← Chapters

တယန်ဂိုဏ်းကို ဖျက်ဆီးခြင်း

Vol. 28 Ch. 295

တယန်ဂိုဏ်းကို ဖျက်ဆီးခြင်း

Vol. 28 Ch. 295

ကောင်းကင်ဒဏ္ဍာရီ ကျိချိုးနှင့်အခြားသူများ ဘေးတွင်တိတ်တဆိတ်သာ ရပ်နေခဲ့ပြီး တပည့်များ စိတ်ဝိညာဉ်စွမ်းအင်ပြန်လည်ဖြည့်တင်းပြီးမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

ထိုအခိုက်တွင် သူတို့၏ခံစားချက်များ ရှုပ်ထွေးနေခဲ့၏။

နှစ်ရာချီကျင့်ကြံလာခဲ့မှုက ဘာအတွက်လဲလို့သာ သူတို့တွေးနေခဲ့မိကြသည်။

အဆုံးသတ်တွင် သူတို့သည် အခြေခံတည်ဆောက်ခြင်းတစ်အုပ်ကိုပင် ရှုံးနိမ့်သွားနိုင်သည် မဟုတ်ပါလော။

အခြားနတ်ဝိညာဉ်အဆင့်များ သေဆုံးခြင်းကထိုမျှမဟုတ်သော်လည်း အန်းဝူလျန့်ကတော့ သာမန်နတ်ဝိညာဉ်အဆင့်တစ်ယောက် ဟုတ်မနေပေ။

သူသည် သူ့ကိုယ်ပိုင်တာအိုစွမ်းအားကို နားလည်ထားပြီး စိတ်ဝိညာဉ်လက်နက်တစ်ခုလည်း ပိုင်ဆိုင်ထားခဲ့၏။

သို့သော် သူသည်ပင် အခြေခံတည်ဆောက်ခြင်းတစ်အုပ်လက်ထဲတွင် သေဆုံးသွားခဲ့ရသည်။

သူတို့ကျင့်ကြံခြင်းက ဘာအဓိပ္ပာယ်ရှိပါဦးမည်နည်း။

ယုကျင်းကျုံးကတော့ အများကြီး တွေးမနေပေ။ သူသည် သူ့ဂိုဏ်းကို ပြန်ရပြီ ဖြစ်သည်။

သူ့ကိုဒုက္ခပေးနေ‌သည့် တစ်ခုတည်းသောအရာက အန်းဝူလျန့်သည် ဂိုဏ်း၏အရင်းအမြစ်များအားလုံးကို ယူသွားခဲ့ခြင်းသာ ဖြစ်၏။

ထိုအရင်းအမြစ်များသည် တယန်ဂိုဏ်းအပိုင် ဖြစ်သည်။

ထို့ကြောင့်လည်း သူ့အန်းဝူလျန့်၏သိုလှောင်လက်စွပ်ကို ယူထားခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ သူအန်းဝူလျန့်၏ စိတ်ဝိညာဉ်လက်နက်ကိုပါ ယူချင်နေခြင်း ဖြစ်၏။ ထိုစစ်တပ်၏ စွမ်းအားကို ကြောက်ရွံ့၍သာ မလှုပ်ရှားရဲခဲ့ခြင်း ဖြစ်သည်။

နေ့၀က်ခန့်ကြာပြီးနောက် အဇူရာတိမ်ဂိုဏ်းသားများ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြည့်တင်းခြင်း ပြီးဆုံးသွားခဲ့၏။

တခဏအကြာတွင် သူတို့သည် စစ်ပွဲ၏အကျိုးအမြတ်များကို သိမ်းယူရန် လူအနည်းငယ် လွှတ်လိုက်ကြသည်။

၀မ်ပေ့လဲ့ ကိုယ်တိုင်ထိုအကျိုးအမြတ်များကို ဆင်းယူခဲ့ပြီး သူ့မျက်နှာတွင် ထူးဆန်းသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

သေချာကြည့်ရှုပြီးနောက် သူရုတ်တရက် အော်ပြောလိုက်လေသည်။

“ဂျူနီယာညီလေး ကျန်းချန်းရှန် ဂျူနီယာညီမလေး လျန့်ယိ ဆိုးတာပဲ ငါတို့ အကျိုးအမြတ်တွေ ခိုးခံလိုက်ရပြီ

အဲ့ဒီနတ်ဝိညာဉ်အဆင့်ရဲ့ သိုလှောင်လက်စွပ်မရှိတော့ဘူး တစ်ယောက်ယောက်ခိုးသွားတာ သေချာတယ်”

ကျန်းချန်းရှန်လည်း တုန်လှုပ်သွားကာ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်၏။

“အဲ့ဒီနတ်ဝိညာဉ်အဆင့်ကို ငါတို့သတ်လိုက်တာမဟုတ်လား ဘယ်သူက ငါတို့အကျိုးအမြတ်ကို ခိုးရဲတာလဲ”

တကယ်တော့ သူတို့စိတ်ရှုပ်ထွေးချင်နေယောင်ဆောင်နေခဲ့ကြခြင်းသာ ဖြစ်သည်။

သူတို့စိတ်ဝိညာဉ်စွမ်းအင်ဖြည့်တင်းနေချိန်တွင် ယုကျင်းကျုံးလက်စွပ်ယူသွားတာကို မမြင်လိုက်စရာ အကြောင်းမရှိပေ။

သူတို့သရုပ်ဆောင်နေသည့် အကြောင်းအရင်းမှာ ယုကျင်းကျုံးကို ပြဿနာရှာစရာ အကြောင်းရှာနေခြင်းသာ ဖြစ်၏။

လျန့်ယိ ကောင်းကင်ဒဏ္ဍာရီနှင့်အခြားသူများကို စိတ်ရှုပ်ထွေးနေဟန်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“စီနီယာတို့ တစ်ယောက်ယောက်သိုလှောင်လက်စွပ်ကို ယူသွားတာ တွေ့လိုက်ကြသေးလား”

ကောင်းကင်ဒဏ္ဍာရီနှင့်ကျိချိုးတို့၏ အကြည့်များက ယုကျင်းကျုံးဆီ ရောက်ရှိသွားခဲ့ကြ၏။

၀မ်ပေ့လဲ့ ယုကျင်းကျုံးကိုကြည့်ကာ မေးလိုက်သည်။

“ခင်ဗျား ကျုပ်တို့အကျိုးအမြတ်တွေကို ခိုးခဲ့တယ်မဟုတ်လား ဂျူနီယာညီလေး ညီမလေးတို့ တစ်ယောက်ယောက်က ငါတို့အကျိုးအမြတ်တွေကို ခိုးသွားတယ်”

ရုတ်ချည်းဆိုသလို တပည့်တစ်သောင်းက သေနတ်များကိုမြှောက်ကာ ယုကျင်းကျုံးကို ချိန်လိုက်ကြလေသည်။

ယုကျင်းကျုံးကိုယ်မှ ချွေးအေးများ စီးကျလာခဲ့၏။

သူသည် အန်းဝူလျန့်အသတ်ခံလိုက်ရတာကို ကိုယ်တိုင်မြင်တွေ့ထားခဲ့ရသူ ဖြစ်သည်။

သူအမြန်အော်ပြောလိုက်၏။

“အန်းဝူလျန့်က တယန်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကိုဖောက်ခဲ့တာ ငါက တယန်ဂိုဏ်းပိုင်တာကို ပြန်ယူခဲ့ရုံလေးပါ”

“ဆိုတော့ ခင်ဗျားကိုအဲ့ဒီအကျိုးအမြတ်ကိုခိုးခဲ့တယ်လို့။ ၀န်ခံလိုက်ပြီပေါ့” ကျန်းချန်းရှန် သူ့ကိုစိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

“ငါက ငါပိုင်တာကို ပြန်ယူခဲ့ရုံလေးပါ” ယုကျင်းကျုံး အမြန်အော်ပြောလိုက်ပြန်၏။

“မင်းတို့ သိုလှောင်လက်စွပ်ကိုလိုချင်ရင် ငါမင်းတို့ကို ပေးပါ့မယ်”

ပြောပြီးသည်နှင့် သူလက်စွပ်ကို ပစ်ပေးလိုက်လေသည်။

တပည့်တစ်ယောက် လက်စွပ်ကိုဖမ်းထားလိုက်ပြီးနောက် အထဲကိုတစ်ချက်ကြည့်လိုက်ပြီး အော်ပြောလိုက်၏။

“အထဲမှာ ဘာမှမရှိတော့ဘူး”

“ငါတို့ကတော့ ဘာအကျိုးမှမမျှော်လင့်ဘဲ ကြိုးကြိုးစားစား တိုက်ခိုက်ပေးခဲ့ရတာ အခုတော့ တစ်ယောက်ယောက်က ငါတို့အကျိုးအမြတ်ကိုခိုးရဲတယ်တဲ့လား”

“ငါတို့အကျိုးအမြတ်တွေကို ပြန်ယူကြ”

“သတ်ကြ”

တပည့်တစ်သောင်းက တစ်ပြိုင်တည်း ပစ်ခတ်လိုက်ကြ၏။

အန်းဝူလျန့်တောင် မခံနိုင်ခဲ့သော ပစ်ချက်ကို ယုကျင်းကျုံးကမည်သို့ခံနိုင်ပါမည်နည်း။

တုန်လှုပ်နေသော မယုံကြည်နိုင်သော အကြည့်များအောက်တွင် ယုကျင်းကျုံးပေါက်ကွဲထွက်သွားခဲ့သည်။

‌သူသေဆုံးခါနီးတွင် သူတစ်ခုခုကိုနားလည်သွားခဲ့ပါသော်လည်း အသိကနောက်ကျသွားခဲ့လေပြီ။

ထိုမြင်ကွင်းကိုမြင်ပြီး ကျိချိုးတို့၏ နှလုံးသားထဲတွင် အေးစိမ့်သွားခဲ့ရ၏။

နတ်ဝိညာဉ်အဆင့်တစ်ယောက်သည် အခုလို သေဆုံးသွားခဲ့ရခြင်းပေလော။

အရင်က သေဆုံးခဲ့သော နတ်ဝိညာဉ်အဆင့်များက အပြင်လူများဖြစ်သော်လည်း ယုကျင်းကျံုးကတော့ သူတို့ထဲမှ တစ်ယောက်သာ ဖြစ်သည်။

ထိုအခိုက်တွင် ကျိချိုးနှင့်အခြားသူများလည်း တစ်ခုခုကို စတင်နားလည်သွားခဲ့ကြ၏။

ကြည့်ရသည်မှာ ငါတို့လူ ဟူသောစကားသည် မဟာမိတ်အဖွဲ့၀င်များကိုသာ ဆိုလိုပုံရသည်။

သူတို့ချက်ချင်းပင် အနာဂတ်တွင် ဂိုဏ်းမဟာမိတ်အပေါ် ဘာမကောင်းသောစိတ်မှမထားတော့ဘူးဟု ဆုံးဖြတ်လိုက်ကြ၏။

“ငါတို့အကျိုးအမြတ်တွေကို သွားသိမ်းကြ” ‌၀မ်ပေ့လဲ့ ‌အမိန့်ပေးလိုက်သည်။

ရွှေအမြုတေအဆင့်တစ်ယောက် ထွက်သွားခဲ့ပြီး ယုကျင်းကျုံး၏ သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်၏။

ထို့နောက် သူကျယ်လောင်စွာ အော်ပြောလိုက်သည်။

“အထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းတန်‌ေလာက်ရှိတဲ့ ပစ္စည်းတွေပဲ ရှိတာ နတ်ဝိညာဉ်အဆင့်တစ်ယောက်က ဒီလောက်တော့ မွဲမနေနိုင်ဘူး”

၀မ်ပေ့လဲ့ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ကြည့်ရတာ ဒီခွေးကောင်က သူပိုင်ဆိုင်သမျှကို ဂိုဏ်းထဲ ပြန်ပို့ထားပုံရတယ်

တယန်ဂိုဏ်းထဲ၀င်ပြီး သူပိုင်ဆိုင်တာ အားလုံးကိုသိမ်းကြ”

လူတိုင်းချက်ချင်း‌သင်္ဘောပျံများကို အသက်သွင်းကာ တယန်ဂိုဏ်းကို ဝိုင်းလိုက်ကြသည်။

ဘေးမှကြည့်ရှုနေသော ကောင်းကင်ဒဏ္ဍာရီနှင့်အခြားသူများ၏ ခြေဖဝါးလက်ဖဝါးများကတော့ အေးစက်လာခဲ့ကြ၏။

ဘာတွေဖြစ်နေလဲဆိုတာ သူတို့ နားလည်သွားခဲ့ကြသည်။

ဤအရာက တယန်ဂိုဏ်းကိုဖျက်ဆီးနေခြင်းသာ ဖြစ်၏။

ကောင်းကင်ဒဏ္ဍာရီပင် ကြိတ်၍ သက်ပြင်းချလိုက်မိသည်။

ဤအစီအစဉ်တစ်ခုလုံးက ကျန်းယန်၏ညွှန်ကြားချက်သာ ဖြစ်မှန်း သူသိနေခဲ့၏။

အဇူရာတိမ်ဂိုဏ်းသည် အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့ချေပြီ။

ကြည့်ရတာ အနာဂတ်တွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ပေါင်းစည်းပစ်တော့မည့် ပုံပင်။

ကောင်းကင်ဒဏ္ဍာရီ ရှေ့တက်လာခဲ့ကာ ခပ်တည်တည်ပြောလိုက်၏။

“ချစ်ရတဲ့ တူတော်မောင်တို့ မင်းတို့က မြောက်ပိုင်းကိုလာပြီး ဂိုဏ်းမဟာမိတ်အဖွဲ့၀င်တွေရဲ့ ဂိုဏ်းတွေပြန်ရလာအောင် ကူညီပေးခဲ့တယ်

ဒါပေမယ့် အခုတော့ မင်းတို့အကျိုးအမြတ်တွေကို ခိုးခံလိုက်ရတယ် ဒီကိစ္စက လုံး၀သည်းမခံနိုင်စရာပဲ

ဒီကိစ္စမျိုးကို ငါတို့ဘေးကပဲ ရပ်ကြည့်မနေနိုင်ဘူး ဒီကိစ္စကို ငါတို့လက်ထဲသာထည့်ပေးလိုက်ပါ စိတ်ကျေနပ်လောက်စရာ ဖြေရှင်းချက်တစ်ခုရဖို့ အာမခံတယ်

မင်းတို့ကတော့ မင်းတို့ရဲ့လက်ကျန်တာ၀န်တွေကိုပဲ ဆက်လုပ်လိုက်ပါ”

ကျိချိုးလည်း အမြန်ဝင်ပြောလိုက်၏။

“စီနီယာကောင်းကင်ဒဏ္ဍာရီပြောတာ လုံး၀မှန်တယ် မင်းတို့က ကူညီပေးဖို့လာခဲ့ပေမယ့် အခုလို အနိုင်ကျင့်ခံခဲ့ရတယ်

တယန်ဂိုဏ်းကိစ္စကို ငါတို့လက်ထဲသာ ထည့်ခဲ့လိုက်ပါ ငါတို့ကျိန်းသေပေါက် မင်းတို့အကျိုးအမြတ်တွေကို ပြန်ယူလာပေးမယ်”

အခြားဂိုဏ်းချုပ်များနှင့် ဂိုဏ်းမဟာမိတ်အဖွဲ့၀င်များလည်း အလျင်အမြန်ကျေးဇူးတင်ကြောင်း ထုတ်ပြောလိုက်ကြလေသည်။

အခုအချိန်က သူတို့သစ္စာရှိမှုကို ပြသရမည့်အချိန်ဖြစ်မှန်း သူတို့ကောင်းကောင်းကြီး သိနေခဲ့ကြ၏။

ထို့အပြင် တယန်ဂိုဏ်းတွင် နတ်ဝိညာဉ်အဆင့်လည်း မရှိတော့လေရာ ထိုဂိုဏ်းကတည်ရှိနေစရာ အကြောင်းမရှိတော့ပေ။

ထိုနယ်မြေများကို သူတို့သာ ခွဲဝေယူသင့်သည်။

လျန့်ယိခေါင်းငြိမ့်ကာ ပြန်ပြောလိုက်၏။

“ဒီလိုဆိုမှတော့ စီနီယာတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ

ကျွန်မ‌တို့ကတော့ စီနီယာအစ်ကိုကြီးပေးလိုက်တဲ့ တာ၀န်ကို ဆက်ပြီး ကျေပွန်အောင် ထမ်းဆောင်လိုက်ပါဦးမယ်”

ပြောပြီးသည့်နောက် သင်္ဘောပျံ ၇စင်းက နောက်ပစ်မှတ်များဆီ ဆက်လက်ပျံသန်းသွားခဲ့ကြလေသည်။

ကောင်းကင်ဒဏ္ဍာရီ ကျိချိုးတို့ကို တစ်ချက်ကြည့်လိုက်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

“မင်းတို့အားလုံး ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ရမလဲ သိလိမ့်မယ်လို့ ငါယုံတယ်”

“စိတ်ချပါစီနီယာ ဘာလုပ်ရမလဲ ကျွန်တော်တို့သိပါတယ်” ကျိချိုးနှင့် မာချိုးရှီတို့

အမြန်‌ပြန်ပြောလိုက်ကြသည်။

“တယန်ဂိုဏ်းကိစ္စကို မင်းတို့ပဲ ရှင်းလိုက်ကြ ငါကသူတို့နောက်ကို ကာကွယ်ဖို့ လိုက်သွားလိုက်မယ်”

ထို့နောက် သူထိုအဖွဲ့ကို ကာကွယ်ပေးရန် လိုက်သွားခဲ့၏။

All Chapters