← Chapters

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

Chapter 712 ကျေးဇူးပြုပြီး သေချာနားထောင်ပေးပါ

ဝုန်း! ဝုန်း! ဝုန်း!

လက်ရှိအချိန်၌ ဧရာမ စစ်နတ်ဘုရားအိမ်တော်တစ်ခုလုံး သက်ဝင်လှုပ်ရှားလျက် ရှိသည်။ ယင်ယန်လောကမှ ပါရမီရှင်များအားလုံး သွေးသံတရဲရဲနှင့် စစ်နတ်ဘုရားအိမ်တော်တွင်း၌ လဲကျ၍နေသည်။ မြေကြီးတွင်လည်း ထိုပါရမီရှင်များ ပြုတ်ကျထားသောကြောင့် ချိုင့်ခွက်များ ဖြစ်ပေါ်နေသည်။

ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။ ယင်ယန်လောကမှ ရောက်လာသည့် ပါရမီရှင်များထဲမှ နောက်ဆုံးတစ်ယောက် ပြုတ်ကျလာချိန်တွင် စစ်နတ်ဘုရားအိမ်တော်တစ်ခုလုံး အပ်ကျသံပင် ကျရလောက်သည်အထိ တိတ်ဆိတ်သွားသည်။

ရှေးဟောင်း နတ်ဘုရားများသည် လေနှင့်အတူ မျောလွင့်သွားသည့် သွေးစက်များကိုကြည့်ပြီး မျက်နှာဖြူရော်ကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။

*တစ်ကြိမ်လောက် အတူတူတိုက်ခိုက်လိုက်တာနဲ့ အားလုံး ရှုံးကုန်တယ်လား*

*ဒါက …*

ရှေးဟောင်းနတ်ဘုရားတိုင်း တုန်လှုပ်နေကြသည်။ သူတို့သည် ကောင်းကင်ထက်ရှိ နတ်ဆိုးများ ကိုင်ဆောင်ထားသည့် ယင်ယန်လောကမှ ထိပ်တန်းရတနာများကို ကြည့်လိုက်ပြီးနောက် ခွေးသေကောင် များကဲ့သို့ ဖြစ်နေသော ပါရမီရှင်များကို ကြည့်လိုက်မိကာ ကြက်သီးမွေးညင်း ထနေကြသည်။

“ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ယင်ယန်လောကက ထိပ်တန်းရတနာတွေက ဒီလူအားလုံးရဲ့ လက်ထဲကို ရောက်နေရတာလဲ”

“ငါ့မျိုးဆက်တွေ၊ သောက်အရူးကောင် မင်း အားလုံးကို သတ်ပစ်လိုက်တယ်”

“သွားပြီ၊ ဒီတစ်ခါတော့ ကံဆိုးပြီပဲ”

“…”

ရှေးဟောင်းနတ်ဘုရားများ သေမတတ် ကြောက်ရွံ့လာကြသည်။ သူတို့ အသက်ချမ်းသာပြီဟု ထင်ခဲ့မိသော်လည်း ထင်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။

ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းချင်းလှမ်းလာသည်။ သူသည် ခွေးသေကောင်များကဲ့သို့ လဲကျနေသော ပါရမီရှင်များအား ပုရွက်ဆိတ်တစ်အုပ်ကို ကြည့်သကဲ့သို့ကြည့်ကာ ခက်ထန်စွာ ပြောလိုက်သည်။

“အင်း … ဓားမှာ မျက်စိမှာ မရှိဘူးလို့ပဲ ပြောကြတာပါ၊ မင်းတို့က ဘာလို့ ဒီလို ဖြစ်နေကြတာလဲ”

ထိုစကားကြောင့် ရှေးဟောင်းနတ်ဘုရားများ သွေးအန်လုမတတ် ဖြစ်သွားရသည်.

*ဒီခွေးမသားက သူ အရက်စက်ဆုံးပဲကို၊ သက်ရှိအားလုံးကို ကြင်နာတတ်သလိုယောင်ဆောင်နေတယ်၊ တော်တော် အရှက်မရှိတဲ့ကောင်ပဲ”

သို့သော် ယဲ့ဖန်က ထိုမျှနှင့်မရပ်သေးပေ။ သူသည် လက်ကိုဆန့်၍ ဒဏ်ရာရနေသော ပါရမီရှင်တစ်ယောက်ကို အသာထူမ၍ စိုးရိမ်တကြီး မေးလိုက်သည်။

“ညီလေး၊ မင်းခြေထောက်က အဆင်ပြေရဲ့လား”

ဘာရယ်ကြောင့်မှန်းမသိသော်လည်း ထိုပါရမီရှင်သည် သူ့စကားကို ကြားသည်နှင့် ရက်စက်သော သားရဲ၏ ဖမ်းချုပ်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားမိကာ မျက်နှာဖြူရော်လာပြီး ကြောက်ကြောက်လန့်လန့်ဖြင့် တုန်ယင်စွာ ပြန်ပြောလိုက်သည်။

“ရပါတယ် … ဘာမှမဖြစ်ပါဘူး”

“အင်းလေ ဒါဆိုလည်း ဒီဘက်ကတစ်ယောက်၊ မင်းရဲ့လက်မောင်းရော အဆင်ပြေရဲ့လား”

ယဲ့ဖန်က နောက်တစ်ယောက်ကို လှမ်းကြည့်၍ စိုးရိမ်တကြီး ပြောလိုက်သည်။

“အင်း … ငါလည်း အဆင်ပြေပါတယ်”

ထိုသူ၏နဖူးမှ ချွေးစေးများ စီးကျနေသည်။ သူ၏ပြန်ဖြေသောစကားကြောင့် ယဲ့ဖန်က ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်၍ ထိုပါရမီရှင်၏ ပခုံးကိုပုတ်လိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ငါ မင်းကို ပြန်ပို့ဖို့ စဉ်းစားထားပြီးသား”

*ဘာ*

ယဲ့ဖန်၏စကားကြောင့် ယင်ယန်လောကမှ ပါရမီရှင် မှင်တက်သွားရသလို ဘေးပတ်လည်မှ ရှေးဟောင်း နတ်ဘုရားများ အားလုံး မှင်တက်သွားကြလေသည်။

သူ ပြောသည့်စကားကို အားလုံး နားမလည်ကြချေ။ သို့သော် ယဲ့ဖန်က အားလုံး၏အကြည့်ကို အဖက်မလုပ်ချေ။ သူက ထိုပါရမီရှင်ကိုသာ စိုက်ကြည့်၍ ပြောလိုက်သည်။

“ငါ မင်းကို ယင်ယန်လောကဆီပြန်ပြီး ရှေးဟောင်း မိသားစုရဲ့ ခေါင်းဆောင်တွေကို ငါက ဘယ်လောက် ကြင်နာတတ်ပြီး သနားတတ်လဲဆိုတာကို ပြောပြစေချင်တယ်”

“ဥပမာပြောရရင်ကွာ၊ မင်းတို့ ဒီကို လူထောင်ချီရောက်လာပြီးတော့ အားလုံး ခြေလက်တွေ ပျက်သွားခဲ့တာ။ မင်းတစ်ယောက်တည်း ပကတိအတိုင်း ဖြစ်နေတာ။ မင်း မကောင်းတာတွေ လုပ်လို့ သူတို့ မင်းကို အပြစ်တင်မှာတော့ ငါ စိုးရိမ်မိသား”

“ဒီတော့ မင်းကို ကူညီဖို့အတွက် ငါ စဉ်းစားထားတာက …”

ယဲ့ဖန်၏အပြုံးက မူမမှန်လောက်အောင် သွေးဆာသည့် အပြုံးမျိုး ဖြစ်လာသည်။

“မင်းကို ဆုတ်ဖြဲပစ်ဖို့”

ထိုစကားကြောင့် ယင်ယန်လောကမှ ပါရမီရှင် ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ ထို့နောက် တစ်ဖက်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုစဉ် ယဲ့ဖန်က သူ့အား လက်နှစ်ဖက်လုံးဖြင့် ဖမ်းချုပ်လိုက်သည်။

ဂျွတ်!

လက်မောင်းတစ်ဖက် လွင့်ပျံလာသည်။

ဂျွတ်!

ခြေထောက်တစ်ဖက် လွင့်ထွက်လာ၏။ တစ်ခဏအတွင်းမှာပင် ထိုပါရမီရှင်သည် ယဲ့ဖန်၏ တစ်စစီ ဆုတ်ဖြဲခြင်း ခံလိုက်ရလေ၏။

ငယ်သံပါအောင် စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လျက် ရှိနေသည်။ မျက်စိရှေ့မှ သွေးသံတရဲရဲ မြင်ကွင်းကိုကြည့်ပြီး ရှေးဟောင်းနတ်ဘုရားများအားလုံး ကြက်သီးမွေးညင်း ထသွားကြသည်။

*အရူး*

ရှေးဟောင်းနတ်ဘုရားတိုင်း တစ်ကိုယ်လုံး ရေခဲကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခိုက်ခိုက်တုန်ကာ ချမ်းစိမ့် လာကြသည်။

သူ၏ပြုံးနေသော အမူအရာက မကောင်းဆိုးဝါးနှင့် ဆင်တူလေသည်။ ရှေးဟောင်းနတ်ဘုရားများသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သဖြင့် မရေတွက်နိုင်သော အသက်များကို သတ်ဖြတ်ခဲ့ဖူးသလို သက်ရှိအရာပေါင်းများစွာကိုလည်း မြင်ခဲ့ဖူးသည်။ သို့သော် ယဲ့ဖန်ကဲ့သို့ ရက်စက်သော မကောင်းဆိုးဝါးမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

*အဲ့လူကို ကူညီဖို့အတွက် အဲ့လူကို တစ်စစီ ဆုတ်ဖြဲပေးမယ်တဲ့လား*

*ဒီလိုမျိုးကို အရူးပဲလုပ်မှာ*

….

တစ်ချိန်တည်းမှာပင် ယင်ယန်လောက၌ ရှေးဟောင်း မိသားစုမျိုးနွယ် နှစ်ဆယ့်လေးခု စုဝေးနေကြသည်။ သူတို့သည် ရှေးဟောင်းနတ်ဘုရားများ၏ မျိုးဆက်များ ဖြစ်သည်။

သူတို့သည် အချင်းချင်း အလွန်မတည့်ကြသော်လည်း ဘိုးဘေးများ ပြန်လည်လွတ်မြောက်လာသဖြင့် ရှေးဟောင်းမိသားစုများသည် ရန်ငြိုးများကို ဘေးဖယ်၍ အဖိုးတန် ကျောက်စိမ်းများ၊ ပိုးထည်များနှင့် လက်နက်များကို လက်ဆောင်အဖြစ် ဖလှယ်နေကြသည်။

“ဟားဟားဟား … အရှင်ဟွမ်မိသားစုအတွက် ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်။ ဘိုးဘေးထျန်းပါ့ ပြန်ရောက်လာတာနဲ့ ခင်ဗျားတို့ ဟွမ်မိသားစုက အမြင့်ကို တက်လှမ်းနိုင်တော့မှာပဲ”

“ရွှမ်မိသားစုခေါင်းဆောင်က ညှာတာလွန်းနေပါပြီ။ ခင်ဗျားတို့ ရွှမ်ကျားမိသားစုက ဘိုးဘေးရဲ့ခွန်အားက ရှေးခေတ်ကတည်းက ထိတ်လန့်ဖို့ကောင်းတာ၊ ခင်ဗျားတို့ကလည်း ယင်ယန်လောကရဲ့ ထိပ်ဆုံးကို ရောက်နေမှာပါ”

“…”

လက်ရှိအချိန်၌ ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုလုံး အပျော်များဖြင့် ပြည့်နှက်နေကြသည်။ ရှေးဟောင်း မိသားစု မျိုးနွယ်စုဝင်တိုင်းက သူတို့၏ ဘိုးဘေးပြန်လာပြီး မိသားစုအား ယင်ယန်လောက၏ ထိပ်ဆုံးသို့ ဦးဆောင်လမ်းပြသွားသည်ကို မြင်ယောင်နေကြလေသည်။

အားလုံး ဝမ်းသာ၍ စိတ်လှုပ်ရှားနေကြသည်။ လူတိုင်း၏မျက်နှာထက်က ပျော်ရွှင်မှုက ဖုံးဖိ၍မရပေ။ ထိုစဉ် အသည်းအသန် ပြေးလာသည့် ခြေသံကို ကြားလိုက်ရသည်။ ထို့နောက် ဟွမ်မိသားစုဝင်တစ်ယောက်က ဖြူဖပ်ဖြူရော်နှင့် ဝင်လာလေသည်။

“သတင်းပို့ပါတယ်”

ထိုမျိုးနွယ်ဝင်သည် ခန်းမ၌ ဒူးထောက်နေပြီး နဖူး၌ ချွေးများစို့နေကာ အခြေအနေကို မတင်ပြရဲ ဖြစ်နေ၏။ ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုမှ မိသားစုဝင်များအားလုံး တစ်ခဏမျှ ငြိမ်ကျသွားသည်။

“ဟားဟားဟား … သူတို့ ငရဲဘုံကနေ ပြန်ရောက်လာတာပဲ ဖြစ်မယ်။ သူတို့ ဘာလို့ အထဲဝင်မလာတာလဲ”

“ဘိုးဘေးတို့ ကြွကြပါ၊ ဘိုးဘေးတို့ ဘယ်မှာပါလဲ။ ကျွန်တော်တို့ ဘိုးဘေးကို ကြိုဆိုဖို့ အသင့်ပါပဲ”

“…”

မိသားစုခေါင်းဆောင်များ မစောင့်နိုင်ကြတော့ချေ။ သူတို့၏ စကားကြောင့် ဟွမ်မိသားစုဝင်က ချွေးစေးများဖြင့် ပို၍ရွဲနစ်လာသည်။

“မိသားစုခေါင်းဆောင်၊ ကျွန်တော်တို့ ဘိုးဘေးနဲ့ အခြားသူတွေ ပြန်ရောက်မလာပါဘူး။ ရွှမ်ကျားမိသားစုဝင် တစ်ယောက်တည်း ပြန်ရောက်လာပါတယ်”

*ဘာ*

မိသားစုခေါင်းဆောင်များ ကြားလိုက်ရသည့် စကားကို နားမလည်နိုင် ဖြစ်နေချိန်တွင် ရုတ်တရက် လူငယ်များစွာက ထမ်းစင်တစ်ခုကို သယ်၍ ခန်းမထဲသို့ ခပ်သုတ်သုတ် ဝင်လာကြသည်။

ထမ်းစင်ကို လှမ်းကြည့်လိုက်ပြီးနောက် မိသားစုခေါင်းဆောင်များအားလုံး မျက်နှာပျက်ကာ ခေါင်းမွေးထောင် သွားကြသည်။ ထမ်းစင်ပေါ်၌ လူတစ်ယောက် ရှိနေသည်။ ထိုသူကား ရွှမ်ကျားမိသားစုမှ ပါရမီရှင်ပင်။

လက်ရှိအချိန်၌ ထိုပါရမီရှင်သည် တစ်စစီ ဆုတ်ဖြဲခံထားရသည်။ သူ၏ခြေလက်များနှင့် ခန္ဓာကိုယ်သည် တစ်စစီ ဆုတ်ဖြဲခံထားရသည်။ သူ အော်ဟစ်ချင်သော်လည်း ပါးစပ်ထဲမှ မည်သည့်အသံမှ ထွက်မလာချေ။

“ရွှမ်ဟဲ၊ မင်း ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ”

“အခြားသူတွေရော ဘာဖြစ်သွားလဲ၊ ဒါတွေအားလုံးကို ဘယ်သူလုပ်တာလဲကွ”

ရွှမ်ကျား မိသားစုခေါင်းဆောင် ရူးမတတ် ဖြစ်သွားသည်။ ထမ်းစင်ပေါ်မှ ပါရမီရှင်အား သူ မေးခွန်းများ တရစပ် မေးနေမိသည်။

ထိုစဉ် ထိုပါရမီရှင်ထံမှ အလင်းကားချပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာကား မှတ်ဉာဏ်ပုံရိပ်ပင်။

ထိုပုံရိပ်ထဲ၌ ဝံပုလွေအုပ်ကဲ့သို့ လူပေါင်းများစွာက ဒူးထောက်လျက် ရှိနေသည်။ ထိုလူအုပ်၏ ရှေ့ဆုံး၌ ရှေးဟောင်း နတ်ဘုရား သုံးဆယ့်နှစ်ယောက် ရှိနေလေသည်။ ထိုမြင်ကွင်းကိုမြင်ပြီး မိသားစုခေါင်းဆောင်များနှင့် အကြီးအကဲများအားလုံး မျက်နှာပြာနှမ်းသွားကြသည်။

“ဒါ ငါ့ရွှမ်ကျားမိသားစု ဘိုးဘေးပဲ”

“ငါ့ဟွမ်မိသားစု ဘိုးဘေးလည်း ပါတယ်”

“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ဘယ်လိုလုပ် ငါ့ဘိုးဘေးက အဖမ်းခံရပြီးတော့ ငါ့မျိုးနွယ်က ပါရမီရှင်တွေပါ တိုက်ခိုက်ခံထားရတာလဲ”

“….”

တစ်ခဏအတွင်းမှာပင် ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ သူတို့၏ ဘိုးဘေးများနှင့် ပါရမီရှင်များအားလုံး ဒူးထောက်နေရသည့် မြင်ကွင်းကိုကြည့်ပြီး သူတို့ မယုံသင်္ကာ ဖြစ်နေသည်။

အားလုံး အံ့အားသင့်နေစဉ်တွင် အလင်းကားချပ်ထဲမှ ခြေသံတစ်သံ ထွက်လာသည်။ ထို့နောက် အားလုံး၏မြင်ကွင်းထဲသို့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်အဖြူရောင်နှင့် လူငယ်လေး တစ်ယောက် ပေါ်လာလေသည်။ သူက ပြုံးရယ်နေသော အမူအရာဖြင့် ဖြည်းဖြည်းချင်း ပြောလာသည်။

“အားလုံးပဲ တွေ့ရပါတယ်၊ ငါက ယဲ့ဖန်”

“ကျေးဇူးပြုပြီး ကျုပ် ပြောတာကို အလေးအနက် နားထောင်ပေးပါ၊ ဘာလို့လဲဆိုတော့ ကျုပ်တို့က … ပြန်ပေးဆွဲ ထားတာမို့လို့ပဲ”

Chapter 713 အထူးလျော့ဈေး

*ပြန်ပေးဆွဲတာတဲ့လား*

အလင်းကားချပ်ပေါ်မှ ယဲ့ဖန် ပြောလိုက်သည့်စကားကြောင့် ရှေးဟောင်း မိသားစုနှစ်ဆယ့်လေးခု၏ မိသားစု ခေါင်းဆောင်များအားလုံး မျက်နှာ ပြာနှမ်းသွားကြသည်။

သူတို့သည် ယင်ယန်လောကမှ ရှေးဟောင်းမိသားစုများ ဖြစ်ကြသည်။ သူတို့အားလုံး၏ အမြင်တွင် ငရဲဘုံမှ လူများအားလုံးသည် ပုရွက်ဆိတ်သာသာ အဆင့်များသာဖြစ်ပြီး သူတို့ လက်တစ်ဖက်တည်းဖြင့် ရှင်းပစ်နိုင်သည့် သူများဖြစ်သည်ဟု မှတ်ယူထားကြသည်။

သို့သော် သူတို့၏ ဘိုးဘေးများနှင့် မိသားစုများထဲမှ အသန်မာဆုံးသော ပါရမီရှင်များအားလုံး ထိုပုရွက်ဆိတ်သာသာ လူများ၏ ပြန်ပေးဆွဲခြင်း ခံရလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

ဤသတင်းသာ ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံးထံသို့ ပျံ့သွားပါက သူတို့အားလုံး ဟာသတစ်ပုဒ်ကဲ့သို့ အလှောင်ခံရပေတော့မည်။

ထိုအချိန်တွင် အလင်းကားချပ်ပေါ်မှ ယဲ့ဖန်က လက်ကိုပွတ်၍ ရှိုးတိုးရှန့်တန့်ဖြစ်နေသော အမူအရာဖြင့် ပြောလာသည်။

“အဲ … ကျုပ်တို့ ငရဲဘုံက လူနေမှုအဆင့်အတန်းက တော်တော်လေး တိုးတက်နေပြီ။ ဒီတော့ ကျုပ်က ခင်ဗျားတို့ကို သားကောင်တွေ အများကြီး ပြန်ရောင်းချင်တယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်က သူ့နောက်မှ ရှေးဟောင်း နတ်ဘုရားများကို လက်ညှိုးထိုး၍ ပြုံးကာ ဆက်ပြောလေသည်။

“မင်းတို့ တွေ့လား၊ အဲ့လူတွေက မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က သန်မာတဲ့ နတ်ဘုရားတွေရဲ့ စိတ်ဝိညာဉ်တွေပဲ၊ သူတို့က အဖိုးဖြတ်မရတဲ့ ရတနာတွေလေ”

ထိုစကားကြောင့်‌ ရှေးဟောင်းနတ်ဘုရား သုံးဆယ့်နှစ်ပါးလုံး မျက်မှောင်ကြုတ်သွားကြသည်။

*ငါတို့က မျိုးသန့်တဲ့တိရစ္ဆာန်တွေလား*

*ဒီခွေးမသားက ငါတို့ကို သားဖောက်ထားတဲ့ ဝက်တွေကို ရောင်းသလို ရောင်းနေတာပဲ*

*သောက်ခွေးမသား*

မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်တို့သည်လည်း သွေးအန်မတတ် ဖြစ်သွားကြသည်။ အားလုံးက ယဲ့ဖန်ကို မီးဝင်းဝင်းတောက်သော အကြည့်များဖြင့် ကြည့်နေကြလေသည်။

သို့သော် ယဲ့ဖန်က ထိုမျှနှင့်မရပ်သေးဘဲ ဆက်ပြောနေသည်။

“ဟိုလူတွေကို မင်းတို့တွေ့လား၊ အဲ့လူတစ်ယောက်ချင်းစီတိုင်းက သန်မာပြီး အရည်အချင်း ရှိတယ်၊ မျိုးစပ်ထားတဲ့ စွမ်းရည်တွေကလည်း သိပ်ပြောင်မြောက်တာ။ မင်း တစ်ယောက်ကိုဝယ်မယ်ဆိုရင် သူက မင်းတို့ကို မိသားစု အသိုက်တစ်ခု ဖန်တီးပေးလိမ့်မယ်”

သူ့စကားကြောင့် မိသားစုခေါင်းဆောင်များ မျက်နှာရှုံ့မဲ့သွားသည်။

*တစ်ယောက်ကိုဝယ်တာနဲ့ မိသားစုအသိုက်တစ်ခု ဖန်တီးပေးမယ် ဟုတ်လား*

*ဒီခွေးမသားကတော့ ဝက်အဖိုတွေကို ရောင်းသလို လာရောင်းနေတာပဲ”

ရှေးဟောင်းမိသားစုအားလုံး၏ မိသားစုခေါင်းဆောင်များ၊ အကြီးအကဲများနှင့် မိသားစုဝင်များအားလုံး ဒေါသထွက်လွန်းသဖြင့် အံကြိတ်နေကြသည်။ သူတို့မျက်စိရှေ့မှ လူအား အရှင်လတ်လတ် တွေ့ရရန် မစောင့်နိုင်ကြတော့ချေ။

“အဟမ်း အဟမ်း … သားကောင်အကြောင်း ပြောလို့ပြီးပြီ၊ ဒီတော့ ရောင်းဈေးလေး ပြောကြတာပေါ့”

ထိုသို့ပြောပြီး ယဲ့ဖန်က မျက်လုံးကိုစင်း၍ တောက်ပနေသော မျက်နှာထားဖြင့် ပြုံးကာ ပြောလေသည်။

“ရှေးဟောင်း နတ်ဘုရား စိတ်ဝိညာဉ်တစ်ခုကို ယင်ယန် ထိပ်တန်း ရတနာတစ်ခု၊ ယန်ရွှေ ခုနစ်စက်နဲ့ ကမ္ဘာဦး ယန်ကျောက်တုံး တစ်သောင်း”

*ဘာ*

ယဲ့ဖန်၏စကားကြောင့် မိသားစုခေါင်းဆောင်များအားလုံး အကြီးအကျယ် မျက်နှာပျက်ယွင်းသွားကြသည်။

ယင်ယန် ထိပ်တန်းရတနာသည် ရှေးဟောင်းမိသားစုတိုင်း တန်ဖိုးထားသည့် နတ်ဘုရားလက်နက်ဖြစ်သည်မှာ ပြောနေစရာပင် မလိုတော့ချေ။ အလွန် တန်ဖိုးကြီးလှ၏။ ထို့အတူ ယန်ရွှေသည် လူတို့၏ အသက်၊ အသွေးအသားအဖြစ် တန်ဖိုးထားသည့် အသက်ဓာတ်ဆေးရည် ဖြစ်သည်။ အလွန် မှော်ဆန်လာသည့် ဆေးရည် ဖြစ်လေသည်။

ယန်ရွှေတစ်စက်က ထိပ်တန်း သိုင်းပညာရှင်တစ်ယောက် အသက်တစ်သက် ပိုတိုးလာသည်နှင့် ညီမျှသည်ဟု ဆိုကြသည်။ ထို့ကြောင့် ၎င်းဆေးရည်၏တန်ဖိုးကား အဖိုးဖြတ်မရနိုင်ပေ။

ကမ္ဘာဦး ယန်ကျောက်တုံးသည် ယင်ယန်လောကမှ သိုင်းပညာရှင်တိုင်း၏ ကျင့်ကြံခြင်းအတွက် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။

ယင်ယန်လောကက ငရဲဘုံထက် ပိုသန်မာနေရသည့် အကြောင်းရင်းမှာ ယင်ယန်လောကမှ ယန်စွမ်းအင်များက ငရဲဘုံထက် ပိုများသောကြောင့် ဖြစ်သည်။

ယန်စွမ်းအင်များကြောင့် ယင်ယန်လောကမှ သိုင်းပညာရှင်များသည် ဘုရင်တစ်ပါးကဲ့သို့ မွေးဖွားလာကြသည်။

မွေးကင်းစကလေးငယ်တစ်ယောက်၏ နတ်ဘုရားစွမ်းအင်ကပင် ငရဲဘုံမှ သိုင်းပညာရှင်၏ စွမ်းအင်နှင့် ယှဉ်နိုင်ပေ၏။ ကမ္ဘာဦးယန်ကျောက်တုံးသည် ယန်ချီဓာတ်များကို သိပ်သည်းပေးသည့် ကျောက်တုံး ဖြစ်သည်။

ကျောက်တုံးတစ်တုံးတိုင်းက ထိပ်တန်းပါရမီရှင်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်သည်။ ထို့ကြောင့် ကမ္ဘာဦးယန်ကျောက်တုံး တစ်သောင်းဟူသည့် ပမာဏသည် ရှေးဟောင်း မိသားစုများ၏ အခြေခံကို ဘာမျှမရှိတော့အောင် လုပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

လက်ရှိအချိန်၌ မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး မျက်နှာသုန်မှုန်ကာ ချွေးပြန်လာသည်။

ဤငရဲဘုံမှ လူတစ်ယောက်က ထွက်ပေါ်လာသည်နှင့် ရှေးဟောင်းမိသားစုများအား ဓားပြတိုက်သကဲ့သို့ တောင်းဆိုနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြပေ။

သို့သော် ယဲ့ဖန်က တစ်စက်ကလေးမျှ ရှက်ရွံ့ခြင်းမရှိဟန်ဖြင့် ပြုံးကာ ဆက်ပြောနေသည်။

“ဒီကျန်နေတဲ့ ယင်ယန်လောကက ပါရမီရှင်တွေကတော့ တစ်ယောက်ကို ယန်ရွှေတစ်စက်နဲ့ ကမ္ဘာဦး ယန်ကျောက်တုံး တစ်ထောင်စီပေါ့”

“မင်းတို့ကို နှစ်ဆယ် ရာခိုင်နှုန်း လျှော့ဈေးပေးထားတာနော်၊ ဘယ်လိုလဲ တန်တယ်မလား”

“ကျုပ်က အထူးလျှော့ဈေးနဲ့ ရောင်းပေးနေတာ၊ တန်တယ်၊ သိပ်တန်တဲ့ အခွင့်အရေးမို့ လက်လွှတ်မခံနဲ့နော်”

“မင်းတို့ အရှုံးမခံသင့်ဘူးနော်၊ မင်းတို့ကို အရူးလုပ်တာလည်း မဟုတ်ဘူး”

ဝေါ့!

ရှေးဟောင်း မိသားစုဝင်တိုင်း ဒေါသအထွက်လွန်၍ သွေးအန်ကြလေတော့သည်။

*ီးကို နှစ်ဆယ်ရာခိုင်နှုန်း လျော့ပေးတာလား*

*သောက်ကျိုးနည်း တန်တယ်ဟုတ်လား*

*ဒီခွေးမသား တော်တော် မျက်နှာပြောင်တိုက်တာပဲ*

*သူကပဲ ခြိမ်းခြောက် အကျပ်ကိုင်တယ်*

*သူကပဲ ပြန်ပေးဆွဲသေးတယ်*

ရှေးဟောင်းမိသားစုဝင်တိုင်း ယခုအချိန်အား အိပ်မက်မက်နေသည်ဟု ထင်မှတ်ကာ ငရဲဘုံမှ ပုရွက်ဆိတ် တစ်ကောင်၏ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း ခံနေရသည်ကို လက်မခံနိုင် ဖြစ်နေသည်။

“ဒါပါပဲ လူကြီးမင်းတို့”

“ကျုပ်တို့ ပြန်ပေးဆွဲတဲ့အကြောင်းနဲ့ လျှော့ဈေးအကြောင်းလည်း ပြောပြီးပြီ”

“အဲ့တော့ ကျုပ်တို့ မင်းတို့ကို သီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေပေးမယ်၊ သီချင်းနာမည်က အရိုးစုရဲ့‌ရောင်းဈေးတဲ့၊ နားဆင်ကြည့်ပါဦး”

ထိုသို့ပြောပြီး ယဲ့ဖန်က တစ်ဖက်သို့ လှည့်နေလိုက်သည်။ ထိုအခါ ရှေးဟောင်း နတ်ဘုရားများ၏ စိတ်ဝိညာဉ်များနှင့် ပါရမီရှင်များက တုန်လှုပ်သွားပြီး လှစ်ခနဲ လှုပ်ရှားလာကြသည်။

အားလုံး မြေကြီးပေါ် ဒူးထောက်ကာ ခံရခက်၍ ကြောက်လန့်သော မျက်နှာထားများဖြင့် ရှိနေကြသည်။ နောက်ဆုံးတွင် မတတ်သာဘဲ ချောင်းဟန့်၍ သီချင်းအော်ဆိုကြလေသည်။

“ငါ့အရိုးကို ရောင်းပြီး ငါ့အသွေးအသားကို ပိုက်ဆံနဲ့ လဲလှယ်လိုက်တယ်”

“အမှန်တရားကို သိလာရတဲ့အချိန်မှာ ငါ မျက်ရည်ကျမိတယ်”

“ငါ့အရိုးတွေရဲ့ သစ္စာဖောက်တာကို ခံရပြီးတော့ လိပ်ပြာမလုံသလို ခံစားရနေပြီ*

“မင်း ပိုက်ဆံနဲ့ ဘယ်လောက်များများ ပေးဝယ်ဝယ်၊ မင်း ပြန်မဝယ်နိုင်ဘူး …”

မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက် : “….”

အကြီးအကဲများနှင့် မျိုးနွယ်ဝင်များအားလုံး : “….”

သီချင်းဆိုနေကြသော ဘိုးဘေးများနှင့် ပါရမီရှင်များကိုကြည့်ပြီး သူတို့အားလုံး၏ မျက်နှာများက မျောက်ဖင်နီ၏ တင်ပါးကဲ့သို့ နီမြန်းလာသည်။

*ရှက်ဖွယ်ကောင်းလိုက်ပါဘိ*

မိသားစု၏ ဘိုးဘေးနှင့် ပါရမီရှင်များကို ဒူးထောက်၍ သီချင်းဆိုခိုင်းခြင်းက ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုလုံးအတွက် အလွန့်ကို အရှက်ကွဲလှောင်ပြောင်ခံရခြင်းသာ ဖြစ်ပေသည်။

သီချင်းစာသားကို နားထောင်ပြီး ရှေးဟောင်းမိသားစု၏ မိသားစုဝင်တိုင်း အတောမသတ်နိုင်အောင် ညှဉ်းဆဲခြင်း ခံနေရလေသည်။

သီချင်းသံ အဆုံးသတ်သွားမှသာ ရှေးဟောင်းမိသားစု၏ မိသားစုဝင်တိုင်း စိတ်ချမ်းသာသွားကြသည်။ထိုစဉ် ယဲ့ဖန်က ရှေးဟောင်း နတ်ဘုရားများနှင့် ပါရမီရှင်များကို လှမ်းအော်ပြောလိုက်သည်။

“ငါတို့ရဲ့ ဆောင်ပုဒ်က …”

သူ့စကားကြောင့် ရှေးဟောင်း နတ်ဘုရားများနှင့် ပါရမီရှင်များ ငိုချင်သွားကြသည်။ သို့သော် မတတ်သာဘဲ ပြန်အော်ပြောလိုက်ရသည်။

“နှစ်တစ်သောင်းစာ ကျွမ်းကျွမ်းကျင်ကျင် ပြန်ပေးဆွဲပေးတယ်၊ မိုးကောင်းကင်နဲ့ မြေကမ္ဘာကြားမှ ထိုက်ထိုက် တန်တန် အရောင်းအဝယ်လုပ်တယ်”

“အတုတစ်ခု ရောင်းမိတာနဲ့ ဆယ်ခုပြန်လျော်ပေးမယ်”

“ဝယ်ကြည့်လိုက်၊ မင်း ပေးရတာနဲ့ တန်တယ်ဆိုတာ သိလာလိမ့်မယ်”

ထိုဆောင်ပုဒ်ကိုကြားပြီး မိသားစုခေါင်းဆောင်များနှင့် မိသားစုဝင်များအားလုံး လည်ချောင်းနဲ့ သွေးခဲ ပိတ်သွားသလို ခံစားမိသွားကြသည်။

*ဈေးရောင်းတဲ့ ကြော်ငြာလား*

*ဘယ်လိုခွေးမသားက ဒီလို ဈေးရောင်းဖို့ ကြော်ငြာတာလဲ*

ရှေးဟောင်းမိသားစုများမှ မိသားစုဝင်များအားလုံး ဤသို့ ဈေးရောင်းသည့်လူမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ အားလုံး မယုံနိုင်ဖြစ်နေသလို ဒေါသူပုန် ထနေကြလေသည်။

ဂျွတ်!

အလင်းကားချပ်၌ အက်သံထွက်လာပြီးနောက် ပျောက်ကွယ်သွားလေသည်။ အလင်းကားချပ် ပျောက်ကွယ် သွားသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး သုန်မှုန်နေကြလေသည်။ နောက်ဆုံးတွင် မိသားစုခေါင်းဆောင် တစ်ယောက်က နှစ်တစ်သောင်းကြာမြင့်နေသော သစ်သားစားပွဲကို လက်သီးဖြင့် ထထိုးလိုက်ပြီး လည်ဆံမွေး ထောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကြုံးဝါးလေသည်။

*ပုရွက်ဆိတ်ကောင်၊ ယုတ်ညံ့တဲ့ သတ္တဝါ၊ မျိုးမစစ်ကောင်”

“ငါတို့ဘိုးဘေးကို ရုတ်တရက်ကြီး ပြန်ပေးဆွဲတဲ့ အဲ့ပုရွက်ဆိတ်ကောင်က သေချင်နေတာပဲ”

ယဲ့ဖန်၏ အပြုအမူများက မိသားစုခေါင်းဆောင်၏ ဒေါသကို ဆွမိသွားသည်။ သူတစ်ယောက်တည်းသာမက ကျန်မိသားစုခေါင်းဆောင်များအားလုံးက လူသတ်ချင်သောစိတ်များဖြင့် ကြုံးဝါးကြလေသည်။

“သတ်မယ်၊ ဒီကောင်ကို သတ်မှဖြစ်မယ်၊ အဲ့ကောင်ကို အသေဆိုးနဲ့ သေရအောင်လုပ်မယ်”

“မဟုတ်လို့ကတော့ ငါတို့ မိသားစု နှစ်ဆယ့်လေးခုလုံး ယင်ယန်လောကမှာ လူရယ်စရာ ဟာသကောင်တွေ ဖြစ်သွားလိမ့်မယ်”

“ဟုတ်တယ်၊ သူနဲ့ အရင်စကားပြောကြည့်ဖို့ ငါ အကြံပေးချင်တယ်၊ ဘိုးဘေးနဲ့ ငါတို့ကလေးတွေကို ကယ်ပြီးမှ နတ်ဘုရားတို့ ကျဆုံးရာမြေကို တစ်ချက်တည်းနဲ့ ရှင်းပစ်ရအောင်”

မကျေနပ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ မိသားစုခေါင်းဆောင်များအားလုံး ချက်ချင်း သဘောတူညီမှုတစ်ခု ရလာကြသည်။

ယင်ယန်လောကမှ သူတို့မိသားစုများအားလုံး ပူးပေါင်း၍ မျိုးနွယ်ဝင်များကို ကယ်တင်ကာ ပုရွက်ဆိတ်လို ကောင်များကို သတ်ပစ်ကြမည်ဟု အားလုံး သဘောတူလိုက်ကြသည်။

Chapter 714 ဟင်းလျာတစ်မျိုး တိုးလာတာပေါ့

ဝုန်း! ဝုန်း! ဝုန်း!

လက်ရှိအချိန်၌ ကမ္ဘာဂြိုဟ်ပေါ်ရှိ လူများအားလုံး ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။ ထိုအခါ ကောင်းကင်ယံ၌ အဖြူရောင် အလင်းများ တလက်လက် တောက်ပနေသည်ကို အားလုံး တွေ့လိုက်ရသည်။

ထိုအလင်းကြောင့် အပူချိန် အလွန်မြင့်မားလာပြီး အိုဇုန်းလွှာ အရည်ပျော်ကာ ကောင်းကင်တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်လာသည်။

နေ၏အပူရှိန်သည်လည်း ထင်မှတ်မထားလောက်အောင် ခြစ်ခြစ်တောက် ပူလာသည်။ နေအရှိန်ကြောင့် နေ့အပူချိန်က တစ်ဟုန်ထိုး ပူပြင်းလာလေသည်။ အပူချိန်ပြင်းလွန်းသဖြင့် နေလုံးပင် အရည်ပျော်ကျလိမ့်မည်ဟု ထင်သွားကြသည်။

ကမ္ဘာပေါ်၌ ပြင်းထန်လှသည့် နေအပူရှိန်ကြောင့် တောင်တန်းများ အရည်ပျော်ကျ၍ ချော်ရည်ဖြစ်ကာ အဆက်မပြတ် စီးဆင်းလာသည်။

ပစိဖိတ် သမုဒ္ဒရာထဲမှ ပင်လယ်ရေများ ပွက်ပွက်ဆူလာပုံရသည်။ ပင်လယ်ရေ လှိုင်းထန်၍ အပူလှိုင်းများ မြင့်တက်လာသည်။ ကမ္ဘာဂြိုဟ်တစ်ခုလုံး ကမ္ဘာပျက်ကိန်း ဆိုက်သကဲ့သို့ ဖြစ်နေ၏။

“အလင်းကားချပ်၊ သိပ်ကောင်းတယ်၊ ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုလုံး ပူးပေါင်းပြီး အလင်းကားချပ်ကို ဖွင့်ဖို့ ကြိုးစားနေတာပဲ။ သူတို့ ငါတို့ကို ကယ်ဖို့ လာနေတာ”

စစ်နတ်ဘုရားအိမ်တော်၌ အဖမ်းခံထားရသည့် သူများအားလုံး ဝမ်းသာအားရ ဖြစ်လာကြသည်။ သူတို့အားလုံး ကောင်းကင်ထက်သို့ မျှော်လင့်တကြီး မော့ကြည့်နေကြသည်။

ထိုစဉ် အပူရှိန်ကြောင့် အရည်ပျော်နေသည့် လေဟာနယ်ထဲမှနေ၍ ခြေထောက်ကြီး တစ်ဖက် ထွက်လာ လေသည်။

ထိုခြေထောက်ပိုင်ရှင်ကား အဘိုးအိုတစ်ယောက် ဖြစ်သည်။ ထိုအဘိုးအိုသည် တောင်ပံများရှိနေပြီး နတ်ဘုရား တစ်ပါးကဲ့သို့ မားမားမတ်မတ် ရပ်နေသည်။ သူ၏ဆံပင်ဖြူများက လွင့်မျောနေပြီး ပြိုင်ဘက်ကင်းသော နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိနေ၏။

သူ၏ဖြူဖွေးနေသော မျက်ခုံးကြားမှနေ၍ အရှိန်အဝါကြီးသော အငွေ့အသက်များ လွင့်ပျံနေသည်။ သူသည် ကောင်းကင်ထက်မှနေ၍ ကမ္ဘာမြေအား ပုရွက်ဆိတ်အသိုက်အား ကြည့်သကဲ့သို့ အထင်သေး၍ အလွန် ရက်စက်ဟန်ဖြင့် ငုံ့ကြည့်လာသည်။

“ငရဲဘုံကလူ၊ ငါက ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုကို ကိုယ်စားပြုပြီး ရောက်လာတဲ့ ကျင်းဖန်းပဲ”

ထိုစကားကိုကြားသည်နှင့် ကမ္ဘာမြေပေါ်ရှိ ပါရမီရှင်များအားလုံး ရုတ်တရက် စိတ်လှုပ်ရှားလာကြသည်။ ကျင်းဖန်းသည် ကျင်းမိသားစု၏ ခေါင်းဆောင်ကြီး ဖြစ်ပြီး မိသားစု နှစ်ဆယ့်လေးခုကြား၌ အလွန် နာမည် ကျော်ကြားကြသည်။

ကျင်းဖန်းသည် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားပြီး ရွှေရောင် တောင်ပံတစ်စုံကိုပါ ပိုင်ဆိုင်ထားသည်။ သူ၏ခွန်အားက ကြောက်စရာကောင်းလှသည်။

ယင်ယန်လောကမှ ပြောပုံအရဆိုလျင် သူ၏ခွန်အားအပြင် တောင်ပံတစ်စုံတည်းက ဂြိုဟ်တစ်လုံးကို အမှုန့်ဖြစ်သွားအောင် လုပ်နိုင်သည်ဟု ဆိုကြသည်။

ဤစကြဝဠာသို့ ရောက်လာပြီး ဥပဒေသ၏ ဖိနှိပ်ခြင်း ခံထားရလျင်တောင်မှ သူ၏ခွန်အားက ကြောက်လန့်စရာ ကောင်းနေသေးသည်။ လက်ရှိအချိန်၌ ကျင်းဖန်း၏ မျက်လုံးများက ယဲ့ဖန်အား အေးစက်စွာ စိုက်ကြည့်နေသည်။

“ကောင်လေး၊ မင်း ဘာနည်းလမ်းတွေသုံးပြီး ငါတို့ဘိုးဘေးရဲ့ စိတ်ဝိညာဉ်နဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေကို ထိန်းချုပ်လိုက်လည်း ငါ မသိပင်မယ့် မင်း သူတို့ကို လွှတ်ပေးပြီးတော့ မင်းအသက်ရှင်နိုင်မယ့် နည်းလမ်းကို ရှာဖို့ အကြံပေးချင်တယ်”

“ငါတို့ ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုက ထောင်ချီသော ယင်ယန်လောကက သိုင်းပညာရှင်တွေကို ခေါ်ပြီး ရောက်နေပြီ။ ငါ တစ်ချက် အမိန့်ပေးလိုက်တာနဲ့ မင်းရဲ့ ငရဲဘုံတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်တယ်”

ကျင်းဖန်း၏ စကားအဆုံးတွင် သူ့အနောက်မှ အရည်ပျော်နေသော လေဟာနယ်တွင်းမှ များပြားလှသည့် ယင်ယန်လောကမှ သိုင်းပညာရှင်များ အထဲဝင်လာရန် အဆင်သင့် ပြင်နေကြသည်ကို တွေ့လိုက်ရသည်။

လူအုပ်ကြီးက များပြားလှပြီး အတောမသတ်နိုင်ဟု ထင်မှတ်ရသည်။ ထို့အပြင် တစ်ယောက်ချင်းစီ၏ အရှိန်အဝါက ခြောက်ခြားဖွယ် ကောင်းလှသည်။ ထိုသို့သောလူများ အတူတူ ရှိနေသောကြောင့် လူတိုင်း ကြောက်လန့်သွားလေသည်။

“အားလုံး ထွက်လာပြီ၊ ငါတို့ ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုလုံးက လူတွေအားလုံး ထွက်လာပြီပဲ”

“ဟားဟားဟား … မိသားစုခေါင်းဆောင်တွေ ဒေါသထွက်နေတာ သိသာတယ်ဟေ့၊ ဒီတစ်ခါတော့ ငါတို့ တကယ် အကယ်ခံရတော့မှာပဲ”

“ဟမ့်၊ အမိန့်တစ်ချက် ပေးလိုက်တာနဲ့ ထောင်ချီတဲ့ ငါတို့လူတွေ ထွက်လာမှာပဲ၊ ဒါကို ဒီငရဲဘုံက ကောင်က ဘယ်လို‌ တောင့်ခံနိုင်မှာလဲ”

“…”

ပါရမီရှင်များအားလုံးသည်လည်း ဝမ်းသာနေကြသည်။ သူတို့သည် ကြောက်ရွံ့နေခြင်း မရှိတော့ဘဲ အလွန် စိတ်လှုပ်ရှား ပျော်ရွှင်လာကြလေသည်။

ယင်ယန်လောကမှ သူတို့မိသာစုအားလုံး ငရဲဘုံသို့ ခြေချလာပြီး ယဲ့ဖန်ကို သတ်ပစ်နေပြီဟု မြင်ယောင် လာကြသည်။ ရှေးဟောင်း နတ်ဘုရား သုံးဆယ့်နှစ်ယောက်လုံးသည်လည်း ဝမ်းသာနေကြသည်။

သူတို့အားလုံးသည် ယဲ့ဖန်အား ထီမထင်သလို လှမ်းကြည့်လာကြပြီး ရက်စက်သော ယဲ့ဖန်တစ်ယောက် မည်သို့ ခုခံမလဲဆိုသည်ကု သိချင်နေကြသည်။

သို့သော် ယဲ့ဖန်၏မျက်နှာက တည်ငြိမ်မြဲ တည်ငြိမ်နေပြီး စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်စွာ စိုက်ကြည့် နေသည်။

“ဟေ့ကောင်လေး၊ မင်း မြင်လား”

“ငါတို့စစ်တပ်ကြီး ဆင်းလာတာနဲ့ မင်းတို့အားလုံး သေပြီပဲ”

ထိုသို့ပြောပြီးနောက် ကျင်းဖန်းက သရော်ပြုံး ပြုံးလိုက်သည်။

“ဒါပေမဲ့ ငါတို့ မိသားစုခေါင်းဆောင်တိုင်းက စိတ်ကောင်း ရှိပါတယ်၊ မင်း ငါတို့ကို အညံ့ခံလိုက်တာနဲ့ မိသားစု ခေါင်းဆောင်တိုင်းက မင်းကို အရင်းအမြစ် အများကြီး ဆုချပြီးတော့ မင်းကို ငရဲဘုံရဲ့ ထိပ်ဆုံးကို တက်နိုင်အောင် ကူညီပေးမယ်”

*ဘယ်လိုလဲ*

*အကျပ်ကိုင်တာပဲ*

ကျင်းဖန်းက အမြော်အမြင်ရှိလှသည်ဟု ဆိုရပေမည်။ ပထမဆုံး ယင်ယန်လောကမှ စစ်တပ်ဖြင့် ခြိမ်းခြောက်ပြ ပြီးနောက် မလှုပ်သာအောင် အညံ့ခံရန် ပြောဆိုလာသည်။

ပုံမှန်အားဖြင့်ဆိုလျင် ထောင်ချီသော ယင်ယန်စစ်သည်တော်များကို မြင်သည်နှင့် သူတို့အားလုံး ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်သွားပြီး ချက်ချင်း အညံ့ခံ၍ ပူးပေါင်းရန် လက်ခံလောက်သည်။ စိတ်မကောင်းစရာ ကောင်းသည့်အချက်မှာ သူတို့ ယဲ့ဖန်နှင့်မှ လာဆုံခြင်းပင်။

“ဟားဟားဟား …”

ယဲ့ဖန်သည် ကျင်းဖန်းအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ ခွက်ထိုးခွက်လန် ရယ်လေတော့သည်။

“အဘိုးကြီး အထင်ကြီးအောင်လုပ်ပြီး နားလာချနေတာလား၊ ဒီသခင်လေးက အဲ့လိုအကွက်တွေနဲ့ ကစားရတာကို သုံးနှစ်သားကတည်းက ရိုးနေပြီ”

“ငါ ထင်တာမှန်မယ်ဆိုရင် မင်းတို့ရဲ့ ယင်ယန်လောကက ထောင်ချီတဲ့ စစ်တပ်က ငရဲဘုံကို လုံးဝ ခြေမချနိုင်ဘူးမလား”

ယဲ့ဖန်၏စကားကြောင့် ကျင်းဖန်း မျက်ခုံးလှုပ်သွားသည်။ ယဲ့ဖန် စကားက မှန်ပေသည်။ သူတို့၏ စစ်တပ်က အရည်ပျော်နေသော‌ လေဟာနယ်ကို မကျော်ဖြတ်လာနိုင်သည့် အကြောင်းရင်းမှာ ငရဲဘုံ၏ ဥပဒေသက ယင်ယန်လောကမှ သိုင်းပညာရှင်များစွာကို တစ်ပြိုင်တည်း ခြေချခွင့် မပြုထားသောကြောင့်ပင်။

အကယ်၍ အားလုံး တစ်ပြိုင်နက်တည်း ခြေချ၍ ဝင်ရောက်လာပါက ယဲ့ဖန်ပင် ဘာမှလုပ်စရာမလိုဘဲ ငရဲဘုံ၏ စကြဝဠာ ဥပဒေသက ထောင်ချီသော စစ်တပ်အား ဖျက်ဆီးပေလိမ့်မည်။

သို့သော် ယဲ့ဖန်က ရက်စက်သော အကြည့်များဖြင့် ကျင်းဖန်းကို စိုက်ကြည့်ကာ လောဘတက်နေဟန်ဖြင့် ပြောလာသည်။

“ကျစ်ကျစ်၊ တကယ်လို့ ငါ ထင်တာသာ မှန်မယ်ဆိုရင် မင်းက ရွှေရောင်တောင်ပံ ငှက်မျိုးနွယ်ကပဲ”

“ငါ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို စားဖူးပင်မယ့် မင်းတို့ ငှက်မျိုးနွယ်ကိုတော့ မစားဖူးသေးဘူး”

“ဒီနေ့တော့ ဟင်းလျာတစ်မျိုး တိုးတာပေါ့”

*ဘာ*

ယဲ့ဖန်၏ ရက်စက်သွေးဆာသော စကား၌ လူတိုင်း ဘာမျှပြန်မတုံ့ပြန်နိုင်ခင်မှာပင် သူက လေအသွင် ပြောင်းသွားပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ကြောက်စရာကောင်းသော သတ္တဝါတစ်မျိုး ပါရှိနေသည်ဟု ထင်မှတ်ရသည့် လေပြင်းတစ်ခုက ကျင်းဖန်းထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။

“မကောင်းတော့ဘူး”

ဤမြင်ကွင်းကြောင့် ကျင်းဖန်း ထိတ်လန့်သွားသည်။ မိသားစု နှစ်ဆယ့်လေးခုလုံး အလျင်မလိုကြသည့် အကြောင်းရင်းမှာ မစွန့်စားလို၍ ဖြစ်သည်။ ထိုအရူးက သူတို့၏ ဘိုးဘေးနှင့် ကလေးများကို အသုံးချ၍ သူတို့အား တားမြစ်မည်ကို စိုးသောကြောင့် မလှုပ်ရှားကြခြင်းသာ ဖြစ်လေသည်။

သို့သော် ယဲ့ဖန်က ကိုယ့်သေတွင်း ကိုယ်တူးလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ကမ္ဘာမြေမှ ပြေးထွက်လာပြီး သူတို့အား ကိုယ်တိုင် လာတိုက်ခိုက်လာသည်။

“ကောင်လေး မင်းက တော်တော် ရူးတာပဲ၊ ဒါပေမဲ့ မင်းက ဒီကို ရောက်လာမှတော့ ပြန်ထွက်သွားခွင့် မပေးနိုင်ဘူး”

ကျင်းဖန်းက လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက် သူ၏လက်နှစ်ဖက်လုံးကို လှုပ်ခါလိုက်သောအခါ လက်နှစ်ဖက်လုံး၌ လက်သည်းချွန်များ ထွက်ပေါ်လာကာ အရှေ့မှ လေဟာနယ်အား စုတ်ဖြဲလိုက်သည်။

ထိုလက်သည်းချက်အောက်၌ အရာအားလုံး ဆုတ်ပြဲသွားမည်ဟု ထင်မှတ်ရလေသည်။ ကမ္ဘာမြေပေါ်မှ လူများအားလုံးသည်လည်း ထိုလက်သည်းချက်အောက်၌ ဂြိုဟ်တစ်ခုလုံး ပေါက်ကွဲသွားတော့မည်ဟု ထင်မှတ်လာရသည်။ ထိုလက်သည်းချက်မှ ထွက်ပေါ်လာသည့် အရှိန်အဝါကြောင့် အားလုံး ကြောက်လန့် သွားကြသည်။

ယင်ယန်လောကမှ မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်နှင့် ထောင်ချီသော စစ်သည်တော်များက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ဝမ်းသာအားရ ဖြစ်နေကြသည်။

“အဲ့ဒီ ပုရွက်ဆိတ်ကောင် နောက်ဆုံးတော့ သေတော့မှာပါလား”

“ဟားဟားဟား … တုံးလိုက်တဲ့ကောင်၊ သူကများ ကျင်းဖန်းကို အရှင်လတ်လတ် စားဖို့ကြိုးစားနေရသေးတယ်”

“သေလိုက်၊ မင်းသေရင် အရာအားလုံး ဖြေရှင်းလို့ရသွားပြီ”

“…”

ရှေးဟောင်းမိသားစုမှ လူများအားလုံး စိတ်လှုပ်ရှားနေကြသည်။ ကျင်းဖန်း၏ လက်သည်းချက်အောက်၌ ယဲ့ဖန် တစ်စစီဖြစ်ကာ ပြာမှုန်များ ဖြစ်သွားလိမ့်မည်ဟု မှတ်ယူထားကြသည်။

ထိုစဉ် ကမ္ဘာမြေပေါ်ရှိ သူတို့၏ ဘိုးဘေးများနှင့် ပါရမီရှင်များက မျက်နှာပျက်ယွင်းသွားကြသည်ကို တွေ့လိုက်ရသဖြင့် သူတို့ အံ့ဩသွားကြလေသည်။ ထိုသူများက သူတို့ကို အလန့်တကြား အော်ပြော၍ သတိပေးလာသည်။

“သတိထား၊ အဲ့ကောင်မှာ ကောင်းကင် …”

သို့သော် သူတို့၏ သတိပေးစကား မဆုံးသေးခင်မှာပင် ခေါင်းလောင်းသံ ရုတ်တရက် ထွက်ပေါ်လာ၏။

ဒေါင်!

ယင်ယန်လောကမှ လူများသည် လေဟာနယ်ကို ထိုးဖောက်၍ ကြားလိုက်ရသည့် အသံလှိုင်းကြောင့် အားလုံး မှင်တက်သွားကြသည်။ ထို့နောက် ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကို သူတို့ တွေ့လိုက်ရသည်။ ထို့အတူ ကျင်းဖန်ထံမှ သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။

သွေးများ ပန်းထွက်လာပြီးနောက် ကျင်းဖန်၏ ခန္ဓာကိုယ်သည် နှစ်ခြမ်းပြတ်၍ ကောင်းကင်ထက်မှ ပြုတ်ကျလာ လေတော့သည်။

All Chapters