← Chapters

အခန်း (၆၈၄-၆၈၅)

Vol. 61 Ch. 684-685

အခန်း (၆၈၄-၆၈၅)

Vol. 61 Ch. 684-685

အခန်း ၆၈၄ အရှုံးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှု

ဒါက ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြဲတဲ့ ဂိုဏ်းကြီးလဲ။ ဒီလောက် ထူးချွန်တဲ့ တပည့်နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ဘယ်လိုများ မွေးထုတ်ပေးနိုင်ခဲ့တာလဲ။

နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်မှာ ဒဏ္ဍာရီလာ လျှို့ဝှက်ဂိုဏ်းတွေ အများကြီး ရှိခဲ့ဖူးလေသည်။

မြူခိုးဂိုဏ်း ကတော့ အဲ့ဒီထဲက တစ်ခုဖြစ်ပြီး နှစ်တစ်ရာမှာ တပည့်တစ်ယောက်သာ ထွက်ပေါ်လေ့ရှိ၏။ ထွက်ပေါ်လာတဲ့ တပည့်တိုင်းကလည်း လူသားတွေထဲမှာ အထူးချွန်ဆုံး ပါရမီရှင်တွေ ဖြစ်ကြလေသည်။

ဒါပေမဲ့ မြူခိုးဂိုဏ်း ရဲ့ တပည့်တိုင်းက ကိုယ့်ရဲ့ အဆင့်အတန်းကို ဖုံးကွယ်ထားတတ်ကြတာကြောင့် ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာတိုင်း လူတွေက အဲ့ဒီလူဟာ မြူခိုးဂိုဏ်း ကလား ဆိုပြီး ခန့်မှန်းလေ့ ရှိကြလေသည်။

ဒါပေမဲ့ ခန့်မှန်းချက်ဆိုတာ ခန့်မှန်းချက်သာ ဖြစ်ပြီး အခုထိတော့ ဘယ်သူဟာ မြူခိုးဂိုဏ်း ရဲ့ တပည့်ဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်သေးပေ။

ဒါကြောင့် မြူခိုးဂိုဏ်းဆိုတာ လူတွေကြားမှာ ဒဏ္ဍာရီတစ်ခုလိုပဲ ဖြစ်နေခဲ့ရလေသည်။

ကျန်းပေရန် စတင် နာမည်ကြီးလာစဥ်ကလည်း လူအများအပြားက သူဟာ မြူခိုးဂိုဏ်း က ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြဖူး၏။

အခုတော့ မြူခိုးဂိုဏ်း အကြောင်းကို ရှာမတွေ့ခဲ့ပေမဲ့ ဒီလောက်အထိ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး နှစ်ယောက်လုံးက ဂိုဏ်းတစ်ခုတည်းက ဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါ လော်ကျင့်ထျန်း မှာ လုံးဝကို ဆွံ့အသွားရလေသည်။

အရင်တုန်းကတော့ သူက စိတ်နှလုံးပြန်ဂိုဏ်း ကို ကံကောင်းလို့ ရတနာလေးတစ်ပါး ရှာတွေ့သွားတဲ့ ဂိုဏ်းလေးတစ်ခုလို့ပဲ သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူဟာ အဲ့ဒီဂိုဏ်းကို မော့ကြည့်ရမယ့် အခြေအနေကို ရောက်သွားခဲ့ပြီ ဖြစ်လေသည်။

အဲ့ဒီဂိုဏ်းက လျှို့ဝှက်ဂိုဏ်းကြီး တစ်ခု မဟုတ်ရင်တောင်မှ သေချာပေါက် နဂါးနက် ကုန်းမြေတိုက်ကြီး ရဲ့ တစ်နေရာရာမှာ ရှိနေတဲ့ လျှို့ဝှက်ဂိုဏ်းကြီး တစ်ခုရဲ့ ဌာနခွဲတစ်ခု ဖြစ်ရမည်ဟု သူ တွေးလိုက်မိ၏။

ဘာကြောင့် ဒီလောက်အထိ ဝေးလံခေါင်သီတဲ့ နိုင်ငံလေးမှာ တည်ရှိနေရသလဲဆိုရင်တော့ သဘာဝကျကျပဲ လျှို့ဝှက်ခြင်း ဆိုတဲ့ စကားလုံးကို ပေါ်လွင်စေချင်လို့ ဖြစ်ရပါမည်။

မထင်မရှား မနေရင် ဘယ်လိုလုပ်ပြီး လျှို့ဝှက်ဂိုဏ်းလို့ ခေါ်လို့ ရပါ့မလဲ။

ဒီကိစ္စကို သိသွားပြီးတဲ့နောက်မှာတော့ လော်ကျင့်ထျန်း ဟာ ဒီလျှို့ဝှက်ဆန်းကြဲလှတဲ့ စိတ်နှလုံးပြန်ဂိုဏ်း ကို စုံစမ်းဖို့အတွက် လူအင်အားတွေ ထပ်တိုးပြီး တစ်ညလုံး စေလွှတ်လိုက်လေသည်။ ယခုအချိန်အထိ သူ ရရှိထားတဲ့ သတင်းအချက်အလက်တွေကတော့ အောက်ပါအတိုင်း ဖြစ်၏။

ကျန်းပေရန်ဟာ ဒီဂိုဏ်းရဲ့ အမည်ခံတပည့် တစ်ယောက်သာ ဖြစ်လေသည်။

မှန်ပါသည် တရားဝင် တပည့်တောင် မဟုတ်ဘဲ အမည်ခံတပည့် တစ်ယောက်သာ ဖြစ်ရာ ဒါဟာ တကယ်ကို မထင်မရှား နေထိုင်ခြင်းရဲ့ အထွတ်အထိပ်ပါပဲ။

ကူချင်းဟွမ်းကတော့ ကျန်းပေရန် ထက် နည်းနည်းလေး ပိုသာပြီး တရားဝင် တပည့်တစ်ယောက် ဖြစ်လေသည်။

သူတို့နှစ်ယောက်လုံးက ဂိုဏ်းထဲမှာ ဘာပတ်သက်မှုမှ မရှိကြပေ။ ဒါပေမဲ့ ဒါက အပြင်ပန်းမှာသာ ဖြစ်ပြီး ဒီလောက်အထိ ထူးချွန်တဲ့ လူနှစ်ယောက်က ဂိုဏ်းတစ်ခုတည်းက ထွက်လာတာကို သူတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာကိုတော့ လော်ကျင့်ထျန်း က လုံးဝ မယုံကြည်ပေ။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အပြင်ပန်းမှာ သူတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိတာက လော်ကျင့်ထျန်း အတွက် စိတ်ကူးယဉ်စရာ နေရာလွတ်တွေ အများကြီး ပေးလိုက်သလို ဖြစ်သွားလေသည်။

ဥပမာအားဖြင့် သူတို့နှစ်ယောက်က ပြိုင်ဘက်တွေ ဖြစ်ပြီး တိတ်တဆိတ် အားပြိုင်နေကြတာမျိုးပေါ့။

တကယ်လို့သာ ဒီလိုမျိုး ဖြစ်နေမယ်ဆိုရင်တော့ လော်ကျင့်ထျန်း အတွက် အကောင်းဆုံးပါပဲ။ သူဟာ ကူချင်းဟွမ်း ကို အကောင်းဆုံး အရင်းအမြစ်တွေ ထောက်ပံ့ပေးပြီး ကျန်းပေရန် ကို ယှဥ်နိုင်တဲ့အထိ အားကောင်းလာအောင် မွေးမြူပေးမှာ သေချာသည်။

ဒါ့အပြင် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ သူတို့နှစ်ယောက်က စီနီယာ ဂျူနီယာ ညီအစ်ကိုတွေ ဖြစ်ကြပြီး ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပေမဲ့ အပြင်ပန်းမှာတော့ မပြသနိုင်တာမျိုး ဖြစ်နိုင်လေသည်။

ဒါပေမဲ့ လော်ကျင့်ထျန်း ကတော့ ပထမအချက်ကိုပဲ ပိုပြီး ယုံကြည်ချင်နေမိ၏။

ဘယ်ဂိုဏ်းမှာမဆို ထိပ်တန်း တပည့်တွေကြားမှာ ပြိုင်ဆိုင်မှုက ရှိစမြဲ မဟုတ်ပါလား။

ပိုပြီး တော်တဲ့သူတွေဆိုရင် ပိုပြီးတော့တောင် ပြိုင်ဆိုင်မှု ပြင်းထန်တတ်ကြသေးသည်။ တစ်ဖက်လူထက် ငါ ပိုတော်တယ်ဆိုတာကို အမြဲတမ်း သက်သေပြချင်နေကြတာမျိုးလေ။

အဲ့ဒီနောက်မှာတော့ လော်ကျင့်ထျန်းဟာ သူ ကူချင်းဟွမ်း ကို ကျန်းပေရန် နဲ့ ပတ်သက်ပြီး မေးခဲ့တုန်းက အခြေအနေတွေကို ပြန်စဉ်းစားကြည့်လိုက်လေသည်။ ကူချင်းဟွမ်း ရဲ့ အဖြေတွေက အမြဲတမ်း တည်ငြိမ်ပြီး အချက်အလက် ကျလှပေသည်။ သူဟာ ကျန်းပေရန် ရဲ့ အစွမ်းကို ကောင်းကောင်း သိသလို သူကိုယ်တိုင်လည်း ကျန်းပေရန် ကို မယှဥ်နိုင်ဘူးဆိုတာကို ဝန်ခံထားလေသည်။ ဒါကြောင့်လည်း သူ့ကို အလျင်စလို မလုပ်ဖို့ တားမြစ်ခဲ့တာ ဖြစ်ရပါမည်။

ဒါပေမဲ့ အဲ့ဒီ စကားတွေထဲက အသေးစိတ် အချက်အလက် တချို့ကို ပြန်တွေးကြည့်မယ်ဆိုရင် ရေရှည် စီစဉ်ရမည် ဆိုတဲ့ ဆိုလိုရင်းတွေ ပါဝင်နေလေသည်။

အတိုချုပ် ပြောရရင်တော့ သူဟာ အခုလောလောဆယ် ကျန်းပေရန် ကို မယှဥ်နိုင်သေးပေမဲ့ အင်အားတွေ ထပ်ပြီး စုဆောင်းပြီးရင်တော့ တစ်ပွဲတစ်လမ်း နွှဲလို့ ရနိုင်တယ်လို့ ယူဆနေပုံရ၏။

လော်ကျင့်ထျန်း စဉ်းစားနေတဲ့ အချိန်မှာပဲ အထက်လူကြီး တချို့က စကားစလိုက်ကြလေသည်။

"ကျွန်တော့် အမြင်အရတော့ ဆရာကူ နဲ့ ဆရာကျန်း တို့ ဘယ်လိုပဲ ပတ်သက်နေပါစေ ဆရာကူ ကို ငါတို့ဘက် ဆွဲဆောင်ထားတာက အကျိုးပဲ ရှိမှာပါ ဆိုးကျိုး မရှိနိုင်ဘူး"

"ဒီစကားကတော့ မှားနေပြီဗျ အခု ကျန်းပေရန် က ချီတိုင်းပြည် ကို သိမ်းပိုက်လိုက်တာက အတည်ဖြစ်သွားပြီ။ နောင်ကျရင် သူဟာ နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်မှာ အင်အားစု အသစ်တစ်ခု ဖြစ်လာမှာပဲ။ တစ်နည်းပြောရရင် သူဟာ ငါတို့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာတကယ်လို့ ဆရာကူ နဲ့ ကျန်းပေရန်က ဂိုဏ်းတစ်ခုတည်းက ဖြစ်နေမယ်ဆိုရင် ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းက ကျန်းပေရန် ရဲ့ မျက်စိအောက် ရောက်နေမှာ မဟုတ်ဘူးလား"

"ကျွန်တော်လည်း ကာကွယ်သူလီ ရဲ့ အမြင်အတိုင်းပါပဲ။ တကယ်လို့ ငါတို့က နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို စိုးမိုးချင်တယ်ဆိုရင် ဂိုဏ်းထဲမှာ ဒီလိုမျိုး မတည်ငြိမ်တဲ့ အချက်တွေကို ချန်မထားသင့်ဘူး"

"မှန်ပါတယ်။ ကျွန်တော်လည်း ကာကွယ်သူလီ ကို ထောက်ခံပါတယ်"

အစည်းအဝေးခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးနီးပါးက ကူချင်းဟွမ်း ကို ဂိုဏ်းရဲ့ အဓိက အသိုင်းအဝိုင်းထဲမှာ မထားသင့်ဘူးဆိုတဲ့ ဘက်ကို ရောက်နေကြလေသည်။

အဲ့ဒီအချိန်မှာပဲ အားလုံးရဲ့ ဝိုင်းဝန်း ပြောဆိုခြင်းကို ခံနေရတဲ့ ချင်းယိစန်းက ယပ်တောင်ကို ဖြန့်ပြီး ရယ်မောလိုက်လေသည်။

"အတွေးအခေါ်က သေးသိမ်လွန်းတယ် မင်းတို့ရဲ့ အတွေးအခေါ်က သေးသိမ်လွန်းတယ်"

ချင်းယိစန်း ရဲ့ လှောင်ပြောင်တဲ့ အသံကို ကြားတော့ တျန်းယာဂိုဏ်း ရဲ့ အထက်လူကြီးတွေ အားလုံးက မျက်မှောင်ကြုတ်မိသွားကြလေသည်။ ဒါပေမဲ့ သူတို့ကလည်း အသားကျနေပါပြီ။ ဒီလူက အမြဲတမ်း ဒီလို အကျင့်ရှိတာကိုး။

လော်ကျင့်ထျန်း က စကားစလိုက်၏။

" အကြီးအကဲချုပ် ချင်းရဲ့ အမြင်က ဘယ်လိုရှိလဲ"

ကူချင်းဟွမ်း မပေါ်လာခင်အထိ ချင်းယိစန်း ဟာ လော်ကျင့်ထျန်း ရဲ့ အယုံကြည်ရဆုံး အကြံပေး ဖြစ်ခဲ့တာပါ။ ဒါကြောင့် သူက ဘယ်လောက်ပဲ မောက်မာနေပါစေ တခြားလူတွေက သည်းခံခဲ့ကြရတာ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ သူက ဂိုဏ်းချုပ် ရဲ့ လူယုံ ဖြစ်နေသည် မဟုတ်ပါလား။

ဒါပေမဲ့ ကူချင်းဟွမ်း ပေါ်လာပြီး နှစ်ကြိမ်လောက် အကြံပေးပြီးတဲ့နောက်မှာတော့ ချင်းယိစန်း ဟာ သူ့ဘာသာ နောက်ကို ဆုတ်ပေးလိုက်ပြီး လော်ကျင့်ထျန်း ကို နောင်ကျရင် ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေရှိရင် ကူချင်းဟွမ်းကို အရင် မေးပါလို့ ပြောခဲ့လေသည်။

ဒီစကားတစ်ခွန်းကပဲ ကူချင်းဟွမ်း ကို လော်ကျင့်ထျန်း ရဲ့ စိတ်ထဲမှာ အဆင့်အတန်း မြင့်မားသွားစေခဲ့တာပါ။ မဟုတ်ဘူး ထိပ်ဆုံးကို တစ်ခါတည်း ရောက်သွားစေခဲ့တာ ဖြစ်လေသည်။

ဘာလို့လဲဆိုတော့ ချင်းယိစန်း ဟာ ဘယ်လောက်အထိ မောက်မာတဲ့သူလဲဆိုတာ လော်ကျင့်ထျန်း က ကောင်းကောင်း သိထားလို့ပါပဲ။ သူက ကျင့်စဉ်စွမ်းအားပိုင်းမှာ ထိပ်တန်းစာရင်းဝင် မဟုတ်ပေမဲ့ ဂိုဏ်းချုပ် ကလွဲရင် ဘယ်သူ့ကိုမှ အထင်မကြီးတဲ့သူပါ။

ပြီးတော့ သူ့ကို ရန်စချင်တဲ့သူတိုင်းကလည်း နောက်ဆုံးမှာ တကယ်ကို အရှက်တကွဲ ဖြစ်ပြီးမှ အဆုံးသတ်ခဲ့ရတာ ဖြစ်လေသည်။

ဒါကြောင့် ချင်းယိစန်း က ဒီစကားကို ပြောလိုက်တဲ့အခါ လော်ကျင့်ထျန်း မှာ တကယ့်ကို မှင်သက်သွားခဲ့ရတာပါ။ ဒါက တကယ်ကို မယုံနိုင်စရာ ကောင်းတဲ့ ကိစ္စပဲလေ။

နှာခေါင်းကို ကောင်းကင်ပေါ် ထောင်ထားတတ်တဲ့ ချင်းယိစန်း က လူငယ်လေးတစ်ယောက်ကို ဒီလောက်အထိ အထင်ကြီး လေးစားနေတယ်ဆိုတော့...

အခုတော့ ကူချင်းဟွမ်း ရဲ့ ကိစ္စကို ဆွေးနွေးနေတာဆိုတော့ လော်ကျင့်ထျန်း ကလည်း သူ့ရဲ့ အမြင်ကို သေချာပေါက် သိချင်နေမိလေသည်။

လော်ကျင့်ထျန်း ကို အရိုအသေပြု နှုတ်ဆက်ပြီးနောက် ချင်းယိစန်း က ပြန်ဖြေလိုက်၏။

"ဒီတစ်ခေါက် ဂူမျိုးနွယ်စု နဲ့ တိုက်ပွဲမှာ ဂိုဏ်းချုပ် အနေနဲ့ ကျန်းပေရန် ရဲ့ ကြောက်စရာကောင်းမှုကို တွေ့ခဲ့ပြီးပြီလို့ ထင်ပါတယ်"

ချင်းယိစန်းက ကျန်းပေရန်ကို "ကြောက်စရာကောင်းသော" ဆိုတဲ့ စကားလုံးနဲ့ သုံးနှုန်းလိုက်တဲ့အခါ နေရာမှာ ရှိနေတဲ့ အထက်လူကြီးတွေ အားလုံးက မျက်မှောင်ကြုတ်လိုက်ကြလေသည်။

ဒါက ချင်းယိစန်း အနေနဲ့ နဂါးနက် ကုန်းမြေတိုက်ကြီး ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကို ဒီလို မပြောသင့်ဘူးလို့ ထင်လို့ မဟုတ်ပါဘူး။ ကိုယ့်လူအင်အားကို ကိုယ်ပြန်ပြီး အထင်သေးရာ ရောက်နေတယ်လို့ ထင်နေကြလို့ ဖြစ်လေသည်။

လော်ကျင့်ထျန်း လည်း ဒီလိုပဲ ခံစားရပေမဲ့ ယွမ်မြို့တော် မှာ တွေ့ခဲ့ရတဲ့ အရာအားလုံးကို ပြန်တွေးကြည့်ရင်တော့ ချင်းယိစန်း ရဲ့ ဒီစကားလုံးကို သူက စိတ်ထဲကနေ အပြည့်အဝ လက်ခံလိုက်မိလေသည်။

ကြောက်စရာကောင်းသော……

ရုတ်တရက် ပေါ်လာတဲ့ ဒီလူငယ်လေး ပြသခဲ့သမျှ အရာအားလုံးက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပေသည်။

ဘာလို့လဲဆိုတော့ လော်ကျင့်ထျန်းက ကောင်းကောင်း သိထားလို့ပါပဲ။ ကျန်းပေရန် ဟာ မဟာမိတ်အဖြစ် ရှိနေတဲ့ အချိန်မှာ ဘယ်လောက်အထိ အားကိုးရသလဲ ဆိုတာနဲ့ ပြိုင်ဘက် ဖြစ်လာတဲ့ အချိန်မှာလည်း အဲ့ဒီလောက်အထိ ကြောက်စရာ ကောင်းလာမှာ ဖြစ်လို့ပါပဲ။

ပြီးတော့ လော်ကျင့်ထျန်း ဟာ သူ့ရဲ့ တစ်သက်တာမှာ ကျန်းပေရန်ထက် ပိုပြီး အားကိုးရတဲ့ မဟာမိတ်မျိုး တစ်ယောက်မှ မတွေ့ဖူးခဲ့ပါဘူး။

ဒါကြောင့် သူက ခေါင်းညိတ်လိုက်ပြီး ဝန်ခံလိုက်လေသည်။

"မှန်ပါတယ် တကယ်ကို ကြောက်စရာ ကောင်းတာပါ"

"ဂိုဏ်းချုပ် သူက..."

"ဂိုဏ်းချုပ် ကျွန်တော်..."

"ဂိုဏ်းချုပ် လုံးဝ..."

လော်ကျင့်ထျန်း က ဒီလို ပြောလိုက်တာနဲ့ အထက်လူကြီး အတော်များများက တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြလေသည်။ ဒါပေမဲ့ လော်ကျင့်ထျန်း က သူတို့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ညာဘက်လက်ကို ဖိချလိုက်တဲ့အခါ အားလုံးက နာခံစွာနဲ့ ပြန်ထိုင်လိုက်ကြရလေသည်။

"ဆက်ပြောပါ"

လော်ကျင့်ထျန်းက ချင်းယိစန်း ကို ကြည့်ကာ ပြောလိုက်လေသည်။

"ဟုတ်ကဲ့"

ဂိုဏ်းချုပ် ကို လက်အုပ်ချီ နှုတ်ဆက်ပြီးနောက် ချင်းယိစန်း က ဆက်ပြောလေသည်။

"ပထမဆုံး အချက်ကတော့ အတည်ပြုနိုင်တာ တစ်ခု ရှိပါတယ်။ ဆရာကူ ဟာ ငါတို့ဘက်ကနေ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တဲ့သူ တစ်ယောက်ပါ။ အခု အဆိပ်ငွေ့ ကိစ္စက ပြီးသွားခါစမို့လို့ သိပ်မထင်ရှားသေးပေမဲ့ အားလုံး ပြန်လည် နာလန်ထူလာတဲ့ အချိန်ကျရင် ငါတို့ ဖြေရှင်းရမယ့် ကိစ္စတွေနဲ့ မတော်တဆမှုတွေက ဂူမျိုးနွယ်စု ကျူးကျော်တုန်းကထက် အများကြီး ပိုပြီး များပြားလာမှာပါ။ ဒါကြောင့် ငါတို့ဟာ ဆရာကူ ရဲ့ ဉာဏ်ပညာကို အားကိုးပြီး အခွင့်အရေးတွေကို လက်ဦးမှု ရယူကာ အကျိုးအမြတ် အများဆုံး ရအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်"

"ဟင်း"

ထိုစဉ် လူကြီးတစ်ဦးက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

"တကယ်လို့ ဆရာကူက ကျန်းပေရန် ရဲ့ လူ ဖြစ်နေမယ်ဆိုရင်ရော။ သူ ငါတို့အတွက် ချပေးတဲ့ ဆုံးဖြတ်ချက်တိုင်းက နောက်ဆုံးမှာ ကျန်းပေရန် အတွက်ပဲ အကျိုးရှိသွားစေမှာ မဟုတ်ဘူးလား"

"ဟုတ်တယ် အကြီးအကဲလင် ပြောတာ မှန်တယ်"

"အင်း ကျွန်တော်လည်း အကြီးအကဲလင်ရဲ့ စကားကို ထောက်ခံပါတယ်"

"ဒီလို လုပ်တာက အန္တရာယ် အရမ်း များလွန်းတယ်"

ချင်းယိစန်း က နားထောင်ပြီးတော့ ခေါင်းယမ်းလိုက်ပြန်လေသည်။

"ဒါကြောင့် ပြောတာပေါ့ မင်းတို့က ကိစ္စတွေကို အရမ်း အစွန်းရောက်အောင် စဉ်းစားကြတာပဲ။ သူငယ်ချင်း ဖြစ်လို့ မရရင် ရန်သူ ဖြစ်ရမယ် ဆိုတာမျိုးလား"

"မဟုတ်လို့လား"

အကြီးအကဲလင် က ချင်းယိစန်း ကို စိုက်ကြည့်ပြီး မေးလိုက်လေသည်။

"သေချာပေါက် မဟုတ်ဘူးပေ့ါ"

ချင်းယိစန်း က ပြောရင်း လက်ထဲက ယပ်တောင်ကို လှုပ်ခတ်ကာ ပြုံးလျက် ပြန်ဖြေလိုက်၏။

"ငါ ခုနက ပြောခဲ့တာက ဆရာကူဟာ ငါတို့ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တယ် ဆိုတာပဲ။ ဒါပေမဲ့ ဒီ ရင်းနှီးမြှုပ်နှံမှုက နိုင်နိုင် ရှုံးရှုံး ငါတို့ကတော့ လုံလောက်တဲ့ အကျိုးအမြတ်တွေ ရမှာပဲ။ ကွာခြားတာကတော့ ဘယ်လောက် ရမလဲ ဆိုတာပဲ ရှိတာ"

"ဒါက ဘာကို ဆိုလိုတာလဲ"

လော်ကျင့်ထျန်း က ကြားလိုက်ရတဲ့အခါ ချက်ချင်း စိတ်ဝင်စားသွားလေသည်။ ရှုံးရင်တောင် မြတ်မယ်ဆိုတာက အရှုံးမရှိတဲ့ လုပ်ငန်း မဟုတ်ပါလား။ ဒီကမ္ဘာပေါ်မှာ ဘယ်သူက အရှုံးမရှိတဲ့ လုပ်ငန်းမျိုးကို မကြိုက်ဘဲ နေမှာလဲ။

"ဂိုဏ်းချုပ်ကို ပြန်ဖြေရမယ်ဆိုရင် ကျွန်တော်တို့ အခု တွက်ထားတာက ဆရာကူ နဲ့ ကျန်းပေရန် တို့ဟာ တိတ်တဆိတ် အားပြိုင်နေကြပြီး ဘယ်သူ ပိုတော်လဲ ဆိုတာကို သက်သေပြချင်နေကြတယ် ဆိုတဲ့ အချက်ပါ။ ဒါဆိုရင် ကျွန်တော်တို့က ဆရာကူ ကို အစွမ်းကုန် ထောက်ပံ့ပေးဖို့ပဲ လိုပါတယ်။ အဲ့ဒီအချိန်ကျရင် ကျန်းပေရန် နဲ့ တကယ် ရင်ဆိုင်ရရင်တောင်မှ ငါတို့ဘက်က အနိုင်ရဖို့ အခွင့်အရေး မရှိဘူးလို့ ပြောလို့ မရပါဘူး"

ချင်းယိစန်းက ပြောပြီးနောက် နေရာရှိ လူအားလုံးကို ဝေ့ကြည့်လိုက်လေသည်။

"ဆရာကူ ရဲ့ စွမ်းရည်ကို အားလုံးလည်း တွေ့ခဲ့ကြပြီးပြီလို့ ထင်ပါတယ်။ သူသာ မရှိရင် အခု ဒီမှာ ထိုင်နေတဲ့သူတွေထဲက တစ်ဝက်လောက်က ရှိတော့မှာ မဟုတ်ပါဘူး"

ဒီစကားကိုတော့ ဘယ်သူမှ မငြင်းကြပေ။ ဘာလို့လဲဆိုတော့ ကူချင်းဟွမ်း မပေါ်လာခင်တုန်းက သူတို့ရဲ့ ခုခံမှုတွေက တကယ်ကို ရုန်းကန်ခဲ့ရပြီး အတွင်းအားတွေကလည်း အရမ်း မြန်မြန်ဆန်ဆန် ကုန်ဆုံးခဲ့လို့ပါပဲ။

ဒါပေမဲ့ ကူချင်းဟွမ်း ပေါ်လာပြီးတော့ နည်းဗျူဟာတွေ ချပေးပြီး လူအင်အားတွေကို နေရာချပေးလိုက်တဲ့ အခါမှာတော့ အဲ့ဒီ ဂူမျိုးနွယ်စု တွေဟာ သူတို့ရဲ့ အစွမ်းတွေကို ဘယ်မှာ သုံးရမှန်း မသိ ဖြစ်သွားခဲ့ကြရတာပါ။ ဒါကြောင့်လည်း သူတို့တွေဟာ အနားယူဖို့ အခွင့်အရေး ရခဲ့ကြတာ ဖြစ်လေသည်။

ကူချင်းဟွမ်း ရဲ့ တော်မှုကို မျက်မြင်တွေ့ခဲ့ကြရတာကြောင့်လည်း ဒီ အနက်ရောင် သခင်ကြီး တွေနဲ့ အနက်ရောင် သူတော်စင် တွေက လူငယ်လေးတစ်ယောက်ကို ဆရာလို့ ခေါ်ဝေါ်ဖို့ ဝန်မလေးခဲ့ကြတာ ဖြစ်လေသည်။

ဘယ်သူမှ မငြင်းတာကို မြင်တော့ ချင်းယိစန်း က ဆက်ပြောလေသည်။

"ဒါဆိုရင် ငါတို့ နိုင်သွားပြီ ဆိုပါစို့။ ငါတို့ဘက်မှာ အစွမ်းထက်တဲ့ အကူအညီတစ်ခု ရလိုက်ရုံတင် မကဘူး သူက ငါတို့အတွက် အကြံဉာဏ်တွေ ပေးနိုင်မယ်။ ပြီးတော့ သူ့ဆီမှာ ရှိနေတဲ့ ဧကရာဇ်ဝိညာဉ်စွမ်းအား ရဲ့ လျှို့ဝှက်ချက်တွေကိုသာ ဖော်ထုတ်နိုင်မယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ ရလဒ်တစ်ခု ဖြစ်လာမှာပါ"

နေရာရှိ အထက်လူကြီးတွေ အားလုံး ထပ်ပြီး ခေါင်းညိတ်လိုက်ကြလေသည်။

ကူချင်းဟွမ်း ရဲ့ ကိုယ်ပေါ်မှာ ဧကရာဇ်ဝိညာဉ်စွမ်းအား ရှိနေတဲ့ ကိစ္စကို သူတို့တွေက အမြဲတမ်း စိတ်ဝင်စားနေခဲ့ကြတာပါ။ မည်သို့ပင်ဆိုစေ ဒါဟာ သူတို့တွေ အနက်ရောင် ဧကရာဇ် ဖြစ်လာနိုင်မလား ဆိုတာနဲ့ ပတ်သက်နေလို့ပါပဲ။

ဒီနှစ်ခုကြားမှာ ဆက်နွှယ်မှု ရှိမရှိ ဆိုတာကို သူတို့ သေချာ မသိရင်တောင်မှ အနက်ရောင် ဧကရာဇ် နဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကိုတော့ ဘယ်လောက်ပဲ ခက်ခဲပါစေ သူတို့က စမ်းသပ်ကြည့်ချင်ကြတာ သဘာဝပါပဲ။

"ကောင်းပြီ ဒါဆိုရင် နိုင်တဲ့ အခြေအနေကို ပြောပြီးပြီဆိုတော့ ရှုံးတဲ့ အခြေအနေကိုလည်း ပြောပြမယ်။ ငါ ခုနက ပြောခဲ့သလိုပဲ ကျန်းပေရန် ရဲ့ စွမ်းအားက ကြောက်စရာကောင်းတယ်လို့ပဲ ပြောလို့ ရပါတယ်။ ဒီမှာ ရှိနေတဲ့ ဘယ်သူမှ သူ့ကို ရန်သူအဖြစ် ရင်ဆိုင်ဖို့ သတ္တိရှိမယ်လို့ ငါ မထင်ဘူး"

ချင်းယိစန်း က ပြောပြီး ခဏလောက် ရပ်လိုက်ရာ ဘယ်သူမှ ထွက်မပြောတာကို တွေ့တော့မှ ဆက်ပြောလေသည်။

"ဒါပေမဲ့ ကျန်းပေရန် ကို ငါ အကဲခတ်ကြည့်ရသလောက် သူဟာ နယ်မြေလုပြီး အရှင်သခင် လုပ်ချင်တဲ့ စိတ်ဆန္ဒ မရှိဘူး။ သူ ပြုမူပုံက ဘာကိုယ်ကျိုးမှ မရှိတဲ့ သူတော်စင် တစ်ယောက်လိုပဲ။ ဒါပေမဲ့ ငါကတော့ သူတော်စင် ဆိုတာကို တစ်ခါမှ မယုံဘူး။ ဒါကြောင့် သူ့မှာလည်း သူ လိုချင်တဲ့ အရာတစ်ခုခုတော့ သေချာပေါက် ရှိမှာပဲ"

ချင်းယိစန်း ရဲ့ စကားကို ကြားတော့ အထက်လူကြီးတွေ အားလုံးက ခေါင်းညိတ်လိုက်ကြလေသည်။ ဒီအချက်ကိုတော့ သူတို့လည်း အပြည့်အဝ ထောက်ခံကြပါတယ်။

ဂိုဏ်းချုပ် လော်ကျင့်ထျန်း အပါအဝင်ပေါ့။

သူ့ရဲ့ စွမ်းအားက အနက်ရောင် သူတော်စင် အဆင့် ရောက်နေပြီ ဆိုပေမဲ့ သူလည်း လောကီ အလိုရမ္မတေးတွေ ရှိနေတုန်းပါပဲ။ ပြီးတော့ သူဟာ သူတော်စင် လို့ ဟန်ဆောင်တဲ့သူတွေ အများကြီးကိုလည်း တွေ့ဖူးတာကိုး။

ကျန်းပေရန် က တကယ်ပဲ ဘာမှ မလိုချင်ဘူးဆိုတာကို သူ မယုံပါဘူး။

သူက လူ မဟုတ်ရင်တော့ တစ်မျိုးပေါ့။

"ဒါဆိုရင် ဒီလို အခြေအနေမျိုးမှာ ငါတို့နဲ့ ဆရာကူ တို့ရဲ့ အကျိုးအမြတ်က တူညီနေသရွေ့ ကျန်းပေရန် နဲ့လည်း အကျိုးအမြတ်က တူညီနေမှာပဲ။ ပြီးတော့ ဒါဟာ အချိန်အတော်ကြာတဲ့အထိ အကျိုးအမြတ် အများဆုံး ရနိုင်မယ့် လမ်းကြောင်းပဲ ဖြစ်မှာပါ"

"နေဦး"

ကာကွယ်သူလီ က မျက်မှောင်ကြုတ်ပြီး ပြောလိုက်လေသည်။

"မင်းရဲ့ စကားအရဆိုရင် ငါတို့က ကျန်းပေရန် ရဲ့ လက်အောက်ခံ ဖြစ်ရမယ်လို့ ဆိုလိုတာလား"

ချင်းယိစန်း က နားထောင်ပြီးတော့ မအောင့်နိုင်ဘဲ သူ့ရဲ့ နဖူးကို လက်ဝါးနဲ့ ရိုက်လိုက်မိလေသည်။

"ငါက အကျိုးအမြတ် အများဆုံး ရမယ့် ကိစ္စကို ပြောနေတာလေ။ မင်းကတော့ ငါ့ကို ကျန်းပေရန် ရဲ့ လက်အောက်ခံ ဖြစ်ရမှာလား လို့ လာမေးနေတယ်။ မင်းရဲ့ ဦးနှောက်ထဲမှာ ဘာတွေ ရှိလဲဆိုတာကို ငါ တကယ်ပဲ ခွဲကြည့်ချင်နေပြီ"

"ဗွမ်း"

ကာကွယ်သူလီက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်။

"ချင်းယိစန်း မင်း ငါ့ကို လာပြီး အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ငါ ပြောတာ မှားလို့လား"

ချင်းယိစန်း က ခေါင်းယမ်းလိုက်လေသည်။

"ဒါဆိုရင် ငါ ကာကွယ်သူလီကို တစ်ခုလောက် မေးချင်တယ်။ မင်း တျန်းတိုင်းပြည်ကို တစ်တိုက်လုံးရဲ့ အရှင်သခင် ဖြစ်စေချင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ"

"ဒါကတော့ ငါတို့ရဲ့ အစွမ်းကို ပြသဖို့ပေါ့။ ငါတို့ တျန်းတိုင်းပြည် က ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကို လူတိုင်း သိအောင် လုပ်ဖို့ပဲ"

"အလကားပဲ"

"မင်း"

ကာကွယ်သူလီက လက်ညှိုးကို ချင်းယိစန်း ဆီ ရုတ်တရက် ညွှန်လိုက်ပြီး ကိုယ်တွင်းက အတွင်းအားတွေကလည်း ဒိုင်းခနဲ ပေါက်ကွဲထွက်လာလေသည်။

ကာကွယ်သူလီက တကယ် လက်ပါတော့မယ် ဆိုတာကို မြင်တော့ လော်ကျင့်ထျန်း က စကားစလိုက်၏။

"ကာကွယ်သူလီ စိတ်အေးအေးထားပါ။ ငါတို့က အချက်အလက်တွေ အပေါ်မှာပဲ အခြေခံပြီး ဆွေးနွေးနေကြတာလေ"

ပြီးတော့ ချင်းယိစန်း ဘက်ကို လှည့်ပြီး ပြောလိုက်ပြန်သည်။

"အကြီးအကဲချုပ်ချင်း ကလည်း စကားပြောရင် သတိထားပါဦး အချင်းချင်းတွေကြားမှာ စိတ်မဆိုးကြနဲ့လေ"

"ဟုတ်ကဲ့"

နှစ်ယောက်လုံးက လော်ကျင့်ထျန်း ကို တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြလေသည်။

စိတ်အေးသွားတဲ့နောက်မှာတော့ ချင်းယိစန်းက ယပ်တောင်ကို သိမ်းလိုက်ပြီး လီအစောင့်အကြပ် ကို လက်အုပ်ချီကာ ပြောလိုက်လေသည်။

"ခုနက ငါ ပြောတာ နည်းနည်း လွန်သွားပါတယ်။ ကာကွယ်သူလီ အနေနဲ့ စိတ်ထဲ မထားပါနဲ့ဦး"

"ငါ့ရဲ့ အမူအရာကလည်း မကောင်းခဲ့ပါဘူး ခွင့်လွှတ်ပေးပါ"

"ကောင်းပြီ"

ချင်းယိစန်း က ခေါင်းညိတ်လိုက်ပြီး ယပ်တောင်ကို ထပ်မံ ဖြန့်လိုက်ပြန်လေသည်။

"ငါ့မှာ ဒီမှာ ရှိနေတဲ့သူတွေလို မြင့်မြတ်တဲ့ ရည်မှန်းချက်တွေ မရှိပါဘူး။ ဂိုဏ်းချုပ်ကို တစ်တိုက်လုံးရဲ့ အရှင်သခင် ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကလည်း တစ်ခုတည်းပါပဲ"

"အကျိုးအမြတ်"

ချင်းယိစန်း က လက်နှစ်ချောင်းကို ထောင်ပြကာ ပြောလိုက်လေသည်။

"ဝိညာဉ်ကြောတွေ၊ ကောင်းကင်အဆင့် မှော်ကိရိယာတွေ၊ ကောင်းကင်အဆင့် ကျင့်စဉ်တွေ၊ ဒါတွေ အားလုံးကို လိုချင်တယ်။ ဒါတင် မကသေးဘူး ဆရာကူ ရဲ့ ကိုယ်ပေါ်မှာ အနက်ရောင် ဧကရာဇ် ဖြစ်လာနိုင်မယ့် အခွင့်အရေးကိုလည်း ငါတွေ့နေရတယ်"

"ဟူး..."

တစ်ခဏအတွင်း နေရာမှာ ရှိနေတဲ့ အထက်လူကြီးတွေ အားလုံး လက်သီးကို တင်းတင်းဆုပ်လိုက်ကြလေသည်။

ဟုတ်ပါသည် အနက်ရောင် ဧကရာဇ်... ဒါဟာ ကျင့်ကြံသူတိုင်းရဲ့ တစ်သက်တာ အိပ်မက် ဖြစ်သလို ဒီအတွက်ဆိုရင် ဘာမဆို ပေးဆပ်ဖို့ အသင့်ရှိနေကြတာပါ။

သူတို့ အားလုံးဟာ အဲ့ဒီ မသိနိုင်တဲ့ နယ်ပယ်ထဲကို ဝင်ရောက်ဖို့ အရမ်းကို တောင့်တနေကြတာ ဖြစ်လေသည်။

"ပြီးတော့ ကျန်းပေရန် နဲ့ ပူးပေါင်းတာက ဒါတွေ အားလုံးကို ရရှိဖို့ အကောင်းဆုံး နည်းလမ်းပဲ။ အနည်းဆုံးတော့ ငါ့ အနေနဲ့ ဒီထက်ကောင်းတဲ့ နည်းလမ်း မစဉ်းစားမိဘူး"

ချင်းယိစန်းက ပြောပြီး လော်ကျင့်ထျန်း ကို လက်အုပ်ချီနှုတ်ဆက်လိုက်လေသည်။

"ဂိုဏ်းချုပ် ကျွန်တော့်ရဲ့ အမြင်တွေကို ပြောပြပြီးပါပြီ။ ကျန်တာကတော့ ဂိုဏ်းချုပ် ဆုံးဖြတ်ဖို့ပါပဲ"

လော်ကျင့်ထျန်း က နားထောင်ပြီးနောက် မျက်စိမှိတ်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

"အကြီးအကဲချုပ် ရဲ့ စကားတွေက ငါ့ရဲ့ စိတ်နဲ့ ထပ်တူကျလှပေတယ်"

ဒီတစ်ခါတော့ အထက်လူကြီးတွေထဲက ဘယ်သူမှ ထွက်မကန့်ကွက်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဂိုဏ်းချုပ်က ဆုံးဖြတ်ချက် ချလိုက်ပြီဆိုတာ သူတို့ သိသွားလို့ပါပဲ။

"အကြီးအကဲချုပ် ပြောသလိုပါပဲ လူဆိုရင်တော့ အလိုရမ္မက်ဆိုတာ ရှိတာပဲ။ ငါ လော်ကျင့်ထျန်း မှာလည်း ရှိတယ်။ အနက်ရောင် ဧကရာဇ် ဖြစ်လာမယ်ဆိုရင် ငါကတော့ ဘယ်လို တန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ အသင့်ပဲ။ ဒီအချက်မှာတော့ ဒီမှာ ရှိနေတဲ့သူတွေလည်း ငါနဲ့ အတူတူပဲလို့ ထင်ပါတယ် ဟုတ်တယ် မဟုတ်လား"

"မှန်ပါတယ်"

အားလုံးက တညီတညွတ်တည်း လက်အုပ်ချီကာ ပြောလိုက်ကြလေသည်။

"ကောင်းပြီ"

လော်ကျင့်ထျန်း က ပြောရင်း ဒိုင်းခနဲ မတ်တပ်ရပ်လိုက်လေသည်။

"အခု အခြေအနေက အကြီးအကဲချုပ် ပြောသလိုပါပဲ။ ကျန်းပေရန် နဲ့ ပူးပေါင်းတာက အကျိုးအမြတ် အများဆုံး ရမယ့် နည်းလမ်းပဲ။ ပြီးတော့ ငါတို့ လက်ထဲမှာ ရှိနေတဲ့ အကောင်းဆုံး ဖဲချပ်ကတော့..."

"ဆရာကူ ပဲ ဖြစ်မယ်"

အခန်း ၆၈၅

တကယ်တော့ ဒီနေ့ အစည်းအဝေး မတိုင်ခင်မှာ လော်ကျင့်ထျန်း ဟာ ဝေခွဲမရ ဖြစ်နေဆဲ ဖြစ်လေသည်။

သူဟာ ကူချင်းဟွမ်း ရဲ့ စွမ်းဆောင်ရည်ကို အလွန် သဘောကျတာကတော့ ငြင်းလို့မရတဲ့ အချက်ပါပဲ။ မဟုတ်ရင် သူကဲ့သို့ အဆင့်အတန်း မြင့်မားတဲ့သူက လူငယ်လေးတစ်ယောက်ကို ဆရာကြီး လို့ ခေါ်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ သူ့မှာလည်း ကြီးမားတဲ့ ရည်မှန်းချက်တစ်ခု ရှိနေလေသည်။ အဟန့်အတားတွေ အားလုံးကို ရှင်းလင်းပြီး တစ်တိုက်လုံးကို စိုးမိုးချင်တဲ့ ရည်မှန်းချက်ပဲ ဖြစ်၏။

သူ့ရဲ့ အမြင်မှာတော့ ကျန်းပေရန် ဟာ သေချာပေါက် အဟန့်အတားတွေထဲက တစ်ခု ဖြစ်နေခဲ့လေသည်။

ဒါပေမဲ့ ချင်းယိစန်း ရဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အတွေးအခေါ်တွေက တကယ်ပဲ သေးသိမ်နေခဲ့မှန်း သူ သဘောပေါက်သွားခဲ့လေသည်။

ထာဝရ ရန်သူဆိုတာ မရှိဘူး။ ထာဝရ အကျိုးအမြတ်ပဲ ရှိတာပါ။

လောလောဆယ် အခြေအနေအရ ကျန်းပေရန် နဲ့ ပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်တာကတော့ သံသယဖြစ်စရာ မလိုပါဘူး။

သေချာတာကတော့ သူ့ကို အဆွဲဆောင်နိုင်ဆုံးက အနက်ရောင် ဧကရာဇ် ဆိုတဲ့ စကားလုံး နှစ်လုံးပဲ။

နဂါးနက် ကုန်းမြေတိုက်ကြီး ရဲ့ ထိပ်တန်း အားကြီးသူတွေထဲက တစ်ယောက်အနေနဲ့ သူဟာ ဘယ်လိုလုပ်ပြီး အဲ့ဒီ ဒဏ္ဍာရီလာ နယ်ပယ်ထဲကို ခြေမလှမ်းချင်ဘဲ နေပါ့မလဲ။

အခုတော့ အခွင့်အရေးက သူ့ရှေ့ကို ရောက်နေပြီမို့လို့ သူဟာ ဒီအခွင့်အရေးကို ကိုယ်တိုင် တွန်းထုတ်ဖို့ စိတ်မကူးတော့ပါဘူး။

ဒါကြောင့် သူဟာ အများကြီး တွေဝေမနေတော့ဘဲ ချင်းယိစန်း ရဲ့ အကြံပေးချက်ကို တိုက်ရိုက် လက်ခံလိုက်လေသည်။ အရှုံးမရှိတဲ့ ဒီရင်းနှီးမြှုပ်နှံမှုကိုပေါ့။

...

တခြားတစ်ဖက်မှာတော့ ကျန်းပေရန် ရဲ့ ပျံသန်းစံအိမ် ဟာ တျန်းတိုင်းပြည် နယ်နိမိတ်ထဲက လယ်တောအိမ်လေး တစ်ခုဆီကို ဆိုက်ကပ်သွားလေသည်။

ဒီနေရာက ရွှီမေယင် ရဲ့ အိမ်ပဲ ဖြစ်လေသည်။ ရိုးရှင်းပြီး ဘာမှ ထူးထူးခြားခြား မရှိတာကြောင့် အပြင်ပန်းက ကြည့်ရင်တော့ ဒီနေရာမှာ တစ္ဆေ ကျင့်ကြံသူ လိုမျိုး လူတစ်ယောက် ရှိနေမယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ပါဘူး။

"ဒေါက်... ဒေါက်ဒေါက်... ဒေါက်ဒေါက်ဒေါက်"

စည်းချက်ကျကျ တံခါးခေါက်သံကို ကြားလိုက်ရတဲ့အခါ ဒီ တစ္ဆေ ကျင့်ကြံသူ တွေဟာ ပုံမှန်အချိန်မှာ တကယ်ကို ဂရုတစိုက်နဲ့ ပုန်းကွယ်နေကြတာပဲလို့ ကျန်းပေရန် သဘောပေါက်လိုက်လေသည်။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်တော့ ဒီအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်တဲ့ တစ္ဆေ ကျင့်ကြံသူ တွေဆိုတာ အဖမ်းအဆီးတွေ အလီလီကို ရှောင်ရှားလာခဲ့ရတာမို့လို့ သေချာပေါက် လူလည်တွေထဲက လူလည်တွေ ဖြစ်နေမှာပါပဲ။

သိပ်မကြာခင်မှာပဲ အိမ်ထဲကနေ အလျင်စလို လျှောက်လာတဲ့ ခြေသံတွေကို ကျန်းပေရန် ကြားလိုက်ရလေသည်။

ကျွန်းခနဲ အသံနဲ့အတူ သစ်သားတံခါး ပွင့်လာပြီး အထဲက လူတစ်ယောက် ခေါင်းပြူကြည့်ကာ ဝမ်းသာအားရ အော်လိုက်လေသည်။

"အမေ... အမေ ပြန်လာပြီလား"

ပြောပြီးတဲ့နောက်မှာတော့ အမေဖြစ်သူရဲ့ အနောက်မှာ ရင်းနှီးနေတဲ့ လူငယ်တစ်ယောက် ပါလာတာကို သူ တွေ့သွားလေသည်။

"ဒီလူက..."

"ဟင်း... မင်းကတော့ ယွမ်မြို့တော် ကို တစ်ခေါက် သွားလာတာတောင် သူ့ကို မမှတ်မိဘူးလား မင်းရဲ့ ဦးနှောက်ထဲမှာ နေ့တိုင်း ဘာတွေ စဉ်းစားနေလဲဆိုတာ ငါ တကယ် မသိတော့ဘူး"

ရွှီမေယင် က ပြောရင်းနဲ့ အဲ့ဒီ သတ်လက်ပိုင်းအရွယ် အမျိုးသားရဲ့ နားရွက်ကို အတင်း ဆွဲလိမ်လိုက်ပြီး မေးလိုက်လေသည်။

"ငါ မင်းကို လမ်းစပေးပြီးပြီနော် အခု ထပ်ပြီး ခန့်မှန်းကြည့်စမ်း ဒါ ဘယ်သူလဲဆိုတာ"

နားရွက် အဆွဲခံရတာကို အသားကျနေပုံရတဲ့ အဲ့ဒီ အမျိုးသားကတော့ ပါးစပ်ကနေ နာတယ် နာတယ် လို့ အော်နေပေမဲ့ ကျန်းပေရန်ကို ကြည့်တဲ့ အကြည့်တွေကတော့ တည်ငြိမ်နေပြီး နာကျင်တဲ့ အရိပ်အယောင် နည်းနည်းလေးမှ မရှိပါဘူး။

"ဒါဆိုရင်... ဆရာကျန်း လား"

သဘောပေါက်သွားတဲ့ အမျိုးသားက အသံကျယ်ကြီးနဲ့ အော်လိုက်လေသည်။

"နောက်ဆုံးတော့လည်း မအသေးဘူးပဲ"

ရွှီမေယင်က ကျေနပ်သွားပြီးမှ လက်ကို လွှတ်ပေးလိုက်လေသည်။ ပြီးတော့ ကျန်းပေရန် ဘက်ကို လှည့်ပြီး ပြောလိုက်၏။

"လာ လာ အထဲကို ကြွပါ"

အိမ်ထဲကို ရောက်တော့ ကျန်းပေရန်က အထဲမှာ လျှို့ဝှက်ခန်းတွေ ဘာတွေ ရှိမယ်လို့ ထင်ထားတာပါ။ ဒါပေမဲ့ သူတို့က တကယ်ကို ဒီဟောင်းနွမ်းတဲ့ အိမ်လေးထဲမှာပဲ နေထိုင်ကြတာ ဖြစ်လေသည်။ ပရိဘောဂတွေကလည်း တကယ်ကို ဟောင်းနွမ်းနေပြီး ဟန်ဆောင်ထားတာကတော့ တကယ်ကို အပြည့်ပါပဲ။

စကားပြောရင်း မိတ်ဆက်ပေးတဲ့အခါမှာတော့ ဒီအမျိုးသားရဲ့ နာမည်က ရှုရှန်းကျယ် ဖြစ်ပြီး ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေမဲ့ တစ္ဆေ ကျင့်ကြံသူ မဟုတ်ဘဲ အနက်ရောင် ကျင့်ကြံသူ တစ်ယောက် ဖြစ်မှန်း သိလိုက်ရလေသည်။

ရွှီမေယင် ရဲ့ ပြောစကားအရဆိုရင်တော့ ရှုရှန်းကျယ်မှာ တစ္ဆေလမ်းစဉ် ကျင့်ကြံဖို့ ပါရမီ မပါတာကြောင့် ဒုတိယ အကောင်းဆုံး ဖြစ်တဲ့ အနက်ရောင် ကျင့်ကြံသူ လမ်းစဉ်ကိုပဲ ရွေးချယ်ခိုင်းလိုက်တာ ဖြစ်လေသည်။

အရင်က အဆိပ်ငွေ့တွေ ကျူးကျော်တုန်းက သူတို့ မိသားစု တစ်ခုလုံးဟာ တျန်းတိုင်းပြည် ရဲ့ မြို့တော် ချင်းယွမ်ဆီကို ထွက်ပြေးခဲ့ကြရတာပါ။ အဲ့ဒီနောက်မှာတော့ ထုန်တိုင်းပြည် ရဲ့ ကယ်တင်မှုကို ရရှိခဲ့ပြီး တပ်မတော်ကြီးနဲ့ အတူ ယွမ်မြို့တော် ဆီကို ရောက်သွားခဲ့ကြတာ ဖြစ်လေသည်။

ပုံမှန်အတိုင်း ပုန်းကွယ်နေကျမို့လို့ ယွမ်မြို့တော် ကို ရောက်တဲ့ အချိန်မှာလည်း သူတို့က အပြင်ကို လုံးဝ မထွက်ဘဲ အိမ်ထဲမှာပဲ အောင်းနေခဲ့ကြတာပါ။ ကုလျန်အန်း က ရွှီမေယင် ကို ရှာမတွေ့ခင်အထိပေါ့။

အဲ့ဒီနောက်မှာတော့ နိုင်ငံအသီးသီးက လူတွေ ပြန်တဲ့ အချိန်မှာ ရွှီမေယင် ရဲ့ မိသားစုဝင်တွေက တပ်မတော်ကြီးနဲ့ အတူ အရင် ပြန်လာခဲ့ကြတာ ဖြစ်လေသည်။ ရွှီမေယင် တစ်ယောက်တည်းသာ ကျန်းပေရန် ရဲ့ ကတိကို စောင့်ဖို့အတွက် ယွမ်မြို့တော် မှာ ကျန်ရစ်ခဲ့တာ ဖြစ်၏။

စကားပြောနေတုန်းမှာ ရွှီမေယင်က ကျန်းပေရန် အရမ်း အလုပ်များနေမှာ စိုးရိမ်လို့သာ အဲ့ဒီတုန်းက သူမရဲ့ ယာယီ နေအိမ်ကို မဖိတ်ခေါ်ခဲ့တာလို့ ရှင်းပြခဲ့လေသည်။

ကိစ္စတွေ အားလုံး ပြီးသွားမှပဲ အိမ်မှာ စားပွဲသောက်ပွဲ ပြင်ဆင်ပြီး ကျန်းပေရန်ကို ဧည့်ခံဖို့ စဉ်းစားထားခဲ့တာပါ။

ရွှီမေယင်မှာ အကြံအစည်လေးတွေ ရှိနေတာကို ကျန်းပေရန် သိပေမဲ့လည်း ဒါက သူ့ကို ဆွဲဆောင်ချင်တဲ့ သဘောမျိုးပဲ ရှိပြီး မကောင်းတဲ့ ရည်ရွယ်ချက် မရှိတာကြောင့် သူလည်း စိတ်မဆိုးပါဘူး။

အခြေခံ ကိစ္စတွေကို ပြောပြီးတဲ့နောက် ရွှီမေယင် က ရှုရှန်းကျယ် ကို မေးလိုက်လေသည်။

"နီအာ ရော"

"အိမ်နောက်ဖေးမှာ သူ့အမေကို ဟင်းချက်ဖို့ ကူညီပေးနေတယ်"

ရှုရှန်းကျယ် က ပြောပြီး ကျန်းပေရန် ဘက်ကို လှည့်ကာ ဆက်ပြောလေသည်။

"ဒီနေ့ ဆရာကျန်း လာမယ်လို့ မသိထားတာကြောင့် အိမ်မှာ ကိုယ်တိုင်စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ရှိတယ် ဆရာကျန်း အနေနဲ့ ဒီအတိုင်းပဲ အဆင်ပြေအောင် သုံးဆောင်ပေးပါဦး မနက်ဖြန်ကျမှ ကျွန်တော်..."

"မနက်ဖြန် ဘာလုပ်မှာလဲ"

ရွှီမေယင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တဲ့အခါ ရှုရှန်းကျယ် လည်း ချက်ချင်းပဲ စကားစ ဖြတ်လိုက်ရလေသည်။

"ဆရာကျန်းက ခက်ခက်ခဲခဲ လာရတာကို သေချာပေါက် အကောင်းဆုံးတွေနဲ့ ဧည့်ခံရမှာပေါ့"

ဒီစကားကို ကြားတော့ ကျန်းပေရန်က အမြန် လက်ကာပြပြီး ပြောလိုက်လေသည်။

"အပင်ပန်း မခံပါနဲ့တော့ အိမ်မှာ စိုက်ထားတဲ့ ဟင်းတွေက တကယ်ကို ကောင်းပါတယ် ကျွန်တော်က အိမ်ချက်ဟင်းတွေကိုပဲ ပိုသဘောကျတယ်"

"မဖြစ်ဘူး မဖြစ်ဘူး"

ရွှီမေယင် က ခေါင်းကို တွင်တွင်ယမ်းပြီး ပြောလိုက်လေသည်။

"စားစရာ သောက်စရာကို ဒီအတိုင်း ပစ်စလက်ခတ် လုပ်လို့ မရပါဘူး ရှန်းကျယ်... နီအာ ကို မြို့ထဲ လွှတ်ပြီး အကောင်းဆုံး အသားတွေ သွားဝယ်ခိုင်းလိုက်စမ်း"

ပြီးတော့ ကျန်းပေရန် ဘက်ကို လှည့်ပြီး ပြောလိုက်ပြန်သည်။

"ဆရာကျန်း လည်း အပျင်းပြေအောင် လိုက်သွားပြီး လည်ပတ်ကြည့်ပါလား ဒီနေရာက ဝေးလံပေမဲ့လည်း ပျော်စရာကောင်းတဲ့ နေရာတွေ အများကြီး ရှိပါတယ်"

ဒီမြေးမလေးနဲ့ မတွေ့ရမချင်း သူ လွတ်မှာ မဟုတ်ဘူးဆိုတာကို ကျန်းပေရန် သိတာကြောင့် ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။

"ဒါဆိုရင်တော့ အဘွား စီစဉ်တဲ့အတိုင်းပါပဲ"

"အေး... အဲ့ဒါမှပေါ့"

ကျန်းပေရန် က ဒီလောက် အလွယ်တကူ သဘောတူလိုက်တာကို တွေ့တော့ ရွှီမေယင် ရဲ့ မျက်နှာက အရေးအကြောင်းတွေတောင် ပြေလျော့သွားတဲ့အထိ ဝမ်းသာသွားပြီး ရှုရှန်းကျယ်ကို နီအာ ကို သွားခေါ်ဖို့ အတင်း တိုက်တွန်းလိုက်လေသည်။

"ကောင်းပါပြီ ကျွန်တော် အခုပဲ သွားခေါ်လိုက်ပါ့မယ်"

ရှုရှန်းကျယ်က မအပါဘူး။ သူ့အမေ ဘာလုပ်ချင်နေလဲဆိုတာကို သူ အနည်းနဲ့အများတော့ ရိပ်မိပါတယ်။ တစ်ခဏအတွင်း ရှုရှန်းကျယ်ဟာ ကျန်းပေရန် ကို ထူးဆန်းတဲ့ အကြည့်တစ်ချက်နဲ့ ကြည့်လိုက်မိလေသည်။

ယွမ်မြို့တော် မှာ ကျန်းပေရန် နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီပေါင်းစုံကို သူ ကြားခဲ့ရပေမဲ့လည်း သူ့ရဲ့ အဖိုးတန် သမီးလေးကို လာပြီး ခူးဆွတ်တော့မယ်လို့ တွေးမိတဲ့အခါ ရင်ထဲမှာတော့ တစ်မျိုးကြီး ဖြစ်သွားရလေသည်။

ဒါပေမဲ့ သူကလည်း အမေဖြစ်သူရဲ့ အမိန့်ကို မလွန်ဆန်ရဲတာကြောင့် အိမ်နောက်ဖေးကို ပြေးသွားပြီး သမီးဖြစ်သူကို ခေါ်လာခဲ့ရလေသည်။

ရွှီမေယင် ရဲ့ မြေးမလေးကို မြင်လိုက်ရတဲ့ တစ်ခဏမှာ ကျန်းပေရန် ရဲ့ ပထမဆုံး အတွေးကတော့...

လှပတယ် ဆိုတဲ့ အချက်မှာတော့ လိမ်မပြောခဲ့ဘူးပဲ ဟူ၍ ဖြစ်လေသည်။

မိန်းကလေးဟာ အရွယ်ရောက်စ အရွယ်လေး ဖြစ်ပုံရ၏။

မျက်ခုံးလေးတွေက ပန်းချီကားတစ်ချပ်လို ရှည်လျားလှပပြီး မျက်လုံးလေးတွေကတော့ ကြယ်ကလေးတွေလို တောက်ပနေလေသည်။ နှာတံစင်းစင်းလေးအောက်မှာ ပါးလွှာတဲ့ နှုတ်ခမ်းလေး ရှိပြီး ဖြူစင်တဲ့ မျက်နှာလေးကတော့ တကယ်ကို ချစ်စရာ ကောင်းလှပေသည်။

မထင်မရှား နေချင်တာကြောင့် ဖြစ်ရပါမည်။ သူမရဲ့ မျက်နှာမှာ ဘာအလှပြင်ပစ္စည်းမှ မရှိသလို ဘာလက်ဝတ်ရတနာမှလည်း ဝတ်မထားပါဘူး။ ကိုယ်ပေါ်မှာ ဝတ်ထားတာကလည်း ကြမ်းတမ်းတဲ့ အဝတ်အစားတွေမို့လို့ ကြည့်ရတာ အရမ်းကို ရိုးရှင်းပြီး အိမ်နီးနားချင်းက ကောင်မလေး တစ်ယောက်လိုမျိုး ခံစားရစေပါတယ်။

"အိုး... နီအာ လေး လိမ္မာတယ် အဘွားဆီ လာပါဦး"

အဲ့ဒီအချိန်မှာ ရွှီမေယင် က ရုတ်တရက် ရယ်မောလိုက်ပြီး သူမရဲ့ မြေးမလေးဆီကို လက်နှစ်ဖက် ဆန့်တန်းကာ ခေါ်လိုက်လေသည်။

'ဟင်'

ဒီမြင်ကွင်းကို ကြည့်ပြီး ကျန်းပေရန် အနည်းငယ် ကြောင်သွားပါတယ်။ ဘာလို့လဲဆိုတော့ ရွှီမေယင် ရဲ့ စကားကို နားထောင်ကြည့်ရင် မြေးမလေးက အဘွား လို့ ချိုချိုသာသာ ခေါ်လိုက်သလိုမျိုး ခံစားရလို့ပါပဲ။ ဒါပေမဲ့ ပြဿနာက အဲ့ဒီ မိန်းကလေးဟာ ပါးစပ် လုံးဝ မဟခဲ့သလို ကျန်းပေရန် လည်း ဘာအသံမှ မကြားခဲ့ရပါဘူး။

မြေးမလေးကို ရင်ခွင်ထဲ ထည့်ပြီး ချော့မြူပြီးတဲ့နောက် ရွှီမေယင် က ကျန်းပေရန် ဘက်ကို ညွှန်ပြပြီး ပြောလိုက်လေသည်။

"မြန်မြန် ခေါ်လိုက်ဦး... ဆရာကျန်း တဲ့ သူက လူတိုင်းကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကြီးလေ"

အဲ့ဒီ မိန်းကလေးက နားထောင်ပြီးတော့ ကျန်းပေရန် ကို မော့ကြည့်ကာ အရိုအသေ ပေးလိုက်လေသည်။ အဲ့ဒီနောက်မှာတော့ ကျန်းပေရန် ရဲ့ ဦးနှောက်ထဲမှာ အလွန် သာယာလှတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"ကျွန်မ ဆရာကျန်းကို ဂါရဝပြုပါတယ်"

'ဟင်'

ကျန်းပေရန် ထပ်ပြီး အံ့ဩသွားပြန်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသံက ဝိညာဉ်အာရုံနဲ့ စကားပြောတာနဲ့ မတူလို့ပါပဲ။ ဝိညာဉ်အာရုံနဲ့ စကားပြောရင် နားထဲမှာ အသံကြားရသလို ခံစားရပေမဲ့ ဒီမိန်းကလေးရဲ့ အသံကတော့ သူ့ရဲ့ စိတ်ထဲကနေ တိုက်ရိုက် ထွက်ပေါ်လာသလိုမျိုး ဖြစ်နေလို့ပါပဲ။

ဒီခံစားချက်က ဖော်ပြဖို့ အရမ်း ခက်ပါတယ်။ အတိုချုပ် ပြောရရင်တော့ ထူးဆန်းနေတာပါပဲ။

ကျန်းပေရန် ရဲ့ ထူးဆန်းနေတဲ့ မျက်နှာကို ကြည့်ပြီး ရွှီမေယင် က ရယ်မောလိုက်လေသည်။

"ဟားဟားဟား ဆရာကျန်း လန့်သွားပြီ ထင်တယ် ငါ့ရဲ့ မြေးမလေးက မွေးကတည်းက စကားမပြောနိုင်ဘူးလေ ဒါပေမဲ့ သူ့မှာတော့ နလင် ဆိုတဲ့ ထူးခြားတဲ့ စွမ်းရည် ရှိတယ် အစမှာတော့ နည်းနည်း ထူးဆန်းနေလိမ့်မယ် ဒါပေမဲ့ အများကြီး နားထောင်ရင်တော့ အသားကျသွားမှာပါ"

"နလင် လား"

"ဟုတ်တယ်"

ရွှီမေယင် က ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောလေသည်။

"ဒါက အသံက ဝိညာဉ်ကို တိုက်ရိုက် ရိုက်ခတ်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဒါက တကယ်ကို အံ့ဩစရာ ကောင်းတဲ့ ပါရမီ တစ်ခုပါပဲ ဆရာကျန်း လည်း စဉ်းစားကြည့်လို့ ရပါတယ် တကယ်လို့ နီအာ က ကျိန်စာ စကားလုံးတွေနဲ့ တစ်ဖက်လူကို တိုက်ခိုက်မယ်ဆိုရင် အဲ့ဒါကို ဘယ်လိုမှ ခုခံလို့ မရနိုင်ဘူးလေ"

ရွှီမေယင် ရဲ့ ဒီရှင်းပြချက်ကို ကြားတော့မှပဲ ကျန်းပေရန်ဟာ ဒီပါရမီက တကယ်ကို ကောင်းကင်အလိုကို ဆန့်ကျင်နေမှန်း သတိထားမိလိုက်လေသည်။

အတတ်ပညာတွေထဲမှာ ကျိန်စာ တိုက်တဲ့ ပညာရပ်တစ်ခု ရှိပါတယ်။ စကားလုံးတွေနဲ့ တစ်ဖက်လူကို ကျိန်စာတိုက်တာ ဒါမှမဟုတ် တိုက်ခိုက်တာမျိုးပေါ့။

ကျန်းပေရန် လည်း ဗေဒင် အတတ်ပညာ အဆင့်တက်သွားတော့မှ ဒီအကြောင်းကို သိခဲ့တာပါ။ ကုလျန်အန်းလည်း ဒီဘက်မှာ သေချာပေါက် ကျွမ်းကျင်မှာပါ။

ဒီလို ကျိန်စာတိုက်တဲ့ ပညာရပ်က စကားလုံး ဝိညာဉ် ပညာရပ်နဲ့ ဆင်တူပါတယ်။

ဥပမာအားဖြင့် ဗေဒင်ဆရာ တစ်ယောက်က မင်းကို အခု အရမ်း ပူနေပြီလို့ ကျိန်စာတိုက်လိုက်ရင် မင်းရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပူလာပြီး နောက်ဆုံးမှာ အပူလွန်ကဲပြီး သေသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် မင်းရဲ့ ခွန်အားတွေ တဖြည်းဖြည်း နည်းပါးသွားအောင်လည်း ကျိန်စာတိုက်လို့ ရပါသေးသည်။

ဒီလို ကျိန်စာမျိုးက အစမှာတော့ သိပ်မသိသာပေမဲ့ လအနည်းငယ် ကြာတဲ့အခါမှာတော့ ခြေလက်တွေ အားမရှိတော့ဘဲ လမ်းလျှောက်ဖို့တောင် ခက်ခဲသွားနိုင်ပါတယ်။

ဒါက တကယ်ကို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှု နည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

သေချာတာကတော့ ဒီလို တိုက်ခိုက်မှုကလည်း ပြိုင်ဘက်ကင်းတော့ မဟုတ်ပါဘူး။ စိတ်ဓာတ် ခိုင်မာတဲ့သူ ဒါမှမဟုတ် ဝိညာဉ်စွမ်းအား ကြီးမားတဲ့သူတွေကတော့ ဒီလို အသံတွေကို ပိတ်ပင်ထားနိုင်ပါတယ်။ ကျင့်စဉ်စွမ်းအား မြင့်မားတဲ့သူတွေရဲ့ ဝိညာဉ်ကလည်း အတူတူ အားကောင်းတာမို့လို့ သူတို့ကို ကျိန်စာနဲ့ ထိခိုက်အောင် လုပ်ဖို့ကတော့ ခက်ခဲပါသေးသည်။

ဒါက ကျန်းပေရန် ရဲ့ စကားလုံး ဝိညာဉ် ပညာရပ်နဲ့ အတူတူပါပဲ။ သူ့ရဲ့ အဆင့်က မမြင့်သေးတာကြောင့် အနက်ရောင် ဘုရင် အဆင့်လောက်ရှိတဲ့ အားနည်းတဲ့သူတွေကိုပဲ နောက်ပြောင်လို့ ရတာမျိုးပေါ့။

ဒါပေမဲ့ ရွှီမေယင် ရဲ့ မြေးမလေးရဲ့ ဒီ နလင် ပါရမီကတော့ တကယ်ကို အစွမ်းထက်ပါတယ်။ ကျန်းပေရန်က ဒါကို လက်တွေ့မှာ ဘယ်လို အသုံးချရမလဲ ဆိုတာ မသိသေးပေမဲ့လည်း အဲ့ဒီလို ကျိန်စာ စကားလုံးတွေက ဝိညာဉ်ထဲမှာ တိုက်ရိုက် ပဲ့တင်ထပ်နေမယ်ဆိုရင်တော့ အာနိသင်က အနည်းဆုံးတော့ အဆတစ်ထောင်လောက် ပိုပြီး ပြင်းထန်သွားမှာ သေချာပါတယ်။ ဒါက တကယ်ကို အဓိပ္ပာယ် မရှိတာပါပဲ။

စဉ်းစားကြည့်ရုံနဲ့တင် ကျန်းပေရန် ရဲ့ ဦးရေပြားတွေပါ ထုံကျဉ်လာသလို ခံစားလိုက်ရလေသည်။

မင်းရဲ့ ဦးနှောက်ထဲမှာ ၂၄ နာရီပတ်လုံး သရဲကားထဲက အသံတွေ ကြားနေရမယ်ဆိုရင် ဘယ်လို ခံစားရမလဲ ဆိုတာကိုပေါ့။

ဒီလို စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုက လူတစ်ယောက်ကို သေကြောင်းကြံအောင် လုပ်ဖို့ လုံလောက်ရုံတင်မကဘဲ ခုခံဖို့လည်း လုံးဝ မဖြစ်နိုင်ပါဘူး။

'ဒါက တကယ့်ကို လူသတ်လက်နက်ကြီးပဲ'

တစ်ခဏအတွင်း ကျန်းပေရန် ဟာ ရွှီမေယင် ရဲ့ မြေးမလေးကို ကြည့်တဲ့ အကြည့်တွေ ပြောင်းလဲသွားလေသည်။ တကယ်လို့သာ သေချာ ပျိုးထောင်ပေးမယ်ဆိုရင် ဒါဟာ သံသယဖြစ်စရာ မလိုတဲ့ အစွမ်းထက်တဲ့ ကူညီသူ တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။

ဒါပေမဲ့ ကျန်းပေရန် ဟာ ဒီလို စိတ်ကူးတွေကို ရင်ထဲမှာပဲ ဝှက်ထားခဲ့ပြီး မျက်နှာပေါ်မှာတော့ ဘာမှ မပြသခဲ့ပါဘူး။ ဒါက ရွှီမေယင် ကို ဆရာကျန်း ဟာ တကယ်ကို လောကကြီးကို အတွေ့အကြုံ အများကြီး ရှိတဲ့သူပဲလို့ ထပ်မံ ချီးကျူးမိစေခဲ့ပါတယ်။ ဒီလောက်အထိ အစွမ်းထက်တဲ့ ပါရမီကို မြင်တာတောင်မှ သူ့ရဲ့ စိတ်ထဲမှာ လှိုင်းဂယက်လေး တစ်ခုတောင် မထလာဘူးဆိုတော့...

"ဒါကြောင့်ကိုး လူကြီးမင်းရဲ့ မြေးမလေးက တကယ်ကို ပါရမီ မြင့်မားတာပဲ နောင်တစ်ချိန်မှာ တစ္ဆေ ကျင့်ကြံသူ လောကမှာ သေချာပေါက် တောက်ပလာမှာပါ"

ရွှီမေယင် က နားထောင်ပြီးတော့ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"တစ်ခါတလေကျရင် ပါရမီ အရမ်း မြင့်တာကလည်း မကောင်းဘူး အဲ့ဒီ ပုံမှန် ကျင့်ကြံသူ တွေက နီအာ ရဲ့ ဒီပါရမီကို သိသွားရင်တော့ သူ့ကို သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး"

ပြောပြီးတဲ့နောက် ရွှီမေယင် က တစ်ခုခုကို သတိရသွားသလိုမျိုး ကျန်းပေရန် ကို ပြောလိုက်လေသည်။

"ဒါဆိုရင်လည်း နီအာကို ဆရာကျန်း ရဲ့ ဘေးမှာပဲ ထားလိုက်ပါလား ဆရာကျန်း က သူ့ကို စောင့်ရှောက်ပေးမယ်ဆိုရင်တော့ ဒီအဘွားကြီးလည်း စိတ်အေးရပါပြီ"

"ဟင်"

ရှုရှန်းကျယ် က နားထောင်ပြီးတော့ မျက်လုံးပြူး သွားရလေသည်။ သူ့အမေမှာ ဒီလို အကြံရှိမှန်း သူ သိပေမဲ့လည်း ဒါက အရမ်း မြန်လွန်းနေတယ် မဟုတ်ပါလား။ ပြီးတော့ ဒါက တကယ်ကို အလကားပေး လိုက်တာနဲ့ တူနေပြီလေ။

"ဘာလဲ မင်းမှာ ကန့်ကွက်စရာ ရှိလို့လား"

ရွှီမေယင် က သားဖြစ်သူကို မျက်စောင်းတစ်ချက် ထိုးပြီး ပြောလိုက်လေသည်။

"မရှိပါဘူး မရှိပါဘူး"

ရှုရှန်းကျယ် က ချက်ချင်း ခေါင်းယမ်းလိုက်လေသည်။

'ဒီလို အခြေအနေမျိုးမှာတောင် ရွေးချယ်စရာ မပေါ်လာဘူးဆိုတော့... ငါက တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းသွားပြီ ဆိုတာကတော့ တကယ် ဖြစ်လာပြီ ထင်တယ်'

အရင်တုန်းကဆိုရင် ဒီလိုမျိုး လှပတဲ့ မိန်းကလေးကို အလကားပေးတဲ့ အခြေအနေမျိုးမှာ စနစ် ကတော့ သေချာပေါက် ရွေးချယ်စရာတွေ ထုတ်ပေးမှာပါ။ ဒါပေမဲ့ မကြာသေးခင်ကတော့ စနစ် ဟာ အိပ်ပျော်နေသလိုမျိုး ဘယ်လို အလှပဂေးမျိုးကပဲ အိမ်အရောက် လာပြီး ကိုယ့်ကိုယ်ကိုယ် ဆက်သပါစေ သူကတော့ ဘာမှ မတုံ့ပြန်တော့ပါဘူး။

ကျန်းပေရန် စဉ်းစားမိတဲ့ တစ်ခုတည်းသော အဖြေကတော့ ကောင်းကင်ဘုံ က သူ့ကို တိုက်ခိုက်နိုင်မယ့်သူကို ရှာမတွေ့တော့တာကြောင့် အလျှော့ပေးလိုက်ပြီ ဆိုတာပါပဲ။

စဉ်းစားကြည့်ရင်လည်း ဟုတ်ပါတယ်။ ဂူမျိုးနွယ်စု နဲ့ တိုက်ပွဲပြီးတဲ့နောက်မှာတော့ တစ်တိုက်လုံးမှာ နာမည်ကြီးတဲ့သူတွေ အားလုံးဟာ ယွမ်မြို့တော် မှာ ရှိနေခဲ့ကြတာပါ။ ယွမ်မြို့တော် မှာ ရှိနေခဲ့တဲ့ သူမှန်သမျှဟာ ကျန်းပေရန် နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီပေါင်းစုံကို ကြားခဲ့ရသလို ကယ်တင်ရှင်ကြီး ဆိုတဲ့ ကြီးမားတဲ့ ဂုဏ်သတင်းကိုလည်း သိနေကြပြီလေ။

ဒီလို အခြေအနေမျိုးမှာ နောင်တစ်ချိန်မှာ ဘာဖြစ်မလဲဆိုတာ သူ အာမမခံနိုင်ပေမဲ့လည်း အနည်းဆုံးတော့ ဒီနှစ်အနည်းငယ်အတွင်းမှာတော့ ကျန်းပေရန် က "ငါ့မျက်နှာကို ထောက်ပါ" လို့ တစ်ခွန်း ပြောလိုက်ရုံနဲ့ တစ်တိုက်လုံးမှာ သူ့ကို မျက်နှာမပေးမယ့်သူ ရှိမှာ မဟုတ်ပါဘူး။

မကျေနပ်ဘူးလား။

တျန်းယာဂိုဏ်း ရဲ့ ထာဝရနယ်စား၊ ကျင့်ယွဲ့ဂိုဏ်း ရဲ့ ကောင်းကင်အိမ်တော်သခင်၊ ရော်ဝမ်ဂိုဏ်း ရဲ့ တောင်ဖြိုဘုရင်၊ ရွှန့်ဖုန်းဂိုဏ်း ရဲ့ အင်မော်တယ်အကြီးအကဲ ထဲက ကြိုက်တဲ့ တစ်ခုကို ရွေးကြည့်လိုက်လေ။ ဘယ်ဘွဲ့ထူးက မင်းကို ဒုက္ခပေးနိုင်မလဲ ဆိုတာကိုပေါ့။

နှမြောစရာ ကောင်းတာက ကောင်းကင်ကနေ ရန်သူတွေ လာမယ်ဆိုတာကတော့ အတည်ဖြစ်သွားပြီမို့လို့ သူလည်း နည်းနည်းလေးမှ ပေါ့ဆလို့ မရပါဘူး။

"ဒီအချက်ကိုတော့ အဘွား စိတ်ချပါ ဘေးမှာ မခေါ်ထားရင်တောင်မှ လူကြီးမင်းရဲ့ မြေးမလေးကို ကျွန်တော် သေချာ စောင့်ရှောက်ပေးပါ့မယ်"

"မဖြစ်ဘူး မဖြစ်ဘူး"

ရွှီမေယင် က ခေါင်းကို တွင်တွင်ယမ်းပြီး ပြောလိုက်လေသည်။

"ဒီလောကကြီးမှာ မတော်တဆမှုတွေက အရမ်း များတယ်လေ တစ်ခါတလေ ဆရာကျန်း ကို အချိန်မီ ရှာမတွေ့ခဲ့ရင်တော့ ဒီအဘွားကြီးက နောင်တရပြီး သေသွားရလိမ့်မယ်"

"ဒီကိစ္စကတော့ မလောပါနဲ့ဦး ပြီးတော့ လူကြီးမင်း ရဲ့ မြေးမလေး ရဲ့ သဘောထားကိုလည်း နားထောင်ရဦးမယ် မဟုတ်လား"

'အို'

ကျန်းပေရန် က တိုက်ရိုက် မငြင်းလိုက်တာကို ကြားတော့ ရွှီမေယင် က ဒီကိစ္စ အောင်မြင်ဖို့ လမ်းစရှိတယ်ဆိုတာ သိလိုက်လေသည်။ ဒါကြောင့် သူကလည်း ဆက်ပြီး အတင်းအကျပ် မလုပ်တော့ဘဲ ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တာပေါ့ ဟုတ်တာပေါ့ ဒီအဘွားကြီးက နည်းနည်း စိတ်လောသွားတာ"

ပြောပြီးတော့ သူမက မြေးမလေးဘက်ကို လှည့်ပြီး ပြောလိုက်၏။

"နီအာရေ မင်း ဆရာကျန်း နဲ့ အတူတူ မြို့ထဲကို အရင် သွားပြီး ဟင်းသီးဟင်းရွက်တွေ ဝယ်လိုက်ဦး အကောင်းဆုံးတွေကိုပဲ ရွေးဝယ်နော်"

အဲ့ဒီ မိန်းကလေးက ခေါင်းညိတ်ပြလိုက်ပြီး ကျန်းပေရန် ရဲ့ ဘေးကို လျှောက်လာလေသည်။ အဲ့ဒီနောက် ကျန်းပေရန် ရဲ့ ဦးနှောက်ထဲမှာ အသံတစ်သံ ထွက်ပေါ်လာပြန်၏။

"ဆရာကျန်း ဒီဘက်က ကြွပါ ကျွန်မ မြို့ထဲကို လိုက်ပို့ပေးပါ့မယ်"

'ဒီကောင်မလေးက လူစိမ်း မကြောက်ဘူးပဲ'

စိတ်ထဲကနေ ရေရွတ်လိုက်ပြီးနောက် ကျန်းပေရန် လည်း ခေါင်းညိတ်ပြလိုက်ကာ ရွှီမေယင် ရဲ့ တိုက်တွန်းသံတွေကြားမှာပဲ လယ်တောအိမ်လေးကနေ ထွက်လာခဲ့လေသည်။

ကျန်းပေရန် ထွက်သွားတဲ့ ဘက်ကို ကြည့်ပြီး ရှုရှန်းကျယ်ကတော့ အချိန်အတော်ကြာ မှင်သက်နေပြီး တစ်ခုခုကို ပြောချင်ပေမဲ့ မပြောဖြစ်ခဲ့ပါဘူး။

"နီအာကို မခွဲနိုင်ဘူးလား"

ရွှီမေယင်က သားဖြစ်သူကို ကြည့်ပြီး မေးလိုက်လေသည်။

"အဲ့ဒီလိုတော့လည်း မဟုတ်ပါဘူး..."

ရှုရှန်းကျယ် က ခေါင်းယမ်းလိုက်လေသည်။

"ဒါက အရမ်း ရုတ်တရက် ဆန်လွန်းလို့ပါ"

"မင်း သမီးကို မခွဲနိုင်တာ ငါ သိပါတယ် ဒါပေမဲ့ မင်း အမေ့ကို ယုံစမ်းပါ ဒီကမ္ဘာပေါ်မှာ ဆရာကျန်း ထက် ပိုကောင်းတဲ့ သမက်လောင်းမျိုးကို မင်း ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး"

"အာ..."

ရှုရှန်းကျယ် ထပ်ပြီး ကြောင်အသွားပြန်ပါတယ်။ ခုနက ဖြစ်ပျက်ခဲ့သမျှက သူ့အမေဟာ ကျန်းပေရန် ကို မြေးသမက်အဖြစ် သတ်မှတ်ချင်နေတာဆိုတာ သိသာနေပေမဲ့လည်း ဒီလောက်အထိ ပွင့်ပွင့်လင်းလင်း ပြောချင်နေမယ်လို့တော့ သူ မထင်ထားခဲ့ပါဘူး။

"ဒါပေမဲ့ နီအာ က ငယ်သေးတယ်လေ"

"၁၅ နှစ် ရှိပြီပဲ ဘာတွေ ငယ်နေဦးမှာလဲ ပြီးတော့ ငါကလည်း သူတို့ကို အခုချက်ချင်း လက်ထပ်ခိုင်းတာမှ မဟုတ်တာ အရင်ဆုံး သံယောဇဉ် တည်ဆောက်ခိုင်းတာလေ"

"ဟူး..."

ဒီကိစ္စကတော့ အတည်ဖြစ်သွားပြီဆိုတာ သိလိုက်တဲ့ ရှုရှန်းကျယ် ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။ အဲ့ဒီနောက်မှာတော့ သူက တစ်ခုခုကို သတိရသွားသလိုမျိုး မေးလိုက်၏။

"အမေ... ဒါနဲ့ အဲ့ဒီ ဆရာကျန်း က တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်တာလား နိုင်ငံခြောက်ခုရဲ့ အရှင်သခင်တွေတောင် သူ့စကားကို နားထောင်ရတယ် ဆိုတာကော"

"ဒါက အလိမ်အညာ ဖြစ်နိုင်ပါ့မလား အမိန့်ပေးတယ် ဆိုတာကတော့ နည်းနည်း ပိုကောင်း ပိုမယ် ဒါပေမဲ့ ပုံမှန်အချိန်မှာ မောက်မာလှတဲ့ အဲ့ဒီ အရှင်သခင်တွေက ဆရာကျန်း ရှေ့ရောက်ရင်တော့ ယဉ်ကျေးရတာပဲ ရှိတယ် စိတ်တိုတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး မင်း ဒါကို သိထားရင် ရပြီ"

"တကယ်ကို အံ့ဩစရာပဲ..."

All Chapters