အခန်း (၇၀၂-၇၀၃)
Vol. 63 Ch. 702-703
အခန်း ၇၀၂ တံခါးပိတ်ကျင့်ကြံခြင်း
အချိန် နှစ်နာရီခန့် အသုံးပြုပြီးနောက် ကျန်းပေရန်သည် ဒီလျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းနေရာကို အနှံ့အပြား စူးစမ်းရှာဖွေ ပြီးသွားလေသည်။
ဒီနေရာတွင် သူ့ကို အံ့အားသင့်သွားစေခဲ့သော ကျောက်စိမ်းပုလင်း အပြင် ပိုမို အံ့အားသင့်စရာ ကောင်းသော ကောင်းကင်နှင့် မြေကြီး၏ ရတနာများကိုပါ ရှာဖွေတွေ့ရှိခဲ့လေသည်။ ၎င်းတို့ထဲမှ အတော်များများမှာ ရှားပါးရတနာ မှတ်တမ်းတွင်ပင် မပါဝင်ဖူးသော အရာများ ဖြစ်လေသည်။
ဥပမာအားဖြင့် ကြည်လင်တောက်ပနေသော ယင်ကျောက်တုံး တစ်တုံး ဆိုလျှင် ထိတွေ့လိုက်ရုံဖြင့်ပင် ၎င်း၏ အတွင်း၌ ပါဝင်နေသော သက်စောင့်စွမ်းအင်များမှာ ကြောက်ခမန်းလိမ့်မခန်း ကြီးမားလှကြောင်း ကျန်းပေရန် ခံစားသိရှိနိုင်လေသည်။ အကယ်၍ ၎င်းကို ကိုယ်ရံစောင့် ကျောက်စိမ်း အဖြစ် ဖန်တီးမည် ဆိုပါက သေသူကိုပင် အသက်ပြန်ရှင်စေနိုင်ပြီး အရိုးစုမှ အသားများ ပြန်လည် ဖြစ်တည်လာစေနိုင်လောက်စွမ်း ရှိပေသည်။
ယင်ကျောက်တုံး၏ ဘေးတွင် ရှည်လျားသော ရောင်စုံ သားရဲဦးချို တစ်ခုလည်း ရှိနေသေးသည်။ ကျန်းပေရန်က အချိန်အတော်ကြာ ခွဲခြမ်းစိတ်ဖြာပြီးမှသာ ၎င်းမှာ ချီလင်၏ ဦးချို ဖြစ်ကြောင်း အကြမ်းဖျင်း အတည်ပြုနိုင်ခဲ့လေသည်။
ဒီအချက်က ကျန်းပေရန် အတွေ့အကြုံ မရှိ၍ မဟုတ်ဘဲ ချီလင် ဆိုသည့် အရာက ယခုအခါတွင် အရမ်းကို ရှားပါးလွန်းနေသောကြောင့် ဖြစ်၏။ ကြီးမားသော မိသားစုကြီး အချို့၏ ရတနာတိုက် များထဲတွင်ပင် ၎င်းနှင့် ပတ်သက်သော ရတနာပစ္စည်း များကို ရှာမတွေ့နိုင်တော့ချေ။
တစ်ချိန်တည်းမှာပင် ဒီနေရာသည် အလွန် ရှေးကျသော သမိုင်းကြောင်းများ သေချာပေါက် ရှိနေမည်ဟု ကျန်းပေရန် ပိုမို ယုံကြည်သွားစေလေသည်။
သေချာသည်မှာ ဒီကောင်းကင်နှင့် မြေကြီး၏ ရတနာများကို ရှာဖွေ လေ့လာရာတွင် ကျန်းပေရန် အချိန်သိပ်မပေးခဲ့ရပေ။ ဒီ နှစ်နာရီ အချိန်များထဲမှ အချိန်အများစုကို သူသည် စက်ကိရိယာ လမ်းကြောင်း တစ်ခုကို ဖြေရှင်းရာတွင် အသုံးပြုခဲ့ရခြင်း ဖြစ်လေသည်။
ဒီစက်ကိရိယာ လမ်းကြောင်း၏ ရှုပ်ထွေးမှုမှာ ကျန်းပေရန် မြင်ဖူးသမျှ အထဲတွင် အမြင့်ဆုံးဟု ဆိုနိုင်လေသည်။ ၎င်းတွင် အစီအရင်၊ မျက်လှည့်ပညာ၊ သဘာဝ လျှို့ဝှက်ချက်၊ စက်ကိရိယာ စသည့် လူကို ခေါင်းချောက်သွားစေနိုင်သော ထောင်ချောက် မျိုးစုံ ပါဝင်နေလေသည်။
နောက်ဆုံး စက်ကိရိယာ တံခါးကို ဖွင့်လိုက်ချိန်တွင် သူ၏ အင်အား ၅၀ ရာခိုင်နှုန်းကိုပင် အသုံးပြုလိုက်ရကြောင်း ကျန်းပေရန် ကိုယ်တိုင်ပင် ဝန်ခံလိုက်ရလေသည်။
ကြောက်စရာ ကောင်းလိုက်တာ တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ။
အလွန် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ဒီ လျှို့ဝှက်ခန်းမှာလည်း ကျန်းပေရန်ကို စိတ်ပျက်စေခြင်း မရှိခဲ့ပေ။ အစတည်းကပင် လျှပ်စီးကြောင်း ကဲ့သို့ အံ့ဩတုန်လှုပ်သွားစေသည်ဟုပင် ဆိုနိုင်လေသည်။
ဝင်ဝင်ချင်းမှာပင် အရည်အသွေးမြင့် ကျောက်စိမ်းများ စီခြယ်ထားသော မြေသားနံရံ တစ်ခုကို ကျန်းပေရန် တွေ့လိုက်ရလေသည်။ ကျပန်း တစ်လုံးလောက် ခွာယူသွားလျှင်ပင် တန်ဖိုးမဖြတ်နိုင်အောင် ရှိနေပေသည်။
အထဲသို့ ဆက်ဝင်သွားသောအခါ ကျန်းပေရန်၏ နှလုံးခုန်နှုန်းကို ၁၈၀ အထိ ရောက်သွားစေနိုင်သော ရတနာများမှာ ပို၍ပင် များပြားလှလေသည်။ ၎င်းတို့ထဲတွင် အလယ်တည့်တည့်၌ ချိတ်ဆွဲထားသော ချန်ဟွမ်ဓားမှာ အတောက်ပဆုံး ဖြစ်လေသည်။ ဓားလက်ကိုင် ပေါ်ရှိ ကျောက်မျက်ရတနာမှာ သူသာ မမှားခဲ့ဘူး ဆိုလျှင် ဒဏ္ဍာရီလာ ဖီးနစ်ငှက်၏ မျက်လုံး ဖြစ်ရမည်။ ရှေးဟောင်း နတ်သားရဲကြီးများ၏ သွေးဆက်ကို ဆက်ခံထားခြင်း ဖြစ်လေသည်။
ဒီချန်ဟွမ်ဓားအပြင် သဲသေတ္တာ တစ်ခုထဲတွင် သိမ်းဆည်းထားသော အတွင်းဝတ် သံချပ်ကာ တစ်ထည်ကလည်း ကျန်းပေရန်၏ မျက်လုံးများကို အရောင်တောက်သွားစေလေသည်။
၎င်း၏ ဖန်တီးမှု လက်ရာ ကောင်းမွန်မှုကို အသာထားဦး၊ ၎င်း ကိုယ်တိုင်က ရှေးဟောင်း ရတနာ တစ်ခုဖြစ်သော ခွန်ပန်၏ အကြေးခွံ များဖြင့် ပြုလုပ်ထားခြင်းကပင် လူကို လန့်သွားစေရန် လုံလောက်နေပြီ ဖြစ်လေသည်။
'ကြည့်ရတာ ဒီနေရာက အရမ်း ကြာခဲ့ပြီဖြစ်တဲ့ အချိန်က ရှိနေခဲ့တာတင် မကဘူး ဆရာကြီးအဆင့် ပညာရှင် တစ်ယောက် ချန်ထားရစ်ခဲ့တာ ဖြစ်နိုင်ခြေ အများကြီး ရှိတယ်'
အပြင်ဘက်ရှိ ကောင်းကင်နှင့် မြေကြီး၏ ရတနာများနှင့် အရည်အသွေးမြင့် ကိရိယာ တန်ဆာပလာ များက ဤနေရာ၏ ပိုင်ရှင်သည် ရိုးရှင်းသူ မဟုတ်ကြောင်း ကျန်းပေရန်ကို ခံစားရစေသည် ဆိုလျှင် အနက်ရှိုင်းဆုံး နေရာတွင် သိမ်းဆည်းထားသော ဒီ အချောထည် မှော်ပစ္စည်းများကမူ ဤနေရာ၏ ပိုင်ရှင်သည် ပညာရပ် များစွာတွင် အလွန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ကြောင်း ကျန်းပေရန်ကို အတည်ပြုပေးလိုက်ခြင်းပင် ဖြစ်လေသည်။
ဒီ ချန်ဟွမ်ဓားတစ်လက်ကိုပဲ ဥပမာ ပေးကြည့်ရလျှင် ၎င်း၏ ဖန်တီးမှု အဆင့်ဆင့်မှာ အလွန် ရှုပ်ထွေးလွန်းလှသဖြင့် ကျန်းပေရန်ပင် ချက်ချင်း နားမလည်နိုင်ဘဲ အံ့မခန်းပဲ ဟုသာ အရင်ဆုံး ရေရွတ်လိုက်ရလေသည်။
လျှို့ဝှက်ခန်း တစ်ခုလုံးကို စူးစမ်းရှာဖွေပြီးနောက် ကျန်းပေရန်က လက်ထဲရှိ ဆုတောင်းကျည်တောက်ကို ထပ်မံ ယူလိုက်ပြီး မေးလိုက်၏။
"မင်းက ဒီကနေ ဘယ်လို ထွက်ပြေးသွားတာလဲ"
ရူယီမဲဗူးက ကြားပြီးနောက် အချိန်အတော်ကြာ စဉ်းစားနေပြီးမှ နောက်ဆုံးတွင် ကျန်းပေရန် မျှော်လင့်ထားပြီးသား အဖြေတစ်ခုကို ပေးလာလေသည်။
"မေ့သွားပြီ"
'ကျစ်... ငါ့အမှားပါပဲ ဇာတ်လိုက်ရဲ့ အစပိုင်း ရတနာ ရဲ့ အဓိပ္ပာယ်ရှိမှုကို သွားပြီး အစမ်းသပ်ခံနေတာ မဖြစ်သင့်ဘူး'
တန်ဖိုးရှိသော သတင်းအချက်အလက် တစ်ခုမှ မရနိုင်တော့မှတော့ ကျန်းပေရန်လည်း ကိုယ်တိုင် လုပ်ဆောင်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းရန် ဆုံးဖြတ်လိုက်လေသည်။
ဒီ လျှို့ဝှက်ခန်း ထဲရှိ အရာအားလုံးကို အပြည့်အဝ နားလည် သဘောပေါက်သွားပါက ရူယီမဲဗူးကို မည်သို့ ဖန်တီးခဲ့သနည်း ဆိုသည်ကိုလည်း နားလည်နိုင်မည်ဟု သူ ယုံကြည်လေသည်။
ဘေးအန္တရာယ် အပြီး ပြန်လည် ထူထောင်ရေး အတွက် စဉ်းစားစရာ ကိစ္စရပ်များ အများအပြား ရှိနေသေးသော်လည်း ဒီလျှို့ဝှက်ခန်းကို တွေ့ရှိပြီးနောက် ရူယီမဲဗူး သည် သာမန် အဝါရောင်အဆင့် မှော်ပစ္စည်း တစ်ခု လုံးဝ မဟုတ်ကြောင်း ကျန်းပေရန် အတည်ပြုနိုင်ခဲ့လေသည်။
၎င်း၏ ဇာစ်မြစ်လျှို့ဝှက်ချက်ကိုသာ ဖြေရှင်းနိုင်ပါက သူသည် ထိပ်တန်း မှော်ပစ္စည်း တစ်ခုကို ရရှိနိုင်မည် ဖြစ်သည့်အပြင် ပညာရပ် ဆယ့်ခြောက်ရပ်တွင်လည်း များစွာ တိုးတက်လာနိုင်မည် ဖြစ်လေသည်။
ထိုအချိန်ကျလျှင် ယခု သူ နားမလည်နိုင်သော ပြဿနာ များစွာကိုလည်း လွယ်ကူစွာ ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မည် ဖြစ်၏။
ပြောပြီးသည်နှင့် ချက်ချင်း လုပ်ဆောင်လိုက်သည်။ နဂါးနက် ကုန်းမြေတိုက်ကြီး နိုင်ငံ အသီးသီးရှိ အရှင်သခင် များထံ မိမိ တံခါးပိတ် ကျင့်ကြံတော့မည် ဖြစ်ကြောင်း အကြောင်းကြားပြီးနောက် ကျန်းပေရန်သည် လျှို့ဝှက်ခန်း ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေတော့သည်။
...
လက်ရှိ နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်တွင် ပြဿနာများစွာ ရှိနေသေးပြီး နိုင်ငံ အချင်းချင်း ဆက်ဆံရေးတွင်လည်း ကျန်းပေရန် သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်လေသည်။
သို့သော် ဒီကမ္ဘာကြီးသည် သူ မရှိလျှင် လည်ပတ်၍ မရနိုင်လောက်အောင်တော့ မဟုတ်ပေ။ ထို့ကြောင့် ကျန်းပေရန် ၏ တံခါးပိတ် ကျင့်ကြံမည့် သတင်းကို လက်ခံရရှိပြီးနောက် နိုင်ငံ အရှင်သခင် များမှာ ခေါင်းယမ်း သက်ပြင်းချကာ ဆရာကျန်း က ဘာကြောင့်များ ဒီအချိန်ကို ရွေးပြီး တံခါးပိတ် ကျင့်ကြံရသနည်း ဟု ညည်းညူလိုက်ကြပြီးနောက် မိမိတို့၏ အလုပ်များကိုသာ ဆက်လက် လုပ်ဆောင်နေကြလေသည်။
...
"ဟူး..."
ပျံသန်းစံအိမ် ထဲတွင် ရှီဖုန်းလန် သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ခြေထောက်ကို လွှဲကာ နှုတ်ခမ်းဆူလျက် မပျော်မရွှင် ဖြစ်နေလေသည်။
"ခန်းမသခင်ရှီ တစ်ပွဲလောက် ကစားမလား"
ထိုစဉ် ရှောင်လေးက နဂါးနက် ဒဏ္ဍာရီ ကတ်ပြားများကို ကိုင်ကာ အသာအယာ တိုးကပ်လာပြီး မေးလိုက်လေသည်။
အလွန် ပျင်းရိနေသော ရှီဖုန်းလန်က ရှောင်လေးကို တစ်ချက် လှည့်ကြည့်လိုက်ပြီး သူမ လက်ထဲရှိ ကတ်ပြားများကိုပါ တစ်ချက် ကြည့်လိုက်ကာ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် အဖြစ် ပြောင်းလဲသွားပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်လေသည်။
"သုံးလတောင် ရှိနေပြီ ပေရန်လေးက ဘာသတင်းမှတောင် မရှိဘူး"
"စီနီယာအစ်ကိုကျန်းက ဒီလောက် တော်တာ အလုပ်များစရာတွေ အများကြီး ရှိနေမှာပေါ့"
"ဒါက နင် ပြောနေဖို့ လိုသေးလို့လား"
ရှီဖုန်းလန် က ရှောင်သော် ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး လှည့်ကာ အင်းစာရွက် တစ်ရွက်ကို ဆွဲထုတ်ပြီး စာရှည်ကြီး တစ်စောင် ရေးလိုက်လေသည်။ ထို့နောက် ပျံသန်းစံအိမ် အပြင်ဘက်သို့ ထွက်ကာ စက္ကူကြိုးကြာလေး တစ်ကောင် ခေါက်ပြီး လွှတ်တင်လိုက်လေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ စက္ကူကြိုးကြာလေး သည် အရင်လို "ရွှီး" ခနဲ လေထဲတွင် ပျောက်ကွယ်မသွားဘဲ ရှေ့သို့ ဖြည်းညင်းစွာ ပျံသန်းသွားကာ မလှမ်းမကမ်းရှိ ဝတ်ရုံရှည် ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး၏ လက်ထဲသို့ ကျဆင်းသွားလေသည်။
"ပေ... ပေရန်လေး"
မျက်လုံးများ ပြူးကျယ်သွားသော ရှီဖုန်းလန် မှာ အံ့ဩတကြီး အော်ဟစ်လိုက်ပြီးနောက် ရှေ့သို့ အရူးအမူး ပြေးသွားလေတော့သည်။
အပြေးအလွှား ရောက်လာသော ရှီဖုန်းလန်ကို ကြည့်ရင်း ယခုတစ်ကြိမ်တွင် ကျန်းပေရန် မရှောင်တော့ဘဲ သူမကို တည်ငြိမ်စွာ ဖမ်းထိန်းလိုက်ပြီးနောက် စက္ကူကြိုးကြာလေး ကို မြှောက်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"ငါ မင်းကို ထားခဲ့တဲ့ အင်းစာရွက် တွေတောင် ကုန်တော့မယ် မဟုတ်လား"
"နင်က ဘာလို့ ဒီလောက် အကြာကြီး ပြန်မလာရတာလဲ သတင်း တစ်ခုလေးတောင် မပေးဘူး"
ရှီဖုန်းလန်က ကျန်းပေရန် ၏ ရင်ဘတ်ကို လက်သီးဖြင့် ထုရင်း ပြောလိုက်လေသည်။
"ငါ မင်းကို တံခါးပိတ် ကျင့်ကြံတော့မယ်လို့ ပြောခဲ့တယ် မဟုတ်လား တံခါးပိတ် ကျင့်ကြံတယ် ဆိုတာကို နားမလည်ဘူးလား"
"ငါ ဂရုမစိုက်ဘူး ငါ ဂရုမစိုက်ဘူး ငါ ဂရုမစိုက်ဘူး"
ရှီဖုန်းလန် က ကျန်းပေရန်၏ ရင်ဘတ်ကို ပွတ်သပ်ရင်း အဆက်မပြတ် အော်ဟစ်နေလေသည်။
သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းပေရန် က ရှီဖုန်းလန် ကို မကာ ဘေးသို့ ချထားလိုက်ပြီး ပြောလိုက်လေသည်။
"သွားကြစို့ ချီတိုင်းပြည်ကို"
ဘေးသို့ ချထားခံလိုက်ရသော ရှီဖုန်းလန်သည် မကျေနပ်မှုကို ဖော်ပြရန် နှုတ်ခမ်းကို အနည်းငယ် ဆူလိုက်ရုံသာ ဆူလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ဒါဆိုရင် မြန်မြန် တက်လာခဲ့လေ"
ပျံသန်းစံအိမ်ပေါ်သို့ တက်ပြီးနောက် ကျန်းပေရန်သည် မကြာသေးမီက နဂါးနက် ကုန်းမြေတိုက်ကြီး တွင် ကြီးကြီးမားမား ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ခြင်း ရှိမရှိ ရှီဖုန်းလန် အား အကြမ်းဖျင်း မေးမြန်းလိုက်လေသည်။
မရှိပါ ဟူသော အဖြေကိုသာ ရရှိခဲ့လေသည်။
ဒီအဖြေ၏ ယုံကြည်ရမှုမှာ သိပ်မမြင့်မားသော်လည်း အနည်းဆုံးတော့ ဂူမျိုးနွယ်စု များ ကျူးကျော်ဝင်ရောက်လာစဉ်ကကဲ့သို့ ကမ္ဘာပျက်တော့မည့် ခံစားချက်မျိုးတော့ မရှိတော့ပေ။
ပျံသန်းစံအိမ်သည် ချီတိုင်းပြည် နယ်နိမိတ် အတွင်းသို့ ဝင်ရောက်သွားသောအခါ လွန်ခဲ့သော သုံးလကနှင့် နှိုင်းယှဉ်ပါက ဒီနေရာတွင် လူနေမှု ဘဝ အရိပ်အယောင်များ အနည်းငယ် ရှိလာပြီ ဖြစ်ကြောင်း ကျန်းပေရန် တွေ့လိုက်ရလေသည်။ မြို့ကြီး မြို့ငယ် အသီးသီးမှာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီ ဖြစ်လေသည်။
'ကြည့်ရတာ တကယ်ပဲ ဘယ်သူမှ လျှောက်မလုပ်ကြဘူးပဲ ကောင်းတယ် ကောင်းတယ်'
ချီတိုင်းပြည် ၏ ထိပ်တန်း ပုဂ္ဂိုလ်များ အားလုံး လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားမှုကြောင့် ချီတိုင်းပြည် ကဲ့သို့သော ကြီးမားသည့် နယ်မြေကြီးမှာ သဘာဝကျကျပင် အခြား နိုင်ငံငါးခု၏ မျက်စိကျစရာ အသားတုံးကြီး ဖြစ်လာခဲ့လေသည်။
သို့သော် နိုင်ငံငါးခုက နယ်မြေ လုယူရန် ကြိုးစားမှုကြောင့် စစ်ပွဲ အသစ် တစ်ခု ထပ်မံ မဖြစ်ပေါ်စေရန် ကျန်းပေရန် က ချက်ချင်းပင် အရာအားလုံးကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့လေသည်။
ယင်ကျန်းဟုန် ကို ဤနေရာအား ယာယီ တာဝန်ယူ စောင့်ရှောက်စေပြီး အခြား နိုင်ငံငါးခုက အကူအညီ မျိုးစုံ ပေးအပ်ရန် ဖြစ်သည်။ အကယ်၍ နောက်ဆုံးတွင် ချီတိုင်းပြည် ၏ ထိပ်တန်း ပုဂ္ဂိုလ်များ တကယ် ပြန်မလာတော့ဘူး ဆိုလျှင် ထိုအချိန်ကျမှသာ ခွဲဝေကြရန် ဖြစ်လေသည်။
အကယ်၍ သူတို့ ပြန်ရောက်လာပါက ချီတိုင်းပြည် ကို မူလ အခြေအနေ အတိုင်း ပြန်လည် ပေးအပ်ရန် ဖြစ်လေသည်။
ဒီလောက် ကြီးမားသော အသားတုံးကြီးကို ကြည့်နေရက်နှင့် မစားရသဖြင့် အခြား နိုင်ငံငါးခုမှာ သေချာပေါက် နေရထိုင်ရ ခက်နေမည် ဖြစ်သော်လည်း ယခုတစ်ကြိမ် နဂါးနက် ကုန်းမြေတိုက်ကြီး ပျက်စီးမည့် ဘေးမှ လွတ်မြောက်ခဲ့ရခြင်းမှာ လုံးဝ ကျန်းပေရန် အပေါ်တွင်သာ မှီခိုခဲ့ရခြင်း ဖြစ်လေသည်။
ထို့ပြင် သူ၏ လက်ရှိ ဂုဏ်သတင်းနှင့် စွမ်းဆောင်ရည် တို့ကြောင့် ၎င်းတို့မှာ သဘာဝကျကျပင် ခေါင်းညိတ် သဘောတူရုံမှလွဲ၍ အခြား မရှိတော့ပေ။
အခန်း ၇၀၃ ကောင်းကင်အဆင့် မှော်ပစ္စည်း
"စီနီယာအစ်ကိုကို ဂါရဝပြုပါတယ်"
တည်းခိုခန်းတစ်ခုသို့ ရောက်ရှိပြီး သီးသန့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ကူချင်းဟွမ်းရဲ့ အသံကို ကျန်းပေရန် ကြားလိုက်ရလေသည်။
"ထိုင်ပါ"
ကျန်းပေရန်က ကူချင်းဟွမ်းကို လက်ကာပြလိုက်ပြီး စားပွဲဝိုင်းရှေ့တွင် ထိုင်ကာ မေးလိုက်လေသည်။
"စုံစမ်းတာ ဘယ်လို အခြေအနေ ရှိပြီလဲ"
"စီနီယာအစ်ကိုကို တင်ပြပါတယ် ကျွန်တော် အရည်အချင်း မရှိလို့ ချီတိုင်းပြည်ရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်တွေ ပျောက်ဆုံးသွားတဲ့ နေရာကို အကြမ်းဖျင်းလောက်ပဲ ရှာတွေ့နိုင်ခဲ့ပါတယ် ကျန်တဲ့ သဲလွန်စတွေကိုတော့ လုံးဝ ရှာမတွေ့နိုင်ခဲ့ပါဘူး"
"ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာ မလိုပါဘူး ဒါက မူလကတည်းက ခေါင်းနဲ့ အမြီး မရှိတဲ့ ကိစ္စပဲလေ ရှာမတွေ့တာကလည်း ပုံမှန်ပါပဲ ကဲ မင်း ရှာတွေ့ထားတဲ့ နေရာကို ငါ့ကို လိုက်ပြပါဦး"
"ဟုတ်ကဲ့ပါ"
ကူချင်းဟွမ်းက ရိုသေစွာ လက်ယှက် ဂါရဝပြုလိုက်လေသည်။
တကယ်တော့ ကျန်းပေရန်အနေဖြင့် ချီတိုင်းပြည်ကို သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိလှပေ။ ယခုကဲ့သို့ စိတ်ဝင်တစား ရှိနေရခြင်းရဲ့ အကြောင်းရင်းမှာ ပထမအချက်အနေဖြင့် သူရဲ့ နောက်တစ်ဆင့် အစီအစဉ်မှာ နဂါးနက်ကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ တိုက်ခိုက်ရေးအင်အားများကို တစ်နေရာတည်းတွင် စုစည်းပြီး ဂူမျိုးနွယ်စုကဲ့သို့သော ကောင်းကင်ပေါ်မှ ရန်သူများကို ရင်ဆိုင်ရန် ဖြစ်လေသည်။
ဒုတိယအချက်အနေဖြင့် ချီတိုင်းပြည်သည် သူနဲ့ ဘာမှ မသက်ဆိုင်သော်လည်း လင်မိသားစုမှ ညီအစ်မနှစ်ဦးနဲ့ သူရဲ့ ဆက်ဆံရေးမှာ အတော်လေး နက်ရှိုင်းလှပေသည်။ မြေအောက်လိုဏ်ဂူထဲတွင် သုံးယောက်သား တစ်နှစ်ကျော်ကြာ အတူတူ နေထိုင်ခဲ့ကြရာ သံယောဇဉ် မရှိဘူးဆိုလျှင်လည်း လိမ်ရာကျပေမည်။
ထို့ပြင် သူ အလွန် သဘောကျသော ရှောင်ချီမှာလည်း ယခုအချိန်တွင် အသေအရှင် မသိရသေးပေ။ သို့သော် သူမရဲ့ ဇာတ်လိုက်ကံကြမ္မာအရ ဆိုလျှင် ဒီလောက် သေးငယ်သော ကမ္ဘာပျက်ကပ်လောက်ဖြင့်တော့ အသက် ဆုံးရှုံးသွားမည် မဟုတ်ဟု ယူဆရလေသည်။
ကူချင်းဟွမ်းရဲ့ နောက်မှလိုက်ကာ ခမ်းနားထည်ဝါသော ဗိသုကာလက်ရာများ ရှိသည့် လူသူကင်းမဲ့နေသော မြို့တစ်မြို့သို့ ရောက်ရှိလာခဲ့လေသည်။ ကျန်းပေရန်က ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် ကူချင်းဟွမ်းက မိတ်ဆက်ပေးလေသည်။
"ဒီနေရာက ချီတိုင်းပြည်ရဲ့ မြို့တော်ဖြစ်တဲ့ ရှန်ချောင်မြို့ပါ အထောက်အထား အမျိုးမျိုးအရ ဆိုရင် ချီတိုင်းပြည်ရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်တွေက နောက်ဆုံးအနေနဲ့ ဒီနေရာမှာ စုဝေးခဲ့ကြပုံ ရပါတယ်"
ကျန်းပေရန်က နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်ကာ ဆောင့်ကြောင့်ထိုင်ချပြီး ညာဘက်လက်ကို ဆန့်ထုတ်ကာ မြေကြီးကို စမ်းသပ်ကြည့်လိုက်လေသည်။
"မင်း ဆက်ပြော ငါ နားထောင်နေတယ်"
မျက်စိမှိတ်ကာ ဝိညာဉ်စွမ်းအင်လှိုင်းများကို ခံစားရင်း ကျန်းပေရန်က ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ စီနီယာအစ်ကိုရဲ့ အမိန့်ကို ရပြီးတာနဲ့ ကျွန်တော် ချက်ချင်းပဲ ဒီနေရာကို ရောက်လာခဲ့ပါတယ် ပြီးတော့ ဂိုဏ်းချုပ်ယင်ရဲ့ အကူအညီနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ် ရှန်ချောင်မြို့က စီနီယာအစ်ကို ရှာနေတဲ့ နေရာ ဖြစ်မယ်ဆိုတာ သေချာသွားတဲ့ အခါမှာတော့ ကျွန်တော်တို့က ဒီနေရာရဲ့ အဝင်ပေါက် အားလုံးကို ပိတ်ဆို့လိုက်ပါတယ်"
"အင်း"
ခေါင်းညိတ်ပြလိုက်ပြီး ကျန်းပေရန်က မတ်တပ်ရပ်ကာ ကူချင်းဟွမ်းကို ကြည့်ရင်း ပြောလိုက်လေသည်။
"ပင်ပန်းသွားပြီ"
"စီနီယာအစ်ကိုအတွက် အလုပ်လုပ်ပေးရတာ ဘာမှ မပင်ပန်းပါဘူး"
လက်စွပ်ထဲမှ အမိန့်တံဆိပ်ပြားတစ်ခုနဲ့ စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်ပြီး ကျန်းပေရန်က ပြောလိုက်လေသည်။
"ဒီနေရာကို စုံစမ်းဖို့ အချိန် တော်တော်လေး ယူရဦးမယ်လို့ ထင်တယ် ငါ့ကိုယ်စား လုပ်ပေးရမယ့် ကိစ္စ အနည်းငယ် ရှိသေးတယ်"
"စီနီယာအစ်ကိုသာ အမိန့်ပေးပါ"
"လုပ်ရမယ့် ကိစ္စတွေကို စာအိတ်ထဲမှာ အကုန် ရေးထားတယ် ဘယ်လို လုပ်ရမလဲဆိုတာကိုတော့ မင်းဘာသာမင်း အခြေအနေအရ လုပ်ဆောင်လိုက်ပါ အဆင်မပြေတာ ကြုံလာရင် ဒီအမိန့်တံဆိပ်ပြားကို ထုတ်ပြလိုက် အမိန့်တံဆိပ်ပြားကို မြင်တာ ငါ့ကို မြင်တာနဲ့ အတူတူပဲ"
စီနီယာအစ်ကို ကမ်းပေးသော ပစ္စည်းနှစ်ခုကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ကူချင်းဟွမ်းက လက်ယှက် ဂါရဝပြုကာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ဒါဆို ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ်"
"အင်း သွားတော့"
ကူချင်းဟွမ်း လေထဲတွင် ပျောက်ကွယ်သွားသောအခါ ကျန်းပေရန်သည် လက်စွပ်ထဲမှ ဆုတောင်းကျည်တောက်ကို ထုတ်ယူလိုက်လေသည်။
လွန်ခဲ့သော သုံးလကနဲ့ နှိုင်းယှဉ်ပါက ယခု ဆုတောင်းကျည်တောက်သည် ကြီးမားသော ပြောင်းလဲမှုများ ရှိနေပြီ ဖြစ်သည်။ ကျည်တောက် ကိုယ်တိုင်က အလွန် ပြင်းထန်သော ဒြပ်ငါးပါး ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေသည့်အပြင် ၎င်းအထဲရှိ မဲတံများမှာလည်း အရောင်အမျိုးမျိုးအဖြစ် ပြောင်းလဲသွားပြီး မဲတံတစ်ချောင်းစီတိုင်းက လုံးဝ မတူညီသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေကြလေသည်။
"ကောင်းကင်ကို လေးစားပြီး နတ်မင်းကို တောက်ပစေမယ် မြေကြီးကို နာခံပြီး အတွင်းပိုင်းကို စီမံခန့်ခွဲမယ်"
"ကောင်းကင်နဲ့ မြေကြီး ပေါင်းစပ်ပြီး ကောင်းကျိုးနဲ့ တည်ငြိမ်မှုကို ရရှိစေမယ်"
"သွားစမ်း"
ကျန်းပေရန်က လက်ထဲရှိ ကျည်တောက်ကို တစ်ချက် ခါယမ်းလိုက်ရာ ၎င်းအထဲရှိ မဲတံဆယ့်နှစ်ချောင်းမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားကြလေသည်။
ဒီတစ်ကြိမ် ထိုကောင်းကင်ဘုံနေရာတွင် ကျန်းပေရန်ရဲ့ ရရှိမှုမှာ အလွန် ကြီးမားသည်ဟု ဆိုနိုင်လေသည်။ ပညာရပ် ဆယ့်ခြောက်ရပ်နဲ့ ပတ်သက်သော အသစ်စက်စက် အသိပညာများကို အများအပြား သင်ယူနိုင်ခဲ့ရုံသာမက လျှို့ဝှက်အကန့်တစ်ခုအတွင်းမှ ဆုတောင်းကျည်တောက်ရဲ့ ပုံစံကြမ်းကိုပါ ရှာဖွေတွေ့ရှိခဲ့လေသည်။
ထို့နောက် နှစ်လတာ အချိန်ယူကာ ကျန်းပေရန်သည် ပုံစံကြမ်းပေါ်တွင် ရေးသားထားသည့်အတိုင်း လျှို့ဝှက်ခန်းအတွင်းရှိ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာများကို အသုံးပြု၍ ဆုတောင်းကျည်တောက်ကို ဘက်စုံ ပြန်လည် ပြုပြင်မွမ်းမံခဲ့လေသည်။
ပြုပြင်နေစဉ်အတွင်း ဆုတောင်းကျည်တောက်ရဲ့ ဝိညာဉ်အသိဉာဏ်ကလည်း အများကြီး ကူညီပေးခဲ့လေသည်။ ကျည်တောက် ကိုယ်တိုင်က အနည်းငယ် ပြန်လည် ကောင်းမွန်လာတိုင်း ၎င်းရဲ့ မှတ်ဉာဏ်များကလည်း အနည်းငယ် ပြန်လည် ရရှိလာလေသည်။ နောက်ပိုင်းတွင် ကိုယ်တိုင် ပြန်လည် ပြုပြင်နိုင်သည့် အဆင့်အထိပင် ရောက်ရှိလာခဲ့လေသည်။
နောက်ဆုံးတွင် သူ့ကို မည်သူက ဖန်တီးခဲ့သနည်းဆိုသည်ကို ပြန်လည် မမှတ်မိနိုင်ခဲ့သော်လည်း မိမိတွင် မည်သည့် စွမ်းရည်များ ရှိသနည်းဆိုသည်ကိုတော့ အားလုံး ပြန်လည် မှတ်မိသွားခဲ့လေသည်။
အတိုချုပ် ပြောရလျှင် ၎င်းသည် ယခုမှ ဝိညာဉ်အသိဉာဏ် ပွင့်လာသော အရာလေးတစ်ခု လုံးဝ မဟုတ်ဘဲ ကြီးမားလှသော မြင်ကွင်းပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးပြီး ကြီးမားသော တန်ခိုးစွမ်းအင်များ ရှိသည့် မှော်ပစ္စည်းတစ်ခု ဖြစ်လေသည်။ မည်မျှအထိ ကြီးမားသနည်းဆိုလျှင် ဆုတောင်းကျည်တောက် ကိုယ်တိုင်ရဲ့ စကားအရ ဆိုရလျှင် အောက်ပါအတိုင်း ဖြစ်လေသည်။
"မင်းတို့ ပြောနေကြတဲ့ ကောင်းကင်အဆင့် မှော်ပစ္စည်းဆိုတာ ဖြစ်လောက်တယ်"
ဒီအဖြေကို စတင် ရရှိခဲ့ချိန်က ကျန်းပေရန်ပင် အံ့အားသင့်သွားခဲ့ရလေသည်။
မည်သို့ပင်ဆိုစေ သူကိုယ်တိုင်လည်း ကောင်းကင်အဆင့် မှော်ပစ္စည်းကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဖူးခြင်း မရှိရာ ကောင်းကင်အဆင့် မှော်ပစ္စည်းဆိုသည်မှာ မည်သို့ ပုံစံမျိုး ရှိမည်ကို သူ မသိပေ။ သို့သော် ဒီသုံးလအတွင်း လျှို့ဝှက်ခန်းထဲတွင် ကျန်းပေရန်ရဲ့ တွေ့ရှိမှုများအရ ဆိုလျှင် ဆုတောင်းကျည်တောက်သည် တကယ်ပဲ ကောင်းကင်အဆင့် မှော်ပစ္စည်း ဖြစ်နေမည်ဆိုပါကလည်း သူ လုံးဝ လက်ခံနိုင်လေသည်။
"သခင် ရှာတွေ့သွားပါပြီ ဒီနေရာပဲ"
ဒါက ကျန်းပေရန်အနေဖြင့် ဆုတောင်းကျည်တောက်ကို အသုံးပြု၍ လက်တွေ့ လုပ်ဆောင်ကြည့်ခြင်း ပထမဆုံးအကြိမ် ဖြစ်လေသည်။ ကျန်းပေရန်က ၎င်းသည် မည်မျှအထိ စွမ်းဆောင်နိုင်မည်လဲဟု စဉ်းစားနေစဉ်မှာပင် သူရဲ့ ခေါင်းထဲတွင် ဆုတောင်းကျည်တောက်ရဲ့ အသံ ထွက်ပေါ်လာလေသည်။
ထို့နောက် ကျန်းပေရန်ရဲ့ ကိုယ်ဟန် တစ်ချက် လှုပ်ရှားသွားပြီး သူသည် မိုင်တစ်ရာ အကွာအဝေးရှိ နန်းတော်တစ်ခုအတွင်းသို့ ချက်ချင်း ရောက်ရှိသွားလေသည်။
"ကောင်းကင်အဆင့် မှော်ပစ္စည်းဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ တကယ်ကို အစွမ်းထက်တယ်"
ကျန်းပေရန်ရဲ့ ချီးကျူးစကားကို ကြားသောအခါ အစိမ်းရောင် အင်းစာရွက်တစ်ရွက်အဖြစ် ပြောင်းလဲသွားသော ဆုတောင်းမဲတံသည် လေထဲတွင် တစ်ပတ် လှည့်ပတ်လိုက်ပြီး အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။
"ဟဲဟဲ ကျွန်တော်က ကောင်းကင်အဆင့် အထက်တန်း မှော်ပစ္စည်း ဖြစ်နေနိုင်သေးတယ်နော်"
ဆုတောင်းကျည်တောက်က သူရဲ့ ရှေ့တွင် ပေါ်တင် ဝင်ကြွားနေခြင်းအပေါ် ကျန်းပေရန်က မည်သည့် အပြစ်တင် ဝေဖန်မှုမျှ မပြုလုပ်တော့ပေ။ ယခု ဆုတောင်းကျည်တောက်သည် အရင်ကထက် အဆပေါင်း တစ်သောင်းမက ပိုမို အသုံးဝင်နေပြီ ဖြစ်သောကြောင့်တည်း။
အရင်က အဝါရောင်အဆင့် မှော်ပစ္စည်းတစ်ခုအနေဖြင့် ရှိနေစဉ်က ဆုတောင်းကျည်တောက်ကို အသုံးပြုလိုပါက ၎င်းအား မိမိ လိုအပ်သော အရာအဖြစ် အရင်ဆုံး ပြောင်းလဲခိုင်းရမည် ဖြစ်ပြီး အဆင့်မြင့်လွန်းသော အရာများကိုလည်း ပြောင်းလဲ၍ မရနိုင်ပေ။
သို့သော် ယခု ကောင်းကင်အဆင့် မှော်ပစ္စည်းတစ်ခု ဖြစ်လာသော ဆုတောင်းကျည်တောက်သည် အသွင်ပြောင်းရမည့် အဆင့်ကို တိုက်ရိုက် ကျော်ဖြတ်သွားပြီ ဖြစ်သည်။ ၎င်းသည် ကျန်းပေရန်နဲ့ စိတ်ချင်း ဆက်သွယ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကျန်းပေရန်က ၎င်းအား မည်သည့် နေရာတွင် အသုံးပြုလိုသည်ကို သိရှိသည်နဲ့ အသင့်တော်ဆုံးသော အရာတစ်ခုအဖြစ် အလိုအလျောက် ပြောင်းလဲသွားနိုင်လေသည်။
ဒီအချက်က အခြေခံအကျဆုံး လုပ်ဆောင်ချက်လေးသာ ဖြစ်သေးလေသည်။
စိတ်ချင်း ဆက်သွယ်နိုင်သည့် အခြေအနေတွင် ဆုတောင်းကျည်တောက်သည် ကျန်းပေရန်ရဲ့ လိုအပ်နေသော စွမ်းရည်များကိုပင် ဖြည့်ဆည်းပေးနိုင်လေသည်။ ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် ကျန်းပေရန်သည် ဒီမြို့ထဲရှိ အချိတ်အဆက်အမှတ်ကို ရှာဖွေရန် ဆုတောင်းကျည်တောက်ကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။
ဒီအချိတ်အဆက်အမှတ် ဆိုသည်မှာ ချန်းခွန်းကျင့်စဉ်ရဲ့ အသက်ဝိညာဉ်ပင် ဖြစ်လေသည်။ အချိတ်အဆက်အမှတ်ရဲ့ နေရာကို ရှာတွေ့မှသာ အာကာသကူးပြောင်းခြင်းကို ပြုလုပ်နိုင်မည် ဖြစ်၏။ သို့သော် အခြားသူ ဖန်တီးထားသော အချိတ်အဆက်အမှတ်ကို ရှာဖွေရန်မှာ အလွန် ခက်ခဲလှပေသည်။ တစ်ဖက်လူရဲ့ ချန်းခွန်းကျင့်စဉ် စွမ်းရည် မြင့်မားလေလေ ရှာဖွေရန် ပိုမို ခက်ခဲလေလေ ဖြစ်၏။
လင်မိသားစုရဲ့ ချန်းခွန်းကျင့်စဉ်မှာ နဂါးနက်ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားလှသည် ဖြစ်ရာ ကျန်းပေရန် ကိုယ်တိုင်လည်း အချိတ်အဆက်အမှတ် နေရာကို အလွယ်တကူ ရှာတွေ့နိုင်မည်ဟု ယုံကြည်ချက် မရှိခဲ့ပေ။ သို့သော် ယခု ဆုတောင်းကျည်တောက်ရဲ့ အကူအညီဖြင့် သူသည် မည်သည့် အားစိုက်ထုတ်မှုမျှ မပါဘဲ ဒီအချိတ်အဆက်အမှတ်ကို လွယ်ကူစွာ ရှာဖွေတွေ့ရှိခဲ့လေသည်။
ဒီအချက်က ကျန်းပေရန်ကို အမြင့်ဆုံး အဆင့်မြင့် ကွန်ပျူတာတစ်လုံး ရရှိသွားသကဲ့သို့ ခံစားရစေလေသည်။ သူက အမိန့်ပေးလိုက်ရုံဖြင့် ကျန်သည့် အရာအားလုံးကို ကွန်ပျူတာက ကူညီ လုပ်ဆောင်ပေးသွားမည် ဖြစ်လေသည်။
လက်တွေ့ အသုံးဝင်မှု အပိုင်းမှာ လုံးဝကို အံ့မခန်းပင် ဖြစ်လေသည်။
ကျန်ရှိနေသေးသော မဲတံများကို ကျည်တောက်ထဲသို့ ပြန်လည် ခေါ်ယူလိုက်ပြီးနောက် ကျန်းပေရန်သည် သူရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဒီနန်းတော်ကို စတင် စစ်ဆေးလေသည်။
"ရပြီ"
တိကျသော နေရာကို အတည်ပြုပြီးနောက် ကျန်းပေရန်ရဲ့ ချန်းခွန်းကျင့်စဉ် စွမ်းရည်ဖြင့် အချိတ်အဆက်အမှတ်ကို ရှာဖွေရန်မှာ ခက်ခဲသော ကိစ္စတစ်ခု မဟုတ်တော့ပေ။
"ဟူး"
အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ကျန်းပေရန်သည် သူရဲ့ စိတ်ဝိညာဉ်စွမ်းအားများကို ချန်လှပ်ထားခြင်း မရှိဘဲ ပတ်ဝန်းကျင်ကို စတင် ရှာဖွေလေသည်။
တစ်လွှာ နှစ်လွှာ သုံးလွှာ
စိတ်ဝိညာဉ်စွမ်းအားများက အာကာသလေဟာပြင်ကို အလွှာလိုက် အလွှာလိုက် ခွာချလိုက်သည်နဲ့အမျှ ကျန်းပေရန်ရဲ့ အသိစိတ်သည် အရောင်အသွေး စုံလင်လှသော အဏုကြည့် ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ ရောက်ရှိသွားလေသည်။
လေ့လာသူ တစ်ဦးအနေဖြင့် သူရဲ့ အမြင်အာရုံမှာ ပိုမို ရှင်းလင်းလာပြီး ထို အရောင်အသွေး စုံလင်သော အမှုန်အမွှားများမှာလည်း လိုက်၍ ကြီးလာလိုက် သေးသွားလိုက် ဖြစ်နေကာ နောက်ဆုံးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
သန်းတစ်သောင်း သန်းတစ်ထောင် တစ်သန်း
ကျန်းပေရန်ရဲ့ စိတ်ဝိညာဉ်စွမ်းအားဖြင့် အဆင့်ဆင့် စစ်ထုတ်မှုအောက်တွင် အမှုန်အမွှားများမှာ အလွန် လျင်မြန်သော အရှိန်ဖြင့် အုပ်စုလိုက် ပျောက်ကွယ်သွားကြပြီး နောက်ဆုံးတွင် အဖြူရောင် အလင်းတန်းလေး တလက်လက် တောက်ပနေသော အချိတ်အဆက်အမှတ် တစ်ခုတည်းသာ ကျန်ရစ်တော့လေသည်။
'အင်း ငါ ထင်ထားတာထက် အများကြီး ပိုလွယ်ကူနေတယ်'
ချီတိုင်းပြည်ရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်များ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားသည်ဆိုသည်ကို ကြားလိုက်ကတည်းက ၎င်းတို့သည် ချန်းခွန်းကျင့်စဉ်ကို အသုံးပြု၍ ထွက်ပြေး တိမ်းရှောင်သွားကြခြင်း ဖြစ်မည်ကို ကျန်းပေရန် သေချာပေါက် သိရှိခဲ့လေသည်။
သို့သော် အခြားသူ တစ်ဦး ချန်းခွန်းကျင့်စဉ်ကို အသုံးပြုထားသည့် လမ်းကြောင်းကို လိုက်လံ ရှာဖွေရန်ဆိုသည်မှာ မည်သည့် ချန်းခွန်းဆရာကြီး အတွက်မဆို ကောင်းကင်သို့ တက်ရသည်ထက်ပင် ပိုမို ခက်ခဲလှပေသည်။ အကြောင်းမှာ ကူးပြောင်းရေး အချိတ်အဆက်အမှတ်သည် အသုံးပြုပြီးနောက်တွင် သန်းပေါင်းများစွာသော အမှုန်အမွှားများကြားတွင် ပြန်လည် ပုန်းကွယ်သွားတတ်ပြီး ကူးပြောင်းသွားသူ ကိုယ်တိုင်မှလွဲ၍ အခြား မည်သူနဲ့မျှ စိတ်ပိုင်းဆိုင်ရာ အချိတ်အဆက် မပြုလုပ်နိုင်တော့သောကြောင့် ဖြစ်၏။ အခြားသူများ ရှာဖွေရန် ကြိုးစားခြင်းမှာ သမုဒ္ဒရာထဲတွင် အပ်ကျတာကို ရှာဖွေခြင်း သက်သက်သာ ဖြစ်လေသည်။
သို့သော် ဆုတောင်းကျည်တောက်ရဲ့ အကူအညီဖြင့် ကျန်းပေရန်သည် အချိတ်အဆက်အမှတ် ရှိနေသည့် အကြမ်းဖျင်း နေရာကို အလွန် လွယ်ကူစွာ သတ်မှတ်နိုင်ခဲ့လေသည်။
ဒီအကြမ်းဖျင်း နေရာကို ရရှိပြီးနောက် ကျန်းပေရန်ရဲ့ အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားနဲ့ ချန်းခွန်းကျင့်စဉ်တို့ ပူးပေါင်းလိုက်သောအခါ လျှင်မြန်စွာ စစ်ထုတ်မှုများ ပြုလုပ်နိုင်ခဲ့ပြီး အချိတ်အဆက်အမှတ်ရဲ့ နေရာကို အတိအကျ ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်လေသည်။
စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အချိတ်အဆက်အမှတ်ကို လော့ခ်ချလိုက်ပြီးမှ ကျန်းပေရန်သည် သက်ပြင်းတစ်ချက် ချနိုင်ခဲ့ကာ သူရဲ့ စိတ်အာရုံများလည်း ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။
အချိတ်အဆက်အမှတ်ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သော်လည်း တခြား ကမ္ဘာတစ်ခုသို့ ကူးပြောင်းခြင်းဆိုသည့် ကိစ္စကို ကျန်းပေရန် တစ်ခါမှ မလုပ်ဖူးခဲ့ချေ။ သို့သော် သူ အချိတ်အဆက်အမှတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်ရန် စဉ်းစားလိုက်ချိန်တွင် စနစ်ဘက်မှ မည်သည့် ရွေးချယ်စရာမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ရာ အန္တရာယ် မရှိဘူးဟု ဆိုနိုင်လေသည်။
'မှာစရာ ရှိတာတွေ အကုန်လုံးလည်း ချင်းဟွမ်းကို မှာခဲ့ပြီးပြီ ယူသွားသင့်တဲ့ မှော်ပစ္စည်းတွေ အကုန်လုံးလည်း ကိုယ်ပေါ်မှာ အပြည့် ပါလာပြီဆိုတော့ အင်း ဒါဆိုရင်'
"သွားမယ်လို့ တွေးလိုက်တာနဲ့ ချက်ချင်း ထွက်သွားနိုင်တဲ့ အချိန်အာကာသ ခရီးစဉ်လေးတစ်ခု စတင်လိုက်ကြတာပေါ့"
ကျန်းပေရန်က ပြောပြီးသည်နဲ့ သူရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ထို အချိတ်အဆက်အမှတ်ကို တိုက်ရိုက် ဖွင့်လိုက်ပြီး တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်ဖြင့် မန္တန်အစီအရင်များကို ပြုလုပ်ကာ နဂါးရှာဖွေခြင်းကျင့်စဉ်ကို အသက်သွင်းလိုက်လေသည်။
နဂါးရှာဖွေခြင်းကျင့်စဉ် ပြီးဆုံးသွားသည်နဲ့ အဖြူရောင် အလင်းတန်းများ တောက်ပနေသော အချိတ်အဆက်အမှတ်မှာ တစ်ခဏအတွင်း ပေါက်ကွဲထွက်သွားပြီး အနက်ရောင် တွင်းပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ကျန်းပေရန်ကို မျိုချသွားလေတော့သည်။