ပြောင်းလဲသွားသော အဇူရာတိမ်မြို့
Vol. 28 Ch. 290
ကောင်းကင်ဒဏ္ဍာရီ အတော်လေးမကျေမနပ်ဖြစ်နေပြီး သူ့ကိုကူညီလိုစိတ် လုံး၀မရှိခဲ့ပေ။
တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ဖြစ်သောသူသည် အလွယ်တကူ ကူညီပေးတတ်သူ မဟုတ်ပေ။
သူတို့ကြားလေထုက တင်းမာနေချိန်တွင် အလည်ရောက်ရှိလာသူနောက်တစ်ယောက် တောင်ခြေသို့ ရောက်ရှိလာခဲ့ပြန်သည်။
ကောင်းကင်ဒဏ္ဍာရီ မျက်မှောင်ကြုံ့လိုက်ကာ ထိုသူကိုကြိုဖို့ တပည့်တစ်ယောက် လွှတ်လိုက်ရပြန်၏။
ရောက်ရှိလာသူကိုမြင်သောအခါ ယုကျင်းကျုံး ဆွံ့အသွားခဲ့လေသည်။
ရောက်ရှိလာသူမှာ ဖူမိုဂိုဏ်း၏ဂိုဏ်းချုပ် ကျိချိုးဖြစ်နေခဲ့၏။
ကျိချိုးလည်း သူ့အဖြစ်အပျက်ကို သနားစရာကောင်းစွာ ရှင်းပြပြီးနောက် ကောင်းကင်ဒဏ္ဍာရီကို ပြောလိုက်သည်။
“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက်တရားမျှတမှု ရှာပေးပါ”
ကောင်းကင်ဒဏ္ဍာရီပိုပြီးပင် တိတ်ဆိတ်လာခဲ့၏။
သူတကယ် ပြောစရာစကားမဲ့နေခဲ့ခြင်း ဖြစ်သည်။
ထိုဂိုဏ်းချုပ်များသည် ဂိုဏ်းမဟာမိတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသူများ ဖြစ်၏။
အခုတော့ သူတို့သည် သူ့ဆီအကူအညီလာတောင်းနေခဲ့ကြပြန်ချေပြီ။
သူတို့ဂိုဏ်းတွင်လည်း ပြဿနာများစွာရှိနေသောကြောင့် သူထိုကိစ္စတွင် တကယ်၀င်မပါချင်ခဲ့ပေ။
“ငါစဉ်းစားကြည့်ပါ့မယ်” နောက်ဆုံးတွင် ကောင်းကင်ဒဏ္ဍာရီ ပြောလိုက်လေသည်။
သူဤအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားဖို့အချိန်လိုအပ်၏။
သို့သော် နောက်ထပ်ရက်အနည်းငယ်အကြာတွင် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းဆီသို့ လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ပြန်သည်။
သူတို့အားလုံးသည် ဂိုဏ်းသိမ်းပိုက်ခံလိုက်ရသော ဂိုဏ်းချုပ်များဖြစ်နေခဲ့၏။
ထယန်ဂိုဏ်းနှင့်ဖူမိုဂိုဏ်းလို ဂိုဏ်းမဟာမိတ်ထဲမှ ထွက်သွားသူများကိုတော့ ကောင်းကင်ဒဏ္ဍာရီ ရိုးရှင်းစွာပင် ငြင်းဆန်ပစ်နိုင်သည်။
သူ့ကိုဒုက္ခပေးနေသည်မှာ ဂိုဏ်းမဟာမိတ်ထဲတွင် ပါ၀င်နေသော ဝိဉာဉ်အခြေတည်အဆင့်နှစ်ယောက်ဦးဆောင်သော ဂိုဏ်း ၂ဂိုဏ်း ဖြစ်၏။
“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုကူညီပေးပါ” ဝိညာဉ်အခြေတည်အဆင့် နှစ်ယောက် သနားစရာကောင်းစွာ အကူအညီတောင်းလိုက်လေသည်။
ကောင်းကင်ဒဏ္ဍာရီ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ ပြောလိုက်၏။
“မင်းတို့က ဂိုဏ်းမဟာမိတ်အဖွဲ့ထဲ၀င်ထားမှတော့ ငါတို့က မဟာမိတ်တွေပဲလေ ငါမင်းတို့ကို လျစ်လျူရှုမထားနိုင်ပါဘူး
ဒီကိစ္စက မရိုးရှင်းဘူးလို့ငါခံစားရတယ် မဟုတ်ရင် မင်းတို့ဂိုဏ်းတွေအားလုံးတပြိုင်တည်း သိမ်းပိုက်ခံလိုက်ရတာမျိုးက ဖြစ်စရာအကြောင်းမှမရှိတာ
ဒီလိုဆိုရင်ရော မင်းတို့တွေငါနဲ့အတူအဇူရာတိမ်ဂိုဏ်းကို လိုက်ခဲ့ကြလေ”
ထို့နောက် သူယုကျင်းကျုံး ကျိချျိုးနှင့်အခြားသူများကိုကြည့်ကာ ပြောလိုက်၏။
“မင်းတို့လည်း ငါနဲ့အဇူရာတိမ်ဂိုဏ်းကို အလည်လိုက်ခဲ့သင့်တယ်”
သူတို့ အဘယ်ကြောင့် အဇူရာတိမ်ဂိုဏ်းကို သွားသင့်ပါသနည်း။
အဘယ်ကြောင့် ဆိုသော် ဂိုဏ်းမဟာမိတ်အဖွဲ့ကိုတည်ထောင်ခဲ့သူက ကျန်းယန်ဖြစ်မှန်း သူသတိရသွားခဲ့၍ ဖြစ်သည်။
သူက ကျန်းယန်အမိန့်အတိုင်းလိုက်စုစည်းပေးခဲ့သူသာ ဖြစ်၏။
အခုလို ဂိုဏ်းမဟာမိတ်က ပြဿနာရှိလာချိန်တွင် တာ၀န်က ကျန်းယန်ခေါင်းပေါ်ကျလာခဲ့သည်။
နောက်ဆုံးတော့ အကြွေးအားလုံးတွင် ပိုင်ရှင်ရှိစမြဲသာ။
သူတို့ အဇူရာတိမ်ဂိုဏ်းဆီအလည်သွားရမည်ဟု ကြားသောအခါ ယုကျင်းကျုံး ကျိချူနှင့်အခြားသူများ၏ အမူအရာများ ပြောင်းလဲကုန်ကြ၏။
သူတို့သည် အရင်က အဇူရာတိမ်ဂိုဏ်းကို အပြစ်ပြုမိခဲ့ကြဖူးသည်။
အခုတော့ သူတို့အဇူရာတိမ်ဂိုဏ်းဆီသွားရပြန်ပေဦးမည်။
သူတို့မည်သို့ သွားရဲပါတော့မည်နည်း။
ကောင်းကင်ဒဏ္ဍာရီသူတို့၏ အမူအရာများကို သတိပြုမိသွားပြီး အေးအေးဆေးဆေးပြန်ပြောလိုက်၏။
“မင်းတို့ပြဿနာကိုဖြေရှင်းချင်ရင် ငါတို့တွေ အဇူရာတိမ်ဂိုဏ်းကို အတူတူသွားကြတာပေါ့
မင်းတို့မသွားချင်ရင်တော့ ကိုယ့်ပြဿနာကိုယ်ရှင်းကြ”
ယုကျင်းကျုံးနှင့်အခြားသူများ အံကိုကြိတ်ကာ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
“စီနီယာ ကျွန်တော်တို့ အတူတူသွားပါ့မယ်”
ဒီလောက်လူအများကြီး အတူတူသွားခဲ့လျှင်တော့ အဇူရာတိမ်ဂိုဏ်းသည် သူတို့ကို ပြဿနာမရှာလောက်ပေ။
မကြာခင်တွင် အားလုံး အဇူရာတိမ်ဂိုဏ်းဆီ ထွက်ခွာလာခဲ့ကြ၏။
သို့သော် သူတို့ဂိုဏ်းဆီမရောက်ခင် အရင်ဆုံး အဇူရာတိမ်မြို့ကို ဖြတ်လာခဲ့ကြရသည်။
မြို့ထဲ၀င်၀င်ချင်းပင် သူတို့နာမည်များနှင့်သရုပ်မှန်ကို စာရင်းသွင်းရန်အတွက် မေးမြန်းခံလိုက်ရ၏။
ထိုအခြေအနေက လူတိုင်းကို ကြောင်အသွားစေခဲ့သည်။
ဤနေရာတွင် ဘာတွေဖြစ်နေပါသနည်း။
ယုကျင်းကျုံး မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ငါတို့အားလုံးက ဂိုဏ်းချုပ်တွေ ပြီးတော့နတ်ဝိညာဉ်အဆင့်တွေ ဒီမှာ တာအိုပေါင်းစည်းခြင်းအဆင့် ၁ယောက်တောင်ပါသေးတယ် အဲ့တာလည်း စာရင်းသွင်းဖို့ လိုတာပဲလား”
အဇူရာတိမ်မြို့ဂိတ်က စာရင်းသွင်းခြင်းတွင် တာ၀န်ယူထားသောသူ လုံး၀ကြောက်နေဟန်မပြဘဲ အေးစက်စက်ပြန်ပြောလိုက်သည်။
“လူတိုင်းစာရင်းသွင်းရမယ် ပြီးတော့ လူတိုင်းမြို့၀င်ကြေး စိတ်ဝိညာဉ်ကျောက်တုံး ၅တုံးပေးရမယ်
ပေးဖို့ငြင်းတဲ့သူမှန်သမျှကို မြို့ထဲ၀င်ခွင့်မပြုဘူး
အဇူရာတိမ်မြို့ထဲမှာ တိုက်ခိုက်တာကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ် တိုက်ခိုက်ချင်တဲ့သူမှန်သမျှ မြို့ထဲကအရင်ထွက်သွားပြီးမှ တိုက်ခိုက်ရမယ်
မကြာသေးခင်တုန်းက နတ်ဝိညာဉ်တစ်ယောက်က အဲ့ဒီစည်းမျဉ်းကို မလိုက်နာဘဲ တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်
အဆုံးသတ်ကတော့ မြို့သခင်ရဲ့ စီနီယာအစ်ကိုကျန်းယန်နဲ့သူ့လူတွေက အဲ့ဒီနတ်ဝိညာဉ်အဆင့်ကို အမှုန့်ချေပစ်လိုက်တယ် ဘာမှကို မကျန်ခဲ့ဘူး
ခင်ဗျားတို့မယုံရင်တော့ စမ်းကြည့်နိုင်တယ်”
ယုကျင်းကျုံးတို့ မကျေမနပ်ဖြစ်သွားကြပါသော်လည်း ဘာမှတော့ ပြန်မပြောရဲပေ။
ကောင်းကင်ဒဏ္ဍာရီပင် ဤအခြေအနေကို ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
မြို့ထဲ၀င်ပြီးနောက် လူတိုင်း ဤမြို့၏ပြောင်းလဲသွားပုံကို သတိထားမိသွားခဲ့၏။
လမ်းများက အမှိုက် အညစ်အကြေး ကင်းရှင်းနေကာ အိမ်များကလည်း မျက်စိပသာဒရှိလှပြီး လူတိုင်း၏ မျက်နှာပေါ်တွင်လည်း အပြုံးပန်းများ ဝေနေခဲ့သည်။
သူတို့ကို တုန်လှုပ်သွားစေသောအရာကတော့ လမ်းပေါ်တွင် သန့်ရှင်းရေးလုပ်နေကြသူများ ဖြစ်၏။
ထိုသူများသည် အဇူရာတိမ်ဂ်ုဏ်းတံဆိပ်ပါသော ၀တ်စုံကို၀တ်ဆင်ထားပြီး အခြေခံတည်ဆောက်ခြင်းအဆင့်များ ဖြစ်နေခဲ့ကြသည်။
အဇူရာတိမ်ဂိုဏ်းတွင် တကယ်ပဲ ဘာတွေဖြစ်နေပါသနည်း။
ကောင်းကင်ဒဏ္ဍာရီလည်း အလွန်အမင်းတုန်လှုပ်နေခဲ့မိ၏။
သူဤနေရာကို မကြာသေးခင်ကမှ ရောက်ခဲ့ဖြစ်သေးသည်။
ထိုအချိန်တုန်းက အဇူရာတိမ်မြို့သည် အခြားမြို့များနှင့် ဘာမှမကွာခြားလှပေ။
အဘယ်ကြောင့် ရက်အနည်းငယ်အတွင်း အခုလောက်ကြီး ပြောင်းလဲသွားရပါသနည်း။
လူတိုင်းအံ့အားသင့်နေကြချိန်တွင် ကောင်းကင်ဒဏ္ဍာရီ သူတို့ကိုလမ်းညွှန်ပေးနေသော ဧည့်လမ်းညွှန်ကိုမေးလိုက်၏။
“ဘာလို့အခြေခံတည်ဆောက်ခြင်းအဆင့်တွေက လမ်းတွေကို သန့်ရှင်းရေးလုပ်နေကြတာလဲ”
ဧည့်လမ်းညွှန်အားကျနေဟန်ဖြင့် ပြောလိုက်သည်။
“သူတို့အားလုံးက အဇူရာတိမ်ဂိုဏ်းသားတွေလေ ချီစုစည်းခြင်းအဆင့်ကို အောင်မြင်ပြီးသွားတဲ့သူတွေ အခုက ခန္ဓာသန့်စင်ခြင်းအဆင့်အတွက် လေ့ကျင့်နေကြတာ
ပြောကြတာတော့ သူတို့စီနီယာအစ်ကိုကြီးက ခန္ဓာကိုယ်သန့်စင်ရင်း အဇူရာတိမ်မြို့အတွက် တစ်ခုခုလုပ်ပေးရမယ်လို့ မှာထားလို့ သန့်ရှင်းရေးလုပ်နေကြတာတဲ့”
ယုကျင်းကျုံး အံ့အားသင့်သွားခဲ့၏။
“သူတို့က အခြေခံတည်ဆောက်ခြင်းအဆင့်ကိုတောင် ရောက်ပြီးပြီကို ဘာလို့ကျင့်ကြံခြင်းမှာ အာရုံမစိုက်ကြတာလဲ
ပြီးတော့ သူတို့တပည့်တွေက သူတို့ခန္ဓာကိုယ်ကိုလေ့ကျင့်နေကြတာဆို သူတို့ကတကယ်ကြီး လမ်းတွေမှာ သန့်ရှင်းရေးလုပ်ပေးချင်ကြတယ်လား”
ဧည့်လမ်းညွှန် ယုကျင်းကျုံးကိုတစ်ချက်ကြည့်လိုက်ကာ အသာအယာပြုံး၍ ပြောလိုက်သည်။
“ဘယ်သူက မလုပ်ချင်ဘဲ နေမှာလဲ
သူတို့ကိုကြည့်ပါလား မလုပ်ချင်တဲ့ပုံ ပေါ်နေလို့လား
သူတို့အဲ့လိုသန့်ရှင်းရေးလုပ်ခအတွက် ဘယ်လောက်ရလဲ သိလား
တစ်လကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀တုံးဗျ
ကျွန်တော်တောင်လမ်းကိုသန့်ရှင်းရေးလုပ်ပေးချင်တာ ကံဆိုးစွာနဲ့ ကျွန်တော်က သာမန်လူဆိုတော့ လုပ်ပေးဖို့ အဆင့်မမှီဘူးလေ”
ကျိချူနားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
“ငါသိပြီ ခုနကမြို့၀င်ကြေးပေးရတဲ့ပိုက်ဆံက သူတို့ကိုပေးဖို့ မဟုတ်လား”
ဧည့်လမ်းညွှန်ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ် မြို့သခင်ပြောတာတော့ ကျွန်တော်တို့က မြို့ကိုနေချင်စဖွယ်ဖြစ်အောင်လုပ်ပြီး အတတ်နိုင်ဆုံး ဧည့်သည်တွေ စိတ်ကျေနပ်အောင် လုပ်ပေးရမယ်တဲ့
ကဲ ကျွန်တော်တို့ အဇူရာတိမ်ဧည့်ဂေဟာကို ရောက်ပါပြီ
လူကြီးမင်းတို့ ဒီနေရာမှာ ခဏနေရမယ်
ဧည့်ဂေဟာကလူတွေက ဂိုဏ်းဆီခွင့်တောင်းပြီး ဂိုဏ်းကခွင့်ပြုချက်ကျလာရင် လူကြီးမင်းတို့ဂိုဏ်းဆီသွားလို့ရပါပြီ”
ကောင်းကင်ဒဏ္ဍာရီတို့လူစု ကြောင်သွားကြပြန်သည်။
သူတို့တကယ်ကြီး ဧည့်ဂေဟာတွင်နေကာ စောင့်ဆိုင်းရမည်လော။
အဇူရာတိမ်ဧည့်ဂေဟာကို ဦးစီးသူသည် ချွန်းရှောင် ဖြစ်၏။
ချွန်းရှောင်ထိုလူစုကိုကြည့်ကာ မေးလိုက်သည်။
“လူကြီးမင်းတို့ ပိုကောင်းတဲ့အခန်းယူမလား သာမန်အခန်းပဲ ယူမလားရှင့်
ပိုကောင်းတဲ့အခန်းလိုချင်ရင်တော့ ကျွန်မတို့မှာ အခန်းေတွအများကြီးရှိပါသေးတယ် ဈေးကတော့နည်းနည်းလေးမြင့်ပါတယ်ရှင့် တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ပါ
သာမန်အခန်းတွေကတော့ တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ပဲ ကျသင့်ပါတယ်ရှင့်”
ယုကျင်းကျုံးတို့မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ တဲ့လား!
ထိုအရာက ဓားပြတိုက်နေခြင်း မဟုတ်ပါလော။
သူတို့အရင်ကဤနေရာတွင် တစ်ခါတော့ တည်းခိုဖူး၏။
သို့သော် ထိုအချိန်တုန်းက လျှို့ဝှက်နယ်မြေထဲ ၀င်ဖို့လာခဲ့ခြင်း ဖြစ်ပြီး အခုကအဇူရာတိမ်ဂိုဏ်းဆီ အလည်လာခြင်း ဖြစ်သည်။
ဂိုဏ်းဆီအလည်လာချိန်တွင်တောင် တကယ်ကြီး သူတို့ကို အခန်းခပေးဆောင်ရပါမည်လော။