← Chapters

အခန်း (၇၄၅-၇၄၇)

Vol. 50 Ch. 745-747

အခန်း (၇၄၅-၇၄၇)

Vol. 50 Ch. 745-747

Chapter 745 နတ်ဧကရာဇ် အထွတ် အထိပ်အဆင့်

သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ၏ ကောင်းကင်ယံ ထက်တွင် ပြာမှုန်များ ပျံ့လွင့်နေ၏။ သွေးစက်များ၊ အရိုးစများ၊ အလောင်းပြာများနှင့် လူတိုင်းကို ခေါင်းမွေးထောင် သွားစေသည့် စကားသံများက ကောင်းကင်ယံ၏ တေးသွားတစ်ပုဒ် သဖွယ် ဖြစ်နေလေသည်။

ကြည့်နေသည့် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ သိုင်းပညာရှင်များ အားလုံး တုန်လှုပ်နေကြသည်။ ဂြိုဟ်နယ်မြေ အရှင်သခင် သုံးယောက်နှင့် နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်သာမက မရေတွက် နိုင်သော သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ သိုင်းပညာရှင် များစွာတို့ သေသွားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

“သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတော့ ပြောင်းလဲ တော့မှာပဲ၊ ဒါပေမဲ့ အရှင်သခင် သုံးယောက်ကို သတ်သွားတဲ့လူကို ငါ ဘာလို့ မမှတ်မိရတော့တာလဲ”

“ငါ … ငါရောပဲ၊ အဲ့နာမည်က ငါ့မှတ်ဉာဏ်ထဲကနေ အဖျက်ခံလိုက်ရသလိုပဲ၊ ဘာတွေဖြစ်နေတာလဲ”

“မြတ်စွာဘုရား၊ ငါ အရှင်သခင်သုံးယောက်နဲ့ နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက် သေသွားတာ ကိုပဲ မှတ်မိတယ်၊ ဒါပေမဲ့ ဘယ်သူ သတ်သွား တာလဲဆိုတာကို မမှတ်မိတော့ဘူး”

“….”

လက်ရှိအချိန်၌ အသက်ရှင် ကျန်ရစ်သော သိုင်းပညာရှင် တစ်ယောက်ချင်းစီသည် ထိတ်လန့်၍ တုန်လှုပ် ခြောက်ခြား နေကြသည်။

သူတို့သည် မြေကြီးပေါ်၌ ဒူးထောက်ဆဲ ဖြစ် သော်လည်း သူတို့၏ မျက်နှာထားများက ဝေခွဲမ ရဟန်နှင့် ကြောက်လန့်ဟန်များဖြင့် ပြည့်နှက် နေသည်။

သူတို့၏ စိတ်ထဲမှ ထိုသူ၏ နာမည်နှင့် ပုံပန်း သွင်ပြင်တို့ အဖျက်ခံထားရသည်ကို သတိထား မိသွားပြီး မည်မျှ ပြန်စဉ်းစားသော်လည်း မမှတ်မိနိုင် တော့ပေ။

ထိုသိုင်းပညာရှင်များ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ နေရာအသီးသီးသို့ ပြန်ရောက်သွားသောအခါ ဂြိုဟ် နယ်မြေ တစ်ခုလုံး တုန်လှုပ်ချောက်ချား သွားလေ သည်။

နတ်ဘုရားသုံးပါးဖြစ်သော ဝိညာဉ်ဖမ်း နတ်ဘုရား၊ ပျော်ရွှင်ခြင်းနတ်ဘုရားနှင့် အနက်ရောင် ကုန်းလိပ် သခင်၊ ဂြိုဟ်နယ်မြေ အရှင်သခင် သုံးယောက် ဖြစ်သော လောလောင်ရှင်း၊ အကေးရှား နတ်သမီးနှင့် သွေးမိကျောင်း ဘိုးဘေး တို့သည် ထူးဆန်းသော အမည်မသိလူတစ်ယောက်၏ သတ်ဖြတ်ခြင်း ခံလိုက် ရသည်။

ထိုသတင်းက သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ တစ်ခုလုံးအား အုတ်အော်သောင်းနင်း ဖြစ်သွား စေသည်။ ဤသတင်းက သတ်ဖြတ်သူ ဂြိုဟ်နယ် မြေ၌ နှစ်ပေါင်းများစွာ တည်ရှိနေမည့် ဒဏ္ဍာရီ တစ်ခုလိုပင်။

…

သို့သော် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတစ်ခုလုံး တုန်လှုပ် ချောက်ချားနေချိန်တွင် ယဲ့ဖန်နှင့် ခရီနာ တို့သည် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေထဲမှ ထွက်ခွာ လာပြီ ဖြစ်သည်။

“ယဲ့ဖန် ကျေးဇူးတင်ပါတယ်၊ ကျွန်မ သွားတော့မယ်”

ခရီနာက ယဲ့ဖန်ကို တွေဝေဟန်ဖြင့် ကြည့်နေသည်။ သူမ၏ မျက်ဝန်း၌ လေးစားပြီးရင်း လေးစားသည့် အကြည့်များ ဖြစ်ပေါ်နေသလို အရူးအမူး စွဲလမ်းဟန် များလည်း ထင်ပေါ်နေသည်။

“မင်း ကမ္ဘာဂြိုဟ်ဆီ ပြန်မသွားဘူးလား”

ယဲ့ဖန်က ခရီနာကို ကြည့်နေသည်။ ဤမိန်းကလေး၌ သိုင်းပညာနှင့် ပတ်သက်၍ ခိုင်မာသော စိတ်နှလုံးသား ရှိသည်ကို သူ မြင်နေရသည်။ တစ်နေ့နေ့တွင် အစွမ်းအစရှိသော လူတစ်ယောက် ဖြစ်လာမည်မှာ အသေအချာပင်။

ခရီနာက ခေါင်းလေးခါ၍ အသာပြုံးပြသည်။

“ဟင့်အင်း၊ လတ်တလောတော့ ကမ္ဘာဂြိုဟ်ကို ပြန်ဖို့ အချိန်မတန်သေးဘူး။ တစ်နေ့တော့ ကျွန်မ ရှင့်ဘေးမှာ ရပ်တည်ပြီး ရှင့်အတွက် တိုက်ခိုက် နိုင်မှာပါ၊ အဲ့နေ့ကို ရောက်လာမှ ကျွန်မ ရှင့်ဆီ ပြန်လာခဲ့မယ်”

ထိုသို့ပြောပြီးနောက် ခရီနာက ယဲ့ဖန်ကို လက်ပြ နှုတ်ဆက်ကာ ထွက်သွားလေသည်။ သူမ နောက်ပြန် လှည့် မကြည့်ပေ။ အကယ်၍ သူမသာ သူ့ကို ပြန်လှည့်ကြည့် လိုက်မိပါက သူ့ဘေးနားမှ တစ်သက်လုံး ထွက်မသွားနိုင် မှာကို သူမ ကြောက်ရွံ့နေမိသည်။

သူမသည် အလွန် အားနည်းလွန်းသည်။ သူမသည် ဤအမျိုးသားအတွက် သွေးသံတရဲရဲနှင့် တိုက် ခိုက်ရန် အရည်အချင်း မပြည့်မီသေးသဖြင့် အားနည်း လွန်းလှသည်။ ထို့ကြောင့် သူမ ပိုပို၍ သန်မာ လာချင်နေ၏။

တောက်! တောက်!

ခရီနာ၏ မျက်ဝန်းမှ ပုလဲလုံးကဲ့သို့ ကြည်လင်သော မျက်ရည်စများ စီးကျလာသည်။ သူမ၏ မျက်လုံးတွင် ဆုံးဖြတ်ချက် ပြတ်သားဟန်များ ထင်ဟပ်နေ၏။

“ယဲ့ဖန်၊ ရှင်နဲ့ နောက်တစ်ခါမှ ပြန်ဆုံကြတာပေါ့၊ အဲ့အချိန်ကျရင် ကျွန်မ ရှင့်အတွက် တိုက်ခိုက်မှာပါ”

ထိုစကားအဆုံး၌ ခရီနာသည် ဖျတ်ခနဲ လှုပ်ရှားကာ ပျောက်ကွယ်သွားလေသည်။ ခရီနာ လုံးဝ ပျောက်ကွယ် သွားမှသာ ယဲ့ဖန်သည်လည်း စကြဝဠာ အတွင်း၌ ခရီးဆက်လေတော့သည်။

“စိတ်ဝိညာဉ်သခင်တဲ့လား”

နတ်သခင်တစ်ပိုင်းအဆင့် သုံးယောက်ကို သတ် လိုက်လျင် ပြီးသွားလိမ့်မည်ဟု ယဲ့ဖန် ထင်ထား သော်လည်း နောက်တစ်ယောက် ထပ်ရှိနေ သေးပြန်သည်။

ထိုသူသည် မျိုးနွယ်သုံးခု၏ စိတ်ဝိညာဉ်သခင် ဖြစ်ပြီး ဝမ်အာ၏ သေကြောင်းကြံစည်မှုကို စီစဉ်ခဲ့သူလည်း ဖြစ်သည်။

ဝမ်အာ၏ နောက်ခံကို ဖောက်ထုတ်၍ သူ ထွက်လာ အောင် သွေးဆောင်စီစဉ်ခဲ့သည့်သူက ထိုသူပင်။ စိတ်ဝိညာဉ်သခင် မသေသေးသောကြောင့် ယဲ့ဖန် ဒေါသထွက်ရသည်။

“ဒါပေမဲ့ အဲ့ကိစ္စမလုပ်ခင် ဒီပစ္စည်းတွေကို သန့်စင်ဖို့ လိုသေးတယ်”

ထိုသို့တွေးပြီးနောက် ယဲ့ဖန် ဖျတ်ခနဲ ပျောက်ကွယ် သွားသည်။

ဝိညာဉ်မြို့တော်၊ ဤမြို့တော်သည် အင်မော်တယ် မျိုးနွယ်၏ သန့်စင်မွန်မြတ်သော မြို့တော် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သည် စိတ်ဝိညာဉ် တောင်နှင့် အလွန်နီးကပ်စွာ တည်ရှိနေ သောကြောင့်ပင်။

ရှေ့ဖြစ်ဟောသူ စိတ်ဝိညာဉ်သခင်နှင့် တွေ့ချင်၍ စိတ်ဝိညာဉ်တောင်သို့ သွားလိုသည့် မည်သူမဆို ဝိညာဉ်မြို့တော်ကို ဖြတ်ရပေသည်။

သုံးရက်ကြာပြီးနောက် ဝိညာဉ်မြို့တော်၏ အပြင် ဘက်၌ တောင်တန်းတစ်ခု ရှိလေသည်။ ထိုနေရာ၌ ယဲ့ဖန်၏ ပုံရိပ်က ဖျတ်ခနဲ ပေါ်လာသည်။

“ဒီနေရာမှာ သန့်စင်ရမယ်”

ယဲ့ဖန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီးနောက် ဤတောင်တန်း၌ နှစ်တစ်သောင်းနီးနီး ကြာမြင့် နေသည့် ဂူတစ်လုံးကို တွေ့လိုက်ရသဖြင့် ထိုဂူထဲသို့ ဝင်သွားလိုက်သည်။

ဤရှေးဟောင်းဂူကြီးသည် နှစ်ထောင်သောင်းချီ၍ တည်ရှိနေပုံရသည်။ ထိုဂူဝသည် အလွန် နက်ရှိုင်း လှပြီး ရှေးဟောင်းသားရဲတစ်ကောင်၏ ခံတွင်းဝ နှင့်ပင် တူနေ၏။

ယဲ့ဖန်သည် ဂူတွင်း ဝင်လာပြီးနောက် တင်ပုလ္လင် ချိတ်ထိုင်၍ လက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ နတ်ဘုရား အမြုတေများ၊ အင်မော်တယ် အမြုတေ များနှင့် မကောင်းဆိုးဝါး အမြုတေများက မြေကြီး ပေါ် ပြန့်ကျဲ၍ ကျရောက်လာ၏။

ထောင်ချီသော အမြုတေများထဲတွင် နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်၏ အမြုတေများက ထိတ်လန့်စရာ အကောင်းဆုံးပင်။

“ဒါတွေကို သန့်စင်ပြီးရင် ငါ ဘယ်လောက် တိုးတက် လာမလဲ မသိဘူး”

ယဲ့ဖန်၏ မျက်လုံးများက ဝင်းလက်နေပြီး သူ၏ ကိုယ်တွင်းမှ အနက်ရောင် ချီမျှင်စုများ ထွက်ပေါ် လာကာ မြေကြီးပေါ်ရှိ အမြုတေများ အားလုံးကို ရစ်ပတ်သွားသည်။

အမြုတေများအားလုံး အမှုန့်ဖြစ်သွားပြီး သန့်စင် သော စွမ်းအင်လှိုင်းတစ်ခုက ယဲ့ဖန်၏ ကိုယ်ထဲသို့ တိုးဝင်လာသည်။ သူ၏အရှိန်အဝါသည်လည်း ပို၍ ချောက်ချားဖွယ် ကောင်းလာ၏။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်။

သုံးရက်တိတိ ကြာပြီးနောက် ယဲ့ဖန်၏ ကျော နောက်မှ နေ၍ ထိတ်လန့်ဖွယ် လေထုတစ်ခု ပေါက်ကွဲ တိုက်ခတ် လာသည်။ သူ၏ခွန်အား သည်လည်း နတ်ဧကရာဇ် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းသွားပြီး သူတော်စင်အဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်။ သို့သော် ဤအဆင့်သည် ကောင်းကင်ဘုံက ကောင်းချီးပေး သောအရာတစ်ခုနှင့် ဆင်တူလှသည်။

မသဲမကွဲသံ ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်၏ ထိတ်လန့် ဖွယ် အရှိန်အဝါသည်လည်း ချက်ချင်း ပျောက်ကွယ် သွားသည်။ သူသည် ဖြည်းဖြည်းချင်း မျက်လုံးပြန်ဖွင့်၍ ချက်ချင်း မျက်မှောင်ကြုတ် လာသည်။

“ဘာတွေဖြစ်နေတာလဲ၊ အမြုတေအားလုံးကို သန့်စင်လိုက်တာတောင် ဘာလို့ သူတော်စင် အဆင့်ကို မတက်လှမ်းနိုင်သေးရတာလဲ”

ယဲ့ဖန် အံ့အားသင့်နေ၏။ အမြုတေများထဲတွင် နတ်သခင် တစ်ပိုင်းအဆင့်များ၏ အမြုတေများပင် ပါဝင်နေသည် မဟုတ်ပါတကား။ ယခင်ဘဝက ဆိုလျင် ဤအမြုတေများ၏ စွမ်းအင်များက သူ့အား အဆင့်ဆယ်ဆင့်အထိ ထိုးတက်သွားစေနိုင်ရန် လုံလောက် နေပြီ ဖြစ်သည်။

ထိုစဉ် ယဲ့ဖန်သည် စိတ်ထဲ၌ ခံစားချက်တစ်မျိုး ရလာလေသည်။ သူ၏ သူတော်စင်အဆင့်သို့ တက်လှမ်းခြင်းက ယခင်ဘဝကထက် ဆယ်ဆမက ပိုခက်ခဲပေလိမ့်မည်။

“ကြည့်ရတာ ငါ ပိုးလောင်းကနေ လိပ်ပြာတစ်ကောင် ဖြစ်လာဖို့ အခွင့်အရေးတစ်ခု လိုနေပြီ ထင်တယ်”

“ပြီးတော့ ဒီအခွင့်အရေးက …”

ထိုသို့တွေးပြီးနောက် ယဲ့ဖန် မနေနိုင်ဘဲ နဖူးကို ကုတ်လိုက်မိသည်။ ထိုစဉ် ဂူအပြင်ဘက်မှ ရယ်သံတစ်သံ ထွက်လာသဖြင့် ယဲ့ဖန် အံ့အားသင့်သွားရသည်။

“ညီမ ချင်အာ၊ ဒီနေရာမှာ ဂူတစ်ခု ရှိနေတာပဲ၊ ကိုယ်တို့ ဂူထဲဝင်ပြီး ချစ်ကြမလား”

ထိုအမျိုးသား၏ အသံတွင် မဖွယ်မရာပြုလိုသံများ ပျော်ဝင်နေသည်။ ထိုစကားသံကြောင့် မိန်းကလေး တစ်ယောက်၏ ရယ်သံ ထွက်ပေါ်လာသည်။

“အစ်ကို ဟွာယွီက တော်တော်ဆိုးတာပဲ၊ ညီမနဲ့ တိုက်ပွဲဝင်ချင်တာလား၊ ဒါပေမဲ့ စိတ်လှုပ်ရှားစရာ ကောင်းသားပဲ”

ထိုအသံနှင့်အတူ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က ဂူထဲဝင်လာသည်။ သူတို့သည် အထဲဝင်လာသည်နှင့် အချင်းချင်း ပူးကပ် ရစ်ပတ်လေသည်။ သူတို့ အဝတ်အစား ချွတ်ရန် ပြင်လိုက်စဉ်တွင် ဂူထဲ၌ တစ်ယောက်ယောက် ရှိနေသည်ကို နှစ်ယောက်လုံး တွေ့သွားသည်။

“ကံမကောင်းတာပဲ၊ ဒီမှာ တစ်ယောက်ယောက် ရှိနေတယ်”

လူငယ်၏ မျက်နှာက မသိမသာ သုန်မှုန်လာသည်။ အပြင်လူတစ်ယောက် နှောင့်ယှက်ခြင်း ခံလိုက်ရ သဖြင့် သူ ဒေါသထွက်နေမှန်း သိသာလှသည်။

“ညီမချင်အာ ကိုယ်တို့ နေရာပြောင်းကြမလား”

လူငယ်လေးက မိန်းမပျိုလေးကို မေးလိုက်သည်။ သူ့စကားကြောင့် မိန်းမပျိုလေးက လှောင်ပြုံး ပြုံးသွားသည်။

“အစ်ကိုဟွာယွီ ရှင် ဘာလို့ ဒီလောက် သတ္တိကြောင် ရတာလဲ၊ နတ်ဧကရာဇ် အထွတ်အထိပ် အဆင့်လေး ပဲကို ဒီအတိုင်း နှင်ထုတ်လိုက်ပေါ့”

*ဟမ်*

သူ့စကားကြောင့် လူငယ်က ယဲ့ဖန်ကို လှမ်းကြည့် လာပြီး ရုတ်တရက် မျက်လုံးများက အေးစက် လာသည်။

“သေချာပေါက်ကို နတ်ဧကရာဇ် အထွတ်အထိပ် အဆင့်ပဲ”

ယဲ့ဖန်၏ ခွန်အားကို အတည်ပြုပြီးနောက် လူငယ်က အသာပြုံးလိုက်သည်။ သူ၏အပြုံးက ရက်စက် စဉ်းလဲဟန် ပေါ်နေသည်။

“ညီမ ချင်အာ၊ ဒီလူက ထွက်မသွားရင် ဘယ်လို လုပ်မလဲ”

*ထွက်မသွားရင်တဲ့လား*

မိန်းမပျိုလေး၏ မျက်နှာထားက ခက်ထန်လာသည်။

“ခွန်အားကသာ အဓိကပဲလေ၊ အားနည်းတဲ့သူက အားကြီးသူရဲ့ သားကောင်ပဲ”

“သူ ထွက်မသွားချင်ဘူးဆိုရင် သူ့ခြေထောက်တွေကို ဖြတ်ပစ်ပြီး နှင်ထုတ်လိုက်ပေါ့”

သူ၏စကားလုံးများက အေးစက်၍ ရက်စက်လွန်းသည်။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ မျက်နှာထားသည်လည်း အေးစက် ခက်ထန်သွား၏။

Chapter 746 ရင်းနှီးသော အငွေ့အသက်

ဒေါက်! ဒေါက်! ဒေါက်!

ထိုသို့သောအချိန်၌ လူငယ်လေးက ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူသည် နတ်ဘုရား စဦးအဆင့် သိုင်းပညာရှင် ဖြစ်သော ကြောင့် ယဲ့ဖန်ထက် အဆင့်ဆယ့်နှစ်ဆင့်မျှ ပိုမြင့် သည်။ လက်ရှိအချိန်၌ သူသည် ယဲ့ဖန်ထံသို့ လျှောက်လာပြီးနောက် ခါးကိုမတ်၍ ယဲ့ဖန်ကို ငုံ့ကြည့် လေသည်။

“မင်း ငါ ပြောတာကို နားထောင်”

“နည်းလမ်းက နှစ်ခုပဲ ရှိတယ်၊ ပထမတစ်ခုက ထွက်သွားမလား၊ ဒုတိယတစ်ခုက မင်းခြေထောက် ကို ခုတ်ပြီး အပြင်ကို ဆွဲလွှင့်ပစ် လိုက်ရမလား”

“မင်း ရွေးလိုက်”

ထိုလူငယ်လေးက အထင်သေးဟန် ပြုံးရယ်နေ၏။ ထို့နောက် သူက လက်တစ်ဖက်ဖြင့် ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။ ယဲ့ဖန်သာ “မသွားဘူး” ဟု ပြောလိုက်ပါက ယဲ့ဖန်၏ ခြေထောက်များကို ဖြတ်၍ အပြင်သို့ ဆွဲလွှင့်ပစ်မည့်ပုံပင်။

ဤအဖြစ်ကြောင့် ယဲ့ဖန် ဒေါသထွက်သွားသည်။ သူ ကျင့်ကြံရန် နေရာရှာတွေ့သည်နှင့် ရူးကြောင် ကြောင် လူများ ထွက်လာလိမ့်မည်ဟု သူ ထင်မထား မိပေ။

တစ်ဖက်လူက ကောင်းကောင်းမွန်မွန် ပြောလာလျင် ယဲ့ဖန် ပုံမှန်အားဖြင့် ခွင့်လွှတ်ပေးလိုက်နိုင်သည်။ သို့သော် ဤလူနှစ်ယောက်က သူ့ကို ထွက်သွား မလား ဒါမှမဟုတ် ခြေထောက်ဖြတ်ပြီး လွှင့်ပစ် လိုက်ရမလားဟု ပြောလာသောကြောင့် သူ့အကြည့် များက အေးစက်လာသည်။

“တကယ်တော့ ငါ ပုရွက်ဆိတ်တွေကို သတ်တတ်တဲ့ အကျင့်မရှိဘူး”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် လူငယ်လေးနှင့် မိန်းမပျို လေးတို့ တစ်ခဏမျှ မှင်တက်သွားပြီးနောက် ဟားတိုက် ရယ်မောကြလေသည်။

“ဟားဟားဟား … ညီမချင်အာ၊ မင်း ကြားလိုက် လား၊ သူက ပုရွက်ဆိတ်တွေကို သတ်တတ်တဲ့ အကျင့် မရှိဘူးလို့တောင် ပြောနေ သေးတယ်”

ထိုလူငယ်က ခွက်ထိုးခွက်လန် ရယ်၍ ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။ သူသည် မိန်းကလေးရှေ့၌ အစွမ်းပြရန် ဆုံးဖြတ် ထားသည်။ ထို့နောက် သူက အေးစက်သော မျက်လုံးများဖြင့် ယဲ့ဖန်အား သတ်ဖြတ်ချင်သော အမူအရာဖြင့် ကြည့်နေသည်။

“စိတ်မကောင်းစရာက ငါက ပုရွက်ဆိတ်တွေကို သတ်ရတာကို ကြိုက်တယ်”

“အခု ငါ သုံးအထိ ရေမယ်”

ထိုသို့ပြောပြီး လူငယ်လေးက ဓားကို ကျစ်ကျစ် ပါအောင် ဆုပ်၍ ယဲ့ဖန်အား အထင်သေးသလို ကြည့်ကာ ရေရွတ်လေသည်။

“သုံး”

“နှစ်”

ထိုလူငယ်၏ စကားသံက အေးစက်သထက် အေးစက်လာသည်။ ထို့အတူ မိန်းမပျိုလေး၏ အပြုံးကလည်း ပို၍ ပီပြင်လာ၏။

သူမသည် များသောအားဖြင့် သူမထက် အားနည်း သော သိုင်းပညာရှင်များအား စိတ်အပန်းဖြေလိုသည့် သဘောဖြင့် အနိုင်ကျင့်လေ့ရှိသည်။ သို့သော် ယခုအခါတွင်မူ သူမက သူမမိတ်ဆွေ ပို၍ရဲတင်း လာရန် သွေးထွက်သံယို ဖြစ်စေချင်နေ၏။ သူမ စိတ်ထဲတွင် သွေးက လူတစ်ယောက်၏ စိတ်ဆန္ဒကို ပို၍ နှိုးဆွပေးနိုင်သည်ဟု ထင်နေသည်။

“တစ်”

ထိုစဉ် လူငယ်၏ ရေတွက်သံက အဆုံးသတ် သွားသည်။ သူသည် လက်ကိုမြှောက်၍ ဓားကို ဝင့်ကာ ယဲ့ဖန်ကို အားဖြင့် ခုတ်ပိုင်းရန် ပြင်လိုက် သည်။ ဤမြင်ကွင်းကြောင့် မိန်းမပျိုလေးက စိတ်ကျေနပ် ဟန်ဖြင့် အပြုံးကြီး ပြုံးနေ၏။

ထိုစဉ် မသဲမကွဲ အသံတစ်သံ ထွက်ပေါ်လာပြီး မိန်းမပျိုလေး၏ အပြုံးက ချက်ချင်း အေးခဲ သွားသည်။ လူငယ်လေးသည် ဓားကိုဝင့်လိုက် သော်လည်း ဓားက အောက်သို့ ပြန်ကျမလာဘဲ နေရာမှာတင် မလှုပ်မယှက် တောင့်တောင့်ကြီး ရပ်နေ၏။

“အစ်ကိုဟွမ်ယွီ၊ ဘာဖြစ်တာလဲ၊ သူ့ကို ခုတ်လိုက် တော့လေ”

မိန်းမပျိုလေး၏ အပြုံးက ပျောက်ကွယ်သွားပြီး စိတ်ထဲ၌ မသိုးမသန့် ခံစားချက်တစ်ခု ရလာသည်။ ကပ်ဘေး တစ်ခုခု ဖြစ်အံ့ဆဲဆဲ အနေအထားသို့ ရောက်နေသည်ဟု ခံစားမိနေသည်။

လူငယ်လေးက ပြန်မဖြေချေ။ ထိုစဉ် ထိုလူငယ်ထံမှ သွေးများ တတောက်တောက် စီးကျလာသဖြင့် မိန်းမပျိုလေး အံ့ဩသွားသည်။ သူမ ရှေ့သို့ ကပျာကယာ တိုး၍ ကြည့်လိုက်သောအခါ ထိုလူငယ်၏ ထိတ်လန့်အံ့ဩနေသော အမူအရာကို တွေ့လိုက်ရသဖြင့် မှင်တက်သွားရသည်။

ထို့အတူ ထိုလူငယ်၏နဖူး၌ အခေါင်းပေါက်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအခေါင်းပေါက် တွင်းမှ ကြွက်ဖြူ တစ်ကောင်က ပြုံးနေဟန်ဖြင့် မိန်းမပျို လေးကို ကြည့်နေသည်။ ထို့နောက် ထိုကြွက်က သူ၏ ချွန်ထက်သော လက်သည်းတစ်ဖက်ကို လှုပ်ရှား လိုက်သည်။

ထိုအခါ လူငယ်လေး၏ နတ်ဘုရားအမြုတေ ထွက်လာပြီး ကြွက်ဖြူလေးက ယဲ့ဖန်ထံ ပစ်ပေး လိုက်သည်။ ယဲ့ဖန်က လက်တစ်ဖက်ဖြင့် လှမ်းဖမ်း လိုက် ပြီးနောက် ပါးစပ်ထဲ ထည့်ကာ ဖြည်းဖြည်းချင်း စားလေသည်။

ဂျွတ်! ဂျွတ်!

ကိုက်ဝါးသံက ထိုမိန်းမပျိုလေးအား ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။ ယခုအခါတွင်မှ မိန်းမပျိုလေး ကြောက်လန့်လာသည်။

နတ်ဘုရား စဦးအဆင့်ရှိသော ဟုန်ယွီကို ကြွက်တစ် ကောင်က လူမသိသူမသိ သတ်လိုက်ပြီး နတ်ဧက ရာဇ် အဆင့်လေးက ထိုနတ်ဘုရားစဦး အဆင့်ရှိသူ၏ အမြုတေကိုတောင်မှ စားနေသည်။

ဤမြင်ကွင်းက မိန်းမပျိုလေးအား သည်းခြေပျက် မတတ် တုန်လှုပ် ချောက်ချားသွားစေ၏။

“နင် … နင် ဘယ်သူလဲ”

မိန်းမပျိုလေးက နောက်သို့ အသည်းအသန် ပြန်ဆုတ်နေသည်။ သူမက ယဲ့ဖန်ကို မိစ္ဆာ တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။ ဤကိစ္စအားလုံးကို နတ်ဧကရာဇ်အဆင့်လေးက လုပ်သွားလိမ့်မည်ဟု သူမ မယုံနိုင်ပေ။ ယဲ့ဖန်က နတ်ဘုရား အမြုတေကို စားနေရင်းနှင့် မိန်းမပျိုလေး ထံသို့ လှမ်းလာသည်။

“အခြားသူတွေက ငါ့ကို ရန်မစခဲ့ရင် ငါလည်း ရန်မလုပ်ဘူး”

“တစ်ယောက်ယောက်က ငါ့ကို ရန်လာစရင်တော့ ငါ သတ်ပစ်မှာပဲ”

ထိုသို့ပြောပြီး ယဲ့ဖန်က ချောက်ချားဖွယ် ကောင်း လောက်အောင် ပြုံးလာသည်။

“ဒါပေမဲ့ မင်းလို မြွေပွေးလို အဆိပ်ပြင်းတဲ့မိန်းမ မျိုးကတော့ သေတာထက် အသက်ရှင်နေတာက ပိုသင့်တော်တယ်”

ဝှစ်!

ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး နောက် မိန်းမပျိုလေးသည် သူမခြေ ထောက်တွေ ပေါ့ပါး သွားသည်ဟု ခံစားမိလာသည်။ ထို့နောက် သူမ ဘုန်းခနဲ လဲကျသွားပြီး ဒူးမှနေ၍ သွေးများ ပန်းထွက်လာ၏။

“အား….”

မိန်းမပျိုလေးထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်လာသည်။ သူမသည် ပြာနှမ်းနေသော မျက်နှာထားဖြင့် ပြတ်သွားသော ခြေထောက်များကို တအံ့တဩ ကြည့်နေမိသည်။

“ငါ့ခြေထောက်တွေ၊ နင် … နင် ဘယ်လိုတောင် ငါ့ခြေထောက်ကို ဖြတ်ရဲတာလဲ”

“ငါ ဘယ်သူလဲ နင် သိလား၊ နင်တော့ သေပြီသာမှတ်၊ ဟဲ့ကောင် နင် ငါ့ကို ထိခိုက်အောင် လုပ်မယ်ဆိုရင် နင့်ကို သကြားမင်းတောင် ဆင်းမကယ်နိုင်ဘူးဟဲ့”

မိန်းမပျိုလေး၏ လေသံ၌ အမုန်းတရားများ ပါဝင်နေ၏။ ထိုအခါ ယဲ့ဖန်က အေးတိအေးစက် ပြုံးလာသည်။

“မင်း မှားနေပြီ၊ သကြားမင်းတောင် ဆင်းမကယ် နိုင်မှာက မင်းပဲ”

“မင်းရဲ့ ပြတ်သွားတဲ့ ခြေထောက်ကို ဘယ်သူမှ မကုပေးနိုင်ဘူး၊ ဘယ်သူမှ ပြန်မဆက်ပေးနိုင်ဘူး”

“မင်း တစ်ဘဝလုံး … ဒုက္ခိတ ဖြစ်သွားမှာ”

ယဲ့ဖန်၏စကားကြောင့် မိန်းမပျိုလေး ကြက်သီးထ သွားသည်။ ယဲ့ဖန်က အမှန်အတိုင်း ပြောနေခြင်း ဖြစ်ပြီး တစ်ဘဝလုံး ဒုက္ခိတဖြစ်သွားလိမ့်မည်ဟု သူမ ခံစားမိနေ၏။

ဤသည်ကို တွေးမိပြီးနောက် မိန်းမပျိုလေးသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာသည်။

ယဲ့ဖန်က မိန်းမပျိုလေးကို ကြည့်မနေတော့ချေ။ သူက ကြွက်ဖြူလေးကိုသာ ကောက်ယူ၍ ဂူထဲမှ ဖြည်းဖြည်းချင်း ထွက်သွားလေသည်။ ထို့နောက် ဝိညာဉ်မြို့တော် ရှိရာဘက်သို့ ဦးတည် ထွက်ခွာသွားသည်။

“အား…”

ဂူထဲမှ မကျေမချမ်း အော်ဟစ်သံ ထွက်ပေါ် လာသည်။ ယဲ့ဖန် ထွက်သွားပြီး သိပ်မကြာခင်မှာပင် အဝေးမှ ပုံရိပ်များစွာက အသည်းအသန် ပြေးလာ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လူအယောက် နှစ်ဆယ်၊ သုံးဆယ်ခန့် ပေါ်လာသည်။ ထိုသူတို့အား လူငယ်တစ်ယောက်က ဦးဆောင်လာခြင်း ဖြစ်သည်။ သူ၏မျက်နှာထားသည် တော်ဝင်မျိုးနွယ်ကဲ့သို့ တည်ကြည်ပြီး မျက်လုံးများက ကြယ်တာရာကဲ့သို့ တောက်ပကာ ခံ့ညားလှသည်။

အော်သံကို ကြားလိုက်ရသဖြင့် ဂူထဲဝင်လိုက်ချိန်တွင် ထိုလူငယ် ချက်ချင်း မျက်နှာပျက်သွားသည်။

“ညီမလေး”

သူ၏ညီမဖြစ်သူ ခြေထောက်များ အဖြတ်ခံထား ရလိမ့်မည်ဟု ဤလူငယ် ထင်မထားမိပေ။ စိမ့်ထွက် နေသော သွေးများကိုကြည့်ပြီး ထိုလူငယ် ဒေါသထွက် လာ၏။

“ဘယ်သူလုပ်တာလဲ၊ ညီမလေး ခြေထောက်ကို ဘယ်သူ ဖြတ်သွားတာလဲဆိုတာ အစ်ကို့ကို ပြောစမ်း”

ထိုလူငယ် ရူးမတတ် အော်လိုက်မိသည်။ သူ့စကား ကြောင့် မိန်းမပျိုလေးက တရှုံ့ရှုံ့ငိုယို၍ ပြောလေ သည်။

“အစ်ကို၊ အဲ့လူက အနက်ရောင်ဝတ်စုံနဲ့ ဆံပင် အဖြူရောင် ရှိတဲ့ နတ်ဧကရာဇ်အဆင့် အကောင်ပဲ၊ သူ့ကို သတ်ပါ၊ ညီမလေးအတွက် သူ့ကို သတ်ပေးပါ”

သူမစကားကြောင့် ထိုလူငယ်၏ မျက်လုံးများက မီးဝင်းဝင်း တောက်သွားသည်။

“လာ၊ ပြန်ကြမယ်၊ ပြန်ပြီး ပထမသခင်လေးကို ပြောမယ်၊ ဝိညာဉ်အစောင့်အရှောက်တွေကို ခေါ်ပြီး ဝိညာဉ်မြို့တော် တစ်ခုလုံးကို လိုက်ရှာပြီး အဲ့ကောင် ထွက်လာအောင် လုပ်ပစ်မယ်”

“ညီမလေး သူ့ကို သွေးကြွေးပြန်ဆပ်ခိုင်းမယ်၊ ညီမလေး သူ့ကို သေစေချင်တယ်”

….

ဤကိစ္စအားလုံးကို ယဲ့ဖန် မသိပေ။ သိလျင်လည်း အရေးတယူ လုပ်နေမည် မဟုတ်ပါ။

“ဝိညာဉ်မြို့တော် အနောက်က စိတ်ဝိညာဉ်တောင်”

ယဲ့ဖန်သည် ဝိညာဉ်မြို့တော်ကို စိတ်ဝင်စားဟန်ဖြင့် တစ်ချက်ကြည့်၍ မြို့တွင်းသို့ ဝင်လိုက်သည်။ မြို့ထဲသို့ ခြေချလိုက်သည်နှင့် ရင်းနှီးနေသော အငွေ့အသက်တစ်ခုကို ယဲ့ဖန် ရုတ်တရက် ခံစားမိသွားသည်။

“ဒါက …”

တစ်စုံတစ်ယောက်ကို တွေးမိသွားပြီး ယဲ့ဖန် အပြုံးကြီး ပြုံးလိုက်သည်။

“လတ်စသက်တော့ အဲ့ကောင်လေးလည်း ဒီကို ရောက်နေတာကိုး”

ထိုသို့ရေရွတ်ပြီးနောက် ယဲ့ဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အနက်ရောင် နတ်ဆိုး ချီမျှင်စုများက နက်မှောင်နေသော နတ်ဆိုး သင်္ကေ တ တစ်ခုအသွင် ဖွဲ့စည်း၍ ဝိညာဉ် မြို့တော်၏ အရပ်မျက်နှာတစ်ခုသို့ ပျံသန်း ထွက်ခွာ သွားသည်။

Chapter 747 မင်းအတွက် ပိုက်ဆံ၊ ကျောက်တုံး တွေကတော့ ငါ ပိုင်တယ်

ဝိညာဉ်မြို့တော်သည် စိတ်ဝိညာဉ်တောင်တန်းသို့ ဖြတ်သန်းသွားလာရမည့် မြို့ကြီးတစ်ခုဖြစ်ကာ အလွန်အမင်း အင်အားကြီးလေသည်။ ဝိညာဉ် မြို့တော်ကို တာဝန်ယူအုပ်ချုပ်နေသည့် သခင်လေး လေးယောက် ရှိသည်။

သခင်လေး စံအိမ်တော်၌ သခင်လေး သုံးယောက်က အတူတူ ရပ်နေကြပြီး သူတို့ရှေ့၌ လူငယ်လေး တစ်ယောက် ရပ်နေသည်။

သူသည် ပထမသခင်လေး ဖြစ်ပြီး ဝိညာဉ်မြို့တော်ကို အစိုးရသည့် သခင်လေး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ဓားတစ်ချောင်းကဲ့သို့ ပိန်ပါး လေသည်။ တစ်ကိုယ်လုံး အက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အတိတ်ကို လွမ်းဆွတ် တမ်းတနေပုံရသည်။

လက်ရှိအချိန်၌ ပထမသခင်လေးသည် နံရံပေါ်မှ ပန်းချီကားတစ်ချပ်ကို ကြည့်နေသည်။ ထိုပန်းချီ ကားသည် အနက်ရောင်ဝတ်စုံနှင့် လူငယ် တစ်ယောက်၏ ပုံတူပန်းချီ ဖြစ်သည်။ ထိုလူငယ်၏ အသွင်အပြင်သည် နတ်ဆိုးဆန်၍ အေးစက် ခက်ထန် လှသည်။

ပုံတူပန်းချီကားထဲမှ အနက်ရောင်ဝတ်စုံနှင့် လူငယ် လေးသည် ငရဲမှ ထွက်လာသကဲ့သို့ ခိုက်ခိုက်တုန်၍ လူသတ်လိုသော ခံစားချက်မျိုး ပေးစွမ်းလေသည်။

“အစ်ကိုကြီး၊ ဘယ်တော့မှ ကျွန်တော်တို့ကို ခေါ်သွားပြီး သခင်ကြီးနဲ့ တွေ့ခွင့်ပေးမှာလဲ”

ပန်းချီကားရှေ့မှ လူငယ်လေးကို ဒုတိယ သခင်လေး က အပြုံးဖြင့် မေးလိုက်သည်။ သူ့ဘေးမှ တတိယ သခင်လေးနှင့် စတုတ္ထ သခင်လေး တို့သည်လည်း စိတ်လှုပ်ရှား လေးစားဟန်များဖြင့် ကြည့်နေသည်။

“အစ်ကိုကြီး သခင်ကြီးရဲ့ ဆောင်ရွက်ချက်တွေကို နေ့တိုင်း အစ်ကိုကြီး ပြောခဲ့တာကို ကျွန်တော်တို့ နားထောင်ခဲ့ ရပါတယ်၊ ကျွန်တော်တို့ ကြားရတိုင်း အားကျမိတယ်၊ နတ်ဆိုးနဲ့တူတဲ့ အဲ့ဒီပုဂ္ဂိုလ်ကို ကျွန်တော် တကယ်ပဲ တွေ့ချင်မိတယ်”

“ဟုတ်တယ်၊ အစ်ကိုကြီးက ဝမ်လင်းမျိုးနွယ်ရဲ့ မျိုးဆက်ပဲလေ၊ ပြီးတော့ အဲ့ဒီပုဂ္ဂိုလ်ရဲ့ သနား ကြင်နာတာကို ခံခဲ့ရတာပဲကို။ ကျွန်တော်တို့ အဲ့ဒီပုဂ္ဂိုလ်ရဲ့ ဇာတ်လမ်းတွေကို ကြားခဲ့ရပြီးတော့ လေးစားခဲ့ရတာ”

ထိုသူများသည် ဝိညာဉ်မြို့တော်၏ သခင်လေး လေးယောက်တို့ ဖြစ်ကြသည်။ သို့သော် ဒုတိယ သခင်လေး၊ တတိယ သခင်လေးနှင့် စတုတ္ထ သခင်လေးတို့က ပထမသခင်လေးကို အလွန် လေးစားကြသည်။ ပထမ သခင်လေးက အမိန့်ပေး လိုက်သည်နှင့် ကျန်သခင်လေး သုံးယောက်လုံးက အသက်ပေးရန် တွေဝေနေမည် မဟုတ်ပါ။

ညီသုံးယောက်၏ စကားကို နားထောင်ပြီး ပန်းချီကားရှေ့မှ ပထမသခင်လေးက သူတို့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။ သူ့မျက်နှာ၌ အလွန်အမင်း တမ်းတ လွမ်းဆွတ်ဟန်များ ထင်ဟပ်နေ၏။

“ငါ စိတ်ဝိညာဉ်သခင်ကို ထွက်သွားဖို့အတွက် သွားမေးခဲ့တယ်၊ ဒါပေမဲ့ စိတ်ဝိညာဉ်သခင်က ငါ့ကို လိုက်မရှာဖို့ ပြောခဲ့တယ်”

“အဲ့ဒီလူ ရောက်လာလိမ့်မယ်တဲ့”

*ဘာ*

ထိုစကားကြောင့် ကျန်သခင်လေး သုံးယောက်လုံး မှင်တက်သွားကြသည်။

*ဘယ်တော့လဲ*

*ဘယ်လိုလာမှာလဲ*

ပထမသခင်လေးက သူ၏ညီအစ်ကိုများကို စိုက် ကြည့်၍ လေးနက်တည်ကြည်ဟန်ဖြင့် ကြည့်နေ သည်။

“ညီအစ်ကိုတို့၊ ငါ မင်းတို့ကို မေးမယ်၊ တကယ်လို့ သခင်ကြီး ရေက်လာရင် သူက စိတ်ဝိညာဉ်သခင်ကို ထောက်ခံမှာ မဟုတ်ဘူး”

“အဲ့လိုဆိုရင် မင်းတို့ ငါနဲ့သခင်ကြီးကို ကူညီမှာလား ဒါမှမဟုတ် စိတ်ဝိညာဉ်သခင်ကို ကူညီမှာလား”

ပထမသခင်လေး၏ စကားကြောင့် ကျန်သုံး ယောက်၏ မျက်နှာအမူအာများ ပြောင်းလဲ သွားသည်။ သူတို့က တွေဝေမနေဘဲ ပထမ သခင်လေးအား အလေးအနက် ပြန်ဖြေ လိုက်သည်။

“အစ်ကိုကြီး၊ ကျွန်တော့်အသက်ကို အစ်ကိုကြီး ကယ်ပေးထားတာပါ၊ ကျွန်တော် သေရမယ် ဆိုရင်တောင်မှ အစ်ကိုကြီးနဲ့ သခင်ကြီးအတွက်ပဲ သေဆုံးမှာပါ”

“ဟုတ်ပါတယ်၊ ကျွန်တော်လည်း အဲ့ဒီပုဂ္ဂိုလ်ရဲ့ ဒဏ္ဍာရီတွေကို နားထောင်ပြီး ကြီးပြင်းခဲ့ရတာပါ၊ ကျွန်တော်ရဲ့ စံပြပုဂ္ဂိုလ်နဲ့ ဘေးချင်းယှဉ် တိုက်ရမယ် ဆိုရင် ကျွန်တော် ဘာလို့ အသေမခံ နိုင်ရမှာလဲ”

“…”

သုံးယောက်လုံး၏ စကားသံထဲတွင် ယုံကြည် လေးစားဟန်များ ပါဝင်နေ၏။ ထိုစကားများက ပထမသခင်လေး၏ ရင်ကို နွေးထွေးသွားစေခဲ့သည်။

ထိုစဉ် အနက်ရောင် မြူခိုးတစ်ခုက အပြင်ဘက် ကောင်းကင်ယံမှနေ၍ ခန်းမထဲသို့ ဝင်ရောက်လာ ပြီးနောက် နတ်ဆိုး သင်္ကေတတစ်ခုအဖြစ် ဖွဲ့စည်း ပြောင်းလဲသွားသည်။

ထိုနတ်ဆိုးသင်္ကေတကို မြင်သည်နှင့် ပထမ သခင်လေး မျက်လုံးပြူးသွားပြီး စိတ်လှုပ်ရှား ပျော်ရွှင်ကာ စကားပင် မပြောနိုင်ဘဲ ဟားတိုက် ရယ်မောလေသည်။

“အစ်ကိုကြီး ဘာဖြစ်တာလဲ၊ ဒီသင်္ကေတက …”

ကျန်သခင်လေး သုံးယောက်လုံး ဝေခွဲမရ ဖြစ်သွား ကြသည်။ သူတို့အစ်ကိုကြီး ရယ်မော သည်ကို သူတို့ မြင်ရခဲသည်။ သို့သော် သူတို့၏ ရက်စက် တတ်သော အစ်ကိုကြီးက အလွန် ပျော်စရာ ကောင်းသော တစ်စုံတစ်ရာနှင့် ကြုံတွေ့လိုက် ရသည့်ပုံပင်။

ပထမသခင်လေးက သူ၏ သေဖော်သေဖက် ညီအစ်ကိုများကို ကြည့်ပြီး တုန်တုန်ယင်ယင်ဖြင့် ပြောပြလေသည်။

“သူ ရောက်လာပြီ”

…

တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် ဝိညာဉ်မြို့တော်၏ လမ်းမများထက်တွင် အေးအေးလူလူ လမ်းလျှောက် နေ၏။ ဝိညာဉ်မြို့တော်၏ သိုင်းပညာရှင်များက အလွန် အစွမ်းထက်လှသည်ကို သူ သတိထားမိ သွားသည်။

နတ်ဘုရင်အဆင့်များက နေရာတကာ၌ ရှိနေပြီး နတ်ဘုရားအဆင့်များက သာမန်မျှသာ ဖြစ်နေပုံ သည်။ ထိုသည်သာမက တစ်ချက်ကြည့် လိုက်ရုံနှင့် မျိုးနွယ်သုံးခုမှ ထူးဆန်းသော လူများစွာကို မြင်နိုင်ပေသည်။

ထို့အပြင် ဘေးပတ်လည်မှ ပြောဆိုနေသံများက ယဲ့ဖန် နားထဲသို့ ဝင်လာသည်။

“ဒီတစ်ခေါက် စိတ်ဝိညာဉ်သခင်က မျိုးနွယ်သုံးခုက နတ်သခင် တစ်ပိုင်းအဆင့် အားလုံးကို ဆင့်ခေါ် တယ်လို့ ငါ ကြားလိုက်တယ်ကွ၊ ဘာဆက် ဖြစ်မလဲတော့ ငါ မသိဘူး”

“လောကသခင်သုံးပါးနဲ့ နတ်ဘုရားတွေ နောက်ဆုတ် နေခဲ့တာ အချိန်အတော်ကြာပြီ၊ အခု အင်အား အကြီးဆုံးက အဲ့ဒီ နတ်သခင်တစ်ပိုင်းအဆင့်တွေပဲ၊ ပြီးတော့ စိတ်ဝိညာဉ်သခင်နဲ့ တွေ့တယ်ဆိုတော့ ကိစ္စကြီး တစ်ခုတော့ ရှိကိုရှိလိမ့်မယ်”

“စိတ်ဝိညာဉ်သခင်အကြောင်း ပြောရရင် ပိုအံ့ဩဖို့ ကောင်းတယ်၊ သူ့စကားတစ်ခွန်းနဲ့တင် သုံးယောက် လုံးက သူ့ကို ခစားလာကြတာလေ”

“…”

ဘေးပတ်လည်မှ စကားသံများကြောင့် ယဲ့ဖန်၏ အကြည့်များက အေးစက်လာသည်။

*နတ်သခင်တစ်ပိုင်းအဆင့် သုံးယောက်လုံး အတူတူ လာတယ်တဲ့လား*

*ဒါက စိတ်ဝိညာဉ်သခင် တစ်ယောက်တည်းက စီစဉ် ထားတယ်ဆိုတာကို ပြနေတာပဲ*

“ပိုပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတာတဲ့ပုံပဲ”

ယဲ့ဖန်က မခိုးမခန့် ပြုံးလိုက်သည်။ သူ့စိတ်ထဲတွင် ထိုကိစ္စကို စိုးရိမ်မနေတော့ဘဲ လမ်းကြားများထဲတွင် အေးအေးလူလူ ဖြတ်သန်း၍ သွားလာနေသည်။

သို့သော် ကျောက်စိမ်းရုံနား လျှောက်သွားချိန်တွင် ရုတ်တရက် သူ့ပခုံးပေါ်မှ ကြွက်ဖြူလေး တုန်ယ င်လာသည်ကို သူ ခံစားလိုက်မိသည်။

ကျွိ! ကျွိ!

ကြွက်ဖြူလေးသည် ကျောက်စိမ်းဆိုင်မှ အနက် ရောင် ကျောက်တုံး တစ်တုံးကို စိုက်ကြည့်၍ စိတ်လှုပ်ရှားဟန်ဖြင့် အော်ဟစ်လာသည်။ သူ အကြိုက်ဆုံး စားစရာကို တွေ့လိုက်သည့်ပုံပင်။

*ဟမ်*

ဤအဖြစ်ကြောင့် ယဲ့ဖန် တစ်ခဏမျှ အံ့ဩ သွားသည်။

ဤကြွက်ဖြူလေးက စားသောက်နေချိန်တွင် အလွန် စိတ်လှုပ်ရှားတတ်သော်လည်း သူမ အလွန်အမင်း စိတ်လှုပ်ရှားနေသည်က ရှားလှသည်။

ထို့နောက် ယဲ့ဖန်က ရှေ့တိုး၍ အနက်ရောင် ကျောက်တုံး လေးကို ကောက်ယူလိုက်သည်။

“ဒီကျောက်တုံးကို ဘယ်လောက်နဲ့ ရောင်းမလဲ”

ဆိုင်ပိုင်ရှင်က ခေါင်းမွေးဖြူနေသည့် အဘိုးအို တစ်ယောက် ဖြစ်သည်။ မုတ်ဆိတ်မွေး အရှည်နှင့် အိုမင်းရင့်ရော် နေသော အဘိုးကြီးတစ်ယောက် ဖြစ်သည်။ တစ်ယောက်ယောက်က ဈေးမေး လာသည်ကို တွေ့လိုက်ရသဖြင့် အဘိုးအိုက မုတ်ဆိတ် မွေကို ပွတ်ကာ ရယ်၍ ပြောလေသည်။

“စကြဝဠာသုံးဒင်္ဂါး တစ်သိန်း”

*ဘာ*

ယဲ့ဖန် အံ့ဩသွားပြီးနောက် ဤအဘိုးအိုက သူ့ကို ရိုက်စားလုပ်နေသည်ကို သတိထားမိသွားသည်။ သို့သော် သူ ဂရုမစိုက်ပေ။ ပြုံးမြဲပြုံး၍ ဆက်ပြော လိုက်သည်။

“ကျုပ် ဒီကျောက်တုံး လိုချင်တယ်”

“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး”

ထိုစဉ် အဘိုးအိုက လက်ခါလာသည်။

“မှားသွားလို့၊ စကြဝဠာသုံးဒင်္ဂါး တစ်သန်းပေးရမယ်”

ထိုစကားကြောင့် ယဲ့ဖန်၏ အကြည့်များက မာကျော လာသည်။ သူသည် အဘိုးအိုကို သေချာ စိုက်ကြည့်ကာ ရုတ်တရက် မျက်လုံးကို မှေး၍ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ကိစ္စမရှိဘူး”

သူ့စကားကြောင့် အဘိုးအို မသိမသာ နားဝေ တိမ်တောင် ဖြစ်သွားရသည်။ သူ မဝံ့မရဲဖြင့် ထပ်မေး လိုက်သည်။

“စကြဝဠာသုံးဒင်္ဂါး ဆယ်သန်းဆိုရင်ရော”

အဘိုးအို၏ စကားသံအဆုံး၌ ဖြတ်သန်း သွားလာ နေသော သိုင်းပညာရှင်များအားလုံး လမ်းလျှောက် နေရာမှ ရပ်သွားကြသည်။

*ရိုက်စားလုပ်နေတာပါလား*

ဤအဘိုးအိုက တမင်သက်သက် မြေကြီးပေါ် ထိုင်ကာ ယဲ့ဖန်ကို ခြိမ်းခြောက်၍ ငွေညှစ်နေခြင်း ဖြစ်ကြောင်း လမ်းသွားလမ်းလာ သိုင်းပညာရှင်များ အားလုံးနီးပါး သိနေသည်။ အားလုံးက ယဲ့ဖန်ကို ကြင်နာစွာ သတိပေးကြသည်။

“လူငယ်လေး၊ အရူးလုပ်မခံနဲ့၊ ဒီလူအိုကြီးက ဒီနေရာမှာ ရောင်းနေတာ ရက်တော်တော်ကြာပြီ၊ ကွဲနေတဲ့ ကျောက်တုံးလေးတစ်တုံးတောင် ရောင်းရ တာ မဟုတ်ဘူး”

“သူက မင်းကို ငတုံးလို့ သတ်မှတ်နေတာ၊ အရူးလုပ်မခံနဲ့”

“…”

ထိုသိုင်းပညာရှင်များသည် ထိုအဘိုးအိုကို အလွန် မနှစ်မြို့မှန်း သိသာလှပြီး ယဲ့ဖန်ကိုသာ ဝိုင်း၍ ထပ်ခါထပ်ခါ နားချကြသည်။

အဘိုးအိုက အားရကျေနပ်ဟန်ဖြင့် ကြည့်နေသည်။ ယဲ့ဖန်ကို လုံးဝ မစိုးရိမ်သည့်ပုံပင်။ သူက မဝယ်ချင်နေ ဟူသည့် အမူအရာဖြင့် ယဲ့ဖန်ကို ပြုံးပြ နေ၏။ ထိုစဉ် ယဲ့ဖန်က ထရယ်လေသည်။ ထို့နောက် အဘိုးအိုကို စူးစိုက်ကြည့်ကာ ပြုံး ၍ပြောလိုက်သည်။

“ကျုပ် ဒီငွေညှစ်တာကို သဘောတူတယ်၊ စကြဝဠာ သုံးဒင်္ဂါး ဆယ်သန်းပေးမယ်၊ ကျုပ် ဒီကျောက်တုံးကို လိုချင်တယ်”

ယဲ့ဖန်၏ စကားကြောင့် ဘေးပတ်လည်မှ သိုင်းပညာ ရှင် များအားလုံး ပွက်လောရို က်သွားသည်။

*အရူးပဲ*

ဘေးနားမှ ဖြတ်သွားဖြတ်လာများ၏ စိတ်ထဲတွင် ယဲ့ဖန်၏ လုပ်ရပ်က မိုက်ရူးရဲဆန်လှသည်ဟု တွေးမိ သွားသည်။ တန်ဖိုးမရှိသော ကျောက်တုံး တစ်တုံး အတွက် စကြဝဠာသုံးဒင်္ဂါး ဆယ်သန်း ပေးဝယ် ခြင်းက အရူးမှသာ ပေးဝယ်ပေမည်။

ဖြတ်သွားဖြတ်လာများသာမက ယဲ့ဖန်၏ပခုံးပေါ်မှ ကြွက်ဖြူလေးပင် အနည်းငယ် အံ့ဩသွားသည်။ သူမက ယဲ့ဖန်ကို ကြည့်ကာ ရင်ထဲ ကြည်နူး သွားလေသည်။

ယဲ့ဖန်က ဘေးလူများ၏ အကြည့်ကို အရေး မစိုက်ပေ။ သူသည် ဟင်းလင်ပြင်အိတ်ကို ထုတ်ယူ၍ အဘိုးအိုထံ ပစ်ပေးလိုက်သည်။

“ဒီမှာ ခင်ဗျားအတွက် ပိုက်ဆံ၊ ဒီကျောက်တုံးတွေကို ကျုပ် ပိုင်တယ်”

All Chapters