← Chapters

အပြောင်းအလဲ

Vol. 65 Ch. 642

အပြောင်းအလဲ

Vol. 65 Ch. 642

ရွှီ... ရွှီ...

ရှေးဟောင်းသစ်ပင်ကြီး၏ ထိပ်တွင်၊ ထို အသက်ရှူသံသည် လူတိုင်း၏နားထဲသို့ ဖြတ်သန်းတိုက်ခတ်သွားပြီးနောက်၊ ပန်ရှန်းဂိုဏ်းသည် ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း၊ စုဟုန်ရှို့၏ သတိပေးမှုကြောင့် သူတို့ အနည်းငယ် ထပ်စောင့်ဆိုင်းခဲ့ကြ၏။

ဤကောင်းကင်ဓား တာအိုကလေးငယ်ပြောသည်မှာ မှန်ကန်ပေသည်။

အစိမ်းရောင် ဖီးနစ်ငှက်မျိုးနွယ်စု၏ ရှေ့မှောက်တွင်ပင်လျှင်၊ ပန်ရှန်းဂိုဏ်းသည် စကားပြောဆိုဆွေးနွေးနိုင်စွမ်းရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ တစ်ဖက်လူအနေဖြင့် မျက်နှာပင် မပြဘဲ သူတို့ကိုခြောက်လှန့်မောင်းထုတ်ရန် အကြောင်းပြချက် မရှိပေ။

နှစ်ဖက်စလုံးသည် တာအိုပေါင်းစည်းခြင်း အဆင့်မှ ထိပ်သီးပုဂ္ဂိုလ်များ ဦးဆောင်နေသော အင်အားစုများ ဖြစ်ကြရာ၊ ဤမျှလောက်အထိ ကြောက်ရွံ့နေရန် အမှန်တကယ်ပင် မလိုအပ်ချေ။

သို့သော်လည်း၊ ထို အသက်ရှူသံ ပျောက်ကွယ်သွားပြီးနောက်၊ အဝေးမှ သစ်ပင်ထိပ်များသည် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့၏။ အသက်ရှူသံ၏ ပိုင်ရှင်သည် တည်ငြိမ်သွားခဲ့ပြီး၊ ဤမျှလောက် ခြိမ်းခြောက်မှုသည် ပန်ရှန်းဂိုဏ်းအား တားဆီးရန် လုံလောက်ပြီဟု ယုံကြည်နေပုံရသည်။

ယန်ချုံကျန်းသည် သူ၏ ဆရာအတွက် ပြဿနာ မဖြစ်စေချင်ခဲ့ပေ။

သို့သော် သူ အမှန်တကယ်သာ လှည့်ထွက်သွားခဲ့လျှင်၊ သူ ပြန်ရောက်သောအခါ သူ၏ ဆရာကိုယ်တိုင်ကပင် သူ၏ မျက်နှာကို ပါးနှစ်ချက်လောက်ရိုက်လာမည်ကို သူ စိုးရိမ်မိသည်။

တာအိုကလေးငယ် တစ်ဦးအနေဖြင့်၊ အပြင်ဘက်ရှိ သူ၏ လုပ်ရပ်များသည် ပန်ရှန်းဂိုဏ်းတစ်ခုလုံးကို ကိုယ်စားပြုနေပေ၏။

အစိမ်းရောင် ဖီးနစ်ငှက်မျိုးနွယ်စုသည် အမှန်တကယ်ပင်ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ပန်ရှန်းဂိုဏ်းအနေဖြင့် အနည်းငယ် အလျှော့ပေးလေးစားမှုပြသခြင်းမှာ ရှက်စရာ မဟုတ်သော်လည်း၊ ၎င်းသည် ပြိုင်ဘက်က မသေမျိုးဂိုဏ်း၏ ဂုဏ်သိက္ခာကို မြေပြင်ပေါ်သို့ ဆွဲချနင်းနယ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

သို့ဖြစ်၍၊ အခြေအနေမှာ အကျပ်အတည်းတစ်ခုတွင် ရပ်တန့်နေခဲ့၏။

ပန်ရှန်းဂိုဏ်းသည် တိုက်ခိုက်မှုကို ဆက်လက် မလုပ်ဆောင်သကဲ့သို့၊ ထွက်လည်း မသွားကြပေ။

ကမ္ဘာမြေအမှောင်စပါးအုံးမြွေများ အုပ်စုသည် အလယ်တွင် ပိတ်မိနေပြီး ကောင်းကင်ထက်ရှိ ပုံရိပ်သုံးခု၏ စောင့်ကြည့်ခြင်းကို ခံနေရ၏။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီး၏ လက်ထဲရှိ ကျောက်စိမ်းဖြူဓားသည် ၎င်းတို့အပေါ် ကြီးမားသော ဖိအားများကို သက်ရောက်စေခဲ့သည်။

သစ်ပင်ထိပ်မှ အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက်၊ အနည်းငယ်ငယ်ရွယ်သော တစ္ဆေစပါးအုံးမြွေတစ်ကောင်သည် ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

အရေးကြီးသောနေရာတွင် ဆုပ်ကိုင်ခံထားရသဖြင့်၊ ၎င်းသည် ပန်ရှန်းဂိုဏ်း အကြီးအကဲ တစ်ဦး၏ညှပ်ဆွဲထားသကဲ့သို့သော ထိန်းချုပ်မှုမှ လွတ်မြောက်ရန် အလိုအလျောက် ကြိုးစားလိုက်၏။

ဘန်း

စွမ်းအားကြီးမားသော နတ်ဆိုးခန္ဓာကိုယ်သည် ထို ပန်ရှန်းဂိုဏ်း အကြီးအကဲ၏ လက်မောင်းများနှင့် ရုတ်တရက် ဝင်တိုက်မိသွားသည်။

ပြင်းထန်သော စွမ်းအင်အငွေ့အသက်အတက်အကျများကြားတွင်၊ ယခင်က အပ်ကျသံကိုပင်ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သော ရှေးဟောင်းသစ်ပင်ကြီး၏ ပတ်ဝန်းကျင် လေထုမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

စပါးအုံးမြွေနတ်ဆိုး ဖြစ်စေ၊ ကျင့်ကြံသူ ဖြစ်စေ၊ အားလုံးသည် သတိဝီရိယအပြည့်ဖြင့် အသင့်အနေအထားဖြစ်သွားကြပြီး ဤအပြောင်းအလဲကို တုံ့ပြန်ရန်အတွက် ၎င်းတို့၏ အပြင်းထန်ဆုံးသော ခွန်အားများကို ထုတ်ဖော်လိုက်ကြသည်။

သွေးနီရဲရဲများ ထပ်မံပန်းထွက်လာခဲ့၏။ စပါးအုံးမြွေနတ်ဆိုး၏ ရှူးရှူးရှားရှား အသံများသည် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်ကြံသူများ ၏ ဟိန်းဟောက်သံများနှင့် ရောနှောသွားပြီး၊ အမျိုးမျိုးသော တာအိုလက်နက်များ၏ တောက်ပသော အလင်းရောင်များနှင့် မှေးမှိန်သော နတ်ဆိုးအငွေ့အသက်များ ပေါင်းစပ်ကာ သစ်ပင်ထိပ်ဖျားကို လင်းထိန်သွားစေခဲ့သည်။

"ယန်ချုံကျန်း သခင်ဖီးနစ်ရဲ့ ရှေ့မှောက်မှာ မင်းက ဘယ်လိုလုပ် ရိုင်းရိုင်းစိုင်းစိုင်းပြုမူရဲရတာလဲ"

တစ္ဆေစပါးအုံးမြွေ သခင်‌လေးက မခံမရပ်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်၏။

အစိမ်းရောင်ဖီးနစ်ငှက် ဤနေရာတွင် ရှိနေသော်ငြားလည်း၊ ၎င်း၏ ကိုယ်ပိုင် မျိုးနွယ်စုသည် ဤမျှကြီးမားသော တန်ဖိုးကို ပေးဆပ်နေရဆဲ ဖြစ်သည်ကို ၎င်းမယုံနိုင်အောင် ဖြစ်နေသည်။

အချိန်တိုအတွင်းမှာပင်၊ ကျင့်ကြံခြင်း အဆင့်နိမ့်သူများမှာ ပြင်းထန်စွာထိခိုက်သေကြေခဲ့ရပြီး၊ကျောက်စိမ်းဖြူမြို့တော် အဆင့်နှင့် နှိုင်းယှဉ်နိုင်သော ၎င်းတို့မျိုးနွယ်စုအတွင်းရှိ အကြီးအကဲများမှာ ပန်ရှန်းဂိုဏ်းနှင့် တိုက်ပွဲတွင် မျှတစွာယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့သော်လည်း၊ ထိုအမည်မသိ ကျင့်ကြံသူသုံးဦး လှုပ်ရှားလိုက်သောအခါတွင်မူ အခြေအနေများမှာချက်ချင်း ပြိုလဲသွားခဲ့ပြီး၊ ၎င်းတို့ကို အသေအလဲ ရုန်းကန်ရသည့် အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။

"ဘယ် သခင်ဖီးနစ်ကို ငါက သိလို့လဲ။"

မူလက တုံ့ဆိုင်းနေခဲ့သော ယန်ချုံကျန်းသည် ဤစကားကိုကြားသောအခါ နောက်ဆုံးတွင် မျက်လုံးများကိုပင့်လိုက်ပြီး "သူ ဘယ်မှာလဲ။ ငါတော့ မတွေ့ပါဘူး။"

အစိမ်းရောင်ဖီးနစ်ငှက်က ဤမျှလောက် မာနကြီးနေလျှင်၊ ပန်ရှန်းဂိုဏ်း လေးစာမှုမပြသည်ကို အပြစ်မတင်သင့်ပေ။

တစ်ဖက်လူက ဝင်ရောက်စွက်ဖက်ခြင်း မရှိသောကြောင့်၊ သူတို့ကလည်း ဘာမှမကြားရသယောင် ဟန်ဆောင်နေလိုက်လို့ ရသည်။ တာအိုပေါင်းစည်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော အစိမ်းရောင် ဖီးနစ်ငှက်မျိုးနွယ်စုမှ မဟာနတ်ဆိုးကြီးများထံသို့ သူတို့ ပြန်လည်တိုင်ကြားမည်ဆိုလျှင်ပင်၊ ၎င်းသည် ပန်ရှန်းဂိုဏ်းမှ တမင်တကာ ပြဿနာရှာခြင်းအဖြစ် သတ်မှတ်၍ မရနိုင်ပေ။

ဤသို့တွေးမိသည်နှင့်၊ ယန်ချုံကျန်းသည် ဝေ့ယွမ်ကျိုးဘက်သို့ ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီးနောက်၊ နေရာရွှေ့ပြောင်းခြင်းနည်းစနစ် ကို အသုံးမပြုဘဲ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုသာ အားကိုးကာ၊ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီးနှင့်အတူ တစ္ဆေစပါးအုံးမြွေသခင်လေးထံသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားခဲ့သည်။

ဘန်း ..ဘန်း ...

ထိုအခိုက်အတန့်မှာပင်၊ ပို၍ပင်ကျယ်လောင်သော နားကွဲမတတ်ပေါက်ကွဲသံကြီးတစ်ခု ကောင်းကင်ယံတွင်ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဖမ်းစားသွားခဲ့၏။

သူတို့ မြင်တွေ့လိုက်ရသည်မှာ ကျယ်ပြန့်သော တောင်ပံများ၊ ထက်ရှသော ခြေသည်းများနှင့်၊ ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးမှ စူးရှတောက်ပသော အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည့် ဧရာမဖီးနစ်ငှက်ကြီး တစ်ကောင်ပင် ဖြစ်သည်။

စူးရှသော အော်ဟစ်သံကြီးနှင့်အတူ၊ ၎င်းသည် အလင်းတန်းများကို နောက်ချန်ရစ်ကာ ကောင်းကင်ယံကို ဖြတ်သန်း၍ အောက်သို့ ထိုးဆင်းလာခဲ့၏။

ဤ အစိမ်းရောင်ဖီးနစ်ငှက်သည် ဒေါသထွက်နေသည့် အခြေအနေတွင် ရှိနေသည်မှာ ရှင်းလင်းလှ၏။ ၎င်း၏ ပြင်းထန်သော ဒေါသအငွေ့အသက်မှာအလွန်ပြင်းထန်လှသဖြင့် နတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းသွားစေမည့်အလား ထင်မှတ်ရပြီး၊ ထို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကြောင့် စုဟုန်ရှို့၏ ဝတ်ရုံသည် ပထမဆုံးအကြိမ်အဖြစ် လွင့်ခါသွားခဲ့ကာ၊ သူမအား အန္တရာယ်မှကာကွယ်ရန် ထိုဒုတိယ မသေမျိုးမြို့တော်မှ တာအိုလက်နက်ကို စတင်အသုံးပြုလာခဲ့သည်။

"..."

စုဟုန်ရှို့၏ မျက်နှာအမူအရာမှာ ပို၍ လေးနက်တည်ကြည်သွားခဲ့၏။

ဤတစ်ကြိမ်သည် အနန္တတာအိုအင်ပါယာဂိုဏ်း ကို မြင်တွေ့ရခြင်းနှင့် ကွာခြားပေသည်။

ထိုစဉ်က မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားခဲ့သော်လည်း၊ သူတို့သည် ထိုအရာ၏ ကိုယ်ပိုင်ဖြစ်တည်မှုကို မမြင်တွေ့ခဲ့ရချေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ၊ ဤ အစိမ်းရောင်ဖီးနစ်ငှက်ကြီးထံမှ ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုမှာ အမှန်တကယ်ပင်လက်ဆုပ်လက်ကိုင်ပြနိုင်လောက်အောင် ထင်ရှားနေပေသည်။

နတ်ဆိုးများအတွက်မူ၊ အဆင့်တူညီသူများပင်လျှင် လုံးဝကွဲပြားခြားနားသော ခွန်အားများကို ပိုင်ဆိုင်ထားနိုင်ပေ၏။

ကွဲပြားသော နတ်ဆိုးမျိုးနွယ်စုများ၏ နတ်စွမ်းရည်များနှင့် သွေးမျိုးဆက်စွမ်းရည်များသည် ကျင့်ကြံသူများ၏ ကွဲပြားသော ကျင့်စဉ်နည်းစနစ်များကြားရှိ ကွာဟချက်များထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနိုင်ပေသည်။

အချို့သော နတ်တိုး နတ်စွမ်းရည်များသည်မသေမျိုးနိယာမများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ကောလာဟလများ ရှိပေသည်။

ဤ မျိုးနွယ်စုများသည် မိုးမြေ၏ အချစ်တော်များအဖြစ် မွေးဖွားလာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အရွယ်ရောက်သည်အထိ အသက်ရှင်သန်နေသရွေ့၊ကျင့်ကြံသူအများစု၏ တစ်သက်တာလုံး ပင်ပန်းဆင်းရဲစွာကျင့်ကြံအားထုတ်မှုများကို သဘာဝအလျောက် ဖုံးကွယ်လွှမ်းမိုးသွားနိုင်ရာ ပြင်းထန်သောမနာလိုမှုများကို ဖြစ်ပေါ်စေသည်။

ဤ အစိမ်းရောင်ဖီးနစ်သည် ထိုအဆင့်နှင့် ဝေးကွာနေသေးသော်လည်း၊ အနည်းဆုံးတော့ ၎င်းသည် ပန်ရှန်းဂိုဏ်း၏ တာအိုကလေးငယ်ထက် များစွာ ပိုမို အားကောင်းနေပေသည်။

မည်သည့် နောက်ခံ သို့မဟုတ် အင်အားကိုမျှ ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ၊ ဤ အစိမ်းရောင် ဖီးနစ်ကိုသာ အခြေခံ၍ကြည့်မည်ဆိုလျှင်ပင်၊ ပန်ရှန်းဂိုဏ်းနှင့် သူတို့သုံးဦး၏ ရှေ့မှောက်တွင် ထို တစ္ဆေစပါးအုံးမြွေကြီးကို အတင်းအကျပ် ပြန်လည်ရယူခြင်းက ပြဿနာတစ်ခု မဟုတ်ကြောင်းပြောစရာပင် မလိုတော့ချေ။

စုဟုန်ရှို့ ကိုယ်တိုင်ပင် ထိုသို့ တွေးမိရာ

အခြားသူများကို ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။

အခြား အချိန်များတွင်သာဆိုလျှင်၊ ယန်ချုံကျန်းသည် ဤမျှမိုက်မဲသောကောင်ကို မွေးထုတ်ပေးခဲ့သော အစိမ်းရောင်ဖီးနစ်ငှက်မျိုးနွယ်စုအား ပြင်းထန်စွာ ဆုံးမဝေဖန်ချင်ပေလိမ့်မည်။

ပန်ရှန်းဂိုဏ်းသည် ဤကဲ့သို့ စွမ်းအားကြီးမားသော မဟာနတ်ဆိုးကြီး အင်အားစုကို ကြောက်ရွံ့သည်မှာ မှန်သော်လည်း၊ ၎င်းသည် သူတို့၏ ဖီးနစ်ငှက် မျိုးနွယ်စုအနေဖြင့် နေရာတိုင်းတွင် အခြားသူများကို ရန်စနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ချေ။

အကယ်၍ အမှန်တကယ်သာ ထိုမျှစွမ်းအားကြီးမားပါက၊ နဂါးနန်းတော်၏ ဖိအားပေးမှုအောက်တွင် နယ်မြေကို အတင်းအကျပ်ဖယ်ပေးရလိမ့်မည် မဟုတ်ဘဲ၊ နဂါးဘုရင်ကိုယ်တိုင် သူ၏ နန်းတော်ကို ဘေးသို့ဖယ်ရှားကာ သူတို့အတွက် နေရာဖယ်ပေးလိမ့်မည်။

ကောင်းမွန်စွာ မဆွေးနွေးတိုင်ပင်တော့ဘဲ၊၎င်းအစား သူတို့သည် ကိစ္စရပ်များကို ဤအခြေအနေအထိ တွန်းပို့ခဲ့ကြ၏။

သို့သော် ယခုအခါတွင်မူ၊ ဤ ပန်ရှန်းဂိုဏ်း၏ တာအိုကလေးငယ်သည် မျက်လုံးထောင့်များကို တွန့်လိမ်လျက်ကောင်းကင်ထက်ရှိ အပြာရောင် ဖီးနစ်ငှက်ကြီးကိုသာ စိုက်ကြည့်နေတော့သည်။

All Chapters