← Chapters

လေ့ကျင့်ဖော်

Vol. 28 Ch. 288

လေ့ကျင့်ဖော်

Vol. 28 Ch. 288

လူတိုင်းထွက်သွားသောအခါမှ ကျန်းယန် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့ပြီး သူ့ရှေ့က လူအနည်းငယ်ကို ပြုံး၍ပြောလိုက်သည်။

“ဒီစစ်ဆင်ရေးရဲ့ ရလဒ်ကတော့ အတော်လေးကောင်းတယ်လို့ ပြောရမယ် ဒီအဖြစ်အပျက်က နည်းလမ်းသာမှန်နေရင် ပုရွက်ဆိတ်တစ်အုပ်ကလည်း ဆင်တစ်ကောင်ကို အသေကိုက်သတ်လို့ရတယ်ဆိုတာ သက်သေပြနေတယ်”

သူ့ရှေ့က လူအနည်းငယ် ကြောင်ကုန်ကြသည်။ အစကတော့ သူတို့ကိုခေါ်ထားခဲ့ခြင်းမှာ အပြင်းအထန်ဆူချင်၍ ခေါ်ထားခြင်းဟု သူတို့ထင်ခဲ့ကြခြင်း ဖြစ်၏။

မျှော်လင့်မထားဘဲ သူတို့စီနီယာအစ်ကိုကြီးက စိတ်ကျေနပ်နေပုံ ပေါ်နေခဲ့သည်။

“စီနီယာအစ်ကိုကြီး…စိတ်မတိုဘူးလား” ကျန်းချန်းရှန် သတိထား၍ မေးလိုက်၏။

“ဒါပေါ့ ငါစိတ်တိုတယ်” ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါပေမယ့် ဒါကမင်းတို့အမှားမဟုတ်ဘူး

ဒီလိုတိုက်ပွဲမျိုးကို မင်းတို့အရင်ကတစ်ခါမှမှ မကြုံဖူးဘဲ

ပြီးတော့ရန်သူကလည်း မင်းတို့တစ်ခါမှရင်မဆိုင်ဖူးတဲ့ နတ်ဝိညာဉ်အဆင့်တစ်ယောက်

အဲ့ဒီအခြေအနေအောက်မှာ မင်းတို့ပြီးပြည့်စုံအောင် မတုန့်ပြန်နိုင်ခဲ့တာကို ငါအပြစ်မယူပါဘူး

ငါခုနက တင်းကြပ်ပြလိုက်တာက လူတိုင်းကို နောက်ရက်တွေမှာ ပိုပြီးပြင်းပြင်းထန်ထန် လေ့ကျင့်စေချင်လို့ပဲ

ချွေးထွက်များမှသွေးထွက်နည်းမှာကွ

မင်းတို့ဒီစည်းမျဉ်းကို မှတ်မိနေဖို့ ‌ငါမျှော်လင့်တယ်”

သူတို့မှတ်စုစာအုပ်များကို ထုတ်လိုက်ကြပြီး အဆိုအမိန့်အသစ်တစ်ခုကို ရေးမှတ်လိုက်ကြပြန်သည်။

ရေးပြီးနောက် ကျန်းချန်းရှန် ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ဒီတစ်ခေါက်က တကယ်ပဲကျွန်တော်တို့ အမှားပါ နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို တစ်ခါမှရင်မဆိုင်ဖူးပေမယ့် ကျွန်တော်တို့တုံ့ပြန်ပုံတွေက ညံ့ဖျင်းလွန်းတယ်

အဲ့ဒီတုန်းက ကျွန်တော်တို့ချည်းသာ တိုက်ခိုက်ရတာဆိုရင် ရလဒ်က ထင်ထားတာထက်တောင် အများကြီးဆိုးသွားနိုင်တယ်

ဒီကိစ္စကို တကယ်ပဲ ကျွန်တော်တို့ သင်ခန်းစာယူသင့်ပါတယ်”

‌၀မ်ပေ့လဲ့ လျန့်ယိနှင့်သူ့လက်ထောက်များလည်း ခေါင်းညိတ်ပြလိုက်ကြသည်။

ကျန်းယန်သာပေါ်မလာခဲ့လျှင် သူတို့သေသွားနိုင်မှန်း သူတို့ကောင်းကောင်းကြီး သိကြ၏။

ထိုပေါ့ဆမှုကြောင့် သူတို့အသက်များကိုပင် ဆုံးရှုံးသွားရနိုင်ပေသည်။

တကယ်တော့ ပြဿနာမှာ သူတို့တိုက်ခိုက်ရေးစွမ်းအားက သန်မာလွန်းသော်လည်း သူတို့ခုခံရေးစွမ်းအားက အားနည်းလွန်းနေခြင်းသာ ဖြစ်၏။

ကျန်းယန် အသာအယာခေါင်းငြိမ့်ပြလိုက်သည်။

“ငါအကြောက်ဆုံးက သေနတ်တွေတပ်ဆင်ပေးလိုက်ပြီးတဲ့နောက် မင်းတို့တွေ အရမ်းမောက်မာလာမှာကိုပဲ

အခုလို မင်းတို့ကိုယ်မင်းတို့ပြန်ပြီးသုံးသပ်နိုင်သေးတယ်ဆိုတော့ အရမ်းကောင်းတယ်

အခုငါမင်းတို့ကို အနာဂတ်တိုက်ပွဲတွေမှာ မင်းတို့ခွန်အားကို အမြင့်ဆုံးရောက်အောင် ဘယ်လိုမြှင့်ရမလဲဆိုတာ ပြောပြမယ်

“အရင်ဆုံး ငါတို့သိထားရမှာက သေနတ်တစ်ချက်ရဲ့စွမ်းအားက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုတစ်ခုနဲ့ ညီတယ်ဆိုတာကိုပဲ

အထူးသဖြင့် ကောင်းကင်နဲ့မြေပြင်နိယာမတွေပါ၀င်နေတဲ့ ကျည်ဆန်တွေပဲ သူတို့စွမ်းအားက ပိုပြီးတောင် သိသာသေးတယ်

ဆိုတော့ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ မင်းတို့တကယ်ပဲ လူတစ်ရာရဲ့ ပစ်အားကို လိုသလား

တိုက်ခိုက်ရေးစွမ်းအားက များလွန်းနေတယ်

ဒါဆို မင်းတို့ကဘာလို့ လူတစ်ရာကိုထပ်ပြီး မခွဲကြရမှာလဲ

ဥပမာ ဆယ်ယောက်တစ်ဖွဲ့ထပ်ခွဲလိုက်တာမျိုးပေါ့

လူဆယ်ယောက်က ပစ်အားကိုတာ၀န်ယူထားချိန် နောက်အဖွဲ့က ခုခံဖို့ ၀င်္ကပါပြင်ဆင်ထားတာဖြစ်ဖြစ် ဒါမှမဟုတ် ရန်သူ့ထွက်လမ်းကို ပိတ်ပေးထားတာမျိုးဖြစ်ဖြစ်ပေါ့…”

ရှင်းပြနေရင်း ကျန်းယန် သူ့အကြံဉာဏ်ကို ပုံများဆွဲပြီးပါ သရုပ်ပြနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းယန် သူတို့ကို ညှပ်ပူးညှပ်ပိတ်ပစ်ခတ်ခြင်း ရှေ့ပြေးပစ်ချက်နှင့် အဆင့်ဆင့်ပစ်ခတ်ခြင်း ကဲ့သို့သော ပစ်ခတ်နည်းများကိုသာ သင်ပြပေးနေခဲ့၏။

ကျန်းချန်းရှန်နှင့်အခြားသူများ နားထောင်နေရင်း စိတ်လှုပ်ရှားလာပြီး ပိုလည်းရှက်လာခဲ့ကြသည်။

သူတို့အရင်ကပစ်ခတ်ခဲ့ပုံက ရိုးရှင်းလွန်းကာ ခေတ်လည်းအလွန်နောက်ကျနေခဲ့၏။

အကယ်၍ သူတို့သာ အခုစီနီယာအစ်ကိုကြီး သင်ပြပေးနေသော နည်းစနစ်များနှင့်ပစ်ခတ်ခဲ့မည်ဆိုပါက ထိုနတ်ဝိညာဉ်အဆင့်က ပြန်ပင်တိုက်ခိုက်နိုင်ခဲ့ပါမည်လော။

ခေတ်သစ်ပစ်ခတ်နည်းစနစ်များကို သင်ပြပေးပြီးနောက် ကျန်းယန် ဆက်ပြောလိုက်၏။

“လက်ရှိတော့ မင်းတို့မှာရှိတဲ့ အကောင်းဆုံးခုခံရေးပစ္စည်းက လှေပျံတွေပဲ

အဲ့တာတွေကို မင်းတို့ဆရာဦးလေးတွေက သေချာသန့်စင်ပေးထားတာ

လှေပျံတစ်စင်းချင်းစီတိုင်းမှာ အရမ်းအားကောင်းတဲ့ ခုခံရေးစွမ်းအားရှိတယ် နတ်ဝိညာဉ်အဆင့်‌တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းအပြည့်ရှိတယ်

ဒီလိုသာဆို မင်းတို့ကဘာလို့လှေပျံပေါ်ကနေ မတိုက်ခိုက်ကြရမှာလဲ

လှေပျံရဲ့ ခုခံနိုင်စွမ်းနဲ့ဆိုရင် နတ်ဝိညာဉ်အဆင့်တစ်ယောက်က မင်းတို့ကို အချိန်တိုအတွင်းလုံး၀ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး

သူတို့ထွက်ပြေးဖို့ ကြိုးစားရင်လည်း မင်းတို့ကလှေပျံကိုသုံးပြီး သူတို့ကိုလိုက်ဖမ်းလို့ရသေးတယ်

တစ်နေရာတည်းမှာပဲ ရပ်ပြီး ပစ်မနေကြနဲ့ ငါတို့လူတွေကို ရွေ့လျားခိုင်းပြီး ရွေ့လျားနေတဲ့ စစ်တပ်ကြီးတစ်ခု တည်ဆောက်လိုက်ကြတာပေါ့

ရန်သူတွေ တက်လာရင် ငါတို့ကဆုတ်ခွာမယ်

ရန်သူတွေဆုတ်ရင် ငါတို့ကလိုက်မယ်

ရန်သူတွေပင်ပန်းသွားရင် ငါတို့က တိုက်ခိုက်မယ်

ရန်သူက သန်မာနေရင် ငါတို့က ပျောက်ကြားဗျူဟာကိုသုံးမယ်

အချိန်တိုအတွင်း ရန်သူကိုသတ်ဖြတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံကို သုံးရမယ် ဒါကငါတို့အတွက် အရေးအကြီးဆုံး စည်းမျဉ်းပဲ”

၀မ်ပေ့လဲ့တို့ ကျန်းယန်ပြောသမျှကို မှတ်စုစာအုပ်များထဲ လျင်မြန်စွာ လိုက်ရေးနေခဲ့ကြသည်။

ရေးမှတ်ပြီးနောက် လျန့်ယိပြောလိုက်၏။

“လမ်းညွှန်ပေးဖို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”

ကျန်းယန် လက်ကာပြကာ ဆက်ပြောလိုက်သည်။

“မင်းတို့က နတ်ဝိညာဉ်အဆင့်တွေကိုတစ်ခါမှ မတိုက်ခိုက်ဖူးဘူးလေ ပြီးတော့ တာအိုပေါင်းစည်းခြင်းအဆင့်တွေကိုရောပဲ ဆိုတော့ မင်းတို့မှာ သူတို့နဲ့ပတ်သက်ပြီး နားလည်ဖို့လိုနေသေးတယ်….”

“အဲ့တာ‌ေကြာင့် ငါ့ဆရာဦးလေးတွေကို မင်းတို့နဲ့လာတိုက်ခိုက်ပေးဖို့ ပြောကြည့်မယ် အဲ့ဒီနည်းလမ်းနဲ့ မင်းတို့က စွမ်းအားကြီးတိုက်ခိုက်ရေးသမားတွေနဲ့ တိုက်ခိုက်ဖို့အတွက် အတွေ့အကြုံရှာနိုင်သွားလိမ့်မယ်

အတွေ့အကြုံသာရသွားရင် မင်းတို့အတွက် နတ်ဝိညာဉ်အဆင့်တွေ တာအိုပေါင်းစည်းခြင်းအဆင့်တွေနဲ့ ကြုံရတဲ့အခါ ဘာလုပ်ရမလဲ ချက်ချင်းသိသွားကြမှာပဲ”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”

ကျန်းယန်ပြုံးကာ လက်ကာပြလိုက်၏။

“ဒါ‌ဆိုဒီနေ့အတွက် အစည်းအဝေးပြီးပြီ အော် ဟုတ်သားပဲ သုံးသပ်ချက်အစီအရင်ခံစာတင်ဖို့လည်း မမေ့ကြနဲ့ဉီးနော်”

“ဟုတ်ကဲ့ပါ”

ကျန်းယန်ထွက်သွားပြီးနောက် ကျန်းချန်းရှန်တို့အမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။

အစီအရင်ခံစာဆိုသည်မှာ ဘယ်သူမှ မရေးချင်သောအရာသာ ဖြစ်၏။

သို့သော် ဒီတစ်ကြိမ်တွင်တော့ သူတို့ကိုယ်သူတို့ သုံးသပ်သင့်တာ သေချာပေသည်။

တစ်ချိန်တည်းမှာပင် စီနီယာအစ်ကိုကြီးသင်ပြပေးခဲ့သော နည်းစနစ်များကိုလည်း ပြန်သင်ပေးဖို့ လိုနေသေး၏။

အစည်းအဝေးပြီးသွားပြီးနောက် ကျန်းယန် လင်းယွင်ကျိကို သွားရှာခဲ့သည်။

“ဆရာဦးလေး ကျွန်တော်ဆရာဦးလေးကို အဲ့ဒီကလေးတွေနဲ့တိုက်ခိုက်လေ့ကျင့်ပေးဖို့ ဒုက္ခပေးရဦးမယ်” ကျန်းယန်ပြုံး၍ ပြောလိုက်၏။

လင်းယွင်ကျိ ကျန်းယန်ကိုထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ကာ

“ငါသူတို့လက်ထဲမှာ သေသွားမှာ မင်းတကယ်မကြောက်ဘူးလား”

လူထောင်ချီ၏စုပေါင်းပစ်အားက ဘယ်လောက်ကြောက်စရာကောင်းလဲ သူမြင်ခဲ့ရပြီးသား ဖြစ်သည်။ ထိုစွမ်းအားက နတ်ဝိညာဉ်အဆင့်တစ်ယောက် ခုခံနိုင်သောစွမ်းအားမျိုး မဟုတ်ပေ။

ကျန်းယန် ရယ်မောလိုက်၏။

“ဆရာဦးလေး သူတို့ဘယ်လောက်ပဲစွမ်းအားကြီးကြီး ဆရာဦးလေးရဲ့စိတ်ဝိညာဉ်အကာအကွယ်၀တ်စုံ ကိုတော့ မချိုးဖြတ်နိုင်ဘူး မဟုတ်လား

ပြီးတော့ ကျွန်တော့်ဆရာလည်း စောင့်ကြည့်နေမှာ သေချာတယ်

တစ်ခုခုမှားသွားရင် ဆရာ၀င်လာမှာပေါ့”

လင်းယွင်ကျိ နှာခေါင်းရှုံ့လိုက်သည်။

“တကယ်လို့ မင်းဆရာလည်း မတားဆီးနိုင်ရင်ရော”

“ဒါဆိုရင်တော့ ကျွန်တော်သူတို့ကို ချက်ချင်းခေါ်သွားပြီး ကမ္ဘာပေါ်ကဂိုဏ်းတွေအကုန်လုံးကို သိမ်းပစ်လိုက်တော့မယ်”

ကျန်းယန် အားရပါးရရယ်မောကာ ပြောလိုက်၏။

လင်းယွင်ကျိလည်း ရယ်မောလိုက်လေသည်။

ထိုကလေးများသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်နှင့် ယှဉ်နိုင်ရုံမျှသာဖြစ်ပြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်အကြောင်း ထည့်ပြောစရာပင် မလိုမှန်း သူကောင်းကောင်းကြီးသိ၏။

ခုနက နတ်ဝိညာဉ်အဆင့် သေသွားခဲ့ရခြင်းမှာ ထိုသူသည် တုံးအလွန်း၍သာ ဖြစ်သည်။

တစ်နေရာတည်းတွင်ရပ်ပြီး ပစ်ချက်များကိုခံသူလောက် တုံးအသူ ဘယ်သူရှိပါတော့မည်နည်း။

အကယ်၍ သူသာ အစောကတည်းက ထွက်ပြေးခဲ့လျှင် ထိုကလေးများက သူ့ကိုတားဆီးနိုင်ပါမည်လော။

ထို့နောက် ကျန်းယန် စန်းစုန့်ကိုသွားရှာကာ လေးလေးနက်နက်ပြောလိုက်၏။

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားလည်း တစ်ပွဲလောက်တိုက်ခိုက်ပေးဖို့ လိုတယ်နော်”

“ငါကြောက်တယ်” စန်းစုန့် ခါးသက်သက်အမူအရာဖြင့် ပြောလိုက်သည်။

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားက ဟိုဟာလည်းကြောက်တယ် ဒီဟာလည်းကြောက်တယ်နဲ့ လွန်ခဲ့တဲ့နှစ် ၁၀၀၀တုန်းက ခင်ဗျားသတ္တိတွေ ဘယ်ရောက်သွားတာလဲ”

ကျန်းယန် အကူအညီမဲ့စွာ ပြောလိုက်၏။

“ခင်ဗျားက အခြေခံတည်ဆောက်ခြင်းတစ်အုပ်ကို ကြောက်နေတာလား…ဘာကိုကြောက်နေတာလဲ”

“ငါ…ငါကြောက်တာက မတော်တဆအခြေခံတည်ဆောက်ခြင်းတစ်အုပ်သတ်တာခံလိုက်ရမှာကို ကြောက်တာ အဲ့တာကြီးက ရှက်စရာကောင်းလွန်းတယ်”

ကျန်းယန် သူ့ပုခုံးကို ပုတ်လိုက်သည်။

“ခင်ဗျားလို ဂုဏ်သရေရှိ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့်လေးတွေ သတ်တာခံလိုက်ရရင်လည်း ခင်ဗျားသေလိုက်သင့်တယ် ဒါဆို ကျွန်တော်တို့ အရင်းအမြစ်တွေလည်း အလဟသ မဖြစ်တော့ဘူးပေါ့

ပြီးတော့ ခင်ဗျားသေဆုံးမှုက သူတို့အတွက်အောင်မြင်မှုတစ်ခုဖြစ်လာလိမ့်မယ် စိတ်ချပါ ခင်ဗျားကိုသူတို့ မေ့မသွားစေရဘူး”

စန်းစုန့် ဆွံ့အသွားခဲ့၏။

ရုတ်တရက် သူ့ရှေ့သို့ စိတ်ဝိညာဉ်လက်နက်တစ်ခု ပြုတ်ကျလာခဲ့သည်။

“အဆင့် ၃ အကာအကွယ်စိတ်ဝိညာဉ်ပစ္စည်း ခရမ်းတိမ်၀တ်ရုံ ဒါကမင်းအပိုင်ပဲ”

လူကိုယ်တိုင်ပေါ်မလာခဲ့သော်လည်း ချင်းယွင်ကျိအသံထွက်ပေါ်လာခဲ့၏။

စန်းစုန့် တခဏကြက်သေသေသွားပြီးနောက် ချက်ချင်း၀တ်ရုံကိုကောက်ကာ ပြုံး၍ ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

ကျန်းယန် စန်းစုန့်ကို အထင်အမြင်သေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကာ နှာခေါင်းရှုံ့လိုက်၏။

“ဆိုတော့ ဒါကြောင့် ခင်ဗျားကအင်တင်တင်ဖြစ်နေတာပေါ့ ခင်ဗျားက အကျိုးအမြတ်အရင်လိုချင်တာပေါ့လေ”

“မဟုတ်ပါဘူး ငါတကယ်ကြောက်တာ” စန်းစုန့် အမြန်ရှင်းပြလိုက်လေသည်။

“အဲ့ဒီကလေး‌တွေကို ရင်ဆိုင်ဖို့က…ငါအတည်တိုက်ခိုက်လိုက်ရင် သူတို့ကိုထိခိုက်အောင်လုပ်မိလိမ့်မယ်

ငါအလျှော့ပေးလိုက်ပြန်ရင်လည်း ခုနက နတ်ဝိညာဉ်အဆင့်လို သေသွားနိုင်တယ် အဲ့တာကြီးက တကယ်ကြောက်စရာကြီး

ပြီးတော့ တိုက်ပွဲစတာနဲ့ ငါထွက်ပြေးလို့လည်း မရဘူးလေ ဟုတ်တယ်မလား

ဒါပေမယ့် အခုတော့ ငါမကြောက်တော့ဘူး သူတို့တိုက်ခိုက်မှုတွေက ဒီခရမ်းတိမ်၀တ်ရုံကို လုံး၀ဖောက်နိုင်မှာမဟုတ်ဘူး”

ကျန်းယန် သူ့ကိုတစ်ချက်ကြည့်ပြီးနောက် သူ့ရှင်းပြချက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်လေသည်။

All Chapters