အခန်း (၇၄၂-၇၄၄)
Vol. 50 Ch. 742-744
Chapter 742 မင်း ဘယ်လိုသေချင်လဲ
“ဝိညာဉ်ဖမ်း၊ ပျော်ရွှင်ခြင်းနဲ့ အနက်ရောင်ကုန်းလိပ်”
ယဲ့ဖန်၏စကားကြောင့် လောလောင်ရှင်းအပါအဝင် ကျန်လူများအားလုံး မှင်တက်မိသွားကြသည်။ ထို့နောက် သူတို့အားလုံးသည် မယုံနိုင်သော အမူအရာများဖြင့် ကောင်းကင်ယံအား မော့ကြည့် လိုက်ကြလေသည်။
လက်ရှိအချိန်၌ ဥက္ကာတောင်တန်း တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ် နေ၏။ လူတိုင်းက ယဲ့ဖန်၏ ပြောစကား မှန်၊ မမှန် သိချင်နေကြသည်။
တစ်မိနစ်၊ နှစ်မိနစ်၊ ဆယ်မိနစ်။
ဆယ်မိနစ်တိတိ ကုန်လွန်သွားချိန်တွင် ကောင်းကင် ယံသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်ဆဲဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမျိုးမှ မရှိချေ။ ဤသည်က လူတိုင်းကို မျက်မှောင်ကြုတ်သွားစေသည်။
*လိမ်နေတာလား*
ယဲ့ဖန်က ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်နေသည်ဟု လူတိုင်း ထင်သွားကြလေသည်။ နတ်ဘုရားသုံးပါးက ဤသို့သော ကိစ္စရပ်ကို ဘယ်လိုလုပ် ကြံစည် နိုင်မည်နည်း။ ထို့အတူ သူတို့၏ သားများ၊ တပည့်များနှင့် အခြားသူများ၏ ခန္ဓာကိုယ်များ ဖျက်ဆီးခံ ရသည်ကို မည်သို့ ကြည့်ရက် နိုင်မည်နည်း။ သူတို့ ဘယ်လိုလုပ် ပေါ်မလာလဲ နေ နိုင်မည်နည်း။
ဤသို့တွေးမိပြီးနောက် လူတိုင်း ခေါင်းတခါခါ ဖြစ်သွားကြပြီး ယဲ့ဖန်ကို လုံးဝ မယုံကြည်ကြချေ။
ဝုန်း!
ထိုစဉ် ကောင်းကင်ယံမှ ပေါက်ကွဲသံ ထွက်ပေါ် လာသဖြင့် လူတိုင်း ထိတ်လန့်သွားပြီး မော့ကြည့် လိုက်ကြသည်။ ထို့နောက် အားလုံး ထိတ်လန့် တကြား ကြည့်နေစဉ်မှာပင် ပုံရိပ်သုံးခုက ဖြည်းဖြည်း ချင်း လှမ်းလာနေ၏။
*ဟာ*
ဤမြင်ကွင်းကိုကြည့်ပြီး လောလောင်ရှင်းနှင့် အခြားသူများ အံ့ဩသွားပြီး ကောင်းကင်သိမ်းငှက် သခင်နှင့် အခြားသူများလည်း ရူးမတတ် ဖြစ်သွား ကြသည်။
ထိုသုံးယောက်က လေဟာနယ်အတွင်း၌ အချိန် အတော်ကြာ ပုန်းအောင်းနေကြောင်း သူတို့ ရိပ်မိသွားသည်။ သူတို့၏ ထိတ်လန့်ဖွယ် အရှိန်အဝါ များက ချက်ချင်းဆိုသလို ပျံ့လွင့် လာသည်။ ထိုအရှိန်အဝါက လူသုံးယောက်၏ အရှိန်အဝါ နှင့်မတူဘဲ ရှေးဦးသားကောင်များ၏ အရှိန်အဝါဟု ထင်မှတ်မှား ရသည်။
“အဖေ၊ တကယ် … တကယ်ပဲ အဖေကိုး”
“ဆရာ၊ ဆရာ … ဒီရောက်လာတာပဲ၊ မြန်မြန် လှုပ်ရှား ပေးပါ၊ ကျွန်မတို့ကို ကယ်ပါဦး”
“သခင်၊ ဒီငယ်သား အသုံးမကျပါဘူး၊ ကျေးဇူးပြုပြီး သခင် ကျွန်တော့်ကို အပြစ်ပေးလိုက်ပါ”
“….”
ထိုသို့သောအချိန်၌ လောလောင်ရှင်း၊ အကေးရှား နတ်သမီး နှင့် သွေးမိကျောင်း ဘိုးဘေးတို့သည် ထိုသူ သုံးယောက်အား တစ်ယောက်ပြီးတစ်ယောက် စကားလှမ်းပြောကြလေသည်။
ထိုသူသုံးယောက်သည် ဝိညာဉ်ဖမ်း နတ်ဘုရား၊ ပျော်ရွှင်ခြင်း နတ်ဘုရားနှင့် အနက်ရောင် ကုန်းလိပ်သခင်တို့ ဖြစ်ကြသည်။ ထိုသူ သုံးယောက်သည် မျိုးနွယ်သုံးခုမှ နတ်သခင် တစ်ပိုင်း အဆင့်များ ဖြစ်ကြလေသည်။
နတ်သခင်တစ်ပိုင်းအဆင့် သုံးယောက်က ဤနေရာ၌ အမှန်တကယ် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။
*ဒါ … ဒါ တကယ်ပဲ ငါးစာအဖြစ် ချကျွေးထား တာလား*
*ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဝိညာဉ်ဖမ်း နတ်ဘုရားက ဘယ်လိုလုပ် သူ့သား ပိပြားသေပြီး ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရတာကို ကြည့်နေနိုင် မှာလဲ၊ ဒါပေမဲ့ သူ့ပုံစံက ဂရုမစိုက်သလိုပဲ*
လူတိုင်း ထိတ်လန့်အံ့အားသင့်နေကြသည်။ သို့သော် ဝိညာဉ်ဖမ်း နတ်ဘုရား ပြောလာသည့်စကားကြောင့် လူတိုင်း မှင်တက်အံ့ဩသွားလေသည်။
“နတ်ဆိုးဧကရာဇ် မတွေ့ရတာ ကြာပြီပဲ”
ထိုစကားသံ ပဲ့တင်ထပ်သွားချိန်တွင် ကောင်းကင်ယံ တစ်ခုလုံး တိတ်ဆိတ်သွားသည်။
*နတ်ဆိုးဧကရာဇ်တဲ့လား*
*ဒီစကြဝဠာကြီးတစ်ခုလုံးကို အံ့အားသင့်အောင် လုပ်ခဲ့ ပြီးတော့ မျိုးနွယ်စုအားလုံး ပူးပေါင်းပြီး နှိမ်နင်းခဲ့ရတဲ့ နတ်ဆိုး မျိုးနွယ်က ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ် ကလေ*
လောလောင်ရှင်းတို့အပါအဝင် ကောင်းကင် သိမ်းငှက် သခင်နှင့် အခြားသူများအားလုံး ယဲ့ဖန်ကို လှမ်းကြည့်ပြီး မျက်လုံးကျွတ်ကျမတတ် ဖြစ်သွား ကြသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*နတ်ဆိုးဧကရာဇ်က သေသွားပြီ မဟုတ်ဘူးလား*
*ဘယ်လိုလုပ် သူက ပြန်လည်မွေးဖွားလာနိုင်မှာလဲ*
ပြောရမည်ဆိုလျင် ယဲ့ဖန်၌ ဆံပင်အဖြူရောက် ရှိပြီး နတ်ဆိုးဧကရာဇ်တွင် နက်မှောင်သော ဆံပင်များ ရှိသည်။ ယဲ့ဖန်က နဖူး၌ အက်ရာရှိသော်လည်း နတ်ဆိုးဧကရာဇ်၏ နဖူးတွင်မူ မည်သည့် ဒဏ်ရာ ဒဏ်ချက်မှ မရှိပေ။
*ဒီလိုပုံစံနဲ့ လူနှစ်ယောက်က ဘယ်လိုလုပ် တစ်ယောက် တည်း ဖြစ်နိုင်မှာလဲ*
လောလောင်ရှင်း ခြောက်ခြားသွားပြီး မယုံသင်္ကာ မျက်နှာထားဖြင့် ဝိညာဉ်ဖမ်း နတ်ဘုရားကို အော်ပြော လိုက်သည်။
“အဖေ၊ အဖေ အထင်မှားနေတာလား။ ဒီလူက ဘယ်လိုလုပ် ကြောက်စရာကောင်းတဲ့ နတ်ဆိုး ဧကရာဇ် ဖြစ်နိုင်မှာလဲ၊ သူက ဒီအတိုင်း နတ်ဧကရာဇ် အဆင့်ပဲ ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲကို”
သူသည်သာမက ဘေးနားမှ လူများအားလုံး နတ်ဆိုး ဧကရာဇ်နှင့် ယဲ့ဖန်ကို ဆက်စပ်မမိကြချေ။ ဤလူ နှစ်ယောက်၏ အသွင်အပြင်နှင့် ခွန်အားက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားလှသဖြင့် ဘယ်လိုလုပ် လူတစ်ယောက်တည်း ဖြစ်နိုင် ပေမည်နည်း။
သူ့စကားကြောင့် ဝိညာဉ်ဖမ်း နတ်ဘုရား၏ မျက်နှာထားက ကြောက်လန့်သွေးပျက်ဟန် ဖြစ်ပေါ် လာသည်။
“ဘာမှမမှားနိုင်ဘူး၊ နတ်ဆိုးဧကရာဇ်ရဲ့ ခမ်းနား ထည်ဝါပုံကို ငါ့မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့ရတာ၊ ဘဝမှာ မမေ့နိုင်ဘဲ အဖြစ်အပျက်ပဲ”
ထိုစဉ်အချိန်အခါက အဖြစ်အပျက်ကို တွေးမိပြီး ဝိညာဉ်ဖမ်း နတ်ဘုရား ယခုထိ ကြက်သီးထဆဲပင်။
ထိုစဉ်အချိန်က နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။ မျိုးနွယ်သုံးခုမှ အဓိက နတ်ဘုရား ဆယ်ပါးက မရေတွက်နိုင်သော နတ်ဆိုးများကို သတ်ဖြတ်ခဲ့သည်။
သို့သော် ထိုအဖြစ်က နတ်ဆိုးဧကရာဇ်၏ ဒေါသကိုသာ ဆွမိသွားလေသည်။ ထိုစဉ်အချိန်က ဝိညာဉ်ဖမ်း နတ်ဘုရားသည် အဓိကနတ်ဘုရား ဆယ်ပါးထဲမှ ဝါးမျိုခြင်း နတ်ဘုရား၏ တပည့် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်လက်ထဲ၌ ဝါးမျိုခြင်း နတ်ဘုရားက ကြက်တစ်ကောင်ကဲ့သို့ ဖမ်းချုပ်ခံရပြီး တစ်စစီ ဆုတ်ဖြဲခံရကာ စိတ်ဝိညာဉ်ပါ ငရဲမီးဖြင့် လောင်ကျွမ်း ခံလိုက်ရသည်ကို သူ မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရသည်။
ဝါးမျိုခြင်း နတ်ဘုရား သေဆုံးချိန်အထိ ကြောက်လန့် တကြား အော်ဟစ်နေသံက ဝိညာဉ်ဖမ်း နတ်ဘုရား၏ နားထဲသို့ ယခုထိ ရိုက်ခတ်နေ ပုံရသည်။ ဤသည်က သူ့အား ကြောက်လန့် တုန်လှုပ်စေခဲ့သည်။
ဝိညာဉ်ဖမ်း နတ်ဘုရားတို့ သုံးယောက်ကို ကြည့်ပြီး ယဲ့ဖန်၏မျက်လုံးများက အလွန်တရာ ခက်ထန် လာသည်။
“ဝမ်အာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားတဲ့ ပုံရိပ်ကို ပို့လိုက်တာ မင်းလက်ချက်မလား”
*ပုံရိပ်လား*
အစောပိုင်းကာလ၌ ဖျောင်ကျင်းတောင် အိပ်နေ စဉ်တွင် သွေးမျိုးဆက် အပိုင်းအစကို ရရှိခဲ့ပြီး သူမှနေ၍ ယဲ့ဖန်ကို ပေးခဲ့သည်။ ထိုသွေးမျိုးဆက် အပိုင်းအစများကြား၌ ဝမ်အာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားသည့် မြင်ကွင်း ပုံရိပ်တစ်ခု ပါရှိနေ သည်။
ထိုစဉ်အချိန်ကတည်းက ဤသည်က အကွက်ချ ကြံစည်မှုဖြစ်ကြောင်း ယဲ့ဖန် သိနေခဲ့သည်။ အဓိက နတ်ဘုရားအဆင့်များသာ ပြုလုပ်နိုင်သည့် အစီအစဉ် တစ်ခုပင်။
“နတ်ဆိုးဧကရာဇ်ကတော့ နတ်ဆိုးဧကရာဇ်ပါပဲ၊ အမြင်နဲ့ စိတ်အာရုံက ထိတ်လန့်စရာ ကောင်း နေတုန်းပဲ”
ဝိညာဉ်ဖမ်း နတ်ဘုရားက သက်ပြင်းချ၍ ယဲ့ဖန်ကို ကြည့်ကာ ကြောက်ရွံ့စွာ ပြောလိုက်သည်။
“အရင်တုန်းက စိတ်ဝိညာဉ်သခင်က မျိုးနွယ်စုရဲ့ ဘေးအန္တရာယ် လျော့နည်းလာလိမ့်မယ်လို့ တွက်ချက် ခဲ့တယ်”
“မရေတွက်နိုင်အောင် တွက်ချက်ပြီးတဲ့နောက်ပိုင်း ဒီဘေးအန္တရာယ်က ဝမ်အာလို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်နဲ့ ပတ်သက်နေတယ်လို့ တွက်ချက် နိုင်ခဲ့တယ်၊ သူ့နားက တစ်စုံတစ်ယောက်ပဲ ဖြစ်ရ မယ်လို့ တွက်ချက်နိုင်ခဲ့တယ်”
“နောက်တော့ ငါတို့ ဖျောင်ကျိုးဝမ်ကို ရှာတွေ့ခဲ့တယ်”
ထိုစကားကြောင့် လောလောင်ရှင်း၊ အကေးရှား နတ်သမီးနှင့် သွေးမိကျောင်းဘိုးဘေးတို့ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။
ယခုအခါတွင်မှ သူတို့ နားလည်သွားကြသည်။ သူတို့နှင့် အခြားသူများ ဖျောင်ကျိုးဝမ်ကို သတ်သေ သည်အထိ ဖိအားမပေးခင်တွင် သူတို့သုံးယောက်လုံး အမိန့်ရခဲ့သည်။
ဝိညာဉ်ဖမ်း နတ်ဘုရား၏ ခွင့်ပြုချက်ဖြင့် လော လောင်ရှင်းက ဖျောင်ကျိုးဝမ်ကို သူ၏ဇနီးအဖြစ် သိမ်းပိုက် နိုင်သည်။
အကေးရှား နတ်သမီးသည်လည်း ပျော်ရွှင်ခြင်း နတ်ဘုရား၏ အမိန့်ဖြင့် ပျက်သုဉ်းခြင်း ခန္ဓာကိုယ်၏ မူလစွမ်းအင်ကို ရယူရန် ကြိုးစားခဲ့သည်။
ပျက်သုဉ်းခြင်း ခန္ဓာကိုယ်၏ အသားကို ရယူရန် အနက်ရောင် ကုန်းလိပ်သခင်ထံမှ သွေးမိကျောင်း ဘိုးဘေး အမိန့်ရခဲ့သည်။
ထို့ကြောင့်ပင် ဖျောင်ကျိုးဝမ်ကို သတ်သေသည်အထိ ဖိအားပေး သလို ဖြစ်သွားခဲ့သည်။ ယခုအခါတွင်မှ အရာ အားလုံးက စီစဉ်ထားသလို ဖြစ်နေသည်ကို သုံးယောက်လုံး နားလည်သွားကြသည်။ သူတို့သည် ဤကစားပွဲ၌ အသုံးချခံ နယ်ရုပ်သုံးခု ဖြစ်သလို ငါးစာသုံးခုဘဝအဖြစ်သို့ ရောက်နေခဲ့သည်။
“စိတ်ဝိညာဉ်သခင် တွက်ချက်တာ မှန်တယ်၊ ဒါက ငါတို့ မျိုးနွယ်သုံးခုရဲ့ ဘေးအန္တရာယ် ဖြစ်နေခဲ့တာပဲ၊ အဲ့ဘေးအန္တရာယ်က နတ်ဆိုးဧကရာဇ် ပြန်ပေါ် လာတာ ဖြစ်လိမ့်မယ်လို့တော့ ငါ ထင်မထားမိဘူး”
အစောပိုင်း၌ သူတို့သုံးယောက်သည် ယဲ့ဖန်က တိုက်ခိုက်၍ သတ်ဖြတ်ချင်ခဲ့သည်။ သို့သော် သူတို့က ယဲ့ဖန်ကို မှတ်မိသွားသဖြင့် လှုပ်ရှားရန် တွေဝေ သွားခဲ့ကြသည်။ ထို့ကြောင့် လက်ရှိ နတ်ဆိုးဧကရာဇ် မည်မျှ သန်မာသလဲဆိုသည်ကို လေ့လာရန် ဆုံးဖြတ်လိုက် ကြလေသည်။
“ကောင်းပြီလေ၊ ပုံပြင်လေးကတော့ ပြီးသွားပြီ၊ နတ်ဆိုးဧကရာဇ် ခင်ဗျား သေလိုက်တော့”
ဝိညာဉ်ဖမ်း နတ်ဘုရား၏ မျက်နှာပေါ်၌ ကြောက် စိတ်များ လွင့်ပြယ်သွားပြီး ရက်စက်၍ အထင်သေး ဟန်များက အစားထိုး ဝင်ရောက်လာသည်။
“နတ်ဆိုးဧကရာဇ်၊ ခင်ဗျား ကျုပ်တို့ကို တော်တော် လေး စိတ်ပျက်အောင် လုပ်လိုက်တာပဲ၊ ခင်ဗျားက နတ်ဧကရာဇ်အဆင့်လေးပဲ ရှိသလို ထိပ်တန်းရတနာ ဆယ့်နှစ်ခုပဲ ရှိတယ်”
“ခင်ဗျား ဘယ်လိုသေချင်သလဲ ပြောကြည့်လိုက်”
ထိုစကားအဆုံး၌ ဝိညာဉ်ဖမ်း နတ်ဘုရား၊ ပျော်ရွှင်ခြင်း နတ်ဘုရားနှင့် အနက်ရောင် ကုန်းလိပ် သခင်တို့က လှုပ်ရှားရန် ပြင်လာသည်။
သူတို့၏ ပြင်းထန်လှသော ဖိအားများက ယဲ့ဖန်ထံ ပျံ့လွင့်လာ၏။ သူတို့သည် ယဲ့ဖန်အား အချိန်မရွေး သုတ်သင်ပစ်တော့မည့်ပုံ ပေါ်နေသည်။ ထိုအချိ န်တွင် ယဲ့ဖန်နောက်မှ ခရီနာတစ်ယောက် ဇောချွေး ပြန် နေ၏။
*ဘယ်လိုလုပ်ကြမလဲ*
*ဘာလုပ်နိုင်မလဲ*
ခရီနာတစ်ယောက် စိုးရိမ်တုန်လှုပ်နေ၏။ နတ်ဘုရား သုံးပါးနှင့် ရင်ဆိုင်နေရသောကြောင့် သူမသည် တုန်လှုပ်ကာ ခြောက်ခြားနေသည်။
ချက်ချင်းဆိုသလိုပင် လူသတ်ချင်သော အငွေ့ အသက်များနှင့် ဖိအားများက ယဲ့ဖန်အပေါ် ကျရောက် လာသည်။ ပြန်လည်မွေးဖွားလာသော နတ်ဆိုး ဧကရာဇ်တစ်ယောက် အသတ်ခံရ တော့မည်ဟု အားလုံး ထင်မှတ်သွား ကြလေသည်။
Chapter 743 ငရဲတံခါးပွင့်နေပြီးတော့ ဝိညာဉ်တွေ ရောက်လာမှာကို စောင့်နေတယ်
“နတ်ဆိုးဧကရာဇ်တဲ့လား၊ ခရီနာ ဒီကောင်လေးကို တော်တော် စွဲလမ်းတဲ့ အကြည့်နဲ့ ကြည့်နေတာကို ငါ မအံ့ဩတော့ဘူး”
လက်ရှိအချိန်၌ လူအုပ်ထဲမှ ကောင်းကင်သိမ်းငှက် သခင်သည် မနာလို ဝန်တိုစိတ်များဖြင့် ပြည့်နှက်၍ နေ၏။ ယဲ့ဖန်၏ ပုံစံအစစ်အမှန်ကြောင့် သူ အံ့အား သင့် သွားရသည်။
သို့သော် ယခုအခါတွင် သူသည် နတ်ဘုရားသုံးပါးကို ကြည့်ပြီး ကျေနပ်အားရဟန်ဖြင့် လှောင်ရယ် လေသည်။
“နတ်ဆိုးဧကရာဇ် ဖြစ်တော့ရော ဘာဖြစ်လဲ၊ ပြန်လည် မွေးဖွားလာတဲ့ ပုရွက်ဆိတ်လို ကောင် တစ်ကောင်ပဲကို၊ အဲ့ထက် မပိုပါဘူး”
“ခရီနာ မင်း စောင့်နေလိုက်၊ နတ်ဘုရားသုံးပါးက ဒီနတ်ဆိုးဧကရာဇ်ကို သတ်လိုက်တာနဲ့ ငါ ဘယ် လောက် သန်မာလဲဆိုတာ မင်း သိစေရမယ်၊ မင်းကို တစ်သက်လုံး အသက်ရှင်လျက်ထားပြီး မင်း လက်အောက် ငယ်သားတွေ အညံ့ခံတာကို ကြည့်ခိုင်းမယ်”
ထိုသို့တွေးပြီးနောက် ကောင်းကင် သိမ်းငှက် သခင်သည် ယဲ့ဖန်၏ ဆိုးရွားသော အဆုံးသတ်ကို မြင်ယောင်လာပြီး ခရီနာ၏ ထိတ်လန့်နေသော အမူအရာကိုကြည့်ကာ သရော်ပြုံး ပြုံးလိုက်သည်။
သူသည်သာမက ပျော်ရွှင်ခြင်း နတ်ဘုရားသည် လည်း ယဲ့ဖန်ကိုကြည့်၍ ပျော်ရွှင်ဟန်ဖြင့် ပြုံးရယ် လေသည်။
“ကျစ်ကျစ်၊ နတ်ဆိုးဧကရာဇ် ငါတို့သုံးယောက်ကို ထိပ်တန်း ရတနာ ဆယ့်နှစ်ခုနဲ့ ခုခံနိုင်မယ်လို့ မင်း ထင်နေတာလား”
“မင်း တုံးအလွန်းတယ်လို့ ငါ တွေးမိတယ်”
ပျော်ရွှင်ခြင်း နတ်ဘုရားသည် ထိုသို့ပြောပြီး လက်သီးကို ဆုပ်ကာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီရဲလာသည်။
“တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်၊ အသက် ရှင် နေတဲ့ နတ်ဆိုးဧကရာဇ်ကို သတ်ရမှာက ဒီလောက် ပျော်စရာကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
နတ်ဘုရားသုံးပါး၏ မျက်နှာထားများက သွေးဆာ၍ ရူးသွပ်မတတ်ပုံ ပေါ်နေသည်ကို အားလုံး တွေ့မြင် နေရသည်။ မုဆိုးသုံးယောက်က အကောင်းဆုံး သားကောင်ကို ဝမ်းသာအားရ ကြည့်နေဟန်နှင့် ဆင်တူလှပေသည်။
“သတ်လိုက်ပါ၊ အဖေ အဲ့ဒီ ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ကို သတ်ပြီး သူ့ခန္ဓာကိုယ်ကို သုတ်သင်ပြီး စိတ်ဝိညာဉ်ကို ကျွန်တော့်ကို ပေးပါ”
လောလောင်ရှင်းက ရူးမတတ်ပုံစံနှင့် ဝိညာဉ်ဖမ်း နတ်ဘုရားကို အော်ပြောလေသည်။
“ကျွန်တော် အဲ့ကောင်ကို အသက်ရှင်နေတာထက် သေသွားတာက ပိုကောင်းမယ်လို့ ခံစားမိအောင် လုပ်ချင်တယ်၊ သူ လုပ်ခဲ့တာတွေအတွက် ဝဋ်ပြန် လည်အောင် လုပ်ချင်တယ်”
တစ်ဖက်တွင်လည်း အကေးရှား နတ်သမီးနှင့် သွေးမိကျောင်း ဘိုးဘေးတို့က ဝမ်းသာအားရ စိတ်များဖြင့် အော်ပြောလေသည်။
“ခစ်ခစ် … ကောင်လေး၊ အခုရော ဘယ်လိုလဲ၊ နင် အရင်က ရူးမတတ် ဖြစ်နေတာ မဟုတ်ဘူးလား၊ အခုရော အရင်လို မာနကြီးနေတုန်းပဲလား”
“ထိပ်တန်း ရတနာ ဆယ့်နှစ်ခု ရှိနေတော့ရော ဘာအရေးလဲ၊ မင်း သေရမှာပါပဲ”
“ဟုတ်တယ်၊ မင်းမှာ ထိပ်တန်းရတနာ အခု နှစ်ဆယ်ကျော် ရှိရင်တော့ မင်း နိုင်နိုင်ဦးမယ်၊ မင်းမှာ ဆယ့်နှစ်ခုပဲ ရှိတာကတော့ စိတ်မကောင်း စရာပဲ”
လက်ရှိအချိန်၌ ယဲ့ဖန်ကို လှောင်ပြောင်ဟားတိုက်သံ၊ ဝမ်းသာအားရနှင့် ခနဲ့သံများဖြင့် ပြည့်နှက်နေ၏။ လူတိုင်း၏အမြင်တွင် နတ်ဆိုးဧကရာဇ် ဖြစ်သော ယဲ့ဖန်သည် ဟာသတစ်ခုသာ ဖြစ်ပြီး အသတ်ခံရပြီး ဖျက်ဆီးသုတ်သင်ခံရမည့်ကံပါလာသည်ဟု ထင်မှတ်နေကြ၏။
ယဲ့ဖန်၏မျက်လုံးများက အေးစက်မြဲ အေးစက် ဆဲပင်။ သူ၏မျက်နှာပေါ်၌ ကြောက်လန့်မှုနှင့် စိုးရိမ်မှုတို့မှ မရှိချေ။ သူက လူတိုင်းအား ပုရွက်ဆိတ် များကို ကြည့်သကဲ့သို့သာ ကြည့်နေ လေသည်။
“ဘာလဲ၊ ဒါတွေက နည်းလွန်းလို့လား”
ယဲ့ဖန်က ထိုသို့ပြောပြီး နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်သည်။
“ကောင်းပြီလေ၊ ဒီလိုဆိုရင်လည်း မင်းတို့ကို ငါ ထပ်ပေးရသေးတာပေါ့”
*ဘာ*
လူအုပ်ကြီးက ယဲ့ဖန်၏ ဆိုလိုရင်းကို နားမလည် ကြပေ။ ထိုစဉ် ယဲ့ဖန်က အင်္ကျီလက်ကို မြှောက်၍ အသာလှုပ်ခါ လိုက်သည်ကို အားလုံး တွေ့လိုက် ရသည်။
ရွှစ်! ရွှစ်! ရွှစ်!
လက်နက်များ ထပ်မံ၍ ပေါ်ထွက်လာပြန်သည်။ ထိုလက်နက်များကို မြင်ပြီး ဟားတိုက် ရယ်မောသံများ တိခနဲ ရပ်တန့်သွားကာ အားလုံး၏ လှောင်ပြုံးများ အေးခဲ၍ မျက်လုံး ပြူးကျယ် လာကြသည်။
လူတိုင်းသည် လည်မျိုအညှစ်ခံထားရသည့် ဘဲတစ် ကောင်ကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်နေပြီး ထိုပုံစံက ရယ်ချင်စရာ ကောင်းလှ၏။
*လက်နက်တွေက နှစ်ဆယ့်လေးခုတောင်ပါလား*
*ယင်ယန် ထိပ်တန်းရတနာတွေ*
မျက်စိရှေ့မှ ထိတ်လန့်ဖွယ်မြင်ကွင်းကြောင့် လူတိုင်း သတိလစ်မတတ် ဖြစ်နေကြသည်။ ဤစကြဝဠာ၌ ထိပ်တန်း ရတနာတစ်ခုကပင် အတော်လေး ရှားပါး နေပြီ ဖြစ်သည်။ ထူးဆန်းသော ရှေးဟောင်း မျိုးနွယ်စုများသာ ထိုရတနာကို ပိုင်ဆိုင်နိုင်သည်။
ထို့အတူ ထိပ်တန်း ရတနာဆယ်ခုကိုပင် နတ်သခင် အစစ် တစ်ယောက် မထုတ်နိုင်ချေ။ ရတနာ နှစ်ဆယ့်လေးခု ဆိုပါက လောကသခင်သုံးပါးသာ တတ်နိုင်လောက်သည်။ သို့မဟုတ် သူတို့၌ ထို့ထက် နည်းသည့် ပမာဏသာ ရှိလောက်ပေသည်။
လူတိုင်း၏ နဖူးမှ ဇောချွေးများ စီးကျလာသည်။ ကောင်းကင်ယံရှိ နတ်ဘုရားသုံးပါးသည်လည်း တုန်လှုပ်နေ၏။
*ထောင်ချောက်ပဲ*
ယခင်က ယဲ့ဖန်တစ်ယောက် သူ၏ခွန်အား အကုန် ထုတ်မပြဘဲ တစ်ဝက်မျှသာ ထုတ်ဖော် ခဲ့သည်ကို သူတို့ သုံးယောက် နားလည် သွားကြသည်။ သူတို့သုံးယောက် ပေါ်လာသည်ကို စောင့်နေခြင်းပင်။
“ချီးပဲ သွားကြမယ်ဟေ့”
ဝိညာဉ်ဖမ်း နတ်ဘုရားသည် သားဖြစ်သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကိုပင် ဂရုမစိုက်ဘဲ ထွက်ပြေး ရန် ပြင်လေသည်။ ပျော်ရွှင်ခြင်း နတ်ဘုရား သည်လည်း ကြောက်လန့်နေသော ယုန်တစ် ကောင်ကဲ့သို့ လှစ်ခနဲ ထွက်ပြေးလေ၏။ အနက်ရောင် ကုန်းလိပ်သခင်သည်လည်း တုန်တုန် ယင်ယင်နှင့် ထွက်ပြေးလေသည်။
သို့သော်လည်း နောက်ကျသွားချေပြီ။ ယဲ့ဖန်၏ မျက်လုံး များက ပို၍အေးစက်လာ၏။
“ငရဲတံခါးက ပွင့်နေပြီးတော့ ဝိညာဉ်တွေ လာမှာကို စောင့်နေပြီလေ”
“မင်းတို့က ဘယ်သွားမလို့လဲ”
ယဲ့ဖန်၏ စကားအဆုံး၌ နတ်ဘုရားသုံးပါးလုံး မရဏ အငွေ့အသက်များ လွှမ်းခြုံလာသည်ကို ခံစားမိ လာသည်။
သူတို့ နောက်လှည့်ကြည့်လိုက်မိပြီးနောက် သွေး ပျက် သွားကြသည်။ ယင်ယန် ထိပ်တန်းရတနာ နှစ်ဆယ့်လေးခုက ကောင်းကင်ယံကို ဖုံးအုပ် နေသည်။ လေဟာနယ်များ အက်ကွဲ၍ လေပြင်းထန် လာသည်။
ယင်ယန် ထိပ်တန်းရတနာ ရှစ်ခုက ပေါင်းစပ်သွားပြီး ဘောလုံးအသွင်ပြောင်းကာ နတ်ဘုရားတစ်ပါးကို အရှိန်ဖြင့် ဝင်တိုက်လေသည်။
“အား”
ဝိညာဉ်ဖမ်း နတ်ဘုရား ငယ်သံပါအောင် အော်လိုက် မိသည်။ သူတို့သုံးယောက်၏ အရှိန်က ယင်ယန် ထိပ်တန်းရတနာများကို မယှဉ်နိုင်သည်ကို သိလိုက် ရသဖြင့် ပြန်တိုက်ခိုက်ရန်သာ တတ်နိုင်ပေ တော့သည်။
တိုက်ခိုက်လျင် အသက်ရှင်လောက်သည်။ ထွက်ပြေး ပါက အသက် သေနိုင်ပေသည်။
လက်ရှိအချိန်၌ သုံးယောက်သား အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် မတ်တပ်ရပ်၍ ထိပ်တန်း ရတနာများကို ပြန်လည်၍ တိုက်ခိုက်လေသည်။
လက်ရှိအချိန်၌ ကောင်းကင်ယံသည် မိုးပြိုမတတ် ဖြစ်နေ၏။ တိုက်ပွဲဖြစ်ရာထံမှ ထိတ်လန့်ဖွယ် အဖြစ် များကို မြင်တွေ့နေရသည်။ သိုင်းပညာ ရှင်တိုင်း ထိတ်လန့်၍ သတိလစ်မတတ် ဖြစ်နေ သည်။
ကောင်းကင်ယံ၌ ကမ္ဘာပျက်မတတ် တိုက်ပွဲ ဖြစ်ပွားနေ၏။ သို့သော် ယင်ယန် ထိပ်တန်းရတနာ နှစ်ဆယ့်လေးခုသည် အလွန် အင်အားကြီး လွန်းလှသည်။ နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက် မဆိုထားနှင့် နတ်သခင်အဆင့် တောင်မှ ခုခံရန် ခက်ခဲလှပေသည်။
အားလုံး ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် အနက်ရောင်ကုန်းလိပ်သခင်၏ အခွံက အက်ကွဲသွား သည်။ အနက်ရောင် ကုန်းလိပ်သခင်၏ အခွံ၌ အက်ရာ များက ပင့်ကူမျှင်ကဲ့သို့ များပြားလှသည်။ သူ့ထံမှ ရဲရဲနီသော သွေးစက်များ ဆက်တိုက် စီးကျ လာသည်။
ဝှစ်!
ဓားရောင် လှစ်ခနဲ ဖြတ်ပြေးသွားပြီးနောက် ပျော်ရွှင် ခြင်း နတ်ဘုရား၏ ခြေထောက်တစ်ဖက် ပြတ်ထွက် သွားကာ သွေးများ ပန်းထွက် လာလေသည်။
အဖြစ်အဆိုးဆုံးကား ဝိညာဉ်ဖမ်း နတ်ဘုရားပင်။ သူသည် အစွမ်းအထက်ဆုံး ထိပ်တန်းရတနာ ဖြစ်သည့် ရှေးဟောင်း စည်းတံဆိပ်နှင့် ရင်ဆိုင်နေ ရသည်။
ရှေးဟောင်း စည်းတံဆိပ် ကျရောက်လာချိန်တွင် ဝိညာဉ်ဖမ်း နတ်ဘုရား၏ လက်ထဲမှ ဓားရှည်သည် ချက်ချင်း တစ်စစီ ကွဲအက်သွားသည်။
ထိုအခါ သူက လက်သီးဖြင့် ခုခံရန် ပြင်လိုက်သည်။ ထိုစဉ် ရှေးဟောင်း သံခက်ရင်းက သူ့ကိုယ်ထဲသို့ ထိုးစိုက်လာ၏။ နောက်ကျောမှနေ၍ ရှေးဟောင်း ပုဆိန်က လာစိုက်သည်။ ထို့နောက် ရှေးဟောင်း စည်းတံဆိပ်က အရှိန်ဖြင့် သူ့ပေါ် ပြုတ်ကျလာသည်။ သူ့လက်မောင်းများ ကျိုးကြေသွားပြီးနောက် ခါးရိုးပါ ကျိုးကာ ခြေထောက်များ ကြေမွသွားသည်။
“အား….”
ဝိညာဉ်ဖမ်း နတ်ဘုရားထံမှ အော်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။ သူ၏အော်သံက အလွန် စူးဝါးလှသဖြင့် အားလုံး အေးခဲမတတ် တုန်လှုပ် သွားသည်။
ရှေးဟောင်းစည်းတံဆိပ်အောက်မှနေ၍ သွေးများ စီးကျလာပြီး ဝိညာဉ်ဖမ်း နတ်ဘုရားသည် အသားပြား ဘဝသို့ ပြောင်းလဲသွားလေသည်။
ဤသည်မှာ အစသာ ရှိသေးသည်။ ယင်ယန် ထိပ်တန်း ရတနာများ၏ ဆက်တိုက် တိုက်ခိုက်မှု အောက်၌ အနက်ရောင် ကုန်းလိပ်သခင်၏ လိပ်အခွံတစ်ခုလုံး ကျိုးပဲ့သွားသည်။ ထို့နောက် အနက်ရောင် ကုန်းလိပ်သခင်၏ မကောင်းဆိုးဝါး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ယင်ယန်ထိပ်တန်း ရတနာ နှစ်ဆယ့် လေးခု လုံးက ပျော်ရွှင်ခြင်း နတ်ဘုရားထံသို့ တစ်ခုပြီးတစ်ခု ကျရောက်သွားလေသည်။ ပျော်ရွှင် ခြင်း နတ်ဘုရား၏ သွေးစက်များက ကောင်းကင်ယံမှ စီးကျလာသည်။
ထို့နောက်တွင်မူ သွေးများ ပေကျံနေသော ယင်ယန် ထိပ်တန်းရတနာများက ယဲ့ဖန်၏ အင်္ကျီလက်စထဲသို့ ပြန်ဝင်သွားကြသည်။ ကောင်းကင်ယံ တစ်ခုလုံး သည်လည်း တိတ်ဆိတ် ငြိမ်သက်သွားလေ၏။
Chapter 744 မင်းအသက်ကို ထားခဲ့ဖို့အချိန်ကျပြီ
*သေသွားပြီလား*
*အားလုံး သေသွားပြီပဲ*
ဘေးပတ်လည်ရှိ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ သိုင်းပညာရှင် များအားလုံး မှင်တက်နေကြသည်။ အစပိုင်း၌ ဂြိုဟ်နယ်မြေ အရှင်သခင် သုံးယောက် နိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့သော်လည်း ထိုသုံး ယောက်လုံး ခန္ဓာကိုယ်များ သုတ်သင် ဖျက်ဆီးခံ လိုက်ရသည်။
ယခု နတ်ဘုရားသုံးပါးက နိုင်လိမ့်မည်ဟု သူတို့ ထင်လိုက်မိသော်လည်း ထွက်ပေါ်လာသည့် ရလဒ်က သူတို့ကို ထိတ်လန့်သွားစေသည်။
လေနှင့်အတူ မျောလွင့်နေသော နတ်ဘုရားသုံးပါး၏ သွေးစက်များကို ကြည့်ပြီး လူတိုင်း အိပ်မက်မက် နေသည်ဟု ခံစားမိသွားသည်။
*သူတို့တွေက နတ်သခင် တစ်ပိုင်းအဆင့်တွေလေ*
*မျိုးနွယ်စုသုံးခုကြားထဲမှ အဆင့်မြင့်တဲ့လူတွေပဲကို*
*နတ်သခင် တစ်ပိုင်းအဆင့် တစ်ယောက်ချင်းစီက မျိုးနွယ် သုံးခုလုံးကို မထင်မှတ်ထားလောက်တဲ့ ပျက်စီးမှုမျိုး ဖြစ်စေနိုင်တာကို အခုတော့ သုံးယောက်လုံး သေသွားပါလား*
*ထိတ်လန့်စရာ ကောင်းလိုက်တာ*
“မဟုတ်ဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းမှာ ဘယ်လိုလုပ် ထိပ်တန်း ရတနာ နှစ်ဆယ့်လေးခု တောင် ရှိနေတာလဲ”
လောလောင်ရှင်းနှင့် အခြားသူများ ရူးမတတ် ဖြစ်နေ၏။ သူတို့သည် ယဲ့ဖန်အား ထိတ်လန့်နေသော မျက်နှာများဖြင့် ကြည့်နေကြသည်။ နတ်ဆိုး ဧကရာဇ်က ပြန်လည်မွေးဖွားလာသည်မှာ မကြာ သေး သော်လည်း လောကသခင် သုံးပါးလုံး နှစ်ပေါင်းများစွာ စုဆောင်းလာသည့် ထိပ်တန်း ရတနာ အရေအတွက်မျိုး ရှိနေ၏။ ဤသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။
တစ်ဖက်တွင်လည်း ကောင်းကင်သိမ်းငှက်သခင် တုန်လှုပ် နေ၏။ သူတို့ ကြောက်လန့်ရသည့် နတ်သခင် အဆင့်များက ယဲ့ဖန် လက်ထဲ၌ သေဆုံးသွား ရလိမ့်မည်ဟု သူ ထင်မထားမိချေ။
လက်ရှိအချိန်၌ ကောင်းကင်သိမ်းငှက်သခင်၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောပြွန်းနေသည်။ သူသည် ဇောချွေးများ ပြန်၍ လိပ်ပြာလွင့်မတတ် ဖြစ်နေ လေသည်။
“ကံကောင်းတယ်၊ ငါ အရင်က စမလှုပ်ရှားမိတာ ကံကောင်းသွားတယ်၊ ငါ လူလုံးထွက် မပြမိလိုက်လို့ပဲ”
ယဲ့ဖန် သူ့ကို မသိဟု တွေးမိပြီး ကောင်းကင် သိမ်းငှက်သခင် စိတ်သက်သာရာရကာ ပြန်၍ တည်ငြိမ်လာသည်။ ထို့နောက် အခြားသော သိုင်းပညာရှင်များကဲ့သို့ ဆက်၍ စောင့်ကြည့် နေလိုက်သည်။
ယခုအချိန် ထွက်သွားပါက ယဲ့ဖန်၏ အာရုံကို ဆွဲဆောင်မိ လိုက်သလို ဖြစ်သွားမည်ကို သူ လန့်နေ သည်။ ထိုသို့ ဖြစ်သွားပါလျင် သူ သေချာ ပေါက် သေသွား လောက်သည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် နတ်သခင်အဆင့် သုံးယောက်၏ သွေးအိုင်ထဲမှ တစ်စုံတစ်ရာကို ဆွဲဖြဲလိုက်သည်။ ထိုအခါ သုံးယောက်လုံး၏ စိတ်ဝိညာဉ်များ ဆုတ်ပြဲကာ ဒဏ်ရာရသွားကြသည်။
“အား….”
စိတ်ဝိညာဉ် ဆုတ်ဖြဲခြင်းက နတ်သခင် တစ်ပိုင်း အဆင့်များပင် တောင့်ခံရန် ခက်ခဲလွန်းလှသဖြင့် ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ်လာ၏။
“အရှင် နတ်ဆိုးဧကရာဇ် အသက်ချမ်းသာပေးပါ၊ ဒီငယ်သား အကွက်ချပြီး မကြံစည်ခဲ့သင့်ပါဘူး၊ ဒီငယ်သား နတ်ဆိုးဧကရာဇ်ကို သတ်ဖို့ မကြိုးစားခဲ့ သင့်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ် ပေးပါ၊ ကျွန်တော် နတ်ဆိုးအဖြစ် ခံယူပြီး တစ်သက်လုံး အရှင့်ကို ခစားပါ့မယ်”
ဝိညာဉ်ဖမ်း နတ်ဘုရားက အကြောက်လန့်ဆုံး ဖြစ်နေသည်။ ယဲ့ဖန်တစ်ယောက် ဝါးမျိုခြင်း နတ်ဘုရား၏ စိတ်ဝိညာဉ်ကို ဆုတ်ဖြဲ၍ သန့်စင်ခဲ့ သည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ခဲ့သည် မဟုတ်ပါတကား။ ဝါးမျိုခြင်း နတ်ဘုရား၏ အော်သံများက သူ့ကို ယခုထိ တုန်လှုပ်စေခဲ့သည်။
သူသည်သာမကပေ။ ထာဝရ သေဆုံးရမည့်အဖြစ်နှင့် ရင်ဆိုင်နေရသောကြောင့် ကျန်နတ်ဘုရား နှစ်ပါး သည်လည်း ထိုနည်းတူစွာ ကြောက်လန့် နေသည်။
“အရှင် နတ်ဆိုးဧကရာဇ်၊ ကျွန်တော် ဝမ်းမြောက် ဝမ်းသာ အညံ့ခံပါ့မယ်၊ ကျေးဇူးပြုပြီး အသက် ချမ်းသာပေးပါ”
“ကျွန်တော် အနက်ရောင် ကုန်းလိပ်လည်း အတူတူ ပါပဲ၊ နတ်ဆိုးဧကရာဇ်က အခွင့်အရေး တစ်ခါ လောက် ပေးသရွေ့ ကျွန်တော် တစ်သက်လုံး အမှုထမ်းပါ့မယ်လို့ ကျိန်ဆိုပါတယ်”
လက်ရှိအချိန်၌ နတ်ဘုရားသုံးပါးလုံး ယဲ့ဖန်ကို အလွန် ကြောက်လန့်နေ၏။ သူတို့ မသေချင်ကြပေ။ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော လူအိုကြီး ဖြစ်သည့်အားလျော်စွာ သူတို့သည် သေရမည်ထက် ပို၍အသက်ရှင်ချင်ကြသည်။
ထိုအခါ ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်နေကြသည်။ နတ်ဘုရားသုံးပါးက အသက် ချမ်းသာ ပေးရန် တောင်းပန်နေ ကြသည်တဲ့လား။ သူတို့၏ ဖိနှိပ်နိုင်စွမ်းနှင့် အစွမ်းထက်ပုံများကို သူတို့ ယခုထိ မှတ်မိနေပါသေးသည်။
သို့သော် ယခုအခါ၌ သူတို့သုံးယောက်လုံးက လမ်းဘေးခွေးများကဲ့သို့ တောင်းပန်ခယ နေကြသည်။ အထူးသဖြင့် လောလောင်ရှင်းနှင့် အခြားသူများပင်။ သူတို့၏ မှတ်ဉာဏ်ထဲတွင် သူတို့၏ ဖခင်ဖြစ်သူ၊ ဆရာဖြစ်သူနှင့် သခင်ဖြစ်သူ တို့သည် အလွန် ကြောက်စရာ ကောင်းသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ ဘယ်နေရာသွားသွား အခြွေအရံများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော် ယခုအခါတွင် ထိုသို့သော ပုဂ္ဂိုလ်များက ယဲ့ဖန်အပေါ် ဝပ်တွားခယနေကြသည်။ ဤသည်က သူတို့ကို မယုံသင်္ကာ ဖြစ်သွားစေသည်။
“အညံ့ခံမယ်တဲ့လား၊ သနားညှာတာဖို့ တောင်းပန်နေ တယ်လား”
ယဲ့ဖန်က ခက်ထန်စွာ ပြုံးနေသည်။ သူသည် ဝမ်အာ၏ လက်ကျန် စိတ်ဝိညာဉ် အလင်းတန်းကို လက်ညှိုးထိုး၍ လေသံမာမာဖြင့် ပြောလေသည်။
“မင်းတို့ ဝမ်အာကို သတ်ဖို့ အကွက်ချတုန်းက အခုလို ဖြစ်လာမယ်လို့ တွေးခဲ့ဖူးလား”
“မင်းတို့ ဝမ်အာကို ငါးစာအဖြစ် အသုံးချပြီး ငါ ရောက်လာအောင် လုပ်ခဲ့တုန်းက ဒီလို ဖြစ်လာမယ် လို့ရော တွေးခဲ့ဖူးလား”
“မင်းတို့က သေချင်နေမှတော့ ငါ မင်းတို့ကို သေခွင့် ပေးရတာပေါ့”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်ကိုလှုပ်ခါလိုက်သည်။ ထိုအခါ ငရဲမီးများ ထွက်ပေါ်လာပြီး နတ်ဘုရား သုံးပါးလုံး၏ စိတ်ဝိညာဉ်များနှင့် လောလောင်ရှင်း တို့၏ စိတ်ဝိညာဉ်များကို မီးမြှိုက်လေတော့သည်။
“အား…”
အလန့်တကြား အော်ဟစ်သံများက ကောင်းကင် တစ်ခွင်သို့ ပျံ့နှံ့လာသည်။ သူတို့အားလုံး၏ စိတ်ဝိညာဉ်များ ငရဲမီးဖြင့် လောင်မြှိုက်ခံရ သောကြောင့် မီးခိုးများ အူထွက်လာသည်။
ဤသူများအားလုံးသည် မည်သည့်နေရာ၌မဆို တုန်လှုပ်အောင် လုပ်နိုင်စွမ်း ရှိသော်လည်း ယခုအခါတွင် အမှိုက်များကဲ့သို့ မီးရှို့ခံရပြီး သုတ်သင်ခံ နေရသည်။
ဤအဖြစ်က ဘေးနားမှ သိုင်းပညာရှင်များ အားလုံးကို ထိတ်လန့်သွားစေသည်။ သူတို့ ကြည့်နေ စဉ်မှာပင် စိတ်ဝိညာဉ်တစ်ခုပြီးတစ်ခု လောင်ကျွမ်း ကာ ထာဝရ ပျောက်ကွယ်သွားလေသည်။ ဤသည်က လူတိုင်းကို ကြက်သီး ထသွားစေသည်။
ထို့နောက် နတ်ဘုရားသုံးပါး၏ အော်သံများ တိခနဲ ရပ်တန့်သွားကာ သူတို့၏ စိတ်ဝိညာဉ်များ ပြာဖြစ်သွားပြီး ပျောက်ကွယ်သွားလေသည်။
“သေသွားပြီ၊ အရှင်သခင်သုံးယောက်လည်း သေသွား ပြီ၊ နတ်ဘုရားသုံးပါးလည်း သေသွားပြီ”
ကောင်းကင်သိမ်းငှက်သခင်သည် အားအင် အကုန်လုံး ခမ်းခြောက်သွားပုံရပြီး တစ်ကိုယ်လုံး အားမရှိသလို လဲကျသွားသည်။
မျောလွင့်နေသော ပြာမှုန်များကိုကြည့်ပြီး အဖြစ်မှန် ကို လက်ခံရခက်နေ၏။ သူသည်သာမက သူ့နောက် မှ ဖူရူကာဝါနှင့် အခြားသူများလည်း ကျင်ငယ် ရည်များ စီးကျနေသည်။ သူတို့၏ ခြေထောက်များ တုန်ခါနေပြီး လူတိုင်းက ယဲ့ဖန်အား မိစ္ဆာတစ် ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
ထိုမျှနှင့် မပြီးသေးဘဲ ယဲ့ဖန်က လေထဲသို့ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ နတ်ဘုရား အမြုတေများ၊ အင်မော်တယ် အမြုတေ များနှင့် မကောင်းဆိုးဝါး အမြုတေများက သူ့ထံသို့ ပျံသန်း ရောက်ရှိလာသည်။
အမြုတေများ ထောင်နှင့်ချီ၍ ရှိနေပြီး ထိုထဲတွင် နတ်ဘုရားသုံးပါး၏ အမြုတေများ ပါရှိနေ၏။ ယဲ့ဖန်က နတ်ဘုရားတစ်ပါး၏ အမြုတေကို ပါးစပ်ထဲ ကောက်ထည့်ကာ ဝါးစားလေသည်။ တဂျွတ်ဂျွတ် အသံက လူတိုင်းကို တုန်ယင် သွားစေသည်။
ယဲ့ဖန်က အမြုတေကို ဝါးစားရင်းနှင့် လူအုပ်ထဲသို့ စိုက်ကြည့်ကာ ပြုံးလိုက်သည်။
“ကြည့်လို့ဝပြီလား”
ထိုစကားလုံးက ကြည့်နေသည့် သိုင်းပညာရှင်များ အားလုံးကို မိစ္ဆာတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံနေရသကဲ့သို့ ခံစားသွားရစေပြီး ကြက်သီး တဖြန်းဖြန်း ထသွားစေသည်။
ကြည့်နေသည့် သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ခြေထောက်များ ခွေယိုင်၍ ဒူးထောက် လျက်သားနှင့် ယဲ့ဖန်အား ဦးညွှတ် အရိုအသေပေး၍ တောင်းပန်လာလေသည်။ ကောင်းကင်သိမ်းငှက် သခင်နှင့် အခြားသူများလည်း ခေါင်းနပမ်းကြီး နေကြသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ပါဘူး၊ ငါ အစကနေ အဆုံးအထိ လူလုံးမှ ထွက်မပြတာ၊ သူ … သူ ငါ့ကို ရှာမတွေ့နိုင်ပါဘူး”
ကောင်းကင်သိမ်းငှက်သခင်က ခေါင်းကို ငုံ့သထက် ငုံ့ထားသည်။ သူ့နဖူးမှ ပဲကြီးစေ့အရွယ် ချွေးများ စီးကျ လာသည်။ ရင်ဘတ်ထဲမှ နှလုံးသည်လည်း အပြင်သို့ ခုန်ထွက်လာလေမလားဟု ထင်မှတ်မှား ရသည်။
ထိုစဉ် ယဲ့ဖန်၏ အေးတိအေးစက် အသံက ထွက်ပေါ် လာပြန်သည်။
“မင်း လက်စားချေချင်တာ မဟုတ်ဘူးလား”
“သေသွားတာ မင်း တပည့်မဟုတ်လား”
“မင်းအသက်ကို ထားခဲ့ဖို့ အချိန်တန်ပြီ”
ထိုစကားသုံးခွန်းက ကောင်းကင်သိမ်းငှက်သခင်အား လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေသည်။ ကောင်းကင် သိမ်းငှက်သခင်၊ ဖူရူကာဝါနှင့် အခြားသူ များသည် တွေဝေမနေဘဲ ကြောက်လန့် နေသော ယုန်များကဲ့သို့ ထရပ်ကာ ခပ်ဝေးဝေးသို့ လှမ်းကြည့် ၍ ထွက်ပြေးကြလေသည်။
“မြန်မြန်၊ မြန်မြန်၊ မြန်မြန်ပေး”
လက်ရှိအချိန်၌ သူတို့သည် မိဘနှစ်ပါးက သူတို့ကို ခြေထောက်နှစ်ဖက်သာ ပေးခဲ့သည့်အပေါ် စိတ်နာ နေ မိသည်။ သူတို့၏ မျက်နှာထားများက ကြောက် လန့်နေသော လမ်းဘေးခွေး၏ အမူ အရာနှင့် ဆင်တူလှသည်။
ထိုစဉ် သူတို့ထံသို့ သေခြင်းတရား ကျရောက်လာ၏။ များစွာသော ငရဲမီးတောက်များက ကောင်းကင် ထက်မှ ကျဆင်းလာပြီး ကောင်းကင် သိမ်းငှက် သခင်နှင့် အခြားသူများကို ဝါးမျိုသွား လေတော့ သည်။