အခန်း (၇၀၀-၇၀၂)
Vol. 47 Ch. 700-702
Chapter 700 သူကိုး
*ဒီကောင် အရူးပဲ*
သူ၏အမြင်တွင် ယဲ့ဖန်သည် အရူးတစ်ယောက်သာ ဖြစ်သည်။ သူသည် ဝှက်ဖဲကို ထုတ်ဖော်၍ ပြသလိုက် သော်လည်း တစ်ဖက်လူက သူ့ကို သတ်ရဲနေသေးသဖြင့် တစ်ဖက်လူ၏ ရက်စက်မှုကြောင့် မသေမျိုး ဟေးဒီးစ် တုန်လှုပ်သွားရသည်။
ထို့အပြင် ယဲ့ဖန်၏မျက်လုံးမှ သတ်ဖြတ်ချင်စိတ် အရိပ်အယောင်ကို တွေ့လိုက်ရသဖြင့် မသေမျိုး ဟေးဒီးစ် ခြောက်ခြားသွားသည်။
“ကောင်းပြီလေ၊ တော်တော်ကို မဆင်မခြင် ပြုမူရဲတဲ့ အရူးပဲ”
“ဒီလိုဆိုမှတော့ ဒီဘုရင်ကြီးက မင်းကို နတ်မင်းဆိုတာ ဘာလဲ သိအောင် ပြရသေးတာပေါ့”
ထို့နောက် မသေမျိုး ဟေးဒီးစ်က မျက်ခုံးကို လက်ဖြင့် ထိလိုက်သည်။ ထို့နောက် မျက်ခုံးပေါ်ရှိ ရဲရဲနီနေသည့် သရဖူ သင်္ကေတကို ဆွဲစုတ်လိုက်သည်။ ထိုအခါ သွေးများစီးကျလာပြီး ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
*ဒါနတ်ဆိုးအမြုတေပဲ*
မသေမျိုး ဟေးဒီးစ်၏ နတ်ဆိုးအမြုတေက အလွန်ထူးဆန်း၍ နတ်ဆိုးဆန်ကာ သရဖူသင်္ကေတ ရှိလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။
ထို့အပြင် မသေမျိုး ဟေးဒီးစ်က ရူးသွပ်နေသော မျက်လုံးများဖြင့် နတ်ဆိုးအမြုတေကို မြှောက်ကာ ကောင်းကင်ကို မော့ကြည့်၍ စကားစလိုက်သည်။
“လေးစားရပါသော နတ်မင်းခင်ဗျား၊ ကျွန်တော်က မသေမျိုး မျိုးနွယ်ကပါ”
“မသေမျိုုး ကျန်းရှုံးလို့ခေါ်ပါတယ်၊ ကျေးဇူးပြုပြီး ဒီသရဖူကြောင့် ကိုယ်ထင်ပြပြီး ကျွန်တော့်အတွက် ဒီလူသတ်သမားကို သတ်ပေးပါ”
ထိုစကားအဆုံး၌ ရဲရဲနီနေသော သရဖူပုံစံ အမြုတေမှနေ၍ အနီရောင် အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ဤမြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားကြသည်။
ဂျိန်း!
ကြောက်စရာကောင်းသော မိုးကြိုးပစ်သံနှင့်အတူ ကောင်းကင်ကြီးတစ်ခုလုံး လှုပ်ခါလာသည်ဟု ထင်မှတ်ရသည်။ ထို့နောက် မိုးကောင်းကင်၏ အပေါ်မှနေ၍ မှင်ကဲ့သို့ နက်မှောင်လှသည့် အက်ရာတစ်ခု ပေါ်ထွက်လာသည်။ ထိုအက်ရာမှနေ၍ ကြောက်စရာကောင်းလှသည့် အရှိန်အဝါများ စိမ့်ထွက်လာလေသည်။
“သေစမ်း၊ အဲ့ဒါ ဘာကြီးလဲ၊ ဘာလို့ အဲ့အရှိန်အဝါနဲ့တင် ငါ တုန်ယင်နေရတာလဲ”
“ဒီလောကရဲ့ အပေါ်ဘက်မှ တကယ်ပဲ လောကတစ်ခု ရှိနေတာလား၊ အဲ့ဒါတွေက နတ်မင်းတွေလား”
“သန်မာလွန်းတယ်၊ ဒီအရှိန်အဝါအောက်မှာ ငါ့ကိုယ်ငါ အဖြစ်မရှိသလို ခံစားမိတယ်”
“…”
ထိတ်လန့်တကြား ပြောဆိုနေသံများက နတ်ဘုရား စစ်သည်တော်များနှင့် နတ်ဆိုးများထံမှ ဆက်လက် ထွက်ပေါ်နေသည်။ လက်ရှိအချိန်၌ သိုင်းပညာရှင်တိုင်းသည် ထိုအရှိန်အဝါအောက်တွင် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အားနည်း၍ သွေးပျက်သလိုခံစားမိနေသည်။ ခေါင်းပြောင်ငှက်တောင်မှ နောက်ဆုတ်မိ သွားရသည်။
“နတ်မင်းတဲ့လား”
မသေမျိုး ဟေးဒီးစ်က အပေါ်လောကမှ အုပ်ချုပ်သူတစ်ပါးကို ဖိတ်ခေါ်နေမှန်း သူ သိလေသည်။ အကယ်၍ သူတို့သာ ရောက်လာပါက ဤလောကကြီး အုတ်အော်သောင်းနင်း ဖြစ်သွားပေမည်။ တစ်လောကလုံး ကံဆိုးမိုးမှောင် ကျသွားပေမည်။
ဤသည်ကို တွေးမိပြီး ခေါင်းပြောင်ငှက်သည် တစ်ကိုယ်လုံးရှိ အမွေးများ ထောင်လာပြီး မျက်ခုံးလှုပ်လာသည်။
ဝှစ်!
အားလုံး စိတ်ဝင်တစားဖြင့် ကြည့်နေချိန်တွင် အက်ရာထဲမှ မြွေဖြူတစ်ကောင်ကဲ့သို့ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။ ထိုအက်ရာထဲမှ မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
“ဘယ်သူ ငါ့ကို အော်ခေါ်တာလဲ”
နေအဖွဲ့အစည်း တစ်ခုလုံးသည် ထိုအသံမှ ဖိအားကို တောင့်မခံနိုင်သကဲ့သို့ တုန်ခါလာသည်။ ထိုအသံကို ကြားပြီး မသေမျိုး ဟေးဒီးစ် အလွန် ပျော်ရွှင်သွားလေသည်။
ထို့နောက် အလျင်အမြန် ဒူးထောက်၍ ကောင်းကင်ထက်မှ နတ်ဘုရားအား သုံးကြိမ် ဦးညွှတ် ဂါဝရပြုလိုက်သည်။
“မသေမျိုး မျိုးနွယ်က ကျန်းရှုံးပါ၊ အရှင်နတ်မင်းခင်ဗျား၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပြီးတော့ ငရဲဘုံက ပုရွက်ဆိတ်လိုကောင်ကို သတ်ပေးပါ”
*မသေမျိုးမျိုးနွယ်လား*
ထိုစကားလုံးကြောင့် အက်ရာထဲမှ ပုဂ္ဂိုလ်က အေးတိအေးစက် လှောင်ရယ်လိုက်ပြီး အလွန် အထင်သေးဟန်ဖြင့် ပြောလေသည်။
“မသေမျိုးမျိုးနွယ်က ကလေးတွေက ဘယ်အချိန်ကတည်းက ဒီလောက် အသုံးမကျတော့တာလဲ၊ ငရဲဘုံက ပုရွက်ဆိတ်လေးကိုတောင် မသတ်နိုင်တော့ဘူးလား”
“ပြီးတော့ ဒီနတ်မင်းက အခုတလော စိတ်အခြေအနေ မကောင်းဘူး၊ ဒီတော့ ဒီပုရွက်ဆိတ်တွေကို သတ်ပြီး စိတ်အခြေအနေ ကောင်းအောင် လုပ်ရမယ်”
ထိုစကားသံအဆုံးထဲ၌ အက်ရာထဲမှနေ၍ ရွှေရောင် ခြေထောက်တစ်ဖက် ထွက်လာသည်။ ထိုရွှေရောင် ခြေထောက်ကို မြင်သည်နှင့် လူတိုင်း မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားကြသည်။
ထိုခြေထောက်သည် ကောင်းကင်နှင့် မြေကြီးကို စိစိညက်ညက် ကျေအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ခံစားမိလိုက်ကြသည်။
“ဟားဟားဟား … ကောင်းလိုက်တာ၊ ကောင်းကင်ဘုံက နတ်မင်း ရောက်လာပြီဆိုတော့ နတ်ဆိုးဧကရာဇ်တော့ သေတော့မှာပဲ”
သွေးအဆိပ် အရှင်သခင်၏ မျက်နှာ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာသည်။ အစောပိုင်းက သူသည် မသေမျိုး ဟေးဒီးစ် ထပ်ခါထပ်ခါ ပေါက်ကွဲသေဆုံးသည်ကို မြင်ပြီး စိတ်ဓာတ်ကျသွားခဲ့သည်။
သို့သော် ယခုအခါတွင်တော့ အလွန် ဝမ်းသာနေလေ၏။ ကြောက်စရာကောင်းသော နတ်မင်းက ပြန်လည် မွေးဖွားလာသော နတ်ဆိုးဧကရာဇ်အား လက်နှစ်ဖက်ဖြင့် ညှစ်သတ်နိုင်သည်ဟု တပ်အပ် ခံစားမိနေသည်။
သူပင် မကချေ။ ယခုအချိန်၌ အပျော်ဆုံးသူကို ပြပါဆိုလျင် လီဖန်းကို ပြရပေမည်။ သစ္စာဖောက်တစ်ယောက် ဖြစ်သောကြောင့် ယဲ့ဖန် မသေလျင် သူ သေပေလိမ့်မည်။
သူသည် နဂါးငွေ့တန်း၏ ဧကရာဇ် ဖြစ်ချင်နေသောကြောင့် ယဲ့ဖန်ကိုသာ သေစေချင်နေ၏။ သူ့အတွက် ယဲ့ဖန် အသေဆိုးဖြင့် သေရလေ ပိုကောင်းလေ ဖြစ်သည်။
ထိုစဉ် ကောင်းကင်ထက်ရှိ အက်ရာက ပိုပို၍ ကြီးမားလာသည်။ ရွှေအိုရောင်ပုံရိပ်က ကောင်းကင်ထက်မှ ဆင်းသက်လာလေသည်။
နောက်ဆုံးတွင် ထိုပုဂ္ဂိုလ်၏ တစ်ကိုယ်လုံးက အက်ရာထဲမှ ထွက်လာပြီး ကမ္ဘာဂြိုဟ်ပေါ်သို့ ရောက်ရှိလာသည်။ ထိုသူသည် လူ့ဘီလူးကဲ့သို့ ခန္ဓာကိုယ်က ကြီးမားလှသည်။ သို့သော် သူ့၌ လက်တစ်ဖက်နှင့် ခြေထောက် တစ်ဖက်သာ ရှိလေသည်။ သို့သော် သူ၏အရှိန်အဝါက နေအဖွဲ့အစည်း တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ထိုရွှေအိုရောင် လူ့ဘီလူကြီး၏ ဘေးပတ်လည်၌ လျှပ်စီးမိုးကြိုးများ ရစ်ဝဲနေသည်။ ထိုပုဂ္ဂိုလ်၏ ပြတ်သွားသော လက်တစ်ဖက်နှင့် ခြေတစ်ဖက်ကို ကြည့်ပြီး မြေပြင်ပေါ်ရှိ သိုင်းပညာရှင်များအားလုံး ကြက်သီးထ သွားကြသည်။
မည်သို့သောပုဂ္ဂိုလ်မျိုးက ဤသို့ အပေါ်လောကရှိ နတ်မင်း၏ လက်နှင့်ခြေကို ဖြတ်လိုက်နိုင်သလဲဟု တွေးမိ နေကြသည်။
“မင်းက ဘယ်သူ့ကို သတ်ချင်တာလဲ”
လက်တစ်ဖက်၊ ခြေတစ်ဖက်သာ ရှိသော နတ်ဘုရားက သတ်ဖြတ်ချင်ဟန်ဖြင့် စကားစလာသည်။ ထိုအသံကြောင့် မသေမျိုး ဟေးဒီးစ် တုန်သွားပြီး ခေါင်းကိုငုံ့၍ ပြန်ပြောလိုက်သည်။
“အရှင်၊ ကျွန်တော် သတ်ချင်တဲ့သူက … သူပါပဲ”
ထိုသို့ပြောပြီး မသေမျိုး ဟေးဒီးစ်က ရုတ်တရက် ယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။ ရွှေအိုရောင် နတ်ဘုရားက မသေမျိုး ဟေးဒီးစ် လက်ညှိုးညွှန်ရာသို့ လိုက်ကြည့်လိုက်လေသည်။
ထိုနေရာ၌ အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင်ရှိသော လူငယ်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ထိုလူငယ်လေးက သူတို့အား ပြုံးတုံ့တုံ့အကြည့်များဖြင့် ကြည့်နေလေသည်။ သူ့ပုံစံက ရယ်ချင်နေပုံရသည်။ အထင်သေးနေသည့်ပုံပင်။
ယဲ့ဖန်ကိုမြင်သည်နှင့် လက်တစ်ဖက်နှင့် ခြေတစ်ဖက်သာ ရှိသော နတ်ဘုရားသည် ခေါင်းမွေးထောင်သွားပြီး မှင်တက်သွားသည်။
“ဟုတ်ပါတယ် … သူပါပဲ”
နတ်ဘုရားသည် သရဲသဘက်ကို တွေ့လိုက်ရသည့်ဟန်ဖြင့် ယဲ့ဖန်ကို ကြည့်နေလေသည်။ ကောင်းကင်ဘုံ နတ်ဘုရားက တစ်ကိုယ်လုံး တုန်ယင်နေသည်ကို မည်သူမျှ သတိမထားမိချေ။ ကြောင်က ကြွက်ကို မြင်လိုက်ရသောကြောင့် ကြောက်နေသလိုပင်။
“အရှင်နတ်မင်းခင်ဗျား၊ ကျွန်တော်က အထက်လောကက မသေမျိုးပါ၊ ဒါပေမဲ့ ကျွန်တော်က ဒီရောက်နေပြီးတော့ ဒီလူက ကျွန်တော့်ကို သတ်ချင်နေပါတယ်။ ဒါက အထက်လောကကို မလေးမစား လုပ်တာပါပဲ”
မသေမျိုး ဟေးဒီးစ်သည် နတ်ဘုရားကို မကြည့်ရဲဟန်ဖြင့် ခေါင်းကို ဆက်ငုံ့ထားပြီး ကတုန်ကယင်ဖြင့် ပြန်ပြောလေသည်။
“အခုပဲ လှုပ်ရှားပြီးတော့ သတ်ပေးပါ၊ ကျွန်တော့်အတွက် ဒီလောကမှာ သူ မရှိမှဖြစ်မှာပါ”
မသေမျိုး ဟေးဒီးစ်က ကောင်းကင်တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားအောင် အော်ပြောလိုက်သည်။ ထိုစကားကြောင့် သွေးအဆိပ် အရှင်သခင်ကလည်း နတ်ဘုရားအား ခပ်သွက်သွက် ဒူးထောက် အရိုအသေပေးလိုက်သည်။
“ဒီကောင်ကို သတ်ပေးဖို့ နတ်မင်းကို တောင်းဆိုပါတယ်”
ဤမြင်ကွင်းကြောင့် လီဖန်းနှင့် နတ်ဘုရား စစ်သည်တော်များကလည်း အလျင်အမြန် လှုပ်ရှားလာသည်။ အားလုံး ဒူးထောက်၍ အရိုအသေ ပေးလိုက်သည်။

ထိုအသံများက ကောင်းကင်အနှံ့ ပဲ့တင်ထပ်နေသည်။ သွေးအဆိပ် အရှင်သခင်၊ လီဖန်းနှင့် အခြားသူများ အားလုံးက ဝမ်းသာအားရ ပြုံးနေကြလေသည်။
နတ်မင်းက ယဲ့ဖန်အား သတ်ဖြတ်ပစ်တော့မည်ဟု မြင်ယောင်ကာ ပျော်ရွှင်နေကြသည်။ သို့သော် ထိုသို့သောအချိန်၌ ထွက်ပေါ်လာသော ယဲ့ဖန်၏အသံကြောင့် အားလုံး မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားကြသည်။
“ငါ ပထမတစ်ခေါက်က မင်း လက်ကိုဖြတ်ခဲ့တယ်၊ သိပ်မကြာခင်ကလည်း မင်းခြေထောက်ကို ဖြတ်ခဲ့တယ်၊ အခု မင်းက ငါ့လက်ထဲမှာ သေချင်နေတာလား”
Chapter 701 မသေမျိုး ဟေးဒီးစ် သေလေပြီ
“မင်းက ငါ့လက်ထဲမှာ သေချင်နေတာလား”
ထိုအသံက အလွန် အေးတိအေးစက် နိုင်လှသည်။ ထိုအသံကို ကြားသည်နှင့် သိုင်းပညာရှင်များအားလုံး တုန်ယင် သွားကြလေသည်။ သို့သော် လူတိုင်း တစ်ဖက်လှည့်၍ အသံလာရာသို့ လှမ်းကြည့်လိုက်ချိန်တွင် အားလုံး မှင်တက် သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြောလိုက်သောသူက ယဲ့ဖန် ဖြစ်နေသောကြောင့်ပင်။
*ဟမ်*
*လေးစားမှုမရှိလိုက်တာ*
သွေးအဆိပ် အရှင်သခင်၊ လီဖန်းနှင့် နတ်ဘုရား စစ်သည်တော်များအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွား ကြသည်။ သူတို့အားလုံးက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“အရူးပဲ၊ ဒီကောင်က နတ်ဘုရားရှေ့မှာတောင် ဒီလောက် မောက်မာရဲတယ်လား၊ သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာလား”
“လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ကို ဖြတ်ခဲ့တယ်ဟုတ်လား၊ ဟားဟား … ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်က သွေးလေခြောက်ခြားနေမယ်လို့ ငါ ထင်မထားမိဘူး”
“ကြည့်နေလိုက်၊ နတ်ဘုရားက သူ့ကို စိစိညက်ညက်ကြေအောင် လုပ်လိမ့်မယ်”
“…”
လီဖန်းနှင့် အခြားသူများသည် သရော်ဟန်နှင့် ကျေနပ်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန် သေတော့မည်ဟု ထင်နေကြသည်။
သူတို့သာမက မသေမျိုး ဟေးဒီးစ်သည်လည်း ပျော်မြူးသွားပြီး ကောင်းကင်ထက်ရှိ ရွှေအိုရောင် နတ်ဘုရားအား ထပ်ပြောလိုက်သည်။
“အရှင်နတ်ဘုရား၊ ဒီငရဲဘုံက ပုရွက်ဆိတ်လိုကောင်က အရှင့်ကို လှောင်ပြောင်သရော်နေတာကို အရှင် မြင်တယ်မလား”
“သူ့ကို သတ်လိုက်ပါ၊ အထက်ဘုံက ကျွန်တော့်နတ်ဘုရားရဲ့ အင်အား မြင့်တက်လာအောင် သူ့အသက်ကို အသုံးချလိုက်ပါ၊ သူ့ရဲ့ မောက်မာတဲ့ အပြုအမူအတွက် သူ့သွေးနဲ့ ပြန်ပေးဆပ်ခိုင်းလိုက်ပါ”
မသေမျိုး ဟေးဒီးစ်၏ မျက်လုံးများက အလွန် ခက်ထန်နေသည်။ သူ့စကားကို ကြားပြီး နတ်ဆိုးများအားလုံး အလွန် မျက်နှာသုန်မှုန်သွားကြလေသည်။
*ဘယ်လိုလုပ်ရမလဲ*
နတ်ဆိုးများသည် ယဲ့ဖန်ကို ယုံကြည်သော်လည်း ယခု သူ ရင်ဆိုင်နေရသည့်သူက အလွန် အင်အားကြီး လွန်းသည်ဟု တွေးမိနေသည်။ ထိုသူသည် မသေမျိုး ဟေးဒီးစ် အကြိမ်ကြိမ် ဦးညွှတ် အရိုအသေပေးနေရသည့် အထက်ဘုံမှ နတ်ဘုရားတစ်ပါး ဖြစ်နေသည်။ ထိုသူ၏ အရှိန်အဝါနှင့်တင် လူတိုင်းကို အလွန် ကြောက်လန့်အောင် ပြုလုပ်နိုင်နေ၏။
ထိုသို့သောအချိန်၌ ကောင်းကင်ထက်၌ အခြေအနေသည် တင်းမာလျက် ရှိနေသည်။ ထို့အတူ မည်သူမျှ အသက်ပင် မရှူရဲကြချေ။ လူတိုင်းသည် နတ်ဘုရား၏ အမျက်ဒေါသ ထွက်လာမည့် အချိန်ကိုသာ စောင့်နေကြသည်။ ထိုစဉ် တုန်လှုပ်နေသော အသံတစ်သံ ထွက်လာသည်။
“ဟေ့ … ဟေ့ကောင်လေး၊ မင်း ငါ သည်းမခံနိုင်လောက်တဲ့အထိ အနိုင်မကျင့်နဲ့လေ၊ ငါ မင်းကို ဒီတစ်ခေါက် ရန်မစဘူးလေ”
ထိုစကားကြောင့် လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ လီဖန်းနှင့် အခြားသူများ၏ လှောင်ပြုံးများ သည်လည်း ချက်ချင်း ပျက်သုဉ်းသွားသည်။
*ဘာ*
လူတိုင်း ခေါင်းမော့၍ မယုံနိုင်ဟန်ဖြင့် ရွှေအိုရောင် နတ်ဘုရားအား လှမ်းကြည့်လိုက်မိကြသည်။ သို့သော် ရွှေအိုရောင် နတ်ဘုရား၏ မျက်နှာက စက္ကူစကဲ့သို့ ဖြူရော်၍ ချွေးတလုံးလုံး ဖြစ်နေသည်ကို မြင်ပြီး အားလုံး သွေးပျက်သွားကြလေသည်။
ထို့အပြင် သူ၏အကြည့်များက ကြောင်နှင့် ထိပ်တိုက်တိုးနေသည့် ကြွက်တစ်ကောင်၏ အကြည့်နှင့် တူနေလေသည်။ မသေမျိုး ဟေးဒီးစ်တောင်မှ သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မိသွားသည်။
“အရှင်နတ်ဘုရား၊ ခင်ဗျား …”
မသေမျိုး ဟေးဒီးစ်သည် ရွှေအိုရောင် နတ်ဘုရားအား ပြန်မေးချင်နေ၏။ သို့သော် သူ့စကား မဆုံးသေးခင်မှာပင် ရွှေအိုရောင် နတ်ဘုရားက မသေမျိုး ဟေးဒီးစ်အား ကြောက်လန့်တကြား ပြန်ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး၊ ငါ့လက်နဲ့ ခြေထောက်ကို ဒီအရူးကောင်က ဖြတ်ပစ်လိုက်တာ”
“မင်း ငါ့ကို မကူညီနိုင်ဘူး၊ ငါလည်း မင်းကို မကူညီနိုင်ဘူး၊ ငါ ဘာမှမတတ်နိုင်ဘူး”
“နှုတ်ဆက်ပါတယ် … နှုတ်ဆက်ပါတယ်”
ထိုသို့ပြောပြီးနောက် ရွှေအိုရောင် နတ်ဘုရားသည် နတ်ဘုရား မိုးကြိုးအသွင် ပြောင်း၍ အက်ရာထဲသို့ လှစ်ခနဲ ပြန်ဝင်ပြေးလေသည်။
ဝှစ်!
အထဲကို ဝင်သွားပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ခေါင်းနပမ်း ကြီးသွားသည်။
*ထွက်ပြေးသွားတာလား*
*အထက်ဘုံက နတ်ဘုရားက ယဲ့ဖန်စကားကို ကြားတာနဲ့ လန့်ပြီး ထွက်ပြေးသွားတယ်*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်မိသွားသည်။ ထို့အပြင် ထွက်ပြေးသွားသည့် နတ်ဘုရား၏ စကားကို သူတို့ ကြားလိုက်ရသေးသည်။
*လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက်ကို သူ ဖြတ်လိုက်တာတဲ့လား*
*လတ်စသက်တော့ အဲ့သတင်းက အမှန်ပဲကိုး*
မသေမျိုး ဟေးဒီးစ်သည် ဖြူရော်နေသော မျက်နှာထားနှင့်အတူ မြေကြီးပေါ် ဘုန်းခနဲ ပစ်လဲကျသွားသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ မင်း အထက်ဘုံကို ရောက်ဖူးလို့လား၊ မင်း မဟာနတ်မင်းတွေကို မြင်ဖူးလို့လား၊ ဒါ … ဒါ လုံးဝ အဓိပ္ပာယ် မရှိဘူးကွ”
သူသည်သာမက ခေါင်းပြောင်ငှက်ပင် အလွန် မှင်တက်အံ့ဩနေ၏။ သူသည် မိုးကြိုးမုန်တိုင်းကို ဖြစ်ပေါ်စေသည့် ထိုရွှေအိုရောင် နတ်ဘုရားကို မှတ်မိပြီးသား ဖြစ်သည်။
ယဲ့ဖန်သည် နတ်ဘုရားမိုးကြိုး ကပ်ဘေးနှင့် ကြုံရသည့်အချိန်က ထိုနတ်ဘုရား၏ လက်တစ်ဖက်ကို ဖြတ်ပစ်ခဲ့သည်။ သို့သော် ခြေထောက်တစ်ဖက် အကြောင်းကို သူ မသိပေ။
“ဟုတ်သား၊ ဒီအရူးလေး ကောင်းကင်မျက်လုံးကို ဖွင့်လိုက်တုန်းက အထက်ဘုံကို ရောက်သွားတာ ဖြစ်မယ်”
ခေါင်းပြောင်ငှက် ရှင်းလင်းစွာ သဘောပေါက်သွားသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်ပတ်လည်၌ လှည့်ပတ်နေသော ကမ္ဘာဦးချောက်နက် မူလစွမ်းအင်များကို ထည့်တွက်ရလျင် ယဲ့ဖန်၏ စိတ်ဝိညာဉ်က အထက်ဘုံကို ရောက်သွားခြင်း ဖြစ်ရပေမည်။ သူသည် ကမ္ဘာဦး ချောက်နက်၏ မူလစွမ်းအင်ကို ရလိုက်ရုံသာမက မိုးကြိုးနတ်ဘုရား၏ ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်ခဲ့သည်။
ထိုသို့တွေးမိပြီးနောက် ခေါင်းပြောင်ငှက်သည် ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်မိသည်။
ဝှစ်!
ထိုသို့သောအချိန်၌ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး မသေမျိုး ဟေးဒီးစ်၏ ကိုယ်က ရုတ်တရက် တောင့်ခနဲ ဖြစ်သွားသည်။ သူ၏ လူပုအရွယ် ခန္ဓာကိုယ်တွင် သွေးစင်းရာတစ်ခု ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ် နှစ်ခြမ်း ကွဲသွားသည်။
“အား….”
ခန္ဓာကိုယ်နှစ်ခြမ်း ကွဲသွားသည်နှင့် အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ် နှစ်ပိုင်းက ပြန်ဆက်အောင် ကြိုးစားနေ၏။
“လောင်ကျွမ်းစမ်း”
ထိုအခါ ယဲ့ဖန်၏ လက်ဝါးပေါ်၌ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထိုမီးတောက်သည်ကား ငရဲ မီးတောက်ပင်။
ထိုမီးတောက်သည် အရာအားလုံးကို မီးမြှိုက်နေပြီး လေဟာနယ်ကိုမှ ဗလာနတ္ထိ ဖြစ်အောင် လောင်ကျွမ်းသွားစေသည်။ ထိုမီးတောက်အောက်၌ မသေမျိုး ဟေးဒီးစ်က ငယ်သံပါအောင် စူးစူးဝါးဝါး အော်ဟစ်နေရသည်။ သူ၏ ခန္ဓာကိုယ်နှစ်ခြမ်းသည် ပြန်မဆက်နိုင်တော့ပေ။
“အား … နာတယ်ကွ”
“နတ်ဆိုးဧကရာဇ် ငါ့ကို လွှတ်ပေးပါ၊ ငါ မင်းနဲ့ မိတ်ဖက်အဖြစ် နေပါ့မယ်၊ ငါ မင်းရဲ့ကျေးကျွန်အဖြစ် နေဆိုလည်း နေပါ့မယ်”
“မင်း ငါ့ကို အသက်ချမ်းသာပေးတာနဲ့ ငါ မင်းကို မသေမျိုးရဲ့ ဆန်းကြယ်မှုကို ပေးမယ်၊ ငါ မင်းကို မသေမျိုး မျိုးနွယ်ဆီ ခေါ်သွားပြီး အထက်ဘုံက မျိုးနွယ်မှာ အဆင့်မြင့်လာအောင် လုပ်ပေးမယ်”
“ကျေးဇူးပြုပြီး ငါ့ကို အသက်ချမ်းသာပေးပါ”
အော်သံများနှင့် တောင်းပန်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ မည်သို့သော သိုင်းပညာရှင်မဆို သေဘေးနှင့် ကြုံရပါက ကြောက်လန့်လာကြသည်ပင်။
သူ့စကားကို ကြားသည်နှင့် ယဲ့ဖန်၏မျက်လုံးများက ရေခဲတမျှ အေးစက်လာသည်။
“ငါ ပြောခဲ့တယ်လေ၊ ငါ မင်းကို တစ်ခါ သတ်ခဲ့ပြီးမှတော့ မင်းကို နောက်တစ်ကြိမ် ထပ်သတ်နိုင်ပါတယ်လို့”
“အသက်ချမ်းသာပေးဖို့ တောင်းပန်တာလား၊ နောက်ကျသွားပြီ”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ မသေမျိုး ဟေးဒီးစ်ကို လောင်မြှိုက်နေသည့် ငရဲမီးက ပို၍တောက်လောင်လာပြီး မီးပင်လယ်ကဲ့သို့ ဖြစ်လာလေသည်။
မီးတောက်များကြားမှ အော်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ ယခုအချိန်၌ မသေမျိုး ဟေးဒီးစ်သည် နောင်တရကာ စိတ်လေးလံနေသည်။
မသေမျိုး မျိုးနွယ်၏ အမွေဆက်ခံသူ တစ်ယောက်အနေဖြင့် သူသည် သူ၏ မသေမျိုး ခန္ဓာကိုယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသည့် သူ၏ သတ်ဖြတ်ခြင်းကို ခံနေရသည်။ ဤသည်မှာ အကြီးမားဆုံး ဟာသပင် ဖြစ်ပြီး မသေမျိုး မျိုးနွယ်၏ အရှက်ရစရာလည်း ဖြစ်သည်။
မကျေမနပ် ဖြစ်စိတ်များနှင့်အတူ မသေမျိုး ဟေးဒီး၏ ခန္ဓာကိုယ်တစ်ခုလုံး အမှုန့်ဖြစ်သွားကာ ပြာများက အဝေးသို့ လွင့်မျောသွားသည်။
ထို့အပြင် သန့်စင်သော မသေမျိုး စွမ်းအင်များသည် မီးတောက်ထဲမှ မျောလွင့်လာပြီး ယဲ့ဖန်၏ လက်ဖဝါးပေါ်သို့ ရောက်လာသည်။ ယခုအချိန်တွင် မသေမျိုး ဟေးဒီးစ် သေဆုံးသွားလေပြီ။
ဂလု!
ယခုအချိန်၌ လီဖန်းနှင့် အခြားသူများအားလုံး တံတွေးမျိုချမိသွားသည်။ ထို့အတူ ပြာမှုန့်များက သူတို့ပေါ် လွင့်စဉ်လာသောအခါ အားလုံး ကြက်သီးထ၍ ကျင်ငယ်ရည်ထွက်ကျမတတ် ကြောက်လန့်သွားကြသည်။
စကြဝဠာကြီးကို တုန်လှုပ်စေခဲ့သည့် မသေမျိုး ဟေးဒီးက ဤသို့ အဖြစ်ဆိုးမျိုးဖြင့် အဆုံးသတ်ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
နတ်ဘုရား စစ်သည်တော်များအားလုံး ကြောက်လန့်၍ ကြက်သေသေကာ ဒူးထောက်ချလိုက်မိသည်။ သွေးအဆိပ် အရှင်သခင်နှင့် လီဖန်းတို့သည် ကြောက်လန့်သော်လည်း ထွက်ပြေးချင်နေကြသည်။ သို့သော် ခြေထောက်များက နွံထဲနစ်နေသကဲ့သို့ ဖြစ်နေပြီး တစ်စက်ကလေးမျှ မလှုပ်နိုင်ပေ။
သူတို့ တိုက်ခိုက်ချင်နေကြသည်။ သို့သော် မသေမျိုး ဟေးဒီးစ်၏ သေဆုံးပုံကိုကြည့်ပြီး သူတို့၏ လက်ကျန် တိုက်ခိုက်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွားသည်။
ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာနေသဖြင့် အားလုံး သေမင်း နတ်ဘုရားကို တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်၍ မျက်နှာများက စက္ကူစကဲ့သို့ ဖြူရော်လာသည်။
Chapter 702 မင်းမှာ အဲ့လို အခွင့်အရေး မရှိဘူး
စကြဝဠာကြီး၏ နက်ရှိုင်းသော တစ်နေရာ၌ ဂြိုဟ်သေတစ်လုံး ရှိသည်။ ထိုဂြိုဟ်သေ၏ အလယ်ဗဟို၌ သီးသန့်နေရာတစ်ခုကဲ့သို့ ချိုင့်ဝှမ်းတစ်ခု ရှိနေသည်။ ထိုနေရာတွင်း၌ သွေးသံတရဲရဲနှင့် အသားစလေးတစ်ခု ရှိသည်။
ဒုတ်! ဒုတ်! ဒုတ်!
ထိုသွေးသံတရဲရဲနှင့် အသားစကြီးသည် အသက်ရှိသကဲ့သို့ တဒုတ်ဒုတ် ခုန်လာသည်။ မသေမျိုး ဟေးဒီးစ် အမှုန့်ဖြစ်သွားချိန်တွင် ထိုအသားစသည် ရုတ်တရက် တဒုတ်ဒုတ် ခုန်နေရာမှ ရပ်တန့်သွားသည်။
ထိုအသားစတစ်ခုလုံး လှုပ်ရှားလာပြီးနောက် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းသွားသည်။
“အား … နတ်ဆိုးဧကရာဇ်၊ မင်း ငါ့ကို နှစ်ကြိမ်တိတိ သတ်ခဲ့တယ်၊ ဒီအမုန်းတရားက လက်ခံနိုင်စရာ မရှိဘူးကွ”
သွေးသံတရဲရဲနှင့် လူထံမှ ခက်ထန်ကြမ်းကြုတ်သော အသံ ထွက်လာသည်။ ထိုအသံသည်ကား မသေမျိုး ဟေးဒီးစ်၏ အသံပင်။ ဤအသားစသည် သူ ပြန်လည်ရှင်သန်ရန်အတွက် ထားခဲ့သည့် တစ်ခုတည်းသော မသေမျိုး ခန္ဓာကိုယ် အပိုင်းအစ ဖြစ်လေသည်။
လက်ရှိအချိန်၌ ထိုသူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း လူကြီးတစ်ယောက်၏ အရပ်သို့ ပြောင်းလဲလာပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းများကလည်း တဖြည်းဖြည်း ရှင်းလင်းပြတ်သားလာသည်။ သူ၏ မျက်နှာထားသည် အလွန် ဒေါသူပုန်ထနေ၏။
“စောင့်နေလိုက်၊ ငါ ပြန်ရှင်လာပြီးတော့ ပိုသန်မာလာမယ့် အချန်ကို စောင့်နေလိုက်၊ ငါ မသေမျိုး မျိုးနွယ်ဝင်တွေကို ဖိတ်ပြီး မင်းကို သတ်ပစ်မယ်၊ ပြီးတော့ ဒီလောကကြီးကို သွေးနဲ့ဆေးပစ်မယ်”
“အားလုံး သေစေရမယ်၊ ဒီဘုရင်ကြီး ခံစားခဲ့ရသမျှကို မင်းတို့အသက်နဲ့ ပေးဆပ်စေရမယ်”
သူ၏လေသံက ကြောက်စရာကောင်းလှပေသည်။ တစ်ခဏအတွင်းမှာပင် ခန္ဓာကိုယ် ဖွဲ့စည်းခြင်းက ပြီးဆုံးသွား လေသည်။
ထိုစဉ် ဟင်းလင်းပြင်ထဲမှနေ၍ အေးတိအေးစက် အသံ ထွက်ပေါ်လာ၏။
“စိတ်မကောင်းစရာက မင်းမှာ အဲ့လိုအခွင့်အရေး မရှိဘူး”
*ဘာ*
ထိုအသံက ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသော်လည်း မသေမျိုး ဟေးဒီးစ်အား သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်သွားစေသည်။
“နတ်ဆိုးဧကရာဇ်၊ ဘာလို့လဲ၊ မင်း ဘယ်လိုလုပ် ငါ ဖုံးကွယ်ထားတဲ့ နေရာကို ရှာတွေ့တာလဲ”
မသေမျိုး ဟေးဒီးစ် မယုံကြည်နိုင် ဖြစ်သွားရသည်။ မသေမျိုး မျိုးနွယ်ဝင်တစ်ယောက်အနေဖြင့် သူသည် အန္တရာယ်မှ လွတ်မြောက်လာပြီးနောက် ပြန်လည်ရှင်သန်နိုင်သည့် အသားစတစ်ခုကို မြှုပ်နှံထားခဲ့သည်။ သို့မှသာ သူ တစ်နေ့ နေရာတင် အသတ်ခံလိုက်ရပါက ပြန်လည်ရှင်သန်နိုင်မည် ဖြစ်သည်။
ဤပြန်လည်ရှင်သန်နိုင်သည့် အသားစကို မြှုပ်နှံထားသည့်နေရာက အလွန့်ကို လျှို့ဝှက်သိုသိပ်သည်ဟု ဆိုနိုင်ပေသည်။ ဤနေရာအား ဘယ်သောအခါမှ ရှာမတွေ့နိုင်သော်လည်း ယခုအခါတွင် ယဲ့ဖန်က ရှာတွေ့သွားသည်။
“ကောင်းကင်မျက်လုံး၊ သေစမ်း … မင်း … မင်း ကောင်းကင်မျက်လုံးကို တကယ် ဖွင့်လိုက်နိုင်တာပဲ”
ဖြစ်နိုင်ချေရှိသောအရာကို တွေးမိပြီးနောက် မသေမျိုး ဟေးဒီးစ်၏ မျက်နှာက စက္ကူစကဲ့သို့ ဖြူရော်သွားသည်။ ထို့နောက် သူသည် ခြေကိုဆောင့်၍ ဂြိုဟ်သေ၏ အစီအရင်ကို ဖျက်ဆီးကာ အလျင်အမြန် ထွက်ပြေးလေသည်။
ထိုစဉ် သူ ထွက်ပြေးနေချိန်တွင် ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်မိသည်။ ထိုအခါ မီးလျှံတစ်ခုက ဂြိုဟ်သေ၏ မျက်နှာပြင်ထံသို့ ကျရောက်သွားသည်ကို တွေ့လိုက်ရသည်။
“မရဏမီးလျှံ၊ မင်း ... မင်း မီးနတ်ဘုရားရဲ့ မီးတောက်ကို ဘယ်လိုလုပ် ရသွားတာလဲ”
မသေမျိုး ဟေးဒီးစ် လုံးဝ ထိတ်လန့်သွားလေသည်။ ထို့နောက် ဂြိုဟ်သေ၏ မျက်နှာပြင်တစ်ခုလုံးကို မီးတောက်များက ဝါးမျိုနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ဂြိုဟ်သေ၏ မျက်နှာပြင်တစ်ခုသည် ပြာဖြစ်သွားလေသည်။
တောက်လောင်နေသော မီးလျှံ၏ အပူချိန်ကြောင့် မသေမျိုး ဟေးဒီးစ် ရူးမတတ် ဖြစ်သွားလေသည်။ ဂြိုဟ်သေကို လောင်ကျွမ်းစေသည့် မီးတောက်များက အပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာပြီးနောက် မသေမျိုး ဟေးဒီးစ်ကို မီးဟပ်သွားသည်။
မသေမျိုး ဟေးဒီးစ်၏ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် မီးပင်လယ်ထဲသို့ ဝါးမျိုခံလိုက်ရသည်။
“နတ်ဆိုးဧကရာဇ်၊ ဒီနေ့ မင်း ငါ့ကို သတ်လိုက်ရင် နောက်တစ်နေ့ကျရင် ငါ့မသေမျိုး မျိုးနွယ်က မင်းဆီ လာလိမ့်မယ်၊ ဒီလိုဆိုရင် မင်း သေသွားလိမ့်မယ်ကွ”
သူ့စကားသံ၌ အာဃာတတရားများ၊ မကျေနပ်စိတ်များဖြင့် ပြည့်နေသည်။ သူ ပြောလိုက်ပြီးသည်နှင့် မရဏမီးလျှံများက ပို၍ ပြင်းထန်လာသည်။ ပြင်းထန်လှသည့် မီးလျှံများက မသေမျိုး ဟေးဒီးစ်အား ဝါးမျိုနေ၏။ ထိုစဉ် ယဲ့ဖန်၏ အေးတိအေးစက် စကားသံ ထွက်ပေါ်လာသည်။
“မင်းမိသားစုက ဒီရောက်လာရင် ငါ မင်းမိသားစုကိုပါ ဖျက်ဆီးလိုက်မယ်”
ယဲ့ဖန်၏ စကားသံအဆုံး၌ မသေမျိုး ဟေးဒီးစ်သည် အပြီးတိုင် အမှုန့်ဖြစ်သွားလေသည်။ ထို့အပြင် မရဏမီးလျှံကြောင့် ဂြိုဟ်သေတစ်ခုလုံးပါ ပျောက်ကွယ်သွားလေသည်။
....
တစ်ချိန်တည်းမှာပင် နေအဖွဲ့အစည်းအတွင်းရှိ ယဲ့ဖန်၏ နဖူးမှ ကောင်းကင်မျက်လုံးက ရုတ်တရက် ပိတ်သွားလေသည်။
သူ့အနောက်၌ အလင်းမြူခိုး လှောင်အိမ်များစွာ ရှိနေသည်။ ထိုအလင်းမြူခိုး လှောင်အိမ်တိုင်း၌ နတ်ဘုရားမျိုးနွယ် တစ်ယောက်ချင်းစီကို ချုပ်နှောင်ထားသည်။
သွေးအဆိပ်၊ လီဖန်း၊ သစ္စာဖောက်များနှင့် နတ်ဘုရား စစ်သည်တော်များအားလုံး လှောင်အိမ်ထဲ၌ ချုပ်နှောင်ခံထားရပြီး ငရဲမီးဖြင့် မီးမြှိုက်ခြင်း ခံနေရသည်။
“အား…”
ငယ်သံပါအောင် စူးစူးဝါးဝါးအော်သံများက နေအဖွဲ့အစည်းအနှံ့သို့ ပျံ့နှံ့နေ၏။ သူတို့ သေချင်သော်လည်း မသေနိုင်ပေ။ ငရဲမီးက သူတို့၏ အသားကို လောင်မြိုက်နေပြီး သူတို့၏ စိတ်ဝိညာဉ်ကိုပါ လောင်ကျွမ်း နေစေသည်။
ယဲ့ဖန်သည် အရက်စက်ဆုံး နည်းလမ်းကိုသုံး၍ သူတို့အား ဖြည်းဖြည်းချင်း လောင်ကျွမ်းစေပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားအောင် ပြုလုပ်နေ၏။
ယဲ့ဖန်က ထိုသူတို့ကို တစ်ချက်လေးပင် လှည့်မကြည့်ပေ။ သူ၏မျက်လုံးများက နတ်ဆိုးများကိုသာ ကြည့်နေသည်။
အဘိုးအိုနှစ်ယောက်က ယဲ့ဖန်ရှေ့ ရုတ်တရက် ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ မျက်ရည်များဖြင့် နှုတ်ဆက်လေသည်။
“မျက်လုံးတစ်လုံး နတ်ဆိုးက သခင်ကြီးကို နှုတ်ဆက်ပါတယ်”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
“ငရဲနတ်ဆိုးက သခင်ကြီးကို နှုတ်ဆက်ပါတယ်”

နတ်ဆိုးဘုရင်နှစ်ပါးသည် ဒဏ်ရာများဖြင့် ပြည့်နေသော်လည်း သူတို့သည် ဒဏ်ရာများကို ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်နေကြလေသည်။
သူတို့သည် ဤလူအတွက် နှစ်ရာချီ၍ စောင့်ခဲ့ရသည်။ နှစ်ရာချီ၍ အလှောင်ခံခဲ့ရသည်။ ယခုအခါတွင်မူ သူတို့ စောင့်ဆိုင်းနေရသည့် အချိန်ကို ရောက်လာလေပြီ။
သူတို့ပါးပေါ်သို့ မျက်ရည်များက တတွေတွေ စီးကျလာသည်။ ထိုစဉ် လက်တစ်ဖက်က သူတို့ကို ဆွဲထူလေသည်။ ယဲ့ဖန်က ထိုနတ်ဆိုးဘုရင်နှစ်ပါးကို ကြည့်ပြီး စိတ်ထဲ နာကျင်သွားရသည်။
“အိမ်ကနေ ကြိုဆိုပါတယ်”
ထိုစကားလုံးလေးက ရိုးစင်းသော်လည်း နတ်ဆိုးဘုရင်နှစ်ပါးအား ရင်ထဲစို့နစ်သွားစေသည်။
မိသားစု၊ မှန်ပေသည်၊ ဤနေရာ၌ သူတို့၏ သခင်ကြီး ရှိသလို သူတို့၏ ညီအစ်ကို မောင်နှမများ ရှိသည်။ ဤနေရာ၌ ယုံကြည်မှုနှင့် သစ္စာတရားတို့ ရှိလေ၏။ ဤနေရာကား သူတို့၏အိမ်ပင်။
ထို့နောက် ယဲ့ဖန်က နတ်ဆိုးများကို ပြန်လှည့်ကြည့်လိုက်သည်။ ခန္ဓာကိုယ်ထဲမှ အရိုးပျော့ဆေးကြောင့် နတ်ဆိုးတိုင်း အားနည်း၍ မြေကြီးပေါ်၌ အားမရှိသလို ထိုင်နေရသည်။ သို့သော် လူတိုင်းက ပြုံးနေကြလေသည်။ ပျော်ရွှင်စွာဖြင့် ရယ်မောနေကြသည်။
“ဒါ အရိုးပျော့ဆေးလား”
ယဲ့ဖန်အတွက် ဤဆေးမှုန့်က မထူးဆန်းတော့ပေ။ ထို့နောက် သူ လက်တစ်ဖက်ကို လှုပ်လိုက်သည်။ သူ့ထံမှနေ၍ မွေးရာပါ စိတ်ဝိညာဉ် စွမ်းအင်များ စတင်ပျံ့နှံ့လာ၏။ ထိုစိတ်ဝိညာဉ်စွမ်းအင်များက နတ်ဆိုးတိုင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ထိုမွေးရာပါ စိတ်ဝိညာဉ်ချီဓာတ်များသည် အရိုးပျော့ဆေးကို ချက်ချင်း ပျယ်လွင့်စေပြီး သန့်စင်သော နတ်ဆိုးစွမ်းအင်များအဖြစ် ပြောင်းလဲ၍ နတ်ဆိုးများ၏ ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားစေသည်။
ထိုင်လျက်ရှိနေကြသည့် နတ်ဆိုးများအားလုံးထံမှ စွမ်းအင်များ ထွက်ပေါ်လာပြီး တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖောက်သွားနိုင်သည့် အသံများ ထွက်ပေါ်လာသည်။
များစွာသော နတ်ဆိုးများ၏ အဆင့်ချိုးဖောက်သံများက ကောင်းကင်အနှံ့သို့ ပျံ့လွင့်သွားသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဆိုးများသည် အရိုးပျော့ဆေးဓာတ်မှ လွတ်မြောက်သွားပြီး အဆင့်တက်သွားကြသည်။
နတ်ဆိုးများ ထရပ်လိုက်ချိန်တွင် သူတို့ထံမှ ထိတ်လန့်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာ၏။ ယခင်က နတ်ဆိုးများက နတ်ဘုရား စစ်သည်တော်များကို ဖိနှိပ်နိုင်သည်ဟု ဆိုပါက ယခုအခါတွင် သူတို့သည် နတ်ဘုရား စစ်သည်တော်များကို ပေါက်ကွဲ၍ သေဆုံးသည်အထိ လုပ်နိုင်လာပေသည်။
ထိုမျှနှင့် မလုံလောက်သေးဘဲ ယဲ့ဖန်က လက်တစ်ဖက်ကို ထပ်လှုပ်လိုက်သည်။ ထိုအခါ သူ့ထံမှ ကြောက်စရာကောင်းသော လက်နက်များ ထွက်လာသည်။
ဓားတိုများ၊ ဓားရှည်များ၊ ပုဆိန်များနှင့် တုတ်ချောင်းများ။ ဤလက်နက်များအားလုံးသည် အထက်လောကမှ နတ်မင်းများနှင့် သိုင်းပညာရှင်များ လက်ဆောင်ပေးလိုက်သည့် ထိပ်သီးရတနာများ ဖြစ်လေသည်။
လက်နက်တိုင်းက ကြောက်စရာကောင်းလှသည်။ ထိုလက်နက်များသည် ပိုင်ရှင်ကို တွေ့သွားသကဲ့သို့ နတ်ဆိုးတစ်ယောက်ချင်းစီ၏ လက်ထဲသို့ ပျံသန်းသွားကြသည်။
နတ်ဘုရားလက်နက်များကို ကိုင်ဆွဲထားသည့် နတ်ဆိုးများအားလုံးသည် အလွန် ကြောက်စရာကောင်းလှပေ၏။ ထိုနတ်ဆိုးများ၏ အရှိန်အဝါကို ခံစားမိပြီး လှောင်အိမ်ထဲမှ သွေးအဆိပ် အရှင်သခင်သည် သည်းခြေပျက်မတတ် ကြောက်လန့်သွားသည်။
သူသည် နတ်ဘုရား၊ အင်မော်တယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်တို့တွင် လေပြင်းတိုက်၍ သွေးချောင်းစီး တော့မည်ကို မြင်ယောင်လာသည်။ ထို့အတူ လီဖန်းနှင့် သစ္စာဖောက်များသည်လည်း နောင်တရနေကြသည်။
အကယ်၍ သူတို့သာ ပုန်ကန်ခြင်းမလုပ်ခဲ့ပါက စိတ်ဝိညာဉ် လောင်ကျွမ်းခြင်း ခံရမည် မဟုတ်သလို ထိုနတ်ဆိုးများကဲ့သို့ သန်မာလာပေမည်။ သို့သော် ယခုအခါတွင်မူ အချိန်နှောင်းသွားလေပြီ။
နောင်တရစိတ်များနှင့်အတူ သစ္စာဖောက်များအားလုံး မီးလောင်၍ ပြာကျသွားကြသည်။ အားလုံး အရှင်လတ်လတ်နှင့် ငရဲကျသည့်ဒဏ်ကို ခံလိုက်ရသည်။
အရာအားလုံး ပြီးဆုံးသွားချိန်တွင် ယဲ့ဖန်က နေအဖွဲ့အစည်း၏ အပြင်ဘက်ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ ထိုအခါ ဖန့်ယင်းက နေအဖွဲ့အစည်း အပြင်ဘက်မှနေ၍ ဝမ်းသာစိတ်ကြောင့် ငိုကြွေးနေပြီး အမျိုးသမီးကြီးတစ်ယောက်အား လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။