အခန်း (၆၈၅-၆၈၇)
Vol. 46 Ch. 685-687
Chapter 685 မဟာ နတ်ဆိုး စိတ်ဝိညာဉ်
ဂလု!
လက်ရှိအချိန်၌ လူတစ်ယောက်ချင်းစီမှ တံတွေးမျိုချသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
နတ်ဘုရား အရှင်သခင် ငါးယောက်နှင့် သောင်းချီသည့် နတ်ဘုရား စစ်သည်တော်များသည် ပေါက်ကွဲသွားသည့် ဦးခေါင်းနှင့် အလောင်းကိုကြည့်ပြီး ထိတ်လန့်နေကြသည်။
တစ္ဆေငါးကောင်ဟု ခေါ်တွင်သည့် နတ်ဘုရား ငါးပါးထဲမှ ထိုနတ်ဘုရားသည် အသန်မာဆုံးထဲမှ တစ်ယောက် ဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။
နတ်ဘုရားမျိုးနွယ် စစ်သည်တော်များသည် ထိုနတ်ဘုရားနှင့်အတူ တောင်ဘက်နှင့် မြောက်ဘက်တို့ကို သိမ်းပိုက်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုများ ရခဲ့လေသည်။
ထိုနတ်ဘုရားသည် မရေတွက်နိုင်သော နတ်ဆိုးမျိုးနွယ်များကို သတ်ဖြတ်ခဲ့ပြီး နတ်ဘုရားအရှင်သခင်၏ ချီးမွမ်းခြင်းကိုတောင် ခံခဲ့ရလေသည်။
သို့သော် ယခုအခါတွင် ထိုနတ်ဘုရားက သေးငယ်သော ကမ္ဘာဂြိုဟ်ပေါ်မှ နတ်ဘုရင်အဆင့်တစ်ယောက်၏ တိုက်ကွက် သုံးကွက်အတွင်း ပေါက်ကွဲသေဆုံးသွားလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။
ထိုအလောင်းထဲမှ နတ်ဘုရား စိတ်ဝိညာဉ်ကို လူတိုင်း ခံစားလိုက်မိသည်။ နတ်ဆိုးကြေးခွံ သံချပ်ကာက နတ်ဘုရား တစ်ပါး၏ နတ်ဘုရား စိတ်ဝိညာဉ်ကိုတောင်မှ ဖျက်ဆီးပစ်လိုက်လေသည်။ မယုံနိုင်စရာ ကောင်းလွန်းလှပေသည်။
“အစ်ကိုသုံး”
“အစ်ကိုသုံး”
ယခုအချိန်၌ ကျန်တစ္ဆေလေးကောင်လုံး အကြီးအကျယ် မျက်နှာပျက်နေကြသည်။
*သေသွားပြီတဲ့လား*
မိခင်ရင်း ဖခင်ရင်းထံမှ အတူတူ မွေးဖွားလာပြီး အင်မော်တယ်မျိုးနွယ်နှင့် နတ်ဆိုးများကို သတ်ဖြတ်စဉ်က အတူ ရှိနေခဲ့သည့် အစ်ကိုဖြစ်သူက ယခု ဤနေရာ၌ အသတ်ခံလိုက်ရသည်။ ဤသည်က ကျန်တစ္ဆေလေးကောင်အား ရူးမတတ် ဖြစ်သွားစေသည်။
“ကမ္ဘာမြေသား မလောက်လေး မလောက်စားကောင်၊ ငါ မင်းကို သတ်မယ်ကွ”
ထိုစဉ် ကျန်တစ္ဆေလေးကောင်သည် အသိစိတ် ပျောက်သွားသကဲ့သို့ ဒေါသူပုန်ထကာ ထိပ်ပြောင် အားဆန်ထံသို့ ပြေးဝင်လာကြသည်။ သူတို့၏ အလျင်က အလွန် လျင်မြန်လွန်းလှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် လူသတ်သိုင်းကွက်များအားလုံးကို ထုတ်သုံး၍ ထိပ်ပြောင် အားဆန်ကို သတ်ရန် ပြင်လာကြသည်။
ထိပ်ပြောင်အားဆန်က ကြောက်လန့်ခြင်း မရှိဘဲ သရော်ပြုံး ပြုံးနေ၏။ မျှော်စင်တစ်ခုလုံးကဲ့သို့ အရပ်ရှည်သည့် လူတစ်ယောက်က အားဆန်ရှေ့ ရောက်လာသည်။ ထိုသူကား ဝံပုလွေရိုင်းပင်။ သူသည် တစ္ဆေလေးကောင် နတ်ဘုရားများထဲမှ တစ်ယောက်ကို စူးစိုက်ကြည့်၍ သွေးဆာနေဟန်ဖြင့် ပြောလိုက်သည်။
“မင်းက ငါ့အပိုင်ပဲ”
ထိုနတ်ဘုရားများ၏ မျက်လုံးက ရဲရဲနီလာသည်။ ထိုမလောက်လေး မလောက်စားကောင်က သူ့အား နှစ်ကွက်အတွင်း သတ်ပစ်မည်ဟု ပြောခဲ့သည်ကို သူ အမှတ်ရသွားသည်။
“ငါ့လက်ထဲမှာ သေလိုက်စမ်းကွာ”
တစ္ဆေငါးကောင်ထဲမှ အဆင့်လေးရှိသည့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်သည် လက်ကိုလှုပ်လိုက်လေသည်။ ထိုအခါ သူ့လက်ထဲ၌ နတ်ပုဆိန်တစ်လက် ပေါ်လာပြီး ဝံပုလွေရိုင်းအား အားဖြင့်ခုတ်ပိုင်းလိုက်သည်။
ထိုနတ်ပုဆိန်၏ ဖိအားအောက်၌ ဘေးပတ်လည်မှ လေဟာနယ်သည် ခြောက်သွေ့နေသော သစ်ကိုင်းခြောက်ကဲ့သို့ ကျိုးပဲ့သွားသည်။ ထိုပုဆိန်၏အသွား၌ ဥပဒေသ အငွေ့အသက်များ ပါဝင်နေ၏။
အကယ်၍ သာမန်နတ်ဘုရင်အဆင့် သိုင်းပညာရှင်သာ ဖြစ်ပါက ဤပုဆိန်အောက်၌ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး တိုက်ပွဲဝင် ခွန်အားကိုလည်း ဆုံးရှုံးသွားလောက်သည်။ သို့သော် ဝံပုလွေရိုင်းက သရော်ပြုံး ပြုံးနေသည်။
“မင်းအစွမ်းက ဒီလောက်ပဲလား”
“ဒါဆို မင်း သေလို့ရပြီ”
ထိုသို့ပြောပြီး ဝံပုလွေရိုင်း လက်ကိုလှုပ်လိုက်သောအခါ လက်ကိုင်ရိုးရှည်တပ် တူကြီးတစ်ခု ထွက်ပေါ်လာပြီး နတ်ပုဆိန်အား အားဖြင့် ပြန်ထုလိုက်သည်။
ချွင်!
ပုဆိန်နှင့် တူကြီးတို့ ချက်ချင်း ထုနှက်မိသွားသည်နှင့် လက်နက်နှစ်ခု၏ အလယ်မှနေ၍ ပြင်းထန်သည့် နတ်ဘုရား စွမ်းအင်များ ထွက်ပေါ်လာပြီး ဘေးသို့ ပျံ့နှံ့သွားသည်။ နတ်ဘုရား စစ်သည်တော်များ ခန္ဓာကိုယ် ယိမ်းယိုင် သွားကြသည်။
ဝံပုလွေရိုင်းနှင့် ထိုနတ်ဘုရားတို့ နောက်သို့ ခြေလှမ်းရာချီ၍ ဆုတ်ခွာလိုက်ရသည်ကို အားလုံး တွေ့လိုက်ရသည်။ လက်ကိုင်ရိုးရှည် တူကြီးပေါ်၌ ပုဆိန်ရာ ရှိနေပြီး နတ်ပုဆိန်ပေါ်၌ အက်ရာတစ်ခု ရှိနေသည်။
“အားကြီးလိုက်တာ”
ထိုနတ်ဘုရား မှင်တက်သွားသည်။ သူ့လက်မောင်းက တစ်ခဏမျှ ထုံထိုင်းသွားသလို ခံစားလိုက်မိသည်။ ပြောရမည်ဆိုလျင် သူ၏ နတ်ပုဆိတ်သည် နတ်ဘုရားမျိုးနွယ်၏ ထိပ်တန်း ရတနာတစ်ပါး ဖြစ်ပြီး နတ်ဘုရားအဆင့် လက်နက်ဖြစ်သောကြောင့် ထိခိုက်ရာထင်အောင် လုပ်ရန် ခက်ခဲလှသည်။ သို့သော် နတ်ဘုရင်အဆင့် သိုင်းပညာရှင်ကြောင့် သူ၏နတ်ပုဆိန်၌ အက်ရာ ထင်လာသဖြင့် အံ့ဩသွားရသည်။
“ညီလေး သတိထားဦး၊ ဒီလူက မဟာနတ်ဆိုးဘုရင် ရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ နတ်ဆိုးရဲ့ ကြောက်စရာကောင်းတဲ့ မဟာနတ်ဆိုး စိတ်ဝိညာဉ်ကို ကျင့်ကြံနေတာ”
“ပြီးတော့ သူ့လက်ထဲက လက်ကိုင်ရိုးရှည်တူက မဟာ နတ်ဆိုးစိတ်ဝိညာဉ်ကို ပြောင်းလဲထားတာ၊ အဲ့လက်နက်ကို ထိခိုက်အောင်လုပ်ဖို့ ခက်ခဲတယ်”
*ဘာ*
သူ၏ညီအစ်ကိုများထံမှ သတိပေးသံကို ကြားပြီးနောက် ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် မှင်တက်သွားသည်။
*မဟာနတ်ဆိုးစိတ်ဝိညာဉ် ဘုရင်တဲ့လား*
ထိုစဉ်အခါက နတ်ဆိုးမျိုးနွယ်၏ မဟာနတ်ဆိုးဘုရင် ရှစ်ယောက်ထဲမှ တစ်ယောက်သည် အင်မော်တယ် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ မျိုးနွယ်ငါးခုထဲ၌ အင်အားအကြီးဆုံးလူတစ်ယောက်လည်း ဖြစ်သည်။
မဟာနတ်ဆိုးစိတ်ဝိညာဉ်ဘုရင်သည် လက်ကိုင်ရိုးရှည်တူနှင့် လောကကို တုန်လှုပ်စေခဲ့ပြီး မရေတွက်နိုင်သော အင်မော်တယ်နှင့် မကောင်းဆိုးဝါးများအား အသားပြားဖြစ်အောင် ထုနှက်ရိုက်သတ်ခဲ့သည်။
နောက်ဆုံးတွင် သူသည် ထိတ်လန့်ခြင်း အရှင်သခင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသဖြင့် ရှုံးနိမ့်သွားလေသည်။ သို့သော် လက်ရှိ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်သည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။
သူ၏မျက်စိရှေ့မှ သိုင်းပညာရှင်က မဟာ နတ်ဆိုးစိတ်ဝိညာဉ်၏ အမွေအနှစ်ကို လက်ခံရရှိနေသည်တဲ့လား”
“တော်သားပဲ၊ မင်း ငါ့တူလက်ချက်ကို တောင့်ခံနိုင်သားပဲ၊ တော်တယ်”
ဝံပုလွေရိုင်းက လှောင်ပြုံးပြုံးလိုက်သည်။ သူ၏စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး ပွက်လောရိုက် သွားသည်။
*တူနဲ့ရိုက်ချတာကို တောင့်ခံနိုင်တယ်တဲ့လား*
*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေသည်။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ဝံပုလွေရိုင်းက ဆက်ပြောလာသည်။
“မင်းက ငါ့တူလက်ချက်နဲ့ အသတ်ခံဖို့ ထိုက်တန်တဲ့ ဒုတိယမြောက်လူပဲ”
ဝံပုလွေရိုင်းက လက်ကိုင်ရိုးရှည်တူကို လွှဲ၍ ထိုနတ်ဘုရားအား ရိုက်နှက်လိုက်သည်။ ရုတ်တရက် လက်ကိုင်ရိုးရှည်တူကြီးက ကြီးမားလာပြီး ကောင်းကင်ကို အုပ်မိုးသွားသည်။ ထိုလက်ကိုင်ရိုးရှည်တူအောက်၌ လေဟာနယ်တစ်ခုလုံး အက်ကွဲလာသည်။
“မျိုးမစစ်ကောင်”
ဤသည်ကိုကြည့်ပြီး ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထိုတူအောက်၌ သူ ထွက်မပြေးနိုင်မှန်း သိလိုက်သည်။
“မင်းမှာ အဲ့လောက်ခွန်အားရှိတယ်လို့ ငါ မယုံဘူးကွ၊ ငါ ချိုးဖဲ့ပစ်မယ်ကွ”
ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်သည် ကိုယ့်ကိုယ်ကိုယ် အလွန် အထင်ကြီးသဖြင့် သူ၏နတ်ဘုရားစွမ်းအင် အားလုံးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် နတ်ပုဆိန်ကို အားဖြင့်လွှဲ၍ လက်ကိုင်ရိုးရှည်တူအား ပြန်လည်တိုက်ခိုက်လိုက်လေသည်။
ပုဆိန်တစ်လက်နှင့် တူတစ်လက်တို့ ထိပ်တိုက်တွေ့သွားသည်နှင့် လူတိုင်း ထိတ်လန့်သွားရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ နတ်ပုဆိန်ပေါ်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ရာများစွာ ထွက်ပေါ်လာ၏။
“မလုပ်နဲ့”
ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် ခြောက်ခြားသွားသည်။ သူ ထွက်ပြေးချင်သော်လည်း နတ်ပုဆိန်က ချက်ချင်း အက်ကွဲသွားပြီး တစ်စစီ ဖြစ်သွားလေသည်။
ထို့နောက် လက်ကိုင်ရိုးရှည်တူသည် ထိုသိုင်းပညာရှင်ရှိရာသို့ ကျရောက်လာသည်။ ထို့အတူ ထိုတူအောက်မှနေ၍ ရဲရဲနီသည့် သွေးများ စိမ့်ထွက်လာလေသည်။ ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်သည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ အသားပြား ဖြစ်သွားလေတော့သည်။ ထိုတူအောက်၌ နတ်ဘုရား စိတ်ဝိညာဉ်ပါ သေဆုံးသွား လေသည်။
ယခုအချိန်၌ ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ နတ်ဘုရား စစ်သည်တော်များအားလုံး မျက်လုံး ကျွတ်ကျမတတ် ပြူးကျယ်နေသည်။
*တူနဲ့ နှစ်ချက်ရိုက်လိုက်တာ နတ်ဘုရားမျိုးနွယ်တစ်ယောက် သေသွားတယ်တဲ့လား*
*တော်တော် ကြမ်းတဲ့ မကောင်းဆိုးဝါးပါလား*
အားလုံးသည် ဝံပုလွေရိုင်းအား မယုံနိုင်ဟန်ဖြင့် ကြောက်လန့်တကြား ကြည့်နေကြသည်။
“ညီလေး”
“ညီလေး”
အသက်ရှင်နေသေးသည့် တစ္ဆေငါးကောင်ထဲမှ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် သုံးယောက်လုံး ကြက်သေ သေသွားသည်။
*ငါးကွက်တည်းပါလား*
သိုင်းကွက်ငါးကွက်တည်းနှင့် သူတို့၏ ညီအစ်ကိုနှစ်ယောက်လုံး အသတ်ခံလိုက်ရလိမ့်မည်ဟု ထင်မထားမိချေ။ လီဖန်းနှင့် ပုန်ကန်သူများအားလုံး ကြောက်လန့်သွားကြသည်။
“သေစမ်း၊ သူတို့က ဘာလို့ ဒီလောက် သန်မာနေရတာလဲ”
လီဖန်း မယုံသင်္ကာ ဖြစ်နေ၏။ ယခင်က သူသည် ထိပ်ပြောင်အားဆန်နှင့် ဝံပုလွေရိုင်းတို့ကို မြင်ဖူးသော်လည်း ထိုသူနှစ်ယောက်က ဤသို့ ကြောက်မက်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါးများ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
စစ်သင်္ဘောရှေ့မှ နတ်ဘုရား အရှင်သခင်ငါးယောက်တောင်မှ မျက်မှောင်ကြုတ်သွားကြသည်။
“မဟာနတ်ဆိုး စိတ်ဝိညာဉ်ရဲ့ အင်အား၊ ဒီလူက မဟာ နတ်ဆိုးစိတ်ဝိညာဉ်နဲ့ ယှဉ်နိုင်တဲ့ အင်အားမျိုး ရှိနေတာပဲ”
သူတို့သည် ကျန်ရှိနေသေးသည့် မိစ္ဆာ ဝိညာဉ်ရိုင်း၊ ပိုင်ယီနှင့် အန်းရှီတို့ကို လှမ်းကြည့်မိပြီး ရင်တုန်သွားကြသည်။
*ဒီကမ္ဘာမြေသား မလောက်လေး မလောက်စားကောင်တွေက တကယ် တိုက်နိုင်ပါ့မလား*
Chapter 686 မရဏဓားနတ်ဆိုး
လူတိုင်း ထိတ်လန့်နေချိန်တွင် မိစ္ဆာဝိညာဉ်ရိုင်းက ရှေ့သို့ ဖြည်းဖြည်းချင်း ထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှနေ၍ မည်သည့် နတ်ဘုရားစွမ်းအင် အငွေ့အသက်မျှ မရပေ။ သူသည် လက်တစ်ဖက်၌ ဓားတစ်လက်ကိုသာ ကိုင်ဆွဲထားသည်။
စူးရှသော မျက်လုံးတစ်စုံက တစ္ဆေနတ်ဘုရားများထဲမှ တစ်ယောက်ကို စိုက်ကြည့်၍ အေးစက်ခါးသီးစွာ ပြောလိုက်သည်။
“ငါ နည်းနည်း အလျင်လိုနေတယ်”
*လီးပဲ*
ထိုစကားကြောင့် တစ္ဆေငါးကောင် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်ထဲမှ တစ်ယောက် မျက်နှာမဲ့သွားသည်။
*အလျင်လိုနေတယ် ဟုတ်လား*
*ဒီကောင့်စကားက တစ်ချက်တည်းနဲ့ မြန်မြန်သေလိုက်တော့လို့ ပြောချင်တာပေါ့လေ*
*မောက်မာလိုက်တာ*
*စောက်ရူး*
ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူသည်လည်း နတ်ဘုရား ဓားရှည်ကို ကိုင်ဆောင်ထားသည်။ ထို့နောက် ဖျတ်ခနဲ လှုပ်ရှား၍ မိစ္ဆာဝိညာဉ်ရိုင်းထံသို့ ပြေးဝင်လာသည်။
ထိုနတ်ဘုရားဓားရှည်၏ ဓားသွား၌ မရဏ အငွေ့အသက်များ လွှမ်းခြုံနေ၏။ ထိုဓားချက်နှင့် ခုတ်မိသည်နှင့် လေဟာနယ်များ အက်ကွဲသွား၍ စိတ်ဝိညာဉ်များအားလုံး သုတ်သခင်ခံရပေလိမ့်မည်။
ထိုဓားချက်ကြောင့် လေပြင်းတိုက်သံကဲ့သို့သော အသံနှင့်အတူ ဟာရီကိန်းမုန်တိုင်းတစ်ခုက မိစ္ဆာ ဝိညာဉ်ရိုင်းထံသို့ ကျရောက်လာသည်။
ဂျွတ်!
အနီးဝန်းကျင်မှ လေဟာနယ်တစ်ခုလုံး အက်ကွဲသွားသည်။ ထိုဓားထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါကြောင့် နတ်ဆိုးများအား တုန်လှုပ်သွားစေသည်။ ထိုဟာရီကိန်း ဓားချက်အောက်၌ သူတို့သည် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အားနည်းသွားသလို ခံစားမိသည်။
မိစ္ဆာဝိညာဉ်ရိုင်း တစ်ယောက်တည်းသာလျင် အေးစက်သော အကြည့်များဖြင့် ရပ်မြဲရပ်နေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဟာရီကိန်းဓားချက်က မိစ္ဆာဝိညာဉ်ရိုင်းပေါ် ကျရောက်လာသည်။
“အောင်မြင်သွားပြီလား”
ဤမြင်ကွင်းကိုကြည့်ပြီး သောင်းချီသော နတ်ဘုရားများက မှင်တက်နေပြီးနောက် ရုတ်တရက် ဝမ်းသာပျော်ရွှင် လာသည်။
ဤဓားချက်အောက်၌ ထိုနတ်ဘုရားနှင့် အဆင့်တူသော နတ်ဘုရားများပင် အသတ်ခံရပေသည်။ ထို့ကြောင့် နတ်ဘုရင်အဆင့်ဆိုပါက ပြောနေစရာပင် မလိုတော့ချေ။
“လတ်စသက်တော့ ပိုးကောင်သာသာ အဆင့်လေးပါးလား၊ ဒါပေမဲ့ ဒါကို အစ်ကိုသုံးနဲ့ ညီလေးအတွက် လက်စားချေတယ်လို့ သဘောထားလိုက်လို့ ရပါတယ်”
ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်သည် တစ္ဆေငါးကောင်ထဲမှ ဒုတိယအဆင့် ရှိသူဖြစ်သည်။ သူ၏ ဟာရီကိန်းမုန်တိုင်း ဓားချက်အောက်၌ မိစ္ဆာဝိညာဉ်ရိုင်း ပိတ်မိနေသည်ကိုမြင်ပြီး သူ စိတ်ချမ်းသာသွားသည်။
ထိုဟာရီကိန်းမုန်တိုင်း ဓားချက်တွင်း၌ လေဟာနယ်အားလုံး အသုံးမဝင်တော့ချေ။ ထို့ကြောင့် သူ ဓားကို ထပ်ခါထပ်ခါ လွှဲ၍ ခုတ်ပိုင်းလိုက်သည်။
သို့သော် ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် စိတ်အေးသွားချိန်တွင် ဟာရီကိန်းမုန်တိုင်း ဓားချက်ထဲမှနေ၍ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“ညီနှစ် သတိထား”
ပထမ တစ္ဆေနတ်ဘုရားက မှင်တက်သွားပြီးမှ သူ၏ ဒုတိယမြောက် ညီမဖြစ်သူအား အသည်းအသန် အော်ဟစ် သတိပေးလိုက်သည်။
ထိုနတ်ဘုရားသည် အနည်းငယ် အံ့ဩသွားပြီးနောက် သူ ပြန်တုံ့ပြန်ရန် ပြင်လိုက်သော်လည်း နောက်ကျ သွားလေပြီ။ သူသည် လက်ထဲမှ ဓားကို အသည်းအသန် ဝှေ့ယမ်း၍ ဓားချက်အား ခုခံရန် ပြင်လိုက်သည်။
ထိုစဉ် ဓားချက်က သူ့ပေါ် ကျရောက်လာပြီး အရာအားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ လူတိုင်း မြင်လိုက်ရသည်မှာ တစ္ဆေငါးကောင်ထဲမှ ဒုတိယမြောက် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် တောင့်ခနဲ ဖြစ်သွားခြင်းပင်။ သူ၏ဓားချက်သည်လည်း လေထဲမှတင် တန့်သွားပြီး ဘာမှမဖြစ်သကဲ့သို့ အရာအားလုံး ရပ်တန့်သွားသည်။
“တားလိုက်နိုင်လား ... တားလိုက်နိုင်တာလား”
လီဖန်းနှင့် အခြားသူများသည် ရင်တဒိန်းဒိန်း ခုန်နေကြလေသည်။ ထိုစဉ် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်၏ နဖူးမှ သွေးများ စီးကျလာပြီး သူ့မျက်နှာ၌ ထိတ်လန့် ခြောက်ခြားနေဟန်များ ထင်ဟပ်နေသည်။
“မရဏ ... မရဏဓားချက်”
ထိုအသံအဆုံး၌ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်၏ နဖူးမှ သွေးများ ဆက်တိုက် စီးကျလာကာ သူ၏ခန္ဓာကိုယ် တစ်ခုလုံး နှစ်ခြမ်းကွဲသွားလေသည်။
ခန္ဓာကိုယ်သည်လည်း နှစ်ခြမ်းကွဲသွားပြီးနောက် နတ်ဘုရား စိတ်ဝိညာဉ်ပါ သေဆုံးသွားလေသည်။
*တစ်ချက်တည်းနဲ့ သေသွားတာပါလား*
ဒုတိယအဆင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် သေဆုံးသွားသည်နှင့် ဟာရီကိန်းမုန်တိုင်းဓားချက်တွင်လည်း ချက်ချင်း အက်ရာထင်လာသည်။ ထို့နောက် တစ်စစီ ပျက်စီးသွားကာ လူတစ်ယောက် ထိုးထွက်လာသည်။
ထိုသူကား မိစ္ဆာ ဝိညာဉ်ရိုင်းပင်။
တစ္ဆေငါးကောင်ထဲမှ ဒုတိယအဆင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်ကို တစ်ချက်တည်းဖြင့် သတ်လိုက်ခြင်းသည် မိစ္ဆာဝိညာဉ်ရိုင်းအတွက် ထမင်းစားရေသောက် ကိစ္စရပ်လို ဖြစ်နေလေသည်။ ထို့နောက် သူသည် နောက်ဆုတ်၍ နတ်ဆိုးများထံသို့ ပြန်သွားသည်။
“မရဏဓားချက်၊ သူက မရဏ ဓားနတ်ဆိုးရဲ့ အမွေဆက်ခံသူပဲ”
ယခုအချိန်၌ သွေးအဆိပ်အရှင်သခင်၏ မျက်နှာက သုန်မှုန်နေသည်။ ပထမဆုံးအနေဖြင့် နတ်ဆိုးဧကရာဇ်၏ ဂုဏ်ကျက်သရေထဲမှ တစ်ခုဖြစ်သည့် နတ်ဆိုးကြေးခွံ သံချပ်ကာ၊ ထို့နောက် မဟာနတ်ဆိုးစိတ်ဝိညာဉ်၏ အမွေအနှစ်ကို ရရှိထားသူ။ ယခုအခါတွင်လည်း မရဏဓားနတ်ဆိုး၏ အမွေဆက်ခံသူကို တွေ့လိုက်ရပြန်သည်။
*မဟာနတ်ဆိုးဘုရင် ရှစ်ယောက်ရဲ့ အမွေအနှစ်ကို ဒီဘာမဟုတ်တဲ့ ကမ္ဘာမြေပေါ်က လူတွေ ဆက်ခံထားနိုင်တာက ဖြစ်နိုင်ပါ့မလား*
*ဒါက ...*
သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများ မျက်နှာမည်းမှောင်နေသည်။ ကျန်ရှိနေသည့် တစ္ဆေငါးကောင်ထဲမှ သိုင်းပညာရှင်နှစ်ယောက်သည်လည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။
တောက်! တောက်!
သူတို့၏နဖူးမှ ချွေးများ စီးကျလာသည်။ ယခုအချိန်၌ သူတို့သည် လက်စားမချေနိုင်ဘဲ နောက်ဆုတ်နေ ကြလေသည်။
ကျန်ရှိနေသေးသည့် မိန်းမပျိုနှစ်ယောက်က ပို၍ကြောက်စရာကောင်းသည်ဟူသည့် ခံစားချက်မျိုး သူတို့ ရနေသည်။
ထိုသို့တွေးမိပြီးနောက် ထိုသိုင်းပညာရှင်နှစ်ယောက်သည် တဖြည်းဖြည်း နောက်ဆုတ်ထွက်ပြေးလာသည်။ ဤအဖြစ်ကြောင့် သိုင်းပညာရှင်များအားလုံး ပွက်လောရိုက်သွားသည်။
မြင့်မြတ်သော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်နှစ်ယောက်က နတ်ဘုရင်အဆင့် အမျိုးသမီးနှစ်ယောက်အား မတိုက်ခိုက်ရသေးခင်ကတည်းက ကြောက်နေလိမ့်မည်ဟု ထင်မထားမိချေ။
နတ်ဘုရား အရှင်သခင် ငါးယောက်၊ သောင်းချီသော နတ်ဘုရား စစ်သည်တော်များနှင့် လီဖန်းတို့ တစ်ဖွဲ့လုံး မျက်နှာပျက်ကာ အံ့အားသင့်နေကြသည်။
ပိုင်ယီနှင့် အန်းရှီတို့က ပြုံး၍ကြည့်နေသည်။
“ထွက်ပြေးတာလား၊ ရှင်တို့ ထွက်ပြေးနိုင်လို့လား”
ထို့နောက် အမျိုးသမီးနှစ်ယောက်က ဖျတ်ခနဲ လှုပ်ရှား၍ ပြေးဝင်လာသည်။
“မကောင်းတော့ဘူး”
ဤမြင်ကွင်းကိုကြည့်ပြီး ငါးယောက်မြောက် တစ္ဆေနတ်ဘုရားနှင့် ပထမမြောက် တစ္ဆေနတ်ဘုရားတို့ ခြောက်ခြား သွားကြသည်။ သူတို့နှစ်ယောက်သည် အချင်းချင်း ဂရုမစိုက်အားတော့ဘဲ ဘေးဘီကိုကြည့်၍ လွတ်ရာကိုသာ ပြေးလေတော့သည်။
မီတာတစ်ရာအတွင်း၌ ငါးယောက်မြောက် တစ္ဆေနတ်ဘုရား၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့၌ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးများစွာတို့ကို တွေ့လိုက်ရသောကြောင့်ပင်။ အားလုံးက တစ်ရုပ်တည်းဖြစ်ပြီး ပိုင်ယီသာ ဖြစ်နေလေသည်။
“မင်း ... မင်း ကိုယ်ပွားတတ်တာလား”
ငါးယောက်မြောက် တစ္ဆေနတ်ဘုရားသည် ဤမြင်ကွင်းကိုမြင်ပြီး နှစ်ခါပြန်မစဉ်းစားဘဲ နောက်လှည့်၍ တစ်ခြားအရပ်သို့ ထွက်ပြေးလေသည်။
ထိုစဉ် ပိုင်ယီက အသာပြုံး၍ ပြောလိုက်သည်။
“သိုင်းကွက်တစ်ဝက်တစ်ပျက်နဲ့တင် လုံလောက်ပြီ”
ထိုသို့ပြောပြီး များစွာသော ပိုင်ယီကိုယ်ပွားများက လက်ကိုဝင့်၍ ငါးယောက်မြောက် တစ္ဆေနတ်ဘုရားအား ရိုက်ချလိုက်သည်။
ရာချီသော လက်ဝါးများက လက်ဝါးလှောင်အိမ်သဖွယ် ငါးယောက်မြောက် တစ္ဆေနတ်ဘုရားအား ချုပ်နှောင် သွားသည်။
“မလုပ်နဲ့”
ငါးယောက်မြောက် တစ္ဆေနတ်ဘုရား ရူးမတတ် ဖြစ်သွားသည်။ သူသည် ပထမ လက်ဝါးချက်ကို ခုခံနိုင်လိုက် သော်လည်း ဒုတိယမြောက် လက်ဝါးချက်ကို မခုခံနိုင်ပေ။
လက်ဝါးချက်များ တစ်ချက်ပြီးတစ်ချက် ကျရောက်လာသောကြောင့် ငါးယောက်မြောက် တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်၌ သွေးရောင်လွှမ်းလာသည်။ နောက်ဆုံးတွင် ငယ်သံပါအောင် အော်ဟစ်ပြီးနောက် လက်ဝါးချက် များကြောင့် ခန္ဓာကိုယ် ပေါက်ကွဲ၍ သေဆုံးသွားလေတော့သည်။
Chapter 687 လက်ချောင်းတစ်ချောင်းနဲ့တင် လုံလောက်တယ်
“ညီငါး”
နောက်ထပ် ညီတစ်ယောက် ပေါက်ကွဲ၍ သေဆုံးသွားသည်ကိုမြင်ပြီး ပထမ တစ္ဆေနတ်ဘုရား ရူးမတတ် ဖြစ်သွားလေသည်။
*လေးယောက်တောင်*
ဤမျှသော အချိန်တိုလေးအတွင်း၌ တစ္ဆေငါးကောင် နတ်ဘုရားထဲမှ လေးယောက်တိတိ အသတ်ခံရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။
“ဘာမဟုတ်တဲ့ ကမ္ဘာမြေကကောင်တွေ၊ သောက်နတ်ဆိုးတွေ”
“ဒီသခင်ကြီး မကျေနပ်ဘူးကွ၊ မင်းတို့ကို သွေးကြွေးပြန်ဆပ်ခိုင်းမယ်ကွ”
လက်ရှိအချိန်၌ လေးစားခံရသော ပထမတစ္ဆေနတ်ဘုရား သည် အရူးတစ်ယောက် ကဲ့သို့ ဖြစ်နေသည်။ သူ၏ ညီလေးယောက်လုံး သေဆုံးသွားသည့်အတွက် သူ တစ်ယောက်တည်း အသက်ရှင်နေလျင်တောင်မှ ဘဝက ဘာမျှအဓိပ္ပာယ် မရှိတော့ချေ။ ယခုအချိန်၌ သူသည် မိမိအသက်ကိုရင်း၍ အန်းရှီ၏အသက်ကို နုတ်ယူချင်နေ၏။
“သေလိုက်စမ်းကွာ”
ရူးမတတ် ကြွေးကြော်သံများ ပဲ့တင်ထပ်လာပြီးနောက် ပထမ တစ္ဆေနတ်ဘုရားထဲမှ မရဏ အငွေ့အသက်များ ထွက်ပေါ်လာသည်။
*ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာပါလား*
ပထမ တစ္ဆေနတ်ဘုရားသည် တိုက်ခိုက်ခြင်းကို လုံးဝလက်လျှော့ထားပုံ ရသည်။ တိုက်ခိုက်လျင် သူ ရှုံးမည်ဆိုသည်ကို သိနေပုံ ရလေသည်။ ယခုအချိန်၌ သူသည် မိမိကိုယ်ကိုယ် ဖောက်ခွဲသည့် သိုင်းကွက်ကိုသုံး၍ အန်းရှီကို သတ်ကာ သူ၏ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ချင်နေ၏။
“တစ္ဆေနတ်ဘုရား မလုပ်နဲ့”
သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ ဤသို့သော ပြောင်းလဲမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားမိပေ။
နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းက အန်းရှီတစ်ယောက်တည်း သေရုံသာမက နတ်ဆိုးများအားလုံး ပျက်ဆီးသွားပေလိမ့်မည်။ ထို့အပြင် နတ်ဘုရား အရှင်သခင် ငါးယောက်နှင့် သောင်းချီသော စစ်သည်တော်များသည်လည်း ထိခိုက်နိုင်၏။ အကျိုးဆက်က အလွန် ပြင်းထန်လွန်းသည်။
“ဟားဟားဟား ... ကမ္ဘာဂြိုဟ်က ပုရွက်ဆိတ်တွေ၊ ဒီသခင်ကြီးနဲ့အတူ သေလိုက်တော့”
ပထမတစ္ဆေ နတ်ဘုရားထံမှ ရူးသွပ်နေသော ရယ်သံ ထွက်ပေါ်လာသည်။ သူ၏ အရေပြားမှ သွေးများ စိမ့်ထွက်လာ၏။ ဖောက်ခွဲခြင်းစွမ်းအင်က ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ချက်ချင်း ပေါက်ကွဲလုမတတ် ဖြစ်လာလေသည်။
ထိုစဉ် အန်းရှီက အထင်သေးစွာ ပြုံးလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်တာလား၊ ဟာသပဲ”
ထိုသို့ပြောပြီးနောက် အန်းရှီ၏မျက်လုံးက အလွန်အမင်း အေးစက်လာသည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်နေသည့် ပထမတစ္ဆေနတ်ဘုရားအား လက်ညှိုးဖြင့် လှမ်းချိန်လိုက်သည်။
“လက်ချောင်းတစ်ချောင်းတည်းနဲ့တင် လုံလောက်တယ်”
ထို့နောက် အန်းရှီ၏လက်ညှိုးမှနေ၍ ဖြူဖွေးသော နှင်းခဲများ ထွက်ပေါ်လာသည်။ ထိုဆီးနှင်းခဲများသည် အလွန် အေးစက်လှပြီး လူတိုင်းအား ခိုက်ခိုက်တုန်သွားစေသည်။
ပို၍ထိတ်လန့်စရာ ကောင်းသည်မှာ အန်းရှီ၏ ဆီးနှင်းခဲများကြောင့် လေဟာနယ်တစ်ခုလုံး အေးခဲသွားခြင်းပင်။ အလွန်အမင်း အေးစက်လှသည့် လေညင်းများက တစ်လောကလုံးကို အေးခဲအောင် ပြလုပ်လိုက်သည်ဟု ထင်မှတ်မှားရသည်။
“ဒါက ... ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပဲ”
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်နေသည့် ပထမတစ္ဆေ နတ်ဘုရားသည် ထိတ်လန့်၍ မျက်နှာဖြူရော်သွားသည်။ ထို့အပြင် ဆန်းကြယ်ရေခဲမှုန်များက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလာပြီး တစ်လောကလုံးနှင့် သူ့အား အေးခဲအောင် လုပ်နေသည်ဟု ခံစားမိလာသည်။ သူ ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။
“မလုပ်နဲ့”
သို့သော် ထိုသို့အော်ဟစ်လိုက်သည်နှင့် ဆီးနှင်းခဲများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမည့်စွမ်းအင်များကလည်း ချက်ချင်း အေးခဲသွားသည်။ အသက်တစ်ခါ ရှူလိုက်သည့် အချိန်တိုလေးအတွင်း၌ ပထမတစ္ဆေနတ်ဘုရားသည် အေးခဲ၍ ရေခဲလူသား ဖြစ်သွားလေသည်။
သူသည် ရုပ်တုကဲ့သို့ အေးခဲ၍ သေဆုံးသွားလေသည်။ သူ၏မျက်လုံးများက ပြူးကျယ်နေပြီး မကျေနပ်စိတ်နှင့် ခြောက်ခြားဟန်များ စွန်းထင်းနေသည်။
ထို့နောက် ရေခဲရုပ်တုတစ်ခုလုံးမှနေ၍ အက်ရာများ ထင်လာသည်။ ထို့နောက် တစ်ကိုယ်လုံး အေးခဲသွားသည့် ပထမတစ္ဆေနတ်ဘုရားသည် တစ်စစီ အက်ကွဲ၍ ရေခဲရိုက်ထားသည့် အသားစအဖြစ် အောက်သို့ ပြုတ်ကျသွားလေသည်။
ဂလု!
ဤအဖြစ်ကြောင့် သောင်းချီသော နတ်ဘုရား စစ်သည်တော်များ တံတွေးကို မနည်းမျိုချလိုက်မိသည်။ နတ်ဘုရားမျိုးနွယ်များအားလုံး ကြက်သီးထနေကြသည်။
*သေသွားပြီလား*
နတ်ဘုရားမျိုးနွယ်၏ နာမည်ကြီး တစ္ဆေငါးကောင် နတ်ဘုရားများအားလုံး အသတ်ခံလိုက်ရသည်။ ထို့အပြင် အားလုံးက သိုင်းကွက် သုံးကွက်၊ နှစ်ကွက်၊ တစ်ကွက်၊ သိုင်းကွက်တစ်ဝက်စာနှင့် လက်ချောင်း တစ်ချောင်း လှုပ်လိုက်သည့် အချိန်အတွင်း အသတ်ခံလိုက်ရသည်။
ဤအဖြစ်က အလွန် ကြောက်စရာကောင်းလှသောကြောင့် နတ်ဘုရားမျိုးနွယ် စစ်သည်တော်များအားလုံး တုန်လှုပ်နေကြသည်။ သူတို့သည် ခေါင်းစခြေဆုံး အေးခဲသွားသယောင် ခံစားမိနေကြသည်။
အထူးသဖြင့် လီဖန်းနှင့် အခြားသူများပင်။ သစ္စာဖောက် ပုန်ကန်သူများအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။
“သန်မာလွန်းတယ်၊ ဒီလူတွေက ဘယ်လိုလုပ် အဲ့လောက် သန်မာနေရတာလဲ”
လီဖန်း မျက်ခုံးလှုပ်နေသည်။ သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများကို သူ စိုးရိမ်တကြီး လှမ်းကြည့်လိုက် သော်လည်း အရှင်သခင်များက မည်သည့် ညွှန်ကြားချက်မှ မပေးချေ။ သူသည်လည်း ဝှက်ဖဲကိုထုတ်၍ မတိုက်ရဲသေးပေ။
“သေကိုသေမှဖြစ်မယ်၊ အဲ့ဒီ နတ်ဆိုးမျိုးနွယ်က ကျန်နေသေးတဲ့ကောင်တွေ သေကိုသေမှ ရမယ်၊ မဟုတ်ရင် ...”
လီဖန်း ဆက်မတွေးနိုင်တော့ချေ။ အကယ်၍ အဆုံးသတ်၌ နတ်ဆိုးမျိုးနွယ်များ အသက်ရှင်နေပါ လီဖန်းဟူသည့် သူ၏ဘဝက မတွေးရဲစရာ ဖြစ်လာတော့မည်ကို သူ သိနေ၏။
“ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်၊ လတ်စသက်တော့ မင်းက ဆန်းကြယ်ရေခဲ ခန္ဓာကိုယ် ပိုင်ရှင်ကိုး”
နတ်ဘုရားစစ်သည်တော်များနှင့် လီဖန်းတို့အဖွဲ့သာမက သွေးအဆိပ် အရှင်သခင်တို့ပါ ထိတ်လန့်နေကြသည်။
ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်သည် စကြဝဠာထဲရှိ ထိပ်တန်း ခန္ဓာကိုယ် ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။ အန်းရှီ၏ လွှမ်းမိုးနိုင်သော ခန္ဓာကိုယ်က ပြီးပြည့်စုံခါနီးနေသည်ကိုသာ သူတို့ သတိထားမိသည်။ သူမ၏ ခန္ဓာကိုယ်သာ ပြီးပြည့်စုံစွာ အဆင့်မြင့်လာပါက သူမသည် စကြဝဠာထဲရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်သည်။
ဤသည်ကိုတွေးမိပြီးနောက် သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများ မျက်နှာပျက်နေကြသည်။
“ဒီကမ္ဘာဂြိုဟ်က ဘယ်လိုဖြစ်တာလဲ”
“ဒီမှာ မကောင်းဆိုးဝါးတွေ ဒီလောက်များများ ပုန်းကွယ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ထိုသို့ပြောပြီးနောက် သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများ၏ မျက်နှာမှ သုန်မှုန်ဟန်များ ပျောက်ကွယ်သွားပြီး သရော်ဟန်များ ပေါ်ပေါက်လာသည်။
“ဒါပေမဲ့ အဲ့လိုလူတွေ ပိုများလေ ဒီသခင်ကြီးနဲ့ အခြားသူတွေက ပိုစိတ်လှုပ်ရှားလေပဲ”
“မင်းတို့ ဒီမကောင်းဆိုးဝါးတွေ အကုန်လုံးကို ဖမ်းနိုင်ပြီး သူတို့ကို နတ်ဘုရား အရှင်သခင်ဆီ ဆက်သနိုင်ရင် ငါတို့ မင်းတို့ကို ဆုလာဘ် အများကြီး ချီးမြှင့်မယ်”
သွေးအဆိပ် အရှင်သခင်က နောက်လှည့်၍ ကျန်အရှင်သခင် လေးယောက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ငါးယောက်သား စစ်သင်္ဘောရှေ့မှနေ၍ အောက်သို့ အတူတကွ ဆင်းသက်လာသည်။ သူတို့ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်မှ ဖြစ်တော့မည်။
နတ်ဘုရား အရှင်သခင် ငါးယောက် ဆင်းသက်လာသည်နှင့် ပြင်းထန်သော အရှိန်အဝါတစ်ခုကပါ ပျံ့နှံ့လာသည်။
“မတတ်နိုင်တော့ပါလား”
နတ်ဘုရား အရှင်သခင် ငါးယောက် ဆင်းလာသည်ကိုမြင်ပြီး မရဏနတ်ဆိုး ခက်ထန်စွာ ပြုံးလိုက်မိသည်။ ထို့နောက် သူက အမှောင်သခင် နတ်ဆိုးဘုရင်နှင့် ချီယန် နတ်ဆိုးဘုရင်တို့ကို ခေါ်၍ ရှေ့ထွက်လိုက်သည်။ သူတို့သုံးယောက်က ထိုငါးယောက်ကို ယှဉ်ချပေတော့မည်။
“မရဏ၊ အမှောင်သခင်၊ ချီယဣန် သတိထားပါ”
“သွေးအဆိပ်တို့ငါးယောက် မြန်မြန်လာနေပြီ၊ သတိထားကြပါ”
ဤသည်ကိုမြင်ပြီး မျက်လုံးတစ်လုံး နတ်ဆိုးနှင့် ငရဲနတ်ဆိုးတို့၏ မျက်နှာတွင် စိုးရိမ်စိတ်များ စွန်းထင်းလာသည်။ အန်းရှီနှင့် အခြားသူများက ထိုနတ်ဆိုးအိုကြီး နှစ်ယောက်အား မျှော်လင့်ချက် အရိပ်အယောင်များကို မြင်စေချင် နေကြသည်။
ယခုတိုက်ပွဲသည် နတ်ဘုရားနှင့် နတ်ဆိုးတို့၏ တိုက်ပွဲကြီး ဖြစ်လေသည်။ သူတို့သာ ရှုံးသွားပါက နတ်ဆိုးများအားလုံး ပျက်စီးရမည်ဖြစ်သလို ကမ္ဘာဂြိုဟ်သည်လည်း ပျက်သုဉ်းသွားပေလိမ့်မည်။ ပြန်လည်ဦးမော့ လာစပြုနေသည့် နတ်ဆိုးမျိုးနွယ်က တစ်ဖန်ပြန်၍ သုတ်သင်ခံရပေလိမ့်မည်။
နတ်ဆိုးအိုကြီးနှစ်ယောက်ကိုကြည့်ပြီး မရဏနတ်ဆိုးက နွေးထွေးစွာ ပြုံးလိုက်သည်။
“အစ်ကိုမျက်လုံးတစ်လုံးနဲ့ အစ်ကိုငရဲတို့ နတ်ဘုရားမျိုးနွယ်က အစ်ကိုတို့ကို နှိပ်စက်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေ အတွက် ကျွန်တော်တို့ ပြန်ပေးဆပ်ခိုင်းမယ်၊ နတ်ဘုရားမျိုးနွယ်က အစ်ကိုတို့ကို အရှက်ရအောင် လုပ်ခဲ့သမျှကို သွေးကြွေးပြန်ဆပ်ခိုင်းမယ်”
ထိုစကားကြောင့် မျက်လုံးတစ်လုံးနတ်ဆိုးနှင့် ငရဲနတ်ဆိုးတို့ မျက်ရည်ကျလာသည်။ နတ်ဆိုးအိုကြီး နှစ်ယောက်သည် နှစ်ရာချီအတွင်း သူတို့၏ အပျော်ဆုံးနေ့ရက်ကို ရောက်လာသလို ခံစားမိလိုက်သည်။
“မရဏနတ်ဆိုး၊ ငါတို့ငါးယောက်က မင်းတို့ နတ်ဆိုးမျိုးနွယ်ကို ဘယ်လိုသတ်ခဲ့သလဲဆိုတာကို မေ့နေတာလား”
“မင်း မေ့နေမှတော့ ငါတို့က မင်း ပြန်မှတ်မိလာအောင် ကူညီပေးရမှာပေါ့၊ မင်းကို အနိုင်ပိုင်းပေးရမှာပေါ့”
ထိုသို့ပြောပြီး သွေးအဆိပ် အရှင်သခင်က အချက်ပြလိုက်သည်။ ထို့နောက် နတ်ဘုရား အရှင်သခင် ငါးယောက်လုံးသည် ဘာစကားမျှ မဆိုတော့ဘဲ မရဏနတ်ဆိုး၊ အမှောင်သခင်နှင့် ချီယန်တို့ထံသို့ သတ်ဖြတ်ချင်စိတ်များဖြင့် ပြေးဝင်လာသည်။
ယခုအချိန်၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များက မရဏနတ်ဆိုးတို့ သုံးယောက်အား လွှမ်းခြုံသွားလေသည်။