သံတမန်ရေး ဆုတ်ယုတ်မှု
Vol. 28 Ch. 291
ကောင်းကင်ဒဏ္ဍာရီပင် အနည်းငယ်ဆွံ့အသွားပြီး အမြန်ပြောလိုက်၏။
“ငါက ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက ကောင်းကင်ဒဏ္ဍာရီပါ ငါ့မှာကျန်းယန်နဲ့ဆွေးေနွးစရာ ကိစ္စတစ်ခုရှိနေတယ်”
“အို့ စီနီယာကောင်းကင်ဒဏ္ဍာရီကိုး” ချွန်းရှောင် အမြန်လေးလေးစားစား အရိုအသေပေးလိုက်လေသည်။
ကောင်းကင်ဒဏ္ဍာရီအကြောင်း သူမကြားဖူး၏။ ထို့အပြင် လတ်တလောတွင် ဂိုဏ်းကလည်းကောင်းကင်ဒဏ္ဍာရီနှင့်ဆက်ဆံရေးကောင်းနေလေရာ သူမ သူ့အပေါ် လေးလေးစားစားဆက်ဆံရပေမည်။
“စီနီယာကောင်းကင်ဒဏ္ဍာရီ ကျေးဇူးပြုပြီးအဇူရာတိမ်ဧည့်ဂေဟာမှာ ခဏစောင့်ပေးပါ ကျွန်မ ဆရာဦးလေးဆီ သတင်းပို့လိုက်ပါ့မယ်” ချွန်းရှောင် ဆက်ပြောလိုက်သည်။
“စောင့်နေရင်း စီနီယာဒီမှာနေလို့ရပါတယ် စီနီယာ့ရဲ့ ကုန်ကျစားရိတ်တွေအားလုံးကိုလည်း လျှော့ပေါ့ပေးပါ့မယ်
အခုလိုဖြစ်သွားလို့လည်း တောင်းပန်ပါတယ်
ဆရာဦးလေးက အဇူရာတိမ်ဂိုဏ်းဆီလာတဲ့ဧည့်သည်မှန်သမျှကို ဒီမှာအရင်တည်းခိုခိုင်းဖို့ ညွှန်ကြားထားလို့ပါ
ဂုဏ်သရေရှ်ိ ဧည့်သည်တော်တွေဆိုရင်တော့ ဂိုဏ်းကိုအကြောင်းကြားနေချိန်အတွင်း အလကားနေခွင့်ပေးမှာပါ
ဂိုဏ်းကခွင့်ပြုမိန့်ကျလာပြီဆိုမှသာ ကျွန်မတို့က ဂိုဏ်းဆီခေါ်သွားပေးလို့ရမှာပါ”
သူမသည် သူမနှင့်စစ်ထူမင်ယွဲ့၏ဆက်ဆံရေးကို ဆရာတပည့်ဆက်ဆံရေးဟု သတ်မှတ်ထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း ကျန်းယန်ကို ဆရာဦးလေးဟုခေါ်ခဲ့ခြင်း ဖြစ်၏။
“ငါတို့က စီနီယာကောင်းကင်ဒဏ္ဍာရီနဲ့လာခဲ့တာလေ အဲ့တော့ ငါတို့ကုန်ကျစားရိတ်တွေကလည်း အလကားပဲဖြစ်သင့်တယ်” ယုကျင်းကျုံး အမြန်ပြောလိုက်သည်။
နောက်ဆုံးတွင် တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၂ထောင်ဆိုသည်မှာ နည်းသောပမာဏ ဟုတ်မနေပေ။
ကျိချူနှင့်အခြားသူများလည်း ခေါင်းငြိမ့်ပြလိုက်ပြီး နေထိုင်စားရိတ်က အလကားသာဖြစ်သင့်သည်ဟု ယူဆလိုက်ကြသည်။
ချွန်းရှောင် ယုကျင်းကျုံးနှင့်အခြားသူများကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပြောလိုက်၏။
“စီနီယာကောင်းကင်ဒဏ္ဍာရီက ကျွန်မတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပါ ပြီးတော့ သူကအဇူရာတိမ်ဂိုဏ်းနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်
အဲ့တာကြောင့် သူကအထူးဧည့်သည်အနေနဲ့ ဆက်ဆံခံရတာပါ
လူကြီးမင်းတို့ကတော့….ဒါပေါ့ အခကြေးငွေပေးရမှာပါ”
ယုကျင်းကျုံး ဒေါသထွက်သွားသော်လည်း ပြိုင်မငြင်းရဲခဲ့ပေ။
ကောင်းကင်ဒဏ္ဍာရီကလည်း ဘာမှမပြောခဲ့ပေ။
သူ့စားရိတ်က အလကားဖြစ်နေလေရာ ဘာပြောစရာလိုပါဦးမည်နည်း။
ထို့အပြင် လက်ရှိအဇူရာတိမ်ဂိုဏ်း၏ ဂုဏ်သရေက အလွန်မြင့်မားနေချိန် ဖြစ်သည်။ သူတို့သည် တစ်ဂိုဏ်းတည်းနှင့် ဂိုဏ်းကြီး ၉ ဂိုဏ်းလုံးကို ရင်ဆိုင်နေကြသူများ ဖြစ်၏။
ထို့ကြောင့် သူတို့အတွက်အခုလို အဆင့်အတန်းမျိုးထားနေသည်က သာမန်သာ ဖြစ်သည်။
ထို့နောက် ကောင်းကင်ဒဏ္ဍာရီဧည့်ဂေဟာတွင်နေထိုင်ကာ အေးအေးဆေးဆေးသာ စောင့်ဆိုင်းနေခဲ့၏။
ယုကျင်းကျုံးတို့လည်း နာခံစွာသာ အခန်းများ ယူလိုက်ကြသည်။
အခန်းခက တစ်ည ၂၀၀ဝဖြစ်နေသော်လည်း သူတို့တွင် ရွေးချယ်စရာမရှိပေ။
မကြာခင်တွင် ချွန်းရှောင် ဂိုဏ်းကိုသတင်းပို့ဖို့ လူတစ်ယောက်လွှတ်လိုက်၏။
ဂိုဏ်းထဲတွင် ကျန်းယန် အဝေးမှရောက်လာသော ဧည့်သည်များကို ဧည့်ခံနေခဲ့သည်။
ထိုဧည့်သည်များသည် နှင်းနယ်မြေမှ ပါချင်းယန်နှင့် အခြားသူများသာ ဖြစ်ကြသည်။ သူတို့နှင့်အတူ တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲတစ်ယောက်ဖြစ်သော အကြီးအကဲရှန်ယိဟောက်လည်း ပါလာခဲ့၏။
တကယ်တော့ ထိုလူများသည် အဇူရာတိမ်ဂိုဏ်းထဲသို့ ဟိုးအရင်ကတည်းက လာခဲ့ကြခြင်း ဖြစ်သည်။
သို့သော် သူတို့ကုန်းမြေတိုက်ကြီး၏ နယ်စပ်သို့ ရောက်ရှိချိန်တွင် ဂိုဏ်းကြီး ၉ဂိုဏ်း အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်သော အဖြစ်နှင့် ကြုံခဲ့ရ၏။
ထိုအခိုက်တွင် ရှန်ယိဟောက် လိပ်ပြာလွင့်မတတ် အလွန်ကြောက်လန့်သွားခဲ့ရသည်။
သူအဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ မ၀င်ရဲတော့ဘဲ ပါချင်းယန်တို့ကိုခေါ်ကာ နှင်းနယ်မြေသို့သာ ပြန်ခဲ့၏။
သူတို့ပြန်ရောက်ပြီးနောက်တွင်လည်း သူတို့ဂိုဏ်းက လိပ်တစ်ကောင်လို အခွံထဲ၀င်နေပြီး အပြင်လုံး၀ မထွက်ကြတော့ပေ။
သူတို့အမြင်တွင် နှင်းနယ်မြေက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်နှင့် တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့် ၃ယောက်ကို လွှတ်လိုက်မှတော့ အဇူရာတိမ်ဂိုဏ်းတွင် ရှင်သန်နိုင်စရာ အကြောင်းမရှိတော့ပေ။
အကယ်၍ ထိုသူများကသာ သူတို့နှင့်အဇူရာတိမ်ဂိုဏ်းကြား ဆက်ဆံရေးကောင်းရှိနေတာကို ရှာတွေ့သွားခဲ့လျှင် သူတို့ဆီသို့လည်း ကပ်ဘေးကျရောက်လာနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့်တစ်ဂိုဏ်းလုံးက မဟာနှင်းတောင်ဂိုဏ်းမှပညာရှင်များ သူတို့ဆီ အချိန်မေရွးရောက်လာပြီး သတ်ပစ်မှာကို ကြောက်နေခဲ့ကြခြင်း ဖြစ်သည်။
သူတို့ သုံးလတိတိထိုကဲ့သို့သာ စောင့်နေခဲ့ကြ၏။
ထိုသုံးလသည် သူတို့ဂိုဏ်းသက်တမ်းတစ်လျှောက် နာကျင်စရာအကောင်းဆုံးကာလဖြစ်ခဲ့သည်။
သို့သော် အံ့အားသင့်စရာကောင်းစွာဖြင့် မဟာနှင်းတောင်ဂိုဏ်းမှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သည် ဂိုဏ်းဆီ တိတ်တဆိတ်ပြန်လာခဲ့၏။
အတူတူသွားသော တာအိုပေါင်းစည်းခြင်းအဆင့် ၃ယောက်ကတော့ ပြန်ပါမလာခဲ့တော့ပေ။
ထိုအခိုက်တွင် တစ်ခုခုမှားနေပြီဆိုတာ သူတို့သိရှိသွားခဲ့ကြသည်။
လူအချို့လွှတ်ကာ တိတ်တဆိတ်စုံစမ်းပြီးနောက်တွင် ရရှိလာသောသတင်းကြောင့် သူတို့တုန်လှုပ်သွားခဲ့ရ၏။
အဇူရာတိမ်ဂိုဏ်းသည် ကြောက်စရာမိစ္ဆာများကို လွှတ်ပေးလိုက်သည်။
ထို့နောက် သူတို့သည် စစ်ပွဲကိုအနိုင်ရခဲ့ရုံသာမက ၀မ်လင်းကုန်းမြေတိုက်ကြီးကိုပါ ပြန်ပြီး တိုက်ခိုက်နိုင်ခဲ့၏။
၀မ်လင်းဂိုဏ်းနှင့်အဇူရာတိမ်ဂိုဏ်း လျှို့ဝှက်ကာ သီးသန့်ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသည်ဟူသော ကောလာဟလမျိုးပင် ထွက်လာသေးသည်။
နောက်ဆုံးတွင်တော့ လျော်ကြေးအဖြစ် ၀မ်လင်းဂိုဏ်းက ၂၀ဘီလီယံ ပေးလျော်လိုက်ရ၏။
လူပေါင်းများစွာက ထိုကိစ္စကို သိရှိသွားခဲ့ကြသည်။
ဂိုဏ်းကြီးများက ဘယ်လောက်ဖုံးကွယ်ဖို့ ကြိုးစား ကြိုးစား ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ခဲ့ပေ။
ထိုကိစ္စကိုသိရှိပြီးနောက် ပါချင်းယန်တို့အတွေးများ တစ်ဖန်တက်ကြွလာခဲ့ပြန်၏။
အဇူရာတိမ်ဂိုဏ်းက ၂၀ဘီလီယံ လျော်ကြေးရထားမှတော့ သူတို့ရတနာများကို ပြန်ပေးကောင်း ပေးနိုင်ပေသည်။
ထို့ကြောင့် အရင်လိုပင် အဇူရာတိမ်ဂိုဏ်းဆီ ပါချင်းယန်တို့ကို လွှတ်လိုက်ခြင်း ဖြစ်၏။
ကျန်းယန် ပါချင်းယန်တို့ကိုမြင်သောအခါ သူတို့ဘာလို့ရောက်လာလဲဆိုတာ ချက်ချင်း သိရှိသွားခဲ့သည်။
သူတုန့်ဆိုင်းခြင်းမရှိ အရင်တုန်းက ထိုငါးယောက်ဆီမှ ယူထားသောရတနာများကို ပြန်လွှဲပေးလိုက်၏။
ထို့နောက် သူပြုံးကာ ပြောလိုက်သည်။
“ရတနာတွေက နောက်ဆုံးတော့ ပိုင်ရှင်အမှန်ဆီ ပြန်ရောက်သွားပြီ”
ရှန်ယိဟောက်လည်း အနည်းငယ်စိတ်လှုပ်ရှားနေခဲ့၏။
အဇူရာတိမ်ဂိုဏ်းက တကယ်ကြီး ပြန်ပေးလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
ထိုအခိုက်တွင် သူရတနာအိတ်ကိုယူကာ အဇူရာတိမ်ဂိုဏ်းမှ တိတ်တဆိတ်သာ ချက်ချင်း ထွက်သွားချင်နေခဲ့မိလေသည်။
နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်း၌ ကြောက်စရာမိစ္ဆာများ ရှိနေသည် မဟုတ်ပါလော။
ထိုစဉ် သူမျှော်လင့်မထားတာကို ပါချင်းယန် ထပြောလိုက်၏။
“ညီကိုကျန်း ငါတို့အရင်က သဘောတူထားသလိုပဲ ငါတို့တွေ ဝေစုရဲ့ ၅ပုံ၃ပုံကိုပဲ ယူပါမယ်”
ရှန်ယိဟောက် ပါချင်းယန်ကို ထရိုက်ချင်မိသွားခဲ့သည်။
ကောင်စုတ်လေး မင်းဘာပြောနေလဲဆိုတာ သိလားကွ!
သို့သော် ကျန်းယန်စကားက သူ့ကိုစိတ်အေးသွားစေခဲ့၏။
“ငါတို့အရင်က သဘောတူထားသလိုပဲ ငါကမင်းတို့ရဲ့ ရတနာတွေကို ခဏသိမ်းထားပေးရုံပါ အဲ့တော့ မင်းတို့ပဲ အကုန်ယူသွားလိုက်ပါ”
“မရဘူး မရဘူး မရဘူး” ပါချင်းယန် ခေါင်းကိုအကြိမ်ကြိမ်ခါယမ်းလိုက်သည်။
“မင်းသာ ဦးဆောင်မပေးခဲ့ရင် ငါတို့မှာ ရတနာတွေကိုရယူနိုင်တဲ့ သတ္တိရော အရည်အချင်းရော ရှိလာမှာမဟုတ်ပါဘူး
ပြီးတော့ မင်းသာဒါတွေကို ကူသိမ်းပေးမထားခဲ့ရင် ဂိုဏ်းကြီးတွေ ခိုးယူတာခံရပြီး ငါတို့ပေါ်တောင် ကပ်ဘေးတွေ ကျရောက်လာနိုင်သေးတယ်လေ
အဲ့တာကြောင့် ၃ပုံယူတာတောင် ငါတို့အတွက် များလွန်းလှပါပြီ
ကျေးဇူးပြုပြီး မငြင်းပါနဲ့ မဟုတ်ရင် ငါတို့ကကျေးဇူးမသိတတ်တဲ့သူတွေ ဖြစ်သွားလိမ့်မယ်”
ထိုစကားလုံးများက ရှန်ယိဟောက်ကို စိတ်ဓာတ်ကျသွားစေခဲ့သည်။
သူအခုဘာပြောနိုင်ပါဦးမည်နည်း။
သူဆက်ငြင်းနေလျှင်လည်း သူကကျေးဇူးမသိတတ်သောသူ ဖြစ်သွားပေတော့မည်။
ပါချင်းယန် ဒီလောက်ကျေးဇူးသိတတ်လိမ့်မည်ဟု ကျန်းယန် မျှော်လင့်မထားခဲ့မိပေ။
ကျန်းယန်အမြင်တွင် ပါချင်းယန်သည် ထိုရတနာ ၂အိတ်ဘယ်လောက် အရေးကြီးမှန်းကိုလည်း ကောင်းကောင်းကြီး နားလည်နေသူ ဖြစ်သည်။
ထိုရတနာများက ဂိုဏ်းကြီးများ၏ ခံတပ်ကြီးများမှ ရရှိလာသောအရာများ မဟုတ်ပါလော။
သို့သော် ပါချင်းယန်သည်ကျေးဇူးတရားအတွက် ထိုရတနာ ၂အိတ်ကို ပြန်ပေးချင်နေခဲ့သည်။
တခဏတွေးတောပြီးနောက် ကျန်းယန်ပြုံးကာ ပြောလိုက်၏။
“ညီကိုပါ တိုက်ပွဲကွင်းပြင်ကနေ ငါရလာတဲ့ရတနာတွေ ဘယ်လောက်များလဲဆိုတာ ညီကိုပါ သိသင့်တယ်
ဆိုတော့ ငါကဒီရတနာ ၂အိတ်လောက်ကို ဂရုစိုက်စရာမလိုဘူးလေ
ဒါပေမယ့် မင်းတို့ဂိုဏ်းအတွက်ကျတော့ ဒီရတနာတွေက အရမ်းအရေးကြီးတယ် မဟုတ်လား
ဒါပေမယ့် ညီကိုပါက အရမ်းပေးချင်နေမှတော့ ငါလည်းမငြင်းရက်တော့ပါဘူး
ဒီလိုဆိုရင်ရော
ငါဒီရတနာ ၂အိတ်နဲ့ မင်းတို့နှင်းနယ်မြေက ထွက်တဲ့ ပစ္စည်းတွေနဲ့ လဲမယ်လေ
ဥပမာ လက်နက်သန့်စင်ဖို့ သတ္တုတွေ စိတ်ဝိညာဉ်ဆေးပင်တွေ အခြားအထူးပစ္စည်းတွေရောပေါ့
ဘယ်လိုထင်လဲ”
ပါချင်းယန် မျက်လုံးများတောက်ပသွားပြီး အကြိမ်ကြိမ်ခေါင်းငြိမ့်လိုက်၏။
“ညီကိုကျန်း ဒါကအကြံကောင်းပဲ”
သူကျန်းယန်၏စိတ်စေတနာကောင်းကိုနားလည်ပြီး ကျန်းယန်သည် ဤနည်းလမ်းဖြင့် ဂိုဏ်းနှစ်ဂိုဏ်းကြားက ဆက်ဆံရေးကို ပိုမိုအားကောင်းလာအောင် လုပ်နေမှန်း သိနေခဲ့သည်။
“စိတ်ချပါ ငါတို့ပြန်ရောက်တာနဲ့ နှင်းနယ်မြေထွက် အထူးပစ္စည်းအချို့့ပြင်ပြီး မင်းဆီပို့ပေးလိုက်မယ်” ပါချင်းယန် ဆက်ပြောလိုက်၏။
ပြောပြီးသည့်နောက်မှ သူငြင်းမနေတော့ဘဲ ရတနာအိတ်ကြီး ၅အိတ်ကို သိမ်းလိုက်လေသည်။
ထိုအခါမှ သူ့ဘေးတွင်ရပ်နေသော ရှန်ယိဟောက် သက်ပြင်းချလိုက်နိုင်ခဲ့၏။
လက်ရှိအချိန်တွင် သူတို့ဂိုဏ်းလိုအပ်နေသည်က အခုလို ရတနာများသာ ဖြစ်သည်။
သတ္တုများ ဆေးပင်များက နှင်းနယ်မြေတွင် ပေါများသောအရာများသာ ဖြစ်၏။
ကျန်းယန် ရှန်ယိဟောက်ကို တစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ပြီးတော့ အဇူရာတိမ်ဂိုဏ်းက မင်းတို့ဂိုဏ်းနဲ့ ကောင်းမွန်တဲ့ ကုန်သွယ်ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်ပါတယ် မင်းတို့ဂိုဏ်းကဒီကိစ္စကို ဘယ်လိုမြင်သလဲ သိချင်ပါတယ်”
သူသံတမန်ရေးတိုးတက်မှုအတွက် ပါချင်းယန်တို့ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့နိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်၏။
ပါချင်းယန် ၀မ်းသာအားရပြန်ဖြေတော့မည့်အချိန်တွင် ရှန်ယိဟောက် တာအိုပေါင်းစည်းခြင်းအဆင့် စွမ်းအားဖြင့် သူ့ပါးစပ်ကို ပိတ်လိုက်ပြီး ခပ်ဖြည်းဖြည်းပြောလိုက်သည်။
“ကုန်သွယ်ဆက်ဆံရေး တည်ဆောက်ဖို့ဆိုတာ အရေးကြီးတဲ့ကိစ္စပါ ငါတို့အရင်ဆုံး ဂိုဏ်းချုပ်ကို သတင်းပို့ရပါမယ်
ငါတို့ပြန်ရောက်တဲ့အခါ သေချာဆွေးနွေးပြီး အကြောင်းပြန်လိုက်ပါ့မယ်”
လက်ရှိ အချိန်တွင် ဘယ်သူက အဇူရာတိမ်ဂိုဏ်းနှင့်ဆက်ဆံရေး တည်ဆောက်ရဲပါမည်နည်း။
ထို့ကြောင့် ရှန်ယိဟောက် ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
ကျန်းယန် ကြိတ်၍ သက်ပြင်းချလိုက်မိ၏။
ကြည့်ရတာ သူတို့အတွက် ပွင့်ပွင့်လင်းလင်းသံတမန်ရေး ဆောင်ရွက်ဖို့က လွယ်ကူမည့်ပုံမပေါ်ပေ။
ထိုအရာက ကောင်းတဲ့သင်္ကေတတော့ မဟုတ်ပေ။
အဇူရာတိမ်ဂိုဏ်းတွင် အရင်းအမြစ်များရှိနေသော်လည်း ထိုမျှဖြင့် မပြည့်စုံသေးပေ။
အခြားဂိုဏ်းများနှင့် သံတမန်ရေးတည်ဆောက်ပြီး ကုန်သွယ်နိုင်မှသာ အနာဂတ်တွင် တိုးတက်လာနိုင်ပေလိမ့်မည်။
ကြည့်ရတာ ဤအခြေအနေကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုတော့ လိုနေပုံပင်။