တစ်ယောက်တို့ ပါဝင်သည်။

အားလုံးက ယီဖေး ကိုယ်တိုင် ရွေးချယ်ပေးထားသူများမို့ သစ္စာရှိရုံသာမက အထက်အောက် လူအများကို ဖားရာတွင်လည်း အလွန် ကျွမ်းကျင်ကြသည်။ သူတို့က အချိန်ခဏလေးအတွင်းမှာပင် ဇယ့်ဖင်ကျွန်းတွင် အမှုထမ်းနေသော အစေခံ အများစုနှင့် ရင်းနှီးကျွမ်းဝင်သွားကြလေပြီ။

တစ်ဖက်တွင်တော့ ဒုတိယမင်းသား၏ နေရာမှာ အတော်လေး ခြောက်ကပ်နေသည်။ သူ၏ ထူးဆန်းသော စရိုက်ကြောင့်ပေလား သို့မဟုတ် ဖျားနာမှုကြောင့် စုဆောင်းမိလာသော ဒေါသများကြောင့်ပေလားတော့ မပြောတတ်။ မည်သို့ပင်ဆိုစေ သာမန်လူများက သူ့အဆောင်နားသို့ သိပ်မကပ်ရဲကြပေ။ ဘယ်အချိန် သူ့ကို ဒေါသထွက်အောင် လုပ်မိပြီး ဘာအပြစ်ပေးခံရမည်ကို မသိနိုင်ဘူးမဟုတ်လား။

ချိုက်မားမားက တစ်ချက်လှမ်းကြည့်လိုက်ပြီး ကျွေ့ယွဲ့ရှေ့မှာတုန်းက ချိုသာနေသည့်မျက်နှာထားက ယခုအခါ ပုံစံအမှန် ပေါ်လာတော့သည်။ သူမက အလွန် စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။

"ဒုတိယမင်းသားက ခန္ဓာကိုယ်လည်း အသုံးမကျဘူးဆိုတော့ ဒီလိုစိတ်မျိုးကို ပြင်သင့်တယ်… ဟိုဘက်ခြံက တတိယမင်းသားကို ကြည့်စမ်း…လူတွေ လာလွန်းလို့ တံခါးခုံတောင် ပွန်းနေပြီ ငါတို့ခြံကို ပြန်ကြည့်တော့ ခြောက်ကပ်ပြီး အေးစက်နေတာပဲ… လက်ဖက်ရည်လာကမ်းပေးမယ့် နန်းတွင်းသူ တစ်ယောက်တောင် မရှိဘူး"

သူမက စိတ်တိုတိုဖြင့် ပြောလိုက်သဖြင့် တံတွေးစက်များပင် လွင့်စင်လာတော့သည်။ သူမက လက်စွပ်ဖြင့် သုတ်လိုက်ပြီး ဆက်ပြောသည်။

"လန်ဖေးမယ်မယ် ကသာ ဒီအစေခံအပေါ် ကျေးဇူးမရှိခဲ့ဘူးဆိုရင် ဒီလောက်နှစ်တွေ အများကြီး အခုလို နှိမ့်ချပြီး ငြိမ်ခံနေမှာ မဟုတ်ဘူး"

All Chapters