အခန်း (၇၀၃-၇၀၅)
Vol. 47 Ch. 703-705
Chapter 703 မျက်လုံးတစ်စုံ
“ဖန့်ယင်း”
ဖန့်ယင်းကို စက္ကန့်ပိုင်းမျှ မြင်လိုက်ရသည်နှင့် ယဲ့ဖန်သည် ဖျတ်ခနဲ လှုပ်ရှား၍ လေပြင်းအသွင်ပြောင်းကာ သူမရှိရာသို့ လိုက်သွားသည်။ နေအဖွဲ့အစည်း အပြင်ဘက်သို့ သူ ရောက်လာချိန်တွင် မည်သူမျှ ရှိမနေချေ။ ယခုလေးတင် တွေ့လိုက်ရသည့် ကျက်သရေရှိသော အမျိုးသမီးကြီးနှင့် ဖန့်ယင်းသည် ပုံရိပ်ယောင်များကဲ့သို့ ပျောက်ကွယ်သွားသည်။
“ဘယ်လိုလုပ် ပျောက်သွားတာလဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ သူ၏အမြန်နှုန်းနှင့် ပတ်သက်၍ အလွန် ယုံကြည်မှုရှိသည်။ ထို့အတူ လေနိယာပါ ပိုင်ဆိုင်ထားသောကြောင့် သူသည် ဤစကြဝဠာထဲ၌ အမြန်ဆုံးသော အရှိန်နှုန်းတစ်ခုသို့ ရောက်နေသည်မှာ အသေအချာပင်။
သို့သော်ငြားလည်း အမျိုးသမီးကြီးနှင့် ဖန့်ယင်းတို့ ပျောက်ကွယ်သွားသည့် အမြန်နှုန်းက ပိုမြန်နေသဖြင့် သူ အံ့အားသင့်သွားရသည်။
“အဲ့ဒီ အမျိုးသမီးကြီးက ဘယ်သူလဲ”
ယဲ့ဖန် ပို၍မျက်မှောင်ကြုတ်လာသည်။ ဘာရယ်ကြောင့်လဲ မသိသော်လည်း ထိုအမျိုးသမီးကို မြင်လိုက်ရချိန်တွင် ယဲ့ဖန်သည် သွေးပွက်ပွက် ဆူလာသလို ခံစားမိသွားရသည်။ သူနှင့် တစ်ခုခု ပတ်သက်ကို ပတ်သက်နေရပေမည်။
“ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံကောင်း ဆုံဦးမှာပါ”
ထို့နောက် ယဲ့ဖန်သည် သက်ပြင်းချ၍ နေအဖွဲ့အစည်းထဲသို့ လှည့်ပြန်သွားသည်။
….
တစ်ချိန်တည်းမှာပင် စကြဝဠာ၏ တစ်နေရာ၌ ဟင်းလင်းပြင်သည် လှုပ်ခါလာပြီးနောက် အမျိုးသမီးကြီးနှင့် ဖန့်ယင်းတို့ ဖြည်းဖြည်းချင်း ထွက်လာကြသည်။ ဤထူးဆန်းသော စကြဝဠာကို ကြည့်ပြီး ဖန့်ယင်း မျက်မှောင်ကြုတ်သွားသည်။
“ဆရာ၊ ရှင် ဘာလို့ ယဲ့ဖန်ကို အသိအမှတ် မပြုရတာလဲ”
“ဆရာ သူ့ကို သိပ်ဂရုစိုက်တာပဲလေ၊ ပြီးတော့ ဆရာက သူ့နားမှာ အမြဲရှိနေတာလေ။ ယဲ့ဖန် ဘေးအန္တရာယ် တစ်ခုနဲ့ ကြုံတိုင်း ဆရာ ရောက်လာတယ်။ ဆရာက တည်ငြိမ်ချင်ယောင်ဆောင်နေပင်မယ့် ဆရာ စိုးရိမ်နေမှန်း ကျွန်မ သိပါတယ်။ ပြီးတော့ ယဲ့ဖန် ဒုက္ခကြုံတိုင်း ဆရာ လက်သည်းတွေကို ကုတ်ဖဲ့နေလို့ လက်သည်းတွေ ကျိုးကျိုးသွားတာလေ။ ဒါပေမဲ့ အဲ့ဒါကို ဆရာ သတိမထားမိဘူးမလား”
“ဘာလို့ ဒီလိုလုပ်နေရတာလဲ”
ဖန့်ယင်း ပဟေဠိ ဖြစ်နေသည်။ ထိုအကြောင်းကို သူမ နားမလည်နိုင်ပေ။ ပုံမှန်အားဖြင့် သူမ၏ဆရာသည် ယဲ့ဖန်နှင့် ပတ်သက်သမျှအားလုံး ပြောပြလေ့ရှိသည်။
ယဲ့ဖန် ဒုက္ခရောက်သည်နှင့် သူမ ခံစားမိသည်။ သူမ ဘီလီယံချီသော ဂြိုဟ်များကို ဖြတ်ကျော်ရမည် ဆိုလျင်တောင်မှ သူမ လျင်မြန်စွာ အရောက်သွားလေ့ ရှိသည်။ သို့သော် သူမသည် အကြိမ်ကြိမ် လူလုံးထွက်ပြရန် ငြင်းဆန်ခဲ့သည်။
ယဲ့ဖန် သေဘေးမှ လွတ်သွားသည်ကိုမြင်တိုင်း ပြန်ရောက်လာသည်နှင့် အမျိုးသမီးကြီးသည် ဖန့်ယင်း အိပ်နေချိန်၌ တစ်ယောက်တည်းထိုင်၍ ကျိတ်ကာ မျက်ရည်ကျခဲ့သည်။
အမျိုးသမီးကြီးသည် ယဲ့ဖန်အား အရာအားလုံးထက် ပို၍တန်ဖိုးထားသော်လည်း ယဲ့ဖန်ရှေ့၌ ဘယ်သောအခါမှ ပေါ်မလာပေ။ ဤသည်က ဖန့်ယင်းအား နားလည်ရခက်သွားစေသည်။
သူမစကားကြောင့် အမျိုးသမီးကြီးက အံ့ဩဟန် ပြလာသည်။ ထို့နောက် သူမပါးပြင်သို့ မျက်ရည်များ စီးကျလာသည်။
“ငါ သူနဲ့ တွေ့လို့မရဘူး၊ တကယ်လို့ သူသာ ငါ့ကို သိသွားမယ်ဆိုရင် သူ … သူ သေသွားလိမ့်မယ်”
*ဘယ်လို*
အမျိုးသမီးကြီး၏ စကားကြောင့် ဖန့်ယင်း တုန်လှုပ်သွားသည်။
“ဆရာ၊ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဆရာရဲ့ခွန်အားနဲ့ဆိုရင် ဒီစကြဝဠာထဲမှာ ဘယ်သူက ဆရာ့ကို ထိခိုက်အောင် လုပ်နိုင်လို့လဲ”
အမျိုးသမီးကြီး၏ခွန်အားကို ဖန့်ယင်း ကောင်းကောင်းသိသည်။ ဤအမျိုးသမီးကြီးသည် သူမ မြင်ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံးသူ ဖြစ်လေသည်။ သို့သော် ဖန့်ယင်း၏အမေးကို အမျိုးသမီးက ပြန်မဖြေချေ။
လက်ရှိအချိန်၌ အမျိုးသမီးသည် ကောင်းကင်ယံကိုသာ မော့ကြည့်လေသည်။ ထိုအမျိုးသမီးကြီး ကြည့်နေသည့် အရပ်သို့ လိုက်ကြည့်လိုက်မိသည်။ ထိုအခါ သူမ မှင်တက်သွားရသည်။
ထိုမှောင်မည်းနေသော ကောင်းကင်ယံ၌ ရုတ်တရက် မျက်လုံးတစ်စုံ ပွင့်လာသည်။ မျက်လုံးတစ်ခုစီက နဂါးငွေ့တန်းတစ်ခုစာ ရှိလေသည်။ ထိုမျက်လုံးတစ်စုံသည် သွေးကဲ့သို့ ရဲရဲနီနေ၏။ ထိုမျက်လုံးများသည် ကောင်းကင်၏ မျက်လုံးတစ်စုံဟု ထင်မှတ်ရသည်။
ထိုမျက်လုံးတစ်စုံ၏ အကြည့်များက အေးစက်ခက်ထန်လှသည်။ ထိုအကြည့်အောက်၌ ဖန့်ယင်းသည် ပြင်းထန်စွာ တုန်လှုပ်လာပြီး နဖူးမှ ချွေးစေးများ စီးကျလာသည်။
ထိုမျက်လုံးတစ်စုံရှေ့၌ သူမသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သိမ်နုပ်လှသည်ဟု ခံစားမိသည်။ ထိုမျက်လုံးတစ်စုံသည် တစ်ချက် တွေးလိုက်ရုံနှင့် ဤစကြဝဠာထဲမှာ အရာအားလုံးကို ဖျောက်ဖျက်နိုင်ပုံ ရသည်။
ထိုမျက်လုံးတစ်စုံ၏ အကြည့်အောက်၌ ကျက်သရေရှိသော အမျိုးသမီးကြီးပင် ချွေးပြန်၍ မျက်နှာ ဖြူရော်နေသည်။
“ငါ … ငါ သူ့ကို မတွေ့ခဲ့ဘူး၊ ငါ သူ့ကို မကူညီခဲ့ဘူး”
အမျိုးသမီးကြီးသည် ဖိအားတစ်ခုအောက်၌ ကျရောက်နေသကဲ့သို့ နှုတ်ခမ်းကို ကိုက်ခဲထားသည်။ သူမစကားကြောင့် ကောင်းကင်ယံရှိ သွေးကဲ့သို့ နီရဲနေသည့် မျက်လုံးတစ်စုံက ပို၍အေးစက်ခက်ထန်လာသည်။ ထိုမျက်လုံးသည် အမျိုးသမီးကြီးအား အချိန်အတော်ကြာ စူးစိုက်ကြည့်နေ၏။ ထိုမျက်လုံးတစ်စုံမှနေ၍ ခပ်အက်အက် အသံ ထွက်လာသည်။
“ငါတို့ ကတိကို မှတ်ထားပါ၊ မင်း သူ့ကို ကူညီလိုက်တဲ့နေ့က ဒီအတားအဆီးတွေ သေသွားတဲ့နေ့ပဲ”
ကောင်းကင်ယံက ရဲရဲနီနေသည့် မျက်လုံးသည် သတိပေးပြီးသည်နှင့် ဖြည်းဖြည်းချင်း လွင့်ပျယ်သွားလေသည်။ ထိုအခါတွင်မှ အမျိုးသမီးကြီး မြေကြီးပေါ် ထိုင်ချမိသွားသည်။ သူမကျော၌ ချွေးစေးများဖြင့် ရွှဲစိုနေပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေ၏။
“ဆရာ၊ အဲ့မျက်လုံးက ဘယ်သူ့မျက်လုံးတွေလဲ”
ဖန့်ယင်း ယခုထိ ကြက်သီးထနေသေးသည်။ အမျိုးသမီးကြီးက ခေါင်းခါ၍ ရှုံ့မဲ့စွာ ပြုံးလိုက်သည်။
“ပြောလို့မရဘူး၊ ပြောလို့မရဘူး”
တောက်! တောက်!
အမျိုးသမီးကြီး၏ မျက်လုံးမှ မျက်ရည်များ ဆက်တိုက် စီးကျလာသည်။
နှစ်ပေါင်းများစွာ ကြာအောင် သူမ သူ့ကို စောင့်ကြည့်ခဲ့သည်။ သူ ကြီးပြင်း၍ အရွယ်ရောက်လာသည်ကို စောင့်ကြည့်ခဲ့ပြီး သူ သေတွင်းထဲ အကြိမ်ကြိမ် ရောက်နေသည်ကို စောင့်ကြည့်ခဲ့ရသည်။ သူ လောကကြီးအား ကြီးစိုးခဲ့သူကို စောင့်ကြည့်ခဲ့သည်။
သူမအတွက် အမှောင်ထဲ၌ ပုန်း၍ စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။ သူ့အတွက် ပျော်ခဲ့ရသည်၊ သူ့အတွက် စိုးရိမ်ခဲ့ရသည်။ သူ့အတွက် ရယ်မောငိုကြွေးခဲ့ရလေသည်။
သူမ အရိပ်တစ်ခုမျှသာ ဖြစ်နိုင်ခဲ့သည်။ ထို့နောက် အမျိုးသမီးကြီးသည် မျက်ရည်များကို သုတ်၍ ဖန့်ယင်းအား လှမ်းကြည့်လိုက်သည်။
“ယင်းအာ၊ မင်း ငါ့ကို တစ်ခုလောက် ကတိပေးနိုင်မယ်လို့ မျှော်လင့်တယ်”
လက်ရှိအချိန်၌ အမျိုးသမီးကြီးက အလွန် တည်ငြိမ်နေသည်ကို ဖန့်ယင်း သတိထားလိုက်မိပြီး ခပ်သွက်သွက် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ဆရာ၊ ပြောပါ”
သူမ ပြန်ပြောလိုက်သည်နှင့် အမျိုးသမီးကြီးက ခေါင်းမော့၍ ကောင်းကင်ယံကို မော့ကြည့်နေသည်။ သူမအကြည့်က ဤလောကကို ဖြတ်၍ တစ်ဖက်လောကကို ကြည့်နေသည်ဟု ထင်မှတ်ရသည်။
“တစ်နေ့ ငါ မရှိတော့ခဲ့ရင် မင်း ငါ့နေရာမှာ အစားထိုးဝင်ပြီး သူ့ကို စောင့်ရှောက်ပေးမယ်လို့ ငါ မျှော်လင့်ပါတယ်”
သူမစကားကြောင့် ဖန့်ယင်း မျက်နှာပျက်သွားသည်။
“ဆရာ ဘာလို့ ဒီလိုပြောရတာလဲ”
*မရှိတော့ရင်တဲ့လား*
ထိုစကားကြောင့် ဖန့်ယင်း ရင်ထဲ၌ ခြောက်ခြားလာသည်။ အမျိုးသမီးကြီးက ခေါင်းခါ၍ လေးနက်သော မျက်နှာဖြင့် ဆက်ပြောလာသည်။
“သိပ်မကြာခင် ငါ ဒီလောကကနေ စွန့်ခွာပြီး တစ်နေရာကို သွားရလိမ့်မယ်”
“ငါ အောင်မြင်ခဲ့ရင် ငါ့ဖန်အာလေးက လောကရဲ့ လေးစားခြင်း ခံရမယ့်သူ ဖြစ်လာလိမ့်မယ်၊ ငါ ရှုံးခဲ့ရင် ဖန်အာလေး အသက်ရှင်ခွင့်ရလိမ့်မယ်”
ဖန့်ယင်း နားဝေတိမ်တောင် ဖြစ်သွားပြီးနောက် အသံတုန်ယင်လာသည်။
“ဆရာ၊ ဆရာ သွားမှာက …”
“ဟုတ်တယ်”
အမျိုးသမီးကြီးက ပြတ်သားသော ဆုံးဖြတ်ချက်နှင့်အတူ အသာ ပြုံးလိုက်သည်။
“ယင်ယန်လောကပဲ”
….
တစ်ချိန်တည်းမှာပင် ကမ္ဘာဂြိုဟ်ပေါ်ရှိ ကျန်းရှီမြို့၌ ယဲ့ဖန်သည် မြို့စွန်ရှိ အိမ်ခေါင်မိုးပေါ်၌ တင်ပုလ္လင်ချိတ်၍ ထိုင်နေသည်။
သူ့ရှေ့တွင် များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်တစ်အုပ် ရှိနေသည်။ ၎င်းတို့သည် ကောင်းစွာ လေ့ကျင့်ထားသည့် နတ်ဆိုးစစ်သည်တော်များကဲ့သို့ တုန်လှုပ်စေနိုင်သည့် အရှိန်အဝါများ ပေးစွမ်းနေသည်။
နတ်ဆိုးနဂါးတောင်မှ အပြင်ရောက်နေပြီး စပါးအုံမြွေ အရွယ်အစားနှင့် ရှိနေကာ ခွေအိပ်နေ၏။
“ကောင်လေးယဲ့၊ မင်း ဘာလုပ်နေတာလဲ”
ခေါင်းပြောင်ငှက် ပဟေဠိ ဖြစ်နေ၏။ ယဲ့ဖန်က အသာပြုံးလိုက်သည်။
“မကြာခင် ခင်ဗျား သိလာမှာပါ”
ထို့နောက် ယဲ့ဖန်က လက်ကိုလှုပ်ခါလိုက်သည်။ ထိုအခါ မိုးကြိုးနတ်ဘုရား၏ ခြေထောက်တစ်ဖက်က သူ့ရှေ့ ပေါ်လာလေသည်။ ထိုခြေထောက်တစ်ဖက်ကို မြင်သည်နှင့် ခေါင်းပြောင်ငှက်သည် သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ အမွေးများအားလုံး ထောင်မတ်သွားသည်။
“ဒါ … ဒါ ဟိုရွှေအိုရောင် ပုဂ္ဂိုလ်ရဲ့ ပေါင်ပဲ”
ခေါင်းပြောင်ငှက်သည် ထိုရွှေရောင်ပုဂ္ဂိုလ်၏ ထူးဆန်းသော ပုံပန်းသွင်ပြင်ကို တွေးမိပြီး ဤခြေထောက်ကို ပြန်ကြည့်ကာ ကြက်သီးထလာသည်။
“မင်း ရူးနေပြီ”
သူ တွေးပင်မတွေးရဲတော့ပေ။ ကောင်းကင်မျက်လုံးကို ဖွင့်ပြီးသည်နှင့် ယဲ့ဖန်သည် ကမ္ဘာဦးချောက်နက်၏ မူလစွမ်းအင်ကို ရခဲ့ရုံသာမက များစွာသော ရတနာများကိုပင် ရခဲ့လေသည်။ ထို့အတူ မိုးကြိုးနတ်ဘုရား၏ ခြေထောက်တစ်ဖက်ကိုပင် ဖြတ်ခဲ့လိုက်သေး၏။
“လာကြ၊ ဒါကိုစားပြီး ဆင့်ကဲပြောင်းလဲကြ”
ယဲ့ဖန်၏ စကားအဆုံး၌ ဝိညာဉ်စား ပုရွက်ဆိတ်များက အရူးအမူး ပြေးတက်လာကြသည်။ ထို့နောက် များစွာသော ပုရွက်ဆိတ်များက မိုးကြိုးနတ်ဘုရား၏ ခြေထောက်တစ်ဖက်ကို အုပ်မိုး၍ စားသုံးကြလေသည်။
ထို့နောက် ယဲ့ဖန်က ခေါင်းပြောင်ငှက်ကို လှမ်းကြည့်၍ လက်ကိုဖြန့်လိုက်သည်။ ထိုအခါ သူ့လက်ပေါ်၌ မသေမျိုး မူလစွမ်းအင် ထွက်ပေါ်လာသည်။
“မျိုချလိုက်”
“ရှုံးခဲ့လား ဒါဆို ပြန်အနိုင်ယူလိုက်၊ အဲ့ဒါကိုပဲ ရှုံးနိုင်ခဲ့သေးရင် ပြန်အနိုင်ယူပြီး သတ်ပစ်လိုက်”
Chapter 704 ယင်ယန်လောကနှင့် ငရဲဘုံ
ဝုန်း! ဝုန်း! ဝုန်း!
ကျန်းရှီမြို့စွန်ရှိ စွန့်ပစ်အဆောက်အအုံထဲမှ ထိတ်လန့်ဖွယ် အရှိန်အဝါများက မိုးထိမတတ် မြင့်တက်လာနေသည်။ ထိုအရှိန်အဝါသည် များစွာသော ရှေးဟောင်းသားရဲများ ရောက်လာသကဲ့သို့ ထင်မှတ်ရပြီး ခပ်လှမ်းလှမ်းရှိ ကျန်းရှီမြို့ထဲမှ သိုင်းပညာရှင်များ တုန်လှုပ်သွားကြသည်။
ယဲ့ဖန်က ရှေ့သို့သာ ကြည့်နေသည်။ ထိုအဆောက်အအုံ၏ ခေါင်မိုး၌ ခေါင်းပြောင်ငှက်၊ နတ်ဆိုးနဂါးနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များသည် မိုးကြိုးနတ်ဘုရား၏ ခြေထောက်တစ်ဖက်နှင့် မသေမျိုး ဟေးဒီးစ်ထံမှ ရလာသည့် မသေမျိုး မူလစွမ်းအင်များကို သန့်စင်နေ၏။ သူတို့ထံမှ တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။ ထိုအရှိန်အဝါကား ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလှသည်။
“နိုးထလာဖို့ အချိန်နည်းနည်း ကြာဦးမှာပဲ”
ယဲ့ဖန်က အသာပြုံး၍ ခန္ဓာကိုယ်ကိုအား ဖျတ်ခနဲ လှုပ်ရှား၍ ထိုစွန့်ပစ်ထားသော အဆောက်အဆုံအောက်သို့ ဆင်းလိုက်သည်။ ထိုအဆောက်အအုံပျက်အောက်၌ နတ်ဆိုးများဖြင့် ပြည့်နှက်နေသည်။ နတ်ဆိုးများသည် ယဲ့ဖန်ကိုမြင်သည်နှင့် ဒူးတစ်ဖက်ထောက်ကာ နှုတ်ခွန်းဆက်လာသည်။
“သခင်ကြီး”
နှုတ်ဆက်သံကြောင့် ယဲ့ဖန်က ခေါင်းတချက်ညိတ်လိုက်ပြီးနောက် ခေါင်မိုးသို့ လှမ်းကြည့်လိုက်သည်။
“မင်းတို့ သေချာစောင့်ကြပ်ထားကြ”
“ဟုတ်ကဲ့ပါ”
နတ်ဆိုးများက ပြန်ဖြေပြီးနောက် ယဲ့ဖန်၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
…..
တစ်ချိန်တည်းမှာပင် ကျန်းရှီမြို့လယ်ခေါင်ရှိ ဧကရီခန်းမတွင်း၌ ပိုင်ယီသည် သူမအခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေပြီး အင်္ကျီလက်ကို ပင့်တင်လိုက်သည်။ ထိုအခါ ရုတ်တရက် အရေပြားပေါ်၌ အနက်ရောင် သွေးကြောများကို တွေ့လိုက်ရသည်။ ထိုသွေးကြောများသည် သက်ရှိသတ္တဝါကဲ့သို့ တွားသွား၍ ပျံ့နှံ့နေသည်။
“ဒါ ထပ်ပျံ့လာပြန်ပြီလား”
ပိုင်ယီ၏မျက်နှာလေးသည် စိုးရိမ်စိတ်ကြောင့် သေမတတ် ဖြူရော်နေ၏။ ထို့နောက် ပိုင်ယီသည် တစ်ခုခုကို တွေးမိသွားပြီးနောက် လက်ကိုလှုပ်၍ လက်စွပ်တစ်ခုကို ထုတ်ယူလိုက်သည်။
“ဒါတွေအားလုံးက ဒီလက်စွပ်ကြောင့်ပဲ”
ဤလက်စွပ်ကို သူမ မတော်တဆ ရလာခဲ့ခြင်း ဖြစ်ပြီး လက်စွပ်ထံမှ တစ်မူထူးခြားသော အရှိန်အဝါများဖြင့် ပြည့်နေသည်ဟု ခံစားမိသည်။ ထိုလက်စွပ်ကို သူ့လက်ချောင်းပေါ် စွပ်သောအခါ ပြင်းထန်သော အဆိပ်တစ်မျိုး ပျံ့နှံ့သွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့မိချေ။
ထိုအဆိပ်က လပြည့်ညရောက်တိုင်း သူမအား သေသွားတာကပင် ပိုကောင်းသေးသည်ဟု ခံစားမိသွားစေခဲ့သည်။ အထူးသဖြင့် ထိုအဆိပ် ပျံ့နှံ့လာသည်နှင့် ပိုင်ယီ၏ မျက်နှာလေးက သေလုမျောပါး ဖြူရော်လာသည်။
“တကယ်ပဲ အဆိပ်ဖြေဆေး မရှိတော့ဘူးလား”
ပိုင်ယီက စားပွဲကိုသာ ကြည့်နေမိသည်။ စားပွဲပေါ်၌ စကြဝဠာ၏ ရှေးဟောင်း စာအုပ်များနှင့် ပြည့်နေပြီး ထိုရှေးဟောင်းစာအုပ်များအားလုံးသည် စကြဝဠာတွင်းရှိ ထိပ်တန်း အဆိပ်များအကြောင်း ရေးသားထားသည့် စာအုပ်များ ဖြစ်လေသည်။
ထိုရှေးဟောင်းစာအုပ်များအားလုံးကို ပိုင်ယီ မွှေနှောက်ရှာဖွေသော်လည်း ဤအဆိပ်နှင့် ပတ်သက်သော အကြောင်းကို သူမ ရှာမတွေ့ပေ။
“ဟဲဟဲ … ကောင်မလေး၊ စိတ်အနှောင့်အယှက် ဖြစ်ခံမနေပါနဲ့၊ ဒီအဆိပ်ကို မင်း မကုနိုင်သလို မင်းချစ်သူလေးလည်း မကုနိုင်ဘူး”
ထိုစဉ် အဘွားအိုတစ်ယောက်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံကြောင့် ပိုင်ယီသည် မိုးကြိုးပစ်ချခံ လိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။
“ဘယ်သူလဲ”
ပိုင်ယီ မျက်မှောင်ကြုတ်သွားသည်။ သူမ၏ ခွန်အားနှင့်ဆိုလျင် နတ်ဘုရားများ နီးကပ်လာလျင်တောင်မှ သူမ သေချာပေါက် ခံစားမိသည်။ သို့သော် ယခုအခါတွင် သူမ ဘာဆိုဘာမှ မခံစားမိပေ။
“ဟီးဟီး … စိတ်မလှုပ်ရှားပါနဲ့၊ ငါက မင်းလက်စွပ်ထဲမှာလေ”
ထိုစကားကြောင့် ပိုင်ယီသည် ခေါင်းမွေးထောင်ပြီး ကြက်သီးမွေးညင်း ထသွားလေသည်။ သူမ ထိုလက်စွပ်ကို ရခဲ့စဉ်က အကြိမ်ပေါင်းများစွာ သေချာ စစ်ဆေးခဲ့သော်လည်း အထဲ၌ ဘာဆိုဘာမျှ ရှိမနေခဲ့ချေ။
*ဘယ်လိုလုပ် စိတ်ဝိညာဉ်တစ်ခုက ရုတ်တရက် ထွက်လာရတာလဲ*
ထိုလက်စွပ်သည် ပိုင်ယီ၏ အတွေးကို နားလည်နေပုံရပြီး ရုတ်တရက် ခုန်ထ၍ ပိုင်ယီ၏ ထိန်းချုပ်မှုကို ချိုးဖောက်၍ ပိုင်ယီရှေ့၌ ဝဲပျံလာသည်။ တစ်ချိန်တည်းမှာပင် ထိုလက်စွပ်တွင်းမှနေ၍ အနက်ရောင် အငွေ့များ ထွက်လာလေသည်။
ထိုအနက်ရောင် အငွေ့များသည် အလွန်တရာ မကောင်းဆိုးဝါးဆန်ပြီး လူတိုင်းအား ကြောက်စရာကောင်းသော အရာကဲ့သို့ ကျောချမ်းသွားစေသည်။ ထိုသည်သာမကပေ၊ ထိုအငွေ့ထဲမှနေ၍ အဘွားအိုတစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာသည်။
ဤအဘွားအိုသည် ကြည့်ပြီး အဘွားအိုသည် နှစ်ထောင်ချီ အသက်ရှည်နေသည့် မကောင်းဆိုဝါးအိုကြီး ဖြစ်သည်ဟု ပိုင်ယီ ထင်မှတ်မှားမိသွားသည်။ ထိုအဘွားအို၏ အရှိန်အဝါသည် ဤလောက၌ ရှားပါးလှသည်။
“ရှင် ဘယ်သူလဲ၊ ရှင် ဘာလို့ ဒီလက်ချောင်းထဲ ပုန်းနေတာလဲ”
ပိုင်ယီ သတိအလွတ်မခံပေ။ ထို့အပြင် သူမက လက်ကိုလှုပ်၍ အချက်ပြလိုက်သည်။ ထိုအခါ ကိုယ်ပွားများက လှစ်ခနဲ ရောက်လာပြီး ထိုအဘွားအို၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ဝိုင်းထားလိုက်ကြသည်။
“ဟဲဟဲ … သတိထားလွန်းတဲ့ ကလေးမလေးပဲ၊ ဒါပေမဲ့ စိတ်မပူပါနဲ့ ငါက မရက်စက်တတ်ပါဘူး”
အဘွားအိုက ကြင်နာစွာ ပြုံးလာသည်။ သို့သော် ထိုအပြုံးကပင် တစ်ဖက်လူအား ခေါင်းမွေးထောင် သွားနိုင်စေသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။ ထိုအဘွားအို၏ မျက်လုံး၌ ဝေဝါးနေဟန်များ ထင်ဟပ်နေ၏။
“နှစ်နှစ်သိန်း ကြာသွားခဲ့ပြီ၊ ဒီရှေးဟောင်းလက်စွပ်ထဲမှာ ငါ ပိတ်မိနေတာ နှစ်နှစ်သိန်း ကြာသွားခဲ့ပြီ”
“ငါ တစ်သက်လုံး ဒီထဲက မထွက်နိုင်ဘူးလို့ ထင်ထားခဲ့ပင်မယ့် မထင်မှတ်ဘဲ မင်းက ရှေးဟောင်း နတ်ဘုရားရဲ့ အဆိပ်ကို စုပ်ယူလိုက်လို့ ငါ ထွက်လာလို့ ရတာ”
ပိုင်ယီ ထိတ်လန့်သွားသည်။
*ရှေးဟောင်း နတ်ဘုရားရဲ့ အဆိပ်တဲ့လား*
ထိုအခါတွင်မှ သူမကိုယ်တွင်းသို့ ရောက်နေသည့် အဆိပ်က ရှေးဟောင်း ချိပ်ပိတ်အဆိပ် ဖြစ်နေသည်ကို နားလည်လိုက်ရသည်။ ထိုအဆိပ်က ဤအဘွားအိုအား အိပ်စက်ခြင်းမှ မနိုးနိုင်တော့အောင် ပြုလုပ်ထားခဲ့သည်။ ထိုအဆိပ်များ စုပ်ယူခံလိုက်ရချိန်မှသာ အဘွားအိုက လက်စွပ်ထဲမှ ထွက်လာနိုင်လေတော့သည်။
အထူးသဖြင့် နှစ်နှစ်သိန်းဟူသော စကားကြောင့် ပိုင်ယီ အံ့ဩမိသည်။ မည်သို့သော ပုဂ္ဂိုလ်မျိုးက လူတစ်ယောက်အား မသေစေဘဲ နှစ်နှစ်သိန်းကြာ ပိတ်လှောင်ထားခဲ့သလဲဆိုသည်ကို ပိုင်ယီ မတွေးတတ် တော့ချေ။
ဤသည်ကိုတွေးမိပြီး ပိုင်ယီ တစ်ခဏမျှ ကြက်သီးမွေးညင်း ထသွားသည်။ ပိုင်ယီ၏ အမူအရာကို ကြည့်ပြီး အဘွားအိုက သက်ပြင်းချ၍ ပြန်မေးလိုက်သည်။
“ကလေးမလေး၊ ဘာလို့ ကမ္ဘာဂြိုဟ်ကို နတ်ဘုရားတို့ သေဆုံးရာနယ်မြေလို့ ခေါ်လဲ မင်း သိလား”
ပိုင်ယီ အံ့ဩသွားပြီးနောက် ခေါင်းခါပြလိုက်သည်။ နတ်ဘုရားတို့ ကျဆုံးရာနယ်မြေဟူသော အမည်နာမသည် အလွန် ရှေးကတည်းက တည်ရှိခဲ့ခြင်း ဖြစ်ပြီး ယဲ့ဖန်တောင်မှ ဤနေရာ၌ ရှေးဟောင်း နတ်ဘုရားများကို မြှုပ်နှံထားသည်ဟုသာ သိထားလေသည်။
သို့သော် ထိုအချက်က စစ်မှန်သော အကြောင်းရင်း မဟုတ်ပေ။ ပိုင်ယီ၏ အံ့ဩနေသော အမူအရာကို ကြည့်ပြီး အဘွားအိုသည် ဇဝေဇဝါဖြစ်သွားပြီး အတိတ်ကို အမှတ်ရသွားဟန် ပြလာသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်သိန်းလောက်တုန်းကပေါ့၊ အဲ့ခေတ်အခါက ရှေးခေတ်ရဲ့ ရှေးဦးလူသားတွေ ရှိခဲ့တာပေါ့”
“အဲ့အချိန်က မဟာနတ္ထိ ရှေးဧကရာဇ်က နှစ်ပေါင်းများစွာ တစ်ဟုန်ထိုး ဩဇာကြီးခဲ့တာပေါ့၊ မဟာနတ္ထိ ရှေးဧကရာဇ်နောက်ကို လိုက်ပြီး စအမှုထမ်းခဲ့တဲ့ ထိပ်သီးဧကရာဇ်တွေက သေဆုံးပြီး ပျောက်ကွယ်သွားခဲ့တယ်”
“အဲ့ဒီဧကရာဇ်တွေရဲ့ အမွေအနှစ်တွေကို ရဖို့အတွက် နတ်ဘုရားတွေက တိုက်ခိုက်ပြီး သေကြေခဲ့ကြတယ်”
“နောက်ဆုံးတော့ လူသား လောကသခင်တစ်ပါးက အားလုံးကို အနိုင်ယူခဲ့ပြီးတော့ ရှေးခေတ်အချိန်ကို အုပ်စိုးခဲ့တယ်။ သူက နတ်ဘုရားတွေကို သတ်ပြီးတော့ စိတ်ဝိညာဉ်တွေကို ချိပ်ပိတ်ပြီး အရိုးတွေကို ဒီဂြိုဟ်ပေါ်မှာ မြှုပ်နှံခဲ့တယ်”
“အဲ့ဒီနောက်တော့ သူက သိပ်များတဲ့ စွမ်းအင်တွေကို သုံးပြီးတော့ ရှေးခေတ်လောကကြီးတစ်ခုလုံးကို နှစ်ခြမ်းခွဲခဲ့တယ်”
“တစ်ခုကို ယင်ယန်လောကလို့ ခေါ်ပြီး နောက်တစ်ခုကို ငရဲဘုံလို့ ခေါ်ခဲ့တယ်”
“ဂြိုဟ်တွေကို ငရဲမှာ ထားပြီးတော့ ငါတို့ နတ်ဘုရားတွေရဲ့ စိတ်ဝိညာဉ်တွေကို ယင်ယန်လောကမှာ ထားပြီး အသက်ကုန်တဲ့အထိ ရှိစေခဲ့တယ်”
“ဒါကြောင့်ပဲ ဒီနေရာကို နတ်ဘုရားတို့ ကျဆုံးရာနယ်မြေလို့ ခေါ်ခဲ့တာ”
အဘွားအို၏ စကားကြောင့် ပိုင်ယီ တုန်လှုပ်သွားသည်။
*ယင်ယန်လောက*
*ငရဲဘုံ*
ရှေးခေတ် နတ်ဘုရားများကို ဖျက်ဆီး၍ စကြဝဠာကြီးတစ်ခုလုံးကို လောကနှစ်ခုအဖြစ် ပိုင်းခြားခဲ့သော ထိုပုဂ္ဂိုလ်က မည်မျှကြောက်ဖို့ကောင်းသလဲ ဆိုသည်ကို ပိုင်ယီ မတွေးဝံ့တော့ချေ။ ဤသည်မှာ မိုးကောင်းကင်ကို ဆန့်ကျင်ခြင်းပင်။ ထို့စဉ် အဘွားအိုက ပိုင်ယီကို စိုက်ကြည့်၍ မေးလာသည်။
“ကလေးမလေး၊ မင်း အဲ့ကလေးကို ချစ်သလား”
*ဟင်*
ဤသို့သော အရေးကြီးသည့် အကြောင်းရာများကို ပြောပြနေချိန်တွင် အဘွားအိုက သူမ၏ ကိုယ်ရေးကိုယ်တာ အကြောင်းကို မေးလာမည်ဟု မထင်ထားသဖြင့် ပိုင်ယီ တွေဝေသွားသည်။ တစ်ခဏကြာသော် ပိုင်ယီ၏ မျက်နှာလေးက သွေးကဲ့သို့ ရဲရဲနီလာသည်။ နောက်ဆုံးတွင် သူမက နှုတ်ခမ်းကိုကိုက်၍ ခေါင်းညိတ်လိုက်သည်။
ဤသည်ကိုမြင်ပြီး အဘွားအိုက အသာပြုံးလိုက်သည်။
“မင်း သူ့ကိုချစ်တယ်ဆိုရင် ငါ့နောက်သာလိုက်ခဲ့၊ မင်းကိုယ်ထဲက ရှေးဟောင်း နတ်ဘုရားရဲ့အဆိပ်ကို သူ မဖြေပေးနိုင်ဘူး၊ ငါလည်း မဖြေပေးနိုင်ဘူး”
“မင်း ငါနဲ့အတူ ယင်ယန်လောကကို လိုက်ခဲ့မှပဲ ရမယ်။ အဲ့အခါကျရင် ငါ မင်းကို အဆိပ်ဖြေပေးနိုင်ရုံတင် မကဘူး၊ ငါ မင်းကို ပိုသန်မာလာအောင် လုပ်ပေးနိုင်တယ်”
အဘွားအို၏ စကားကြောင့် ပိုင်ယီ အံ့ဩသွားသည်။
*ယင်ယန်လောကကိုလား*
ပိုင်ယီ တစ်ခဏမျှ တွေးနေပြီးနောက် အလေးအနက် ပြန်မေးလိုက်သည်။
“ကျွန်မ သူ့ကို ကာကွယ်ပေးနိုင်တဲ့အထိ သန်မာလာအောင် ရှင် လုပ်ပေးနိုင်လား”
*သူ့ကို ကာကွယ်ပေးနိုင်အောင်လား*
ပိုင်ယီသည် သူမကိုယ်ထဲမှ အဆိပ်အကြောင်းပင် မမေးဘဲ ထိုသူကို ကာကွယ်နိုင်သလားဟုသာ မေးနေသည်။ ထိုသူသာလျင် သူမ၏ကမ္ဘာကြီး ဖြစ်နေပုံရလေ၏။ သူမ၏ ချစ်ခင်စိတ်ကြောင့် အဘွားအိုတောင်မှ ကြည်နူးသွားရသည်။
“ကာကွယ်ပေးနိုင်တယ်”
အဘွားအိုက ပိုင်ယီကို ကတိပေးဟန်ဖြင့် ပြောလိုက်သည်။ အဘွားအို၏စကားကြောင့် ပိုင်ယီ ပြုံးလိုက်သည်။
“ကောင်းပြီလေ၊ ကျွန်မကို တစ်ညလောက် အချိန်ပေးပါ၊ ကျွန်မ သူ့ကို နှုတ်ဆက်စကား ပြောချင်သေးတယ်"
Chapter 705 ပိုင်ယီ ထွက်သွားပြီ
ညအချိန်၌ ယဲ့ဖန် ကျန်းရှီမြို့သို့ ပြန်ရောက်လာချိန်တွင် အဖြူရောင်ဝတ်စုံနှင့် အရိပ်တစ်ခုက လရောင်အောက်၌ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူသည် အထီးကျန်သမားကဲ့သို့ စိတ်နှလုံး ညှိုးချုံး၍ မျက်နှာညှိုးငယ်နေ၏။ ချစ်ရသောသူကို စောင့်မျှော်နေပုံ ရသည်။
“ပိုင်ယီ၊ မင်း ဘာလို့ ဒီရောက်နေတာလဲ”
ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားပြီးနောက် ရှေ့သို့ လှမ်းသွားလိုက်သည်။ သို့သော် ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်မိသွားသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ယီ၏ မျက်လုံးများက နီရဲနေပြီး ငိုထားပုံ ရနေသောကြောင့်ပင်။
“ကျွန်မ ရှင့်ကို စောင့်နေတာ”
ပိုင်ယီက မျက်လုံးထောင့်မှ မျက်ရည်စများကို ကပျာကယာသုတ်၍ နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလာသည်။
“ယဲ့ဖန်၊ ကျွန်မနဲ့အတူ လမ်းလျှောက်ထွက်ပေးပါလား”
သူမစကားကြောင့် ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ နှစ်ယောက်သား နေရခက်နေသော အတွဲကဲ့သို့ ကျန်းရှီမြို့၏ လရောင်အောက်၌ လမ်းလျှောက်နေကြသည်။ ညတာ၏ ကောင်းကင်ယံသည် လသော်တာကြောင့် အဖြူရောင် အလင်းများ မသိမသာ ကျဆင်းနေပြီး ကြည်နူးဖွယ်ကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းလှသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ယနေ့ည၌ ပိုင်ယီသည် အလွန်ရွှင်လန်းတက်ကြွလျက် ရှိသည်။ သူမသည် တကျည်ကျည်နှင့် လတ်တလော ဖြစ်ပျက်သွားခဲ့သည့် ကမ္ဘာမြေပေါ်က စိတ်ဝင်စားစရာကောင်းသော အရာများ အားလုံးကို ယဲ့ဖန်အား ပြောပြနေသည်။
ဆည်းလည်းသံကဲ့သို့သော ရယ်သံလေးက ညတာ၌ ကြည်လင်စွာ ပဲ့တင်ထပ်နေ၏။ သူမသည် ပျော်ရွှင်နေသော ကလေးမလေးကဲ့သို့ ဝမ်းနည်းစရာအားလုံးကို မေ့ပျောက်၍ ပြဿနာများအားလုံးကို အဝေးသို့ လွှင့်ပစ် ထားပုံရသည်။ သူမသည် ယခုအချိန်လေးကိုသာ ချစ်ခင်မြတ်နိုးနေလေ၏။ သို့သော် ထိုအပြုံး၌ ဝမ်းနည်းရိပ်များ ပါဝင်နေသည်ကို ယဲ့ဖန် မြင်နေရသည်။
“ပိုင်ယီ၊ မင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား”
ယဲ့ဖန် မျက်မှောင်ကြုတ်လာသည်။ သူ ပိုင်ယီ၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သော်လည်း မူမမှန်တာ ဘာမှမတွေ့ပေ။ ဤသည်က သူ၏သံသယကို ပို၍များလာစေသည်။
“ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မ ဒီနေ့ ပျော်နေရုံလေးပါ”
ပိုင်ယီက ရေတံခွန်ကဲ့သို့ လျောဆင်းကျနေသည့် ဆံနွယ်များကို နားနောက်သိမ်း၍ အသာပြုံးကာ ယဲ့ဖန်လက်ကိုဆွဲ၍ ရှေ့နားမှာ ဘားဆိုင်လေးကို လှမ်းကြည့်လိုက်သည်။
“လာ၊ ကျွန်မနဲ့ အတူလိုက်သောက်ပေး”
ထို့နောက် နှစ်ယောက်သား အကြည့်လွှဲ၍ ဘားထဲသို့ တန်းဝင်လိုက်ကြသည်။ ညဉ့်နက်ချိန်ရောက်လာပြီးနောက် ယဲ့ဖန်နှင့် ပိုင်ယီတို့ ဘားထဲမှ ထွက်လာကြသည်။ နှစ်ယောက်လုံး အတော်လေး မူးနေကြလေသည်။
ယနေ့ခေတ် ကမ္ဘာမြေပေါ်ရှိ ဝိုင်သည် အကောင်းဆုံးဝိုင်ဖြစ်ပြီး နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးတွင် အပြင်းဆုံးဝိုင် ဖြစ်လေသည်။
ပိုင်ယီ၏မျက်နှာလေးက နီမြန်းနေပြီး ပန်းပွင့်လေးကဲ့သို့ အင်မတန် လှပ၍နေ၏။ ထို့အပြင် နှစ်လိုဖွယ် ကောင်းလှသော ပိုးသားကဲ့သို့ နူးညံ့သည့် မျက်ဝန်းလေးက ယဲ့ဖန်အား ရင်ခုန်သံမြန်လာစေသည်။
နှစ်ဦးသား စကားမပြောဘဲ လရောင်အောက်၌ တိတ်ဆိတ်စွာ လမ်းလျှောက်နေကြသည်။ ထို့နောက် နှစ်ယောက်သား သတိမထားမိဘဲ ဝေ့ဟဲမြစ်ကမ်းဘေးသို့ ရောက်လာသည်။ ဤနေရာသည် သူတို့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့သည့် နေရာဖြစ်သည်။ ယခုအခါတွင် ဝေ့ဟဲမြစ်ကမ်းနဘေး၌ ရှေးဟောင်း သစ်ပင်ကြီးများက စိမ်းလန်းစွာ တည်ရှိနေ၏။
ဤနေရာလေးကို ကြည့်ပြီး ပိုင်ယီ၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးဟန်များ ထင်ဟပ်လာသည်။
“ယဲ့ဖန်၊ ကျွန်မ ထွက်သွားတော့မယ်”
*ထွက်သွားမယ်*
“ဘယ်ကိုလဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်၍ ပိုင်ယီအား မယုံနိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်မိသည်။ ထိုအခါတွင်မှ ပိုင်ယီက သူ့အား ကိုယ်တိုင် နှုတ်ဆက်စကားပြောရန် ရောက်လာခြင်း ဖြစ်ကြောင်း သတိထားလိုက်မိလေသည်။
“ကမ္ဘာကနေ တော်တော်လေး ဝေးတဲ့နေရာကို သွားမှာ”
ပိုင်ယီက ထိုသို့ပြောပြီး ယဲ့ဖန်အား ချစ်စဖွယ်ပြုံးပြနေသည်။
“ဒါပေမဲ့ ကျွန်မ ထွက်မသွားခင် ကျွန်မ ရှင့်ကို လက်ဆောင်တစ်ခု ပေးခဲ့ချင်လို့”
ထိုသို့ပြောပြီး ပိုင်ယီက ယဲ့ဖန်အား မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် လှမ်းကြည့်ကာ ပြုံးစစဖြင့် မရိုးမသားဟန် ပြလာသည်။ ယဲ့ဖန် အသာပြုံးလိုက်သည်။
“ဘယ်လို လက်ဆောင်မျိုး …”
သို့သော် ယဲ့ဖန် စကားမဆုံးသေးခင်မှာပင် ရုတ်တရက် မွှေးပျံ့သော ရနံ့က သူ့မျက်နှာနား နီးကပ်လာပြီး နူးညံ့နီရဲသော နှုတ်ခမ်းသားတစ်စုံက သူ့နှုတ်ခမ်းပေါ် ဖိကပ်၍ ကျရောက်လာသည်။
ပိုင်ယီက ယဲ့ဖန်၏ရင်ခွင်တွင်းသို့ တစ်ကိုယ်လုံး မှီ၍ဝင်လာလေသည်။ သူမ၏ နီရဲသောနှုတ်ခမ်းလေးက ယဲ့ဖန်အား မနမ်းတတ်နမ်းတတ်ဖြင့် ပြင်းပြစွာ နမ်းရှိုက်လာသည်။ ထို့အတူ ယဲ့ဖန်၏နားတွင်းသို့ မသဲမကွဲ အသံ ဝင်ရောက်လာသည်။
“အဲ့လက်ဆောင်က ကျွန်မပဲ”
ထိုသို့ပြောပြီးသည်နှင့် ပိုင်ယီ၏ ကျောက်စိမ်းကဲ့သို့ ဝင်းပသော လက်ဖျားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းက ပိတ်သားအသွင်ပြောင်း၍ နှစ်ယောက်လုံးကို အုပ်မိုးသွားပြီး အပြင်ဘက်မှ အရာအားလုံးကို ဖုံးကွယ်လိုက်လေသည်။
ထို့နောက်တွင်မူ ယဲ့ဖန်ရှေ့၌ အဖြူရောင်ဝတ်စုံ ကွာကျသွားပြီး ကျောက်စိမ်းကဲ့သို့ ဝင်းမွတ်နူးညံ့လှကာ တုန်ယင်နေသော ခန္ဓာကိုယ်လေးက ထွက်ပေါ်လာသည်။
ပိုင်ယီ၏ အသားအရေ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက နှစ်လိုဖွယ်ကောင်းလှသည်။ သူမ၏ ခန္ဓာကိုယ် အချိုးအစားက အလွန် လက်ရာမြောက်လှပြီး အသက်ရှူမှားလောက်သည့် အလှလေးပင်။
ထို့အတူ သူမ၏ မျက်နှာလေးက ရှက်ရွံ့မှုကြောင့် ရဲရဲနီနေ၏။ မှင်သက်စရာကောင်းလှပေ၏။ သူမ၏ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက ယောက်ျားသားများအား ရူးမတတ် ဖြစ်သွားစေသည်။ ပိုင်ယီ၏ မျက်ဝန်းလေးများက သိမ်မွေ့နူးညံ့ကာ ဝင်းလက်တောက်ပနေသည်။
“ယဲ့ဖန် ငါ့ကို သိမ်းပိုက်ပါ”
ထိုစကားကြောင့် ယဲ့ဖန် ရူးမတတ် ရင်ခုန်လာသည်။ ထိုစဉ် ပိုင်ယီ၏ အနမ်းက ပို၍ ကသုတ်ကရက်နိုင်လှပြီး သူမ၏ လက်ချောင်းများက ယဲ့ဖန်၏ အင်္ကျီကို ဖြည်းဖြည်းချင်း ချွတ်နေသည်။
ပုံရိပ်နှစခုက မြေကြီးပေါ် လူးလိမ့်နေ၏။ ထိုစည်အချိန်ထိ ယဲ့ဖန်၏ အတွေးထဲတွ်င် ဗလာနတ္ထိ ဖြစ်နေသေး၏။ သူက ပိုင်ယီအား နွေးထွေးစွာ ပြုံးကြည့်၍ ပြောလိုက်သည်။
“ဒါကို … အားကြီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သိမ်းပိုက်တာကို ခံရတယ်လို့ သတ်မှတ်လိုက်ရမလား”
ထိုစကားကြောင့် ပိုင်ယီ စိတ်ဆိုးလုနီးပါး ဖြစ်သွားလေသည်။ သူမက စိတ်ဆိုး၍ ချစ်ခင်ဖွယ်ကောင်းသော အကြည့်များဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီညတော့ ကျွန်မ ရှင့်ကို ဖိနှိပ်ထားချင်တယ်”
“လုပ်စမ်းပါ၊ ရှင် အသံမထွက်အောင် တင်းခံထားလည်း အသုံးမဝင်ဘူး၊ ရှင် ပိုအော်လေ ဒီအမျိုးသမီးလေးက ပိုသဘောကျလေပဲ”
ထိုသို့ပြောပြီး ပိုင်ယီက ရွှတ်နောက်နောက်ဟန်ပြုံးကာ နှင်းကဲ့သို့ ဖြူဖွေးနေသည့် သူမကိုယ်လေးက ယဲ့ဖန်ကို အုပ်မိုးသွားလေသည်။ လက်ရှိအချိန်သည် နွေဦးရာသီကဲ့သို့ ကြည်နူးဖွယ် ကောင်းလှပေသည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ယံ၌ နေထွက်စပြုလာသည်။ အရုဏ်တက်ချိန်၌ ပိုင်ယီသည် မောပန်းနွမ်းလျစွာဖြင့် သူမအခန်းဆီသို့ ပြန်လာလေသည်။
အခန်းထဲ ဝင်လိုက်သည်နှင့် စားပွဲပေါ်၌ လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။ ထိုလက်စွပ်တွင်းမှ အနက်ရောင် အငွေ့များ ထွက်လာပြီး အဘွားအိုတစ်ယောက်၏ စိတ်ဝိညာဉ် ခန္ဓာကိုယ် ထွက်ပေါ်လာသည်။
ထိုအဘွားအိုက ပိုင်ယီ၏ ချစ်စဖွယ်ကိုယ်လေးကို တစ်ချက်ကြည့်၍ သနားဟန်ဖြင့် ပြောလာသည်။
“မိုက်လိုက်တဲ့ကောင်မလေး၊ ဒါ သူ့အတွက် ထိုက်တန်လို့လား”
“ထိုက်တန်တယ်”
ပိုင်ယီက ချိုသာစွာ ပြုံးလိုက်သည်။
“ရှေးဟောင်းနတ်ဘုရားအဆိပ်ကို ဖုံးထားပေးလို့ ကျေးဇူးတင်ပါတယ်၊ သူ အဲ့အဆိပ်ကို မြင်သွားမှာကို ကျွန်မ မလိုလားဘူး”
ထိုသို့ပြောပြီးနောက် ပိုင်ယီ၏ နှင်းကဲ့သို့ ဖြူဖွေးသော လက်ကောက်ဝတ်၌ အနက်ရောင်သွေးကြောများစွာ ထွက်ပေါ်လာသည်။ ထိုအရာသည် ရှေးဟောင်းနတ်ဘုရား၏ အဆိပ်ပင်။
မနေ့ညက ပိုင်ယီသည် အဘွားအို၏ အကူအညီဖြင့် ရှေးဟောင်းနတ်ဘုရား၏ အဆိပ်ကို ဖိနှိပ်ကာ ယဲ့ဖန် မမြင်အောင် ပြုလုပ်ခဲ့သည်။
ယခုအချိန်၌ ပိုင်ယီသည် ဘောပင်ကို ကောက်ကိုင်၍ စာရွက်တစ်ရွက်ကို ယူကာ ယဲ့ဖန်အတွက် စာရေးထားခဲ့သည်။ ထို့နောက် သူမက တစ်ဖက်လှည့်၍ အဘွားအိုကို လှမ်းပြောလိုက်သည်။
“ပြီးသွားပြီ၊ သွားကြမယ်”
သူမစကားကြောင့် အဘွားအိုက ခေါင်းညိတ်ပြသည်။ ထို့နောက် သူမက လေဟာနယ်ကို လက်တစ်ချောင်းဖြင့် ထိုးညွှန်လိုက်သည်။ ထိုအခါ ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ထွက်ပေါ်လာ၏။
ထို့နောက်တွင်မူ အဘွားအိုသည် ရုတ်တရက် အနက်ရောင် အငွေ့အသွင် ပြန်ပြောင်း၍ ရှေးဟောင်း နတ်ဘုရား လက်စွပ်ထဲသို့ ပြန်ဝင်သွားပြီး ပိုင်ယီအား ထိုလက်စွပ်ကို ဝတ်ဆင်လိုက်စေသည်။
ထိုဟင်းလင်းပြင် တံခါးပေါက်ကို ကြည့်ပြီး ထိုနေရာက ဤလောကနှင့် မသက်ဆိုင်မှန်း သိလိုက်သည်။ ထိုတံခါးပေါက်သည် … ယင်ယန်လောကအား ဦးတည်နေသော တံခါးပေါက်ပင်။
“မင်း သွားချင်လား”
ပိုင်ယီ၏ နှလုံးသားထဲတွင် ဝန်လေးစိတ်များဖြင့် ပြည့်နှက်နေ၏။ သူမ ကမ္ဘာမြေအား စွန့်ခွာရမည်ကို ဝန်လေးသလို သူ့အား ထားခဲ့ရမည်ကိုလည်း စိတ်လေးနေသည်။
“ယဲ့ဖန် ကျွန်မ ရှင့်ကို ယင်ယန်လောကမှာ စောင့်နေပါ့မယ်”
ထိုသို့ပြောပြီး ပိုင်ယီ၏မျက်ဝန်းမှ မျက်ရည်တစ်စက် စီးကျလာပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်။ ထို့နောက် သူမသည် ဖျတ်ခနဲ လှုပ်ရှား၍ ဟင်းလင်းပြင် တံခါးထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ထိုအခါတွင်မှ အခန်းတံခါး ပွင့်လာပြီး ယဲ့ဖန် ဖြည်းဖြည်းချင်း ဝင်လာသည်။
“ရှေးဟောင်းနတ်ဘုရားရဲ့အဆိပ်တဲ့လား၊ အဲ့ဒါက ယင်ယန်လောကမှာပဲ အဆိပ်ဖြေနိုင်တာလား”
ယဲ့ဖန် အရာအားလုံးကို သိနေပါသည်။ သူ ပိုင်ယီကို မတားလိုက်ရသည့် အကြောင်းရင်းမှာ လက်ရှိ သူ့ခွန်အားအရ ပိုင်ယီ၏ကိုယ်ထဲမှ ရှေးဟောင်းနတ်ဘုရား၏ အဆိပ်ကို မဖြေပေးနိုင်မှန်း သိနေသောကြောင့်ပင်။
ထိုအဘွားအိုတစ်ဦးတည်းသာလျင် ပိုင်ယီကို ကူညီနိုင်၏။ ကြမ်းပြင်ပေါ်မှ မျက်ရည်စက်များကို ကြည့်ပြီး ယဲ့ဖန် ရင်ထဲ ဆစ်ခနဲ နာကျင်လှပြီး ရှုသိုးသိုးမျက်နှာထား ဖြစ်လာသည်။
“အရူးမလေး၊ ငါ့ကို စောင့်နေပါ။ ငါ ယင်ယန်လောကကို လာပြီး မင်းကို လိုက်ရှာမှာကို စောင့်နေပါ”
ထို့နောက် စားပွဲပေါ်မှ စာရွက်ဆီ ယဲ့ဖန် အကြည့်ရောက်သွားသည်။ ထိုစာရွက်တွင် ကမ္ဘာမြေအား နတ်ဘုရားတို့ ကျဆုံးရာမြေဟု ခေါ်ဝေါ်ရသည့် အကြောင်းရင်းကို ရေးသားထားသည်။ ထိုစာရွက်ကို ဖတ်ပြီးနောက် ယဲ့ဖန် တုန်လှုပ်သွားသည်။ ထိုအခါတွင်မှ အိမ်မက်ဆိုး ချောက်ကမ်းပါးအောက်၌ ဝိညာဉ်စား ပုရွက်ဆိတ်များစွာ ရှိနေရသည့် အကြောင်းရင်းကို သူ နားလည်သွားသည်။
*လက်စသက်တော့ ဒီကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို အနိုင်ယူခဲ့တဲ့သူ ရှိနေတာပဲ*
*လူသား လောကသခင်*
ထိုသူကပင် ကမ္ဘာမြေပေါ်၌ နတ်ဘုရားများ၏ စိတ်ဝိညာ ဉ်များကို ချိပ်ပိတ်ကာ ကမ္ဘာမြေအား ငရဲဘုံသို့ ပို့ခဲ့သည်။ ထို့အတူ ဝိညာဉ်စား ပုရွက်ဆိတ်များကိုလည်း အစာကျွေး ခဲ့သေးသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များ အရွယ်ရောက်လာသည်နှင့် ချိပ်ပိတ် ခြင်းအား ချိုးဖောက်ပြီး ပထမဆုံး လုပ်မည့်အရာမှာ ကမ္ဘာမြေတစ်ခုလုံးကို ဝါးမျို၍ ကမ္ဘာမြေ၌ ရှိနေသော နတ်ဘုရားများ၏ စိတ်ဝိညာဉ်ကို ဝါးမျိုခြင်းပင်။
စာစဉ် ၄၇ ဤတွင် ပြီးပါပြီ။