← Chapters

သတ်ဖြတ်ခြင်း

Vol. 28 Ch. 294

သတ်ဖြတ်ခြင်း

Vol. 28 Ch. 294

ကောင်းကင်ဒဏ္ဍာရီ ကျိချိုးနှင့်အခြားသူများနောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်းက အဘယ်ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် တစ်အုပ်ပဲ လွှတ်လိုက်လဲဆိုတာ နားလည်သွားခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ထိုပြဿနာလောက်ကို အခြေခံတည်တ‌ဆာက်ခြင်းတစ်အုပ်လောက်ဖြင့် ပြီးသောကြောင့် ဖြစ်သည်။

သူတို့နားမလည်သည်မှာ ထိုအခြေခံတည်ဆောက်ခြင်းအဆင့်များလက်ထဲတွင် ကိုင်ဆောင်ထားသော လက်နက်များကိုသာ ဖြစ်၏။

ထိုလက်နက်များသည် အဆင့် ၉မှော်လက်နက်များသာဖြစ်မှန်း သူတို့ကောင်းကောင်းကြီး သိနေခဲ့သည်။ အများဆုံးမှ အဆင့် ၈ လောက်သာ ရှိနိုင်၏။

ထိုကဲ့သို့သော လက်နက်မျိုးနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်များ ပေါင်းစပ်မှုက အဘယ်ကြောင့် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ရပါသနည်း။

“ကျင်းယွင်ဂိုဏ်းကို တစ်ချက်လိုက်ကြည့်ရအောင်” တစ်ယောက်ယောက်ပြောလိုက်သည်။

ထို့နောက် သူတို့သင်္ဘောပျံများနောက် လိုက်သွားခဲ့ပြီး ရှောင်ယောင်ဂိုဏ်း ဂိုဏ်းချုပ်ပင် ပါနေသေး၏။

မကြာခင်တွင် ကမ္ဘာကြီးသည် ပြောင်းလဲသွားတော့မည်ဆိုတာ သူတို့ရှင်းရှင်းလင်းလင်း သိနေခဲ့ကြသည်။

ကျင်းယွင်ဂိုဏ်းသည် ရှောင်ယောင်ဂိုဏ်းနှင့် လီ ၁၀၀ခန့်သာ ဝေး၏။

သူတို့ရောက်ရှိချိန်တွင် တိုက်ပွဲက စတင်ပင်နေခဲ့ချေပြီ။

ပြီးပြည့်စုံသော နိုင်ပွဲတစ်ခု။

လူတစ်ထောင်က ပစ်လွှတ်လိုက်သော ကျည်ဆန်များသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို ချေမွှပစ်ဖို့ လုံလောက်နေခဲ့သည်။

အဆက်မပြတ်ကျဆင်းနေသော ကျည်ဆန်များအောက်တွင် နောက်ထပ် နတ်ဝိညာဉ်အဆင့်တစ်ယောက် သေဆုံးသွားခဲ့ရပြန်ချေပြီ။

ကျင်းယွင်ဂိုဏ်းကို သူတို့ ပြန်လည်ရရှိခဲ့၏။

ထိုမြင်ကွင်းကြောင့် ကောင်းကင်ဒဏ္ဍာရီတို့လူစု တိတ်ဆိတ်သွားခဲ့ကြပြန်သည်။

အခုကစပြီး အဇူရာတိမ်ဂိုဏ်း၏ အာဏာသည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးပေါ်တွင် တည်မြဲသွားတော့မည်ဖြစ်မှန်း သူတို့ ရှင်းရှင်းလင်းလင်းကြီး သိရှိနေခဲ့ကြ၏။

အခုကစပြီး လူတိုင်းက အဇူရာတိမ်ဂိုဏ်း၏အမိန့်များကို ရိုကျိုးစွာ နာခံရပေတော့မည်။

သူတို့အခုစိတ်၀င်စားနေသော အရာမှာ အခုအဇူရာတိမ်ဂိုဏ်းအသုံးပြုနေသော လက်နက်များကို သူတို့တပည့်များလည်း အသုံးပြုနိုင် မနိုင်သာ ဖြစ်သည်။

ထိုသို့သာ လုပ်နိုင်လျှင် သူတို့လည်း လူထောင်ချီပါသော စစ်တပ်တစ်တပ်ဖွဲ့ပြီး အခြားဂိုဏ်းများကို ဖိနှိပ်နိုင်မည် မဟုတ်ပါလော။

အခြားကုန်းမြေတိုက်ကြီးများကို သိမ်းပိုက်ကာ သူတို့ရတနာများကိုပင် သွားသိမ်းနိုင်လောက်သေး၏။

ကောင်းကင်ဒဏ္ဍာရီတို့ တိတ်ဆိတ်နေကြချိန်တွင် ထောင်ချီသော တပည့်များကတော့ ‌စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးများသောက်ကာ ကျင့်ကြံပြီး အားပြန်ဖြည့်နေခဲ့ကြသည်။

အရာအားလုံးက တယန်ဂိုဏ်းဆီ မရောက်သေးခင်အထိ ချောမွေ့နေခဲ့၏။ သို့သော် တယန်ဂိုဏ်းရောက်ချိန်တွင်တော့ မျှော်လင့်မထားသောကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဂိုဏ်းနယ်မြေထဲ သင်္ဘောပျံများ ၀င်လာသည်နှင့် အန်းဝူလျန့်က ချက်ချင်းအာရုံခံမိခဲ့ပြီး ရောက်ရှိလာခဲ့ကာ သင်္ဘောပေါ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်များသာရှိမှန်း သိရှိသွားချိန်တွင်တော့ ချက်ချင်း တိုက်ခိုက်လေတော့၏။

၀မ်လင်းဂိုဏ်းနှင့်အဇူရာတိမ်ဂိုဏ်းအကြား ရန်ငြှိုးက အလွန်နက်ရှိုင်းနေခဲ့ချေပြီ မဟုတ်ပါလော။ ထိုရန်ငြှိုးိကု ဖြေရှင်းလို့ မရနိုင်တော့ပေ။

အန်းဝူလျန့်၏ အစီအစဉ်က ရိုးရှင်းပေသည်။ ထိုအခြေခံတည်ဆောက်ခြင်းအဆင့်များ အားလုံးကိုသတ်ကာ သင်္ဘောပျံများကိုယူပြီး အခြားကုန်း‌ေမြတုိက်ကြီးတစ်ခုဆီ ထွက်ပြေးဖို့သာ ဖြစ်၏။

သူအဇူရာတိမ်ဂိုဏ်းကို ထိခိုက်အောင်လုပ်နိုင်သေးသရွေ့ သူ့အတွက် ကျေနပ်စရာပင်။

အန်းဝူလျန့်ကိုမြင်သည်နှင့် အဇူရာတိမ်ဂိုဏ်းတပည့်များကလည်း ချက်ချင်း ပစ်ခတ်လိုက်ကြလေသည်။

ကြောက်မက်ဖွယ်စွမ်းအားက အန်းဝူလျန့်ကို တုန်လှုပ်သွားစေခဲ့၏။

သူဂရုမစိုက်ဘဲမနေရဲတော့ဘဲ ချက်ချင်း စိတ်ဝိညာဉ်ရတနာကို ထုတ်လိုက်သည်။

နတ်ဝိညာဉ်အဆင့်စွမ်းအားထောက်ပံ့ပေးထားသော စိတ်ဝိညာဉ်လက်နက်က အလွန်စွမ်းအားကြီးလှဧ။။် ချက်ချင်းဆိုသလို တာအိုစွမ်းအားတစ်ခုက သင်္ဘောပျံများကို ဖိနှိပ်လိုက်ကြသည်။

ကောင်းကင်ဒဏ္ဍာရီကတော့ မျက်မှောင်ကြုံ့နေပြီး ၀င်ပါသင့်မပါသင့် ချင့်ချိန်နေခဲ့၏။

ကျန်းယန် စကားအတိုင်းဆိုရင်တော့ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ပေါ်မလာသေးသရွေ့ သူ၀င်ပါစရာမလိုပေ။

သို့သော် ထိုစွမ်းအားက တာအိုပေါင်းစည်းခြင်းအဆင့်၏ တာအိုစွမ်းအားကိုထုတ်လွှတ်နေသည် မဟုတ်ပါလော။

ထိုစဉ် ကျန်းချန်းရှန်နှင့်အခြားသူများလည်း လေးနက်သွားခဲ့ကြသည်။

သို့သော် သူတို့ကြောက်လန့်တော့မသွားခဲ့ကြပေ။

သူတို့သည် လင်းယွင်ကျိနှင့်တိုက်ပွဲတုန်းကလည်း ထိုစွမ်းအားကို ခံစားဖူးကြပြီးသား ဖြစ်၏။

အန်းဝူလျန့် စိတ်ဝိညာဉ်လက်နက်ကိုထုတ်လိုက်သည်နှင့် ၀မ်ပေ့လဲ့နှင့်ကျန်းချန်းရှန်တို့ သူတို့၏ အထူးကျည်ဆန်များတပ်ဆင်ပေးထားသော အဖွဲ့သားများကို အမိန့်ပေးလိုက်လေသည်။

“တိုက်ခိုက်ကြ”

လူတစ်ထောင်က တစ်ပြိုင်တည်း ပစ်ခတ်လိုက်ကြ၏။

စိတ်ဝိညာဉ်လက်နက်တစ်ခု၏ အကြမ်းဆုံးအပိုင်းမှာ စိတ်ဝိညာဉ်ပိုင်ဆိုင်ထားသော လက်နက်တစ်ခုသည် တာအိုစွမ်းအားကိုထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။

သူ့စွမ်းအားက တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်၏ တာအိုပိုင်နက်စွမ်းအားလောက် အားမကောင်းသော်လည်း ကောင်းကင်နှင့်မြေပြင်နိယာမများကို ဖိနှိပ်ပစ်နိုင်၏။

သို့သော် ဟော်လင်းကျိသန့်စင်ပေးထားသော အထူးကျည်များသည် မတူညီသော ကောင်းကင်နှင့်မြေပြင်နိယာမများ ပါ၀င်နေသော အရာများ ဖြစ်ကြသည်။

မတူညီသော ကောင်းကင်နှင့်မြေပြင်နိယာမများ ပါ၀င်နေသော ကျည်တစ်ထောင်က စိတ်ဝိညာဉ်လက်နက်၏ တာအိုစွမ်းအားဖြင့် ထိပ်တိုက်တွေ့သွားခဲ့၏။

ဝုန်းးးးး

စွမ်းအားများထိပ်တိုက်‌ေတွ့သွားချိန်တွင် နားကွဲလုမတတ်ကျယ်လောင်သော အသံကြီးထွက်ပေါ်လာခဲ့လေသည်။

ကြမ်းတမ်းလှသော နိယာမစွမ်းအင်လှိုင်းများက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့ကြ၏။

“ကျည်ပြန်ဖြည့်ကြ ကျန်တဲ့ လူ၃၀၀၀က ပစ်”

ကျန်းချန်းရှန်နှင့်အခြားသူများ သူတို့ စန်းစုန့်ကိုတိုက်ခိုက်တုန်းက ပုံစံအတိုင်း တိုက်ခိုက်နေခဲ့ကြသည်။

အရင်ဆုံး ကျန်းချန်းရှန်၏လူသုံးထောင်က အရင်ပစ်ပြီး နောက်တွင် ၀မ်ပေ့လဲ့၏ လူသုံးထောင် လျန့်ယိ၏ လူသုံးထောင် ဤသို့ဖြင့် အလှည့်ကျ ပစ်ခတ်ကြ၏။

အားလုံးပစ်ခတ်ပြီးချိန်တွင် အထူးကျည်တပ်ဖွဲ့က စိတ်ဝိညာဉ်စွမ်းအင်နှင့်ကျည် ပြန်ဖြည့်ပြီးသွားကြပြီး ဆက်လက်ပစ်ခတ်ကြပြန်သည်။

ထိုအခိုက်တွင် အန်းဝူလျန့်လုံး၀ ကြောင်အနေခဲ့၏။

သူသည် စိတ်ဝိညာဉ်လက်နက်ကိုထုတ်ကာ ထိုအခြေခံတည်ဆောက်ခြင်းအဆင့်များကို တစ်ချက်တည်းဖြင့် အသေသတ်ပစ်ဖို့ စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ့စိတ်ဝိညာဉ်လက်နက်ကစွမ်းအားကို အခုလို ကာကွယ်သွားလိမ့်မည်ဟု သူ‌ထင်မထားခဲ့ပေ။

ခုခံရုံသာမကဘဲ သူတို့သည် ထူးဆန်းသောနည်းလမ်းများဖြင့်ပင် သူ့ကို ပြန်တိုက်ခိုက်နေကြသေး၏။

သူအများကြီးမတွေးနိုင်ခင်မှာပင် ကျည်သုံးထောင်က အမည်းရောင်တိမ်အုပ်ကြီးနှယ် သူ့ဆီ ‌ကျရောက်လာခဲ့လေသည်။

အန်းဝူလျန့် ကြောက်လန့်သွားကာ အမြန်သူလက်နက်ကိုအသက်သွင်းပြီး ကာကွယ်လိုက်ရ၏။

ထို့နောက်တွင်တော့ နောက်ထပ် ကျည်၃၀၀၀က ကျဆင်းလာခဲ့ပြန်သည်။

သူ့တွင်ရွေးချယ်စရာမရှိတော့ဘဲ စိတ်ဝိညာဉ်စွမ်းအား အများအပြားသုံးကာ စိတ်ဝိညာဉ်လက်နက်ဖြင့် ခုခံနေခဲ့ရ၏။

ထို့နောက် ကျည်နောက်တစ်သုတ်က သူ့ကိုနားချိန်ပင်မပေးဘဲ ရောက်ရှိလာခဲ့ပြန်သည်။

အန်းဝူလျန့် ကြောက်ရွံ့မှုကြောင့် အမွှေးများပင်ထောင်လာခဲ့ပြီး ဆက်မခုခံရဲတော့ပေ။ သူနောက်လှည့်ကာ ထွက်ပြေးလေတော့၏။

သူလှည့်ထွက်သွားသည်နှင့် ၀မ်ပေ့လဲ့က သင်္ဘောပျံကို အသက်သွင်းကာ သူ့နောက်မှလိုက်ခဲ့ပြီး သင်္ဘောပေါ်မှ နောက်ကျည်တစ်သုတ် ထွက်လာခဲ့ပြန်သည်။

အန်းဝူလျန့် ရွေးချယ်စရာမရှိတော့ဘဲ စိတ်ဝိညာဉ်လက်နက်သုံးကာ ခုခံလိုက်ရပြန်၏။

ထို့နောက် သူထွက်ပြေးပြန်၏။

သို့သော် အဝေးကြီးသို့မရောက်သေးခင်မှာတင် လျန့်ယိက အရှိန်ကုန်မြှင့်၍ လိုက်လာပြီး ‌ကျည်နောက်တစ်သုတ်ပစ်လိုက်ပြန်သည်။

အန်းဝူလျန့် ချောင်ပိတ်မိလာခဲ့၏။

သူသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ဖြစ်ပါသော်လည်း စိတ်ဝိညာဉ်စွမ်းအားကို ဘယ်လောက်ကြာအောင် ထုတ်သုံးနိူင်ပါဦးမည်နည်း။

ထိုအခိုက်တွင် အထူးကျည်တပ်ဆင်ထားသော လူတစ်ထောင်က ကျည်ပြန်ဖြည့်ပြီးသွားခဲ့ချေပြီ။

ကောင်းကင်နှင့်မြေပြင်နိယာမမျိုးစုံပါ၀င်သော ကျည်တစ်ထောင်က အန်းဝူလျန့်၏ အကာအကွယ်အလွှာကို ထိမှန်သွားခဲ့လေသည်။

ကံကောင်းစွာဖြင့် သူနတ်အာရုံကိုအချိန်မီထုတ်လိုက်နိုင်ခဲ့ပြီး အကာအကွယ်အလွှာဖြင့် ကာထားနိုင်ခဲ့၏။

သို့သော်လည်း ထိုစဉ် ကျည်နောက်တစ်သုတ်က ရောက်ရှ်ိလာခဲ့ပြန်သည်။

ထိုသံသရာက မဆုံးတော့ပေ။

နောက်ထပ်သုံးပတ်လည်ပြီးချိန်တွင်တော့ အန်းဝူလျန့်တွင် ထုတ်သုံးစရာ စိတ်ဝိညာဉ်စွမ်းအား မကျန်တော့ပေ။

ထိုအခိုက်တွင် သူ့ကိုယ်သူဖောက်ခွဲပစ်မည်ဆိုလျှင်တောင် စွမ်းအားအများကြီးထွက်လာတော့မည် မဟုတ်ပေ။

ဤသို့ဖြင့် ကျည်တစ်သုတ်က သူ့ကိုအလွယ်တကူပင် ရှင်းထုတ်သွားခဲ့လေသည်။

စိတ်ဝိညာဉ်လက်နက်ကိုင်ဆောင်ထားသော နတ်ဝိညာဉ်အဆင့်တစ်ယောက်ပင် အသတ်ခံလိုက်ရ၏။

ထိုကြောက်စရာစွမ်းအားမျိုးက ကောင်းကင်ဒဏ္ဍာရီတို့ကို တုန်လှုပ်သွား‌စေခဲ့သည်။

“ဟားဟားဟား ကောင်းတယ် ငါ့တယန်ဂိုဏ်းကိုခိုးချင်တဲ့ကောင် မင်းကဒါနဲ့ထိုက်တန်တယ်”

ယုကျင်းကျုံး စိတ်လှုပ်ရှားစွာ ပြေးလာခဲ့၏။

“အဇူရာတိမ်ဂိုဏ်းက လူတွေအားလုံးကိုကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေအချင်းချင်း မင်းတို့က ငါ့ကိုမကူညီဘဲမနေဘူးဆိုတာ ငါသိပါတယ်”

အဇူရာတိမ်ဂိုဏ်းကထွက်လာပြီးနောက် ယုကျင်းကျုံး သူ့ဂိုဏ်းကို ဘယ်လိုပြန်ယူရမလဲဆိုတာ စဉ်းစားနေခဲ့မိသည်။

ကောင်းကင်ဒဏ္ဍာရီနှင့်အဇူရာတိမ်ဂိုဏ်း မကူညီလျှင် သူ့တွင် အဖြေမရှိတော့ပေ။

သူစိတ်ပျက်နေချိန်တွင် အခုလို အဇူရာတိမ်ဂိုဏ်းက အန်းဝူလျန့်ကို လာသတ်ပေးသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

တယန်ဂိုဏ်းကို နောက်ဆုံးတော့ ပြန်ရခဲ့ချေပြီ။

သူအန်းဝူလျန့်ကျန်ခဲ့သော စိတ်ဝိညာဉ်လက်နက်ကို လောဘတကြီးကြည့်နေကာ ထိုအရာကို ယူချင်နေခဲ့သည်။

သို့သော် အဇူရာတိမ်ဂိုဏ်း၏ စစ်တပ်ရှိနေသောကြောင့် သူအလောတကြီး မလှုပ်ရှားခဲ့ပေ။

ထိုအခိုက်တွင် ကျန်းချန်းရှန်နှင့်အခြားသူများက ယုကျင်းကျုံးကို လုံး၀ လျစ်လျူရှုထားခဲ့ကြ၏။

အန်းဝူလျန့်ကိုသတ်နိုင်ခဲ့သော်လည်း သူတို့စိတ်ဝိညာဉ်စွမ်းအင် ကုန်ကျမှုက မနည်းလှပေ။

လူတိုင်း လှေ၏အကာအကွယ်၀င်္ကပါကိုဖွင့်ကာ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းနေခဲ့ကြပြီး အန်းဝူလျန့်ကျန်ခဲ့သော ရတနာကိုပင် သွားမကောက်နိုင်ခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့တာ၀န်ကမပြီးဆုံးသေး၍ ဖြစ်သည်။

သူတို့စီနီယာအစ်ကိုကြီးပြောခဲ့သော တယန်နယ်မြေကို ပြန်ယူရမည် ဟူသည့်စကားကို သူတို့ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့ကြ၏။

All Chapters