အခန်း (၇၃၉-၇၄၁)
Vol. 50 Ch. 739-741
Chapter 739 တစ်ချက်တည်းနဲ့ အားလုံးကို ယဇ်ပူဇော်ပေးမယ်
“မင်းတို့ သေလမ်းသွားဖို့ အသင့်ပြင်ထားကြ”
ယဲ့ဖန်၏ စကားသံအဆုံး၌ ဥက္ကာတောင်တန်း ပတ်လည်တွင် ဆူညံပွက်လောရိုက်သံများ ထွက်ပေါ် လာသည်။
*မောက်မာလိုက်တာ*
*အရူးကောင်*
ဤလူငယ်လေးက သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ အရှင်သခင် သုံးယောက်နှင့် ထောင်ချီသော သိုင်းပညာရှင် များနှင့် ရင်ဆိုင်နေရသော်လည်း ဤသို့ ပြောရဲသည့် သတ္တိမျိုး ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။
“ဟဲဟဲ … လတ်စသက်တော့ အဲ့ကောင်က ရူးနေတာကိုး”
ကောင်းကင်သိမ်းငှက်သခင်က အထင်သေး၍ လှောင်ပြောင် သရော်ဟန် ပြုံးလာသည်။ အစပိုင်း၌ ကူးရှန်းကို သတ်လိုက်သည့်သူက အလွန် သန်မာ သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့မိသည်။ သို့သော် မထင်မှတ်ဘဲ ထိုလူက အလွန် တုံးအနေ၏။
သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ၏ အရှင်သခင် တစ်ယောက်စီတိုင်းက အလောင်းများတောင်လိုပုံ၍ သွေးချောင်း စီးအောင် ပြုလုပ်နိုင်သောသူများပင် ဖြစ်သည်။
သူတို့သည် အရှင်သခင် အထွတ်အထိပ်အဆင့်၌သာ ရှိသေးသော်လည်း သူတို့၏ တိုက်ပွဲဝင်ခွန်အားက နတ်ဘုရား အရှင်သခင် တစ်ပိုင်းအဆင့်များနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ နတ်ဘုရားအရှင်သခင်အဆင့်များသာ သူတို့ကို အနိုင်ယူ နိုင်မည့်ပုံပင်။
နတ်ဧကရာဇ်အဆင့်သာ ရှိသော ယဲ့ဖန်၏ တိုက်ပွဲဝင် ခွန်အားက တစ်မူထူးခြားနေလျင်တောင်မှ အရှင် သခင် သုံးယောက်ကို မည်သို့ သတ်နိုင်မည်နည်း။
“ခွေးမသားလေး၊ မင်း ငါ့တပည့်ကို သတ်ခဲ့တယ်၊ ဒီနေ့က မင်း သေနေ့စေ့တဲ့နေ့ပဲကွ”
ထိုသို့တွေးပြီးနောက် ကောင်းကင်သိမ်းငှက်သခင်က ယဲ့ဖန်အနောက်မှ ခရီနာကို စိုက်ကြည့်လေသည်။
“ပြီးတော့ ခရီနာ၊ မင်းက ငါ့အပိုင်ပဲ၊ ဒီကောင် သေသွားတာနဲ့ မင်း ငါ့ကို အသိအမှတ်ပြု ဦးညွှတ် လာအောင် ငါ လုပ်ပြမယ်ကွ၊ ဟားဟားဟား …”
သူ တွေးမိလေ ပိုဂုဏ်ယူလေ ဖြစ်လာသည်။ ကောင်းကင် သိမ်းငှက်သခင်၏ အပြုံးက ဖုံးဖိမရချေ။ သူသည်သာမက ယဲ့ဖန်၏ စကားကြောင့် အရှင်သခင် သုံးယောက်က လှောင်ပြုံး ပြုံးလေသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် အကေးရှား နတ်သမီးက ရှေ့သို့ ဖြည်းဖြည်း ချင်း တက်လာသည်။ သူမက ယဲ့ဖန်ကို စိုက်ကြည့်၍ ဆည်းလည်းသံကဲ့သို့ ကြည်လင်စွာ ရယ်မော လေသည်။
“ခစ်ခစ် … ကောင်လေး၊ မင်းက အလာကြီးပဲ”
“မင်းက ငါ မြင်ဖူးသမျှထဲမှာ အမောက်မာဆုံး ယောက်ျားပဲ၊ ပြီးတော့ မင်းက မာနကြီးတာကိုလည်း ငါ သတိထားမိပါတယ်၊ ဒါပေမဲ့ …”
ထိုသို့ပြောနေစဉ်တွင် အကေးရှား နတ်သမီးက ယဲ့ဖန်ကို ပြုံး၍ကြည့်နေသည်။ ထို့နောက် နှုတ်ခမ်းအား လျှာဖြင့်သပ်ကာ ယဲ့ဖန်၏ ကိုယ် အောက်ပိုင်းကို စိုက်ကြည့်၍ ရယ်မော လေသည်။
“မင်းက ငါတို့ပြိုင်ဘက် မဟုတ်ဘူး”
“မင်း ဒီနတ်သမီးရဲ့ အချစ်တော်လေး လုပ်ချင်စိတ် ရှိသရွေ့ ဒီနတ်သမီးက မင်းကို သေဘေးကနေ ကာကွယ်ပေးနိုင်တယ်”
*ဘာ*
*အချစ်တော်လေး ဟုတ်လား*
အကေးရှား နတ်သမီး၏ စကားကြောင့် ကျန်လူများ အားလုံး မျက်နှာပျက်သွားကြသည်။ ဤမောက်မာ သော ကောင်လေးက အကေးရှား နတ်သမီး၏ သဘောကျခြင်း ခံရလိမ့်မည်ဟု သူတို့ ထင်မထား မိကြပေ။
ထိုအခိုက်တွင် လောလောင်ရှင်းနှင့် သွေးမိကျောင်း ဘိုးဘေးတို့သည်လည်း မျက်နှာ မသာမယာ ဖြစ်သွားကြသည်။ သူတို့ အကေးရှား နတ်သမီးကို ကြောက်လန့်မှန်း သိသာပေသည်။
ဘေးပတ်လည်မှ များစွာသော သိုင်းပညာရှင် များသည်လည်း ယဲ့ဖန်၏ ကံကောင်းမှုအပေါ် အားကျမိသည်။ ဤသို့ မောက်မာသော လူငယ် လေးသည် တစ်စစီ ဆွဲဆုတ်ခံရမည် ဖြစ်သော်လည်း သူ ခေါင်းညိတ်သဘောတူ လိုက်သည်နှင့် မည်သူမျှ သူ့ကို မသတ်ရဲတော့မည် ဖြစ်သလို မိန်းမလှလေး တစ်ယောက်ကိုပါ သိမ်းပိုက်နိုင် ပေဦးမည်။
လက်ရှိအချိန်၌ လူတိုင်းက ယဲ့ဖန်ကို ငြိမ်၍ ကြည့်နေ ကြသည်။ ယဲ့ဖန် သဘောတူလိမ့်မည်ဟု အားလုံး ထင်နေကြလေသည်။
“ခစ်ခစ် … ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ပိုင်ရှင် အရူးအမူး စွဲလမ်းနေတဲ့ ယောကျ်ားမှာ စွမ်းအင်တွေ ဘယ်လောက်ရှိလဲ ငါ တကယ် သိချင်မိတယ်”
အကေးရှား နတ်သမီးက ကျောချမ်းဖွယ် ကောင်း လောက် အောင် ရယ်မောလာသည်။ သူမသည် ယောကျာ်းလေး များအား အပိုင်သိမ်းရသည်ကို သဘောကျသည်။ ယခုအခါ တွင်လည်း ယဲ့ဖန် သူမဝတ်ရုံအောက် ဝပ်တွားလာသည်ကို လိုချင် နေ၏။
“ဝမ်အာရဲ့ ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ကို လိုချင်တာ မင်းလား”
ယဲ့ဖန်က အကေးရှား နတ်သမီးအား အေးတိ အေးစက် စိုက်ကြည့်လာသည်။
“ခစ်ခစ် …”
အကေးရှား နတ်သမီးက နှစ်လိုဖွယ်ကောင်းစွာ ပြုံးလာသည်။
“အစတည်းက မင်းက အဲ့ပျက်သုဉ်းခြင်း ခန္ဓာကိုယ် ပိုင်ရှင်ကို သဘောကျတာမလား၊ ဒီနတ်သမီးက အဲ့ကောင်မလေးထက် ပိုညှို့ဓာတ် မပြင်းဘူးလား”
“မင်းသာ ငါ့ဆီ အမှုထမ်းမယ်ဆိုရင် ငါ မင်းကို ညတိုင်း ညည်းညူရအောင် လုပ်ပေးမယ်လို့ ကတိ ပေးတယ်၊ ဘာစိုးရိမ်စိတ်မှ မရှိစေရဘူး”
“ငါတစ်ယောက်တည်းကသာလျင် လောကမှာ အလှဆုံးနဲ့ စွဲမက်စရာအကောင်းဆုံး မိန်းမပဲ”
အကေးရှား နတ်သမီး၏ မျက်နှာထားက ဂုဏ်ယူ ဝင့်ကြွားဟန် ပေါ်နေသည်။ သူ့စကားကြောင့် ယဲ့ဖန်၏ အကြည့်က ပို၍အေးစက်လာသည်။ ထို့နောက် သူက ဘေးသို့ ငဲ့ကြည့်၍ လောလောင် ရှင်းအား စိုက်ကြည့် လေသည်။
“မင်းရော ဘယ်လိုနောက်ဆုံးစကားမျိုး ပြောချင်လဲ”
*နောက်ဆုံးစကားတဲ့လား*
ထိုစကားလုံးကြောင့် လောလောင်ရှင်းနှင့် အကေးရှား နတ်သမီးတို့ မျက်နှာပျက်သွားသည်။ အထူးသဖြင့် အကေးရှား နတ်သမီးပင်။ သူမ အချိန်အတော်ကြာ စကားပြောနေတာတောင်မှ တစ်ဖက်လူက သူမစကားများကို နောက်ဆုံး ထွက်သက်အနေဖြင့် ပြောသောစကားများအဖြစ် သတ်မှတ်ထားလိမ့်မည်ဟု ထင်မထားမိချေ။
“ကောင်းပြီလေ၊ မဆင်မခြင် ပြုမူရဲတဲ့ သေနာကျလေးပဲ၊ ဒီလိုဆိုမှတော့ ခဏနေရင် ဒီနတ်သမီးက နင့်ကို အဲ့ခွေးမနောက် ပို့ပေးမယ်”
အကေးရှား နတ်သမီးသည် ပထမဆုံးအကြိမ်အဖြစ် လျစ်လျူရှုခြင်း ခံရသောကြောင့် မျက်နှာထားက သုန်မှုန်နေ၏။ သူမ၏ မျက်နှာပေးက ယဲ့ဖန်ကို ဝါးစားချင်နေသည့်ပုံပင်။
ဘေးနားမှ လောလောင်ရှင်းကလည်း လူသတ် ချင်သော အမူအရာဖြင့် ယဲ့ဖန်ကို စူးစိုက် ကြည့်လေသည်။
“ဟေ့ကောင်၊ ဝမ်အာက မင်းလို အသုံးမကျ တဲ့ကောင်ကို ဘာလို့ သဘောကျလဲ ငါ စဉ်းစား မရဘူး”
“ငါ့ခွန်အားက မင်းထက် သာတယ်၊ ငါ့နောက်ခံ အသိုင်းအဝိုင်းကလည်း မင်းထက် သာတယ်၊ ငါ့မှာ ရှိသမျှ အရာအားလုံးက မင်းကို အကြိမ်ပေါင်းများစွာ ရိုက်သတ်နိုင်တာချည်းပဲ”
“ငါဆိုတဲ့ လောလောင်ရှင်းတစ်ယောက်တည်းကသာ ဝမ်အာရဲ့ အချစ်နဲ့ ထိုက်တန်တာကွ”
ထိုသို့ပြောပြီး လောလောင်ရှင်းက ခါးကြားမှ နတ်ဘုရား ဓားရှည်ကို ဆွဲထုတ်လေသည်။
ချွင်!
ဓားရောင် လက်ခနဲ တောက်ပလာပြီး ဒေါသစိတ်ဖြင့် ကြုံးဝါးလေသည်။
“ဒီနေ့ ဝမ်အာ သေသွားတဲ့ ဒီမြေပေါ်မှပဲ မင်းက သူနဲ့ မထိုက်တန်ဘူးဆိုတာကို မင်းရဲ့သွေးနဲ့ သက်သေ ပြမယ်ကွ”
သူ့လေသံ၌ မနာလိုဝန်တို၍ မကျေမနပ်ဖြစ်ဟန်များ ပါဝင်နေ၏။ သို့သော် ယဲ့ဖန်၏ အကြည့်များက ဂရုမစိုက်ဟန် ဖြစ်နေဆဲပင်။ ထို့နောက် သွေးမိကျောင်း ဘိုးဘေးကို လှည့်ကြည့်လိုက်သည်။
“သူတို့ကတော့ သူတို့ရဲ့ နောက်ဆုံးစကားတွေကို ပြောပြီးသွားပြီ၊ အခု မင်း အလှည့်ပဲ”
ဤအဖြစ်ကြောင့် အားလုံး ပို၍အံ့ဩသွားကြသည်။
*နောက်ဆုံးစကား*
*အခုထိ နောက်ဆုံးစကားလို့ ပြောနေသေးတာလား*
*ဒီကောင်က ရူးနေတာလား၊ ဘာလားပဲ၊ ငတုံးလား*
*အရှင်သခင် သုံးယောက်က သူ့ထက် အဆပေါင်း များစွာ ပိုသန်မာတာကို သူက သုံးယောက်လုံးကို လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တဲ့ပုံစံမျိုးနဲ့ မောက်မာ နေသေးတယ်*
*ဒီကောင့်ယုံကြည်မှုက နားလည်ရခက်လိုက်တာ*
ကောင်းကင်သိမ်းငှက်သခင်သည် ခေါင်းတခါခါနှင့် ယဲ့ဖန်က အရူးသာဖြစ်သည်ဟု ပိုပို၍ ခံစားမိ လာသည်။
“ကောင်းပါတယ်လေ၊ မင်း အခု ပိုမောက်မာလေ၊ မင်း သေတဲ့အခါကျရင် ပိုအဖြစ်ဆိုးလေ ဖြစ်ရုံပဲပေါ့၊ မင်း ငယ်သံပါအောင် အော်ဟစ်ငိုယိုနေရမှာကို ငါ ကြည့်ချင်လှပြီ”
ကောင်းကင်သိမ်းငှက်၏ အကြည့်များက ပို၍ ခက်ထန် လာသည်။ တစ်ချိန်တည်းမှာပင် သွေးမိကျောင်း ဘိုးဘေးတောင်မှ မသိမသာ အံ့အား သင့်နေ၏။
သွေးမိကျောင်းဘိုးဘေးသည် ယဲ့ဖန်အား အစား အသောက် တစ်ခု အဖြစ် သတ်မှတ်ထား သော်လည်း သူ၏အစာက ပို၍မောက်မာသထက် မောက်မာ လာနေသည်။
ထိုစဉ် သွေးမိကျောင်းဘိုးဘေး ပါးစပ်သပ်၍ ကျော ချမ်းဖွယ် ကောင်းလောက်အောင် ပြုံးလာသည်။
“ကောင်လေး မင်းက မောက်မာသားပဲ”
“အဆုံးသတ်ကျရင် မင်းက ငါ့ပါးစပ်ထဲက အစာ တစ်လုပ် ဖြစ်သွားမှာကတော့ စိတ်မကောင်း စရာပဲ”
အရှင်သခင်သုံးယောက်လုံးက ယဲ့ဖန်ကို အထင်သေး နေကြသည်။ ယဲ့ဖန်က ရယ်မောလေသည်။ ထို့နောက် ရယ်မောရင်း ဝမ်းနည်း ဟန်ဖြင့် ရင်ဘတ် ကို လက်ဖြင့် ထိလိုက်သည်။
ထိုအခါ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အရိပ်တစ်ခုအဖြစ် ပြောင်းလဲ သွားသည်။ ယဲ့ဖန်က ထိုပုံရိပ်အား ဖျောင်ကျိုးဝမ်ဟု မှတ်ယူကာ ငေးကြည့်၍ မချိပြုံး ပြုံးလိုက်သည်။
“ကောင်မလေး၊ အရင်က မင်းကို ဖိအားပေးခဲ့တဲ့ ဒီနတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်း ဆိုးဝါးတွေကို မင်း ကြည့်နေမယ်လို့ ငါ မျှော်လင့်ပါတယ်”
“တစ်ချက်တည်းနဲ့ ဒီလူတွေကို မင်းအတွက် ယဇ်ပူဇော် ပေးမယ်”
ယဲ့ဖန်၏ စကားကြောင့် အားလုံး မှင်တက်သွားသည်။
*တစ်ချက်တည်းနဲ့လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်းက လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လာ ကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန် သွက်သွက်ခါ အောင် ရူးသွားပြီဟု ထင်နေကြလေသည်။
ယဲ့ဖန် လက်နက် တစ်ခုပြီးတစ်ခု ထုတ်လိုက် ချိန်တွင်မူ မည်သူမျှ ဆက်မလှောင်နိုင်တော့ပေ။ ရှေးဟောင်း စည်းတံဆိပ်၊ ရှေးဟောင်း ဓားနှင့် သံခက်ရင်း …
တစ်ခု၊ ငါးခု၊ ဆယ်ခု။
ယဲ့ဖန်ရှေ့၌ ယင်ယန်လောကမှ ရလာသော ထိပ်တန်းရတနာ ဆယ့်နှစ်ခု ပေါ်လာချိန်တွင် ဥက္ကာတောင်တန်း တစ်ခုလုံး ပွက်လောရိုက် သွားသည်။
ယဲ့ဖန်က ဥက္ကာတောင်တန်းတစ်ဝိုက် ရှိနေသော အရှင်သခင် သုံးယောက်နှင့် သိုင်းပညာရှင်များထံသို့ ထိုရတနာများကို ပစ်လွှတ်လိုက်သည်။ ထို့နောက် တွင်မူ လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့် ရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေ၏။
Chapter 740 ပြင်းထန်စွာ သတ်ဖြတ်ခြင်း
“ဒီ … ဒီလက်နက်တွေက ဘာတွေလဲ၊ ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းနေရတာလဲ”
ဥက္ကာတောင်တန်း၏ အပြင်ဘက်ရှိ သိုင်းပညာရှင် တစ်ယောက်သည် ယဲ့ဖန် ထုတ်လိုက်သည့် လက်နက်များကို ကြည့်ပြီး ကြက်သီး တဖြန်းဖြန်း ထကာ ခေါင်းမွေးထောင်နေလေသည်။ သူ့ဘေး ပတ်လည်မှ လူများသည်လည်း ပွက်လောရိုက် သွားလေသည်။
“မြတ်စွာဘုရား၊ ထိပ်တန်းရတနာ၊ ဒါ … ဒါတွေက ထိပ်တန်း ရတနာတွေ ဖြစ်နေတာပါလား”
“မဖြစ်နိုင်ဘူး၊ ထိပ်တန်း ရတနာတွေက အရမ်းရှား တာလေ၊ ဒီကောင့်မှာ ဘယ်လိုလုပ် ထိပ်တန်း ရတနာတွေ အများကြီး ရှိနေတာလဲ”
“ဆယ့်နှစ်ခုတောင်၊ မြတ်စွာဘုရား … သူ့မှာ ထိပ်တန်း ရတနာ ဆယ့်နှစ်ခုတောင် ရှိနေတာပဲ”
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှ လူများ အားလုံးကြား၌ မုန်တိုင်းထန်လာသည်။ သိုင်းပ ညာရှင် တိုင်းသည် ရေခဲကန်ထဲ ထိုးကျသွား သကဲ့သို့ ချမ်းစိမ့်ကာ သွေးပျက်လာကြသည်။ သူတို့သည် သာမက အရှင်သခင် သုံးယောက်တို့သည်လည်း အလွန် ထိတ်လန့်ခြောက်ခြားနေကြ၏။
ထိပ်တန်းရတနာများသည် စကြဝဠာထဲ၌ ရှားပါး သော အရာများ ဖြစ်ကြသည်။ အလွန် အဆင့်အတန်း မြင့်မားသော နတ်ဘုရား အရှင်သခင်များနှင့် လောကသခင် သုံးပါး၌သာ ဤသို့ ရတနာများ ဖြစ်နိုင်ပေသည်။
သို့သော် ယခုအခါ၌ ယဲ့ဖန်က ရတနာ ဆယ့်နှစ်ခုကို ထုတ်ပြနေ၏။ ထို့အပြင် ယဲ့ဖန်၏ ထိပ်တန်းရတနာ ဆယ့်နှစ်ခုသည် သာမန် ထိပ်တန်းရတနာများ၌ အလွန် ရိုးစင်းသော်လည်း ပို၍ စွမ်းအားကြီးကြောင်း အရှင်သခင် သုံးယောက်လုံး ခံစားမိသည်။
“ယင်ယန် ထိပ်တန်း ရတနာတွေ၊ သေစမ်း … ဒီခွေးမသားမှာ ယင်ယန် ထိပ်တန်းရတနာ ဆယ့်နှစ်ခု တောင် ရှိနေတယ်”
အရှင်သခင်သုံးယောက်သည် အလန့်တကြား ရေရွတ်ရင်း ကြက်သီးထလာလေသည်။ ယဲ့ဖန်က သူတို့နှင့် အလွန် အဆင့်ကွာသော်လည်း ယုံကြည် ချက် ပြင်းထန်နေရသည့် အကြောင်းရင်းကို ယခုမှ သူတို့ နားလည်သွားကြသည်။
“ပြေး”
သွေးမိကျောင်းဘိုးဘေးက အရင်လှုပ်ရှားလာသည်။ ၎င်း၏ ကြီးမားသော မိကျောင်းကိုယ်မှ အကြေးခွံ များပင် ထောင်မတ်လာပြီး ကြောက်လန့်တကြားနှင့် အဝေးသို့ ထွက်ပြေးလေသည်။
သူသည်သာမက လောလောင်ရှင်းသည်လည်း ယခင်က မာနကြီး၍ အာဏာပြချင်ဟန်များ ပြခဲ့ သော်လည်း ယခုအခါတွင် ကြောက်နေသော ယုန်တစ်ကောင်ကဲ့သို့ ထွက်ပြေးလေသည်။ ထို့အတူ အကေးရှား နတ်သမီး သည်လည်း မျက်နှာ ဖြူရော်နေ၏။
“သေနာကောင်”
သူမနဖူးမှ ချွေးစေးများ စီးကျလာပြီးနောက် သုတ်ခြေတင် ထွက်ပြေးလေတော့သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ သိုင်းပညာရှင် များအားလုံး ဥက္ကာတောင်တန်း အပြင်ဘက်သို့ အသည်းအသန် ထွက်ပြေးကြသည်။
ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က ကြက်သီးထစရာ
ကောင်းလောက်အောင် ရယ်မောလေသည်။
“ပြေးတာလား၊ မင်းတို့ ဝေးဝေးပြေးနိုင်လို့လား”
ထို့နောက် သူက လေထဲသို့ လက်ကို ဝှေ့ယမ်း လိုက်သည်။ ထိုအခါ ယင်ယန် ထိပ်တန်းရတနာ ဆယ့်နှစ်ခုလုံးက လှုပ်ရှားလာပြီး ထွက်ပြေး နေသော သူများထံသို့ ဦးတည်သွားကြသည်။
“မလုပ်နဲ့”
သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ သိုင်းပညာရှင် တိုင်းသည် ထွက်ပြေးချိန် မရလိုက်ဘဲ ယင်ယန် ရတနာများ၏ တိုက်ခိုက်ခြင်းကြောင့် သေဆုံး လာကြသည်။ လက်ရှိအချိန်၌ သေခြင်းတရားက ဇယ်ဆက်သကဲ့သို့ ဆက်တိုက် ကျရောက်နေ၏။
ကောင်းကင်ထက်မှနေ၍ သွေးစက်များက မိုးရေ သဖွယ် စီးကျလာသည်။ လူဆယ်ယောက်၊ အယောက် တစ်ရာ၊ အယောက်တစ်ထောင်။
ယင်ယန် ထိပ်တန်းရတနာများ၏ ဖိအားကြောင့် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ သိုင်းပညာရှင်များ ပိပြား ပေါက်ကွဲ၍ သေဆုံးသွားကြသည်။
ရှေးဟောင်း စည်းတံဆိပ်က အပေါ်သို့ မြောက်တက် သွားပြီး အောက်ဘက်ကလူများကို ဖိသတ် လေသည်။ သိုင်းပညာရှင်များအားလုံးသည် အော်ပင် မအော်လိုက်နိုင်ဘဲ ပိပြား၍ သေဆုံးသွားကြသည်။
ထို့အတူ ရှေးဟောင်းဓားသည် လှစ်ခနဲ ဖြတ်သန်း သွားပြီး တွေ့သမျှ သိုင်းပညာရှင်များကို ခုတ်ပိုင်း၍ သတ်ဖြတ်လေသည်။
…
ယင်ယန် ထိပ်တန်းရတနာတိုင်းက သေမင်းနတ် ဘုရား၏ တံစဉ်ကဲ့သို့ အသက်များကို အဆက်မပြတ် နုတ်ယူနေ၏။
“ချီးတဲ့မှပဲ”
လောလောင်ရှင်း မီတာတစ်သောင်း အကွာအဝေးသို့ မရောက်ခင်မှာပင် ရှေးဟောင်းစည်းတံဆိပ်က သူ့ခေါင်းထက်သို့ ရောက်လာလေသည်။ သူ နောက်လှည့်ကြည့်လိုက်သောအခါ သူ ခေါ်လာသည့် ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် များသည် ရှေးဟောင်းစည်းတံဆိပ်ကြောင့် ပိပြား၍ သေဆုံးသွားသည်ကို တွေ့လိုက်ရသည်။
ထိုစည်းတံဆိပ် ကျဆင်းလာသည်ကိုကြည့်ပြီး လောလောင်ရှင်း ခေါင်းမွေးထောင်ကာ ခြောက်ခြား သွား လေသည်။
“မဟုတ်ဘူး၊ ငါ မသေနိုင်ဘူးကွ”
သူသည် လက်ထဲမှ နတ်ဘုရားဓားရှည်ဖြင့် ကောင်းကင်ထက်မှ ကျလာသော ရှေးဟောင်း စည်းတံဆိပ်အား ခုခံလေသည်။ နတ်ဘုရား ဓားရှည်သည် ရှေးဟောင်း စည်းတံဆိပ်နှင့် ထိမိချိန်တွင် ဓားသွား၌ အက်ရာများ ပေါ်လာပြီး ကြေမွသွားသည်။
ထို့နောက် ယင်ယန် ထိပ်တန်းရတနာဖြစ်သော ရှေးဟောင်း စည်းတံဆိပ်က လောလောင်ရှင်း ကိုယ်ပေါ်သို့ ကျလာလေသည်။ သွေးများ ပန်းထွက် လာပြီး လောလောင်ရှင်းတစ်ယောက် ပိပြား၍ သေဆုံးသွားလေ တော့သည်။ စည်းတံဆိပ်အောက်မှ သွေးများ စိမ့်ထွက်လာသည်။
*လောလောင်ရှင်း သေသွားပြီလား*
ဤမြင်ကွင်းကြောင့် ဥက္ကာတောင်တန်း အပြင် ဘက်မှ ကြည့်နေသည့် ကောင်းကင် သိမ်းငှက် သခင်နှင့် အခြားသူများအားလုံး မျက်လုံးပြူး သွားသည်။
သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ၏ အရှင်သခင် တစ်ယောက်ဖြစ်သော လောလောင်ရှင်းက ဤသို့ သေသွားရ လိမ့်မည်ဟု မည်သူက ထင်ထား မည်နည်း။ ပုရွက်ဆိတ်တစ်ကောင် အသတ်ခံ လိုက်ရသလိုပင်။
သို့သော် အိပ်မက်ဆိုးက ယခုမှ စတင်မည်ဖြစ်သည်။ အကေးရှား နတ်သမီးနှင့် သွေးမိကျောင်း ဘိုးဘေးအနောက်မှ သိုင်းပညာရှင်များအားလုံး ရှေးဟောင်းဓားဖြင့် ခုတ်ပိုင်းခံရသလို သံခက်ရင်းဖြင့် ထိုးစိုက်ခံရကာ သေဆုံးသွားလေသည်။
ထွက်ပြေးနေသော အရှင်သခင်နှစ်ယောက်၏ ဦးခေါင်း ထက်သို့ ယင်ယန် ထိပ်တန်းရတနာ ဆယ့်တစ်ခုလုံး ဝဲပျံလာသည်။
“မဟုတ်ဘူး၊ ဒီနေရာမှာ ငါ သေရလိမ့်မယ်ဆိုတာကို လက်မခံဘူးကွ”
သွေးမိကျောင်းဘိုးဘေးသည် ရူးသွပ်နေဟန်ဖြင့် လက်သည်းများနှင့် အမြီးကို အသုံးချ၍ ထိပ်တန်းရတနာများကို တိုက်ခိုက်လေသည်။
ထိုစဉ် ဓားရောင်များ၊ သံခက်ရင်းအရိပ်နှင့် ပုဆိန် သံများ ထွက်ပေါ်လာပြီး သွေးမိကျောင်း ဘိုးဘေး၏ အမြီးကို ဖြတ်ချသွားသည်။ သွေးမိကျောင်း ဘိုးဘေး ငယ်သံပါအောင် အော်ဟစ်လိုက်ရပြီး သွေးများ ပန်းထွက်လာသည်။
“မလုပ်နဲ့”
အားလုံး အလန့်တကြား ကြည့်နေစဉ်မှာပင် သွေးမိကျောင်းဘိုးဘေး၏ အမြီး ပြတ်ထွက် သွားပြီးနောက် သူ၏ လက်သည်းများ၊ ရင်ဘတ်နှင့် ဦးခေါင်းတို့ ခုတ်ဖြတ်ခံလိုက်ရသည်။ နောက်ဆုံးတွင် သွေးမိကျောင်းဘိုးဘေး၏ သွေးများသာ ကျန်ရစ်ခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ စီးဆင်း သွားသည်။
အကေးရှား နတ်သမီးသည်လည်း ထွက်ပြေး နေစဉ်တွင် ယင်ယန် ထိပ်တန်းရတနာ ဆယ့်နှစ်ခု လုံးက ချက်ချင်း စုဝေးလာပြီး သူမကိုယ်ပေါ်သို့ ကျရောက်လာသည်။
“အား….”
သူမ၏ အော်သံက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့ သွားသည်။ အကေးရှား နတ်သမီးသည် ငရဲဘုံမှ နှိပ်စက်ခြင်းကို ခံရသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်နေသည်။ နောက်ဆုံးတွင် သူမ အော်သံ ပျောက်ကွယ်သွားပြီး ဥက္ကာတောင်တန်း၌ မည်သူမျှ ရှိမနေတော့ချေ။
ကြည့်နေကြသော ကောင်းကင်သိမ်းငှက်သခင်နှင့် အခြားသူများသည် အရှင်သခင်သုံးယောက်နှင့် ထောင်ချီသော သိုင်းပညာရှင်များ သေဆုံးသွားသည် ကိုကြည့်ပြီး ခြောက်ခြားလာကြလေသည်။
ကောင်းကင်သိမ်းငှက်သခင် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူ့နဖူးမှ ချွေးစေးများ စီးကျလာပြီး သွေးပျက်ဟန်ဖြင့် ကြည့်နေသည်။
“သေကုန်ပြီ၊ ယင်ယန် ထိပ်တန်းရတနာ ဆယ့်နှစ်ခုက သိုင်းပညာရှင်တွေ အားလုံးကို သတ် လိုက် တာတဲ့လား”
“ဒီ … ဒီလူက လူလား ဒါမှမဟုတ် မိစ္ဆာလား”
ကောင်းကင်သိမ်းငှက်သခင် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။ အစောပိုင်းက သူကိုယ်တိုင် ယဲ့ဖန်ကို သတ်ပစ်ချင်နေခဲ့သည်ကို တွေးမိပြီး တစ်ကိုယ်လုံး တုန်ယင်ကာ ကျင်ငယ်ရည် ထွက်ကြမတတ် ကြောက်လန့်လာသည်။
Chapter 741 ဒါ ပထမအဆင့်ပဲ ရှိသေးတယ်
ဥက္ကာတောင်တန်း၏ အပြင်ဘက်ရှိ သိုင်းပညာရှင် များသည် လေနှင့်အတူ ပါလာသော သွေးညှီနံ့ များကြောင့် အလွန် စိတ်ခြောက်ခြား နေကြသည်။
ခရီနာတောင်မှ ထိတ်လန့်၍နေသည်။
*တစ်ချက်တည်းပါပဲလား*
*ယဲ့ဖန်က သူ တစ်ချက်တည်းနဲ့ အားလုံးကို သတ်ပစ်မယ်လို့ ပြောခဲ့တာ*
*တကယ်လည်း သတ်ဖြတ်သူ ဂြိုဟ်နယ်မြေကို နှစ်ပေါင်းများစွာ လွှမ်းမိုးနေတဲ့ အရှင်သခင် သုံးယောက်ကို သတ်ပစ်လိုက်တယ်*
*ဒါ လူတစ်ယောက် လုပ်နိုင်တဲ့ နည်းလမ်း မဟုတ်ဘူးပဲ၊ သူက နတ်ဘုရားတင် မဟုတ်ဘဲ မိစ္ဆာတစ်ကောင်ပါ ဖြစ်နေတာပါလား*
ယဲ့ဖန်က အေးတိအေးစက် အကြည့်များဖြင့် သွေးစက်များနှင့် အရိုးများကို ကြည့်ပြီး မျက်နှာအမူအရာ မာကျောလာသည်။
“မင်းတို့က သေပြီလား၊ အဲ့လောက် ဘယ်လွယ်မလဲ”
ထိုသို့ပြောပြီး ယဲ့ဖန်က မျက်စိရှေ့မှ သွေးစက်များနှင့် အရိုးများထံသို့ လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အရိုးများနှင့် သွေးအိုင်များထံမှ ဆုတ်ပြဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့နောက် သေဆုံးသွားသော သိုင်းပညာရှင်တိုင်း၏ ဖြူဖျော့ ဖျော့ အရိပ်များ ထွက်ပေါ်လာသည်။
ဤအဖြူရောင်အရိပ်များက စိတ်ဝိညာဉ်များပင်၊ လောလောင်ရှင်း၏ စိတ်ဝိညာဉ်၊ အကေးရှား နတ်သမီး၏ စိတ်ဝိညာဉ်နှင့် သွေးမိကျောင်း ဘိုးဘေး၏ စိတ်ဝိညာဉ်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အရှင်သခင် သုံးယောက်နှင့် ထောင်ချီသော သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်များသည် ယဲ့ဖန်ကြောင့် စုတ်ပြဲ လာသည်။
“အား …. ဟေ့ကောင်၊ မင်းကများ ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးရဲ တာလား၊ မင်းကများ ငါ့စိတ်ဝိညာဉ်ကို ထိခိုက် အောင် လုပ်ရဲတယ် ပေါ့လေ၊ ဒီကိစ္စကို ငါ့အဖေ ဝိညာဉ်ဖမ်း နတ်ဘုရားသာ သိသွားလို့ ကတော့ မင်း မြေမြှုပ်စရာ အလောင်း မရှိဘဲ သေသွားရလိမ့်မယ်၊ ပြီးတော့ တစ်သက်လုံး လူမဝင်စားနိုင်ဘဲ ပျောက်ကွယ် သွားလိမ့်မယ်ကွ”
လောလောင်ရှင်း၏ စိတ်ဝိညာဉ်ထံမှ မကျေမချမ်း အသံ ထွက်ပေါ်လာသည်။ သူ၏ စိတ်ဝိညာဉ်သည် ကတုန်ကယင်နှင့် ကြောက်လန့်နေသည်။
သူ့စိတ်ထဲတွင် ပုရွက်ဆိတ်လိုကောင်ဟု သတ်မှတ် ထား သောသူက သူနှင့် အခြားသူများကို တစ်ချက် တည်းနှင့် သတ်ပစ်လိုက်နိုင်လိမ့်မည်ဟု သူ ထင်မထားမိချေ။
သူသည်သာမက၊ အကေးရှား နတ်သမီး၊ သွေးမိကျောင်း ဘိုးဘေးနှင့် သတ်ဖြတ်သူ ဂြိုဟ်နယ် မြေမှ သိုင်းပညာရှင်များ အားလုံး ဆက်တိုက် ရုန်းကန်လှုပ်ရှား၍ အော်ဟစ် နေကြသည်။
“ဟေ့ကောင် မင်း ငါ့ကို လွှတ်စမ်း၊ မင်း ငါ့နတ်ဘုရား စိတ်ဝိညာဉ်ကို ဖျက်ဆီးမယ်ဆိုရင် ငါတို့ ပျော်ရွှင်ခြင်း နတ်ဘုရားက မင်းကို ကမ္ဘာဆုံးတဲ့ထိ လိုက်သတ်မှာ”
“ပုရွက်ဆိတ်လိုကောင်၊ ဒီဘိုးဘေးက မကောင်း ဆိုးဝါး မျိုးနွယ်က အနက်ရောင် ကုန်းလိပ် အရှင်သခင်ရဲ့ အစေခံပဲ၊ မင်း ငါ့ကို သတ်လိုက်တာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ”
“….”
ထိုအော်သံများ ထွက်ပေါ်လာချိန်တွင် ဘေးပတ် လည်မှ သိုင်းပညာရှင်များအားလုံး ထိတ်လန့် သွား ကြ လေသည်။
*လောလောင်ရှင်းရဲ့ အဖေက ဝိညာဉ်ဖမ်း နတ်ဘုရားတဲ့လား*
*ပြီးတော့ သွေးမိကျောင်းဘိုးဘေးက အနက်ရောင် ကုန်းလိပ် အရှင်သခင်ရဲ့ အစေခံတဲ့လား*
*အကေးရှား နတ်သမီးရဲ့ နောက်ကွယ်မှာလည်း ပျော်ရွှင်ခြင်း နတ်ဘုရား ရှိနေတယ်*
ထိုနာမည်တစ်ခုချင်းစီက သိုင်းပညာရှင်များအားလုံးကို ကြက်သီးမွေးညင်း ထသွားစေသည်။ ထိုနတ်ဘုရား သုံးပါးလုံးက နတ်အရှင်သခင် တစ်ပိုင်းအဆင့်များ ဖြစ်ကြသည်ကို လူတိုင်း သိထားကြသည်။
လက်တစ်ဖက် မြှောက်လိုက်ရုံနှင့် မရေတွက် နိုင်သော နတ်ဘုရား သိုင်းပညာရှင်များကို ဖိနှိပ်နိုင် ပေသည်။ သို့သော် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ အရှင်သခင်သုံးယောက်၏ နောက်ကွယ်၌ နတ် အရှင်သခင်အဆင့် ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထား မိချေ။
ဤသည်ကို တွေးမိရုံနှင့်တင် အားလုံး ကြက်သီးထ လာသည်။
“မြတ်စွာဘုရား၊ လောလောင်ရှင်းရဲ့ အဖေက လတ်စသက်တော့ ဝိညာဉ်ဖမ်း နတ်ဘုရား ဖြစ်နေ တာကိုး၊ လောလောင်ရှင်းအနားမှာ အရှင်သခင် တွေ အများကြီးရှိနေတာကို ငါ မအံ့ဩတော့ဘူး”
“ဝိညာဉ်ဖမ်း နတ်ဘုရားလား၊ ဒီလူအိုကြီးက အခုထိ အသက်ရှင်နေသေးတာလား၊ အဲ့အချိန်တုန်းက ဝါးမျိုခြင်း နတ်ဘုရားရဲ့ ပထမဆုံး တပည့် မဟုတ်ဘူးလား”
“ဟုတ်တယ်၊ ဝါးမျိုခြင်း နတ်ဘုရားနဲ့ အခြား အရှင်သခင် ကိုးယောက်က နတ်ဆိုးဧကရာဇ်ရဲ့ ငရဲမီးကြောင့် လောင်ကျွမ်းပြီး သန့်စင်ခံလိုက် ရတာမလား၊ ဒါပေမဲ့ ဝါးမျိုခြင်း နတ်ဘုရားရဲ့ ပထမဆုံးတပည့် ဝိညာဉ်ဖမ်း နတ်ဘုရား လွတ်မြောက် သွားလိမ့်မယ်လို့ ဘယ်သူမှ ထင်မ ထားမိဘူး”
“…”
လက်ရှိအချိန်၌ ဆွေးနွေးပြောဆိုသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုအရှင်သခင်သုံးယောက်၏ နောက်ကွယ်၌ ဤမျှကြောက်စရာကောင်းသော ပုဂ္ဂိုလ်များ ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထားမိပေ။
ကောင်းကင်သိမ်းငှက်သခင်သည် သူ့နဖူးမှ ချွေးစေး များကို သုတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်အောင် ကြိုးစား လိုက်သည်။ သူ၏ မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင် ကဲ့သို့ ယဲ့ဖန်အား စူးရဲစွာ စိုက်ကြည့်လေသည်။
“ဟေ့ကောင် မင်းက လောလောင်ရှင်းရဲ့ ခန္ဓာကိုယ်ကို သုတ်သင်လိုက်ပြီမို့ ဝိညာဉ်ဖမ်း နတ်ဘုရားကို မင်း လုံးဝ ရန်စလိုက်မိတာပဲ၊ မင်း သေမယ့်အချိန်ကိုသာ စောင့်နေလိုက်တော့”
ဝိညာဉ်ဖမ်း နတ်ဘုရား၏ ကြောက်မက်ဖွယ် ကောင်းပုံကို တွေးမိပြီး ကောင်းကင်သိမ်းငှက် သခင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“ဟေ့ကောင် ငါ့ကို လွှတ်ပေးဖို့ မင်းကို ငါ အမိန့်ပေးနေပါတယ်”
ထိုစဉ် လောလောင်ရှင်းက ယဲ့ဖန်ကို အော်ပြော လာသည်။ သူ၏ စိတ်ဝိညာဉ်မှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေပြီး ယဲ့ဖန်ကို အရှင်လတ်လတ် ဝါးစားချင်နေပုံရသည်။ ဝိညာဉ်ဖမ်း နတ်ဘုရား၏ နာမည်ကို သူ ထုတ်ပြောလိုက်သရွေ့ မလွတ်နိုင်စရာ အကြောင်းမရှိတော့ချေ။
“အရူး”
သို့သော် ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေပြီး လက်ဝါးအား အားဖြင့် ဖျစ်ညှစ်လိုက်သည်။
ဂျွတ်! ဂျွတ်!
စိတ်ဝိညာဉ် အက်ကွဲသံများက ဆက်တိုက် ထွက်ပေါ် လာသည်။ အရှင်သခင်သုံးယောက်နှင့် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ ထောင်ချီသော သိုင်းပညာရှင်များ၏ နတ်ဘုရား စိတ်ဝိညာဉ်များသည် ယဲ့ဖန်ကြောင့် အမှုန့်ဖြစ်မတတ် ဖြစ်နေကြသည်။
“အား….”
စိတ်ဝိညာဉ်၏ နာကျင်မှုဒဏ်ကြောင့် အားလုံး၏ စိတ်ဝိညာဉ်များက ငယ်သံပါအောင် စူးစူးဝါးဝါး အော်ဟစ်နေ ကြလေသည်။
နတ်သခင် တစ်ပိုင်းအဆင့်သုံးယောက်၏ နာမည်ကို ထုတ်ပြောပြီးသော်လည်း ယဲ့ဖန်က အရှက်မရှိ မျက်နှာပြောင်တိုက်စွာ ပြုမူရဲလိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။
“မျိုးမစစ်ကောင်”
လောလောင်ရှင်း၏ မျက်နှာထားက ပြာနှမ်းကာ ရူးမတတ် ဖြစ်နေ၏။
“ဟေ့ကောင် မင်းမှာ ယင်ယန်လောကက ထိပ်တန်း ရတနာ ဆယ့်နှစ်ခုရှိရုံနဲ့ မင်းက ဥပဒေသတွေကို ဆန့်ကျင်ပြီး သဘာဝတရားရဲ့ အကျင့်စရိုက်ကို ဆန့်ကျင်လို့ ရမယ်လို့ ထင်နေတာလား”
“ငါ မင်းကို ပြောလိုက်မယ်၊ အဲ့နတ်ဘုရား သုံးပါးသာ အတူရောက်လာလို့ကတော့ မင်းမှာ ထိပ်တန်း ရတနာ ဆယ့်နှစ်ခု ရှိရင်တောင်မှ သေမှာပဲကွ”
သူ၏စကားလုံးများ၌ မကျေနပ်ရိပ်များ ပါဝင် နေသည်။ သို့သော် ဘေးပတ်လည်မှ သိုင်းပညာရှင် များက သူ့စကားကို ခေါင်းညိတ်၍ ထောက်ခံ ကြသည်။
မှန်ပေသည်၊ ယင်ယန် ထိပ်တန်းရတနာများက အစွမ်းထက်ပါသည်။ သို့သော် ထိုအရာများက ယင်ယန်လောက၌သာ အစွမ်းထက်ခြင်း ဖြစ်သည်။
ဤစကြဝဠာထဲသို့ ရောက်လာသည်နှင့် ယင်ယန် ထိပ်တန်းရတနာများ၏ အစွမ်းက အကြီးအကျယ် အားနည်းသွားပြီး ဤစကြဝဠာ၏ ဥပဒေသကြောင့် ထိန်းချုပ်ခြင်း ခံလိုက်ရသည်။
ယင်ယန် ထိပ်တန်းရတနာ ဆယ့်နှစ်ခုက အရှင်သခင် များကို ရူးမတတ် ဖြစ်သွားစေနိုင်သည်။ ထိုရတနာများ၏ အစွမ်းများကို အရှင်သခင်များ သဘောကျ ခြင်းကြောင့် မဟုတ်ပေ။
အထက်လောကမှ ရတနာများ ဖြစ်သောကြောင့် ယင်ယန် ထိပ်တန်းရတနာများမှတစ်ဆင့် ယင်ယန် လောက၏ ဆန်းကြယ်မှုကို သိနားလည်လာအောင် ပြုလုပ်ချင်သောကြောင့် ဖြစ်သည်။
ယင်ယန်လောကကိုသာ တက်ရောက်နိုင်ပါက ယင်ယန် ထိပ်တန်းရတနာကြောင့် သေချာပေါက် ကျော်ကြား လာမည် ဖြစ်သည်။
လောလောင်ရှင်း၏ အော်သံကို ကြားပြီး အကေးရှား နတ်သမီးကပါ လှောင်ရယ်လေသည်။
“ဟဲ့ကောင် နင့်ကိုယ်နင် သိပ်ကို အမှားကင်းတယ်လို့ ထင်နေတာလား၊ ထိပ်တန်း ရတနာ ဆယ့်နှစ်ခုက နတ်သခင် သုံးယောက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်၊ ဒါပေမဲ့ မသေစေနိုင်ဘူး”
“နတ်သခင် တစ်ပိုင်းအဆင့်က လက်တစ်ဖက် မြှောက်လိုက်ရုံနဲ့တင် နင့်အပြင် နင့်မိသားစု၊ မိတ်ဆွေတွေ၊ မျိုးနွယ်ဝင်တွေနဲ့ ညီအစ်ကိုသားချင်း တွေကိုပါ သတ်နိုင်တယ်၊ သူတို့အားလုံး ရှင်းလင်းခံရပြီး ဘယ်တော့မှ ပြန်လည်မွေးဖွား လာမှာ မဟုတ်ဘူး”
“နင် ငါတို့ကို လွှတ်ပေးမယ်ဆိုရင် နင်တို့ အသက်ရှင် နိုင်မယ်၊ ငါတို့ကို သတ်လိုက်မယ် ဆိုရင်တော့ နင် သေလိမ့်မယ်”
ဘေးနားမှ လူများအားလုံးက အရှင်သခင် သုံးယောက်၏ စိတ်ဝိညာဉ်က ယဲ့ဖန်၏ ပျော့ကွက်ကို ဖမ်းချုပ်လိုက်နိုင်ပြီဟု ထင်သွားကြသည်။ ယဲ့ဖန် တွေဝေနေပြီဟု အားလုံး ထင်နေကြသည်။ ထိုစဉ် ယဲ့ဖန်၏ အထင်သေး လှောင်ပြောင်သံ ထွက်ပေါ် လာသောကြောင့် လူတိုင်း မှင်တက် သွားလေသည်။
“အရူးတစ်သိုက်ပါလား၊ အခြားသူတွေရဲ့ ငါးစာအဖြစ် ချကျွေးခံရတာတောင် မသိသေးဘူး”
*ငါးစာတဲ့လား*
*ဒီကောင် ဘာပြောချင်တာလဲ*
လောလောင်ရှင်းနှင့် အခြားသူများ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်များ တောင့်တင်းမှင်တက်သွားသည်။ သို့သော် ယဲ့ဖန် ထပ်ပြောလိုက်သည့် စကားကြောင့် စိတ်ဝိညာဉ်အားလုံး၏ မျက်နှာများ ပျက်ယွင်း သွားကြသည်။
“မင်းတို့ မသိသေးဘူးလား၊ ဒါဆို ငါ ပြောပြ ရတာပေါ့”
ယဲ့ဖန်၏ မျက်လုံးတွင်းမှ ခက်ထန်မှုများက ပို၍ ပြင်းထန် လာသည်။
“ဝမ်အာကို ဖိအားပေးတာက ဒီပွဲရဲ့အစပဲ”
“မင်းတို့ ပူးပေါင်းပြီး ဝမ်အာကို လိုက်မဖမ်းခင်က မင်းတို့ အမိန့်တစ်ခု ရမှာ သေချာတယ်”
“လူတစ်ချို့က ဝမ်အာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ မှာကို ခန့်မှန်းမိပြီးသား ဖြစ်လောက်တယ်၊ အဲ့လို ဖောက်ခွဲချိန် အတွင်း သူ သွေးစိတ်ဝိညာဉ်ပင်ကို ကမ္ဘာဂြိုဟ်ပေါ် ပို့တာကို တောင်မှ သူတို့က ခွင့်ပြု ပေးလိုက် သေးတယ်၊ ဘာလို့လဲ ဆိုတော့ ငါ သိ အောင် လုပ်ချင်လို့လေ”
“ငါ့ကို ဒီရောက်လာအောင် လုပ်တာ”
ထိုသို့ပြောပြီး ယဲ့ဖန်က ခေါင်းမော့၍ ကျယ်ပြော သော ကောင်းကင်ယံအား ဝေ့ကြည့်လေသည်။
“ဒီလူတွေက ငါ လက်စားချေမယ်ဆိုတာကို သိနေတယ်၊ ငါ မင်းတို့ကို သတ်မယ်ဆိုတာကိုလည်း သူတို့ သိနေတယ်။ သူတို့ ပေါ်မလာသေးတာက ငါ့ခွန်အား အစစ်အမှန်ကို သိချင်နေကြလို့ပဲ”
“ငါက ပိုသန်မာလာတယ်လို့ သူတို့ထင်ရင် သူတို့ မသိချင်ယော င်ဆောင်သွားလိမ့်မယ်”
“ငါက သူတို့ ထင်ထားတာထက် အားနည်းတယ် လို့ထင်ရင် သူတို့ ရောက်လာလိမ့်မယ်”
ထိုသို့ပြောပြီး ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ကောင်း ကင်ယံအား စိုက်ကြည့်ကာ နတ်ဆိုးဆန်စွာ ပြုံးနေသည်။
“ငါ ပြောတာ မှန်တယ်လား၊ ဝိညာဉ်ဖမ်း၊ ပျော်ရွှင်ခြင်းနဲ့ အနက်ရောင်ကုန်းလိပ်”