← Chapters

အခန်း (၄၀၀)

Vol. 40 Ch. 400

အခန်း (၄၀၀)

Vol. 40 Ch. 400

အခန်း။ ၄၀၀

မျက်တောင်တစ်ခတ်အတွင်းမှာပင် လျှပ်စီးတန်း တစ်ဒါဇင်ကျော်သည် ကျောက်လင်းကို သီသီလေးလွဲကာ မြေပြင်ပေါ်သို့ ကျရောက်ပေါက်ကွဲသွားတော့သည်။

သို့သော်လည်း ကျောက်လင်းသည် မိုးကြိုးထိမှန်မှုကြောင့် လွင့်စင်လာသော ဖုန်မှုန့်ထူထူများနှင့် မြေခဲကြီးများကို လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ နားထဲတွင် မိုးကြိုးသံများ အဆက်မပြတ် မြည်ဟည်းနေသည်ကို ကြားရသဖြင့် သူမ စိုးရိမ်ထိတ်လန့်သွားသော်လည်း စိတ်ထဲတွင်မူ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

တော်သေးတယ် တကယ့်ကို သီသီလေးပဲ။

သူမအနေဖြင့် မိုးကြိုးဟိန်းသံကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ကြောင်း သိထားသဖြင့် ကျောက်လင်းသည် ရန်သူကို ရင်ဆိုင်ရန် နောက်သို့ လှည့်မကြည့်တော့ပေ။ ထိုအစား သူမတွင်ရှိသမျှ ခွန်အားအားလုံးကို အသုံးချကာ ရှေ့သို့သာ အသည်းအသန် ထွက်ပြေးတော့သည်။

"ဝေါ…."

တစ်ဖက်တွင်လည်း မိုးကြိုးဟိန်းသံသည် ဤပုရွက်ဆိတ်ငယ်လေးက ၎င်း၏တိုက်ခိုက်မှုကြောင့် သေမသွားသည့်အပြင် အကုန်လုံးကို ရှောင်တိမ်းသွားနိုင်သည်ကို သတိပြုမိသွားသည်။ ၎င်းသည် ချက်ချင်းပင် အမျက်ချောင်းချောင်းထွက်သွားပြီး မျက်လုံးများ သွေးရောင်လွှမ်းလျက် ကျောက်လင်း၏ ကျောပြင်ကို ကြည့်ကာ နားကွဲမတတ် ဝက်ဝံဟိန်းသံကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။

နောက်တစ်ခဏတွင်မူ မိုးကြိုးဟိန်းသံ၏ တစ်ကိုယ်လုံးမှ အဆုံးအစမရှိသော ရက်စက်

ကြမ်းကြုတ်သည့် အရှိန်အဝါများ ထွက်ပေါ်လာပြီး ထိုပုရွက်ဆိတ်ငယ်လေးကို အမှုန့်ခြေပစ်မည်ဟု သစ္စာဆိုထားသည့်အလား ကျောက်လင်းရှိရာသို့ တဟုန်ထိုး ပြန်လည်ပြေးဝင်လာတော့သည်။

ဝုန်း... ဝုန်း...

နောက်ဘက်မှ မြည်ဟည်းသံများကို ကြားရပြီး မြေပြင်တုန်ခါနေသည်ကို ခံစားမိသောအခါ ကျောက်လင်း၏ စိတ်ထဲတွင် တင်းကျပ်သွားရသည်။

"တောက်... အခြေအနေမကောင်းဘူး..."

သူမ၏ ခန္ဓာကိုယ်မှာ မိုးကြိုးဟိန်းသံထက် ပို၍ ပေါ့ပါးသည့်အပြင် ကိုယ်ခံပညာများဖြင့် လေ့ကျင့်ထားသော်လည်း ကျင့်စဉ်အဆင့်ကွာခြားမှုကြောင့် သူမ၏ အရှိန်မှာ သားရဲကြီးထက် အနည်းငယ် နှေးကွေးနေဆဲပင်။

ထို့ကြောင့် ကျောက်လင်းသည် ရှေ့သို့သာ အသည်းအသန် ပြေးလွှားနေရပြီး မိုးကြိုးဟိန်းသံ၏ တိုက်ခိုက်မှုများကို သတိပြုမိစေရန် ရံဖန်ရံခါ နောက်သို့ လှည့်ကြည့်နေရသည်။

ဝုန်း…

အသက်ရှူအနည်းငယ်အကြာတွင်ပင် အနားသို့ တိုးကပ်လာသော မိုးကြိုးဟိန်းသံက နောက်ထပ် တိုက်စစ်တစ်ခု စတင်လိုက်ပြန်သည်။ နားကွဲမတတ် မိုးကြိုးဟိန်းသံနှင့်အတူ မိုးကြိုးလျှပ်စီး တဒါဇင်ကျော်မှာ နောက်တစ်ကြိမ် ကျရောက်လာပြန်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းလှသော လျှပ်စီးတန်းများသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ အနားသို့ ရောက်ရှိလာတော့သည်။ ကျောက်လင်း၏ မျကသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး အရေးကြီးသော ထိုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှားလျက် မိုးကြိုးထိမှန်မည့်ဘေးမှ သီသီလေး ရှောင်တိမ်းလိုက်နိုင်သည်။

ဝုန်း... ဝုန်း... ဝုန်း...

လျှပ်စီးကြောင်းများသည် ဒုံးကျည်များဖြင့် ပစ်ခတ်ခံရသကဲ့သို့ ကျောက်လင်း၏ ဘေးနားမှ တရစပ် ဖြတ်သန်းသွားပြီး မြေပြင်ပေါ်သို့ အဆက်မပြတ် ကျရောက်ပြီး ပေါက်ကွဲသွားရာ ထိုနေရာတစ်ခုလုံးမှာ ဖုန်မှုန့်များနှင့် မြေစာခဲများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ကျောက်လင်းသည် ထိုဖုန်တောအတွင်းမှ လျင်မြန်စွာ ဖြတ်ကျော်နေစဉ် မိုးကြိုးဟိန်းသံ၏ ဧရာမ ခန္ဓာကိုယ်ကြီးကလည်း ဖုန်လုံးကြီးများကို ဖြိုခွဲကာ သူမနောက်သို့ မရပ်မနား တရကြမ်း လိုက်လံနေသည်။

ထိုအချိန်တွင် ကောင်းကင်ယံ အထက်၌ ကျောက်လင်းကို လာပို့သော ရဟတ်ယာဉ်သည် အောက်ခြေမှ အခြေအနေများကို ဗီဒီယိုရိုက်ကူးကာ ကီလိုမီတာ အနည်းငယ်အကွာမှ လိုက်ပါလာသော ရဟတ်ယာဉ်အုပ်စုနှင့် မြေပြင်ရှိ ယာဉ်တန်းများထံသို့ တိုက်ရိုက် ပေးပို့နေသည်။

ရဟတ်ယာဉ်အတွင်းရှိ ဗီဒီယိုပြကွက်တွင် ကျောက်လင်းက မိုးကြိုးဟိန်းသံ၏ တိုက်ခိုက်မှုများကို လျင်မြန်ဖြတ်လတ်စွာ ရှောင်တိမ်းနေသည်ကို မြင်လိုက်ရသောအခါ ယွမ်ရိက လေးစားစွာဖြင့် ပြောလိုက်သည်။

"တပ်မှူးကျောက်က တကယ့်ကို ယွီဟွာကမ္ဘာပျက်ကပ်ထဲကနေ တိုက်ခိုက်ထွက်လာတဲ့ ဆင့်ကဲပြောင်းလဲသူပီသပါပေတယ်။ သူမရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို ထူးခြားသလို အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ တုံ့ပြန်ပုံကလည်း အံ့မခန်းပဲ။ ငါတို့ထဲမှာ ဘယ်သူမှ သူမကို မယှဉ်နိုင်ဘူး"

"သူမသာ ဒီအတိုင်း ဆက်ပြီး ထိန်းထားနိုင်မယ်ဆိုရင် တပ်မှူးကျောက်က ဒီတာဝန်ကို အမှန်တကယ် ပြီးမြောက်အောင်မြင်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်"

ယွမ်ရိသည် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ တပ်မှူးကျောက်သည် သူတို့၏ အကြီးမားဆုံးသော မျှော်လင့်ချက်ဖြစ်ပြီး အကယ်၍ သူမသာ မိုးကြိုးဟိန်းသံကို မျှားခေါ်မည့်တာဝန်ကို မပြီးမြောက်နိုင်ပါက သူတို့၏ မျှော်လင့်ချက်များမှာလည်း ပို၍ မြင့်တက်လာနိုင်သည်။

"ဟားဟား... တပ်မှူးယွမ် ပြောတာ မှန်ပါတယ်။ တပ်မှူးကျောက်က တကယ့် အဆင့် ၄ ဆင့်ကဲပြောင်းလဲသူပဲ။ သူမရဲ့ အရှိန်က မိုးကြိုးဟိန်းသံထက် အနည်းငယ်ပဲ နှေးတာပါ။ ဒါပေမဲ့ သူမရဲ့ ရှောင်တိမ်းနိုင်စွမ်းကတော့ ကြောက်စရာကောင်းလောက်အောင် အားကောင်းတယ်။ ဒီအရှိန်အတိုင်းသာ ဆက်သွားမယ်ဆိုရင် အောင်မြင်ဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်"

ပိုင်ချန်းတပ်ဖွဲ့ခေါင်းဆောင် ကျန်းဟုန်ကန်းက ယွမ်ရိကို ကြည့်ကာ အားရပါးရ ပြုံးလိုက်သည်။

"တပ်မှူးကျောက်က သာမန်အရပ်သား ဆင့်ကဲပြောင်းလဲသူအဖွဲ့ရဲ့ ခေါင်းဆောင်ဘဝကနေ အခြေစိုက်စခန်းရဲ့ တပ်မှူးအဆင့်အထိ ဘာကြောင့် တက်လှမ်းနိုင်ခဲ့လဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ သူမရဲ့ အရည်အချင်းက တကယ့်ကို ထူးချွန်ထက်မြက်လွန်းတယ်"

"ဟဲဟဲ... ကြည့်ရတာ အောင်မြင်ဖို့ အခွင့်အလမ်း တော်တော်များနေပြီပဲ။ အားလုံးပြီးသွားရင်တော့ တပ်မှူးကျောက်ကို ငါတို့ အသေအချာ ကျေးဇူးတင်ရမှာပေါ့"

"တကယ်ကို အားကိုးထိုက်တာပဲ..."

အခြားသူများကလည်း ဝိုင်းဝန်းချီးကျူးကြသည်။ အနားတွင် ရှိနေသော ယွီဟွာတပ်ဖွဲ့ဝင်များမှာလည်း ထိုချီးကျူးစကားများကို ကြားရသောအခါ ဂုဏ်ယူဝင့်ကြွားသော အမူအရာများ ကိုယ်စီ ဖြစ်ပေါ်နေကြသည်။

တစ်ဖက်တွင်မူ ရှေ့ဘက်ရှိ တောရိုင်းမြေပြင်ပေါ်၌ ကျောက်လင်းကို မိုးကြိုးဟိန်းသံက လိုက်လံတိုက်ခိုက်နေဆဲပင်။

ဝုန်း... ဝုန်း...

ဒေါသအရှိန်အဟုန် အပြည့်ပါသော မိုးကြိုးလျှပ်စီးတန်းများကို မိုးကြိုးဟိန်းသံက တစ်ခုပြီးတစ်ခု တရစပ် ပစ်လွှတ်နေပြီး ရှေ့မှ ထွက်ပြေးနေသော ပုရွက်ဆိတ်ငယ်လေးကို အမှုန့်ခြေပစ်ရန်သာ အာရုံစိုက်ထားသည်။

ကျောက်လင်းသည် မိုးကြိုးဟိန်းသံ၏ မိုးကြိုးတိုက်ကွက်များကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲသဖြင့် သူမ၏ ကိုယ်ခံပညာကိုသာ အားကိုး၍ အန္တရာယ်ကြားမှ ရှောင်တိမ်းနေရသည်။ မိုးကြိုးဟိန်းသံက တိုက်စစ်ဆင်လိုက်တိုင်း ကျောက်လင်းသည် သူမ၏ စွမ်းအားများကို ရုတ်တရက် ပွင့်ထွက်စေကာ သေစေနိုင်သော တိုက်ကွက်များကို အစွန်းကုန် ရှောင်တိမ်းနေရခြင်း ဖြစ်သည်။

ဝုန်း...

"ချီချီလေး ပေးထားတဲ့ ကိုယ်ခံပညာကျမ်းစာအုပ်ကြောင့်သာ တော်တော့တယ်..."

ထိုအချိန်တွင် ဖုန်မှုန့်များ ပေကျံနေသော ကျောက်လင်းသည် နောက်ထပ် မိုးကြိုးပေါက်ကွဲမှုတစ်ခုကို ထပ်မံရှောင်တိမ်းလိုက်ပြန်သည်။ လေထုကို ဖောက်ထွင်းသွားသော မိုးကြိုးများ၏ အပူရှိန်ကို ခံစားမိရင်း သူမသည် စိတ်ထဲမှ အလွန်ပင် ကျေးဇူးတင်နေမိတော့သည်။

ဤမိုးကြိုးဟိန်းသံ၏ မိုးကြိုးတိုက်ကွက်များက ပြင်းထန်ရုံသာမက အလွန်လည်း မြန်ဆန်လှသည်။ ယခင်က မျှားခေါ်သူများ အဘယ်ကြောင့် မရှောင်နိုင်ခဲ့ကြသည်ကို ယခုမှပင် ကျောက်လင်းကောင်းစွာ နားလည်သွားတော့သည်။

ယခုတစ်ကြိမ်တွင်လည်း ချီချီလေး သင်ပေးထားသော ကိုယ်ခံပညာသာ မရှိပါက သူမသည်လည်း ရှေ့ကလူများကဲ့သို့ပင် မိုးကြိုးထိမှန်ကာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရခြင်းဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

ဟူး... ဟူး... ဟူး...

ဖုန်တောထဲတွင် ကျောက်လင်း၏ ရင်ဘတ်မှာ အသက်ရှူသံ ပြင်းထန်စွာဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမသည် အသက်ကို လုရှူရင်း ဆက်လက်ထွက်ပြေးနေရသော်လည်း ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုမှာ လျင်မြန်စွာ ကုန်ခမ်းလာနေသဖြင့် အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာ ကောင်းလာသည်။ အရှိန်အကုန်တင်၍ ပြေးနေရခြင်းမှာ အလွန်ပင် ပင်ပန်းလှသည့်အပြင် တိုက်ခိုက်မှုများကို ရှောင်ရှားရန်အတွက် ရံဖန်ရံခါ ခန္ဓာကိုယ်၏ စွမ်းအားကို ရုတ်တရက် ပွင့်ထွက်အသုံးပြုနေရခြင်းက သူမကို ပို၍ နုံးချိစေသည်။

"တောက်... ငါ့ကိုယ်ငါ အထင်ကြီးမိသွားပြီ။ ဒီအတိုင်းသာ ဆက်သွားရင် လီမြစ်အခြေစိုက်စခန်းကို ရောက်ဖို့ မလွယ်ဘူး။ ငါ တကယ်ပဲ နောက်တစ်ခေါက် ထပ်သေရတော့မှာလား"

ကျောက်လင်းသည် သူမနှင့် လီမြစ်အခြေစိုက်စခန်းကြားရှိ အကွာအဝေးကို တွက်ချက်ရင်း အံကြိတ်ကာ တွေးတောနေမိသည်။ ကျောက်လင်း စိုးရိမ်စိတ်များ မြင့်တက်လာချိန်တွင် နောက်ဘက်မှ အမျက်ချောင်းချောင်း ထွက်နေသော မိုးကြိုးဟိန်းသံကြီးမှာလည်း သည်းခံနိုင်စွမ်း ကုန်ဆုံးသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်း၏ တိုက်ကွက်များ အကြိမ်ကြိမ် လွဲချော်နေခြင်းက မိုးကြိုးဟိန်းသံကို အလွန်အမင်း ဒေါသထွက်စေပြီး ရှေ့မှ ပုရွက်ဆိတ်ငယ်လေးက ၎င်းအား လှောင်ပြောင်နေသည်ဟု ခံစားနေရသည်။ ချက်ချင်းဆိုသလိုပင် မိုးကြိုးဟိန်းသံ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး အစွမ်းကုန် တိုက်ခိုက်မည့် အလွန်ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။

မိုးကြိုးဟိန်းသံကြီး အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေစဉ် ၎င်း၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းလှသော လျှပ်စီးကြောင်းများက မိုးကြိုးဟိန်းသံကို မိုးကြိုးများဖြင့် ဖွဲ့စည်းထားသည့် မိုးကြိုးဝက်ဝံကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။ ၎င်း၏ ခရမ်းရောင် အလင်းတန်းမှာ နေမင်းကြီးကဲ့သို့ စူးရှတောက်ပနေပြီး နှလုံးတုန် ရင်ခုန်စရာကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

"တောက်... ဒီသားရဲကြီး တကယ် အတည်လုပ်တော့မှာဟ"

နောက်ဘက်မှ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလိုက်သောအခါ ကျောက်လင်းသည် ခဏတာ ကြောင်အမ်းသွားပြီး ကျောပြင်တွင် ချွေးစေးများ ပျံတက်လာသည်။

"ဝေါ…"

ထို့နောက် ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားသကဲ့သို့ ပြင်းထန်လှသော ဝက်ဝံဟိန်းသံကြီးမှာ တောရိုင်းမြေပြင်ထက်တွင် ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုကြောက်မက်ဖွယ် အသံလှိုင်းများမှာ မီတာရာနှင့်ချီသော ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်အားလုံးကို အမှုန့်ခြေဖျက်ဆီးပစ်လိုက်သည်။

ဝုန်း…

နောက်တစ်ခဏတွင်မူ မိုးကြိုးဟိန်းသံ၏ ဧရာမ ပါးစပ်ကြီး ပွင့်လာပြီး ပတ်ဝန်းကျင်ရှိ အဆုံးအစမရှိသော ခရမ်းရောင် လျှပ်စီးကြောင်းများကို စုစည်းလိုက်ရာ ပိုမိုတောက်ပ စူးရှလာတော့သည်။ ချက်ချင်းဆိုသလိုပင် စည်ပိုင်းတစ်ခုစာခန့် ထူထဲလှသော မိုးကြိုးတိုင်ကြီးမှာ မိုးကြိုးဟိန်းသံ၏ ပါးစပ်အတွင်းမှ ပစ်လွှတ်ထွက်ပေါ်လာသည်။

"ဒုက္ခပဲ... တပ်မှူးကျောက်တော့ အန္တရာယ်ရှိနေပြီ"

ဤမြင်ကွင်းကို မြင်လိုက်ရသော နောက်ဘက်ယာဉ်တန်းရှိ လူများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ဦးရေပြားများပင် ထုံကျဉ်သွားရတော့သည်။

All Chapters