← Chapters

အခန်း (၃၉၉)

Vol. 40 Ch. 399

အခန်း (၃၉၉)

Vol. 40 Ch. 399

အခန်း။ ၃၉၉

ကျောက်လင်း၏ စကားကို ကြားလိုက်ရသည့်အခါ ဂူအတွင်းရှိ တပ်မှူးများအားလုံး အံ့အားသင့်တုန်လှုပ်သော မျက်ဝန်းများဖြင့် သူမအား ကြည့်လိုက်ကြသည်။

ဘာပဲဖြစ်ဖြစ် မိုးကြိုးဟိန်းသံနှင့် ရင်ဆိုင်ရသူတိုင်းမှာ သေဆုံးခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ အောက်ခြေတပ်ဖွဲ့ဝင်များကို ထားရှိဦးတော့ ဤတပ်မှူးများ ကိုယ်တိုင်ပင် စိတ်ထဲမှ ကြောက်ရွံ့ကာ ထိတ်လန့်နေကြခြင်းပင်။

ထိုမျှအန္တရာယ်ကြီးမားသည်ကို သိလျက်နှင့် ကျောက်လင်းက ရှေ့ထွက်၍ ကိုယ့်သဘောဖြင့် တာဝန်ယူဝံ့ခြင်းမှာ သူတို့ကို အမှန်တကယ်ပင် အံ့သြသွားစေခဲ့သည်။ သူတို့ထဲမှ အများအပြားသည် ကျောက်လင်းကို လေးစားအားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။ လူတိုင်းမှာ သေခြင်းတရားကို မတုန်မလှုပ် ရင်ဆိုင်နိုင်စွမ်း မရှိကြပေ။ သူတို့ကိုယ်တိုင်ပင် ထိုသို့ မစွမ်းဆောင်နိုင်ကြချေ။

လူတိုင်း၏ အကြည့်များကို ခံယူနေရသော်လည်း ကျောက်လင်းမှာမူ တည်ငြိမ်နေခဲ့သည်။ သူမ ဤသို့လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ အခြေစိုက်စခန်းများမှ တပ်ဖွဲ့ဝင်များ စိတ်ဓာတ် လုံးဝပျက်ပြားသွားပြီး ဆုတ်ခွာလိုစိတ်များ ပေါ်ပေါက်လာကာ တာဝန်ကြီးတစ်ခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့်ပင်။

ထို့အပြင် ကျောက်လင်းသည် ဤတာဝန်ကို အသုံးချ၍ အခြေစိုက်စခန်းအသီးသီးတွင် သူမ၏ ဂုဏ်သတင်းနှင့် သြဇာအာဏာကို မြှင့်တင်ရန်လည်း ကြံစည်ထားသည်။ ဤသည်မှာ သူမ၏ အနာဂတ် ရည်မှန်းချက်များအတွက် လမ်းခင်းခြင်းပင်။ မိုးကြိုးဟိန်းသံကြောင့် ဖြစ်လာမည့် အန္တရာယ်နှင့် ပတ်သက်၍မူ အဆိုးဆုံးမှာ သေရုံသာ ရှိတော့သည်။

ဘာပဲဖြစ်ဖြစ် ငါ့မှာ ပြန်လည်ရှင်သန်နိုင်စွမ်း ရှိတယ်လေ။

"ဟားဟား... ယွီဟွာ အခြေစိုက်စခန်းက တပ်မှူးကျောက်ရဲ့ ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ။ အဆင့် ၄ ဆင့်ကဲပြောင်းလဲသူတွေထဲမှာ တကယ့်ကို အစွမ်းထက်တဲ့သူလို့ သိထားတာ။ အခုတော့ တပ်မှူးကျောက်ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပေါ့"

အစောပိုင်းက သားရဲကြီးကို မျှားခေါ်မည့်သူ မရှိသဖြင့် စိတ်ညစ်နေသော ယွမ်ရိက မြှောက်ပင့်သော အပြုံးဖြင့် ပြောလိုက်သည်။ ယခင်က စေလွှတ်ခဲ့သော အင်အားနည်းသည့် တပ်ဖွဲ့ဝင်များနှင့် ယှဉ်လျှင် အဆင့် ၄ စွမ်းအားရှင် ကျောက်လင်းအနေဖြင့် မိုးကြိုးဟိန်းသံ၏ လိုက်လံတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခြေ ပို၍ များပြားသည်။

"တပ်မှူးကျောက်က တကယ့်ကို တရားမျှတမှုရှိပြီး သူရဲကောင်းဆန်တဲ့သူပဲ အကယ်၍ ဒီတာဝန်သာ အောင်မြင်သွားမယ်ဆိုရင် တပ်မှူးကျောက်က အဓိက စွမ်းဆောင်ရှင် ဖြစ်လာမှာပါ။ ကျန်းပြည်နယ်အတွက် ခြိမ်းခြောက်မှုနှစ်ခုကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးနိုင်တာပဲလေ။ ကျန်းပြည်နယ်တစ်ခုလုံးက တပ်မှူးကျောက်ရဲ့ ကျေးဇူးကို သတိရနေကြမှာပါ"

ပိုင်ချန်းတပ်ဖွဲ့ခေါင်းဆောင် ကျန်းဟုန်ကန်းကလည်း ကျောက်လင်းကို လေးစားသော အကြည့်ဖြင့် ကြည့်ကာ တဖွဖွ ချီးကျူးနေတော့သည်။

မိုးကြိုးဟိန်းသံနှင့် ဇွန်ဘီဘုရင်တို့သည် လူသားအခြေစိုက်စခန်းများကို ထိုးဖောက်ဖျက်ဆီးနိုင်ခဲ့သည့် တစ်ဦးတည်းသော ဖြစ်တည်မှုနှစ်ခုဖြစ်ကြောင်း အားလုံးက သိရှိထားကြသည်။ ဤအချက်ကပင် ထိုသတ္တဝါနှစ်ကောင်သည် ကျန်းပြည်နယ်ရှိ အခြားအခြေစိုက်စခန်းများအတွက် မည်မျှအထိ ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ကို သက်သေပြနေသည်။

အကယ်၍ ကျောက်လင်းသာ မိုးကြိုးဟိန်းသံကို အောင်မြင်စွာ မျှားခေါ်နိုင်ပြီး ၎င်းနှင့် ဇွန်ဘီဘုရင်တို့ အပြန်အလှန် တိုက်ခိုက်ဒဏ်ရာရသွားအောင် လုပ်ဆောင်နိုင်ခဲ့မည်ဆိုလျှင် ဤသည်မှာ ကျောက်လင်းအနေဖြင့် ကျန်းပြည်နယ်၏ ရန်သူတော်ကြီးနှစ်ဦးကို တစ်ပြိုင်နကတည်း ရှင်းလင်းပေးလိုက်ခြင်းနှင့် အတူတူပင်။ ထိုသို့ဆိုလျှင် ကျန်းပြည်နယ်ရှိ လူသားများအားလုံး ကျောက်လင်းအပေါ် ကျေးဇူးတင်ကြမည်မှာ သဘာဝကျသည်။

"တပ်မှူးကျောက်... မိုးကြိုးဟိန်းသံ ရဲ့ အန္တရာယ်ကို သိသိကြီးနဲ့ ရှေ့ထွက်တာဝန်ယူတာကို ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်။ ဒါပေမဲ့ မိုးကြိုးဟိန်းသံက အဆင့် ၅ သားရဲကြီး ဖြစ်တာကြောင့် တာဝန်ထမ်းဆောင်ချိန်မှာ အစစအရာရာ အထူးသတိထားပါဦး"

"ဟုတ်ပါတယ် တပ်မှူးကျောက် အခုလို ကျွန်တော်တို့နဲ့ ကျန်းပြည်နယ်တစ်ခုလုံးအတွက် ကိုယ်ကျိုးစွန့်တာကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အကယ်၍ အခြေအနေက မဖြစ်နိုင်တော့ဘူးဆိုရင် ကိုယ့်အသက်ကိုပဲ အရင်ဦးစားပေးပြီး ကာကွယ်ပါ"

"တပ်မှူးကျောက်... ဂရုစိုက်ပါဦးနော်။ ကျွန်တော်တို့ မျှော်လင့်တာကတော့..."

"..."

တပ်မှူးများအားလုံးသည် ကျောက်လင်းကို ဝိုင်းဝန်းချီးကျူးနေကြပြီး သူတို့၏ စိတ်ထဲတွင်လည်း လေးစားကြောက်ရွံ့မှုများ အမှန်တကယ်ပင် ဖြစ်ပေါ်နေသည်။ ယခုအချိန်တွင် ကျောက်လင်းသည် ဤတပ်ဖွဲ့အားလုံး၏ ကိုယ်စားလှယ် ဖြစ်နေပြီဖြစ်သည်။ သူမသာ အောင်မြင်ခဲ့လျှင် သူတို့အားလုံး၏ တာဝန်မှာလည်း ပြီးမြောက်ကာ အောင်မြင်သွားမည်ပင်။

ဘေးတွင် ထိုင်နေသော ကျောက်လင်းမှာမူ ထိုစကားများကို ကြားရသောအခါ သူမ၏ မျက်နှာပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ဤသည်မှာ သူမ လိုချင်သည့် ရလဒ်ပင်။ ဤတာဝန်သာ အောင်မြင်သွားပါက ကျန်းပြည်နယ်

အတွင်း သူမ၏ ဂုဏ်သတင်းမှာ ဟိုးလေးကျော်သွားမည်ဖြစ်ပြီး ထိုအချိန်တွင် သူမသည် ကျန်းပြည်နယ်တစ်ခုလုံးတွင် နေရာတစ်နေရာ ရရှိလာပေလိမ့်မည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်လာရန် သူမ၏ ရည်မှန်းချက်ဆီသို့ နောက်ထပ် ခြေတစ်လှမ်း နီးကပ်သွားခြင်းပင်။

"လောလောဆယ် မိုးကြိုးဟိန်းသံက လီမြစ်အခြေစိုက်စခန်းကို ရောက်ဖို့ ခရီးတစ်ဝက်လောက် လိုပါသေးတယ်။ အချိန်က အလွန်တန်ဖိုးရှိတာကြောင့် သားရဲကြီး လမ်းကြောင်းမပြောင်းခင် ကျွန်မ အခုချက်ချင်း ထွက်ခွာရပါလိမ့်မယ်"

ကျောက်လင်းသည် လူအားလုံးကို ဝေ့ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

အကယ်၍သာ မိုးကြိုးဟိန်းသံက နောက်ကြောင်းပြန်လှည့်သွားခဲ့မည်ဆိုလျှင် ယခင်က သူတို့ ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးမှာ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထိုရလဒ်ကို ရရှိရန်အတွက် ဆင့်ကဲပြောင်းလဲသူ အမြောက်အမြား အသက်ပေးခဲ့ကြရသည်။

"ဒါဆိုရင်တော့ အားလုံးကို တပ်မှူးကျောက်ဆီမှာပဲ အပ်နှံလိုက်ပါတော့မယ်"

ယွမ်ရိသည် လေးနက်သော မျက်နှာထားဖြင့် ကျောက်လင်းအား မိုးကြိုးစုစည်းလက်ပတ်ကို ကမ်းပေးလိုက်သည်။ အကယ်၍ တပ်မှူးကျောက်ပင် မအောင်မြင်ခဲ့ပါက ဤတာဝန်ကို စွန့်လွှတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ ရှိတော့မည်မဟုတ်ကြောင်း သူ စိုးရိမ်နေမိသည်။ ဘာပဲဖြစ်ဖြစ် အောင်မြင်မှုအရိပ်အယောင်မမြင်ရဘဲနှင့် ကျန်းပြည်နယ်အတွက် ကိုယ်ကျိုးစွန့်လိုသည့် ဆင့်ကဲပြောင်းလဲသူများကို အလဟဿ အသက်မပေးစေလိုတော့ပေ။

ကျောက်လင်းသည် လက်ပတ်ကို ယူကာ သူမ၏ ဘယ်ဘက်လက်တွင် ဝတ်ဆင်လိုက်ပြီးနောက် ရှိနေသူအားလုံးကို ခေါင်းညိတ်ပြလျက် မတ်တပ်ရပ်ကာ အလေးပြုလိုက်သည်။ ထို့နောက် ဂူ၏ထွက်ပေါက်ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားတော့သည်။

ဝူးးး ဝူးးး ဝူးးး

မကြာမီတွင် ကျောက်လင်းသည် အပြင်ဘက်ရှိ ရဟတ်ယာဉ်ပေါ်သို့ တက်ကာ မိုးကြိုးဟိန်းသံရှိရာ အရပ်ဆီသို့ ပျံသန်းသွားသည်။ ထိုအချိန်တွင် မိုးကြိုးဟိန်းသံသည် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် ထူထပ်သော တောအုပ်တစ်ခုအတွင်း၌ သောင်းကျန်းနေသည်။

ဝုန်း... ဝုန်း...

မိုးကြိုးဟိန်းသံ၏ တစ်ကိုယ်လုံးမှာ မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းနေပြီး အဆက်မပြတ် မြည်ဟည်းနေသော အသံများ ထွက်ပေါ်နေသည်။ လမ်းတစ်လျှောက်တွင် ထိုလျှပ်စီးများနှင့် ထိမိသော သစ်ပင်များမှာ မီးကျွမ်းကာ မည်းနက်သွားကြရသည်။

ထူးခြားသည်မှာ မိုးကြိုးဟိန်းသံ၏ ပါးစပ်ထဲတွင် မိုးကြိုးစွမ်းအင်များ အဆက်မပြတ် ထုတလွှတ်နေသည့် မိုးကြိုးစုစည်းလက်ပတ်တစ်ခု ရှိနေခြင်းပင်။ ထိုအင်အားကြီးမားလှသော စွမ်းအင်များကို ၎င်းက လျင်မြန်စွာ စုပ်ယူနေသဖြင့် မိုးကြိုးဟိန်းသံ၏ မိုးကြိုးရောင်ဝါမှာ ပို၍ တောက်ပကြောက်မက်ဖွယ်ကောင်းလာပြီး ၎င်း၏ အရှိန်အဝါမှာလည်း သိသိသာသာ မြင့်တက်လာသည်။

"ဝေါ့"

လက်ပတ်အတွင်းရှိ စွမ်းအင်များ အားလုံးကုန်ခမ်းသွားပြီး မှေးမှိန်သွားသည့်အခါတွင်မူ မိုးကြိုးဟိန်းသံသည် ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဖွင့်ကာ ကျေနပ်အားရစွာ ဟိန်းဟောက်လိုက်သည်။ ကျန်းဟိုင်အခြေစိုက်စခန်းမှ တာဝန်အတွက် ပြင်ဆင်ပေးလိုက်သော လက်ပတ်မှာမူ တာဝန်မကျေနိုင်ဘဲ မိုးကြိုးဟိန်းသံအတွက် အားဖြည့်ပေးရာသာ ရောက်သွားခဲ့သည်။

ထိုအချိန်တွင် ကျောက်လင်းသည်လည်း ထိုနေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာတော့သည်။

ဝူးးး ဝူးးး ဝူးးး

ရဟတ်ယာဉ်သည် မိုးကြိုးဟိန်းသံနှင့် ကီလိုမီတာ အနည်းငယ်အကွာတွင် ရပ်တန့်လိုက်သည်။

ဝှစ်….

ကျောက်လင်းသည် ကြိုးလှေကားမှတစ်ဆင့် မြေပြင်သို့ ဆင်းသက်ပြီးသည်နှင့် ရဟတ်ယာဉ်သည် မိုးကြိုးဟိန်းသံ၏ တိုက်ခိုက်မှု အကွာအဝေးပြင်ပသို့ ရောက်ရှိသည်အထိ အလျင်အမြန် ပြန်လည်ပျံတက်သွားသည်။

ကျောက်လင်းသည် ကုန်းမြင့်တစ်ခုပေါ်တွင် ရပ်နေရင်း အဝေးမှ ခရမ်းရောင်လျှပ်စီးကြောင်းများ ဖြာထွက်နေသည့် မိုးကြိုးဟိန်းသံကို ကြည့်နေမိသည်။ နောက်တစ်ခဏတွင်မူ ကျောကလင်သည် သူမ၏လက်မောင်းရှိ မိုးကြိုးစုစည်းလက်ပတ်ကို အသက်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် မိုးကြိုးစွမ်းအင်များသည် လက်ပတ်အတွင်း၌ တဟုန်ထိုး စီးဆင်းလာပြီး စူးရှတောက်ပသော ခရမ်းရောင်အလင်းတန်းများသည် ခရမ်းရောင် နေမင်းငယ်လေးတစ်စင်းကဲ့သို့ ကျောက်လင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။

ထိုအချိန်တွင် တောအုပ်အတွင်း လှည့်လည်သွားလာနေသော မိုးကြိုးဟိန်းသံသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ပေါ်ပေါက်လာသည်။

"ဝေါ…"

ကျယ်လောင်လှသော မိုးကြိုးဟိန်းသံကြီးနှင့်အတူ မိုးကြိုးဟိန်းသံသည် သံမဏိတိုင်ကြီးများကဲ့သို့ သန်မာလှသော ၎င်း၏ခြေထောက်များကို အသုံးပြုကာ ကျောက်လင်းရှိရာအရပ်သို့ အသည်းအသန် ပြေးဝင်လာတော့သည်။ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကိုလည်း ဧရာမ တင့်ကားကြီးတစ်စီး ကြိတ်ချေသွားသကဲ့သို့ ဖျက်ဆီးပစ်ခဲ့သည်။

ဝုန်း... ဝုန်း...

မိုးကြိုးဟိန်းသံ၏ ဧရာမခန္ဓာကိုယ်ကြီး အနားသို့ တိုးကပ်လာသည်နှင့်အမျှ မြေပြင်သည်လည်း အနည်းငယ် တုန်ခါလာသည်။ ကျောက်လင်း၏ မျက်နှာမှာ အလွန်တည်ကြည်လေးနက်နေ၏။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ မီတာတစ်ထောင်ခန့်သာ လိုတော့သည့်အခါတွင် သူမသည် ချက်ချင်း လှည့်ထွက်ကာ လီမြစ်အခြေစိုက်စခန်းရှိရာ အရပ်သို့ အစွမ်းကုန် ပြေးတော့သည်။

"ဝေါ့..."

၎င်း၏ သားကောင်မှာ ထွက်ပြေးတော့မည်ကို မြင်လိုက်ရသောအခါ အမျက်ထွက်နေသော မိုးကြိုးဟိန်းသံသည် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင် တစ်ခွင်လုံးပင် တုန်ဟည်းသွားရသည်။

ဒိုင်း... ဝုန်း...

နောက်တစ်ခဏတွင်မူ မိုးကြိုးဟိန်းသံ၏ ပါးစပ်အတွင်းမှ လျှပ်စီးတန်းများစွာ ပွင့်ထွက်လာပြီး၊လေထုအတွင်း မီတာတစ်ထောင်ခရီးကို ဖြတ်ကျော်ကာ ကျောက်လင်းကို တိုက်ခိုက်တော့သည်။ ထိုမိုးကြိုးသံမှာ သောင်းနှင့်ချီသော သားရဲဆိုးကြီးများ တပြိုင်နက်တည်း ဟိန်းဟောက်လိုက်သကဲ့သို့ပင်။

ထွက်ပြေးနေသော ကျောက်လင်းသည် ပြင်းထန်လှသော မိုးကြိုးသံကို ကြားလိုက်ရပြီး ကျောရိုးထဲအထိ စိမ့်တက်သွားကာ အန္တရာယ်ကြီးလာသည်ကို သိလိုက်ရသည်။ သူမသည် နောက်သို့ တစ်ချက်လှည့်ကြည့်ကာ တိုက်ခိုက်မှုကို အတည်ပြုပြီးနောက် လျှပ်စီးကြောင်းများ၏ ထိမှန်မှုကို ရှောင်ကွင်းနိုင်ရန် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လှသော အရှိန်ဖြင့် ဟိုဘက်ဒီဘက်သို့ အသည်းအသန် ရှောင်တိမ်းတော့သည်။

ခဏအကြာတွင် ဖျက်ဆီးခြင်းစွမ်းအားများ ပြည့်နှက်နေသည့် လျှပ်စီးကြောင်းများက မြေပြင်သို့ ကျရောက်လာသည်။

ဝုန်း... ဒိုင်း... ဝုန်း...

All Chapters